Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, June 16, 2022

Arakan စကားလုံး ဖြစ်ပေါ်လာပုံ

 


Arakan စကားလုံး ဖြစ်ပေါ်လာပုံ 


Arakan စကားလုံးကို သမိုင်းဆရာတွေက မွတ်စလင်နဲ့ မငြိအောင် ဆင်းသက်လာပုံ အမျိုးမျိုး ဖော်ပြကြတယ်။

- တစ်ချို့က "ငွေ" ထွက်သောပြည် အာဂျာ "Argyre" မှ " Arakan" ဖြစ်လာတာလို့ ဖော်ပြကြတယ်။ (တိုလမီက သင်္ဘောသားတွေဆီက ကြားသလို မှတ်တာတဲ့။ လေသံပျက်လည်း ဖြစ်နိုင်တယ်တဲ့။ အဲ့ဒီခေတ် အာရကန်မှာ ငွေတွင်းဆိုတာ မရှိခဲ့ဖူးတဲ့။ Arthur Purves Phayre က History of Burma မှာ သုံးသပ်ထားတယ်။)

- ပေါ်တူဂီတို့ရဲ့ မှတ်တမ်းမှာတော့ Arracao လို့တွေ့ရတယ်။

- လက်တင် ပထဝီဝင် (၁၅၉၇) ခု Peta Vino က Aracan လို႔ ဖေ်ာပြတယ္။ 

- Friar Manrique ကလည်း Aracan လို႔ ဖေ်ာပြတယ္။ 

ဒါပေမဲ့ Arakan ဆိုတာ တိုက်ရိုက် အာရဗီစကားလုံးနဲ့ ပါရှင်စကားလုံးလည်း ဖြစ်တာကို ဖော်ပြဖို့ လက်နှေးကြတယ်။

- Ibn Batuta ရဲ့ အဆိုအရ Al-Rukn မှ Arakan ဖြစ်လာကိုပေါ့။ 

- Relph Fitch (1586) ကေတာ့ Rocon လို႔ ဖေ်ာပြတယ်။ 

- Francis Buchanam ကေတာ့ Reng, Roang, Rossawn, Russawn, Rung လို႔ အကွဲကွဲ ဖော္ပြထားတယ်။ 

- Abdul Karim က Al-Rekan မှ Arakan ဖြစ်လာတယ်လို့ ဆိုတယ်။ (Rekan ကနေ Rohang ပေါ့)

- Tripura Chronicle Rajmala မွာ Roshang လို႔ ဖော်ပြတယ်။ 

- Dr. Habib Siddique ကတော့ မူလ နာမည် Rohang မှ Arakan ဖြစ်လာတယ်လို့ ဆိုတယ်။ (Rohang ကို အာရဗီပုံစံနဲ့ Al- Rohang ခေါ်တာကနေ ဖြစ်လာတာ ဖြစ်နိုင်တယ်။)

- အာရကန်နန်းတွင်းစာဆိုတော် အာလဝါလ်နဲ့ မဂံ တို့ကတော့ သူတို့ရဲ့ လင်္ကာရှည်တွေမှာ အာရကန်ရဲ့ နာမည်ကို Roshango Des လို့ ဖော်ပြထားတယ်။

- ဝေသာလီခေတ်က အနန္တစန္ဒြာကျောက်စာမှာလည်း ဒီပြည်ကို Arakandesa လို့ ဖော်ပြထားတယ်။

တို့ပြည်က တစ်ချို့မျိုးချစ်သမိုင်းဆရာတွေက အာရဗီစကားနဲ့ မငြိစေချင်ဘူးလေ။ အိစ္စလာမ်ဘာသာ ထွန်းကားခဲ့တာကို လူတွေသိသွားမှာစိုးလို့ ဖြစ်မယ်။ ၂၀၁၁ တုန်းကဆိုရင် အာရကန် နာမည်ကို အလွဲသုံးစားနေကြောင်း ကန့်ကွက်ပွဲတွေတောင် လုပ်သေးတယ်။ 😁😂😅


ဒီ ၁၈၈၈ ခု၊ နိုဝင်ဘာလ ၃ ရက် ရက်စွဲပါ အမိန့်စာမှာကြည့်ပါ။

အိစ္စလာမ်ဘာသာဝင် တစ်ဦးရဲ့ နာမည်- မိုဟာမတ်အာရက်ခန် (Mohammed Arakan)


-RohangKing

(15-6-2022)

ပုံ- အင်တာနက်


Wednesday, June 15, 2022

မြန်မာ့သမိုင်းကို ကယ်တင်ခဲ့သူ

 

မြန်မာ့သမိုင်းကို ကယ်တင်ခဲ့သူ

ဒေါ်မော်နီကာမြမောင်သည် ရန်ကုန်ရှိ ဗြိတိသျှကောင်စီတွင် ၃၈ နှစ်ကြာ အမှုထမ်းခဲ့ပြီး ၁၉၇၉ တွင် MBE ဆုတံဆိပ် ချီးမြှင့်ခံရသည်။ ၂၀၀၈ ခုနှစ် အသက် ၉၁ နှစ် အရွယ်တွင် ကွယ်လွန်သည်။

ရန်ကုန်မှာရှိတဲ့ ဗြိတိသျှကောင်စီ စာကြည့်တိုက်ဟာ မြန်မာ့သမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ အထင်ကရ အစိုးရစာကြည့်တိုက် ဖြစ်ပါတယ်၊ ဒါပေမယ့် အဲ့ဒီစာကြည့်တိုက်မှာ သူမတူအောင် စုဆောင်းထားတဲ့ စာအုပ်စာတမ်းတွေကို အခုလို ထိန်းသိမ်း စောင့်ရှောက် ထားနိုင်တဲ့အပေါ် အမျိုးသမီး တယောက်ကို ကျေးဇူး အထူး တင်ရပါလိမ့်မယ်။

ဒေါ်မော်နီကာမြမောင် တယောက် မြန်မာဝတ်လုံတော်ရ ဦးပါစီမြမောင်ရဲ့ အင်္ဂလိပ်ဇနီးသည် အဖြစ်နဲ့ ၁၉၃၇ ခုနှစ် အောက်တိုဘာလမှာ ရန်ကုန်မြို့ကို ပထမဆုံး ရောက်လာခဲ့ပါတယ်။ ဦးပါစီမြမောင်ဟာ တရားသူကြီး တယောက်ရဲ့ သားဖြစ်ပြီး ကိန်းဘရစ်ခ်ျ (Cambridge) တက္ကသိုလ်၊ စိန့်ဂျွန်းကောလိပ် (St. John’s College) ကနေ ဘွဲ့ရခဲ့သူပါ။

ဗြိတိသျှကောင်စီ စာကြည့်တိုက်ကို ၁၉၄၇ ခုနှစ်မှာ စတင် ဖွင့်လှစ်တဲ့ အခါ “အန်တီမော်နီကာ” လို့ အများက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ ဒေါ်မော်နီကာမြမောင်က အားလပ်ချိန်မှာ ဝိုင်းကူတာတွေ စလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်းက ၁၉၆၂ အာဏာ သိမ်းတဲ့အခါမှာတော့ သူ့ရဲ့တပ်ဖွဲ့တွေက အဲ့ဒီစာကြည့်တိုက်ကို သိမ်းယူဖျက်ဆီးခဲ့ပြီး စာကြည့်တိုက် ပိတ်ဖို့နဲ့ စာအုပ်တွေ ရောင်းထုတ်ပစ်ဖို့ကိုပါ အမိန့်ပေးခဲ့ပါတယ်။

ထက်မြက်ပြီး ပါးရည်နပ်ရည် ရှိလှတဲ့ အန်တီမော်နီကာ ကတော့ မြန်မာ့သမိုင်း စာအုပ်ရှည် အုပ် ၅၀၀ ကို အလျှင်အမြန်ပဲ ဝှက်လိုက်ပါတယ်။ ဖျက်ဆီးခံရမယ့် ဘေးက လွတ်အောင် စာအုပ်တွေကို ဗြိတိသျှသံရုံးထဲက စားပွဲတွေအောက်မှာနဲ့ လျှို့ဝှက်အခန်းငယ်လေးတွေထဲမှာ ဝှက်ထားလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ တရားဝင် ပြန် ဖွင့်ခွင့်ရတဲ့ ၁၉၇၃ ခုနှစ် အထိ စာကြည့်တိုက်ကို တိတ်တဆိတ် ဆက်လက် လည်ပတ်ခဲ့ပါတယ်။

“သူဟာ သိပ်ကို တက်တက်ကြွကြွ ရှိပြီး စံနမူနာယူသင့်တဲ့ အံ့သြ ချီးမွမ်းဖွယ်ရာ အမျိုးသမီး တယောက်ပါ” လို့ စာကြည့်တိုက်ရဲ့ လက်ရှိ သတင်းပြန်ကြားရေး မန်နေဂျာ ဒေါ်မိုးမိုးစိုးက ကျနော့်ကို ပြောပြပါတယ်။


“သူက မြန်မာပြည်နဲ့ မြန်မာပြည်သူတွေကို ချစ်တယ်၊ ပြီးတော့ မြန်မာပြည်ဟာ သူ့အိမ်လို့ အမြဲတမ်း ယူဆထားသူ ဖြစ်တယ်။ အလုပ်က အငြိမ်းစားယူပြီး နောက်ပိုင်းမှာတောင်မှပဲ ဒီမှာ အချိန်ပိုင်း ဆက်လုပ်သွားသေးတယ်” လို့လည်း သူက ဆိုပါတယ်။


