ရိုဟင်ဂျာ၊ အာဏာရှင်၊ အဝကျွန်းသား၊ ဒီမိုကရေစီ နှင့် အနာဂတ်ဗမာနိုင်ငံ
***************************************အောင်အောင် ( စစ်တွေမြို့ ) |( 12/10/2013)|
DOWNLOAD HERE FULL ARTICLE
[အပိုင်း-၁]
လူသားဖြစ်ခြင်းသည် စကြ၀ဠာအတွင်းရှိ အခြားသက်ရှိ ဖြစ်ရခြင်းထက် မြတ်သည်မှာ လူသား၏ ဉာဏ်ပညာ၊ အမှန်တရားကို လက်ခံတတ်သည့်စိတ်၊ အရာရာကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ရုန်းကန်တတ်သည့် ဇွဲလုံ့လ၊ ၀ိရိယနှင့် သဘောထားကြီးမှု၊ အမြော်အမြင် မြင့်မြတ်မှုတို့ကြောင့်ဖြစ်ပါသည်။ ထိုသို့မဟုတ်ဘဲ အမှန်တရားကို ဘေးချိတ်ပြီး စိတ်ထင်ရာ အကောင်းမှတ်သည့် စိတ်၊ ဘာသာစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲဖြင့် အမှန်တရားကို လက်မခံ၊ ငြင်းပယ်လိုစိတ် ရှိသူတို့သည် လူ့လောက၀ယ် လူသားသဖွယ် ကျင့်ကြံသော်ငြားလည်း ခြေလေးချောင်း သတ္တ၀ါအားလုံးထက် နိမ့်ကျသူများ ဖြစ်ပါသည်။ အလယ်ခေတ်၌ သိပ္ပံပညာရှင်များ မိမိတို့ကိုယ်တိုင် ခရစ်ယာန်ဘာသာဝင်များ ဖြစ်သော်ငြားလည်း ခရစ်ယာန်ကျမ်းလာ ကမ္ဘာကြီးပြား၏ဟူသည်ကို မိမိတို့ အသက်ကို စတေး၍ တော်လှန်ခဲ့ကြသည်။
ရိုဟင်ဂျာလူမျိုး၏ တည်ရှိမှုကိုဆန့်ကျင်ကန့်ကွက် ခြင်းသည် ဗုဒ္ဓဘာသာ စော်ကားခြင်းဖြစ်ပါသည်။
http://www.salem-news.com/articles/july272012/rakhine-arakan.php
http://www.salem-news.com/articles/july292012/monk-violence.php
ရိုဟင်ဂျာလူမျိုးများ တည်ရှိမှုနှင့်စပ်လျဉ်း၍ အငြင်းအခုံ ပြုလာခဲ့သည်မှာ ၁၉၇၄ ခု၊ ရခိုင်ပြည်နယ်အား ပြည်နယ် အခွင့်အရေးအဆင့် ချီးမြှင့်ခဲ့ချိန်မှ စခဲ့ခြင်းဖြစ်ပါသည်။ ဤသည် မဆလအစိုးရ၏ သွေးခွဲအုပ်ချုပ်ရေးစနစ် ကြောင့် ဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။ မဆလအစိုးရ မတိုင်ခင် တိုင်းရင်းသားလူမျိုးပေါင်း ၁၄၄ မျိုး ရှိခဲ့ရာ ရိုဟင်ဂျာလူမျိုးသည် တိုင်းရင်းသားတို့အနက်မှ ဖြစ်ခဲ့သည်။ မဆလအစိုးရလက်ထက်တွင် အာဏာရှင် အလိုကျ “လိုတိုး မလိုပျောက်” ကို အတင်းအင်အားသုံး ကျင့်သုံး၍ ရိုဟင်ဂျာလူမျိုးများသည် မဆလအစိုးရနှင့် ရခိုင်အာဏာပိုင်တို့၏ ဒဏ်ကို အလူးအလဲခံလာခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်ပါသည်။ အာဏာစက်ဖြင့် လက်နက်မဲ့ အားနွဲသည့် ပြည်သူကို အနိုင်ကျင့် ရက်စက်လျက် ကမ္ဘာကြီးအား လိမ်လည်လှည့်စားရန် ကြိုးစားခြင်းသည် လူမဆန်သည်သာမက ဘာသာတရားကိုလည်း စော်ကားရာရောက်ပါသည်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသော ရခိုင်နှင့် ရခိုင်ပြည်နယ်ဖွား ရခိုင်ဟူ၍ ရခိုင်နှစ်မျိုး ရှိပါသည်။ ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသော ရခိုင်များကို ဒေသခံရခိုင်များက အဝကျွန်းသားများဟု ခေါ်ကြပြီး ၁၉၈၈ ခုအထိ သီးခြားဘုန်းကြီးကျောင်း၊ သီးခြားရပ်ကွက်များဖြင့် နေထိုင်လာခဲ့ကြသည်။ အဝကျွန်းသားများသည် မြန်မာနိုင်ငံ၏ ဝန်ထမ်းပေါင်းစုံတွင် နေရာယူလာခဲ့ကြသည်။ မြန်မာနိုင်ငံတွင် သံဃာတော်အပါး ခြောက်သိန်းရှိသည်အနက် ၇၅%သည် ရခိုင်ဘုန်းတော်ကြီးများ ဖြစ်ပြီး ထို ၇၅% အနက်မှ ၇၀%သည် ဘင်္ဂလားဒေ့ရှ် မှ ခိုးဝင်လာသော အဝကျွန်းသားများ ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ လဝက ၆၅% သည် ရခိုင်များဖြစ်နေခြင်းသည် ခိုးဝင်လာသူများကို တရားဝင်စေရန် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ လုပ်ဆောင်လာခဲ့ခြင်းဖြစ်ပါသည်။ စစ်တပ်တွင်းလည်း ဗိုလ်မှူးကျော်အောင်၊ ဗိုလ်မှူးကျော်မောင် ကဲ့သို့သော အရာရှိကြီး မြောက်များစွာတို့သည် ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသော အဝကျွန်းသားများ ဖြစ်ကြသည်။ အဝကျွန်းသားများသည် မိမိတို့အား အဝကျွန်းသားဟု ခေါ်သည်ကို ပျောက်စေလိုခြင်း၊ မြန်မာနိုင်ငံကို ဖျက်စီးလျက် ဗမာများ ကျွန်ပြုခဲ့သည်ကို ကလဲ့စားချေလိုခြင်း၊ ရခိုင်နိုင်ငံ ထူထောင်လိုခြင်း၊ စသည်တို့ကြောင့် ရိုဟင်ဂျာလူမျိုးများ ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသည်ဟု ဝါဒဖြန့်၍ တစ်ပုံ၊ ဗုဒ္ဓဘာသာကို အလွှဲသုံးစားပြု၍ တစ်နည်း၊ အာဏာရှင်များနှင့် ပူးပေါင်းလျက် မြန်မာနိုင်ငံအား ပျက်စီးစေရန် စနစ်တကျလုပ်ဆောင်လျက်ရှိပါသည်။ မဆလသည် မြန်မာနိုင်ငံအား အဆင်းရဲဆုံးအဆင့်သို့ ရောက်စေသော်ငြားလည်း သယံဇာတအားလုံးကို တရုတ်လက်ထဲမအပ်ခဲ့ပေ။ မိမိတို့၏ လိုအင်ဆန္ဒ ပြည့်ဝရေးအတွက် မွန်မြတ်သော ဗုဒ္ဓဘာသာကို အလွှဲသုံးစားမပြုခဲ့ပါ။ ဗုဒ္ဓဘာသာကို အိုးမည်း မသုတ်ခဲ့ပါ။ ၉၆၉ အကြမ်းဖက် ဗုဒ္ဓဘာသာဂိုဏ်းများ ဖန်တီးပြီး ဗုဒ္ဓဘာသာနှင့် ဂေါတမမြတ်စွာဘုရားကို မစော်ကားခဲ့ပါ။ မျိုးစောင့်အမည်ခံ တိုင်းပြည်နှင့်လူမျိုး ပျက်စီးအောင်လုပ်နေသူများ၊ မေတ္တာတရားဖြင့် ကမ္ဘာကျော်သည့် ဗုဒ္ဓဘာသာကို လူသားများ ရွံရှာဖွယ်ကောင်းအောင် လုပ်ဆောင်နေသူများသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အကျိုးပြုနိုင်မည့်သူများ မဟုတ်ပေ။
အဝကျွန်းသားများဖြစ်ကြသော ဒေါက်တာအေးကျော်၊ ဒေါက်တာအေးချမ်းနှင့် ဒေါက်တာအေးမောင် တို့သည် မုန်းတီးမှု၊ သတ်ဖြတ်မှု၊ ပျက်စီးမှု၊ နိုင်ငံသိက္ခာကျဆင်းမှု၊ မိမိချမ်းသာသွားမှု မှလွဲ၍ နိုင်ငံနှင့် ဘာသာ သာသနာအတွက် မည်သို့မျှ အကျိုးမပြုခဲ့ပေ။ ကျွန်တော် ရခိုင်နှင့် ပတ်သက်၍ ရေးသားသည့် အချက်များအား လွတ်လပ်သော အပြည်ပြည်ဆိုင်ရာ ကော်မရှင်ဖွဲ့ခြင်းဖြင့် မှန်၊ မမှန် ဖော်ထုတ်နိုင်ပါသည်။ အကယ်၍ ကျွန်တော်ပြောသကဲ့သို့ မတွေ့ရှိပါက ကျွန်တော် ကြိုးစင်ပေါ် တက်ရန် အသင့်ဖြစ်နေကြောင်း အသိပေးပါရစေ။
ယခု ဆက်လက်၍ သမာသမတ်ကျပြီး တိကျသည့် ရိုဟင်ဂျာ မဟုတ်သူတစ်ဦး၏ အမြင်ကို တင်ပြလိုပါသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
[အပိုင်း-၂]
ပထ၀ီ၀င်အနေအထား
----------------------ရခိုင်ဒေသသည် ပထ၀ီအနေအထားအရ မြန်မာနိုင်ငံ၏ နောက်ဘက် ကမ်းရိုးတန်းဒေသဖြစ်ပြီး ဘင်္ဂလားဒေရ်ှနိုင်ငံ (ယခင်အိန္ဒိယတိုက်ငယ်)၏ အရှေ့တောင်ဘက်နှင့် ဆက်စပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော် ကမ်းရိုးတန်း မိုင်ပေါင်း-၃၅၀ ရှိပြီး ရခိုင်ရိုးမ တောင်တန်းဖြင့် မြန်မာနိုင်ငံပြည်မနှင့် ပိုင်းဖြတ်ထားပါသည်။ အရှေ့မြောက်ဘက်တွင် ရှမ်းတောင်တန်းများက ကာဖြတ်ထားပြီး မြစ်ချောင်း အင်းအိုင်ပေါများသော ဒေသ ဖြစ်ပါသည်။
လူမျိုး
---------
ရခိုင်ပြည်နယ်သည် အိန္ဒိယတိုက်ငယ်နှင့် ဆက်စပ်နေသောကြောင့် ၎င်း၏ ခေတ်ဟောင်းယဉ်ကျေးမှုနှင့် မြို့ပြစီမံအုပ်ချုပ်ရေးများကို ခရစ်မပေါ်မီ ရာစုနှစ်များ မတိုင်မီကပင် ရရှိခဲ့ပြီး ဟိန္ဒူယဉ်ကျေးမှု၊ ဘာသာနှင့် မြို့ပြအုပ်ချုပ်မှု စနစ်များ လွှမ်းမိုးခဲ့သည် (R.C majundar, Hindu colonies in the Far East-p205 ) ရှေးဟောင်း ရခိုင်ဒေသတွင် နေထိုင်သူများသည် နီဂရီတုစ် (negrito) လူမျိုးများဖြစ်ပြီး ရက္ခရှားစ်ခေါ် လူသားစားတောတွင်းနေ လူရိုင်းများ ဖြစ်ခဲ့ကြပါသည်။ နောက်ပိုင်းတွင် သဘာဝလေဘေးအန္တရယ် အမျိုးမျိုးနှင့် အချင်းချင်း ပုန်ကန် တိုက်ခိုက်မှုများကြောင့် ချင်း၊ မြို၊ ခမီ စသည့် တောတွင်းနေ တောရိုင်းလူမျိုးများလည် မြောက်ဘက်ဒေသမှတဆင့် ရခိုင်ဒေသအတွင်းသို့ အခြေချနေထိုင် လာခဲ့ကြပါသည်။ ၎င်းတို့သည် သစ်ပင်တောတောင် အရာဝတ္ထု စသည်တို့ကို ကိုးကွယ်ပူဇော်ကြသူများဖြစ်ကြပြီး စာပေယဉ်ကျေးမှု ထွန်းကားသူများ မဟုတ်ပေ။ အိန္ဒိယတိုက်ငယ်မှ အင်ဒိုအာရိယန်များသည် ဂင်္ဂါမြစ်ဝှမ်း တစ်လျှောက်မှ ရခိုင်ဒေသအတွင်းသို့ ၀င်ရောက်နေထိုင်လာကြပြီး ၎င်းတို့သည် စာပေယဉ်ကျေးမှု ဓလေ့ထုံးစံ၊ အုပ်ချုပ်ရေးစနစ်စသည်တို့ကို ၎င်းတို့နှင့်အတူတကွ ယူဆောင်လာခဲ့ကြပါသည်။ ဟိန္ဒူဘာသာ၊ ဗြဟ္မန်ဘာသာနှင့် ဗုဒ္ဓဘာသာအယူအဆများကို ထွန်းကားအောင် ပြုလုပ်ခဲ့ကြသူများ ဖြစ်ပါသည်။
ရခိုင်ရာဇ၀င်ကျမ်းများ၏ သုံးသပ်ချက်အရ ရခိုင်ဒေသ၏ပထမဦးဆုံး ဟိန္ဓူဘုရင်သည် ဘီနာရီစီ ဘုရင့်၏သားဖြစ်ပြီး အိန္ဒိယနိုင်ငံတွင် နိုင်ငံရေး ရှုပ်ထွေးမှုကြောင့် ရခိုင်ပြည်သို့ပြည်နှင်ဒဏ်ခံရကာ ထိုမင်းသာသည် ရမ္မာဝတီကို မြို့တော်အဖြစ် တည်ဆောက်ပြီး ရခိုင်ဒေသဘုရင် ဖြစ်လာခဲ့သည်။ ဒုတိယမင်းဆက်ကို ကာပီလာဗတ်စုက တည်ထောင်ခဲ့ပြီး ဓည၀တီကို မြို့တော်အဖြစ် တည်ထောင်ပြီး ရခိုင်ပြည်ကို အုပ်ချုပ်ခဲ့သည်။ အဘိရာဇာ၏သား ကံရာဇာကြီးဖြစ်သော အထက်ဗမာပြည် တကောင်းသူကြီးသည် ၄င်း၏ ထီးနန်းအာ ၄င်း၏ ညီဖြစ်သူ ကံရာဇာငယ်သို့ လွဲအပ်ကာ ရခိုင်ဒေသသို့ရောက်ရှိလာခဲ့သည်။
