Diindahání
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Saturday, June 25, 2022
တရုတ်-ဗမာ အရေးအခင်း
တရုတ်ဗမာအရေးအခင်း
- San Nyo Aung (RIT)
တရုတ်-ဗမာ အရေးအခင်းသည် မဆလခေတ် ၁၉၆၇ ခုတွင် ဖြစ်ပွားခဲ့ပါသည်။ ထိုစဉ်က စာရေးသူ မိမိအသက််က-၁၆နှစ်။ ၁၀တန်းဖြေဆိုရန် အသဲအသန် ကျိုးစားနေရသောကာလ။ ခေါင်းကပူနေရတဲ့အထဲ စိတ်ကလည်း ပူနေရသေးသည်။ မြင်ရ၊ ကြားရတာတွေကလည်း စိတ်လက်မသက်သာ။ ထမင်းပင် ဝလင်အောင်မစားရသည့်ကာလ။ ထမင်းတလှည့် ခေါက်ဆွဲတလှည့်။ တစ်ခါတစ်ရံ ချာပါတီကလေးကို ကြားညှပ်၍ သုံးဆောင်ရပါသေးသည်။
အကြောင်းမူကား ၁၉၆၆ ခုက ရာသီဉတုဖောက်ပြန်၍ မြန်မာတစ်နိုင်ငံလုံး စပါးအထွက်နည်းခဲ့သော်လည်း၊ အစိုးရက ပြည်ပသို့ ဆန်တင်ပို့မှုမရှော့ခဲ့သည့်အတွက် ပြည်တွင်း၌ ဆန်ပြတ်လပ်ခဲ့ပါသည်။ အစိုးရက ပုံမှန်ပေးနေသည့် ဆန်ခွဲတမ်းကိုလည်း ထက်ဝက်မျှလျှော့ချလိုက်ရသည်။
ထို့ကြောင့် ဆင်းရဲသားတွေက ဆန်နဲ့ ပြောင်းကိုရော၍ စားကြရပါသည်။ ဒီထက်ဆင်းရဲသူက လူးနဲ့.ဆတ်ကိုသာ စားကြရသည်။ ဘာမှမရှိသူတွေက တောထဲမှ ကြွေးဉတွေကို တူး၍စားကြရပါသည်။
ဆန်ရှားမှုကို အကြောင်းပြု၍ စစ်တွေတွင် ဆန်လုပွဲကြီးဖြစ်လိုက်သည်။၁၉၆၇ ခု၊ ဩဂုတ်လ ( ၁၁ )ရက်နေ့တွင် စစ်တွေလူထုမှ နိုင်ငံတော်သို့ ဆန်ပေးပါရန် တောင်းဆိုကြပါသည်။ မပေးသဖြင့် ၁၃-၈-၁၉၆၇ နေ့တွင် ပြည်ပသို့တင်ပို့မည့် ဆန်များအား အတင်းဝင်၍လုကြရာစစ်တပ်က ပစ်ခတ်နှိမ်နင်းသဖြင့် လူ ၂၀၀ကျော် ၃၀၀ခန့် သေခဲ့ပါသည်။ သတင်းစာတွေထဲမတော့ ( ၂၄ )ဦး ကွယ်လွန်ဟု ဖော်ပြပါရှိပါသည်။
မြွေပူရာကင်းမှောင့်အနေဖြင့် သမိုင်းဝင် တရုတ်-ဗမာ အရေးအခင်းကြီးမှာ ၂၆-၆-၁၉၆၇ ၌ စတင်၍ ဖြစ်ပွားခဲ့ပါသည်။
၁၉၅၄ ခု တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း မြန်မာပြည်သို့ချစ်ကြည်ရေးလာရောက်စဉ်က မြန်မာပြည်မှ တရုတ်အမျိုးသားများအနေဖြင့် ကွန်မြူနစ်ပါတီ မထူထောင်ကြရန် အမှာစကားပြောကြားဘူးပါသည်။
သို့ရာတွင်
၁။ ၁၉၆၄ ခု ပြည်သူပိုင်သိမ်းစဉ် တရုတ်အမျိုးသားပိုင်ဆိုင်ခန်းပေါင်း ၆၇၀၀ကျော် ပါဝင်သွားခြင်း။
၂။ ဗီယက်နန်စစ်ပွဲတွင် တရုတ်က ဗီယက်နန်ဘက်မှ ဝင်တိုက်ပေးသော်လည်း မြန်မာက၊ ဗီယက်နန်ကို၊ မထောက်ခံခြင်း။
၃။ မြန်မာ-အိန္ဒိယ နယ်ခြားတွင် မီဇိုသူပုန်များအား တရုတ်မှစစ်သင်တန်းပေးလို၍ တောင်းဆိုခြင်းအား မလိုက်ရောခဲ့ခြင်း။
၄။ တရုတ်ကျောင်းပေါင်း( ၂၅၀ )ကျော်ကို ပြည်သူပိုင်ပြုလိုက်ခြင်း။
၅။ မြန်မာတိုင်းရင်းသား မဟုတ်သော တရုတ်ကျောင်းဆရာများကို အလုပ်ဖြုတ်ပြစ်ခြင်း။
အစရှိသေ ာကိစ္စများကြောင့် သဘောထားတစ်မျိုးပြောင်းလာပါသည်။ ထိုအချိန်က တရုတ်ပြည်တွင်လည်း ယဉ်ကျေးမှု တော်လှန်ရေးကြီးက အရှိန်အဟုန်ပြင်းနေသဖြင့် မြန်မာပြည်တွင်လည်း ယဉ်ကျေးမှုတော်လှန်ရေးကို အားပေးကြရန်နှင့် ဗမာပြည်ကွန်မြူနစ်ပါတီအားထောက်ခံကူညီရန် ဆုံးဖြတ်ခဲ့ကြပါတော့သည်။
အဆိုပါကိစ္စသည် တရုတ်သံရုံးမှတဆင့် ပင်လယ်ရပ်ခြား တရုတ်အမျိုးသားများအပြင် အထူးသဖြင့်တရုတ် စာသင်ကျောင်းများ၌ ယဉ်ကျေးမှုတော်လှန်ရေးနှင့် မော်စီတုန်း၏ အတွေးအခေါ်များကို ဖြန့်ဝေပါတော့သည်။
ပြည်သူပိုင်သိမ်းထားသော တရုတ်ကျောင်းများတွင် မြန်မာကျောင်းများနည်းတူ စည်းကမ်းကို တသမတ်တည်း ချမှတ်ထားရာ ကျောင်းနံရံများတွင် မော်စီတုန်းပုံအား ချိတ်ဆွဲခြင်း၊ မော်စီတုန်းပုံပါ ရင်ထိုးများအား တတ်ဆင်၍ကျောင်းတက်ခြင်း၊    မော်စီတုန်းအတွေးအခေါ်များကို ရေးသားထားသည့် စာအုပ်နီကလေးများကို လက်ဝယ်ထားရှိခြင်းအစရှိသည်တို့အား မပြုလုပ်ရန် ကန့်သတ်ထားပါသည်။
သို့သော်လည်း ၂၂-၆-၁၉၆၇ နေ့တွင် တရုတ်အမျိုးသမီး အလယ်တန်းကျောင်းမှစတင်၍ အဆိုပါ စည်းကမ်းအား ဖောက်ဖျက်ပြီး မော်စီတုန်းပုံရင်ထိုးများကို တတ်ဆင်ခြင်း၊ စာအုပ်နီများကို ကျောင်းသို့ ယူဆောင်လာခြင်းများ ပြုခဲ့သဖြင့် ဆရာ/ဆရာမများက တားဆီးရာမှ စတင်ပြီး ပြဿနာဖြစ်ကြပါသည်။
ထိုပြဿနာသည် အခြားသော တရုတ်ကျောင်းများဖြစ်သည့် နန်ယန်နှင့် ဝှာကျုံးကျောင်းများသို့ပါ ကူးစက်ပျံ့နှံ့ပြီး နောက်ဆုံးတွင်ရဲနှင့် ကျောင်းများ ထိပ်တိုက်တွေ့သည့် အခြေအနေသို့ ရောက်ရှိလာပါတော့သည်။
ထိုကိစ္စ၌ တရုတ်နီသံရုံးနှင့် ဆင်ဝှာသတင်းထောက် ယူမင်းရှန်တို့ကလည်း မီးလောင်ရာလေပင့်လိုက်၍ လုပ်နေခဲ့သဖြင့် အမှိုက်စ၍ပြဿဒ်ကို မီးလောင်ပါတော့သည်။
ထိုအချိန်တွင် ဘယ်ကစ၍လွှင့်မှန်းမသိသော ကောလဟာလသတင်းတစ်ပုဒ်က တောမီးပမာ ဝုန်းကနဲပျံ့နှံ့လာပါသည်။ တရုတ်ကျောင်းသား ၂ ယောက်က မြန်မာအမျိုးသမီးဆရာမကလေးတစ်ဦးကို မုဒိန်းကျင့်ပြီးနောက် သတ်ပစ်လိုက်သည်ဟု ဆိုပါသည်။
ထိုသတင်းကြောင့် သွေးဆူနေသော မြန်မာများ၊ သမိုင်းချည်စက်နှင့် အုတ်ကျင်းဂုံနီစက်ရုံမှ အလုပ်သမားများ၊ ကြည့်မြင်တိုင်တစ်ဘက်ကမ်းမှ မြန်မာရွာများက လူတွေစုပေါင်းပြီး ၂၆-၆-၁၉၆၇ နေ့တွင် တရုတ်သံရုံး-ကောင်စစ်ဝန်ရုံး-တရုတ်လေကြောင်းရုံး-ဆင်ဝှာသတင်းဌာနရုံး-တရုတ်ပိုင်ကလပ်များကို တိုက်ခိုက်ဖျက်ဆီးသည့်အပြင် တရုပ်အမျိုးသားပိုင်ဆိုင်ခန်းနှင့်နေအိမ်များပါမကျန် မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းအထိ လုပ်လာကြပါသည်။
ထိုကဲ့သို့ မင်းမဲ့စရိုက်ဆန်ဆန် သောင်းကျန်းနေခြင်းအား ရဲနှင့် စစ်တပ်က တားဆီးခြင်းမရှိဟု သိရှိရပါသည်။
ထိုလူအုပ်မှ တရုတ်မြင်ရင် အကုန်လိုက်သတ်နေသဖြင့် မြန်မာအများစုက ခင်ရာမင်ရာ မိတ်ဆွေတရုတ်များကို မိမိတို့အိမ်၌ ဖွက်၍ထားပေးကြပါသည်။ တစ်ချို့သော လမ်းများက လမ်းထိပ်တွင် လမ်း၌ (တရုတ်မရှိပါ) ဟူသော ဆိုင်းဘုတ်အားရေးသား၍ မိမိတို့လမ်း၏ လုံခြုံရေးကိုဆောင်ရွက်ကြရပါသည်။
၂၈-၆-၁၉၆၇ နေ့တွင် တရုတ်ကျွမ်းကျင်သူ နည်းပညာရှင် မစ္စတာလျူယီ အသတ်ခံရပါသည်။ သံရုံးဝန်ထမ်းတစ်ချို့ ထိခိုက်ဒဏ်ရာရကြပါသည်။ ဖြစ်စဉ်တစ်ခုလုံး၌ တရုတ်လူမျိူး( ၃၁ )ဦး အသတ်ခံရသည်ဟု ထုတ်ပြန်ပါသည်။ တရုတ်သတင်းထောက်တွေကို ပြည်နှင်ဒဏ်ပေးပြီး မြန်မာ/တရုတ်ကွန်မြူနစ်များကို ရှာဖွေဖမ်းဆီးဖော်ထုတ်၍ ထောင်ချလိုက်ပါသည်။
တရုတ်လူမျိုးများ အထူးကြောက်လန့်သွားသဖြင့် လူငါးသောင်းခန့် မကာအိုသို့ ပြောင်းရွှေ့သွားကြပြန်ပါသည်။
ထိုဖြစ်ရပ်ကြောင့် တရုတ်သံအမတ်ကြီးအား သူ့နိုင်ငံသို့ပြန်ခေါ်လိုက်ပါသည်။ တရုတ်ပြည်မြန်မာသံရုံးရှေ့တွင်လည်း တရုတ်လူမျိုး. ၂သိန်းခန့်က ဆန္ဒပြခဲ့ပြန်သည်။ တရုတ်နှင့်သဘောတူညီထားသေ ာစီးပွားရေးအကူအညီအားလုံးကို ယာယီရပ်ဆိုင်းခြင်းခံရပါသည်။ သံတမန်အဆက်အသွယ် မရပ်ဆိုင်းသော်လည်း ဆက်သွယ်မှုမရှိသလောက် ကင်းကွာသွားပါတော့သည်။ ပီကင်းအသံမှနေ၍ နေ့စဉ် ဗိုလ်ချုပ်နေဝင်းမကောင်းကြောင်း ရက်စက်ကြောင်းဖြင့်လပေါင်းများစွာ အသံလွှင့်ပါသည်။ အသံလွှင့်သူမှာ ပုသိမ်မြို့သူဖြစ်သဖြင့် သူ့အား ပုသိမ်သူ မိအာကျယ်ဟူ၍ သတင်းစာတွေက ရေးသားကြပါသည်။
မြန်မာနိုင်ငံကလည်းအားကျမခံ တစ်နိုင်ငံလုံး၌ ပါတီယူနစ်မှ ဦးစီးပြီး  မော်စီတုန်းဆန့်ကြင်ရေး ဆန္ဒပြပြွများကို ပြုကြပါတော့သည်။
