ရိုဟင်ဂျာသမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲအတွက် သမ္မတဦးသိန်းစိန်ထံသို့ စာပေးပို့ခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်
(၁) ဦးရဲထွဋ်
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူဒုတိယ၀န်ကြီးပြန်ကြားရေး ၀န်ကြီးဌာနနေပြည်တော်၊ မြန်မာနိုင်ငံ။Email: myehtut@ gmail.comyehtut.moi.myanmar@gmail.com
(၂) ကိုမင်းကိုနိုင်
ကျောင်းသားခေါင်းဆောင်၈၈ မျိုးဆက်ကျောင်းသားများရန်ကုန်မြို့၊ မြန်မာနိုင်ငံ။Email: info@the88generation.org
(၃) အလ်ဟာဂ်ျ ဃာဇီ ဦးတင်မောင်သန်း
အထွေထွေအတွင်းရေးမှူးအစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။Email: irac@iracmyanmar.orglion.tmt@gmail.com
သမ္မတကြီးဦးသိန်းစိန်ထံသို့ ပေးပို့ခဲ့ပြီးသော တရားဝင်ဖိတ်ကြားချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
သို့
ဦးသိန်းစိန်
သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့
နေပြည်တော်၊ မြန်မာနိုင်ငံ။
အကြောင်းအရာ ။ ။ ရိုဟင်ဂျာတိုင်းရင်းသားများနှင့်ပတ်သက်သည့် သမိုင်းဆိုင်ရာစကားစစ်ထိုးပွဲ (Debate) တစ်ပွဲအား တက်ရောက်ဆင်နွှဲရန် ဖိတ်ကြားခြင်း။
လူကြီးမင်းတို့၏ အာဏာရအစိုးရအနေနှင့် ရိုဟင်ဂျာလူမျိုးဟူသည် မြန်မာနိုင်ငံတွင် မည်သည့်အခါ၌မျှ မရှိခဲ့ကြောင်း သမိုင်း၏ အရှိတရားကို လျစ်လျူ၍ အမှန်တရားကို ငြင်းပယ်ကာ လူမျိုးအစွန်းရောက်ဝါဒနှင့် ဘာသာရေးအစွန်းရောက်ဝါဒတို့ကို အခြေခံ၍ ရိုဟင်ဂျာလူမျိုး၏သမိုင်းအား ခါးခါးသီးသီး ငြင်းဆန်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။ ထို့ပြင် လူကြီးမင်းတို့၏ အစိုးရအာဏာပိုင် အကြီးအကဲများမှ ရိုဟင်ဂျာလူမျိုးများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးများအနက်မှ လူမျိုးအုပ်စုတစ်စုဖြစ်ကြောင်းကိုလည်း ထပ်မံ၍ ငြင်းဆန်ထားသည်ကိုလည်း လေ့လာသိရှိရပါသည်။
သို့ပါ၍ လူကြီးမင်း သမ္မတဦးသိန်းစိန်အပါအ၀င် မည်သူနှင့်မဆို ရိုဟင်ဂျာလူမျိုးဟူ သည် မြန်မာနိုင်ငံတွင်ရှိနေခဲ့သော လူမျိုးတစ်မျိုးဖြစ်ကြောင်း၊ ပါလီမာန်ဒီမိုကရေစီခေတ်က မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးတစ်မျိုး အဖြစ် သတ်မှတ်ခဲ့ကြောင်းကို အထောက်အများနှင့်တကွ ဆွေးနွေး၍ သက်သေထူ တင်ပြပေးမည့် ပါရဂူဘွဲ့ရ နိုင်ငံတကာ သမိုင်း ပညာရှင်ကြီးများဖြစ်ကြသော ပါမောက္ခ Dr Abid Bahar နှင့် ပါမောက္ခ Dr. Habib Siddiqui တို့နှစ်ဦးနှင့် ရိုဟင်ဂျာသမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ (Debate) တစ်ပွဲအား ကျွန်ုပ်တို့၏ Burmese Muslim Youths For Human Rights and Justice အစည်းအရုံးမှ တာဝန်ယူ၍ လူကြီးမင်းတို့ စိတ်ကြိုက် ရွေးချယ်မည့် မည်သည့် နိုင်ငံတကာစင်မြင့်တွင်မဆို နိုင်ငံတကာ မီဒီယာဌာနများနှင့် ဂုဏ်သရေရှိ လူကြီးမင်းများ၏ ရှေ့မှောက်တွင် တာဝန်ယူ ကျင်းပပေးသွားပေမည်။