သူသည်မာရယုမင်းဆက် နောက်ဆုံးဘုရင်၏သမီးတော်နှင့် အိမ်ထောင်ကျပြီးနောက် ကျောက်ပန်းတောင်၌ ထီးနန်းထူထောင်ခဲ့သည်။ ကံရာဇာကြီးမင်းဆက်ကို ဆက်ခံသူမှာ ဆူရိယမင်းဆက်ဖြစ်ပါသည်။ ဆူရိယမင်းဆက်၏ ပထမဘုရင်ဖြစ်သော ချန်ဒြာဆူရိယ (အေဒီ-၁၄၆-၁၉၉) သည် ရခိုင်သမိုင်း၌ အလွန်ထင်ရှားပါသည်။ သမိုင်းအထောက်အထားများအရ ချန်ဒြာဆူရိယ မင်းဆက်သည် မဟာမြတ်မုနိဘုရားကို သွန်းလောင်းပြီး မဟာမြတ်မုနိ ဘုရားကျောင်တော်ကို တည်ထောင်ခဲ့ပါသည်။ ၎င်းကို စီရိဂုတ္တ (Shiri Gupta) တောင်ကုန်းပေါ်မှာ တည်ထောင်ထားပြီ ဓည၀တီဝါ မြောက်ဘက်၌ တည်ရှိခဲ့သည်။
ချန်ဒြရာဆူရိယ မင်းဆက်သည် အေဒီ ၇၈၈ တွင် အချုပ်အချာအာဏာကို ဝေသာလီ (Vesali) မင်းဆက်သို့ လွှဲအပ်ခဲ့သည် (ဦးစံသာအောင် Ananda Shandra. p-125-179) ရခိုင်ဒေသသည် တချိန်က အိန္ဒိယလူမျိုးများ၏ အုပ်ချုပ်မှုကိုခံရပြီး ထိုဒေသရှိ နေထိုင်သူများသည်လည်း ယခုဘင်္ဂလားတွင် နေထိုင်သည့်လူမျိုးများနှင့် လုံးဝ ခပ်ဆင်ဆင်တူသည် ဟု Edmund Davision Soper ရေးသားခဲ့သည်။
အဒီ-၇၈၈ တွင် ချန်ဒြာမင်းဆက်သည် ဝေသာလီမြို့ကို စတင်တည်ထောင်ခဲ့သည်။ (မောရစ်ကော့လင် ရေး Into Hidden Burma) ချန်ဒြာမင်းဆက်များသည် မြောက်ဘက် စစ်တကောင်းမြိုအထိ အုပ်ချုပ်ခဲ့သည်။ ဝေသာလီသည် ဘင်္ဂလား၏ အရှေ့ဘက်၌တည်ရှိသော ဟိန္ဒူမင်းဆက်များအုပ်ချုပ်နေခဲ့သော နိုင်ငံဖြစ်ပြီး မဟာယာန ဗုဒ္ဓဘာသာကို ကိုးကွယ်သူများဖြစ်ကြသည်။ ထိုအချိန်က ဝေသာလီနိုင်ငံ၏ အစိုးရနှင့် လူမျိုးသည် အိန္ဒအနွယ်ဝင်ဘင်္ဂလားများ ဖြစ်ကြသည်။ (Vasishali and the Indianization of arakan by nole f singer -7-8 Maurice Collis ရေး The land of the Great Image အား ဦးလှဒင်က ရတနာရွှေမြေအမည်ဖြင့် ပြန်ဆိုရေးသားသော စာပေဗိမာန်ဆုရ စာအုပ်၏ စာ-၁၉၁ တွင် အေဒီ ၆၃၀ ခုနှစ်များမှာလည်း ဘင်္ဂလားပြည်မှ လူမျိုးများနှင့် အသွင်တူကြသည်။ ထိုနည်းတူ ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာနှစ်မျိုးစလုံးပင် ရခိုင်ပြည်၌ ထိုအခါက ပြိုင်တူထွန်းကားခဲ့သည့် သမိုင်းအထောက်အထားများရှိပါသည်။
ရတနာရွှေမြေစာအုပ် စာမျက်နှာ ၁၉၂ ၌ အေဒီ ၉၅၇ တွင် ရခိုင်ပြည်နယ်သို့ မွန်ဂိုလီယံအနွယ်ဝင် လူမျိုးတစ်မျိုး ၀င်ရောက် တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြပါရှိပါသည်။ထိုလူမျိုးများက ရှေးကျသော မြန်မာလူမျိုးကြီးပင် ဖြစ်သည်ဟု ရေးသားထားသည်။ စာမျက်နှာ ၁၉၃ တွင် အေဒီ ၁၀၆၀ ခုနှစ်ကမြန်မာတို့သည် ပုဂံနန်းဆက်ကို ရခိုင်ပြည်အထိ တိုးချဲ့စိုးပိုင်ခဲ့ကြသဖြင့် ကျွန်ုပ်တို့တွေမြင်ရသည့်အတိုင်း မွန်ဂိုလီယံနွယ်နှင့် အိန္ဒိယနွယ်တို့ ရောယှက် ပေါက်ဖွားလာသူများ နေထိုင်ရာ တိုင်းပြည်တစ်ပြည် ဖြစ်လာခဲ့သည်။ ပါရှန်နှင့် အာရပ်ကုန်သည်တို့မှာ ပင်လယ်ရေကြောင်း ကူးလူးသွားလာရင်း အချက်အချာ ကျသောဒေသများနှင့် ကမ်းသာယာ အရပ်များတွင် ရောင်းဝယ်ရေး စခန်းများပြုလုပ်ကာ အခြေချ နေထိုင်လာခဲ့သည်။ အလားတူရခိုင်ပြည်အပါအ၀င် မြန်မာနိုင်ငံ၏ ရောင်းဝယ်ရေးစခန်းများ၌လည်း ပါရှန်နှင့် အာရပ်ကုန်သည်တို့ အခြေချနေထိုင်ခဲ့သည်။ ထို့ပြင် ရခိုင်ကမ်းရိုးတန်းနှင့် မြန်မာပင်လယ်ကမ်း ရိုးတန်းတလျှောက် အစ္စလာမ်ဘာသာ ဒါရ်ဂါ (ခေါ်) သူတော်စင်များ၏ ဂူဗိမာန်များက သင်္ဘောသားများ၊ ကုန်သည်များအပြင် သူတော်စင်တို့လည်း ရောနှောဝင်ရောက်နေထိုင်လာခဲ့ကြောင်း သက်သေခံနေသည်။ ဆရာချေ-နိုင်ငံဂုဏ်ရည်-ပထမဆင့် ဗမာမွတ်စလင် ရှေးဟောင်း အတ္ထုပ္ပတ္တိ စာ-၁၆၊ သာသနာရောင်ဝါ ထွန်းစေဖို့ စာ-၆၆) ရခိုင်ဘုရင်များသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်သော်လည်း ဗြဟ္မာ၊ ခရစ်ယာန်၊ အစ္စလာမ်ဘာသာများကို လွတ်လပ်စွာ ကိုးကွယ်ခွင့် တရားဟောခွင့် ပြုထားကြောင်း၊ ဝေသာလီ ကျောက်လှေကားနှင့် မြောက်ဦးခေတ်မှစ၍ ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာ အဆောက်အဦးများ ဆောက်လုပ်ခွင့် ပေးထားသည်။
