Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, August 23, 2021

My Apology to Rohingya campaign

 



လာမယ့် သြဂုတ်လ ၂၅ရက်​နေ့ဟာဆိုရင် 

ရိုဟင်ဂျာ လူမျိုးများအ​ပေါ် အကြမ်းဖက်စစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့

၄နှစ်​မြောက် ​အောက်​မေ့ဖွယ်​နေ့ ဖြစ်ပါတယ်...


လွန်ခဲ့တဲ့ ၄ နှစ်နဲ့ ​ရှေ့မတိုင်ခင် နှစ်​ပေါင်းများစွာကတည်းက

​ခေတ်အဆက်ဆက်အစိုးရ​တွေဟာ

ရိုဟင်ဂျာလူမျိုး​တွေအ​ပေါ် နည်းလမ်းအမျိုးမျိုးနဲ့

အခွင့်အ​ရေး​ပေါင်းစုံကိုချိုး​ဖောက်ခဲ့ကြပြီး

မြန်မာနိုင်ငံပြင်ပက လူမျိုး​တွေအဖြစ်စွပ်စွဲကာ

ရိုဟင်ဂျာ​တွေရဲ့ လူမျိုးဖြစ်တည်မှုကိုပါ ဖျောက်ဖျက်ပစ်ဖို့ ကြိုးပမ်းခဲ့ကြတာပါ...


ရာစုနှစ်တဝက်​ကျော် အုပ်စိုးခဲ့တဲ့ စစ်အာဏာရှင်​​တွေရဲ့

ဝါဒဖြန့်ချိမှု​ကြောင့် ပြည်သူလူထုကိုယ်တိုင်က

ရိုဟင်ဂျာဆိုတာ ဒီတိုင်းပြည််မှာ မရှိတဲ့လူမျိုးလို့

ယုံမှတ်မှားခဲ့ပြီး သူတို့အ​ပေါ် လူမျိုးတုန်းသတ်ဖြတ်မှု​တွေကို

ကာကွယ်ရပ်တည်​ပေးကြဖို့ ပျက်ကွက်ခဲ့ရပါတယ်...

ပြည်သူ​တွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုမှာ ကိုယ်ထိလက်​ရောက်မပါခဲ့ရင်​တောင် ကာကွယ်​ပေးဖို့ ပျက်ကွက်ခဲ့တာဟာလည်း တစုံတရာ​တော့ တာဝန်မကင်းဘူးလို့ ဆိုနိုင်ပါတယ်...

အဲ့ဒီတာဝန်မကင်းမှုကို ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု ​အောက်​​မေ့ဖွယ်​နေ့မှာ ထုတ်​ဖော် ဝန်ခံ ​တောင်းပန်ခြင်းဖြင့် ကျွန်ုပ်တို့ရဲ့ စိတ်ရင်း​စေတနာမှန်ကို ပြသဖို့လိုအပ်ပါတယ်...

ဒါ​ကြောင့် #myapology2rohingya ဆိုတဲ့ ဒီလှုပ်ရှားမှု​လေးမှာ ပါဝင်​ပေးကြဖို့ ပြည်သူအားလုံးကို ဖိတ်​ခေါ်ပန်ကြားအပ်ပါတယ်...

ပါဝင်ရမယ့်နည်းက​တော့ အခုဖတ်​နေတဲ့ စာစုတခုလုံးကို copy ကူးယူပြီးတင်​ပေးပါ...

ပြီးတဲ့အခါမှာ ပူးတွဲပါပုံကိုလည်း copy save လုပ်ပြီးပြန်တင်​ပေးပါ...

ဒီလှုပ်ရှားမှုကို အင်တိုက်အားတိုက် ပါဝင်ခြင်းဖြင့်

ကျွန်ုပ်တို့ ပြည်သူအားလုံးရဲ့ ရိုဟင်ဂျာလူမျိုးများအ​ပေါ် ထားရှိတဲ့ စိတ်ရင်းမှန်ကို ရိုဟင်ဂျာလူမျိုး ​မောင်နှမများနဲ့တကွ ကမ္ဘာတဝန်းလုံးက သိရှိ​အောင် ပြသကြပါစို့...

လူမျိုးတုန်းသတ်ဖြတ်ခံ​နေရချိန်တွင်

ကာကွယ်ရပ်တည် မ​ပေးနိုင်ခဲ့ခြင်းအတွက်

ရိုဟင်ဂျာလူမျိုး ​မောင်နှမများအား

ကျွန်ုပ်အ​နေဖြင့် အနူးအညွတ်

​တောင်းပန်အပ်ပါသည်


#myapology2rohingya

#rohingyagenocideremembrenceday

#aug25th


အခြား​သော ဆက်စပ်လှုပ်ရှားမှုများကိုလည်း

ပူး​ပေါင်းပါဝင်နိုင်ပါသည်...


- မိုဃ္းေသြး

(23-8-2021)

Sunday, August 22, 2021

တိုင်းရင်းသား အစ္စလာမ်ဘာသာဝင် မြန်မာဟာဂျီလောင်းများ (၁၉၉၀)

 


[Unicode]# ၁၉၉၀ ပြည့်နှစ် ဇွန်လ ၂၀ ရက်နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတွင် ရခိုင်ပြည်နယ်က မွတ်စလင်များကို အခြားလူမျိုးစုနဲ့တန်းတူ တိုင်းရင်းသား အီစ္စလာမ်ဘာသာဝင် ဟု သုံးနှုန်းခဲ့ကြောင်း အထောက်အထား



ဟာဂျီလောင်းများ ဟဂ်ျပြုလုပ်ရန် မက္ကာမြို့သို့ မြန်မာ့လေကြောင်းဖြင့် ထွက်ခွာသွားကြခြင်း

ရန်ကုန်၊ ဇွန် ၁၉။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရက ဟဂ်ျပြုလုပ်ရန်စေလွှတ်ခြင်းခံရသော တိုင်းရင်းသား အိစ္စလာမ်ဘာသာဝင် မြန်မာဟာဂျီလောင်းများသည် ဆော်ဒီအာရေဗီးယားနိုင်ငံ၊ မက္ကာမြို့သို့ ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်လေဆိပ်မှ မြန်မာ့လေကြောင်းဖြင့် ထွက်ခွာသွားကြသည်။ 

ဟဂ်ျပြုလုပ်ရန် ထွက်ခွာသွားကြသော ဟာဂျီလောင်းများမှာ-

ကချင်ပြည်နယ်မှ (၂) ဦး၊

ကယားပြည်နယ်မှ (၂) ဦး၊

ကရင်ပြည်နယ်မှ (၆) ဦး၊

ချင်းပြည်နယ်မှ (၁) ဦး၊

စစ်ကိုင်းတိုင်းမှ (၈) ဦး၊

တနင်္သာရီတိုင်းမှ (၂) ဦး၊

ပဲခူးတိုင်းမှ (၈) ဦး၊

မကွေးတိုင်းမှ (၅) ဦး၊

မန္တလေးတိုင်းမှ (၃၅) ဦး၊

မွန်ပြည်နယ်မှ (၉) ဦး၊ 

ရခိုင်ပြည်နယ်မှ (၂၀) ဦး၊

ရန်ကုန်တိုင်းမှ (၃၆) ဦး၊ 

ရှမ်းပြည်နယ်မှ (၉) ဦး၊

ဧရာဝတီတိုင်းမှ (၇) ဦး၊

တို့ဖြစ်ပြီး၊ အမျိုးသား (၁၀၈) ဦး၊ အမျိုးသမီး (၄၂) ဦး စုစုပေါင်း ၁၅၀ ဦး တို့ဖြစ်ကြသည်။

အထက်ဖော်ပြပါ လုပ်သားပြည်သူနေ့စဉ် သတင်းစာ၊ စာမျက်နှာ ၁၁ တွင် ရခိုင်ပြည်နယ်မှ ဟဂ်ျခရီးထွက်ခွာသော တိုင်းရင်းသားမွတ်စလင် (၂၀)ဦးမှာ အခြားမဟုတ် ရခိုင်မွတ်စလင်များဖြစ်ကြသော ရိုဟင်ဂျာနှင့် ကမန်များသာ ဖြစ်ပါသည်။ ဤသည်မှာ မဆလခေတ် နောက်ပိုင်းမှာတောင် ရိုဟင်ဂျာများကို တိုင်းရင်းသားအဖြစ် သုံးနှုန်းခဲ့ကြောင်း ခိုင်လုံသော အထောက်အအထား ဖြစ်ပါသည်။ 