အကယ်၍ လူကြီးမင်းတို့ကိုယ်တိုင် ထိုရိုဟင်ဂျာသမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ (Debate) သို့ မတက်ရောက်နိုင်ပါက လူကြီးမင်းတို့၏ အာဏာရအစိုးရမှ သမိုင်းပညာရှင်ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ကို စေလွှတ်၍ တက်ရောက်ယှဉ်ပြိုင်လိုပါကလည်း ကြိုဆိုပါသည်။ ရိုဟင်ဂျာလူမျိုးများ၏ သမိုင်းစစ်၊ သမိုင်းမှန်ကို ငြင်းပယ်ခြင်းသည် လူမျိုးတုန်းသတ်ဖြတ်မှု၏ စိုးရိမ်ဖွယ်ရာ လက္ခဏာများအနက်မှ လက္ခဏာတစ်ရပ်ဖြစ်ကြောင်းကိုလည်း International Association of Genocide Scholars ၏ ဥက္ကဌဟောင်း Professor William Schabas မှ ပြောကြားခဲ့ပြီး ဖြစ်ပါသည်။
သို့ပါ၍ လူကြီးမင်းတို့သည် သမိုင်းစစ်၊ သမိုင်းမှန်ကို ငြင်းဆန်နေသူများ မဟုတ်ကြောင်း၊ လူကြီးမင်းတို့၏ ယုံကြည်ယူဆချက်ဖြစ်သည့် ရိုဟင်ဂျာလူမျိုးဟူသည် မြန်မာ့သမိုင်းတွင် မည်သည့်အခါကမျှ မရှိခဲ့ကြောင်းနှင့် ရိုဟင်ဂျာလူမျိုးများသည် မည်သည့်ခေတ်ကာလကမျှ မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးအုပ်စုတစ်စု မဖြစ်ကြောင်းကို လူကြီးမင်းတို့မှ အခိုင်အမာ သက်သေပြရန် ကျွန်ုပ်တို့ အစည်းအရုံးမှ တာဝန်ယူ စီစဉ်ကျင်းပပေးမည့် ရိုဟင်ဂျာသမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ(Debate)သို့ တက်ရောက်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားလိုက်ပါသည်။
ကျွန်ုပ်တို့၏ ဤဖိတ်ကြားချက်အား လူကြီးမင်းတို့အနေနှင့် လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ဤဖိတ်ကြားစာအား လက်ခံရရှိသည့်အချိန်မှစ၍ သုံးရက်အတွင်း ကျွန်ုပ်တို့ထံသို့ Letterhead တွင်ပါရှိသည့် ကျွန်ုပ်တို့၏ အီးမေးလ်များသို့ အကြောင်းပြန်ကြားစေလိုပါသည်။ ကျွန်ုပ်တို့ အမိမြန်မာနိုင်ငံတော်၏ ပြည်သူပြည်သားများအားလုံး အကြမ်းဖက်မှု ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေး၍ ကိုယ်၊ စိတ်၊ ၀ိညာဉ် သုံးပါးစလုံး အေးချမ်းသာယာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျှက်။
လေးစားစွာဖြင့်
ဦးမောင်မောင်လှ
အထွေထွေ အတွင်းရေးမှူး
Burmese Muslim For Human Rights And Justice
3248 Park Lane
Hawthorne, CA 90250
United States of America
Phone: +1 310 980 9111
E-mail: paletwa@yahoo.com, secretarybmy@gmail.com
3248 Park Lane
Hawthorne, CA 90250
United States of America
Phone: +1 310 980 9111
E-mail: paletwa@yahoo.com, secretarybmy@gmail.com
မိတ္တူကို
====
(၁) ဦးရွှေမန်း
ဥက္ကဌ
ပြည်သူ့လွှတ်တော်
နေပြည်တော်၊ မြန်မာနိုင်ငံ။
(၂) ဦးရဲထွဋ်
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ
ဒုတိယ၀န်ကြီး