(မဆလ ပါတီဋ္ဌာနချုပ်၊ ၁၉၇၆-ဇူလိုင်လထုတ် တိုင်းရင်းသားရိုးရာ ဓလေ့ထုံးစံများ (ရခိုင်)စာမျက်နှာ -၁၄၉-၁၅၀) အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ကျော်(၁၂၀၀)ခန့်ကစ၍ အုပ်စုလိုက် လည်းကောင်း၊ တစ်ဦးချင်း နှစ်ဦးချင်းအားဖြင့်လည်းကောင်း ပျံနှံ့ဝင်ရောက်ခဲ့ပါသည်။ သမိုင်းအထောက်အထားအရ အစ္စလာမ်ဘာသာ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာခဲ့ပုံမှာ ပြည်ပအစ္စလာမ်သာသနာပြုများက မြန်မာနိုင်ငံသို့ လာရောက်သာသနာပြုသဖြင့် ရောက်ရှိလာခဲ့ခြင်းမျိုး အဟုတ်ပါ။ မြန်မာနိုင်ငံသို့ အစ္စလာမ်ဘာသာ ရောက်ရှိလာပုံနှင့်ပတ်သက်၍ အောက်ပါ သမိုင်းမှတ်တမ်း အထောက်အထားအရ လေ့လာသိရှိပါသည်။ (နပတ အစိုးရထုတ် သာသနာရောင်ဝါ ထွန်းစေဖို့ စာမျက်နှာ ၆၅-၆၈)
ဦးအုံးမောင်ရေးသားခဲ့သော “ကျောင်းသုံးမြန်မာရာဇ၀င်” အရ အိန္ဒိယတွင် ဟိန္ဒူဘာသာထွန်းကားစဉ် ရခိုင်ပြည်တွင်လည်း ဟိန္ဒူဘာသာ ထွန်းကားခဲ့သည်။ ဗုဒ္ဓဘာသာ ထွန်းကားသောကာလတွင်မူ ဗုဒ္ဓဘာသာ ပြန့်ပွားကြောင်း တွေ့ရသည်။
၁၀ ရာစုနောက်ပိုင်း၌ အိန္ဒိယတွင် အစ္စလာမ်သာသနာထွန်းကားပြန်ရာ ရခိုင်ပြည်နယ်တွင်လည်း အစ္စလာမ် ဘာသာဝင်ဦးရေ တိုးပွားလာခဲ့သည်။ အစ္စလာမ် ယဉ်ကျေးမှုများ ရခိုင်ပြည်တွင် ကူးဆက်လွှမ်းမိုးခဲ့လေသည်။
အထက်ပါ သမိုင်းအထောက်အထားများအရ ရခိုင်ပြည်နယ်တွင် အစ္စလာမ်သာသနာသည် အာရပ်ပါရှန် အိန္ဒိယ ကုန်သည်များမှတဆင့် ၁၀ ရာစု ၀န်းကျင်တွင်ရောက်ရှိလာခဲ့ပြီး အိန္ဒိယအနွယ်ဝင် ဒေသခံများက အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ကြသည်။
ရခိုင်လူမျိုးသမိုင်းပညာရှင် ဓည၀တီဆရာတော် ဦးညာဏ ရေးသားသည့် ရခိုင်ရာဇ၀င် ဒုတိယတွဲ စာမျက်နှာ ၁၆၁-၁၆၃ တွင် မင်းဘာကြီးလက်ထက် ပါရှန်အင်ပါယာ ဖက်တံကာဒီ ဦးဆောင်သော သံအမတ်(၃)ဦး ဘုရင်ထံ ရောက်ရှိလာခဲ့သည်။ ၎င်းတို့နှင့်အတူ အိန္ဒိယနိုင်ငံမှ အစ္စလာမ်တရားဟော သာသနာပြုဆရာများလည်းပါလာကြပြီး ရခိုင်ပြည်သူတို့အား အစ္စလာမ်၏ တရားတော်ကို ဟောကြားတင်ပြရာ ရခိုင်အမျိုးသားအချို့ ယုံကြည်လာကြပြီး အစ္စလာမ်ဘာသာသို့ ကူးပြောင်းကိုးကွယ်ခဲ့ကြသည်။
[အပိုင်း (၃) ]
ရခိုင်မဟာရာဇ၀င် ဇာတ်တော်ကြီးတွင် “သက္ကရာဇ် ၈၈၇ ခုနှစ်၌ ၉ ဆက်မြောက်သော ဇယတ္တမင်းစောမွန် လက်ထက်၌ ရူမ်ပါသျှားမင်း၏ သံအမတ်ကြီး ကာဒီ၊ စုသျှာ၊ ဟော်နု များတို့သည် နိုင်ငံတော်၌ မဟာမေဒင်သာသနာ စည်ပင်ပြန့်ပွားစေခြင်းငှာ နေရာအနှံ၌ ဗလီကျောင်းများ တည်ဆောက်ကြ၍ မြို့တော်တွင် သူအပေါင်းတို့အား ဟောပြောပြသလျက် နေ့စဉ်မပြတ် ပြုလုပ်တော်မူလေသည်။ ထိုအခါ အချို့သော ဗုဒ္ဓဘာသာလူမျိုးတို့သည် ယုံကြည်လျက်၎င်းဘာသာ၌ ၀င်၍ ၎င်းတရားကို ဆောက်တည်လျက်ရှိကြလေသည်။ သို့နှင့် မဟာမေဒင် လူမျိုးတို့သည် နိုင်ငံတော်၌ ဖုန်းလွှမ်းစိုးမိုးလျက် ပြန့်နှံစွာရှိလေသည်။ ဘုရင်မင်းမြတ်ကိုလည်းလက်ဆောင် ပဏ္ဏာပို့ ဆက်လျှက် ဘုရင်မင်းအား ၎င်းအမတ်ကြီးတို့ကို များသောအားဖြင့် မေတ္တာသက်ဝင်လျှက် ဖြစ်ရှိလေသည်” ဟု ဖေါ်ပြထားပါသည်။
၁၅-ရာစုတွင် များစွာသော ဗုဒ္ဓဘာသာရခိုင်တို့မှာ အစ္စလာမ်ဘာသာ ကိုးကွယ်ကြ၍ မွတ်စလင်များဖြစ်ကြကြောင်း သမိုင်းပညာရှင် ဦးကြည်က မြန်မာရာဇ၀င် သိမှတ်ဖွယ်ရာအဖြာဖြာ စာအုပ်တွင်ရေးသားထားသည်။
နိုင်ငံတော်ကောင်စီဝင်ဟောင်း ရခိုင်လူမျိုးစာရေးဆရာ ဦးလှထွန်းပြူကလည်း ဗုဒ္ဓဘာသာဝင်အချို့ အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ကြကြောင်း “အောင်ပန်းကြီးငွေ စကားရည်လုပွဲ” တွင် ရေးသားခဲ့ပါသည်။
အထက်၌ဖော်ပြခဲ့သည့် အစ္စလာမ်ဘာသာဝင်များသည် ဒေသခံ အိန္ဒိယ အနွယ်ဝင်နှင့် ရခိုင်လူမျိုးများမှ အစ္စလာမ်ဘာသာသို့ ကူးပြောင်းလာခဲ့ကြသူများဖြစ်ပါသည်။ ဒေသခံများသာမက အိန္ဒိယတိုက်နယ်မှ အစ္စလာမ်ဘာသာဝင်များသည် အကြောင်းအမျိုးမျိုးကြောင့် ရခိုင်ဒေသို့ အုပ်စုလိုက်ဝင်ရောက် လာခဲ့ကြသည့် အထောက်အထားများလည်း ရှိပါသည်။
ပထမအသုတ်