ကိုးကား-

လုပ်သားပြည်သူ့နေ့စဉ် | ၂၀-၆-၉၀ | စာမျက်နှာ- ၁၁ ။


[Zawgyi]# ၁၉၉၀ ျပၫ့္ႏွစ္ ဇြန္လ ၂၀ ရက္ေန့ထုတ္ လုပ္သားျပည္သူ႔ေန့စဉ္ သတင္းစာတြင္ ရခိုင္ျပည္နယ္က မြတ္စလင္မ်ားကို အျခားလူမ်ိဳးစုနဲ႔တန္းတူ တိုင္းရင္းသား အီစၥလာမ္ဘာသာဝင္ ဟု သံုးႏႈန္းခဲ့ေၾကာင္း အေထာက္အထား



ဟာဂ်ီေလာင္းမ်ား ဟဂ္်ျပဳလုပ္ရန္ မကၠာၿမိဳ႔သို႔ ျမန္မာ့ေလေၾကာင္းျဖင့္ ထြက္ခြာသြားၾကျခင္း

ရန္ကုန္၊ ဇြန္ ၁၉။

ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္အစိုးရက ဟဂ္်ျပဳလုပ္ရန္ေစလႊတ္ျခင္းခံရေသာ တိုင္းရင္းသား အိစၥလာမ္ဘာသာဝင္ ျမန္မာဟာဂ်ီေလာင္းမ်ားသည္ ေဆာ္ဒီအာေရဗီးယားႏိုင္ငံ၊ မကၠာၿမိဳ႔သို႔ ယေန့ နံနက္ ၈ နာရီတြင္ ရန္ကုန္ေလဆိပ္မွ ျမန္မာ့ေလေၾကာင္းျဖင့္ ထြက္ခြာသြားၾကသည္။ 

ဟဂ္်ျပဳလုပ္ရန္ ထြက္ခြာသြားၾကေသာ ဟာဂ်ီေလာင္းမ်ားမွာ-

ကခ်င္ျပည္နယ္မွ (၂) ဦး၊

ကယားျပည္နယ္မွ (၂) ဦး၊

ကရင္ျပည္နယ္မွ (၆) ဦး၊

ခ်င္းျပည္နယ္မွ (၁) ဦး၊

စစ္ကိုင္းတိုင္းမွ (၈) ဦး၊

တနသၤာရီတိုင္းမွ (၂) ဦး၊

ပဲခူးတိုင္းမွ (၈) ဦး၊

မေကြးတိုင္းမွ (၅) ဦး၊

မႏၲေလးတိုင္းမွ (၃၅) ဦး၊

မြန္ျပည္နယ္မွ (၉) ဦး၊ 

ရခိုင္ျပည္နယ္မွ (၂၀) ဦး၊

ရန္ကုန္တိုင္းမွ (၃၆) ဦး၊ 

ရွမ္းျပည္နယ္မွ (၉) ဦး၊

ဧရာဝတီတိုင္းမွ (၇) ဦး၊

တို႔ျဖစ္ၿပီး၊ အမ်ိဳးသား (၁၀၈) ဦး၊ အမ်ိဳးသမီး (၄၂) ဦး စုစုေပါင္း ၁၅၀ ဦး တို႔ျဖစ္ၾကသည္။

အထက္ေဖာ္ျပပါ လုပ္သားျပည္သူေန့စဉ္ သတင္းစာ၊ စာမ်က္ႏွာ ၁၁ တြင္ ရခိုင္ျပည္နယ္မွ ဟဂ္်ခရီးထြက္ခြာေသာ တိုင္းရင္းသားမြတ္စလင္ (၂၀)ဦးမွာ အျခားမဟုတ္ ရခိုင္မြတ္စလင္မ်ားျဖစ္ၾကေသာ ရိုဟင္ဂ်ာႏွင့္ ကမန္မ်ားသာ ျဖစ္ပါသည္။ ဤသည္မွာ မဆလေခတ္ ေနာက္ပိုင္းမွာေတာင္ ရိုဟင္ဂ်ာမ်ားကို တိုင္းရင္းသားအျဖစ္ သံုးႏႈန္းခဲ့ေၾကာင္း ခိုင္လံုေသာ အေထာက္အအထား ျဖစ္ပါသည္။ 

ကိုးကား-

လုပ္သားျပည္သူ႔ေန့စဉ္ | ၂၀-၆-၉၀ | စာမ်က္ႏွာ- ၁၁ ။


Friday, August 20, 2021

ဆိုဘော်နိုအိုင်းဇက်ဘာရီ (Soborno Issac Bari)

 

လက်ရှိကမ္ဘာ့အသက်အငယ်ဆုံး(မွတ်စလင်) ပါမောက္ခ

"ဆိုဘော်နိုအိုင်းဇက်ဘာရီ (Soborno Issac Bari)"

ဆိုဘေ်ာ သည် ၂၀၁၂ ခုနှစ်၊ ဧပီြလ ၉ ရက် တွင် အမေရိကႏ်ပြည်ထေင်ာစု၊ နယူးယေက်ာမိြဳ႕တွင် ဖွားမြင်ခဲ့သည်။ အသက် ၆လသားတွင် ဝါကျအပြည့်အစုံပြောနိုင်သည်။ ၂ နှစ် အရွယ်တွင် ခက်ခဲရှုပ်ထွေးသော သချာ်၊ ရူပဗေဒနှင့် ဓာတုဗေဒပြဿနာများကို ဖြေရှင်းနိုင်သည်။ ၄ နှစ် အရွယ်တွင် သမ္မတအိုဘားမားထံမှ မိတ်ဆက်စာကို ရရှိခဲ့သည်။ 

၆နှစ်အရွယ်တွင် အောက်စဖို့နှင့် ဟားဗတ်တက္ကသိုလ်တို့၏ ကျောင်းအုပ်များထံမှ ဖိတ်ခေါ်စာကို ရရှိခဲ့သည်။ 

ကမ္ဘာ့ပါမောက္ခမျိုးစုံထံမှ သချာ်၊ ရူပဗေဒနှင့် ဓာတုဗေဒ ခက်ခဲသောသီအိုရီမျိုးစုံကို တွေ့ဆုံဖြေရှင်းနိုင်ခဲ့သည်။ 

အသက်၈နှစ်အရွယ်တွင် New York School University ၌ လက်ရှိကမ္ဘာ့အသက်အငယ်ဆုံး ပါမောက္ခ ဖြစ်လာခဲ့သည်။ 

အသက်၉နှစ် အရွယ်၊ ယခု ၂၀၂၁ ခုနှစ်တွင် နိုဘယ်ဆုအတွက် အမည်စာရင်း တင်သွင်းခြင်းခံထားရသည်။ 

ချစ်ခြင်းမေတ္တာ (The Love) အမည်နှင့် စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ လူသားမျိုးနွယ်အကြား ထားအပ်သော ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားသည်။ ဒေါ်လာ၃သန်း ပိုင်ဆိုင်ပါသည်။ 

အိုင်းဇက်ဘာရီသည် ဘဂ်လားဒေ့ရ်ှအနွယ်ဆက်၊ အမေရိကန်နိုင်ငံသား ဘဂ်ါလီလူမျိုးလေး ဖြစ်သည်။ ဖခင် Rashidul Bari မှာ Bronx Community College ၏ သ ချာ်ကထိကတစ်ဦး ဖြစ်ပြီး မိခင်မွာ Shaheda Bari ဖြဈသည်။ အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသည်။ 

၂၁ ရာစု၏ အိုင်းစတိုင်းဟု နာမည်ကျော်ပြီး မိမိနာမည်တွင် ဆာအိုင်းဇက်နယူတန်ကို ဂုဏ်ပြု၍ အိုင်းဇက်ကို ထည့်သွင်းထားခဲ့သည်။ 