ထိုအခါ တရုတ်ကွန်မြူနစ်ပါတီသည်၊ မြန်မာကွန်မြူနစ်ပါတီအား အထောက်အပံ့ပေးရန်ဆုံးဖြတ်လိုက်ကြပီးနောက် ၁၉၆၈ ခုနှစ်တွင်မြန်မာပြည် အရှေ့မြောက်ဒေသ၌ ဗကပ အခြေစိုက်စခန်းတခုကို တရုတ်က တည်ထောင်ပေးပြီး လူအား-ငွေအား-နည်းပညာ-ရိက္ခာ-ဆေးဝါးမှအစ ပံ့ပိုးပေးသည့်အပြင် တိုက်ပွဲများတွင်လည်း လူအင်အားထောင်ဂဏန်းရှိသည့် တရုတ်အပျော်တမ်းတပ်မတော်မှ ဝင်ရောက်၍ တိုက်ခိုက်ပေးခဲ့ပါသည်။
အသေခံ၍ အတင်းတက်ပီး တိုက်ခိုက်တတ်သော ထိုတရုတ်စစ်သားများကို လူလှိုင်းစစ်ဆင်ရေးဟု ထိုစဉ်က ပြောစမှတ်ပြုခဲ့ကြသည်။
၁၉၆၇ ခုကစခဲ့သော တရုတ်-ဗမာ အရေးအခင်းကြောင့် မခိုင်မာသည့် ဆက်ဆံရေးသည် ၁၉၇၀ ခုနှစ်ကြမှသာ ပြန်လည်၍ ပုံမှန်ဖြစ်လာပါတော့သည်။
ပြည်ထဲအရေး ပေါက်နှင့်ကျေးတိမ်တောင်သဖွယ် မင်းရေးကြွယ်လှပါတော့သည်။
#winhlaingoo
Friday, June 24, 2022
ရခိုင်သည် မြန်မာ (သုတေသန စာတမ်း)
< ရခိုင်အခေါ် > ရခိုင်သည် မြန်မာကြီး၊ မြန်မာသည် မြန်မာငယ် (သို့မဟုတ်) ပျူအောက်သား [ တနည်းအားဖြင့် - ရခိုင်သည် မြန်မာ ]
••••••••••••••••••••••••••••••
*ရခိုင် ဆိုတဲ့ အခေါ်အဝေါ်ပါတဲ့ အစောဆုံး မှတ်တမ်းများ*
ရခိုင် ဆိုတဲ့ အခေါ်အဝေါ်ကို မြန်မာကျောက်စာတွေမှာ အစောဆုံး ၁၂ ရာစု ကတည်းက တွေ့ရတယ်လို့ ဆိုပါတယ်။
(မြန်မာကျောက်စာ)
ရခိုင် 1197 CE - Gutman, Ancient Arakan (Burma ),
ရခိုင်အလှုတကာ 1299 - G.H.Luce, Note on the people's Burma in the 12th-13th Century A.D.
ရခိုင်မင်း ရခိုင်နိုင်ငံ ရခိုင်ပြည် - မဟာထီးကျောက်မိကျောင်း ကျောက်စာ 1356 - ပုံ 001,002
ရခိုင်မင်း ရခိုင်ပြည် 1366 - မဟာထီးတောင်ဘို ကျောက်စာ
Aracan ဆိုတဲ့ နံမည်ကိုတော့ နိုင်ငံခြားသားတွေရဲ့ မှတ်တမ်းတွေမှာ အစောဆုံး 1516 က စပြီးတွေ့ရတယ်လို့ ဆိုပါတယ်။
(နိုင်ငံတကာ မှတ်တမ်း)
"Rachani" (1430)
“Racanguy,” “Aracangil” (1518)
“Aracan”(1597), 
“Arracam” (1611)
“Arracão” (1620)
“Arakan” (1640)
−−−−−−
**နေရာအမည်**
ရှေးက ရခိုင် ဆိုတာ အခု ရန်ကုန်၊ မန္တလေး လို နေရာဒေသတခုရဲ့ နာမည် ဖြစ်ခဲ့တယ်၊ လူမျိုး နာမည် မဟုတ်ခဲ့ပါ။ နေရာဒေသ နာမည်ဖြစ်တဲ့အပြင် ယခု ရခိုင်ပြည်နယ် မြောက်ပိုင်းကိုပဲ ရခိုင်လို့ ခေါ်ခဲ့ကြတယ်။ တောင်ဘက်က တခြားနယ်တွေ ဥပမာ- ရမ်းဗြဲ၊ သံတွဲ၊ ကျောက်ဖြူတို့ပါ ပါစေချင်ရင် ရခိုင်ပြည်နိုင်ငံအလုံး၊ ရခိုင်ပြည်ကြီး စသည်ဖြင့် ခေါ်ခဲ့ကြတယ်။ ရှေးဟောင်း ရခိုင်မှတ်တမ်း၊ မြန်မာမှတ်တမ်းနဲ့ အင်္ဂလိပ်မှတ်တမ်း တွေမှာ ဒီသဘောကို တွေ့နိုင်သေးတယ်။
၁။ မင်းရာဇာကြီးစာတမ်း  ၁၆၀၂ အစပြု၊ ၁၇၇၅ ရေး ပေမူ - ပုံ 003
   ရက္ခပူရ ( မြောက်ပိုင်း )
   အယုဇ္ဈပူရ ( တောင်ပိုင်း ) 
၂။ ( ဟန်လင်း ရွှေကူကြီး ခေါင်းလောင်းစာ )
   အယုဇ္ဈပူရ တိုင်း − ရမ်းဗြဲ မန်အောင် ဒွါရဝတီ
   မဟာဝင်္ကတိုင်း − ဓညဝတီပြည်
၃။ ရခိုင်ရာဇဝင်ကြီး ၁၈၅၂ - ပုံ 004,005,006
   ရက္ခပူရ၊ ရခိုင်ရွှေပြည်တော်ကြီး၊ ရခိုင်ပြည် (မြောက်ပိုင်း)
   ရခိုင်ပြည်နိုင်ငံအလုံး ( တခုလုံး )
   (တောင်ပိုင်း) တောင်စဉ်၊ သံတွဲ၊ ရမ်းပြည့်၊ မာန်အောင် စသော ခုနစ်ခရိုင်
၄။ ဘိုးတော်ဘုရား ရဲ့ ရခိုင်ဆိုင်ရာ အမိန့်ပြန်တမ်းများ ၁၇၈၅, ၁၇၈၇ − ပုံ 023,024
ရန္တပိုစာချုပ်(1826) မှာလည်း Arracan ရခိုင် မှာ 'ရခိုင်၊ ရမ်းဗြဲ၊ မန်အောင်၊ သံတွဲ' လေးနယ် ပါတယ်လို့ ဖေါ်ပြခဲ့ပါတယ် - ပုံ 007,008
Provinces of Arracan, including the four divisions of Arracan, Ramree, Cheduba, and Sandoway
ရခိုင်၊ ရမ်းဗြဲ၊ မန်အောင်၊ သံတွဲ တို့ကို
A.P. Phayre ( “Account of Arakan”, Journal of the Asiatic Society of Bengal 10 (1841)) - ပုံ 009
Rakhaing-pyee ရခိုင်ပြည် , or “Arakan proper” ဆိုတာ Akyab district စစ်တွေ ခရိုင် (northern portion of Arakan) ရခိုင်မြောက်ပိုင်း ကို ခေါ်တာ။
Rakhaing-pyee-gyee ရခိုင်ပြည်ကြီး၊ ရခိုင်တိုင်းကြီး or “the great country of Arakan” ဆိုမှ represented the whole Arakan ရခိုင်တပြည်နယ်လုံးကို ခေါ်တာလို့ ဖေါ်ပြခဲ့ပါတယ်။
Charles Paton ( “Historical and Statistical Sketch of Aracan”, Asiatick Researches 16 (1828)) - ပုံ 010
ဒီ မှတ်တမ်းမှာလည်း Arracan ရခိုင် မှာ 'ရခိုင်၊ ရမ်းဗြဲ၊ မန်အောင်၊ သံတွဲ' လေးနယ် ပါတယ် လို့ ဖေါ်ပြခဲ့ပါတယ်
Aracan, as has been observed, consists of four divisions, Aracan proper, Ramree, Sandoway and Cheduba”
−−−−−−−
**လူမျိုး၊ ဘာသာစကား အမည်**
ဘိုးတော်ဘုရား ရခိုင်ပြည်ကို ၁၇၈၅ မှာ မသိမ်းခင်အထိ ရခိုင်တွေက မိမိကိုယ်ကိုယ် မြန်မာလူမျိုး၊ မိမိတို့ ဘာသာစကား ကို မြန်မာစကား လို့ ခေါ်ခဲ့ကြတယ်။
ပုဂံဘက်က မြန်မာတွေကို အဲဒီခေတ် ရခိုင် (ကိုယ့်ကိုကိုယ် မြန်မာ လို့ခေါ် ) တွေက "ပေါက္ကံသား၊ ပျူ၊ အောက်သား" စသည်ဖြင့် ခေါ်ခဲ့ကြတယ်။
ပုဂံ ဘက်က မြန်မာတွေကြတော့ အဲဒီခေတ် ရခိုင် (ကိုယ့်ကိုကိုယ် မြန်မာ လို့ခေါ် ) တွေကို 'မြန်မာကြီး' လို့ ခေါ်ခဲ့ကြတယ်။ သူတို့ရဲ့ ဘိုးဘေး လို့ သတ်မှတ်ထားကြတယ်လို့ အင်္ဂလိပ် နဲ့ မြန်မာ မှတ်တမ်းများက ဆိုပါတယ်။
၁။ မင်းရာဇာကြီးစာတမ်း ၁၇၇၅ မှာ - ရခိုင်စကားပြောသူကို "ငါတို့ မရမာမျိုး" ၊ သို့မဟုတ် 'မြန်မာလူမျိုး ခုနစ်မျိုးထဲက တစ်မျိုး' လို့ သတ်မှတ် ပြီး၊ မြန်မာ စကားပြောသူတွေကိုတော့ ပျူ လို့ ခေါ်ခဲ့ကြပါတယ်။ - ပုံ 011,012
မြန်မာ ခုနစ်မျိုး = ပျူ၊ ရခိုင်၊ သက်၊ တောင်သူ၊ ကမ်းယံ၊ ယော၊ ထားဝယ်
မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း (၁၉၂၄)မှာလည်း "မြန်မာကြီးဆိုသည်ကား ရခိုင်၊ မြန်မာငယ်ဆိုသည်ကား ပြူ" ဆိုတဲ့ အဆိုနဲ့လည်း ကိုက်ပါတယ်။ − ပုံ 013
၂။ ဓညဝတီ အရေးတော်ပုံကျမ်း ၁၇၈၇ မှာ − ရခိုင်စကားပြောသူတွေကို (မရမာ) လို့ ဖေါ်ပြခဲ့ပါတယ်။
၃။ မဟာပညာကျော်လျှောက်ထုံး ၁၇၈၇ မှာ − ရခိုင်ပြည်မှာ သုံးစွဲတဲ့ဘာသာစကား ကို 'မရမာဘာသာစာ' 'မရမာဘာသာအက္ခရာ' လို့ ဖေါ်ပြခဲ့ပါတယ်။ − ပုံ 014
၄။ ရခိုင်ကျောက်စာ မဟာထီးရေတွင်းကျောက်စာ ၁၆၂၀ မှာ − ရခိုင်ပြည်မှာ သုံးစွဲတဲ့ဘာသာစကား ကို 'ဘာသာဗြမ္မ'လို့ ဖေါ်ပြခဲ့ပါတယ်။ − ပုံ 015,016
၅။ ရခိုင်ရာဇဝင်ကြီး ၁၈၅၂ မှာ − ရခိုင်ပြည်မှာ သုံးစွဲတဲ့ဘာသာစကား ကို 'မြမ္မာဘာသာ'လို့ ဖေါ်ပြခဲ့ပါတယ်။ − ပုံ 017
   ဒီရာဇဝင် မှာ မြန်မာစကားပြောသူ ရော၊ ရခိုင်စကားပြောသူ ကိုပါ (မရမာ) လို့ ဖေါ်ပြခဲ့ပါတယ်။ သူတို့ နှစ်ဦး ကို ခွဲခြားဖေါ်ပြချင်တဲ့အခါ ရခိုင်စကားပြောသူ ကို 'ရခိုင်သား' ၊ မြန်မာ စကားပြောသူကို 'အောက်သား' (အောက်မြန်မာနိုင်ငံသား) လို့ ခွဲခြားဖေါ်ပြခဲ့ပါတယ်။
ကိုလိုနီခေတ် နဲ့ မတိုင်မီ အင်္ဂလိပ် မှတ်တမ်းများမှာလည်း ရခိုင်စကားပြောသူတွေက သူတို့ဟာ မြန်မာလူမျိုး တွေ ဖြစ်ပြီး သူတို့ဘာသာစကားကို 'မြန်မာစကား' လို့ ပြောပြခဲ့ကြောင်း တွေ့ရှိရပါတယ်။
၁။ 1799, Francis Buchanan − people of Arakan
whom they often call Myanmawgyee − the
name given by the inhabitants of Ava to the
people of Arakan ။ အင်းဝသား တွေက ရခိုင်ပြည်သားတွေ ကို မြန်မာကြီး လို့ ခေါ်ကြပါတယ်။
Francis Buchanan., Papers regarding the colony
of Arakan emigrants in Chittagong District.