--------------ရမ်းဗြဲတော်ကျောင်းဆရာတော်ရေး၊ ရခိုင်ရာဇ၀င်သစ် ပထမအုပ်၊ စတုတ္ထတွဲ စာမျက်နှာ ၃၅၂-၃၅၂-၃၅၃ တို့တွင် ငနှလုံးမင်း (၁၂၃၄-၁၂၃၇)လက်ထက် ကုလားပြည်(ဘင်္ဂလား)ကို စစ်ထိုးရာမှ သုံးပမ်း ၄၇၅၀၀ ကို ဖမ်းဆီး ခေါ်ဆောင်လာပြီး မင်းသုံး၊ မိဘုရားသုံး မင်းသမီးသုံး၊ မူးမတ်သုံးအတွက် အသီးသီး အစုနှင့်ခွဲပေးတော်မူသည်။
ဤသည်ကား ဓည၀တီအရေးတော်ပုံ၌ ပါဝင်သော ငနှလုံးမင်း၏ အကြောင်းတည်း”ဟု ရေးသားဖော်ပြထားသည်။ အထက် ရခိုင်ရာဇ၀င်သစ်ပါ စစ်သုံပန်းများ၏ လူဦးရေတိုးနှုန်းကိုတစ်နှစ်လျှင် ၀.၅ ရာနှုန်းဖြင့်သာ တိုးသည်ဟု မှတ်ယူပြီး တွက်ချက်လျင် ထိုသုံပန်းများ၏ လူဦးရေသည် ၂၀၁၂ တွင် ၂၃၆၀၅၆၀ (နှစ်သန်းသုံသိန်း ခြောက်သောင်း ငါးရာ ခြောက်ဆယ်) ဖြစ်သင့်ပါသည်။
ဤတွက်ချက်မှုကို သဘာဝဘေးဒဏ်၊ စစ်ဒဏ်၊ ကျန်းမာရေး အစောင့်အရှောက် အားနည်းမှု စသည်တို့ကိုသုံးသပ်ပြီး အနိမ့်ဆုံး လူဦးရေတိုးနှုန်းဖြင့်တွက်ချက်ထားခြင်းဖြစ်ပါသည်။
ဒုတိယအသုတ်
-----------------အင်းဝမင်းခေါင်၏ တိုင်ခိုက်မှုကြောင့် ရခိုင်ဘုရင်နရမိတ်လှသည် ဘင်္ဂလားသို့ထွက်ပြေး၍ ဂေါ့(Gaur) ဘုရင်ထံ ခိုလှုံခဲ့သည်။ ၎င်းသည် ဘင်္ဂလားတွင် ၂၄ နှစ်တိုင် ခိုလှုံခဲ့ပြီး ဂေါ့ဘုရင်၏ စစ်အကူအညီဖြင့် ရခိုင်ထီးနန်းကို ပြန်လည်ရယူခဲ့သည်။ ၁၄၂၉ စစ်တွင် ဂေါဘုရင်သည် စစ်သူကြီး ၀လီခန် ဦးစီးသော စစ်သည်အင်အား ၂၀၀၀၀(နှစ်သောင်း) ရှိသည့် စစ်တပ်ကို နရမိတ်လှနှင့်အတူ ရခိုင်ပြည်သို့ စေလွှတ်ခဲ့သည်။ စစ်သူကြီးဝလီခန်သည် ရခိုင်ထီးနန်းကို သိမ်းပိုက်ပြီး နရမိတ်လှနှင့် သဘောထားကွဲလွဲကာ နရမိတ်လှအား ဖမ်းချုပ်ပြီး မိမိကိုယ်ကို ဘုရင်အဖြစ် တင်မြောက် အုပ်ချုပ်ခဲ့သည်။ နရမိတ်လှသည် ချုပ်နှောင်ထားရာမှ ထွက်ပြေးပြီးဂေါ့ဘုရင်ထံ ပြန်လည် အကူအညီတောင်းခံသည်။ ဂေါဘုရင်က စစ်သူကြီးစန္ဒီခန်အား စစ်သည်တော် ၃၀၀၀၀(သုံးသောင်း)ဖြင့် နရမိတ်လှနှင့်အတူ ရခိုင်ထီးနန်းကို ပြန်လည်သိမ်းပိုက်ရန် စေလွှတ်ခဲ့သည်။ စစ်သူကြီး စန်ဒီခန်သည် စစ်သူကြီး ၀လီခန်ကို အနိုင်တိုက်ပြီး နရမိတ်လှကို နန်းတင်ပေးခဲ့သည်။ ဘုရင်နရမိတ်လှသည် နိုင်ငံတော်လုံခြုံရေးအတွက် ဤစစ်တပ်ကို ရခိုင်ပြည်တွင် ရာထူးကြီးငယ်ပေးကာ မင်းမှု့ထမ်းစေခဲ့ပါသည်။
ဤအချိန်မှစ၍ ရခိုင်ဘုရင်များသည် မွတ်စလင်တိုင်းရင်းသာများနှင့် မင်းမှု့ထမ်းများစစ်သည်တော်များကို မြောက်စားသည့်အနေဖြင့် မွတ်စလင်ဘွဲ့များကို ခံယူခဲ့ကြသည်။ မွတ်စလင်ဘွဲခံယူခဲ့ကြသော ရခိုင်ဘုရင် ၁၈ ပါး ရှိခဲ့ပါသည်။ ရခိုင်ပြည်သုံး ဒင်္ဂါးများကိုလည်း အာရဗီ၊ ပါရှန်ဘာသာတို့ဖြင့် သွန်းလောင်းထုတ်လုပ်ခဲ့ပါသည်။ ရခိုင်ဘုရင်များသည် လူမျိုးဘာသာ မခွဲခြားဘဲ တရားမျှတစွာ အုပ်ချုပ်ခဲ့သည်။
ပေါ်တူဂီဘုန်းကြီး မန်ရစ်က ၁၆၃၀ ခုနှစ်များတွင် ရခိုင်ဘုရင် သူရိသုဓမ္မာနှင့် တွေဆုံစဉ်က ရေးခဲ့သည့် ကိုယ်ရေးမှတ်တမ်းတွင် ရခိုင်ဘုရင်နန်းတက်ပွဲ၌ မွတ်စလင်တပ်ရင်းက စစ်ရေးပြဂုဏ်ပြုခဲ့ကြောင်း၊ ဘုရင် သက်တော်စောင့်များတွင် မွတ်စလင် ကိုယ်ရံတော်များကို တွေ့ခဲ့ကြောင်း၊ ဘုရင့်နန်းတွင်း သမားတော်လည်း မွတ်စလင်တစ်ဦးဖြစ်သည်ကို တွေ့ခဲ့ကြောင်း ဘုရင်ကိုယ်တိုင်ကလည်း ဟန္ဒူစ်တာနီစကား ပြောခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သည်။
နရမိတ်လှနှင့် အတူပါလာသည့် စစ်တပ်ကြီး ၂ ခုမှ စစ်သည်တော်နှင့် အပေါင်းအဖော်များ ရခိုင်ပြည်တွင် သုံးသောင်းလောက် ဆက်လက် နေထိုင်ခဲ့ကြလျှင် ထိုလူဦးရေ ၃၀၀၀၀(သုံးသောင်း) သည် လူဦးရေတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် တိုးပွားမည်ဆိုပါက ၂၀၁၂ ခုနှစ်တွင် ထိုစစ်သည် ဦးရေတို့၏ မျိုးနွယ်ဝင်များသည် ၈ သန်းကျော် ဖြစ်သင့်သည်။
၁၉၆၀ ခုနှစ် နိုင်ငံတော်အစိုးရထုတ် Ancient Monuments in Burma တွင် ၁၄၃၀ ၌ ဆောက်တည်ခဲ့သော မြို့ဟောင်းမှ Sandhikan စန်ဒီခန်ဗလီကို ရှေးဟောင်းအမွေအနှစ်အဖြစ် မှတ်တမ်းတင်ထားကြောင်း တွေ့နိုင်ပါသည်။
တတိယအသုတ္
-------------------စစ်တကောင်းဒေသရှိဘင်္ဂလား ၁၂ မြို့သည် နရမိတ်လှမတိုင်ခင်က ရခိုင်ပြည်အတွင်းရှိခဲ့ပြီး ရခိုင်မင်းများ အုပ်ချုပ်ခဲ့သည်။ တဖန် ၁၄၅၉ မှ ၁၆၆၆ နှစ်ပေါင်း ၂၀၀ ၀န်းကျင် ရခိုင်ဘုရင်များက ထိုဒေသများကို အုပ်ချုပ်ခဲ့သည်။ ဤနှစ်ပေါင်း ၂၀၀ အတွင်း စစ်တကောင်းနှင့် ယခုရခိုင်ပြည်သည် တစ်နိုင်ငံတည်းဖြစ်ခဲ့ကြရာ စစ်တကောင်း နယ်သားများသည် ရခိုင်ပြည်ကို ပြောင်းရွေ့နေထိုင်လာကြရန် လွယ်ကူလှပေသည်။
