Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, August 19, 2018

ဗမာပြည်၏ တစ်ဦးတည်းသော ဘုရင်မ ရှင်စောပု



"ရှင်​​စောပု [၁၃၉၄-၁၄၇၂] "


ရှင်​​စောပုကို သ​က္ကရာဇ်​ ၁၃၉၄ တွင်​ ဟံသာဝတီတွင်​ ​မွေးဖွားခဲ့သည်​။ ​မွေးချင်း ၂ ဦးအနက်​ အငယ်​ဆုံးဖြစ်​သည်​။ မိဘများမှာ ဝါရီရူးမင်းဆက်​၏စစ်​ဘုရင်​၊ အပရသိန်​(ခ)ဗညားနွဲ့(ခ) မွန်​ဘုရင်​ ရာဇဓိရာဇ်​နှင့်​ ​ရှင်​​မွေ့သင်​(ခ)တလသုန္ဓမာယာ ဖြစ်​သည်​။

ရှင်​​စောပု အသက်​ ၂၀ ​ရောက်​တဲ့အခါမှာ ဖခမည်း​တော်​၏တူ ​တော်​သူ သမိန်​စည်​သူနှင့်​ လက်​ဆက်​ပြီး သားသမီး ၃ဦး ထွန်းကားခဲ့ပါတယ်​။ အိမ်​​ထောင်​သက်​ ၅နှစ်​ အကြာမှာ ခင်​ပွန်းဖြစ်​သူ ကွယ်​လွန်​ခဲ့ပါတယ်​။
ရာဇဓိရာဇ်​နန်းတက်​စအချိန်​ကတည်းက ဖြစ်​ပွားခဲ့တဲ့ ဟံသာဝတီနှင့်​ အင်းဝ အနှစ်​ ၄၀ကြာ စစ်​ပွဲကို အဆုံးသတ်​ရန်​အတွက်​ ရှင်​​စောပု၏ အစ်​ကို​တော်​ဖြစ်​သူ ဗညားရံက အင်းဝဘုရင်​ ဆင်​ဖြူရှင်​ သီဟသူထံ နှမ​တော်​ ရှင်​​စောပုကို ဆက်​သခဲ့ပါတယ်​။ အဲ့ဒီအချိန်​မှာ ရှင်​​စောပုဟာ အသက်​ ၂၉နှစ်​ ရှိပါပြီ။
အင်းဝဘုရင်​ ဆင်​ဖြူရှင်​ သီဟသူနှင့်​ ၃နှစ်​ကြာ ​ပေါင်းသင်းပြီး​တော့ အုန်း​ဘောင်​အင်​အားစုရဲ့ တိုက်​ခိုက်​မှု​ကြောင့်​ သီဟသူ ကျဆုံးသွားခဲ့ပါတယ်​။ သီဟသူနဲ့ တန်​​ဆောင်းရှင်​မိဖုရားရဲ့သား မင်းလှငယ်​ဟာ အသက်​ ၉နှစ်​အရွယ်​နှင့်​နန်းတက်​လာပါတယ်​။ မင်းလှငယ်​ဘုရင်​ဖြစ်​လာချိန်​မှာ အဲ့ဒီ​ခေတ်​က ပ​ဒေသရာဇ်​ဓ​လေ့ထုံးစံများနှင့်​အညီ မင်းလှငယ်​ရဲ့ မိဖုရား​ခေါင်​အဖြစ်​ ရှင်​​စောပုကို နန်းတင်​ခဲ့ပါတယ်​။ မင်းလှငယ်​ဟာ နန်းစံသက်​ ၃လ မှာ အစာအဆိပ်​သင့်​ပြီး ကွယ်​လွန်​ခဲ့ပါတယ်​။

အင်းဝထီးနန်းကို က​လေး​ကျေး​တောင်​ညိုက တက်​သိမ်းကာ ရှင်​​စောပုကို ထပ်​မံမိဖုးရား​ခေါင်​ တင်​​မြှောက်​ခဲ့ပါတယ်​။ မကြာခင်​မှာပဲ မိုးညင်းသတိုးရဲ့တိုက်​ခိုက်​မှု​ကြောင့်​ က​လေး​ကျေး​တောင်​ညိုမင်းက ထွက်​​ပြေးရပါတယ်​။ ပြီး​နောက်​ မိုးညင်းသတိုး နန်းတက်​လာပါတယ်​။ မိုးညင်းသတိုးက ရှင်​​စောပုကို ပြန်​လည်​သိမ်းပိုက်​ပြီး မိဖုရား​ မြှောက်​ခဲ့​ပေမယ့်​ မြတ်​နိုးယုယခြင်းနည်းပါးခဲ့ပါတယ်​။