October. 1799
မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း (၁၉၂၄)မှာလည်း "မြန်မာကြီးဆိုသည်ကား ရခိုင်၊ မြန်မာငယ်ဆိုသည်ကား ပြူ" ဆိုတဲ့ အဆိုနဲ့လည်း ကိုက်ပါတယ်။ − ပုံ 013
၂။ Leyden, J., “On the Languages and Literature
of the Indo-Chinese Nations”, Asiatic
Researches 10 (1811):
The national name of the Rukhéng race is Ma-
rum-ma.
ရခိုင်သား တွေရဲ့ လူမျိုးအမည်က Ma-rum-ma ဖြစ်ပါတယ်။
၃။ Phayre, A. P., “Account of Arakan”, Journal
of the Asiatic Society of Bengal 10 (1841)− ပုံ
018,019
ရခိုင်သား၊ ချောင်းသား နဲ့ မြန်မာ တွေဟာ မြန်မာ ဖြစ်တယ်၊ စာရေးတာလည်း တူတယ်။
၄။ British Burma Gazetteer 1879 − ရခိုင်တွေ က
မြန်မာနိုင်ငံ ရဲ့ အစိတ်အပိုင်း Arakanese speakers
as “a section of Burman nation”
Smart, R. B., Burma Gazetteer (Akyab District).
Rangoon: Govt. Printing and Stationery, 1917.(Vol. A).
၅။ Adamson (1887) ရခိုင်သား က မြန်မာ နဲ့ လူမျိုးတူပြီး၊ သူတို့က မြန်မာမိသားစု က အရင်ဆင်းသက် လာသူတွေ ဖြစ်တယ်လို့ ပြောပြပါတယ်။ Arakanese are of Burman stock and claim to be descended from the elder branch of Mramma family.
Adamson, H., Report on the Settlement Operations in the Akyab District, Season 1885-86. Rangoon: Government Printing, 1887.
အခု ဘင်္ဂလားဒက်ရှ် နိင်ငံတွင်းမှာ နေထိုင်နေတဲ့ ရခိုင်စကားပြောသူတွေကလည်း သူတို့ဟာ မြန်မာလူမျိုး တွေ ဖြစ်ပြီး သူတို့ဘာသာစကားကို 'မြန်မာစကား' လို့ ပြောတတ်ပါတယ်။
၁။ စစ်တကောင်းတောင်ရိုး Chittagong Hill Tracts မှာ နေတဲ့ ရခိုင်စကားပြောသူတွေကို မရမာ Marma လူမျိုးလို့ သိကြပါတယ်။
၂။ Tripura မှာ နေတဲ့ ရခိုင်စကားပြောသူ အချို့ကလည်း သူတို့က မရိုင်မာ Mraima လူမျိုးလို့ ပြောပါတယ်။
၃။ Greater Patuakhali ဒေသမှာ နေတဲ့ ရခိုင်စကားပြောသူ တွေကတော့ သူတို့ကိုယ် သူတို့ 'မရမာ၊ မြန်မာ၊ ရခိုင်' လူမျိုး ဆိုပြီး ကြုံသလို ပြောတတ်ကြပါတယ်။ သူတို့ပြောတဲ့ ဘာသာစကားက မရမာစကားဖြစ်ပြီး မရမာစကားနဲ့ ရခိုင်စကားက အတူတူပဲလို့ ပြောတတ်ပါတယ်။
၄။ Cox's Bazar က ရခိုင်စကားပြောသူတွေ နေတဲ့ ရပ်ကွက်ထဲက ကျောင်း၊စျေး တွေကို မြန်မာကျောင်း၊ မြန်မာစျေး လို့ ခေါ်ကြပါတယ်။
အသင်းရုံးကို “East Pakistan Burmese Association” အရှေ့ပါကစ္စတန်မြန်မာအသင်း လို့ ခေါ်ခဲ့ကြပါတယ်။
၁၉၅၀ အထိ မြန်မာ တွေကလည်း ရခိုင် ကို မြန်မာလို့ပဲ ထည့်တွက်တယ်။ သီးသန့်ခွဲပြီး မတွက်ခဲ့ကြပါ။
၁။ လွတ်လပ်ရေးကြေငြာစာတမ်း ၁၉၄၈ − ရခိုင် သီးသန့်မပါ − ပုံ 020
၂။ ပင်လုံစာချုပ်မှာလည်း ၁၉၄၇ − ရခိုင် သီးသန့်မပါ
၃။ ၁၉၄၈ ဖွဲ့စည်းပုံ − အမတ် မြန်မာ ၅၃၊ ရှမ်း ၂၅၊ ကရင် ၂၄၊ ကချင် ၁၂၊ ချင်း ၈၊ ကယား ၃ နေရာ။
ရခိုင် က မြန်မာ ၅၃ ထဲက ၅ နေရာ။
၄။ ၁၉၄၈ နိုင်ငံသားဥပဒေမှာ ရခိုင် ကို တိုင်းရင်းသားအဖြစ်ဖေါ်ပြသော်လည်း၊ ၁၉၅၃ ပထမဆင့် သန်းကောင်စာရင်း ကောက်ယူရာမှာ ရခိုင် လူမျိုးဆိုပြီး မပါရှိခဲ့။
၅။ ၁၉၅၆ မြန်မာပြည်မြေပုံမှာ ယခု ရခိုင်ပြည်နယ် နေရာမှာ မြန်မာနှင့်အဆက်အနွယ်လူမျိုးများ ဆိုပြီးပြခဲ့
−−−−−−−−−−−−−−−−−
**အမည်ပြောင်း**
(နောက်ခံ သမိုင်းကြောင်း)
အင်္ဂလိပ် ကိုလိုနီခေတ်မှာ မြန်မာပြည်ကို တောင်တန်း ( ချင်း၊ ကချင်၊ ကရင်နီ/ကယား၊ ရှမ်း)နဲ့ ပြည်မ ( ကျန်ဒေသအားလုံး ) ဆိုပြီး ခွဲခြားအုပ်ချုပ်တယ်။
ပြည်မဒေသတွေက အရင် မြန်မာဘုရင်လက်အောက်က နယ်တွေလည်း ဖြစ်ခဲ့တယ်။ ဒါပေမည့် အဓိက ကွာခြားချက်က ဝင်ငွေ ဖြစ်တယ်။ ပြည်မကို လွှတ်တော်နဲ့ အုပ်ချုပ်တယ်၊ ပြည်မရဲ့ ဝင်ငွေ ကနေ အခွန်ကောက်ပြီး ဖွံ့ဖြိုးရေးအတွက် လမ်း၊ တံတား စတာတွေ ပြန်ဆောက်ပေးတယ်။ တိုးတက်ပေမည့် ဘဝတွေက ရှုပ်ထွေးတယ်။တောင်တန်းဒေသတွေကို စော်ဘွား၊ ဒူဝါ စတဲ့ ရိုးရာခေါင်းဆောင် တွေက အုပ်ချုပ်တယ်၊ အခွန်သိပ်မပေးနိုင်လို့ လမ်း၊ တံတား စတာတွေကို ပြည်မ ဝင်ငွေထဲက အိတ်စိုက်ပြီး တည်ဆောက်ပေးရတယ်။လိုအပ်တဲ့ အပြောင်းအလဲ သိပ်မလုပ်နိုင်လို့ တိုးတက်မှုကို စတေးထားတဲ့ သဘောဖြစ်တယ်။ ဒါပေမည့် ရိုးရာအတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိလို့ ရိုးရှင်းပြီး လွတ်လပ်တယ်။ သူတို့လို လွတ်လပ်ချင်တဲ့ ကရင်တွေကလည်း အင်္ဂလိပ်ကိုလိုနီ ခေတ်ကတည်းက ကရင်ပြည်နယ်ဖွဲ့ပြီး၊ တောင်တန်း အုပ်စုထဲ ပါဝင်ဖို့ တောင်းဆိုနေခဲ့တယ်။
ပြည်မက လွတ်လပ်ရေး ယူမယ်၊ commonwealth ဓနသဟာယ ထဲမှာလည်း မနေဘူး ဆိုတော့ကာ၊ တောင်တန်း ဒေသတွေမှာ ရွေးစရာ ၂ လမ်း ရှိလာတယ်။ ပြည်မနဲ့ ပေါင်းပြီး လွတ်လပ်ရေး အခု ယူမလား၊ အင်္ဂလိပ် လက်အောက်မှာ တောင်တန်းဒေသအနေနဲ့ ဆက်နေပြီး နောက်မှ commonwealth ထဲဝင်မလား ရွေးစရာ ၂ ခု ရှိလာတယ်၊ ၂ ခုရှိတော့ ၂ စု ကွဲတာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားတွေကို လိုက်စည်းရုံးတုံးက တပြည်ထောင် unitary state နိုင်ငံတည်ထောင်ဖို့ ဖြစ်တယ်။ အင်္ဂလန်ကလည်း မြန်မာပြည်က တိုင်းရင်းသားအားလုံး ဆန္ဒနဲ့အညီ၊ အဆင်ပြေအောင် လွတ်လပ်ရေးကို ဘယ်လိုပေးရင်ကောင်းမလဲ စုံစမ်းဖို့ ကော်မရှင် တခု လွှတ်လိုက်တယ်။ တောင်တန်းသားတွေက နှစ်မျိုးစလုံး ရ အောင်၊ အခု လောလောဆယ် မြန်မာနဲ့ ပေါင်းပြီး လွတ်လပ်ရေး ယူမယ်၊ ဆယ်နှစ်ကြာလို့ အဆင်မပြေရင် အင်္ဂလိပ်နဲ့ ပြန်ပေါင်းမယ်။လောလောဆယ်လည်း ( တောင်တန်းဒေသ အုပ်ချုပ်ရေးနဲ့ အလားတူတဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ရေးရှိတဲ့ ) ပြည်နယ်အနေနဲ့ နေခွင့်ပေးပါ ကချင် က စတောင်းတယ်။ စုံစမ်းရေးကော်မရှင် ကိုယ်တိုင်က 'သူတို့က ပေါင်းမယ် ဆိုပေမည့်၊ အုပ်စုအားလုံးက ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်ဝ ဆုံးရဖို့ပဲ စိတ်အားထက်သန် နေကြတယ်၊ ဗဟိုအစိုးရ အားရှိမှာ မဟုတ်ဘူး" လို့ ပြောတယ်။ သူတို့ လိုချင်တာတွေ အကုန်ပါတဲ့ ဖွဲ့စည်းပုံ တခါတည်း တန်းရေးဖို့ မဖြစ်နိုင်ဘူး။ တဆင့်ချင်းတက်တဲ့ transitional constitution တခု အရင်ရေးပြီး တဆင့်ချင်းဆီ တက်သွားကြပါလို့ အကြံပေးသွားတယ်။