အန်တီမော်နီကာရဲ့ ရဲရင့်တဲ့ လုပ်ရပ်တွေကြောင့်ပဲ ဘယ်လိုမှ အစားထိုးလို့ မရနိုင်တော့တဲ့ ဥပမာ – မြန်မာပြည် အတိတ်နှင့် ပစ္စုပ္ပန် – ဘားမင်းအင်ပိုင်ယာတွင် မှီတင်းနေထိုင်သူတယောက်၏ နေ့စဉ်မှတ်တမ်း (Burma Past and Present, Journal of a Residence in the Burmham Empire နဲ့ အဓိကချင်းလူမျိုးစု၏ စီးပွားရေး (The Economics of the Central Chin Tribe) စာအုပ်မျိုးတွေ စာကြည့်တိုက်မှာ ကနေ့ထိ ရှိနေပြီး ပညာရှင်တွေ လက်လှမ်းမီနေတာပါ။


အန်တီမော်တီကာရဲ့ သံမဏိစိတ်ဓာတ်နဲ့ ဆောင်ရွက်မှုမျိုးကို သူ့လို ဗြိတိသျှတွေ ထူထပ်လှတဲ့ ကိုလိုနီ အသိုင်းအဝိုင်းအကြား ဝိုင်းကြဉ် ခံထားရတဲ့ အချိန်မျိုးမှာ လူတိုင်း လုပ်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် သူကတော့ အဲ့ဒီအသိုင်းအဝိုင်း ရဲ့ ဟန်ဆောင်မှုတွေကို ဂရုစိုက်တယ် ဆိုရုံလေးပဲရှိပြီး သူရဲ့ မြန်မာဆွေမျိုး အသိုင်းအဝိုင်းအသစ်ထဲကို မိုက်မိုက်ကန်းကန်း ခြေစုံပစ် ဝင်ခဲ့ပါတယ်။

ပထမဆုံး ရန်ကုန်ရောက်တဲ့နေ့က မြန်မာ ပိုးထည်ဝတ်စုံဝတ်ပြီး ရွှေတိဂုံဘုရားမှာ ဝတ်ပြုနေတဲ့ ဒေါ်မောနီကာမြမောင် ဟာ သတင်းစာထဲမှာသုံးဖို့ဆိုပြီး ဓာတ်ပုံ အရိုက်ခံခဲ့ရပါတယ်။ ဒီဓာတ်ပုံက သူတို့သားရဲ့ ဇနီးရွေးချယ်မှုအပေါ် သဘော မတူတဲ့ သူ့ရဲ့ ယောက္ခတွေကို သိသိသာသာ စိတ်သက်သာရာရစေခဲ့ပါတယ်။

ဒါပေမယ့် အင်္ဂလိပ်လို သံတူ အစ စကားလုံးနဲ့ “မြန်မာဝတ်လုံတော်ရက လှပတဲ့ ဗုဒ္ဓဘာသာဝင် ဗြိတိသျှဇနီးလောင်း ခေါ်လာ (Burmese Barrister Brings Bak Beautiful British Bride)” ဆိုပြီး နောက်တနေ့ သတင်းစာထဲပါလာတဲ့ အခါမှာတော့ မျိုးချစ်စိတ် ပြင်းထန်လှတဲ့ ဗြိတိသျှတွေ အသိုင်းအဝိုင်းကြားမှာ သူ့ကို ကဲ့ရဲ့ ပြစ်တင်စရာ ဖြစ်စေခဲ့ပါတယ်။ ၁၉၃၀ ခုနှစ်တွေတုန်းက ဘယ်မြန်မာမှ (အဲ့ဒီအချိန်က ယာယီနန်းရင်းဝန်ဖြစ်နေတဲ့ ဆာဂျိုးဇက်ဖ် မောင်ကြီး တောင်မှပဲ) အင်္ဂလိပ်ကလပ်တခုမှာ အဖွဲ့ဝင်ဖြစ်ခွင့် မရှိပဲကိုး။ အဲ့ဒီ စည်းကမ်းက ၁၉၁၄ ဇွန်လ ၅ ရက်မှာမွေးတဲ့ ဒေါ်မော်နီကာမြမောင် ရန်ကုန် လူ့အဖွဲ့အစည်းမှာ အားထားရတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်မလာခင် သိပ် မကြာသေးခင်ကပဲ ထုတ်ခဲ့တာပါ။

“ရန်ကုန်မှာ ကမ္ဘာအရပ်ရပ်က သံအမတ်တွေ အများကြီးရှိတာမို့ သူတို့ရဲ့ ဇနီးတွေအားလုံးကို အန်တီက အင်္ဂလိပ်စာ သင်ပေးတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မြေး ၃ ယောက် ကိုတောင်မှပဲ အင်္ဂလိပ်စာ သင်ပေးခဲ့သေးတယ်” လို့ ဒေါ်မိုးမိုးစိုး က ပြောပါတယ်။

အန်တီမော်နီကာဟာ ကိုယ်ပိုင် သားသမီး မထွန်းကားခဲ့ပေမယ့် ခင်ပွန်းသည်နဲ့ တိုင်ပင်ပြီး သားသမီး မွေးစားခဲ့ပါတယ်။ ပြီးတော့ ခင်ပွန်းသည်ဆုံးတဲ့ ၁၉၈၇ ခုနှစ် အထိ ရန်ကုန်က ကျွန်းအိမ်နိမ့်လေးမှာပဲ နေထိုင် သွားခဲ့ပါတယ်။ အင်္ဂလန်ကို ပြောင်းရွှေ့နေထိုင်ဖို့ ကြိုးစားခဲ့ ပေမယ့် ခဏပဲပြန်သွားပြီး သူရဲ့ တကယ့်အိမ်အစစ်က ဘယ်မှာ ဆိုတာ သိတာမို့ မြန်မာပြည်ကို အမြန်ပြန်လာခဲ့ပါတယ်။

“၂၀၀၀ ခုနှစ်တုန်းက လန်ဒန်မှာ ကြုံရတဲ့ အဖြစ်အပျက်တခုကို ကျမ မှတ်မိနေသေးတယ်။ ထောင်စုနှစ် အခမ်းအနားတွေကို တီဗွီမှာ ကျမတို့ ကြည့်နေကြတဲ့ အချိန်ပေါ့။ အန်တီက ကျမတို့ဖက် လှည့်ပြီး ဘာဖြစ်လို့ ငါက ဒီရောက်နေတာလဲလို့ မေးပါတယ်။ လန်ဒန်မှာ သူ့ဆွေမျိုးတွေနဲ့အတူ ရှိနေတာကို မေ့နေပုံရတယ်” လို့ ဒေါ်မိုးမိုးစိုးက သူကြုံခဲ့ရတာကို ပြန်ပြောပြပါတယ်။

ဒေါ်မော်နီကာမြမောင်ဟာ ၁၉၇၉ ခုနှစ်မှာ ဗြိတိသျှအင်ပိုင်ယာ၏ အထူးချွန်ဆုံး ပုဂ္ဂိုလ်များ (Member of the Most Excellent Order of the British Empire – MBE) ဆုတံဆိပ် ချီးမြှင့်ခံခဲ့ရပါတယ်။ ဗြိတိသျှကောင်စီမှာ ၃၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ် ရှိပါပြီ။ မြန်မာပြည်မှာ နေခဲ့တဲ့ ဘဝတလျှောက် ဂျပန်ဗုံးကြဲတာ၊ ဂျပန်ဝင်သိမ်းတာ၊ နေအိမ် အကျယ်ချုပ်၊ ပုလိပ်ရောဂါ ဖြစ်ပွားမှု စတာတွေကို ကြုံတွေ့ ခဲ့ရပြီး အသက် ၉၀ အထိ စာသင်ပေးသွားခဲ့သူပါ။

“သူ့လို အင်္ဂလိပ်အမျိုးသမီးမျိုး ကျမ ဘယ်တုန်းကမှ မသိခဲ့ ဖူးပါဘူး။ သူက လူတွေကို လူသားလို မြင်တဲ့အပြင် စာအုပ်တွေကို ချစ်သူ၊ စာဖတ်တာကို ခုံမင်နှစ်သက်သူ ဖြစ်ပါတယ်” လို့ ဒေါ်မိုးမိုးစိုးက ထပ်ဖြည့်ပြောပါတယ်။

အခုဆိုရင် ဒေါ်မိုးမိုးစိုးတယောက် ဒဏ္ဍာရီတွင်လောက်တဲ့ သူ့ လက်ဦးဆရာရဲ့ ခြေလှမ်းအတိုင်း လှမ်းနေပြီး စာကြည့်တိုက်မှာ ထင်ရှားကျော်ကြားသူတယောက် ဖြစ်လာပါပြီ။ “အန်တီမိုး” လို့ လူသိများတဲ့ သူ့ရဲ့စီမံမှုအောက်မှာ စာကြည့်တိုက်ကလည်း အောင်မြင် တိုးတက်လာနေပါပြီ။

ဗဟုသုတနဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေ တိုးတက်လာဖို့ အတွက် ရန်ကုန်က ဗြိတိသျှကောင်စီစာကြည့်တိုက်ကို လာကြသူတွေ တနေ့ကို ၁၂၀၀ လောက်ရှိပြီး ဒီစာကြည့်တိုက်ဟာ ဆင်ဆာအဖြတ်မခံရတဲ့ စာအုပ်စာတမ်းတွေ ရှိရာ မြန်မာပြည်ရဲ့ တခုထဲသော နေရာလည်း ဖြစ်ပါတယ်။