Super Human လေးတစ်ဦး ပေါ်ထွက်လာခဲ့ပြီမို့ လူသားမျိုးနွယ်ကိုယ်စား ဝမ်းမြောက်မိပါသည်။



ဆိုဘော်နိုအိုင်းဇက်ဘာရီ၏ မိဘ


https://latestinbollywood.com/soborno-isaac-bari/



Sunday, August 15, 2021

ဗမာပြည်က လူမျိုး တစ်ရာ့တစ်မျိုး (၁၆၇၉)


ဗမာပြည်က လူမျိုး တစ်ရာ့တစ်မျိုး (၁၆၇၉)


(အုပ်စု ၄ စု နဲ့ အသေးစိတ် ဖော်ပြထားတယ်။ ကုလားအုပ်စုမှာ ရခိုင်၊ ပဋိက္ကရာ၊ ရောဂါ အပါအဝင် ၆၄ မျိုးတောင်ရှိတယ်။ ဒီအုပ်စုက အများဆုံးပဲ။)

လူမျိုးတရာ့တပါးကား မြန်မာ ခုနှစ်၊ မွန် သုံး၊ ရှမ်း နှစ်ဆယ့်ခုနှစ်၊ ကုလား ခြောက်ဆယ်လေး တည်း။


* မြန်မာ ခုနှစ်ကား-

မြန်မာကြီး၊ ပြူ၊ သက်၊ ဒဝယ်၊ ဒနု၊ တောင်သူ၊ တောင်လာ။


* မွန် သုံးကား- 

မွန်တိ၊ မွန်စ၊ မွန်ည။



* ရှမ်း နှစ်ဆယ့်ခုနှစ်ကား-

ယွန်း၊ ယိုးဒယား၊ ရှမ်း၊ လင်းဇင်း၊ တရုတ်၊ တရက်၊ နဘက်၊ နဘဲ၊ ရုံ၊ အင်းကြယ်၊ ကတူး၊ ကစက်၊ ကရင်၊ သက်ရံ၊ ပလေ၊ ပလောင်၊ စိမ့်၊ လဝိုက်၊ လဟင်၊ ချင်း၊ ကချင်၊ မြက်၊ ကရင်၊ ကသည်း၊ မျက်နှာမည်း၊ လူး၊ သောက္ကတဲ။



* ကုလား ခြောက်ဆယ့်လေးမျိုးကား-

ပဋိက္ကရား၊ ရခိုင်၊ သင်းတွဲ၊ ဇော်ဂျီ၊ ပန်းသေး၊ သူလှောင်၊ သူလှီ၊ တပသီ၊ ဟာရီ၊ ဂန္ဓာ၊ မလ္လကာ၊ ဇပါ၊ ဇဝိန်၊ လဘူ၊ လမြင်၊ စင်ကြံ၊ ကြမ်းတန်း၊ ဥဿဟ။ လိင်္ဂါ၊ ကာမြို့၊ ပတ္တူန၊ လင်းယောင်၊ အသာ၊ ပင်းကား၊ ခေါဇာ။ ကမ်းယံ၊ ကလယ်၊ ရှိန်ကူ၊ မိစ္ဆာ၊ ရေဆူ၊ လင်းလေ၊ ပိတ်သွေ၊ ကမ်ခို၊ သီဟိုဠ်၊ ကည၊ မဇာဂီ၊ ရောဂါ၊ ဇောရာ။။ ဇဟုတ်၊  ဇေတုတ်။ လေယာ၊ ကျည်း၊ ပုဏ္ဍား၊ ဗောဓိ၊ အိမ်ပတ်၊ သရော၊ လင်း၊ ခရော။ ပညာ၊ ဗျာဘာ၊ ဇုံ၊ မာန်၊ ပြော့၊ ဥုံ၊ သုတ္တံ၊ မာလိမ်၊ သက်မြက်၊ ဥပျည်း၊ ပင်ဝါ၊ ပင်ကာ၊ ရေမီးထွက်၊ ပိတ်စိတ်၊ ခေါမာ၊ ဇယာ။ 

ပေါင်း လူမျိုးတရာ့တယောက် တို့ကို ရေတွက်၍ ရွှေတိုက်သွင်းရ၏။ 




Ref:

The Royal Order of Burma AD 1598-1885

Part Two AD 1649-1750

By Than Tun M.A., B.L., Ph.D (London)


 ဗမာျပည္က လူမ်ဳိး တစ္ရာ့တစ္မ်ဳိး (၁၆၇၉)


(အုပ္စု ၄ စု နဲ႔ အေသးစိတ္ ေဖာ္ျပထားတယ္။ ကုလားအုပ္စုမွာ ရခိုင္၊ ပဋိကၠရာ၊ ေရာဂါ အပါအဝင္ ၆၄ မ်ဳိးေတာင္ရိွတယ္။ ဒီအုပ္စုက အမ်ားဆံုးပဲ။)

လူမ်ဳိးတရာ့တပါးကား ျမန္မာ ခုႏွစ္၊ မြန္ သံုး၊ ရွမ္း ႏွစ္ဆယ့္ခုႏွစ္၊ ကုလား ေျခာက္ဆယ္ေလး တည္း။


* ျမန္မာ ခုႏွစ္ကား-

ျမန္မာႀကီး၊ ျပဴ၊ သက္၊ ဒဝယ္၊ ဒႏု၊ ေတာင္သူ၊ ေတာင္လာ။


* မြန္ သံုးကား- 

မြန္တိ၊ မြန္စ၊ မြန္ည။


* ရွမ္း ႏွစ္ဆယ့္ခုႏွစ္ကား-

ယြန္း၊ ယိုးဒယား၊ ရွမ္း၊ လင္းဇင္း၊ တ႐ုတ္၊ တရက္၊ နဘက္၊ နဘဲ၊ ႐ံု၊ အင္းၾကယ္၊ ကတူး၊ ကစက္၊ ကရင္၊ သက္ရံ၊ ပေလ၊ ပေလာင္၊ စိမ့္၊ လဝိုက္၊ လဟင္၊ ခ်င္း၊ ကခ်င္၊ ျမက္၊ ကရင္၊ ကသည္း၊ မ်က္ႏွာမည္း၊ လူး၊ ေသာကၠတဲ။


* ကုလား ေျခာက္ဆယ့္ေလးမ်ဳိးကား-

ပဋိကၠရား၊ ရခိုင္၊ သင္းတြဲ၊ ေဇာ္ဂ်ီ၊ ပန္းေသး၊ သူေလွာင္၊ သူလီွ၊ တပသီ၊ ဟာရီ၊ ဂႏၶာ၊ မလႅကာ၊ ဇပါ၊ ဇဝိန္၊ လဘူ၊ လျမင္၊ စင္ႀကံ၊ ၾကမ္းတန္း၊ ဥႆဟ။ လိဂၤါ၊ ကာၿမိဳ႕၊ ပတၱဴန၊ လင္းေယာင္၊ အသာ၊ ပင္းကား၊ ေခါဇာ။ ကမ္းယံ၊ ကလယ္၊ ရိွန္ကူ၊ မိစၧာ၊ ေရဆူ၊ လင္းေလ၊ ပိတ္ေသြ၊ ကမ္ခို၊ သီဟိုဠ္၊ ကည၊ မဇာဂီ၊ ေရာဂါ၊ ေဇာရာ။။ ဇဟုတ္၊  ေဇတုတ္။ ေလယာ၊ က်ည္း၊ ပု႑ား၊ ေဗာဓိ၊ အိမ္ပတ္၊ သေရာ၊ လင္း၊ ခေရာ။ ပညာ၊ ဗ်ာဘာ၊ ဇံု၊ မာန္၊ ေျပာ့၊ ဥံဳ၊ သုတၱံ၊ မာလိမ္၊ သက္ျမက္၊ ဥပ်ည္း၊ ပင္ဝါ၊ ပင္ကာ၊ ေရမီးထြက္၊ ပိတ္စိတ္၊ ေခါမာ၊ ဇယာ။ 

ေပါင္း လူမ်ဳိးတရာ့တေယာက္ တို႔ကို ေရတြက္၍ ေရႊတိုက္သြင္းရ၏။ 


Ref:

The Royal Order of Burma AD 1598-1885

Part Two AD 1649-1750

By Than Tun M.A., B.L., Ph.D (London)


Photo Credit : Internet

Tuesday, August 10, 2021

စစ်တွေမြို့က အချမ်းသာဆုံး ပုဂ္ဂိုလ် သူဌေးကြီးမာရကန်

 

E.K. Maracan, Akyab.