မကြာခင် တကမ္ဘာလုံးက နိုင်ငံတွေအားလုံး ကွန်မြူနစ်နိုင်ငံတွေ ဖြစ်သွားလိမ့်မည်လို့ ယုံကြည်တဲ့ ကွန်မြူနစ်တွေကလည်း သူတို့ အာဏာရဖို့ ကြိုးစားကြတယ်။  အိန္ဒိယကို လွတ်လပ်ရေးပေးတဲ့အခါ ဟိန္ဒူ အိန္ဒိယ နဲ့ မွတ်စလင် ပါကစ္စတန် ဆိုပြီး ၂ နိုင်ငံ ခွဲခြမ်းပြီး ပေးတော့မယ် သတင်းကြားတော့ ရခိုင်ပြည်မြောက်ပိုင်းကို ရောက်နေကြတဲ့ စစ်တကောင်းသား မွတ်စလင် တချို့ကလည်း ဘူးသီးတောင်၊ မောင်းတောကို ပါကစ္စတန် ထဲထည့်ပေးဖို့ ပါကစ္စတန်ခေါင်းဆောင်ကို တောင်းဆိုကြပေမည့် မရခဲ့ကြတော့ mujahid အမည်နဲ့ လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ကြပါတယ်။
၁၉၄၈ မှာ လွတ်လပ်ရေး ရတယ်။ 'ချင်း၊ ကချင်၊ ရှမ်း' ပြည်နယ်တွေ တခါတည်းပါတယ်။ တိုင်းပြုပြည်ပြု လွှတ်တော် စတာနဲ့ 'မွန်၊ ကရင်၊ရခိုင်' ကလည်း ပြည်နယ်တွေ တောင်းလာတယ်။ ရခိုင်အမတ် ဦးကျော်မင်းရဲ့ တင်ပြချက်အရ 'ကိုလိုနီခေတ်တုန်းက ဘယ်အစိုးရဝန်ထမ်းမှ ရခိုင်ကို မလာချင်ဘူး၊ ဒါကြောင့် ရခိုင်မှာ အုပ်ချုပ်ရေးပိုင်းမှာ ရခိုင်တွေချည်းပဲ ရှိခဲ့တော့ အဆင်ပြေတယ်။ ဖဆပလ ခေတ်မှာ ဖဆပလ လူ အရာရှိတွေချည်းပဲ၊ ရခိုင်အရာရှိ မရှိတော့ အဆင်မပြေတော့ဘူး၊ ဖဆပလ ခန့်တဲ့ အရာရှိတွေက ဖဆပလ မျက်နှာကိုပဲ ကြည့်နေတယ်၊ ရခိုင်ပြည်သူတွေစိတ် ကို နားမလည်တော့ အဆင်မပြေတော့ဘူး' လို့ ဆိုပါတယ်။ ဒီလို မကျေနပ်ချက်တွေကနေ ကိုယ်ပိုင်အုပ်ချုပ်ရေး ရှိတဲ့ ပြည်နယ်ရဖို့ တောင်းဆိုလာကြတာလို့ ဆိုပါတယ်။
Kyaw Min, U, Arakan State. Rangoon: Pyidawtha Press, ပုံနှိပ်နှစ် မပါ။
ဖဆပလ အစိုးရကလည်း ပြည်နယ်တွေ ထပ်မပေးချင်တော့ဘူးလို့ အထပ်ထပ်ငြင်းပါတယ်။ ပြည်နယ်အစား 'ရခိုင်ဝန်ကြီးနဲ့ ရခိုင်ကောင်စီ' ထားပေးမည် ပြောပါတယ်။ မတတ်သာတော့ ၁၉၄၈မှာ 'ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် စုံစမ်းရေးကော်မရှင်' ဖွဲ့ပေးပြီး စုံစမ်းစေပါတယ်။ ကော်မရှင်က ရခိုင်နဲ့ မြန်မာ ဟာ 'လူမျိုး၊ကိုးကွယ်သည့်ဘာသာ၊ ယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကား' အကုန်ကုန် အတူတူပဲ ဖြစ်တယ်၊ လူမျိုးကွဲ မဟုတ်လို့ သီးသန့် ပြည်နယ် ပေးစရာ မလိုဘူး' လို့ တင်ပြခဲပါတယ်။ − ပုံ 021
ဒီအခါမှာ ရခိုင်အမတ်တွေက "မိမိတို့သည် 'ရှမ်း၊ ကချင်၊ ကရင်၊ ကယား' စသော ပြည်နယ်များထက် သာလွန်သည်။ နှစ်ပေါင်း ၃၀၀၀ လောက် ကိုယ်ပိုင်နိုင်ငံ၊ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ နေလာလို့ 'ဆလုံ၊ နာဂ၊ ဂေါ်ရခါး၊ ကပြား' များနှင့် တန်းတူထားရှိခြင်းကို လက်မခံ နိင်ဘူး" လို့ ပြန်ပြောပါတယ်။ ပုံ − 022
ပါကစ္စတန် ခွဲထွက်တာကို အားကျပြီး 'ကရင်နစ္စတန်၊ မွန်နစ္စတန်၊ အာရကန်နစ္စတန်' တွေ ရဖို့ တောင်းဆိုလာကြပါတယ်။
ဖဆပလ ဘက်ကလည်း ကိုယ်မင်းကိုယ်ချင်းနဲ့ နေခဲ့တိုင်း ပြည်နယ်သီးသန့် ပေးစရာမလိုဘူး။ 'ပြည်၊ တောင်ငူ၊ အင်းဝ' မှာ နေတဲ့ မြန်မာတွေလည်း ရခိုင် ( ရခိုင်ကို မြန်မာနှင့် အတူတူ ဟု ယူဆထား) တွေလို ရာဇဝင် ရှိတာပဲ စသည်ဖြင့် ပြန်ချေပ ကြပြန်သည်။ ပုံ − 025
ဘူးသီးတောင်၊ မောင်းတောမှ စစ်တကောင်းသား အမတ်များက ရခိုင်ပြည်နယ် တောင်းတာကို မပေးချင်တဲ့ ဖဆပလ ဘက်ကနေ  ရပ်တည်ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်တောင်းတိုင်း စစ်တကောင်းသား အမတ်များက 'ပြည်နယ်ပေးလိုက်ရင် ကုလား၊ ရခိုင် အဓိကရုဏ်း ဖြစ်နိုင်တယ်' ဆိုတဲ့ အကြောင်းပြချက်နှင့် ဖဆပလဘက်မှနေပြီး တောက်လျှောက် ကန့်ကွက်ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ် ဆိုပြီး ရခိုင်ကိုယ်ပိုင်အုပ်ချုပ်ရေး ပေါ်လာရင်၊ ဘူးသီးတောင်၊ မောင်းတော က စစ်တကောင်းသားများက ရခိုင်အုပ်ချုပ်ရေးအောက်မှာ သူတို့တော့ မနေချင်ဘူး၊ သူတို့ကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ရေးပေးပါ၊ မပေးနိုင်ရင် ပြည်မက ( တောင်တန်းဒေသလို ) တိုက်ရိုက်အုပ်ချုပ်ပါလို့ တောင်းဆိုခဲ့ကြပါတယ်။ ပုံ − 026
မြန်မာနဲ့ လူမျိုးတူလို့ ပြည်နယ်မရနိင်ဘူး ဆိုတာများလာတော့ ရခိုင် ဆိုတာ မြန်မာ နဲ့ မတူဘူး၊ တခြားစီ ဆိုတဲ့ လမ်းကို လှည့်လာတယ် လို့ဆိုပါတယ်။
၁၉၂၀ က ဦးစံရွှေဘု က "ရှေးရခိုင်သို့ အာရိယန်များ ဝင်ရောက်လာခြင်း အကြောင်း ဒဏ္ဍာရီ" ဆိုတဲ့ ပုံပြင်လေးတပုဒ်ကို JBRS စာစောင်မှာ ရေးဘူးပါတယ်။ အိန္ဒိယက လာတဲ့ မောင်နှစ်မတွေက အခု သံတွဲမြို့ကို တည်ထောင်ခဲ့တယ်ဆိုတဲ့ ဒဏ္ဍာရီ ဖြစ်ပါတယ်။
San Shwe Bu, “The Legend of the Early Aryan Settlements in Arakan”, Journal of the Burma Research Society 11, 2 (1921): 66-69.
အဲဒီ ဒဏ္ဍာရီကို အခြေခံပြီး ရခိုင်အမတ် ဦးကျော်မင်းက ရခိုင်တွေက Aryan အာရိယန်မျိုးနွယ်ဖြစ်တယ်၊ ဗမာတွေနဲ့ လူမျိုးမတူဘူးလို့ စတင် ရေးသားခဲ့ပါတယ် (၁၉၅၇ ?)။
Kyaw Min, U, Arakan State. Rangoon: Pyidawtha
Press, ပုံနှိပ်နှစ် မပါ။
နောက်ပိုင်းမှာ ဦးအောင်သာဦးက ရခိုင်တွေက အာရိယန် အမျိုးအနွယ် တင်မကဘူး၊ ဗုဒ္ဓနဲ့လည်း လူမျိုးချင်းတူတယ်၊ သကျ သာကီဝင် မျိုးနွယ်ဖြစ်တယ်လို့ ဆိုလာပါတယ်။ ပုံ −031
မှတ်ချက်- ယခုခေတ် ကမ္ဘာမှာ သကျ Shakhyas တွေက အာရိယန် Aryans မဟုတ်ဘူးလို့ ယူဆကြပါတယ်။ အဲဒီနောက်ပိုင်းမှာ ဆရာက ရခိုင်တွေက ဘယ်တုန်းကမှ လူမျိုးခြား၊ ဘာသာခြား နဲ့ ပေါင်းသင်းနေထိုင်တာ မရှိခဲ့ဖူးဘူးဆိုတဲ့ 'မျိုးစောင့်တရား' အကြောင်း ပြောလာပါတယ်။ ပုံ −032
ဦးအောင်သာဦး- "ဓညဝတီ၊ ရမ္မာဝတီ၊ မေဃဝတီ၊ ဒွါရဝတီ ဝတီလေးရပ် ပေါင်းစည်းအပ်သော ရက္ခမဏ္ဍလ ရခိုင်ရာဇဝင်၊ ၁၉၅၃"
(အာရိယန် မှတ်စု - စ )
အာရိယန် မှတ်စု : အဲဒီ ဒဏ္ဍာရီ ထဲမှာ အိန္ဒိယပြည်၊ အသိတဉ္စနမြို့ မှာ 'ဒေဝဂမ္ဘာ' မင်းသမီး မွေးတော့ ၊ သူကြီးလာရင် သူ့သားတွေက အမျိုးကို ပြန်သတ်လိမ့်မည် လို့ ဗေဒင် က ဟောတာနဲ့၊ ယောင်္ကျား မရအောင် မင်းသမီး ကို တပင်တိုင်မြနန်းနဲ့ ထားတယ်။ ဘုရင့်ညီ ရဲ့ သူငယ်ချင်း ရောက်လာပြီး မင်းသမီး နဲ့ ချစ်ကြိုက်သွားတယ်။ သူတို့ကနေ ယောင်္ကျားလေး မွေးရင်သတ်မည် ဆိုပြီးထားတယ်။ မင်းသမီးက မိန်းကလေး ၁ ယောက်၊ ယောင်္ကျားလေး ၁၀ ယောက်မွေးပြီး ၊ သူ့ အထိန်းတော်က မိန်းကလေး ၁၀ ယောက် မွေးလို့ ၊ ကလေးချင်း လဲပြီး မွေးစားထားကြတယ်။ အကြီးဆုံးကလေး နံမည်က ဝါသုဒေဝ။ ကလေးတွေ ကြီးတော့ ဦးလေး တွေကို ခေါင်းဖြတ်သတ်ပြီး တိုင်းပြည်ကိုသိမ်းတယ်။ သူတို့မောင်နှစ်မ တွေ ရခိုင်ပြည်ရောက်လာပြီး လေထဲပျံနေတဲ့ သံတွဲမြို့ကို မြေပေါ်ချ ပြီး တည်ခဲ့တယ် လို့ ဆိုပါတယ်။ ပုံ −027,028,029,030