အန်တီမိုးက အငြိမ်းစားယူမယ်လို့ စဉ်းစားမိတဲ့အကြောင်း ပြောမိတယ်ဆိုရင် အနားမှာရှိတဲ့ သူ့လုပ်ဖော်ကိုင်ဖက် တယောက်က “ဘုရားရေ၊ ဟုတ်လို့လား။ ကျမတော့ အန်တီ အနားယူမယ် မထင်ဘူး” လို့ ဖြတ်ပြောတတ်ပါတယ်။

အန်တီမော်နီကာရဲ့ဝိညာဉ် ဆက်လက် ရှင်သန်နေဆဲ ဆိုတာကတော့ အထင်အရှားပါပဲ။


ချာလီ ကမ့်ဘဲလ်

Charlie Campbell ၏ The Woman Who Saved Burmese History ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။

လှည်းကူးငပိချက် ဘလော့မှ

Tuesday, June 14, 2022

ရိုဟင်ဂျာတွေရဲ့ အတိနာဒုက္ခအပေါ် နိုင်ငံအသီးသီးမှ သီဆိုခဲ့သော သီချင်းများ



အဆိုတော် Mohin Abudullah သီဆိုခဲ့သောသီချင်း



2. I lost My Country
















Joy Manobotar Joy


Ami Rohingyar Meye


Arakana maa boinor izzot





Oh Rohingya



Manobata Firedao


Saturday, June 11, 2022

အိစ်သေခါရဟ် ကြည့်နည်

 

မိမိကိုယ်တိုင်အိစ်သေခါရဟ် ကြည့်နည်း

———————————

အိစ်သေခါရာ ဆိုတာ ဘာလဲဆိုတော့ တရားတော်အရ ပြုလုပ်ပိုင်တဲ့ ကိစ္စတခုကို လုပ်ခြင်း၊ မလုပ်ခြင်းအပေါ်မှာ အလ္လာဟ်အရှင်မြတ်ရဲ့အကူအညီနဲ့ အကောင်းဆုံးလုပ်ရပ်ကို တောင်းခံခြင်းဖြစ်ပါတယ်။


အိစ်စေခါရာ ဘယ်လိုကြည့်ရမလဲဆိုတော့

နေ့အချိန်ဖြစ်စေ ညအချိန်ဖြစ်စေ မက္ကရူးဟ် အချိန်မှလွဲ၍ တခြားအချိန်မှာ နဖိလ်နမားဇ် နရကအသ်ကို အိစ်သေခါရဟ် ရဲ့နိယသ်နဲ့ဖတ်ရမယ် နိယသ်ကတော့ မိမိလုပ်မယ့် အလုပ်ရဲ့ အကောင်းဆုံးနည်းလမ်းကို အလ္လာဟ်အရှင် ဆုံးဖြတ်ပေးပါလို့ ရည်စူးရမယ်။

ပြီးနောက်မှာ အောက်မှာဖော်ပြထားတဲ့    ဒုအာကိုဖတ်ရပါမယ်။

အိစ်သေခါရဟ် ရဲ့နောက်မှာ အိပ်မက်မှာဖြစ်စေ အကွယ်ကနေဖြစ်စေ အသိပေးမှုတစုံတရာ ရှိမှ အိစ်သေခါရာဖြစ်တာ မဟုတ်ပါဘူး မိမိရဲ့စိတ်နှလုံးသားကို တဖက်ကို ယိမ်းယိုင်းသွားခြင်း လိုလားသွားခြင်းနဲ့ အိစ်သေခါရဟ် အထမြောက်မြောက်ပါတယ်


#albasheer

#bymohammedbashirullah

Friday, June 10, 2022

အိမ်ပြန်ချိန်နဲ့ ထပ်မဝေးလိုသူများ

 


အိမ်ပြန်ချိန်နဲ့ ထပ်မဝေးလိုသူများ

DMG ၊ ဇန်နဝါရီ ၃၀

(ဆောင်းပါး)

ဟောင်းနွမ်းနေတဲ့ မိုးပြာရောင်ပလက်စတစ်ထိုင်ခုံပေါ်မှာ အသားညိုညို၊ ဆံပင်ဖြူဖြူ၊ ပါးရေနားရေတွေ တွန့်လိမ်နေတဲ့ အသက်(၇၅)နှစ်အရွယ် အဘွားတစ်ဦး နေပူဆာလှုံရင်း နီးနီးကပ်ကပ်ဆောက်ထားတဲ့ တဲအိမ်တန်းတွေဘက်ဆီ ငေးမျှော်နေပါတယ်။

သုံးပေဝန်းကျင်သာရှိတဲ့လူသွားလမ်းမှာ ဘေးတစောင်းထိုင်နေတဲ့အဘွား အဘွားဒေါ်စံဖြူ(အမည်လွဲ)ဟာ စစ်တွေမြို့ သက္ကယ်ပြင်(IDP Camp)မှာ ခိုလှုံနေထိုင်နေတဲ့ ဒုက္ခသည်တစ်ဦးဖြစ်ပါတယ်။ အဘွားဟာ မူလကနေထိုင်ခဲ့တဲ့ နေရာဆီပြန်သွားရမယ့်အချိန်ကို ဒုက္ခသည်စခန်းထဲကနေ စောင့်မျှော်နေခဲ့တာဟာ အခုဆိုရင် ၁၀ နှစ်နီးပါးကြာမြင့်ခဲ့ပါပြီ။

ရာသီတွေပြောင်းလဲသွားခဲ့ပေမယ့်လည်း အဘွားဒေါ်စံဖြူအပါအဝင် (IDP Camp)မှာ နေထိုင်နေကြရတဲ့ ဒုက္ခသည်တွေအတွက် နေရပ်ပြန်ရမယ့်အချိန်ဟာ မရေရာမသေချာသေးဘဲ ဝေဝါးနေဆဲဖြစ်ပါတယ်။

“ဘယ်အချိန်မှ နေရပ်ပြန်သွားရမယ်မှန်းမသိဘူး။ ဒီနေရာမှာ သေသွားမှာလား။ အဲဒီနေရာ(မူလနေရပ်)ကို ရောက်မှာလားဆိုတာ မသိဘူး”လို့ အဘွားဒေါ်စံဖြူက ပြောပါတယ်။

အဘွားဒေါ်စံဖြူဟာ ရခိုင်မျိုးနွယ်စုဝင်(၇)ခုထဲက ကမန်တိုင်းရင်းသူတစ်ဦးဖြစ်ပါတယ်။ ဒုက္ခသည်စခန်းကို မရောက်မီအချိန်က စစ်တွေမြို့၊ နာဇီရွာ(စက်ရုံစုအကွက်-၂)မှာ မိသားစုရှစ်ဦးနဲ့အတူ နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

အဘွားတို့မိသားစု နေအိမ်ရှေ့မှာဆိုင်ဖွင့်ပြီး စားသောက်ကုန်ပစ္စည်းတွေရောင်းချခဲ့သလို ပိုင်ဆိုင်တဲ့ မြေကွက်တချို့ကိုလည်း အခကြေးငွေနဲ့ နှစ်စဉ်ငှားရမ်းပြီး လုပ်ကိုင်စားသောက်ခဲ့ကြတာပါ။ ဒါ့အပြင် ဓနိ(အုန်း)တောတွေ၊ စိုက်ပျိုးထားတဲ့ ဟင်းခင်းတွေကလည်း ဝင်ငွေတွေရရှိကြပါတယ်။

၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှာ အဘွားဒေါ်စံဖြူတို့မိသားစု တည်ဆောက်ထားတဲ့ အသိုက်အမြူ ပြိုကွဲသွားခဲ့ရပါတယ်။ ရခိုင်ပြည်နယ်အတွင်း တစ်မြို့ကနေတစ်မြို့ကူးစက်လာတဲ့ လူမျိုးရေးပြဿနာဟာ အဘွားတို့နေထိုင်ရာ စစ်တွေမြို့ဆီလည်း ကူးစက်ခဲ့ပါတယ်။ ပဋိပက္ခတွေဖြစ်ပွားတဲ့နောက်မှာ ကမန်တွေဟာ မွတ်ဆလင်တွေနဲ့အတူ ဒုက္ခသည်တွေစခန်းတွေဆီ ရောနှောပြီးရောက်ရှိသွားခဲ့ကြပါတယ်။

“ဘာကြောင့်နဲ့မှန်းမသိ လူတွေကိုမောင်းထုတ်တဲ့အခါ နောက်ကပါသွားတယ်။ ပါသွားတဲ့အချိန်မှာလည်း အိမ်ကပစ္စည်းတွေတစ်ခုမှ ယူဖို့မရခဲ့ဘူူး။ သူများကပေးတဲ့ အဝတ်တွေကို ဝတ်ပြီးနေထိုင်ခဲ့ရတယ်”လို့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ အိုးအိမ်ကိုစွန့်ခွာပြီးလာခဲ့ရတဲ့အကြောင်း အဘွားအိုဒေါ်စံဖြူက ပြောပြပါတယ်။

ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေကြောင့် ရခိုင်ဒေသတွင်းမှာနေထိုင်တဲ့ အသိုင်းအဝိုင်းအားလုံးမှာ ထိခိုက်ဆုံးရှုံးမှုတွေရှိခဲ့ကြပါတယ်။ နေအိမ်တွေ၊ လုပ်ငန်းတွေ၊ ပိုင်ဆိုင်မှုပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့ကြရတာ ဖြစ်ပါတယ်။ အဲဒီထဲက သိန်းနဲ့ချီတဲ့မွတ်ဆလင်ဒုက္ခသည်တွေနဲ့ ကမန်လူမျိုးတချို့ဟာ ဒုက္ခသည်စခန်းတွေဆီ အသီးသီးကိုရောက်ရှိသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ တရားဝင်အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား(၁၃၅)မျိုးထဲက ကမန်တိုင်းရင်းသားတွေဟာ အစ္စလာမ်ဘာသာကို ကိုးကွယ်ကြပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခန်း(၈)၊ ပုဒ်မ-၃၅၅ မှာ နိုင်ငံသားတိုင်းဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ဘယ်နေရာ၊ ဘယ်အရပ်ဒေသမှာမဆို ဥပဒေနဲ့အညီ အခြေစိုက်နေထိုင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ပဋိပက္ခမဖြစ်မီက ရခိုင်နဲ့ ကမန်တိုင်းရင်းသားတွေကြား ပြဿနာတစ်စုံတစ်ရာမရှိဘဲ မိသားစုလို အတူတကွနေထိုင်ပြီး လုပ်ကိုင်စားသောက်ခဲ့တဲ့ အရင်ကအချိန်တွေကို အဘွားဒေါ်စံဖြူတစ်ယောက် ဒုက္ခသည်စခန်းထဲကနေ လွမ်းဆွတ်သတိရနေပါတယ်။

“ကိုယ့်နေရာမှာဆိုရင် သွားချင်တဲ့အချိန်သွား။ လာချင်တဲ့အချိန်လာပြီး စိတ်ချမ်းသာမှုတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ရတယ်”လို့ အရင်အချိန်တွေကို အဘွားဒေါ်စံဖြူက သတိတရပြောပြပါတယ်။

လက်ရှိ အဘွားဒေါ်စံဖြူနေထိုင်ရာ သက္ကယ်ပြင်ဒုက္ခသည်စခန်းမှာ အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီးတော့ မွတ်ဆလင်နဲ့ ကမန်ဒုက္ခသည်ဦးရေ ၆၆၀၀ ကျော် ခိုလှုံနေထိုင်လျက်ရှိပါတယ်။ ဒုက္ခသည်တွေထဲက အများစုကတော့ မွတ်ဆလင်တွေဖြစ်ကြပါတယ်။

အဲဒီဒုက္ခသည်တွေကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)က လူတစ်ဦးကို တစ်လမှာ ငွေကျပ်(၁၆၀၀၀)နှုန်းနဲ့ ထောက်ပံ့ပေးထားပါတယ်။ တခြားအဖွဲ့အစည်းတချို့ကလည်း အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ၊ ဆပ်ပြာထုပ်တွေ ထောက်ပံ့တာရှိတယ်လို့ ဆိုပါတယ်။

အထောက်အပံ့တွေဟာ ဒုက္ခသည်တွေအတွက် စားဝတ်နေရေး၊ ကျန်းမာရေးအပါအဝင် ပြင်ပလူမှုရေး ကိစ္စတွေကို ဖြေရှင်းနိုင်တာမရှိတဲ့အတွက် လုံလောက်မှုမရှိတဲ့အခါ ဒုက္ခသည်အချင်းချင်း ငှားရမ်းစားသောက်ကြရတယ်လို့ အဘွားဒေါ်စံဖြူက ပြောပါတယ်။

“အလုပ်က ဘာမှမရှိဘူး။ ရိက္ခာတစ်ခုပဲရတယ်။ ရိက္ခာတစ်ခုနဲ့ စားသောက်ဖို့ဆိုတာကို ထားအုံး။ ဆေးကုဖို့တောင် မလုံလောက်ဘူး”လို့ အဘွားကဆိုပါတယ်။

ရခိုင်ပြည်အတွင်းက IDP ဒုက္ခသည်စခန်းတွေမှာနေထိုင်နေကြရတဲ့ သိန်းနဲ့ချီတဲ့ ကမန်နဲ့မွတ်ဆလင် ဒုက္ခသည်တွေဟာ အသွားအလာကန့်သတ်ခံမှုကိုလည်း ရင်ဆိုင်နေကြရပါတယ်။ လွတ်လပ်စွာသွားလာခွင့်မရတာကြောင့် စားဝတ်နေရေးအပါအဝင် အခြားကဏ္ဍတွေမှာလည်း အခက်အခဲကြုံတွေ့ရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

၁၀ စုနှစ်တစ်ခုကြာ IDP စခန်းမှာနေထိုင်နေကြတဲ့ ဒုက္ခသည်တွေဟာ သွားလာခွင့်ကန့်သတ်ခံရမှုကြောင့် စိတ်မွမ်းကျပ်မှုကို ခံစားနေကြရပါတယ်။ ဆင်းရဲကျပ်တည်းမှုဒဏ်ကို မခံစားနိုင်တဲ့အတွက် သွားလာခွင့်ကန့်သတ်ခံထားရတဲ့ကြားက ဒုက္ခသည်တွေဟာ အစုလိုက် ခိုးထွက်မှုတွေရှိလာနေပါတယ်။

ဒုက္ခသည်စခန်းကိုမရောက်မီအချိန်က လွတ်လပ်စွာနေထိုင်ခွင့်၊ လွတ်လပ်စွာသွားလာခွင့် စတဲ့နိုင်ငံသားအခွင့်အရေးတွေကို အပြည့်အဝခံစားခဲ့ရတယ်လို့ အဘွားဒေါ်စံဖြူကပြောပြပါတယ်။ နှစ်ကာလရှည်ကြာစွာ ဒုက္ခသည်စခန်းထဲမှာ ဆင်းရဲကျပ်တည်းမှုဒဏ်ကိုခံစားနေရတာကြောင့် မူလနေရာကို ပြန်သွားချင်တဲ့စိတ်ကနေ အခြားမရှိဘူးလို့လည်း အဘွားကဆိုပါတယ်။

“ဘယ်ကိုမှ သွားဖို့စိတ်မရှိဘူး။ ကိုယ့်မူလနေရာကိုပဲသွားချင်တယ်။ အဲဒီနေရာလေးကို သွားပြီးနေချင်တယ်။ နိုင်ငံခြားတွေကိုသွားဖို့ စိတ်ထဲမှာတောင်မရှိဘူး”

ဒုက္ခသည်တွေရဲ့အခက်အခဲကိုဖြေရှင်းနိုင်ဖို့အတွက် ရခိုင်က IDP စခန်းတွေပိတ်သိမ်းရေး မဟာဗျုဟာတစ်ခုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ကို NLD အစိုးရလက်ထက်မှာ ဖွဲ့စည်းခဲ့ပါတယ်။

ဒုက္ခသည်တွေကို သူတို့ရဲ့အရင်ဒေသမှာ ပြန်လည်နေရာချထားပေးဖို့၊ လွတ်လပ်စွာသွားလာခွင့်ပေးဖို့ အပါအဝင် လူမှုစီးပွားဘဝတွေကိုမြှင့်တင်ပေးဖို့ ကိုဖီအာနန်ရဲ့အကြံပြုချက်အစီရင်ခံစာကို ၂၀၁၇ ခုနှစ်မှာ (NLD)အစိုးရထံ တင်သွင်းခဲ့ပါတယ်။

ကျောက်တော်နဲ့ မြေပုံမြို့နယ်က IDP ဒုက္ခသည်စခန်းတချို့ကိုပိတ်သိမ်းပြီး နေရာချထားပေးနိုင်ခဲ့တာကြောင့် ဒုက္ခသည်စခန်းမှာနေထိုင်နေရတဲ့ အဘွားဒေါ်စံဖြူတို့လည်း မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့ပါတော့တယ်။

ဒါပေမယ့် ကျောက်ဖြူမြို့နယ်က ကျောက်တစ်လုံးဒုက္ခသည်စခန်းကို ပိတ်သိမ်းဖို့ဆောင်ရွက်နေစဉ်မှာဘဲ မြန်မာနိုင်ငံမှာ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူမှုဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ဒုက္ခသည်တွေရဲ့ အိမ်ပြန်ခရီးမျှော်လင့်ချက်ဟာ မရေရာမသေချာဘဲ မှေးမှိန်ခဲ့ရပါတယ်။ အာဏာသိမ်းပြီး (၁၁)လအကြာမှာတော့ စစ်ကောင်စီကခန့်အပ်ထားတဲ့ ဝန်ကြီးအဖွဲ့ဝင်တချို့နဲ့ ရခိုင်ပြည်နယ်စစ်ကောင်စီက တာဝန်ရှိသူတွေဟာ စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူမြို့နယ်တွေက IDP စခန်းတွေကိုသွားရောက်ပြီး ဒုက္ခသည်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။

ပြန်လည်နေရာချထားရေးကိစ္စကို ကြိုးစားဆောင်ရွက်နေတယ်လို့ ဝန်ကြီးတွေက ဒုက္ခသည်တွေကို ပြောဆိုခဲ့တယ်လို့သိရပါတယ်။ (NLD)အစိုးရလက်ထက်က မဆောင်ရွက်နိုင်ခဲ့တဲ့ကိစ္စတွေကို အခုစစ်ကောင်စီလက်ထက်မှာ လုပ်ဆောင်နိုင်မှာလားလို့ သံသယရှိနေသူက ဒုက္ခသည်စခန်းမှာ ဆယ်စုနှစ်တစ်ခုထိ နေထိုင်လာသူဖြစ်တဲ့ အသက်(၆၄)အရွယ် ဒေါ်လှနု(အမည်လွဲ) ဖြစ်ပါတယ်။