ပြန်ကြားရေး၀န်ကြီးဌာန
နေပြည်တော်၊ မြန်မာနိုင်ငံ။
Email: myehtut@ gmail.com
yehtut.moi.myanmar@gmail.com
(၃) ကိုမင်းကိုနိုင်
ကျောင်းသားခေါင်းဆောင်
၈၈ မျိုးဆက်ကျောင်းသားများ
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။
Email: info@the88generation.org
(၄) အလ်ဟာဂ်ျ ဃာဇီဦးတင်မောင်သန်း
အထွေထွေအတွင်းရေးမှူး
အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။
Email: irac@iracmyanmar.org
lion.tmt@gmail.com
သမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ (Historical Debate) အား တာဝန်ယူစီစဉ်ပေးရခြင်း၏ ရည်ရွယ်ချက်များ
================================
၁။ ရိုဟင်ဂျာလူမျိုးသည် မြန်မာနိုင်ငံတွင် အမှန်တကယ် တည်ရှိခဲ့သော လူမျိုးတစ်မျိုး ဟုတ်၊ မဟုတ်ဆိုသည့်အချက်အား ကမ္ဘာ့နိုင်ငံ အသီးသီးနှင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူလူထုတစ်ရပ်လုံး သိရှိစေရန်။
၂။ “ရိုဟင်ဂျာလူမျိုးများ မရှိဟု ပြောဆိုနေသူများသည် လူလိမ်များဖြစ်သလော” (သို့မဟုတ်) “ရိုဟင်ဂျာလူမျိုးများ ရှိသည်ဟု အခိုင်အမာ ပြောဆိုနေသူများသည် လူလိမ်များဖြစ်ပါသလား” ဆိုသည့်အချက်ကို လူသားထုတစ်ရပ်လုံး ကွက်ကွက်ကွင်းကွင်း သိရှိစေရန်။
၃။ ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်၊ ဇွန်လမှ စတင်၍ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အရေးသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ အရေးကိစ္စဖြစ်သည်ဟု လက်ရှိ နိုင်ငံရေးခေါင်းဆောင်များမှ လက်ခံထားပေသည်။ သို့ပါ၍ ထိုကဲ့သို့ မြန်မာတစ်နိုင်ငံလုံးနှင့်ပတ် သက်နေသည့် အရေးတော်ပုံကြီး၏ မူလအကြောင်းအရင်းများတွင် သမိုင်းဆိုင်ရာရှုပ်ထွေးမှုသည် အဓိကကျသော အကြောင်းအရာ တစ်ရပ် ဖြစ်ပေသည်။ ထို့ကြောင့် သမိုင်းမှန် ပေါ်ပေါက်ခြင်းဖြင့် ရခိုင်ပြည်နယ်တွင် ဘာသာမတူ၊ လူမျိုးကွဲပြားသော နိုင်ငံသူ၊ နိုင်ငံသားများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အထောက်အကူပြုစေရန်။
၎။ သမိုင်းစစ်၊ သမိုင်းမှန်ကို ဖော်ထုတ်ပေးခြင်းဖြင့် အပြစ်မဲ့ လူသားများ၏ အသက်၊ သွေး၊ အိုးအိမ်၊ စည်းစိမ်၊ ဂုဏ်သိက္ခာများကို အကာ အကွယ်ပေးရန်။
၅။ ရခိုင်ပြည်နယ်အရေးကြောင့် ကျွန်ုပ်တို့၏ အမိမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာသည် နိုင်ငံတကာ မျက်နှာစာတွင် အလွန်အမင်း ကျဆင်းလျက်ရှိရာ သမိုင်းစစ်၊ သမိုင်းမှန်အား ဖော်ထုတ်ခြင်းဖြင့် အမုန်းတရားများကို အတိုင်းတစ်ခုအထိ ငြိမ်းသတ်နိုင်မည်ဖြစ်ရာ ကျွန်ုပ်တို့၏ အမိမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာအား နိုင်ငံတကာ မျက်နှာစာတွင် ပြန်လည်၍ မြင့်တင်ပေးရန်။
PDF ဖိုင်ဖြင့် ဒေါင်း၍ ဖတ်ချင်သူများအတွက် လင့်ခ်များ
No comments:
Post a Comment