အဲဒီ ဒဏ္ဍာရီ ထဲက လူနံမည်၊ မြို့နံမည် တွေက ဟိန္ဒူဘာသာရေးကျမ်းစာ မဟာဘာရတ Mahabharata ထဲက နံမည်တွေဖြစ်ပြီး ၊ သူတို့ဟာ အာရိယန် တွေလည်း မဟုတ်ဘူးလို့ ဆိုပါတယ် (ဆရာ နီမင်းသျှင်)။ ဆရာ စံရွှေဘု က အာရိယန်လို့ မှားယွင်းယူဆခဲ့ပုံ ရှိပါတယ်။ ဒီ ရခိုင် ဒဏ္ဍာရီ တွေနဲ့ အလားတူ ပုံပြင်တွေကို သီဟိုဠ် မဟာဝင်ကျမ်း ( 5th century CE ရေး ) မှာတွေ့ရပါတယ်။
သီဟဗာဟု ရဲ့ သား ဝိဇယ မင်းသား က ဘီလူးတွေ နေတဲ့ လင်္ကာဒီပ ကျွန်းကို ရောက်တော့ ဘီလူးမ ကုဝဏ္ကာ (မယ်ကုဝဏ်) နဲ့ ညားတယ်။ ကျွန်းနေ ဘီလူး တွေကို သတ်ပြီး ကျွန်းကိုသိမ်း၊ ပြီး လူတိုင်းပြည် တည်ထောင်တယ်။ နောက် မဓုရ ပြည်က ပဏ္ဍုမင်း ရဲ့ သမီးတော် (လူ မင်းသမီး) နဲ့ ဘိသိက်ခံတယ်။ သူ့ထီးနန်း ကို တူ ဖြစ်သူ ပဏ္ဍုဝါသုဒေဝ က ဆက်ခံတယ်။ ဗုဒ္ဓ ရဲ့ ဝမ်းကွဲ ညီမှာ သမီး ဘဒ္ဒကစ္စနာ ရှိတယ်။ ပဏ္ဍုဝါသုဒေဝ နဲ့ ဘဒ္ဒကစ္စနာ ယူပြီး သား ၁၀ ယောက်၊ နောက်တော့ သမီး စိတ္တာမင်းသမီး ကို မွေးတယ်။ စိတ္တာမင်းသမီး ကြီးလာရင် သူ့သားက အမျိုးကို ပြန်သတ်လိမ့်မည်လို့ ဗေဒင် က ဟောတာနဲ့၊ ယောင်္ကျား မရအောင် မင်းသမီး ကို တပင်တိုင်မြနန်း နဲ့ ထားတယ်။ ဒီလိုထားတဲ့ကြားက အမျိုးထဲက ဒီဃဂါမဏိ နဲ့ မင်းသမီး ညားပြီး ပဏ္ဍုကာဘယ ကို မွေးတယ်။ ဦးလေးတွေက တူလေး သတင်းကြားတော့ ၊ တူနဲ့ ရွယ်တူ ကလေးအားလုံးကို သုံးခါ သတ်လည်း ကလေး က လွတ်သွားတယ်။ ကလေးကြီးတော့ သူ့ဦးလေးတွေကို ခေါင်းဖြတ် သတ်လိုက်တယ်လို့ ဆိုပါတယ်။ ပုံ − 033, 034, 035
ဒီ တူ က ဦးလေးတွေကို ပြန်သတ်တဲ့ ဇာတ်လမ်းအပြင် မင်းသား က ကျွန်းပိုင် ဘီလူးမ နဲ့ ယူ ၊ ဒေသခံ ဘီလူးတွေကို သတ်ပြီး ကျွန်းကို သိမ်းယူတာလည်း ရခိုင်ရာဇဝင် နဲ့ သီဟိုဠ် မဟာဝင် တူပါသေးတယ်။ ပုံ −036, 037, 038 
ပညာရှင်တွေ အဆိုအရ တော့ သီဟိုဠ်သား တွေက ဗုဒ္ဓဘာသာ ဖြစ်လာပြီး ဗုဒ္ဓနဲ့ အမျိုးတော်ချင်လာတဲ့အခါ၊ သကျ ဖြစ်ချင်လာတဲ့အခါ ရှိပြီးသား မဟာဘာရတ Mahabharata ကျမ်းထဲက လူမျိုးနံမည်၊ မြို့နံမည် တွေယူပြီး ဇတ်လမ်းတွေ တီထွင်ရေးသားခဲ့တာလို့ ဆိုပါတယ်။ G. C. MENDIS, The Mahābhārata Legends in the Mahāvaṃsa 
မြန်မာပြည်က မွန်၊ ဗမာ နဲ့ ရခိုင် တွေလည်း ဗုဒ္ဓဘာသာ ဖြစ်လာပြီး၊ ဗုဒ္ဓနဲ့ အမျိုးတော်ချင်လာတဲ့အခါ၊ သကျ ဖြစ်ချင်လာတဲ့အခါ ရှိပြီးသား သီဟိုဠ်ကျမ်း မဟာဝင် ကို အတုယူပြီး ပုံပြင် ဒဏ္ဍာရီ တွေ ဖန်တီးခဲ့ကြပုံ ရှိပါတယ်။
ရခိုင် ဆိုတဲ့ စကားလုံးရဲ့ အဓိပ်ပါယျကိုလညျး အမျိုးမျိုးကြံဆကြပါတယ်။
၁. ဘီလူးတွေ သတ်တဲ့ ဇာတ်လမ်းက မဟာဝင် က လာတော့ ရခိုင်ပြည် နဲ့ အဆက်အစပ် ရှိချင်မှ ရှိမယ်။
၂. ရခိုင် ဆိုတာ အစက လူမျိုးအမည် မဟုတ်၊ နေရာဒေသ အမည် ဖြစ်တယ်။
၃. ရခိုင် ဆိုတဲ့ စကားလုံး က မြန်မာစကားလုံး ဖြစ်မယ် ဆိုရင် ရခိုင် ဆိုတာ 'တောတန်း' ကို ခေါ်တာ ဆိုတဲ့ ဆရာတော် အရှင်စက္ကိန္ဒ ရဲ့ အဆိုအမိန့်ကို ထည့်သွင်းစဉ်းစား သင့်ပါတယ်။ ပုံ − 044, 045 
(အရှင်စက္ကိန္ဒ_ရခိုင်ယဥ်ကျေးမှုများ.vol.72.1996)
(Judsons.Burmese.English.Dictionary.
Revised_R.Stevenson.1893)
(အာရိယန် မှတ်စု − ဆုံး )
အဲဒီနောက်ပိုင်းမှာ ညွန့်ဦး၊ ကျော်ရင်၊ ထွန်းအောင်ကျော်၊ လှထွန်းဖြူ၊ မောင်ဦးကျော် စသူများမှ "ရခိုင်က မြန်မာထက်အရင် ဗုဒ္ဓဘာသာဖြစ်တာ၊ ပိုယဉ်ကျေးမှုမြင့် တယ်၊ ရခိုင်စကားပြောတဲ့ သူ အားလုံးက ရခိုင်လူမျိုး ဖြစ်တယ်၊ ရခိုင်စကား နဲ့ မြန်မာစကား မတူဘူး" ဆိုပြီး ပြောဆိုရေးသားလာကြပါတယ်။ ပြည်နယ် ရဲ့ နယ်နမိတ် အနေနဲ့ မြောက်ပိုင်း နဲ့ တောင်ပိုင်း ၂ စလုံးကို ပေါင်းစည်းပြီး ရခိုင်ပြည်နယ် လို့ ခေါ်လာကြတယ် ဆိုပါတယ်။ ရှေးက နေရာဒေသ အလိုက်၊ အမျိုးအနွယ်လိုက်၊ အလုပ်အကိုင်လိုက် ခွဲခြားခေါ်ဝေါ်ခဲ့တာ အားလုံးကို မေ့ပြီး 'ရခိုင်လူမျိုး ( အရင်ကမရှိ၊ အသစ် )' တခုတည်း လို့ပေါင်းစည်းခေါ်ဝေါ်လာကြတယ် ဆိုပါတယ်။ ပုံ − 039 
အစ ပိုင်းမှာ လူတိုင်းက သဘောတူကြတော့ မဟုတ်ဘူး လို့ ဆိုပါတယ်။
ရမ်းဗြဲ − ရခိုင် လို့ စာရင်းမပေး၊ မြန်မာ လို့ ပေး - ပုံ − 040 ( Smart, R. B., Burma Gazetteer (Akyab
District). Rangoon: Govt.
Printing and Stationery, 1917. (Vol. A)
သံတွဲ − ရခိုင် ပြည်နယ်ထဲမပါလို၊ ပုသိမ်ခရိုင်ထဲပါလို - ပုံ − 041
ဒီလို ဖြစ်ရတာဟာ 'အပြင်လူများရဲ့ အမြင်၊ အခေါ်အဝေါ်' exonym တွေကြောင့်လည်း ပါတယ်လို့ ကိုကျော်မင်းထင် က ဆိုပါတယ်။ မြန်မာအမတ် စည်သူဂါမဏိသင်္ကြန် က ၁၈၈၆ မှာ ရခိုင်ရာဇဝင် ကျမ်း ပြုတဲ့အခါ ရှေးဗမာဘုရင်တွေခေတ်ကလို တောင်၊ မြောက် မခွဲခြားတော့ပဲ ရခိုင် ဆိုရင် အကုန်လုံးပါတဲ့ သဘောနဲ့ ရေးသားလာပြီ။ အင်္ဂလိပ်အစိုးရကလည်း သူ့ ကိုလိုနီ နယ်တွေမှာ
၁. သန်းကောင်စာရင်း ( လူမျိုး ဘယ်နှစ်မျိုးရှိ...စသည် )
၂. မြေပုံ ( ဘယ်နယ်မှာ ဘယ်လူမျိုးနေသည်..စသည် )
၃. ပြတိုက် ( ဘယ်သူ က ဘယ်သူ ဆင်းသက် တယ်.. စသည်ဖြင့် )
သူ စိတ်ထင်ရာ အတင်း သတ်မှတ်တဲ့ အကျင့်ရှိတယ်။
ရခိုင် ကိုလည်း ဘာမှမခွဲတော့ပဲ အားလုံးကို Arakan, Arakanese လို့ ခြုံခေါ်ဝေါ်ခဲ့တယ်။ 
စစ်တကောင်းသား မွတ်ဆလင်တွေကိုလည်း အရင်ရောက်၊ နောက်ရောက် မခွဲပဲ “Mahomedans” လို့ အကုန်သိမ်းကြုံး မှတ်တမ်းတင်ခဲ့တယ်လို့ ဆိုပါတယ်။
အစက ကိုယ်ကိုကိုယ် မြန်မာ လို့ သတ်မှတ်ခဲ့တဲ့ သူတွေက၊ အခုတော့ သူတို့က မြန်မာမဟုတ်ဘူးဆိုပြီး အတင်းငြင်းဆန် ( de-Myanmarisation )တာ၊ လူမျိုး ပြောင်းသွားတာဟာ
၁. ကိုလိုနီစံနစ် ၏ သတ်မှတ်ချက်
၂. ဒုတိယကမ္ဘာစစ်အပြီး မျိုးချစ်စိတ် တက်ကြွချိန်
၃. ကိုယ်ရောက်နေရာ နေရာ၏ နိုင်ငံရေး၊ လူမှုရေး အခြေအနေ သုံးချက်ပေါ် မူတည်ပြီး ပြောင်းသွားတာလို့ ကိုကျော်မင်းထင် က ဆိုပါတယ်။
ရခိုင်ပြည်နယ် ကိစ္စကို ဆက်ပြောပါမယ်။
၁၉၅၈ မှာ ဖဆပလ အဖွဲ့ကြီး က သန့်ရှင်းနဲ့ တည်မြဲ ဆိုပြီး ၂ ဖွဲ့ကွဲသွားပါတယ်။ တည်မြဲက လက်ရှိအစိုးရ အပေါ် အယုံအကြည်မရှိ အဆိုတင်တဲ့အခါ အရင် အတိုက်အခံ ပမညတ နဲ့ ရခိုင်ပါတီ ရတည က ကယ်လိုက်လို့ မပြုတ်ကျတာ ဖြစ်ပါတယ်။ အဲဒီမှာ ရတည အလိုကျ ရခိုင်ပြည်နယ်ပေးဖို့ ဦးနု က သဘောတူလိုက်ပါတယ်။