“စစ်ကောင်စီက တိုက်ပွဲတွေဖြစ်နေတာဆိုတော့ ဒီ IDP စခန်းကဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကို ဦးစားပေးလုပ်ပေးနိုင်မလား”လို့ ဒေါ်လှနုက မေးခွန်းထုတ်ပါတယ်။

တစ်ဖက်မှာလည်း အခုဒီဇင်ဘာလအတွင်း ရခိုင်က မြို့နယ်တချို့မှာ လူမျိုးရေးပဋိပက္ခတွေကို ဦးတည်စေနိုင်တဲ့ ထူးခြားဖြစ်စဉ်တွေကို ဆက်တိုက်ဆိုသလိုတွေ့လာရပါတယ်။ ထွေ/အုပ်ဝန်ထမ်းတစ်ဦး အသတ်ဖြတ်ခံရတာ၊ စပါးရိတ်စက်တွေ၊ စပါးပုံတွေ၊ စာသင်ကျောင်းတွေ မီးရှို့ခံရတဲ့ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။

အဲဒီလိုသတင်းတွေကို IDP စခန်းကနေကြားနေရတဲ့ ဒေါ်လှနုကတော့ လူမျိုးရေးပဋိပက္ခတွေ ထပ်ဖြစ်လာမှာကို စိုးရိမ်စိတ်တွေဖြစ်မိတယ်လို့ ဖွင့်ဟပါတယ်။

“(လူမျိုးရေးပဋိပက္ခ)တစ်ကြိမ်ဖြစ်တာတောင် အခုဆိုရင် (IDP ဒုက္ခသည်စခန်းမှာ)နေရတာ ဆယ်နှစ်ရှိနေပြီ။ နောက်တစ်ခေါက်ဖြစ်ရင် ထပ်ပြီးဘယ်လောက်ထိခံရမလဲမသိဘူး”လို့ ဒေါ်လှနုကဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်လှနုတို့လို IDP ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့သူတွေဟာ သူတို့ရဲ့မူလနေရာမှာ ပြန်လည်အခြေချနိုင်ဖို့၊ လွတ်လပ်စွာသွားလာခွင့်ရပြီး အရင်လိုလုပ်ကိုင်စားသောက်နိုင်ဖို့ကို မျှော်လင့်နေကြပါတယ်။

အနေဆင်းရဲ၊ အစားဆင်းရဲပြီး ဒုက္ခမျိုးစုံနဲ့ ဒုက္ခသည်စခန်းမှာဖြတ်သန်းနေရတဲ့ အဘွားဒေါ်စံဖြူက ဘဝရဲ့နေဝင်ချိန်မရောက်မီ ဆယ်စုနှစ်လောက်ဝေးကွာနေတဲ့မူလနေရပ်မှာ ပြန်လည်အခြေချနေထိုင်လိုတဲ့ ဆန္ဒကကြီးစိုးလို့နေပါတယ်။

“နေရပ်ပြန်သွားနိုင်မယ်ဆိုရင် ကိုယ့်လူမျိုးတွေ၊ မိသားစုလိုနေထိုင်ခဲ့တဲ့ အိမ်နီးချင်းတွေနဲ့ အတူနေထိုင်ရတဲ့နေ့မှ စိတ်အေးမှာဖြစ်တယ်”


သားကြီး သြရသ ရေးသည်။


https://www.dmgburmese.com/%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%95%E1%80%AB%E1%80%B8/hope-re-turn-home.html

Thursday, June 9, 2022

ဘော်လီမျိုးနွယ်စု၏ နှစ်ပေါင်း ၁၅၀ ခန့် ရှိသော အထောက်အထားတစ်ခု

 




[Unicode]

ထင်ရှားသော ဘော်လီမျိုးနွယ်စု၏ နှစ်ပေါင်း ၁၅၀ ခန့် ရှိသော အထောက်အထားတစ်ခု

----------------------------------------------------------

ဖခင် ပြုစုခေါင်း ဖတေအာလီ ကွယ်လွန်သွားသဖြင့် သားဖြစ်သူ ပြုစုခေါင်း ဖဇဲရာလီက ဖခင်၏ ပိုင်ဆိုင်မှုများမှ ကွန်တိုင်ပြုစုကို မိမိ နာမည်နှင့် လွှဲပြောင်းယူသည့် ပတ္တာလက်မှတ်စာဖြစ်သည်။ ၁၈၇၄ ခု ဒီဇင်ဘာလ ၂၂ ရက်နေ့ လျှောက်ထားသည်ဟု တိတိကျကျ ပါရှိသည်။ စာချုပ်တွင် ဂေါ်ဝနာရ်မင်းကြီး၏ ခွင့်ပြုချက် လက်မှတ်နှင့်အတူ Deputy Commissioner ....... (ဒုတိယမင်းကြီးသခင်ဘရား နန်းတော်ဝန်) စာသားပါ ဗြိတိသျှကိုလိုနီအစိုးရ၏ သရဖူတံဆိပ်တုံးလည်း ကျော့ဘက်တွင် ပါရှိသည်။ စာချုပ်ကို အောင်ကျော်စံ အမည်ရှိ စာရေးတစ်ဦးက ရေးသည်ဟု ဖော်ပြထားသည်။

ကွန်တိုင်ကျေးရွာတွင် ယနေ့အချိန်အထိ ဘော်လီဝတ်ပြုကျောင်း၊ ဘော်လီရေကန် တို့ တည်ရှိပါသည်။ (ဖတေအာလီမှာ ဘော်လီဘာဇားကို တည်ခဲ့သော ပုဂ္ဂုလ်ဖြစ်သည်။ ဘော်လီ ဟု လူသိများသည်။ ဘော်လီ၏ အတ္တုပ္ပတ္တိကို သီးခြားပို့စ် တစ်ခုနှင့် ဖော်ပြပါမည်။)


ရိုးသားစွာ စဉ်းစားဝေဖန်ကြည့်ပါရန်-

— ဖခင် ပြုစုခေါင်း ကွယ်လွန်ပြီးနောက် သားဖြစ်သူက အဖပိုင်ဥစ္စာကို မိမိနာမည်နှင့် လွှဲပြောင်းသည့် ခုနှစ်က ၁၈၇၄ ခုနှစ်ဆိုလျှင်…

ဖခင် အသက်ရှင်ခဲ့သည့် သက်တမ်း ၇၀ နှစ် ဆိုပါစို့ …(အသက် ၈၂ နှစ်တွင် ကွယ်လွန်သည်ဟု ဆိုသည်) 

နောက်ပြန်ဆုတ် တွက်ကြည့်သော် သက္ကရာဇ် ၁၈၀၇ ခုနှစ်ခန့် ရရှိမည်။

— အာဏာရှင်တို့၏ ဥပဒေ အရ ၁၈၂၃ မတိုင်မီကပင် ဗမာပြည်မှာ နေထိုင်နေသော မျိုးရိုးစဉ်ဆက်များသည်သာ တိုင်းရင်းသား အဖြစ်သတ်မှတ်လျှင်…

ရိုဟင်ဂျာတို့လည်း စစ်မှန်သော တိုင်းရင်းသား မဟုတ်ပါလော့။

— ရိုဟင်ဂျာတို့သည် အဘယ် အပြစ်ကြောင့် ညကရောက်လာသကဲ့သို့ ခိုးဝင်ဖြစ်နေရသနည်း။ အသားအရေ မတူ၍လား… ကိုးကွယ်သည့်ဘာသာ မတူ၍လား။

— လူထုဝဏ္ဏ

(9-6-2022)


Monday, June 6, 2022

ဂျီနိုဆိုဒ် မှတ်တမ်းဝင်သွားတဲ့ လူသားအရေခြုံ တောရိုင်း စကားများ

 


ဂျီနိုဆိုဒ် မှတ်တမ်းဝင်သွားတဲ့ လူသားအရေခြုံ တောရိုင်း စကားများ

"ပုဆိန်က မမှတ်မိပေမယ့် သစ်ပင်ကတော့ ဘယ်မေ့နိုင်ပါ့မလဲ၊၊"
တစ်ချို့စကားတွေဟာ ဘဝတစ်သက် မမေ့နိုင်ဘူး။ ဘယ်သူမေ့မေ့ စိတ်ထိခိုက် ဘဝဖျက်ဆီးခံရတဲ့ သူတွေကျတော့ မေ့ရခက်ပါတယ်။ သမိုင်းစာမျက်နှာမှာ သံရည်ကျိုမင်တွေနဲ့ မော်ကွန်းတင်ထားသလို ကမ္ဘာတည်သရွေ့ ကျန်ရစ်နေမှာပါ။ ရိုဟင်ဂျာတို့ရဲ့ ဘဝကို ရိုက်ချိုးခဲ့တဲ့ စကားအချို့ကို ဖော်ပြပေးတယ်။

၁။    

"လူမျိုးတုန်းသတ်ဖြတ်မှု အထမြောက်သွားတော့ ပြန်မခေါ်ချင်တော့ဘူး။ ကျန်နေတဲ့ victims တွေကိုလည်း ရောက်တဲ့နေရာမှာ လုံးဝမျိုးတုန်းအောင် လုပ်ချင်သေးတဲ့ မျိုးချစ်ယုတ်။"