စဈတွေမြို့က အချမ်းသာဆုံး ပုဂ္ဂိုလ် သူဌေးကြီးမာရကန်

| (-လူထုဝဏ္ဏ)

ကိုလိုနီခေတ်တွင် စစ်တွေမြို့၏ အချမ်းသာဆုံး ပညာတတ် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ထင်ရှားခဲ့သူမှာ အခြားမဟုတ် သူဌေးကြီး မာရကန်ပင် ဖြစ်သည်။ မာရကန်သည် စစ်တွေမြို့ဇာတိဖြစ်သည်။ ဝတ်လုံတော်ရ ပည်ရွင်တစ်ဦးဖြစ်သည်။ နာမည်အပြည့်အစုံမှာ မစ္စတာ အီ၊ ကာဒေရ် မာရကန် ဖြဈသည်။

မစ္စတာ အီ၊ ကာဒေရ် မာရကန် သည် ၁၉၀၆ ခု ကတည်းကပင် စစ်တွေမြို့ မြူနီစီပယ် ကော်မရှနာ တစ်ဦးဖြစ်ပြီး အကျိုးတော်ဆောင် ရာဇဝတ်တရားသူကြီး တစ်ဦးလည်းဖြစ်သည်။ အာရကန် အင်ဂျူမာ အေ အိစ္စလာမီယား (Arakan Anjuman I Islamia)၏ ဒု-ဥက္ကဋ္ဌ တစ်ဦးအပြင် စစ်တွေ အစိုးရ အထက်တန်းကျောင်း စီမံအုပ်ချုပ်ရေး ဘုတ်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ ((*အာရကန် အင်ဂျူမာန်အေ အီစ္စလာမီယာကို ၁၉၀၉ ခု တွင် ဆရာကြီး မီယျာ အဗ္ဗဒူလ် ဟာမီတ်က ထည်ထောင်ခဲ့သည်။ အဗ္ဗဒူလ် ဟာမိတ်မှာ ဥက္ကဋ္ဌ ဖြစ်ပြီး၊ ရခိုင်ပြည်၏ ပထမဆုံး သတင်းစာ The Arakan News အယ်ဒီတာချုပ် T.U Ahmed က အကျိုးဆောင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။)) စစ်တွေမြို့ပေါ်တွင် အထက်တန်းစား စီးပွားရေးလုပ်ငန်းများဖြစ်သော ကုန်တင်ကုန်ချလုပ်ငန်း၊ အထွေထွေ ကုန်သွယ်ရေး၊ ကော်မရှင်အဖွဲ့ ကိုယ်စားလှယ် စသော ထိပ်တန်းလုပ်ငန်းများကို ချုပ်ကိုင်ထားသူဖြစ်သည်။ ထို့အပြင် သင်္ဘောကြီးတစ်စင်းနှင့် တန်ချိန် ၅၀ မှ ၆၀ ထိ တင်နိုင်သော ကုန်တင်သင်္ဘော ၁၅ စင်း ကို ပိုင်ဆိုင်သူဖြစ်သည်။ ဝန်ထမ်း တစ်ထောင်ကျော်သည် သူ့ကို အမှီသဟဲ ပြုနေသည်။ သူသည် Maracan E.K, Well st. Sub agent Burma Oil Co. ကုမ္ပဏီထူထောင်ကာ အစိုးရမှ အရေးပါသော ကျောက်မီးသွေးနှင့် ရေနံပို့ဆောင်ရေး ကန်ထရိုက် ယူပြီး ပြည်ပသို့ တင်ပို့ခဲ့သူဖြစ်သည်။ သူ၏ စီးပွားဖက် ကိုယ်စားလှယ်များမှာ Thomas Brock e Co., 29, Waterloo Street, Glasgow, နှင့် Mr. A. J. Ismay, Stoke Newington, London တို့ဖြစ်ကြသည်။ 

အီ၊ ကာဒေရ် မာရကန်၏ စီးပွားရေးလုပ်ငန်းကြီးကို မူလတည်ထောင်သူမှာ သူ၏ ဖခင်ဖြစ်သော သူဌေးကြီး မစ္စတာ အီ၊ အက်စ်၊ မာရကန် (E. S. Maracan) ဖြစ်သည်။ ကာရီကဲလ်၊ ပန္ဒီရှာရီ ဇာတိဖြစ်သည်။ စစ်တွေမြို့သို့ ၁၈၅၀ ကျော်ခန့်က တက်လာခြင်းဖြစ်သည်။ ဖခင် မာရကန်သည် အလှူဒါန အမျိုးမျိုးကို ရက်ရက်ရောရော လှူဒါန်းခဲ့သော ပေးကမ်းတတ်သူ တစ်ဦးဖြစ်သည်။ အထွေထွေ ဆေးရုံကြီး၏ ပင်မအဆောက်အအုံကို တိုးချဲ့ဆောက်လုပ်ခြင်းနှင့် အခြားအဆောက်အအုံများကို သူ၏ ပင်ကိုအသုံးစရိတ်ဖြင့် ဆောက်လုပ်လှူဒါန်းပေးခဲ့သည်။ သူသည် အလွန်တင့်တယ်ခမ်းနားသော ပလီ အဆောက်အဦတစ်ခုကိုလည်း ဆောက်လုပ်ပေးခဲ့သည်။ အင်္ဂလိပ်ကျောင်းတစ်ကျောင်းကိုလည်း ဆောက်လုပ်လှူဒါန်းပေးခဲ့သည်။ စစ်တွေမြို့ပေါ်အပြင် အခြားမြို့နယ်ဘက်မှာလည်း စာသင်ကျောင်းများ၊ ပလီအဆောက်အအုံများကို ဆောက်လုပ်လှူဒါန်းပေးခဲ့သည်။ ထိုခေတ်က မွတ်စလင်အသိုင်းအဝိုင်း၏ ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခံရသည်။ သက်တမ်းတစ်ခုအထိ မြူနီစီပယ် ကော်မရှနာ အဖြစ် တာဝန်ထမ်းဆောင်ကာ လူထုအကျိုးပြုခဲ့သည်။ ၁၉၆၀ ခုတွင် မစ္စတာ E.S. မာရကန် ကွယ်လွန်သွားရှာသည်။ 

ဖခင်ကွယ်လွန်ပြီးနောက် အီ၊ ကာဒီရ် မာရကန်သည် ထိုအမွေဥစ္စာ၏ စီမံအုပ်ချုပ်သူဖြစ်လာခဲ့သည်။ ဖခင်၏ အရိုက်အရာကို ဆက်ခံခဲ့သည်။ ဖခင်က ချန်ရစ်ခဲ့သော ဥစ္စာ၏ ထိုခေတ် ကာလတန်ဖိုးမှာ ရူပီ ၃ သိန်းကျော်ရှိသည်။ ဖခင်တည်ဆောက်ခဲ့သော စာသင်ကျောင်းကို မြူနီစီပယ် အဖွဲ့ထံ လွှဲအပ်ပေးခဲ့သည်။ နောင်တွင် မြူနယ်စီပယ်က ဒေသန္တရ အစိုးရအထက်တန်းကျောင်းနှင့် တွဲဖက်၍ စီမံအုပ်ချုပ်ကြီးကြပ်ခဲ့လေသည်။ ကျောင်းနာမည်ကို ထည်ထောင်သူ၏ နာမည်ကိုစွဲ၍ E. S. Maracanas Anglo-Vernacular School အဖြစ် ပြောင်းလဲခေါ်ဝေါ်ပေးခဲ့သည်။  

Maracan Residence at Akyab.