နိင်ငံရေး အကြပ်အတည်းတွေ ဖြစ်လာပြီး ဦးနေဝင်း ခေါင်းဆောင်တဲ့ အိမ်စောင့်အစိုးရ ခန တက်လာပါတယ်။ အဲဒီနောက် ၁၉၆၀ ရွေးကောက်ပွဲမှာ သန့်ရှင်းပဲ ပြန်နိင်ပြီး ဦးနု က သူ့ကတိ အတိုင်း ရခိုင်ပြည်နယ်ပေးဖို့ စတင် ဆောင်ရွက်ပါတယ်။ အဲဒီအခါ မှာ ဘူးသီးတောင်၊ မောင်းတော က စစ်တကောင်းသား တွေ ပျာယာခတ်ပြီး သူတို့ကို ဘယ်လို အခွင့်အရေးတွေ ပေးရင် ရခိုင်ပြည်နယ်ထဲ ဆက်နေမယ်၊ မရရင် သူတို့ကို သီးသန့်ကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေပေးရမည် တောင်းဆိုကြတယ်။ ကိုယ်ပိုင်နယ်မြေရဖို့ ရိုဟင်ဂျာ ဇာတ်လမ်းကို ရှေ့တန်းတင်လာကြတယ်။ အဲဒီ အချိန်မှာပဲ ရှမ်းပြည် က ဦးဆောင်ပြီး Federal မူကို တင်ပြလာပါတယ်။ အဲဒီ တင်ပြမှုကို အကြောင်းပြပြီး ဦးနေဝင်း က ၁၉၆၂ မှာ အာဏာသိမ်းလိုက်တဲ့အခါမှာ အားလုံး တခန်းရပ်သွားပါတယ်။
နောက် ဦးနေဝင်း က ၁၉၇၄ မှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အသစ်ရေးပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဥ် ကို ထူထောင်တဲ့အခါကျမှ ရခိုင်တွေကို နံမည်ခံ ရခိုင်ပြည်နယ် ဆိုပြီး သတ်မှတ်ပေးပါတယ်။ ပြည်နယ်ရလို့ ဝမ်းသာနေတဲ့ ရခိုင်တွေက ရခိုင်ဝတ်စုံ တည်ထွင်ကြတယ်၊ ရခိုင်သီချင်းတွေ ရေးကြတယ် ပြီး ရခိုင်ယဉ်ကျေးမှု ကို မြှင့်တင်လာခဲ့ကြပါတယ်။ ပုံ − 042
အရင်က ရှိခဲ့တဲ့ diversity ကို မေ့လိုက်ပြီး ထုံးစံအတိုင်း အင်္ဂလိပ်ကိုလိုနီ အစိုးရကို လွှဲချလိုက်ပါတယ် ။ ပုံ − 043
-----------
**ဗိုလ်မင်းထောင်**
ရခိုင်သားတွေက သူတို့ဟာ မြန်မာမဟုတ်ဘူး ဆိုပြီး အတင်းငြင်းဆန် ( de-Myanmarisation ) ခဲ့ကြသလို ၊ တချို့သော ရခိုင်သားများကလည်း သူတို့ဟာ ရခိုင်သားမဟုတ်ဘူးလို့ ငြင်းဆန် ( de-Arakanisation ) ခဲ့ကြတဲ့ အကြောင်း ဆက်ပြောပါမယ်။
(နောက်ခံ သမိုင်းကြောင်း)
၁၅၇၈ မှာ ရခိုင်ဘုရင်က စစ်တကောင်းကို သိမ်းနိုင်ခဲ့တယ်။ အစပိုင်းမှာ ဒေသခံ မွတ်စလင် စစ်တကောင်းသားတွေကိုပဲ (စစ်တကောင်းစား)ရာထူးခန့်ပြီး အချင်းချင်း အုပ်ချုပ်ခိုင်းတယ်။ ၁၅၈၁ က စပြီး ရခိုင်ဘုရင်က သူယုံကြည်သူကို စစ်တကောင်းဘုရင်ခံ (အနောက်ဘုရင်၊ အနောက်ဘဝသျှင်၊ စစ်တကောင်းမင်း) ခန့်ပြီး အုပ်ချုပ်စေတယ်။ မြောက်ဦး ဗဟိုပြု ရခိုင်အသိုင်းအဝိုင်းနဲ့ စစ်တကောင်း ဗဟိုပြု ဘင်္ဂအသိုင်းအဝိုင်း ဆိုပြီး တနိုင်ငံတည်း၊ အသိုင်းအဝိုင်း ၂ ခု ( one kingdom, two mandalas ) အနေနဲ့ အုပ်ချုပ်ခဲ့တယ်။ ရခိုင် ကနေ စစ်တကောင်း ကို ဘုရင်က နေရာချ ပေးလို့ တာဝန်နဲ့၊ စီးပွားရေးကိစ္စနဲ့ သွားနေရတဲ့ ရခိုင်သား တွေ ရှိလာတယ်။ ပုံ − 050
စစ်တကောင်း က ရခိုင်လက်အောက်မှာ ၈၈ နှစ်ကြာ ရှိနေခဲ့ပြီး ၁၆၆၆ မှာ မဂိုလ် ဘုရင်တွေ လက်အောက်ကို ရောက်သွားတယ်။ မဂိုလ် ဘုရင်တွေ လက်အောက် မနေချင်တဲ့ ရခိုင်သားတွေက စစ်တကောင်းတောင်ရိုး (Chittagong Hill Track - CHT ) ဘက် တက်သွားကြတယ်။ နောက် နှစ် ၁၀၀ လောက်အကြာ ၁၇၆၀ မှာ စစ်တကောင်းကို British East India Company က ရသွားတယ်။ သူတို့က စစ်တကောင်းမှာ လယ်လာလုပ်ဖို့ ဖိတ်ခေါ်လို့ သွားတဲ့ ရခိုင်ကနေ သွားရောက် အခြေချသူတွေလည်း ရှိခဲ့တယ်။ နောက် နှစ် ၂၅ အကြာ ၁၇၈၅ မှာ ရခိုင် ကို မြန်မာဘုရင် သိမ်းတယ်။ မြန်မာဘုရင်က အခွန်ကောက်တာ၊ လုပ်အားပေးခိုင်းတာ၊ စစ်သားစုဆောင်းတာ ကြမ်းတော့ စစ်တကောင်းကို ထွက်ပြေးတဲ့ ရခိုင်သား ( လူမျိုးပေါင်းစုံ ) ဒုက္ခသည်တွေ ရှိလာတယ်။ သူတို့ကို ဗြိတိသျှတွေက ကာကွယ်ပေးထားလို့ တောင်ပေါ်အထိ တက်ပြေးစရာ မလိုပဲ၊ လွင်ပြင်တွေမှာ စခန်းချနေရင်း Cox's Bazar ဒုက္ခသည်စခန်း ဆိုပြီး ပေါ်လာတယ်။ ဗိုလ်ချင်းပျံ ( ၁၇၉၈ - ၁၈၁၅ ) ဦးဆောင်တဲ့ ရခိုင်သူပုန်တပ်နဲ့ မြန်မာတပ်တွေကြား တိုက်ပွဲတွေကြောင့် ပြေးကြရသူတွေလည်း ရှိခဲ့တယ်။ နောက် နှစ် ၄၀ အကြာ ၁၈၂၅ မှာ ရခိုင်ပြည်ကို မြန်မာ လက်ထဲကနေ အင်္ဂလိပ် က သိမ်းလိုက်တယ်။ စစ်တကောင်းဘက် ရောက်နေတဲ့ ရခိုင်တွေ အင်္ဂလိပ် ကိုလိုနီ ရခိုင်ပြည်ဘက်ကို တဖွဲဖွဲ ပြန်လာကြတယ်။ တချို့ကတော့ စစ်တကောင်း ဘက်မှာ အခြေကျပြီးဆက်နေကြတယ်။
CHT ဒေသ မြေပုံနဲ့ အဲဒီနယ်ထဲ ရောက်နေတဲ့ ရခိုင်သား (ရခိုင်စကားပြောသူ) တွေ နေကြပုံကို မှတ်သားထားပါ။ ပုံ − 051,052
Chittagong Hill Tracts (CHT) ဒေသမှာ Bomong + Mong + Magh/Mog ဆိုပြီး ရခိုင်သား ၃ စု ရောက်နေတယ်။
၁) Bomong ( Bandarban District, Bangladesh ) -
ရခိုင်ဒေသက လာတဲ့ မြန်မာလူမျိုး “Marma”၊ ပဲခူးက လာတဲ့ မွန်လူမျိုး
၂) Mong ( Khagrachari District, Bangladesh )- 
ရခိုင် မင်းအဆက် လို့ ပြော၊ မင်းရာဇာ ဘွဲ့ခံ −>
1951 ဥပဒေ အရ ၊ မြန်မာ “Marma” အဆက်ပြန်ဖြစ်
၃) Magh/Mog ( Tripura District, India ) - Magh/Mog လူမျိုး နံမည်ခံ
အထက်ကဖေါ်ပြခဲ့တဲ့အတိုင်း ၁၉၅၀ ပတ်ဝန်းကျင်မှာ ရခိုင်လူမျိုး ဆိုတာ ပေါ်ပေါက်လာပြီး မြန်မာနိုင်ငံအတွင်းက ရခိုင်တပြည်လုံးမှာ ပြန့်နှံ့သွားပါတယ်။
၁၉၇၀ ကျော်လောက်မှာ မြန်မာအစိုးရ လိုက်လံဖမ်းဆီးတာကို ရှောင်ပုန်းရင်း ဒေါက်တာ ခင်မောင်နဲ့ မောင်ကျော်လှိုင် ဆိုတဲ့ ရခိုင်အမျိုးသားရေးဝါဒီ ၂ ယောက် ဘင်္ဂလားဒက်ရှ် နိုင်ငံထဲက စစ်တကောင်းဒေသကို ရောက်လာပြီး အဲဒီဒေသမှာ အခြေချ နေနေကြတဲ့ ရခိုင်စကားပြောသူတွေကို ရခိုင်လူမျိုးအဖြစ် ခံယူကြဖို့ စည်းရုံးခဲ့ကြပါတယ်။ ငါတို့ဟာ ရခိုင်လူမျိုးတွေ ဖြစ်တယ် ဆိုတဲ့ အိုင်ဒီယာက Patuakhali ဒေသ မှာ ၁၉၇၄−၇၅ အတွင်း၊
Cox’s Bazar ဒေသ ကို ၁၉၈၀ လောက်မှာ ပြန့်နှံ့သွားပါတယ်။ ကိုယ့်ကိုကိုယ် ရခိုင် လို့ သတ်မှတ်ပြီး၊ ရခိုင် အသင်းတွေ ထောင်တာ၊ ရခိုင်မဂ္ဂဇင်းတွေ ထုတ်တာတွေ ဆောင်ရွက်ခဲ့ကြပါတယ်။
ဒါပေမည့် အဲဒီ အိုင်ဒီယာ က အထက်က CHT နယ် ၃ နယ်မှာ တိုးမပေါက်ခဲ့ပါဘူး။
Bandarban ခရိုင်မှာ နေတဲ့ Bomong ဗိုလ်မင်း အမျိုးအနွယ်တွေက သူတို့ဟာ 'မြန်မာ Marma' လို့လည်း ပြောတယ်၊ 'မွန်' လို့လည်း ပြောပါတယ်။ သူတို့ လူမျိုးရဲ့ နောက်ကြောင်းရာဇဝင်ကို ဒီလို ရှင်းပြပါတယ်။