ဒီလိုမျိုး အရေခြုံတွေအချို့ကြောင့် တို့မြန်မာနိုင်ငံဟာ အဓမ္မအောက်က မလွှတ်မြောက်နိုင်တာ။ သက်တမ်းရှည်ရှည် စစ်ကျွန်ဖြစ်ခံနေရတာ။ သူ့ကိုပေးထားတဲ့ ရာထူးကို ကြည့်ပါလား။ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးတဲ့။ စိတ်ဓာတ်ကတော ဝန်ကြီးနဲ့ မတန်ဘူးဗျာ။ ဒီလောက် အိုင်တီခေတ်ကြီးမှာ ပေါ်ပေါ်ထင်ထင် မိုက်မဲရမ်းကားရဲတာက အကြမ်းဖက်သမား ခေါင်းဆောင်ထက်တောင် ပိုသေးတယ်ဟ။ 

လူနည်းစုတစ်စုကို ပိတ်လှောင်ထားပြီးတော့ ဝိုင်းသတ်ကြတယ်။ အဲ့ဒီ လူသတ်ကွင်းကနေ အနိုင်နိုင်ထွက်ပြေးသွားပြီးတော့ တစ်ဖက်နိုင်ငံမှာ ဒုက္ခသည်အဖြစ်ခိုလှုံရတဲ့အထိ သောင်းကျန်းခဲ့တယ်။ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်အောင် ကြံခဲ့တယ်။ သူတို့ရဲ့ ဥစ္စာဓနတွေ လုယူပြီးတော့ သူတို့ရဲ့ အိုးအိမ်တွေကို ဖျက်ဆီးပစ်ခဲ့တယ်။ သူတို့ပိုင်ဆိုင်တဲ့ ဘိုးအဘွားအမွေ လယ်မြေတွေကို သိမ်းယူလုပ်စားတယ်။ 

ဇော်အေးမောင်က ဒီလောက်နဲ့ မဝသေးဘူး။ ကျေနပ်မှု မရသေးဘူး။ အားကိုးရာမဲ့ ဒီလူတွေကို ဒုက္ခသည်စခန်းမှာပဲ နေစေချင်တယ်။ အဲ့ဒီမှာ တဖြည်းဖြည်း လုံးဝ မျိုးတုန်းသွားအောင် လုပ်ချင်တယ်။ အင်မတန် ယုတ်ညံ့တဲ့ နာဇီစိတ်ဓာတ်ရှင်ပဲကွယ်။ 

ဒါနဲ့ သူက "ဘင်္ဂါလီလူမျိုး ၇ သိန်းကို လက်ခံမယ်ဆိုရင် နောက်နှစ် ၂၀ တွင် မုတ်ဆိတ်နဲ့ သမ္မတကို တွေ့ရလိမ့်မယ်" တဲ့။ ဒီသောက်ကျိုးမရှိတဲ့ စကားက ဥပဒေဘောင်ကို ထင်ထင်ရှားရှား ချိုးပေါက်တာ မကဘူး လူသား သဘာဝရဲ့ ဘောင်ကိုတောင် ပက်စက်စက်စက် ကျူးလွန်လိုက်တာပဲ။ 

- "မုတ်ဆိတ်နဲ့ သမ္မတ မြင်တွေ့ရမည်" တဲ့…

ကဲ…ကောင်းပြီ။ ဒီနေရာ မေးချင်တာက မုတ်ဆိတ်နဲ့ သမ္မတ မြင်ရရင် ဘာဖြစ်လို့လဲ။ မြန်မာပြည်ဟာ စစ်မှန်တဲ့ ပြည်သူ့အုပ်ချုပ်တဲ့စနစ်ကိုပဲ လိုလားနေတာမဟုတ်လား။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တယ်ဆိုရင် မုတ်ဆိတ်မပြောနဲ့ ဦးချိုပါရင်လည်း သမ္မတဖြစ်နိုင်တယ်လေ။   ပြည်သူတွေက လွှတ်လွှတ်လပ်လပ် ရွေးချယ်ဖို့ပဲ အဓိကလေ။ ဒီမျိုးချစ်ရူးက ပြည်သူကို ဘယ်လိုဘယ်လို ဂျင်းထည့်ပြီးတော့ brainwash လုပ်ခဲ့တာကို ကြည်ကြည်ဖြူဖြူ စဉ်းစားကြည့်မယ်ဆိုရင် သဘောပေါက်ပါလိမ့်မယ်။

- "အဲဒီလူတွေကို လက်ခံမယ်ဆိုရင်" တဲ့...

"လက်ခံမယ်ဆိုရင်" ဆိုတာက တော်တော်ကို စာနာစိတ်ကင်းမဲ့တဲ့ လူယုတ်မာရဲ့ စိတ်ဓာတ်ကို ထင်ဟပ်စေတယ်။ စစ်အာဏာရှင်တွေတောင် မပြောရဲခဲ့ဘူး။ ဇော်အေးမောင်က အာဏာရှင်တွေထက်တောင် ဆိုးသွမ်းရမ်းကားလိုက်တာပေါ့။ မင်းတို့က ပုရွက်ဆိတ်လို သတ်ဖြတ်ပြီးတော့ သူတို့ရဲ့ ဇာတိမြေကနေ မောင်းထုတ်လိုက်တဲ့ လူတွေဖြစ်တာ ကမ္ဘာအသိပဲ။ အဲ့ဒီလူတွေကို လက်မခံဘဲ ဖြစ်နိုင်ပါ့မလား။ ဦးနေဝင်းလို အာဏာရှင်တောင် no နဲ့ အဆင်မပြေခဲ့ဘူး။ ခေါင်း တညိတ်ညိတ် ပြန်ခေါ်ရသေးတယ်။ 

အချုပ်ပြောရရင်တော့ ဒီပေါက်တိုင်းစားချင်တဲ့ ငဇော်ရဲ့ ပဲ့ကိုင်မဲ့ နှုတ်ထွက်စကားဟာ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု သမိုင်းတွင် အမည်းစက်တစ်ခုအနေနဲ့ ကျန်ရှိနေတော့မယ်။

၂။ 

၂၀၁၉ ခု ဇွန်လ ဥရောပခရီးစဉ်အတွင်း မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်တို့ ဘူဒါပတ် မှာတွေ့ဆုံစဉ် မွတ်စလင်လူဦးရေတိုးပွားလာမှုအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ဂါဒီးယန်းသတင်းဌာနကဖော်ပြလိုက်ပါတယ်။

အဲဒီမှာ သူရဲ့ စိုးရိမ်ပူပန်မှုက 

မွတ်စလင်လူဦးရေ ဆက်လက်တိုးပွားလာမှုဟာ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်တယ်” တဲ့ 

ဒီမိုအိုင်ကွန်လို့ ကမ္ဘာက အထင်မှားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလဲ မျိုးချစ်စိတ်ဓာတ်အရေကို အပြောမာယာနဲ့ ဖုံးကွယ်ထားတဲ့ အရေခြုံပါပဲ။ အချိန်တန်တော့ ဇာတိပြလိုက်လေတယ်။ ထိုင်ခုံတည်မြဲရေးအတွက် အရေခွာပြလိုက်ရတော့တယ်။ 

သူကလဲ မွတ်စလင်တွေကို ရှင်သန်ခွင့်မပေးချင်ဘူး။ လက်ရှိရှိတဲ့လူဦးရေနဲ့ပဲ မျိုးတုန်းစေချင်တယ်။ လူဦးရေတိုးနေတာကို ထိန်းသိမ်းတဲ့အနေနဲ့ နဲနဲလောက် သုတ်သင်ရှင်းပစ်လိုက်တာလို့ သူဆိုလိုချင်တာ ဖြစ်နိုင်တယ်။

သူက မွတ်စလင်ဆန့်ကျင်ရေး စကားတွေကို ဒီတစ်ခါပဲ ပြောသွားတာ မဟုတ်ဘူး။ အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့တဲ့ အရေခြုံမြန်မာ့ခေါင်းဆောင် တစ်ဦးလည်းဖြစ်တယ်။ သူက အပြောကောင်းတော့ မသိမသာ ပြောသွားတာလည်း တပံုကြီးပဲ။


ဒီမှာ တစ်ခွန်းကြည့်… "အကြမ်းဖက်လူ့အဖွဲ့အစည်းတွေနဲ့ အတူယှဉ်တွဲနေထိုင်ဖို့ မဖြစ်နိုင် ပြတ်သားသော မူဝါဒချနှိမ်နင်းမည်" တဲ့။ ဒါက ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ လူသိရှင်ကြား ပြောသွားတဲ့ မေတ္တာရှင် ဒေါ်စုရဲ့ စကားဖြစ်တယ်။ သူက နိုင်ငံ ဦးထိပ်ခေါင်းဆောင်တစ်ဦးဖြစ်ပေမယ့် လူနည်းစုတစ်စုလုံးကို အကြမ်းဖက်လူ့အဖွဲ့အစည်းလို့ သမုတ်လိုက်တာကနေ သူအဘယ်အတိုင်းအတာအထိ ယုတ်မာတယ်ဆိုတာ ထင်ရှားစေတယ်။ 

ပြီးတော့ ပြတ်သားတဲ့ မူဝါဒချနှိမ်နင်းမည် ဆိုသည့်အတိုင်း ဆောင်ရွက်ခဲ့တယ်။ ကာလှုံ အစည်းအဝေးခေါ်ပြီးတော့ ရိုဟင်ဂျာဂျီနိုဒ်ကို အထမြောက်စေခဲ့တယ်။

၂၀၁၃ ခုနှစ်မှာ ဗမာပြည်ကို ရောက်လာတဲ့ သံအဖွဲ့တဖွဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ အောင်ဆန်းစုကြည်နဲ့ မေးမြန်းတဲ့အခါ သူက-