ဟံသာဝတီပြန်​ဖို့ ​တောင်းဆိုခွင့်​မရခဲ့တဲ့ ပဏ္ဍာမင်းသမီးရှင်​​စောပုဟာ အင်းဝမှာစံစား​နေရင်း အညာအရပ်​မှာ ပိဋကတ်​စာ​ပေများ လာ​ရောက်​​လေ့လာသင်​ယူ​နေတဲ့ မွန်​အမျိုးသားရဟန်း နှစ်​ပါးနဲ့ဆက်​သွယ်​မိခဲ့ပါတယ်​။ ရှင်​​စောပုဟာ မကျန်းမမာဖြစ်​​ယောင်​​ဆောင်​ကာ ဆရာ​တော်​နှစ်​ပါးကို ဆည်းကပ်​ခွင့်​ မိုးညင်းသတိုးဆီမှာ ​တောင်းခံခဲ့ပါတယ်​။ အစစအရာရာအဆင်​​ပြေ​အောင်​ ပြင်​ဆင်​ပြီးတဲ့အခါမှာ ရှင်​​စောပုဟာ မွန်​ရဟန်းနှစ်​ပါးအကူအညီနဲ့ ​ရေ​ကြောင်းက​နေတဆင့်​ တိတ်​တိတ်​​လေး ထွက်​​ပြေးကြပါတယ်​။ ဒီလိုနဲ့ ဟံသာဝတီကို ၇နှစ်​ကြာ​အောင်​ ခွဲခွာပြီး အင်းဝမှာ​နေခဲ့ရတဲ့ ရှင်​​စောပုဟာ ၁၄၃၀ မှာ ဟံသာဝတီကို ပြန်​​ရောက်​လာပါတယ်​။
ထိုအချိန်​မှာ ရှင်​​စောပုရဲ့အစ်​ကို​တော်​ ဗညားရံမင်းပြု​နေချိန်​ဖြစ်​ပြီး ပြန်​လည်​ကြိုဆိုခဲ့ပါတယ်​။ ရှင်​​စောပုပြန်​​ရောက်​ပြီး ၁၆နှစ်​အကြာမှာ အစ်​ကို​တော်​ ဗညားရံ ကွယ်​လွန်​ခဲ့ပြီး ရှင်​​စောပုရဲ့သား​တော်​ ဗညားဗရူးက ထီးနန်းအရိုက်​အရာကို ဆက်​ခံခဲ့ပါတယ်​။ ဗညားဗရူးဟာ နန်းစံသက်​ ၄နှစ်​အရမှာ လုပ်​ကြံခံရလို့ ကွယ်​လွန်​ပြီး ရှင်​​စောပုရဲ့တူ​တော်​ ဗညားကျန်းက ထီးနန်းဆက်​ခံပါတယ်​။ ၃နှစ်​အကြာမှာ ​ဗညားကျန်းကွယ်​လွန်​ပြီး ဗညားရံမင်းရဲ့သား​တော်​ လိတ်​မွတ်​​ထော နန်းတက်​ခဲ့ပါတယ်​။ သူဟာပြည်​သူပြည်​သား​တွေကို ညှင်းပန်းမှာ​ကြောင့်​ နန်းစံပြီး ၇လအကြာမှာ လိတ်​မွတ်​​ထောဟာ ဟံသာဝတီထီးနန်းကို အဘွား​တော်​ ရှင်​​စောပုကို လွှဲ​ပေးခဲ့ရပါတယ်​။

ရှင်​​စောပုကို ပြည်​သူပြည်​သားများက ​ရွေးချယ်​ခဲ့တာဖြစ်​ပြီး အသက်​၅၉နှစ်​အရွယ်​မှာ ဘုရင်​မဖြစ်​လာပါတယ်​။ ဗညား​ထော(မင်းအို)ဆိုတဲ့ဘွဲ့ကို လိုက်​​လျောစွာ ခံယူခဲ့တယ်​။ ရှင်​​စောပုဘုရင်​မဖြစ်​လာတဲ့အခါမှာ ကုသိုလ်​​ရေးကိစ္စများကို ပိုမိုပြုလုပ်​ခဲ့တယ်​။ ​ရွှေတိဂုံ​စေတီနှင့်​ ​ရွှေ​မော်​​ဓောဘုရားကို ပြုပြင်​မွမ်းမံခဲ့တယ်​။

စစ်​​ဘေးကကင်း​ဝေးလာပြီဖြစ်​တဲ့ ဟံသာဝတီရဲ့ပြည်​တွင်း​ရေးအ​ခြေအ​နေဟာ ရှင်​​စောပုလက်​ထက်​မှာ ငြိမ်း​အေးသာယာခဲ့ပါတယ်​။ ကုန်​ကူးသန်း​ရောင်းဝယ်​မှုများ ဖွံ့ ဖြိုးလာတဲ့အတွက်​ နိုင်​ငံရဲ့စီးပွား​ရေးတိုးတက်​လာခဲ့ပါတယ်​။ ရှင်​​စောပုဟာ အင်းဝက​ပြေးစဉ်​ ကူညီခဲ့တဲ့ ရဟန်းနှစ်​ပါးအနက်​ အရှင်​ဓမ္မဓရကို လူဝတ်​လဲ​စေပြီး နန်းလျာအဖြစ်​ ​ရွေးချယ်​ခဲ့ပါတယ်​။ ရှင်​ဓမ္မဓရကို သမီး​တော်​ မိပကာ​ထော်​နဲ့ထိမ်းမြား​ပေးခဲ့ပြီး ဓမ္မ​စေတီဘွဲ့အမည်​ အပ်​နှင်းကာ နန်းစံသက်​ ၇နှစ်​မှာ သမက်​​တော်​ကို ထီးနန်းလွှဲ​ပေးခဲ့ပါတယ်​။
ရှင်​​စောပုရဲ့နန်းတက်​နှစ်​မှာ ၁၄၅၃ဖြစ်​ပြီး ၁၄၇၂မှာ ကွယ်​လွန်​ခဲ့ပါတယ်​။

ကျမ်းကိုး။
စာ​ပေဂျာနယ်​ အမှတ်​ ၁၀၊ ၁၉၉၀။
ရာဇဝင်​ထဲကမိန်းမသား
ဒေါက်​တာမတင်​ဝင်း(ပညာ​ရေးတက္ကသိုလ်​)
ဝင်းရတနာစာ​ပေ၊ ၂၀၀၉။

No comments:

Post a Comment