ရခိုင်လူမျိုးများသည်လည်း စစ်တကောင်းဒေသသို့ ပြောင်းရွေ့နေထိုင်ကြရန် လွယ်ကူပါသည်။ ယနေ့တွင် စစ်တကောင်းကုန်းမြင့်ဒေသတ၀ိုက် ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင် အမြောက်အများတွေ့ရှိရပါသည်။ ၎င်းတို့သည် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၊ စစ်တကောင်းဒေသတွင် Chaudriy ချောင်းဒရီဘွဲ့များ ခံယူပြီး ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၏ တိုင်းရင်းသားအခွင့်အရေး အပြည့်အ၀ ရရှိခံစားနေကြသည်။
ကိုယ်ပိုင်အုပ်ချုပ်ရေးရဒေသအဖြစ် ရရှိခံစားနေကြသည့် ရခိုင်လူမျိုးများသည် စစ်တကောင်းဒေသသို့ ပြောင်းရွေ့ နေထိုင်ခဲ့ကြသလို တနိုင်ငံတည်း ဖြစ်နေသည့် အားလျှော်စွာ စစ်တကောင်းဒေသမှလည်း ရခိုင်ပြည်သို့ ၀င်ရောက် လုပ်ကိုင်စားသောက်နေထိုင်လာခဲ့ကြမည်မှာ သေချာလှပါသည်။
[အပိုင်း (၄)]
စတုတ္ထသုတ်
နာမည်ကျော် သမိုင်းပညာရှင် G.E Harvey ရေးသားထားသည့် Outline of Burmese History ၏ စာမျက်နှာ ၉၄ ၌ Francois Bernier ၏ မှတ်တမ်းနှင့် Father Delaunoit ၏ Catholic encyclopedia ကိုးကား၍ ရေးသားရာတွင်
ပေါ်တူဂီများသည် ရခိုင်ဓါးပြများနှင့်ပူးပေါင်းပြီး ဘင်္ဂလားဒေသမှ ဒေသခံများကို ဖမ်းဆီး၍ ရခိုင်ပြည်သို့ ခေါ်ဆောင်လာခဲ့သည်။ ၁၆၂၁ မှ ၁၆၂၄ ခုနှစ်များ အတွင်း ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူအရေအတွက်မှာ ၄၂၀၀၀ (လေးသောင်း နှစ်ထောင်) ရှိသည်ဟု ရေးသားထားပါသည်။ ရခိုင်ဘုရင်က ထိုဖမ်းဆီးခေါ်ဆောင်လာသည့် လူများအနက် အတတ်ပညာ အရှင်ဖြစ်သူ လေးပုံတစ်ပုံခန့်ကို ရွေးယူထားပြီး ကျန်လူများကို တစ်ဦးလျင် ရူပီး၂၀ မှ ၇၀ဖြင့် ဈေးတင်ရောင်းချခဲ့သည်။
ဤစတုတ္ထအသုတ် တခုတည်း၏ လေးပုံတစ်ပုံ ဖြစ်သည့် လူဦးရေ ၁၀၅၀၀ သည် လူဦးရေတိုးနှုန်း ၁% ဖြင့်သာ တွက်ချက်မည်ဆိုပါက ၂၀၁၂ တွင် ၅ သိန်းကျော်ဖြစ်သင့်ပါသည်။
ပဥ္စမအသုတ်
ရခိုင်ဘုရင် စန္ဒသုဓမ္မ လက်ထက် (အေဒီ ၁၆၆၀) မဂိုဘုရင်၏ နောင်တော် ရှားရှုဂျာသည် ညီတော် အော်ရမ်ဇစ်နှင့် စစ်ရှုံးပြီး မိမိ၏သစ္စာခံ စစ်သည်တော်များ မိသားစုများနှင့်အတူ ရခိုင်ပြည်သို့ ခိုလှုံခဲ့သည်။ ရခိုင်ဘုရင်က ရှားရှုဂျာ၏ သမီးတော်ကိုကြင်ယာတော် မြောက်ရန် တောင်းဆိုရာ ရှားရူဂျာက ငြင်းပယ်ခဲ့သည်။ ဤသည်ကို အကြောင်းပြု၍ ပြသနာတက်လာပြီး တိုင်းပြည် မငြိမ်သက်မှုဖြစ်ခဲ့သည်။ ရခိုင်ဘုရင်ထံမှ အာဏာသိမ်းရန် ကြိုးစားခဲ့ပါသည်။
သို့ရာတွင် ရှားရူဂျာ အရေးနိမ့်ပြီး မိသားစုဝင်များနှင့်အတူ ကွပ်မျက်ခြင်းခံခဲ့ရသည်။ သူနှင့်အတူ ပါလာခဲ့သည့် စစ်သည်တော်များကို သစ္စာရည်တိုက်ပြီး ရခိုင်လေးသည်တော်တပ်အဖြစ် မင်းမှုထမ်းစေခဲ့သည်။ ၎င်းင်းတို့ကို ဖါရစီဘာသာစကားဖြင့် ကမန်ဟု ခေါ်ရာမှ ကမန်လူမျိုး ဖြစ်လာပါသည်။
ရခိုင်ပြည်နယ်တွင် အစ္စလာမ်ဘာသာဝင်များ အများအပြားနေထိုင်ခဲ့ကြရာ မြန်မာမင်းက ရခိုင်ပြည်ကို သွားသိမ်းပိုက်စဉ် ရခိုင်ဘက်မှ မွတ်စလင် ၃၀၀၀ကျော်ကို မြန်မာပြည်မသို့ခေါ်လာခဲ့ကြောင်း ဗိုလ်မင်းရဲလှကျော်တင် ရေးခဲ့သောစစ်တပ်တွင် တွေ့ရှိခဲ့ပါသည်။ ထိုသို့ ခေါ်လာသော မွတ်စလင်မ်များကို အေဒီ ၁၇၀၉ တွင် စာရေးဆရာ အောင် ဖော်ပြပါ ၁၂ နေရာ၌ နေရာချထားခဲ့ကြောင်း မှတ်တမ်းတွေ့ရသည်။ ၎င်းတို့မှာ-
၁။ တောင်ငူ ၂။ ရမည်းသင်း
၃။ ညောင်ရမ်း ၄။ ယင်းတော်
၅။ မိတ္ထီလာ ၆။ ပင်းတလဲ
၇။ တဘက်ဆွဲ ၈။ ဘောစိ
၉။ သာစည် ၁၀။ စည်ပုတ္တရာ
၁၁။ မြေဒူး ၁၂။ ဒီပဲယင်း စသည်တို့ဖြစ်ကြသည်။