" ကျေးဇူးပြု၍ သူတို့ကို ရိုဟင်ဂျာလို့ မခေါ်ပါနဲ့။ သူတို့ဟာ ဘင်္ဂါလီတွေ ဖြစ်တယ်။ သူတို့ဟာ နိုင်ငံခြားသားတွေ ပါပဲ" လို့ သတိပေးခဲ့တယ်တဲ့။ အဆိုပါတွေ့ဆုံပွဲတွင် ရှိခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးက ဖွင့်ဆုတယ်လို့   The Wall Street Journal သတင်းဌာန " အောင်ဆန်းစုကြည် တိတ်ဆိတ်နေခြင်းရဲ့ နောက်ကွယ်က" လို့ ခေါင်းစဉ်တပ်ထားတဲ့ဆောင်းပါးမှာ ဖော်ထားတယ်။ 

၂၀၁၆ ခု မတ်လတုန်းက ဘီဘီစီ တူဒေး (BBC Today) သတင်းတင်ဆက်သူ သတင်းထောက် Mishal Husain နဲ့ အင်တာဗျူးတစ်ခုမှာ ဒေါ်စုက-

"ကျမကို မွတ်စလင်တစ်ယောက် အင်တာဗျူးလုပ်မယ်လို့ ဘယ်သူမှ မပြောခဲ့ဘူး။" လို့ မေးခွန်းတွေဖြေရခက်နေတော့ ဒေါမာန်နဲ့ပြောဆိုခဲ့တယ်တဲ့။    အဲ့ဒီ မှတ်ချက်က အတော်ကို ပျံ့နှံ့ခဲ့တယ်။ 

 ကိုးကား။

၃။ 


ဒီမှာ တစ်ယောက် မြန်မာပြည်ကို အစ္စရေးလို လုပ်ချင်စိတ်စောနေတဲ့ နိုင်ငံရေး အရေခြုံ လူယုတ် ဖြစ်တယ်။ ၂၀၁၂ ဇွန်လ တုန်းက စကားဖြစ်တယ်။ 

"ရခိုင်ရွာတွေကို မူရင်းအတိုင်း ပြန်လည်တည်ဆောက်ပေးဖို့ လိုတယ်။ အစ္စရေးနိုင်ငံလို လုပ်ရလိမ့်မယ် " တဲ့

- ရခိုင်ရွာတွေကို မူရင်းအတိုင်း ပြန်လည်တည်ဆောက်ပေးဖို့လိုတယ် တဲ့။ ဘယ်က ရခိုင်ရွာတွေတုန်း။ ဘယ်မှာပျောက်သွားလို့ ပြန်လည်တည်ဆောက်ရမှာတုန်း။ ရခိုင်တစ်ခုလုံးမှာ နထလ ရွာတွေတည်ဆောက်ပြီးတော့ မွတ်စလင်တွေရဲ့ လယ်မြေတွေကို သိမ်းပိုက်နေချိန်၊ အထက်ရခိုင်ပြည် မြို့အသီးသီးက မွတ်စလင်ရွာတွေကို မီးရှို့ဖျက်ဆီးပြီးတော့ အိုင်ဒီပီ စခန်းသွင်းချိန်မှာ သူက ဒဏ်ဏ္ဍာရီထဲက ရခိုင်ရွာ ပြန်လည်တည်ဆောက်ဖို့ ပြည်သူတွေကို ဂျင်းထည့်ခဲ့တယ်လေ။ 

- "အစ္စရေးနိုင်ငံလို လုပ်ရလိမ့်မယ်" တဲ့

မွတ်စလင်တွေကို သူတို့ရဲ့ ဘိုးဘွားမြေမှ မောင်းထုတ်ကာ နိုင်ငံကို လုယူရမယ်လို့ ဆိုချင်တာဖြစ်မယ်။ ၂၀၁၂-၂၀၁၇ ကာလအတွင်း သူ့စကားတွေ အကောင်အတည် ဖော်ခဲ့တယ်။ 

၄။ 

သမ္မတ ဦးသိန်းစိန် အုပ်ချုပ်ခဲ့တဲ့ကာလက    တော်တော့်ကို ရယ်စရကောင်းခဲ့တယ်။ သူရဲ့ ဘာဆုံးဖြတ်ချက်မှ တသမတ်တည်း မရှိခဲ့ဘူး။ ဒီပါတီက ထအော်လိုက်ရင် တစ်မျိုး၊ ဟိုပါတီက ထအော်ပြန်ရင် နောက်တစ်မျိုး ပုတ်သင်ညိုလို ပြောင်းသွားတတ်တယ်။ ဉာဏ်မမီဘဲ သမ္မတ ထလုပ်နေသလို ထင်မိတယ်။ 

သူကလည်းပဲ မွတ်စလင်တွေကို မြန်မာနိုင်ငံမှာ မနေစေချင်ဘူး။    ဗုဒ္ဓဘာသာ သီးသန့်နိုင်ငံလုပ်ချင်နေတာကိုး။ 

"ရခိုင်ပြည်နယ်က ရိုဟင်ဂျာမူဆလင်တွေကို တတိယနိုင်ငံတခုခုဆီ ပို့ပေးတာ ဒါမှမဟုတ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR က စောင့်ရှောက်ပေးတာမျိုး ဖြစ်စေချင်တယ် " လို့ မြန်မာသမ္မတ ဦးသိန်းစိန်က UNHCR မဟာမင်းကြီး Antonio Guterres နဲ့ ၂၀၁၂ ခု၊ ဇူလိုင် ၁၂ ရက် ဗုဒ္ဓဟူးနေ့က တွေ့ဆုံ ဆွေးနွေးပြီး တဲ့နောက် ပြောခဲ့တဲ့ စကားဖြစ်တယ်။ 

https://burmese.voanews.com/amp/article----07-12-12-my-news-burma----162289156/1417865.html

၅။ 

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က မြိုင်ကြီးငူ ဆရာတော် ဈာပနအခမ်းအနားကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့က မြိုင်ကြီးငူဒေသမှာ ကျင်းပခဲ့တဲ့ အခမ်းအနားမှာ တက်ရောက်တဲ့ ဆရာတော် သံဃာတော်ကြီးတွေကို လျှောက်ထားပြောကြားရာမှာ 

"အစွန်းရောက်ဘာသာကြီးတစ်ခုက ဇနီး ၃/၄ ဦးယူပြီး သားသမီး ၂၀ လောက် မွေးနေတယ်

လို့ ယုတ်မာစွာ သုံးနှုန်းပြောကြားခဲ့တယ်။

ဒီသူရအောင်ကိုဟာ ဘယ်လိုမျိုးနဲု့ သာသနာရေးဝန်ကြီးဖြစ်လာတာလဲ ဆိုတာ စဉ်းစားဖို့လိုနေတယ်။  တိုင်းပြည်တစ်ပြည်ရဲ့ သာသနာရေးဝန်ကြီးဆိုတာ ဘာသာတိုင်းကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ သိကျွမ်းလေးစား တန်ဖိုးထားဖို့ လိုတယ်မဟုတ်လား။  ကိုးကား 

၆။ 

ဒေါက်တာဝင်းမြတ်အေးကလည်း နောက်ကျန်မနေချင်ဘူး။ မုသား စကားနဲ့ မိုးခါးရေသောက်ပြလိုက်တယ်။ သူ ABC သတင်းဌာနရဲ့ ကမ္ဘာကျော်သတင်းထောက် Bob Woodruff နဲ႔ အင်တာဗျူးတစ်ခုမာ “လူမျိုးရှင်းလင်းရေးဆိုတာ မဟုတ်ပါဘူး - ကိုယ်တွေလုပ်တာမဟုတ်ပါဘူး။ သူတို႔ဘာသာသူတို့လုပ်တာဖြစ်တယ်” လို့ ပညာရှင်ကြီးက ဖြေခဲ့ပါတယ်။


နောက်တစ်ခုက PBS သတင်းဌာနအတွက် ရိုက်ကူးခဲ့တဲ့ မှတ်တမ်းရုပ်ရှင် Myanmar’s Killing Fields မှာ ဒါရိုက်တာဖြစ်သူ Evan Williams ကို ဖြေကြားခဲ့တာက "ရှင်းလင်းရေးနဲ့ပတ်သတ်ပြီး ဘာမှမသိဘူး" လို့ ဖြေကြားခဲ့ပေမယ့် 

တကယ်တမ်း ပြင်းထန်နေတဲ့ ဩဂုတ်လ ၂၇ ရက်နေ့မှာ သူကိုယ်တိုင်ရခိုင်ပြည် မြောက်ပိုင်းကို သွားရောက်ခဲ့ကြောင်း သတင်းတွေမှာအကျယ်တဝင့် ပါခဲ့ပါတယ်။

၇။ 


ဒီမှာ ဗမာပြည်ရဲ့ အထင်ရှားဆုံး ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဘာပြောသွားသလဲ။ ကြည့်ရအောင်…

ကျွန်တော်တို့ရဲ့   (၁၃၅) မျိုးသော တိုင်းရင်းသားတွေထဲမှာ သူတို့ မပါဘူး။ အခုဖြစ်နေတဲ့ ကိစ္စတွေက လူမျိုးရေး၊ ဘာသာရေး ပြဿနာမဟုတ်ဘူး။ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ကျူးကျော်ဝင်ရောက်လာတဲ့ သူတွေရယ်၊ အကြမ်းဖက်ရယ် အဲဒီနှစ်ခုက အခြေခံပဲ ဖြစ်တယ်။" တဲ့။