အရင် ၁၅၉၉ ခုနှစ်မှာ ရခိုင်နဲ့ မြန်မာ ပေါင်းပြီး ပဲခူးကို သိမ်းယူခဲ့ဘူးတယ်။ အပြန်မှာ သုံ့ပန်းတွေ ဖမ်းလာပြီး ရခိုင်မှာ အခြေချပေးခဲ့တယ်။ ဗိုလ်မင်းတွေ အဆိုအရ အဲဒီ ပဲခူးမင်း နန္ဒဘုရင်ရဲ့သား မောင်စောပျံ Maungsawpyan က မွန် နောက်လိုက် သုံးသောင်းသုံးထောင်နဲ့ ရခိုင်ပြည်ကို လိုက်လာရတယ်။ ရခိုင်ဘုရင်က သူတို့ကို ဒီ စစ်တကောင်းတောင်ရိုး CHT မှာ သွားအုပ်ချုပ်ဆိုလို့ သူတို့ ဒီကိုလာအခြေချတယ်၊ ဒီ မွန်ဘုရင့်သား ဘိုးဘွား ကနေ သူတို့တွေ ဆင်းသက်လာတယ်လို့ ဗိုလ်မင်းတွေက ပြောပါတယ်။ ဘုရင်မျိုးမို့ ရာဇာဘွဲ့ကို ဆက်ခံကြရပါတယ်။ သူတို့ရဲ့ ဇာတ်လမ်းက စိတ်ဝင်စားဖို့ ကောင်းလွန်းလို့ သုတေသနသမား ဘိုတွေ က ဖြန့်ရင်း တကမ္ဘာလုံးမှာ နံမည်ကြီးသွားပါတယ်။ ဒါပေမည့် စိတ်ဝင်စားတဲ့ သုတေသီတွေက မင်းတို့ မျိုးရိုးစဉ်ဆက် ရာဇဝင်မှတ်တမ်းတွေ ပြပါ တောင်းတိုင်း မီးလောင်သွားပြီတို့၊ သူခိုးခိုးခံလိုက်ရတယ်တို့ လျှောက်ပြောတယ်။ နောက်ပိုင်း မသင်္ကာလို့ ပြန်လိုက်ကြတဲ့အခါ ၁၉၀၀ ရှေ့ပိုင်းတုန်းက သူတို့က ရခိုင်ပြည်က လာတယ်ပဲ ပြောခဲ့တယ်။ ၁၉၀၀ နောက်ပိုင်းမှ ဒီ မွန်ဘုရင်ဇာတ်လမ်း ခေတ်စားလာတာ ပြန်တွေ့ရတယ်။ ရှေးမှတ်တမ်းတွေမှာလည်း ပဲခူးက သုံ့ပန်းတွေကို ရခိုင်ကမ်းရိုးတန်းနဲ့ ရခိုင်တောင်ရိုး Arakan Hill Track မှာ နေရာချခဲ့တာပဲ ရှိတယ်။ ဒီ ဗိုလ်မင်း မျိုးတွေက မွန်စကားလည်း တလုံးမှ မတတ်ဘူး။ ဘုရင့်နောင် ကလည်း မွန် မဟုတ်ဘူး။
သေချာပြန်ဆက်စပ်ကြည့်ကြတော့မှ သူတို့က အစောပိုင်းက ပြောသလို ရခိုင်ပြည်ကနေ CHT ကို ပြောင်းလဲ အခြေချလာတဲ့ မြန်မာ Marma (ရခိုင်၏ မူရင်းလူမျိုးအမည်)တွေ ဖြစ်တယ်။ စစ်တကောင်းကို မဂိုလ်တွေ သိမ်းတဲ့ ၁၆၆၆ ကစပြီး တသုတ်ပြီး တသုတ် ဒီဒေသကိုရောက်လာကြတယ်။ ၁၇၈၅ မှာ ရခိုင် ကို မြန်မာဘုရင် သိမ်းတယ်၊ ရခိုင်မျိုးချစ်တွေက မြန်မာဘုရင်ကို တော်လှန်ရာက ဒုက္ခသည် ရခိုင်တွေ CHT ကို ထပ်ရောက်လာတယ်။ နကိုယ်ရောက်ပြီး အသုတ်နဲ့ အသစ်ရောက်တဲ့ အသုတ် အုပ်စု ၂ စု ကွဲနေတယ်။ ၁၇၉၄ မှာ အင်းဝတပ် တွေ ဘင်္ဂလားနယ်ထဲ အထိ ဝင်လာပြီး တရားခံပြေး လိုက်ဖမ်းတယ်။ အင်္ဂလိပ်က အလျော့ပေးပြီး တရားခံပြေး အချို့ကို ပြန်အပ်လိုက်တယ်။ အဲဒီမှာ အရင်ရောက်နေတဲ့ ရခိုင်သားတွေက နောက်ရောက်တဲ့ ရခိုင်သားနဲ့ မှား အဖမ်းခံရမှာ ကြောက်ပြီး၊ သူတို့က ရခိုင်သား တွေမဟုတ်ပါဘူးလို့ ငြင်းဆန် ( de-Arakanisation ) ခဲ့ကြတာ ဖြစ်မယ်။ ပဲခူး က သုံ့ပန်းတွေ ဖမ်းလာတဲ့ ရာဇဝင်လည်း ကြားဖူးတော့ ရောကြိတ်လိုက်တာ ဖြစ်မယ်လို့ တွက်ဆကြပါတယ်။
ဘင်္ဂလားလူမျိုးတွေကတော့ ရခိုင်သား မှန်ရင် Magh/ Mog လို့ပဲ အကုန်သိမ်းကြုံး ခေါ်လေ့ရှိတယ်။ ၁၉၄၇ မှာ အိန္ဒိယနဲ့ ပါကစ္စတန် ဆိုပြီး နှစ်နိုင်ငံခွဲတော့ Mong တွေ နစ်ခြမ်းကွဲပြီး အရှေ့ပါကစ္စတန်(နောင်တွင် ဘင်္ဂလားဒက်ရှ်)ဘက်က Khagrachari ခရိုင်မှာ တစု၊ အိန္ဒိယဘက်ခြမ်း Tripura မှာ တအုပ်စု ကွဲသွားတယ်။ Tripura ရောက်တဲ့ Mong အုပ်စုက အေးဆေးဖြစ်သွားတယ်။ ဘင်္ဂလားလူမျိုးတွေက သူတို့ကို ခေါ်နေကြ Magh/Mog လူမျိုးလို့ အခေါ်ခံလိုက်တယ်။ အပြင်လူ ခေါ်တဲ့ exonym အတိုင်း အတွင်းမှာလည်း endonym မှာလည်း လိုက်ခေါ်လိုက်ကြပုံ ရှိတယ်။ ၁၉၇၀−၈၀ မှ ရခိုင်အမျိုးသားရေးဝါဒီတွေ CHT ရောက်တော့လည်း သူတို့ဆီ မရောက်တော့ လူမျိုးထပ်မပြောင်းတော့ဘူး။
၁၉၅၁ အရှေ့ပါကစ္စတန် သန်းကောင်စာရင်းကောက်တဲ့အခါမှာ Magh/Mog ဆိုတဲ့ အခေါ်အဝေါ် (နှိမ်ချတဲ့ သဘောပါ) ကို “Marma” နဲ့ အစားထိုးပြီး ကောက်ခံခဲ့တယ်။ ၁၉၉၈ ခု Chittagong Hill Tracts Regional Council Act ဥပဒေအရ “Marma” လူမျိုးဆိုတာကို တရားဝင် အသိအမှတ်ပြုလိုက်တော့ အခု Bomong ကော၊ Khagrachari ခရိုင်က Mong တွေကော အကုန် “Marma” လူမျိုး ဖြစ်သွားကြတယ်။ သူတို့အချင်းချင်းကြားမှာတော့ ရှေးအခေါ်အဝေါ်အတိုင်း "ရေကြည်သား၊ ချောင်းသား၊ မရိုးသား၊ ကော့ကတန်းသား၊ လောင်ကဒူးသား" လို့ ခေါ်ကြဆဲပဲလို့ ဆိုပါတယ်။
( Timeline for reference )
၁၅၉၉ မြန်မာနဲ့ ရခိုင် ပဲခူးကိုသိမ်း၊ 
နန္ဒဘုရင်မျိုးဆက် မောင်စောပြန် ဓညဝတီမှာ နေရာက ၁၆၁၄ မှာ မွန်နောက်လိုက် ၃၃၀၀၀ နဲ့ တကွ chittagon ကို ဘုရင် အဖြစ်နဲ့ ပြောင်းလာတယ် ပြော
၁၇၈၅ ဘိုးတော် ရခိုင်ကိုသိမ်း
၁၇၉၈ က Francis Hamilton ကို မြန်မာလူမျိုး၊ ရခိုင်က လာတာ လို့ ပြော၊
၁၈၆၉ က Lewin ကို ရခိုင်သား၊ ကုလားတန်က လာတာလို့ ပြော − ဗမာဘုရင် လာတိုက်လို့ ပြေးလာတယ် ပြော
၁၈၉၆ က Lethbridge ကို ရခိုင်သား၊ ကုလားတန်က လာတာလို့ ပြော၊  နန္ဒဘုရင် မျိုးဆက် ၁၇၇၆ မတိုင်မီ CHT ရောက်− ( ၁၇၉၄ ဗမာ စစ်တကောင်းကိုဝင်) ဗမာဘုရင် လာတိုက်လို့ ပြေးလာတယ် ပြော
၁၉၀၆ Hutchinson ကို "၁၅၉၉ ဗမာ နဲ့ ရခိုင် ပဲခူးကိုသိမ်း၊ နန္ဒဘုရင် မျိုးဆက် မောင်စောပြန် ဓညဝတီမှာနေရာက ၁၆၁၄ မှာ မွန်နောက်လိုက် ၃၃၀၀၀ နဲ့တကွ chittagon ကို ဘုရင် အဖြစ်နဲ့ပြောင်းလာတယ်" ပြော
၁၉၂၆ J P Mills မီးလောင်သွားပြီပြော
၁၉၆၁ G H Harvey
၁၉၆၇ Lucien Bernot အခိုးခံရ လို့ ပျောက်ကုန်ပြီပြော
၁၉၆၈ Loffler မသင်္ကာဖြစ်
ဒါကတော့ ကိုယ် ဘာလူမျိုးလဲ ဆိုတာကို တခါတလေ "ကိုယ်ရောက်နေတဲ့ နေရာရဲ့ နိုင်ငံရေး၊ လူမှုရေး အခြေအနေ" ကို ကြည့်ပြောတတ်ကြတယ် ဆိုတဲ့ ဥပမာ ပဲလို့  ကိုကျော်မင်းထင် က ဆိုပါတယ်။
----
ကိုကျော်မင်းထင် က NUS မှာ PhD ဘွဲ့အတွက်
၂၀၁၇ က တင်တဲ့ အောက်ပါစာတမ်း ကို
အတိုချုပ်ပြန်ရေးပေးထားပါတယ်။ 
PART-01
WHERE MAṆḌALAS OVERLAP: HISTORIES,
IDENTITIES AND FATES OF THE PEOPLE FROM
ARAKAN AND SOUTH-EASTERN BANGLADESH
original စာတမ်းကို အောက်က Link မှာ Download
လုပ်ယူလို့ ရပါတယ်။
https://scholarbank.nus.edu.
sg/bitstream/10635/137524/1/Kyaw%20Minn
%20Htin%20_%20PhD%20thesis%202017.pdf
ရှေ့နောက် ဖြစ်ရပ်တွေကို ဆက်စပ် နားလည်လွယ်ဖို့ အောက်ပါ Link က timeline နှင့် တိုက်ဆိုင်ကြည့်ရှု နိုင်ပါတယ်။
https://www.facebook.com/myo.than.
18/posts/4575679882453176
အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် နောက်ခံသမိုင်းကို အောက်ပါ မှတ်စုမှာ ကြည့်လို့ ရပါတယ်။
https://www.facebook.com/myo.than.