အထက်ပါအတိုင်း ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာဝင်များသည် မြန်မာပြည်မသို့ ပြောင်းရွေ့နေထိုင်ခဲ့ကြောင်း သိရှိရပါသည်။ (န၀တအစိုးရထုတ် သာသနာရောင်ဝါ တွန်းစေဖို့ စာမျက်နှာ ၆၇) အင်္ဂလိပ်ခေတ် ဗြိတိသျှ အင်္ဂလိပ်ပိုင် East India Company ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲ (၁၈၂၂-၂၄) အပြီး ရန္တာပိုစာချုပ် ရခိုင်ပြည်နယ် တနင်္သာရီတိုင်း၊ အာသံ၊ မဏိပူရ စသည်တို့ကို သိမ်းပိုက်ခဲ့သည်။ ၁၈၂၆ တွင် ရခိုင်ဒေသ၏ မြို့ပြအုပ်ချုပ်ရေးမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် Mr. Paton က အစီရင်ခံစာတစ်စာင် ပြုစုခဲ့သည်။ ထိုအစီရင်ခံစာတွင် ရခိုင်ပြည်နယ်၏ လူဦးရေကို တစ်သိန်းဝန်းကျင်ဟု ဖေါ်ပြထားပြီး ဗုဒ္ဓဘာသာရခိုင် ၆ သောင်း မွတ်စလင်မ်(မဟာမေဒင်) သုံးသောင်း၊ အခြား တစ်သောင်း အစီရင်ခံထားပါသည်။ ပထမ-အင်္ဂလိပ်-မြန်မာ စစ်ပွဲကြောင့် ပြည်သူပြည်သားများသည် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးသည့်အတွက် လူဦးရေ နည်းသွားသည်ဟု မှတ်ယူနိုင်ပါသည်။
ဤမှတ်တမ်းအရ ရခိုင်ပြည်နယ်ရှိ မွတ်စလင်မ်များသည် ၁၈၂၄ ခုနှစ်မတိုင်မီ ရခိုင်ဒေသတွင် အခြေတကျ နေထိုင်ကြသည်မှာ သိသာထင်ရှားနေပါသည်။ ရခိုင်ပြည်သူဦးရေ သုံးပုံတစ်ပုံ ရှိခဲ့သည်။
Imperial Gazzette of India အရ ရခိုင်ပြည်နယ်ရှိ မွတ်စလင်မ်ဦးရေ၏ ထက်ဝက်ကျော်သည် စစ်တွေခရိုင်တွင် နေထိုင်ကြသည်ဟု ဖေါ်ပြထားပါသည်။ Burma Gazzette Akyab District စာမျက်နှာ ၈၆ တွင် ၁၈၇၁ ခု၌ မွတ်စလင်(မဟာမေဒင်) ၅၈၀၀၀ (ငါးသောင်းရှစ်ထောင်) ရှိသည်ဟု ဖော်ပြထားပါသည်။ အကယ်၍ ရခိုင်ဒေသရှိ Imperial Gazzetter of India မွတ်စလင်မ်အရ စစ်ရေးခရိုင်တွင်နေထိုင်ကြသည်ကို မှတ်တမ်း တင်ထားသည့်အလျောက် စစ်ပြီးကာလ ၁၈၂၆ တွင် စစ်တွေခရိုင်၏ မွတ်စလင်မ်လူဦးရေ ၁၈၀၀၀ ခန့် ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
အကယ်၍ ဤလူဦးရေသည် စစ်ပြီးကာလ ငြိမ်းချမ်းသည့် ကာလဖြစ်သည့်အတွက် ၂.၅% နှုန်းဖြင့်တိုးလျှင် ၁၈၇၁ တွင် စစ်တွေခရိုင်၏ မွတ်စလင်မ် ဦးရေမှာ ငါးသောင်းရှစ်ထောင် ဖြစ်သင့်ပါသည်။ Burma Gazzetter Akyab District မှတ်တမ်းအရလည်း စစ်တွေခရိုင်၏ မွတ်စလင်ဦးရေ ၅၈၂၅၅ အဖြစ်ဖေါ်ပြထားပါသည်။ ၁၉၁၁ သန်းခေါင်စာရင်းအရ စစ်တွေခရိုင်၏ မွတ်စလင်မ်လူဦးရေသည် ၁၇၈၆၄၇ (တစ်သိန်းခုနှစ်သောင်းရှစ်ထောင် ခြောက်ရာလေးဆယ့် ခုနှစ်) ယောက် ရှိကြောင်း ဖေါ်ပြထားပါသည်။ အကယ်၍ ၁၈၇၁ တွင် ၅၈၂၅၅ ရှိသည့် စစ်တွေခရိုင်ရှိမွတ်စလင်ဦးရေသည် ၂.၆% ဖြင့်တို့လျင် ၁၉၁၁ တွင် တစ်သိန်းရှစ်သောင်းဝန်းကျင်ဖြစ်သင့်ပါသည်။ သန်းခေါင်စာရင်းအရလည်း စစ်တွေခရိုင်၏ မွတ်စလင်လူဦးရေသည် ၁၇၈၆၄၇ ယောက် ရှိကြောင်း ဖော်ပြထားပါသည်။
ဤလူဦးရေတိုးနူန်းသည် မွတ်စလင်အများစုနေထိုင်သည့် ဘင်္ဂလားဒေ့ခ်ျ၊ ပါကစ္စတန်၊ အရှေ့အလယ်ပိုင်း၊ နိုင်ငံများ၏ လူဦးရေတိုးနှုန်းနှင့် နိုင်းယှဉ်လျင် မများလှပေ။ ထိုနိုင်ငံများ၏ လူဦးရေတိုးနှုံးသည် ဤကာလပတ်ဝန်းကျင်၌ ၂.၅% မှ ၃% အထိရှိခဲ့သည်။ ရခိုင်ဒေသရှိ မွတ်စလင်များသည် ဘာသာရေးနှင့် ဓလေ့ထုံးစံအရ ရှေးရိုးဆန်ကြပြီး အရွယ်ရောက်သည်နှင့် အိမ်ထောင်ပြုကြသည်။ သားဆက်ခြားခြင်းကိုလည်း ကျင့်သုံးလေ့မရှိကြပေ။ သားသမီးများကို ဘုရားသခင်ထံမှ ချီးမွမ်းမှု အဖြစ်သတ်မှတ်ကြပြီး ကိုယ်ဝန်ခြားခြင်း မပြုကြပေ။ သို့ပါသောကြောင့် တတိယကမ္ဘာရှိ အခြားမွတ်စလင်နိုင်ငံများ နည်းတူ ၎င်းတို့၏ လူဦးရေတိုးနှုံးသည်လည်း သာမန်ထက်များမည်မှာ သံသရဖြစ်စရာ အကြောင်းမရှိလှပေ။
ခေတ်ပညာတတ်မြောက်သူနည်းပါးပြီး၊ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးဖမ်းလုပ်ငန်းများကို အဓိက အသက်မွေးဝမ်းကျောင်းအဖြစ် ပြုလုပ်ကြသောကြောင့် ထိုလုပ်ငန်းများ၏လုပ်သား လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန် သားသမီးများများ ယူကြသည်မှာ မထူးဆန်လှပေ။ တဖန် သားဆက်ခြားခြင်းနှင့် ပတ်သက်သည့် ဗဟုသုတ နည်းပါးခြင်း၊ ဘာသာရေးအရ သားဆက်ခြားခြင်းကို ခွင့်မပြုခြင်း စသည်တို့ကြောင့် လူဦးရေတိုးနှုံးများမည် သေချာပေသည်။
၁၈၂၆ ခုနှစ် Mr.Paton ၏ မှတ်တမ်းတွင် ဖော်ပြထားသည့် ရခိုင်ဒေသ၏ မွတ်စလင်လူဦးရေ ၃၀၀၀၀(သုံးသောင်း) သည်တစ်နှစ်လျှင် ၂.၆% ဖြင့်တိုးလျှင် ယနေ့ ၂၀၁၂ တွင် ရခိုင်ပြည်နယ်ရှိ မွတ်စလင်လူဦးရေသည် ၃.၈ သန်းကျော် ရှိသင့်ပါသည်။အကယ်၍ အိမ်နီးချင်း နိုင်ငံဖြစ်သော ပါကိစ္စတန်နိုင်ငံ၏ လူဦးရေတိုးနှုံးအတိုင်း ၃.၂% ဖြင့်တိုးခဲ့ပါက ယနေ့ ရခိုင်ပြည်နယ်၏ မွတ်စလင်ဦးရေမှာ ၁၁ သန်းခန့် ရှိမည်ဖြစ်ပါသည်။ ရခိုင်ပြည်နယ် မွတ်စလင်ဦးရေ တိုးလာခြင်းသည် သဘာဝအလျှောက် မွေးတိုးဖြင့်တိုးလာခြင်းဖြစ်သည်မှာ ထင်ရှားလှပါသည်။ ရာသီအလိုက် လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် လယ်ယာလုပ်သားများ လာခဲ့ကြသည်မှာ မှန်ကန်သော်လည်း ၎င်းတို့သည် ရာသီကုန်ဆုံးသွားသောအခါ မိမိတို့၏ နေရပ်သို့ပြန်သွားခဲ့ကြသည်။