အီ၊ ကေ၊ မာရကန်မှ ထွန်းကားခဲ့သော သားသမီးများအနက် ဗမာ့နိုင်ငံရေးလောက၌ ကျော်ကြားခဲ့သော သား နှစ်ယောက်ရှိခဲ့သည်။ သားကြီး E.G.S Maracan [Esmail Ghani Shah Maracan] နှင့် E.D.S Maracan [Esmail Dawood Shah Maracan] တို့ဖြစ်ကြသည်။ E.G.S Maracan မှာ Gani Maracan (Gani Markin) ဟု ထင်ရှားသည်။ ဂနီမာရကန် သည် ၁၉၃၆ ခု တွင် စစ်တွေခရိုင် မြောက်ပိုင်းမှ တိုင်းပြုပြည်ပြုလွှတ်တော်အမတ်ဖြစ်လာခဲ့သည်။ မြင်းစီးဝါသနာထုံသူဖြစ်သည်။ မြင်းများ မွေးမြူပြီး မြင်းစီးပြိုင်ပွဲဝင်လေ့ရှိသည်။သူ၏ မြင်းစီးပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့သူလည်းဖြစ်သည်။ E.D.S မာရကန် မှာ Dawood Shah Marakan ဖြစ်ပြီး Tanbi Saheb ဟု လူသိများသည်။ ၁၉၄၂ အဓိကရုဏ်းမီး ငြိမ်သတ်နိုင်အောင် လှုပ်ရှားခဲ့သော ခေါင်းဆောင်တစ်ဦးဖြစ်သည်။ သား ၂ ယောက်စလုံးသည် အဲလီဇဘက်ဘုရင်မ၏ ခမည်းတော် George the sixth ဆုတံဆိပ်ကို ချီးမြှင့်ခြင်းခံခဲ့ရသည်။ 

EDS Maracan


မာရကန် မိသားစုသည် အလှူအတန်းပြုရာ၌ အလွန်လက်လွန်သည်။ စိတ်အားထက်သန်သည်။  ဥတ္တမပန်းခြံမြေနေရာသည်လည်း မာရကန်မိသားစုမှ လှူဒါန်းခဲ့သော မြေနေရာဟု သိရသည်။ စစ်တွေအပြင် ဗမာပြည်အခြားမြို့များတွင်လည်း သူတို့၏ အလှူဒါနများ၊ ပိုင်ဆိုင်မှုများ ရှိခဲ့သည်။ 


ကိုးကား-

၁။ Twentieth century impressions of Burma : its history, people, commerce, industries, and resources Page 398

၂။ The Anglo-Burmese Library 

၃။ အဆွေအမျိုးများ၏ ထွက်ဆိုချက်များ


စစ္ေတြၿမိဳ႕က အခ်မ္းသာဆံုးပုဂၢိဳလ္ သူေဌးႀကီးမာရကန္ 

|(-လူထုဝဏၰ)


ကိုလိုနီေခတ္တြင္ စစ္ေတြၿမိဳ႕၏ အခ်မ္းသာဆံုး ပညာတတ္ ပုဂၢိဳလ္တစ္ဦးအျဖစ္ ထင္ရွားခဲ့သူမွာ အျခားမဟုတ္ သူေဌးႀကီး မာရကန္ပင္ ျဖစ္သည္။ မာရကန္သည္ စစ္ေတြၿမိဳ႕ဇာတိျဖစ္သည္။ ႏိုင္ငံျခားမွ ဝတ္လံုေတာ္ရ တစ္ဦးျဖစ္သည္။

မစၥတာ အီ၊ ကာေဒရ္ မာရကန္ သည္ ၁၉၀၆ ခု ကတည္းကပင္ စစ္ေတြၿမိဳ႕ ျမဴနီစီပယ္ ေကာ္မရွနာ တစ္ဦးျဖစ္ၿပီး အက်ဳိးေတာ္ေဆာင္ ရာဇဝတ္တရားသူႀကီး တစ္ဦးလည္းျဖစ္သည္။ အာရကန္ အင္ဂ်ဴမာ ေအ အိစၥလာမီယား (Arakan Anjuman I Islamia) ၏ ဒု-ဥကၠ႒ တစ္ဦးအျပင္ စစ္ေတြ အစိုးရ အထက္တန္းေက်ာင္း စီမံအုပ္ခ်ဳပ္ေရး ဘုတ္အဖြဲ႕၏ အဖြဲ႕ဝင္တစ္ဦးလည္း ျဖစ္သည္။ ((*အာရကန္ အင္ဂ်ဴမာန္ေအ အီစၥလာမီယာကို ၁၉၀၉ ခု တြင္ ဆရာႀကီး မီယ်ာ အဗၺဒူလ္ ဟာမီတ္က ထည္ေထာင္ခဲ့သည္။ အဗၺဒူလ္ ဟာမိတ္မွာ ဥကၠ႒ ျဖစ္ၿပီး၊ ရခိုင္ျပည္၏ ပထမဆံုး သတင္းစာ The Arakan News အယ္ဒီတာခ်ဳပ္ T.U Ahmed က အက်ဳိးေဆာင္ အတြင္းေရးမႉးအျဖစ္ တာဝန္ယူခဲ့သည္။)) စစ္ေတြၿမိဳ႕ေပၚတြင္ အထက္တန္းစား စီးပြားေရးလုပ္ငန္းမ်ားျဖစ္ေသာ ကုန္တင္ကုန္ခ်လုပ္ငန္း၊ အေထြေထြ ကုန္သြယ္ေရး၊ ေကာ္မရွင္အဖြဲ႕ ကိုယ္စားလွယ္ စေသာ ထိပ္တန္းလုပ္ငန္းမ်ားကို ခ်ဳပ္ကိုင္ထားသူျဖစ္သည္။ ထို႔အျပင္ သေဘၤာႀကီးတစ္စင္းႏွင့္ တန္ခ်ိန္ ၅၀ မွ ၆၀ ထိ တင္ႏိုင္ေသာ ကုန္တင္သေဘၤာ ၁၅ စင္း ကို ပိုင္ဆိုင္သူျဖစ္သည္။ ဝန္ထမ္း တစ္ေထာင္ေက်ာ္သည္ သူ႕ကို အမီွသဟဲ ျပဳေနသည္။ သူသည္ Maracan E.K, Well st. Sub agent Burma Oil Co. ကုမၸဏီထူေထာင္ကာ အစိုးရမွ အေရးပါေသာ ေက်ာက္မီးေသြးႏွင့္ ေရနံပို႔ေဆာင္ေရး ကန္ထ႐ိုက္ ယူၿပီး ျပည္ပသို႔ တင္ပို႔ခဲ့သူျဖစ္သည္။ သူ၏ စီးပြားဖက္ ကိုယ္စားလွယ္မ်ားမွာ Thomas Brock e Co., 29, Waterloo Street, Glasgow, ႏွင့္ Mr. A. J. Ismay, Stoke Newington, London တို႔ျဖစ္ၾကသည္။ 


