Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, July 19, 2020

သေကျိုးမနပ်



သေကျိုးမနပ်


ရေးဖွဲ့သူ- လူထုဝဏ္ဏ

တိုင်းပြည်အကျိုး သူ့အကျိုးဖို့
သူရဲသူကောင်း ကျေးဇူးရှင်တို့က
အသက်ဇီဝန် စတေးလျက်
သူ့ကျွန်ဘဝမှ လွတ်လပ်ရေးသို့
စွမ်းစွမ်းတမံ ပို့ဆောင်ခဲ့၏။

အာဏာရူးရှင် သူတစ်စုသည်
တရားမသိ သမာဓိမရှိ
လက်နက်ကိုကိုး ကိုယ့်ကျိုးဖို့
မျိုးချစ်ကင်ပွန်း ခံယူ၏။

တိုင်းပြည်ကိုဖျက် ပြည်သူကိုရက်စက်
မျိုးခြားကိုသတ် သူ့ဘဏ္ဍာဝှက်
မုဒိမ်း၊ မီးရှို့ ဒုစရိုက်နဲ့ ဒိုင်းကာလို့
ခုခံသူကို အကြမ်းဖက်သမုတ်ကာ
အရပ်တကာ တိုက်ပွဲနှင့်သာ
ငြိမ်းချမ်းရေးက ညှိုးမှိန်သွား။ 

အနာဂတ်သာ ပြည်မြန်မာ
အေးချမ်းငြိမ်းဝပ် ထွန်းပြောင်စေဖို့ 
ပေးဆပ်ခဲ့တဲ့ အာဇာနည်တို့
အသက်မြတ်လဲ အချည်းနှီးဖြစ်ကာ
သေရကျိုးမနပ်ဖြစ်ရရှာ။ 

(၁၉ ဇူလိုင်၊ ၂၀၂၀)


No comments:

Post a Comment