ရခိုင်ပြည်နယ်ရှိ မွတ်စလင်မ်များသည် အင်္ဂလိပ်လက်ထက်တွင် အရေးပါသည့်နေရာများတွင် အမှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြပါသည်။
British Burma Municipal Act ကို ၁၈၇၄ တွင် စစ်တွေ (Akyab) အထိချဲ့ထွင်ခဲ့ပြီး မြူနီစပယ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့တွင် အစိုးရ၀န်ထမ်း ၆ ဦးပါပြီး အရပ်သား ၆ ဦးပါခဲ့သည်။ ထိုမြူနီစီပယ်အဖွဲ့ကို ၁၈၈၂ တွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ရာ အစိုးရ၀န်းထမ်း ၃ဦး နှင့် အရပ်သား ၁၂ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ထိုအရပ်သား ၁၂ ဦးတွင် ဥရောပတိုက်သား ကိုယ်စားပြု ၂ ဦးမွတ်စလင်ကိုယ်စားပြု ၄-ဦး နှင့်ရခိုင်ကိုယ်စားပြု ၄ ဦး ဟိန္ဒူကိုယ်စားပြု ၂ ဦး စုစုပေါင်း ၁၂ ဦး ပါဝင်ခဲ့ပါသည်။ (A Cultural History of Rohingya of A.F.K Jilani)
ရခိုင်ပြည်နယ်ရှိ မွတ်စလင်မ်များသည် နယ်ချဲ့တော်လှန်ရေးလှုပ်ရှားမှုတွင် အခြားတိုင်းရင်းသားများနှင့် လက်တွဲ ပါဝင်တိုက်ပွဲဝင်ခဲ့သည်။ ကျောက်တော်မြို့ကတိက ဆရာကြီးဦးဇိုင်န်ဒင်သည် ဆရာကြီးဦးရာဇတ် ကဲ့သို့ စစ်တွေ(Akyab)မြို့၏ အမျိုးသားကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်မှ အများအသိပင်ဖြစ်ပါသည်။ ဆရာကြီးသည် ကျောင်းသားသူငယ်များကို အမျိုးသားစိတ်ဓါတ် သွတ်သွင်းပေးခဲ့သူ တစ်ဦးဖြစ်သည်။ ဤအကြောင်းကို ၁၉၆၈ ခုနှစ်ထုတ် “ရခိုင်ညွတ်ဖူး” စာအုပ်တွင် ဖော်ပြထားပါသည်။ တဖန် ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲတွင်လည်း V.Force အမည်ဖြင့် အင်္ဂလိပ် စစ်တပ်နှင့်ပေါင်းပြီး ဖက်ဆစ်ဂျပန်တို့ကို တိုက်ထုတ်ခဲ့သည်။
Anthony Irwin ရေးခဲ့သည့် Bumese Outpost တွင် ရခိုင်ပြည်ရှိ မွတ်စလင်မ်များ ဖက်ဆစ်တော်လှန်ရေး၌ ပါဝင်တိုက်ခိုက်ပုံကို ရေးသားထားပါသည်။
လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့် လွတ်လပ်ရေးရပြီးကာလ ရခိုင်ပြည်နယ်မှ ပါလီမန်အမတ်ဟောင်း ဦးဘိုးခိုင်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိတွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ အစ္စလာမ် သာသနာရေးရာကောင်စီဌာနချုပ်၊ စာစဉ်(၆၀) ၊ တိုင်းရင်းသား မွတ်စလင်မ် စာပြုစာဆိုပုဂ္ဂိုလ်ကျော်များ၊ ဒုတိယတွဲ၊ ပြုစုရေးသားသူ ပါမောက္ခဒေါက်တာအောင်ဇော် ရေးသည် စာအုပ်စာမျက်နှာ ၁၈၇-၁၈၈ တွင် အောက်ပါအတိုင်း ဖော်ပြပါရှိပါသည်။
၁၉၄၆ ခုနှစ်တွင် ဦးဘိုးခိုင်သည် စစ်တွေသို့ပြန်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဟင်္သတဦးမြ၊ ဦးအောင်ဇံဝေတို့ စစ်တွေသို့ ရောက်လာသည်။ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကမွတ်စလင်မ်လူထုလဲ ကျွန်တော်တို့နှင့် လက်တွဲစေလိုပါတယ်။ ကျွန်တော် Blank Cheque ပေးပါတယ်။ သေအတူုရှင်အမျှပါ။ မိမိတို့လိုရာကို တောင်းကြပါ။ ကျွန်တော် တတ်နိုင်သလောက် လိုက်လျောပါမယ်။ တိုင်းရင်းသားကွဲနေရင် ဗမာပြည် လွတ်လပ်ရေးယူဖို့ ခက်ပါတယ်ဟု မိန့်ခွန်းပေးခဲ့ကြောင်း” ပါရှိပါသည်။
၁၉၄၇ ခုနှစ်တွင် ဖဆပလ ကျောင်းစာတမ်းတွင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မွတ်စလင်များကို ဗမာမွတ်စလင်များဟု ကြေညာခဲ့သည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲသည့် တိုင်းပြုပြည်ပြုလွတ်တော်တွင် စစ်တွေခရိုင်ဒေသခံ မွတ်စလင်လူမျိုးများ၏ ကိုယ်စားလှယ်များဖြစ်ကြသော Mr. Abdu Gaffer နှင့် Mr. Sultan Ahmad တို့ ပါဝင်ခဲ့ကြပြီး ဥပဒေရေးဆွဲရေးတွင် တက်တက်ကြွကြွ ပါဝင်ခဲ့ကြသည်။
နိဂုံးချုပ်အနေနဲ့ အဆင့်ဆင့်ရှယ်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။
အပိုင်း (၅) မျှော် ------