အီ၊ ကာေဒရ္ မာရကန္၏ စီးပြားေရးလုပ္ငန္းႀကီးကို မူလတည္ေထာင္သူမွာ သူ၏ ဖခင္ျဖစ္ေသာ သူေဌးႀကီး မစၥတာ အီ၊ အက္စ္၊ မာရကန္ (E. S. Maracan) ျဖစ္သည္။ ကာရီကဲလ္၊ ပႏၵီရွာရီ ဇာတိျဖစ္သည္။ စစ္ေတြၿမိဳ႕သို႔ ၁၈၅၀ ေက်ာ္ခန္႔က တက္လာျခင္းျဖစ္သည္။ ဖခင္ မာရကန္သည္ အလႉဒါန အမ်ဳိးမ်ဳိးကို ရက္ရက္ေရာေရာ လႉဒါန္းခဲ့ေသာ ေပးကမ္းတတ္သူ တစ္ဦးျဖစ္သည္။ အေထြေထြ ေဆး႐ံုႀကီး၏ ပင္မအေဆာက္အအံုကို တိုးခ်ဲ႕ေဆာက္လုပ္ျခင္းႏွင့္ အျခားအေဆာက္အအံုမ်ားကို သူ၏ ပင္ကိုအသံုးစရိတ္ျဖင့္ ေဆာက္လုပ္လႉဒါန္းေပးခဲ့သည္။ သူသည္ အလြန္တင့္တယ္ခမ္းနားေသာ ပလီ အေဆာက္အဦတစ္ခုကိုလည္း ေဆာက္လုပ္ေပးခဲ့သည္။ အဂၤလိပ္ေက်ာင္းတစ္ေက်ာင္းကိုလည္း ေဆာက္လုပ္လႉဒါန္းေပးခဲ့သည္။ စစ္ေတြၿမိဳ႕ေပၚအျပင္ အျခားၿမိဳ႕နယ္ဘက္မွာလည္း စာသင္ေက်ာင္းမ်ား၊ ပလီအေဆာက္အအံုမ်ားကို ေဆာက္လုပ္လႉဒါန္းေပးခဲ့သည္။ ထိုေခတ္က မြတ္စလင္အသိုင္းအဝိုင္း၏ ေခါင္းေဆာင္တစ္ဦးအျဖစ္ သတ္မွတ္ခံရသည္။ သက္တမ္းတစ္ခုအထိ ျမဴနီစီပယ္ ေကာ္မရွနာ အျဖစ္ တာဝန္ထမ္းေဆာင္ကာ လူထုအက်ဳိးျပဳခဲ့သည္။ ၁၉၆၀ ခုတြင္ မစၥတာ E.S. မာရကန္ ကြယ္လြန္သြားရွာသည္။ 

ဖခင္ကြယ္လြန္ၿပီးေနာက္ အီ၊ ကာဒီရ္ မာရကန္သည္ ထိုအေမြဥစၥာ၏ စီမံအုပ္ခ်ဳပ္သူျဖစ္လာခဲ့သည္။ ဖခင္၏ အ႐ိုက္အရာကို ဆက္ခံခဲ့သည္။ ဖခင္က ခ်န္ရစ္ခဲ့ေသာ ဥစၥာ၏ ထိုေခတ္ ကာလတန္ဖိုးမွာ ႐ူပီ ၃ သိန္းေက်ာ္ရိွသည္။ ဖခင္တည္ေဆာက္ခဲ့ေသာ စာသင္ေက်ာင္းကို ျမဴနီစီပယ္ အဖြဲ႕ထံ လႊဲအပ္ေပးခဲ့သည္။ ေနာင္တြင္ ျမဴနယ္စီပယ္က ေဒသႏၲရ အစိုးရအထက္တန္းေက်ာင္းႏွင့္ တြဲဖက္၍ စီမံအုပ္ခ်ဳပ္ႀကီးၾကပ္ခဲ့ေလသည္။ ေက်ာင္းနာမည္ကို ထည္ေထာင္သူ၏ နာမည္ကိုစြဲ၍ E. S. Maracanas Anglo-Vernacular School အျဖစ္ ေျပာင္းလဲေခၚေဝၚေပးခဲ့သည္။  

အီ၊ ေက၊ မာရကန္မွ ထြန္းကားခဲ့ေသာ သားသမီးမ်ားအနက္ ဗမာ့ႏိုင္ငံေရးေလာက၌ ေက်ာ္ၾကားခဲ့ေသာ သား ႏွစ္ေယာက္ရိွခဲ့သည္။ သားႀကီး E.G.S Maracan ႏွင့္ E.D.S Maracan တို႔ျဖစ္ၾကသည္။ E.G.S Maracan မွာ Gani Maracan (Gani Markin) ဟု ထင္ရွားသည္။ ဂနီမာရကန္ သည္ ၁၉၃၆ ခု တြင္ စစ္ေတြခ႐ိုင္ ေျမာက္ပိုင္းမွ တိုင္းျပဳျပည္ျပဳလႊတ္ေတာ္အမတ္ျဖစ္လာခဲ့သည္။ ျမင္းစီးဝါသနာထံုသူျဖစ္သည္။ ျမင္းမ်ား ေမြးျမဴျပီး ျမင္းစီးၿပိဳင္ပြဲဝင္ေလ့ရိွသည္။သူ၏ ျမင္းစီးၿပိဳင္ပြဲ၌ ဗိုလ္စြဲခဲ့သူလည္းျဖစ္သည္။ E.D.S မာရကန္ မွ Dawood Shah Maracan ျဖစ္ၿပီး Tanbi Saheb ဟု လူသိမ်ားသည္။ ၁၉၄၂ အဓိက႐ုဏ္းမီး ၿငိမ္သတ္ႏိုင္ေအာင္ လႈပ္ရွားခဲ့ေသာ ေခါင္းေဆာင္တစ္ဦးျဖစ္သည္။ သား ၂ ေယာက္စလံုးသည္ အဲလီဇဘက္ဘုရင္မ၏ ခမည္းေတာ္ George the sixth ဆုတံဆိပ္ ခ်ီးျမႇင့္ျခင္းခံခဲ့ရသည္။ 

မာရကန္ မိသားစုသည္ အလႉအတန္းျပဳရာ၌ အလြန္လက္လြန္သည္။ စိတ္အားထက္သန္သည္။  ဥတၱမပန္းၿခံေျမေနရာသည္လည္း မာရကန္မိသားစုမွ လႉဒါန္းခဲ့ေသာ ေျမေနရာဟု သိရသည္။ စစ္ေတြအျပင္ ဗမာျပည္အျခားၿမိဳ႕မ်ားတြင္လည္း သူတို႔၏ အလႉဒါနမ်ား၊ ပိုင္ဆိုင္မႈမ်ား ရိွခဲ့သည္။ 


ကိုးကား-

၁။ Twentieth century impressions of Burma : its history, people, commerce, industries, and resources Page 398

၂။ The Anglo-Burmese Library 

၃။ အေဆြအမ်ဳိးမ်ား၏ ထြက္ဆိုခ်က္မ်ား


(ဆက္လက္ ျဖည့္စြက္ ေဖာ္ျပပါမည္။)

Monday, August 9, 2021

မိုးပြာဂိုဏ်း (သို့) ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ


မိုးပြာဂိုဏ်း (သို့) ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ

(ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာဂိုဏ်းချုပ် ဓမ္မဝိဟာရီ ဦးဉာဏ၏ ကိုယ်ရေးအကျဉ်း) 


အမည်  – ဓမ္မဝိဟာရီ ဦးဉာဏ

အသက် – ၇၂ နှစ်

နိုင်ငံသားစိစစ်ရေးလက်မှတ်အမှတ် – ၁၂/ဥကမ (နိုင်) ၁၈၂၀၀၀

ကိုးကွယ်သည့်ဘာသာ – ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ

အလုပ်အကိုင် – ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ ဆည်းကပ်လေ့လာကြသူများအား ဆုံးမသြဝါဒပေးခြင်း။

 နေရပ်လိပ်စာ– (၁) အမှတ် ၂၀၊ မိုးပြာခြံ၊ သစ္စာပန်းလမ်း၊ မြဥယျာဉ်၊ (ဌ} ရပ်ကွက်၊ မြောက်ဥက္ကလာပ၊ ရန်ကုန်တိုင်းနှင့် 

(၂) အနုပါဒါယဉ်ကျေးမှုတရားဌာန၊ မိုးပြာခြံ၊ ရန်ကင်းတောင်ခြေ၊ ကျီကုန်းစု၊ ပုသိမ်ကြီးမြို့၊ မန္တလေးတိုင်း။