သူက တော်တော်ကို အလေးစားခံရတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။ အာဏာရှင်ကို အသက်နဲ့ ရင်းပြီး ဆန့်ကျင်သူတစ်ဦးဖြစ်တယ်။ ဒါပေမဲ့ အိစ္စလာမ်ဘာသာဝင်တွေနဲ့ ပတ်သတ်လာတော့ အများနည်းတူ ဆိုင်းတီးပြတာပေါ့။ သူတကယ်မုန်းတဲ့ အာဏာရှင်တွေက မဆင်မခြင် ထုတ်ပေးတဲ့ တိုင်းရင်းသား ၁၃၅ မျိုးကို သူ မျက်စိပိတ်ယုံလိုက်ပြီ။ ဘာတစ်ခုမှ သေသေချာချာ မလေ့လာဘဲ မျိုးယုတ်တို့ပြောသလို သူလည်း လိုက်ဆိုပြလိုက်ပြီ။ ဟန်နရီ ဗင်တီယူ တောင် တိုင်းရင်းသားစာရင်းကို ပြန်လည် စိစစ်ပြင်ဆင်ဖို့လိုအပ်ကြောင်း လွှတ်တော်မှာ အဆိုတင်သွင်းတာ မြန်မာပြည်သူတိုင်းသိတယ်။ မင်းအောင်လှိုင်တို့ အုပ်စုလို လဝက ဥပဒေအရ ခိုးဝင်တဲ့၊ အကြမ်းဖက်သမားတဲ့။ အင်မတန် အံ့ဩဖို့ကောင်းတယ်။ မွတ်စလင် ချေမှုန်းရေးဆိုရင် ဒီလူတွေ မိမိ သိက္ခတောင် မဆည်ဘူး။ ခြေစုံပစ် ခုန်ဆင်းတာပါပဲ။ 

၈။


ကိုကိုကြီးဆိုရင်တော့ သိပ်ပြောစရာ မလိုဘူးလို့ ထင်တယ်။ အလုံးက  သိပြီးသားပဲ။ သူကတော့ ရိုဟင်ဂျာဖြစ်တည်ရေးကို ဆန့်ကျင်တဲ့ သူတွေထဲက ဖြစ်တယ်။ ရိုဟင်ဂျာဆန့်ကျင်တဲ့ အမုန်းစကားတွေလည်း မကြာမကြာ ပြောတဲ့သူဖြစ်တယ်။ စုံစမ်းစစ်ဆေးရေး ကော်မတီမှာလည်း အဖွဲ့ဝင်လုပ်ခဲ့တယ်။ ရိုဟင်ဂျာတွေ ပက်ပက်စက်စက် သေကြေပျက်စီးနေချိန်မှာ စစ်တပ်က ဘာလူ့အခွင့်အရေးမှ ချိုးဖောက်တာကို သူမတွေ့ခဲ့ဘူးလို့ ထုတ်ပြန်ခဲ့တဲ့ သူဖြစ်တယ်။

"ရိုဟင်ဂျာမရှိဘူး။ တကယ့်ရှိတယ်ဆိုရင် ရှမ်းမှာ တရုတ်ရှိသလို တရုတ်မှာ ရှမ်းရှိတယ်။…… မောင်တောမှာ ရိုဟင်ဂျာရှိတယ်ဆိုရင် ဘင်္ဂလားမှာ ဘာကြောင့်မရှိလဲ။…… အားလုံး တစ်သံတည်းထွက်တယ်ဗျာ ရိုဟင်ဂျာတဲ့- သင်ပေးထားတာပါ " တဲ့။  

လလလလ

၉။


ပြည်ထဲရေး ကျော်ဆွေ ကိုတော့ သိကြမှာပါ။ စစ်တပ်က မျိုးယုတ်တစ်ယောက်ပေါ့။ စစ်တပ်ကတော့ မြန်မာပြည်သူတွေကို စိတ်ဓာတ်စစ်ဆင်ရေး (Emotional Blackmail) လုပ်ပြီးတော့ ရိုဟင်ဂျာ ဆန့်ကျင်လာအောင် တဆက်ဆက် ဂျင်းထည့်လာခဲ့တာကို တအံ့တဩချပြစရာမလိုဘူးလို့ ထင်တယ်။ ထုံးစံအတိုင်း ပြည်ထဲရေးက ကျော်ဆွေကလည်း ဂျင်းခတ်တဲ့ လက်တစ်လက်ပေါ့။

သူ့ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ် ၂၀၁၆ ခု အောက်တိုဘာလ ၁၆ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါ မီဒီယာသမားတွေကို- 

" ဥပဒေနဲ့အညီ မနေနိုင်ရင် ဒီပြည်ကနေ ထွက်သွားတဲ့။ … ငါတို့က ယောက်ျားတစ်ယောက်ကို မိန်းမတစ်ယောက်ပဲ ယူတယ်။ ဟိုက ယောက်ျားတစ်ယောက်ကို မိန်းမ လေးယောက်က ယူတယ်။ တစ်ယောက်က ဆယ်ယောက်စီ မွေးပေးရင် အိမ်ထောင်စုတစ်စုမှာ လူလေးဆယ်ကွာ။ ဒါနဲ့ လူကို လူနဲ့ကာရမယ်…" တဲ့။

သူပြောသွားတဲ့ စကားထဲမှာ အချက်သုံးချက်ကို တွေ့ရတယ်။ 

ပထမက "ဥပဒေနဲ့အညီနေနိုင်ရင်နေ၊ မနေနိုင်ရင် ထွက်သွား" တဲ့။

ဒီနေရာမှာ သူပြောချင်တဲ့ ဥပဒေက ရိုဟင်ဂျာကို အသံတိတ် မျိုးတုန်းအောင် ရေးဆွဲခဲ့တဲ့ နစကဥပဒေ ပေါ့။ သူလိုချင်တာ တိတ်ဆိတ်စွာ ဒီမြေပေါ်ကနေ ပျောက်သွားပေါ့။ သာမန်ပြည်သူတွေဟာ အဲ့ဒီနာဇီဥပဒေနဲ့ နေလာတာ  ၂၅ နှစ်စေ့လာပြီ။ နောက်ဆုံး ခံနိုင်ရည်ကုန်သွားတော့ လူတစ်စုက အုံ့ကြွလာတာဖြစ်တယ်။ သူက ထွက်သွားတဲ့။ ဧည့်သည်လိုလို ဘာလိုလိုနဲ့။ ကိုယ့်မြေကိုယ့်ရေမှာ နေထိုင်နေတာ ဘယ်ကိုထွက်သွားရမတုံး။ သူ့အဖေဘက်က ဝယ်ထားတဲ့မြေမှာ နေတာတော့မဟုတ်ဘူးလေ။ ဘိုးဘွားအမွေ ဇာတိမြေမှာ နေတာဖြစ်တယ်။ သူက ဒီလိုစကားမျိုးထွက်နိုင်အောင် သူဘာကောင်လဲတော့ မေးခွန်းထုတ်စရာ။

ဒုတိယအချက်နဲ့ ပြည်သူကို ဂျင်းထည့်တာက " မိန်းမ များများ ယူတယ်တဲ့။ ကလေးများများ မွေးတယ်" တဲ့။

မိန်းမများများ ယူလို့ရအောင်၊ ကလေးများများ မွေးလို့ရအောင် အဲ့ဒီစစ်တပ်က လုပ်ပေးတာလား။ ၂၅ နှစ်တိုင်တိုင် တစ်လင်တစ်မယားစနစ်၊ မိန်းမတစ်ယောက်တောင် ကောင်းကောင်းယူလို့မရတဲ့ စနစ်၊ ကလေးနှစ်ထက် ပိုမမွေးရ၊ လက်ထပ်ခွင့် စတဲ့ဟာနဲ့ ချုပ်ချယ်ထာဖိနှိပ်ထားတာကိုး။ ပြည်သူတွေက ဂျင်းမှန်း နားမလည်ခဲ့ဘူး။ ကုလားမုန်းစိတ်နဲ့ ထအော်တာချည်းပဲ။ 

နောက်ဆုံးအချက်က "လူကို လူနဲ့ ကာရမယ်"တဲ့။ ဒါက လူမျိုးတုန်းသတ်ဖို့အတွက် နေဝင်းလက်ထက်ကပင် ရေးဆွဲခဲ့တဲ့ ပလန်ပါပဲ။ ဆောင်းပုဒ်တွေ အကြီးကြီးနဲ့ "မြေမျို၍လူမျိုးမပျောက်၊ လူမျို၍လူမျိုးပျောက်သည်" လဝကရုံးမှာ ချိတ်ဆွဲထားတာ လူတိုင်းတွေ့မှာပါ။ ဒီအစီအစဉ်နဲ့ နတလ ကျေးရွာတွေ နယ်စပ်တစ်လျှောက် တည်ပြီးတော့ ရိုဟင်ဂျာမက ရခိုင်လူမျိုးတောင် ပပျောက်သွားအောင် လုပ်နေဆဲပဲ။ ဒီထပ်တစ်ခါ ရခိုင်လူမျိုးကို စာနာသလိုလိုနဲ့ သွေးတိုးပေးလိုက်တာ။ ကုလားတွေက လူများတယ်။ မင်းတို့အချင်းချင်း သတ်ပြီးတော့ ကုလားတွေကို သုတ်သင်ရှင်းပစ်ရမှာ။ 

နတ်မျက်စိ

(၆ -ဇြန္-၂၀၂၂)



Stop Rohingya Genocide