မိဘအမည် – ဦးမြဒင် + ဒေါ်လှထွန်း

မွေးသက္ကရာဇ်– ၁၃၀၀ ပြည့်နှစ်၊ နယုန်လဆန်း ၃ ရက်၊ အင်္ဂါနေ့။

မွေးရာဇာတိ – ဂေါင်းကွဲကျေးရွာ၊ မြိုင်မြို့နယ်၊ ပခုက္ကူခရိုင်၊ မကွေးတိုင်း။

လူမျိုး – မြန်မာ

အရပ် – ၅ ပေ၊ ၅ လက်မ

ထင်ရှားသည့်အမှတ်အသား – ညာဘက္နႈတ္ခမ္းအထက္မွဲ့ရွိ။

ပညာသင်ရာဌာန –ဂေါင်းကွဲရွာတောင်ကျောင်း။

ကိုရင်ဝတ်သည့်နှစ် – ၁၃၁၄ ခုနှစ်

ကိုရင်ဝတ်ရာဌာန – ဂေါင်းကွဲရွာတောင်ကျောင်း၊ မြိုင်မြို့နယ်၊ ပခုက္ကူခရိုင်။

ကိုရင်ဥပဇ္ဈာယ်ဆရာတော် – ဆရာတော် ဦးပညာ

ရဟန်းခံသည့်နှစ် – ၁၃၁၉ ခုနှစ်

ရဟန်းဥပဇ္စျာယ်ဆရာတော် – ဆရာတော် ဦးပညာ

ပိဋကတ်စာပေသင်ယူရာဌာန – မစိုးရိမ်တိုက်၊ ဂန္ထဓူရကျောင်း။

ငယ်၊ လတ်၊ ကြီးအောင်ဌာန – မစိုးရိမ်ကျောင်းတိုက်

စာချတန်းစာဝါလိုက်ဌာန – မိုးကောင်းကျောင်းတိုက်၊ ဒေးဝန်းကျောင်း (စာချတန်းမပြီးပါ)

သင်ကြားပေးသည့် ဆရာတော်များ – မစိုးရိမ်တိုက်နှင့် မိုးကောင်းတိုက် ဆရာတော်များ၊ တောင်သမန်တိုက်ဆရာတော်များ။

စာသင်နှစ် – အသက် ၂၅ နှစ်၊ ၅ ၀ါထိ။

 တောကျောင်းထွက်နေသည့်နှစ် – အသက် ၂၅ နှစ်မှအထက်။

တောကျောင်းနေရာဌာန– ရှင်မတောင်ရွာတောကျောင်းနှင့်

မင်းကွန်းစံတော်မူတောင်နှင့်ရွှေမြင်တောင်၊ (အရှေ့ရိုးမ အခြေ)၊

ငွေတောင်နှင့် မိုးပေါက်ကျချောင်။ 

လက်ရှိနေရာ၌စတင်နေသည့်နှစ် – ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယနေ့အထိ။

ဘာသာပြောင်းသည့်နှစ် – ၁၉၈၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်၊ ည ၁၀ နာရီ၊ မိနစ် ၃၀။

ဘာသာပြောင်းရသည့်အကြောင်း – ထေရဝါဒ၌နေစဉ် ထေရဝါဒလက်ခံကျင့်သုံးနေသော ရှေးဘဝ၊ ခုဘဝ၊ နောင်ဘဝ အယူများသည်ဘုရားဟောနှင့်မညီ၊ ဘုရားရှင်မယူသော မိစ္ဆာဒိဋ္ဌိအယူများဖြစ်နေကြောင်း၊ နိုင်ငံတော် သံဃ မဟာနာယကထံသို့တင်ပြ၍ တရားစွဲသည့်ကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်း သာသနာရေး ဦးစီးမှူးက စတုတ္ထပါရာဇိကဖြင့် ပြန်လည်တရားစွဲခဲ့ပြီး ဗဟိုဝိနိစ္ဆယထိ တရားရှုံးသောကြောင့် ထေရဝါဒဗုဒ္ဓဘာသာနှင့် ရဟန်းအဖြစ်ကို စွန့်လွှတ်ရသည်။ မိုးပြာဂိုဏ်းထောင်၍ ဆည်းကပ်သူများအား ဆုံးမလမ်းညွှန်နေခြင်းဖြစ်သည်။


ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာအမည်ခံ ဘာသာရေးဂိုဏ်းကြီး၏ ထေရဝါဒနှင့် လုံးဝဆန့်ကျင်သော အယူဝါဒအချို့...

(၁) အဘိဓမ္မာပိဋကတ်ကို ဘုရားဟောမဟုတ်ဟု ယူကြသည်။

(၂) ပိဋကတ်သုံးပုံတို့သည်လည်း ဘုရားဟောအစစ် မဟုတ်ကြဟု ယူကြသည်။

(၃) ရှေ့ဘဝ၊ နောက်ဘဝမရှိဟု ယူကြသည်။

(၄) ကံနှင့် ကံ၏အကျိုးမရှိဟု ယူကြသည်။

(၅) သုံးဆယ့်တစ်ဘုံမရှိဟု ယူကြသည်။

(၆) ဗြဟ္မာ၊ နတ်၊ ငရဲသားစသူတို့သည် လူကောင်ဖြစ်ခိုက်

လူကောင်၏ပုံကြီးမျှသာဖြစ်သည်ဟု ယူကြသည်။

(၇) ဘုရားရှိခိုးခြင်း၊ ဆင်းတုတော်ပူဇော်ခြင်း၊ ဥပုသ်စောင့်ခြင်းစသည် တို့ကိုမပြုသင့်ဟု ယူကြသည်။

(၈) နိဗ္ဗာန်နှင့် သံသရာကို အယုံအကြည်မရှိဟု ယူကြသည်။

(၉) လူအစစ်သည် လူသာဖြစ်သည်။ မူလခန္ဓာဖြစ်သည်။ ၎င်းကို တရားမရှုရ၊ ရှုလျှင်တရားမဟုတ်ဟု ယူကြသည်။

(၁၀) သမထ၊၀ိပဿနာ ဘာဝနာတို့ကို ဘာဝနာမဟုတ်ဟု ယူကြသည်။

(၁၁) ပရမတ္ထတရားတို့ကို အယုံအကြည်မရှိဟု ယူကြသည်။

(၁၂) ကုသိုလ်ကောင်းမှုတို့ကို မပြုကောင်းဟု ယူကြသည်။

(၁၃) လူအစစ်ဖြစ်သော မူလခန္ဓာပေါ်တွင် စွဲထင်တွယ်ကပ်လာသည့် ဥပါဒါန်နှင့် ခန္ဓာအရိပ်တုတို့ကို ပယ်ခွာနိုင်လျှင်တရားဖြစ်သည်။ အရိယာဖြစ်သည်ဟု ယူကြသည်။

(၁၄) ပိဋကတ်ဒေသနာတို့ဖြင့် လူတို့ကိုလှည့်စား၍ မိမိတို့ဂိုဏ်းအတွင်း သိမ်းသွင်းကြရမည်ဟု ယူကြသည်။ ကာမရာဂကို အားပေးကြရမည်ဟု ယူကြသည်။

(၁၅) မာရ်နတ်ဆိုသည်မှာ သီးခြားနတ်ဘုံမှ နတ်မဟုတ်ဟု ယူကြသည်။

(၁၆) ဗြဟ္မာဆိုသည်မှာ သီးခြားဗြဟ္မာဘုံမှ ဗြဟ္မာမဟုတ် လူသာဖြစ်သည်ဟု ယူကြသည်။

(၁၇) ထေရဝါဒဗုဒ္ဓဘာသာတို့သည် အာကာသ ခေါ် နတ္ထိဘာဝကို နိဗ္ဗာန်ဟု ထင်မှတ်မှားသူများဖြစ်ကြသည်ဟု ကျောက်သင်္ဘော၀ါဒဖြင့် ထေရဝါဒဗုဒ္ဓဘာသာတို့ကို စွပ်စွဲကြသည်။

(၁၈) မိမိကိုယ်တိုင် သိမြင်ခြင်းဖြင့်သာ အသိအမြင်ပြည့်စုံသည်ဟု ယူကြသည်။

(၁၉) သိဒ္ဓတ္ထဘဝမှ ဗုဒ္ဓဘဝသို့ တိုးတက်လာခြင်း၊ ဘုရားအသိဉာဏ်ရရှိလာခြင်းသည် ဘာမှမလုပ်ဘဲ သာမန်လူလိုနေခြင်းကြောင့် ရသည်ဟု ယူကြသည်။

(၂၀) လေးသင်္ချေကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်လာရသော ဗုဒ္ဓကို မိစ္ဆာဗုဒ္ဓဟု ယူကြသည်။



Copy from Soe Thuzar


Sunday, August 1, 2021

အရေးကြုံမှ မိတ်ကောင်းပြ

 

အရေးကြုံမှ မိတ်ကောင်းပြ

တစ်နေ့ သူဌေးကြီးတစ်ယောက်ဟာ အိမ်နီးချင်းတွေကို ဟင်းလျာစုံနဲ့ ထမင်းဖိတ်ကျွေးဖို့ စီစဉ်တယ်။

"သား… ငါ့ရဲ့ အချစ်ဆုံး မိတ်ဆွေ တွေနဲ့ အိမ်နီးနားချင်းတွေကို ထမင်းစားဖို့ သွားဖိတ်လိုက်စမ်း။ ဒီ စားသောက်ပွဲကြီးနဲ့ ဧည့်ခံ ရအောင်နော်။"

ဒီတော့ သားကလည်း လမ်းပေါ်ထွက် ပြီးတော့ တကျယ်ကျယ် အော်ဟစ် ဖိတ်ခေါ်လိုက် တာပေါ့။ သူ့ဖိတ်ဟန်က တစ်မျိုး။ 

"ကျေးဇူးပြုပြီးတော့ ကျွန်ုပ်တို့ကို ကူညီကြပါ။ ကျွန်ုပ်ရဲ့အိမ် မီးလောင်နေပါတယ်။ ကူကြပါဦး…။"

ခဏချင်းနဲ့ပင် လူအုပ်ငယ်တစ်စု ကူညီဖို့ တကူးတက ထွက်လာကြတယ်။ အိမ်အနီးအနားက ကျန်တဲ့လူ တစ်ချို့ကတော့ လူငယ်ရဲ့ အကူအညီတောင်းခံသံကို မကြားသယောင် ဟန်ဆောင်နေကြတာပေါ့လေ။ 

ဒီလို ရောက်လာတဲ့ သူတွေက မီးငြိမ်သတ်ရတာမဟုတ်ဘဲ စားလိုက်သောက်လိုက် ပျော်လိုက်နဲ့ ဝမ်းတောင့်ရပြီပေါ့။ အဖေကလည်း သားဘက် လှည့်ပြီးတော့ တအံ့တဩ မေးတယ်။

"သားရေ… ဒီမှာ ရောက်လာတဲ့ လူတွေကို ငါ သိတောင်မသိဘူး။ အရင် ဘယ်တော့မှ မမြင်ဖူးဘူးကွာ။ ငါ ဖိတ်ခိုင်းတဲ့ ငါ့ရဲ့ အချစ်ဆုံးတွေ၊ မိတ်ဆွေသဟတွေ၊ အပေါင်းအဖော်တွေ ဘယ်မှာတုံး။" 

"ဟုတ်ကဲ့…ဖေဖေ။ အခု ဒီကိုရောက်လာကြတဲ့သူတွေဟာ သားတို့အိမ် မီးလောင်နေတာကို ငြိမ်သတ်ဖို့ ရောက်လာကြတာပါ။ ပါတီပွဲမှာ ထမင်းပဲစားဖို့လာတာ မဟုတ်ပါဘူး။ ဒီလူတွေဟာ သားတို့ရဲ့ စေတနာ ရက်ရောမှု၊ ဧည့်ခံကျွေးမွေးမှုနဲ့ ထိုက်တန်တဲ့ လူမှန်တွေပါပဲ…ဖေဖေ။ မိတ်ဆွေအစစ်တွေပါ့။" ဒါနဲ့ သားက လူမှန်ရွေးခဲ့တဲ့ အကြောင်းကို ဆက်ပြောပြလိုက်တာပေါ့လေ။✳ 


✳သိမှတ်ဖွယ်ရာ✳


"တစ်ခါတစ်ရံ သင့်ကို အမှန်တကယ် ချစ်ခင်ဂရုစိုက်တဲ့ လူမှန်ကို သိဖို့အတွက် ဟန်ဆောင်ရတယ်။"




#zawgyi

အေရးႀကံဳမွ မိတ္ေကာင္းျပ

တစ္ေန႔ သူေဌးႀကီးတစ္ေယာက္ဟာ အိမ္နီးခ်င္းေတြကို ဟင္းလ်ာစံုနဲ႔ ထမင္းဖိတ္ေကြၽးဖို႔ စီစဥ္တယ္။

"သား… ငါ့ရဲ႕ အခ်စ္ဆံုး မိတ္ေဆြ ေတြနဲ႔ အိမ္နီးနားခ်င္းေတြကို ထမင္းစားဖို႔ သြားဖိတ္လိုက္စမ္း။ ဒီ စားေသာက္ပြဲႀကီးနဲ႔ ဧည့္ခံ ရေအာင္ေနာ္။"

ဒီေတာ့ သားကလည္း လမ္းေပၚထြက္ ၿပီးေတာ့ တက်ယ္က်ယ္ ေအာ္ဟစ္ ဖိတ္ေခၚလိုက္ တာေပါ့။ သူ႕ဖိတ္ဟန္က တစ္မ်ဳိး။ 

"ေက်းဇူးျပဳၿပီးေတာ့ ကြၽႏု္ပ္တို႔ကို ကူညီၾကပါ။ ကြၽႏု္ပ္ရဲ႕အိမ္ မီးေလာင္ေနပါတယ္။ ကူၾကပါဦး…။"

ခဏခ်င္းနဲ႔ပင္ လူအုပ္ငယ္တစ္စု ကူညီဖို႔ တကူးတက ထြက္လာၾကတယ္။ အိမ္အနီးအနားက က်န္တ့ဲလူ တစ္ခ်ဳိ႕ကေတာ့ လူငယ္ရဲ႕ အကူအညီေတာင္းခံသံကို မၾကားသေယာင္ ဟန္ေဆာင္ေနၾကတာေပါ့ေလ။ 

ဒီလို ေရာက္လာတဲ့ သူေတြက မီးၿငိမ္သတ္ရတာမဟုတ္ဘဲ စားလိုက္ေသာက္လိုက္ ေပ်ာ္လိုက္နဲ႔ ဝမ္းေတာင့္ရၿပီေပါ့။ အေဖကလည္း သားဘက္ လွည့္ၿပီးေတာ့ တအံ့တဩ ေမးတယ္။

"သားေရ… ဒီမွာ ေရာက္လာတဲ့ လူေတြကို ငါ သိေတာင္မသိဘူး။ အရင္ ဘယ္ေတာ့မွ မျမင္ဖူးဘူးကြာ။ ငါ ဖိတ္ခိုင္းတဲ့ ငါ့ရဲ႕ အခ်စ္ဆံုးေတြ၊ မိတ္ေဆြသဟေတြ၊ အေပါင္းအေဖာ္ေတြ ဘယ္မွာတံုး။" 

"ဟုတ္ကဲ့…ေဖေဖ။ အခု ဒီကိုေရာက္လာၾကတဲ့သူေတြဟာ သားတို႔အိမ္ မီးေလာင္ေနတာကို ၿငိမ္သတ္ဖို႔ ေရာက္လာၾကတာပါ။ ပါတီပြဲမွာ ထမင္းပဲစားဖို႔လာတာ မဟုတ္ပါဘူး။ ဒီလူေတြဟာ သားတို႔ရဲ႕ ေစတနာ ရက္ေရာမႈ၊ ဧည့္ခံေကြၽးေမြးမႈနဲ႔ ထိုက္တန္တဲ့ လူမွန္ေတြပါပဲ…ေဖေဖ။ မိတ္ေဆြအစစ္ေတြပါ့။" ဒါနဲ႔ သားက လူမွန္ေရြးခဲ့တဲ့ အေၾကာင္းကို ဆက္ေျပာျပလိုက္တာေပါ့ေလ။✳ 


✳သိမွတ္ဖြယ္ရာ✳

"တစ္ခါတစ္ရံ သင့္ကို အမွန္တကယ္ ခ်စ္ခင္ဂ႐ုစိုက္တဲ့ လူမွန္ကို သိဖို႔အတြက္ ဟန္ေဆာင္ရတယ္။"


(လူထုဝဏၰ)

#ဘာသာျပန္

ပန္းခ်ီ- အာရ္ေက