18/posts/1576998538988007
ကျွန်တော် ဖတ်လို့ နားလည်သလောက် ပြန်ရေးပေးထားပါတယ်။ အမှားတွေ့လျင် အများအကျိုးအတွက် ကျေးဇူးပြုပြီး ပြင်ပေးစေချင်ပါတယ်။ (အာရိယန် မှတ်စု) ဆိုတဲ့ စာပိုဒ်ကတော့ မှတ်စုရေးသူ ထင်ရာမြင်ရာ ထည့်ရေးထားတာ ဖြစ်ပါတယ်။ Myanmar Wiki နဲ့ ebook creator များ အားလုံးကို ကျေးဇူးတင်ပါတယ်။
Credit - Myo Than
Photos Credit 
Amazing Burma - The Golden Land 
#AmazingBurmaTheGoldenLand
#ရခိုင်သည်မြန်မာ
#ရခိုင်သည်ဗမာ
#မြန်မာမျိုးနွယ်စု
#ရခိုင်သမိုင်း
#မြန်မာ့သမိုင်း
#History
#AmazingBurma
#HistoryofBurmese
#HistoryofRakhine
#HistoryofArakan
#HistoryofMyanmar
Saturday, June 18, 2022
လမ်းစဉ်ဟောင်းကနေ ရုန်းထွက်သင့်ပြီ
 လမ်းစဉ်ဟောင်းကနေ ရုန်းထွက်သင့်ပြီ
-------------------------------
- ရခိုင်ပြည်မြောက်ပိုင်းမှာ မတော်မတည့် တစ်ခုခုဖြစ်ပေါ်လာရင် မွတ်စလင်တွေကို အပြစ်ပုံချတာက အဆန်းမဟုတ်ပါဘူး။ ဖြစ်ရိုးမြဲလမ်းစဉ်တစ်ခုအနေနဲ့ လူတိုင်းသိကြပါတယ်။ ပြသနာရဲ့ အခြေအမြစ်မရှာဘဲ အာဏာပိုင်တွေ၊ ဗုဒ္ဓဘာသာဝင်တွေ ပူးပေါင်းပြီးတော့ ဒေသခံလူနည်းစုမွတ်စလင်တွေကို လူမဆန္စြာ ချေမွုန်းဖို့ အသင့်ဖြစ်ကြတော့တယ်။
မျိုးယုတ်အုပ်စုအချို့ကလည်း အလုပ်ရသွားပြီပေါ့။ ခြေစုံပစ် အလုပ်ခွင်ဆင်းပြီးတော့ အမုန်းတရားတွေ ဖင်ပိတ်ဟောကြကုန်တယ်။ ဒီလိုမျိုး မဆင်မခြင် သွေးတိုးတိုင်း လိုက္ကျပခဲ့တဲ့ လုပ်ရပ်တွေကြောင့်တို့ရခိုင်ပြည်နယ်ဟာ ပဋိပက္ခကြီးတွေနဲ့ အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရတယ်။ အေးအေးချမ်းချမ်း နေထိုင်လာကြတဲ့ လူမျိုးစုနှစ်စုကြား သဟဇာတဖျက်ပျောက်သွားပြီတော့ တသီးတျခား ဖြစ်ခဲ့ရတယ်။ အမွိုက်ကနေ ပြဿဒ်ကြီး မီးလောင်သွားတာပေါ့။ အဲ့ဒီလို ရေှးဖြစ်တွေကို လေးလေးနက်နက် စဉ်းစားလို့ နောင်လာမယ့် ပြဿနာတွေကို ဆင်ဆင်ခြင်ခြင်ကိုင်တွယ်သင့်တယ်။ လမ်းစဉ်ဟောင်းကနေ ရုန်းထွက်သင့်တယ်။
- ယခုလည်း လူမျိုးစုနှစ်စုအကြား ပြန်လည်သင့်မြတ်ရေး ရောင်နီစပြုလာချိန်တွင် မတော်မတည့်လုပ်ရပ်တစ်ခု ကြားနေရတယ်။ ပညာရေးဝန်ထမ်း ဆရာကြီးတစ်ဦးနဲ့ ဆရာမ တစ်ဦး ပျောက်နေတဲ့ သတင်းပေါ့။ စိတ်မကောင်းဖြစ်လိုက်ရတာ။ မကောင်းတဲ့ လုပ်ရပ်တစ်ခုကိုဘယ်သူပဲလုပ်လုပ်၊ ဘယ်လူမျိုးပဲ လုပ်လုပ် မကောင်းတာပဲ။ အမှန်တကယ် အပြစ်ရိှတဲ့ သူတွေကိုပဲ ဖော်ထုတ်အပြစ်ပေးသင့်ပါတယ်။ ဒါက မှန်ကန်တဲ့ဓမ္မလမ်းကြောင်းပါပဲ။
- အခုထွက်နေတဲ့သတင်းဟာ ဘယ်သူဘယ်ဝါရဲ့ လက်ချက်လဲဆိုတာ သေသေချာချာ မသိဘဲ မွတ်စလင်တွေနေတဲ့ ဒေသဖြစ်နေတဲ့အတွက်ကြောင့်မလို့ မွတ်စလင် ရွာသူရွာသားတွေကို ညှဉ်းပမ်းနိှပ်စက်မယ်ဆိုရင် ယုတ္တိရိှပါမလား။ ပုံမှာ တွေ့နေရသလို ဓား၊ တုတ်၊ လက်နက်တွေနဲ့ ရေှးရိုးလမ်းစဉ်အတိုင်း စစ်ပွဲဆင်နွွဲသလို တိုက်ရေးပြရင် မီးကိုတမင်သက်သက် ကြီးအောင် လေမွုတ်ရာ ရောက်တယ်။
- ယနေ့ မြန်မာနိုင်ငံဟာ လူမျိုးတိုင်းဘာသာတိုင်း အဓမ္မကို လက်နက်နဲ့ မောင်းထုတ်နေတဲ့ကာလဖြစ်တယ်။ နေရာတိုင်းလိုလိုမှာ လက်နက်ကိုင်တွေနဲ့ မကင်းပါဘူး။ ဘောမဒလန်တွေလည်း မနည်းပါဘူး။ ကြားကနေ စားဝတ်နေရေး အကြောင်းပြပြီး ဓားမြထတာလည်း ရိှနေအုံးမယ်။ ဒါကေတာ့ လူမျိုးရယ်၊ ဘာသာရယ်လို့ သီခြားမရိှဘူး။ အသိုင်းအဝိုင်းတိုင်းမှာ ရိှတာပဲ။
- ဒါနဲ့ ဒီလုပ်ရပ်ဟာ ဘယ်သူဘယ်ဝါရဲ့ လက္ခ်လဲဆိုတာ ပထမဆုံး ဖော်ထုတ်ရမှာဖြစ်ပါတယ်။ ရခိုင်အဖွဲ့လား၊ ရိုဟင်ဂျာအဖွဲ့လား၊ ဓားပြအဖွဲ့လား၊ အချင်းချင် ရန်ငြိုးကြောင့်လား၊ လူမျိုးစုအကြား သဟဇာတပျက်အောင် မလိုမုန်းထားသူတွေက တမင်လုပ်ကြံလိုက်တာလား စသည်ဖြင့်ပေါ့။ ပြီးမှ အမှန်တကယ် အပြစ်ရိှသူတွေကို ထိထိရောက်ရောက် အေရးယူရမွာပါ။ ဒီတိုင်း ဘုမသိဘမသိ အပြစ်မဲ့ပြည်သူတွေကိုမတရားဖိနိှပ် နိှပ်စက်ခြင်းကား ရေှးကပြုမှားခဲ့တဲ့ မဟာအမှားကြီးတွေကို ထပ္မံ မှားမိချေကုန်မှာပဲလေ။
- အမွိုက်ကအစ ပြဿဒ်ကြီး မီးမလောင်ရအောင် စိတ်အေးအေးနဲ့ ဆင်ဆင်ခြင်ခြင် ကိုင်တွယ်ကြပါ။ အားလုံးပူးပူးပေါင်းပေါင်း ဖြစ်ရပ်မှန်ကို ဖော်ထုတ်ကြပါ။ နားယောင်သတင်းတွေကို ယုံကြည်ခြင်းမှ ရေှာင်ကြဉ်ပါ။ ရေှးကနေ ကျင့်သုံးလာခဲ့တဲ့ လမ်းစဉ်ဆိုးတွေမှ ရုန်းထွက်ကြပါ။  "အပြစ်ရိှသူသာ ပြစ်ဒဏ်နဲ့ သင့်တော်သတဲ့။"
- နတ်မျက်စိ
(၁၉-၆-၂၀၂၂)
Thursday, June 16, 2022
Arakan စကားလုံး ဖြစ်ပေါ်လာပုံ
Arakan စကားလုံး ဖြစ်ပေါ်လာပုံ 
Arakan စကားလုံးကို သမိုင်းဆရာတွေက မွတ်စလင်နဲ့ မငြိအောင် ဆင်းသက်လာပုံ အမျိုးမျိုး ဖော်ပြကြတယ်။
- တစ်ချို့က "ငွေ" ထွက်သောပြည် အာဂျာ "Argyre" မှ " Arakan" ဖြစ်လာတာလို့ ဖော်ပြကြတယ်။ (တိုလမီက သင်္ဘောသားတွေဆီက ကြားသလို မှတ်တာတဲ့။ လေသံပျက်လည်း ဖြစ်နိုင်တယ်တဲ့။ အဲ့ဒီခေတ် အာရကန်မှာ ငွေတွင်းဆိုတာ မရှိခဲ့ဖူးတဲ့။ Arthur Purves Phayre က History of Burma မှာ သုံးသပ်ထားတယ်။)
- ပေါ်တူဂီတို့ရဲ့ မှတ်တမ်းမှာတော့ Arracao လို့တွေ့ရတယ်။
- လက်တင် ပထဝီဝင် (၁၅၉၇) ခု Peta Vino က Aracan လို႔ ဖေ်ာပြတယ္။ 
- Friar Manrique ကလည်း Aracan လို႔ ဖေ်ာပြတယ္။ 
ဒါပေမဲ့ Arakan ဆိုတာ တိုက်ရိုက် အာရဗီစကားလုံးနဲ့ ပါရှင်စကားလုံးလည်း ဖြစ်တာကို ဖော်ပြဖို့ လက်နှေးကြတယ်။
- Ibn Batuta ရဲ့ အဆိုအရ Al-Rukn မှ Arakan ဖြစ်လာကိုပေါ့။ 
- Relph Fitch (1586) ကေတာ့ Rocon လို႔ ဖေ်ာပြတယ်။ 
- Francis Buchanam ကေတာ့ Reng, Roang, Rossawn, Russawn, Rung လို႔ အကွဲကွဲ ဖော္ပြထားတယ်။ 
- Abdul Karim က Al-Rekan မှ Arakan ဖြစ်လာတယ်လို့ ဆိုတယ်။ (Rekan ကနေ Rohang ပေါ့)
- Tripura Chronicle Rajmala မွာ Roshang လို႔ ဖော်ပြတယ်။ 
- Dr. Habib Siddique ကတော့ မူလ နာမည် Rohang မှ Arakan ဖြစ်လာတယ်လို့ ဆိုတယ်။ (Rohang ကို အာရဗီပုံစံနဲ့ Al- Rohang ခေါ်တာကနေ ဖြစ်လာတာ ဖြစ်နိုင်တယ်။)
- အာရကန်နန်းတွင်းစာဆိုတော် အာလဝါလ်နဲ့ မဂံ တို့ကတော့ သူတို့ရဲ့ လင်္ကာရှည်တွေမှာ အာရကန်ရဲ့ နာမည်ကို Roshango Des လို့ ဖော်ပြထားတယ်။
- ဝေသာလီခေတ်က အနန္တစန္ဒြာကျောက်စာမှာလည်း ဒီပြည်ကို Arakandesa လို့ ဖော်ပြထားတယ်။
တို့ပြည်က တစ်ချို့မျိုးချစ်သမိုင်းဆရာတွေက အာရဗီစကားနဲ့ မငြိစေချင်ဘူးလေ။ အိစ္စလာမ်ဘာသာ ထွန်းကားခဲ့တာကို လူတွေသိသွားမှာစိုးလို့ ဖြစ်မယ်။ ၂၀၁၁ တုန်းကဆိုရင် အာရကန် နာမည်ကို အလွဲသုံးစားနေကြောင်း ကန့်ကွက်ပွဲတွေတောင် လုပ်သေးတယ်။ 😁😂😅
ဒီ ၁၈၈၈ ခု၊ နိုဝင်ဘာလ ၃ ရက် ရက်စွဲပါ အမိန့်စာမှာကြည့်ပါ။
အိစ္စလာမ်ဘာသာဝင် တစ်ဦးရဲ့ နာမည်- မိုဟာမတ်အာရက်ခန် (Mohammed Arakan)
-RohangKing
(15-6-2022)
ပုံ- အင်တာနက်
Wednesday, June 15, 2022
မြန်မာ့သမိုင်းကို ကယ်တင်ခဲ့သူ
မြန်မာ့သမိုင်းကို ကယ်တင်ခဲ့သူ
ဒေါ်မော်နီကာမြမောင်သည် ရန်ကုန်ရှိ ဗြိတိသျှကောင်စီတွင် ၃၈ နှစ်ကြာ အမှုထမ်းခဲ့ပြီး ၁၉၇၉ တွင် MBE ဆုတံဆိပ် ချီးမြှင့်ခံရသည်။ ၂၀၀၈ ခုနှစ် အသက် ၉၁ နှစ် အရွယ်တွင် ကွယ်လွန်သည်။
ရန်ကုန်မှာရှိတဲ့ ဗြိတိသျှကောင်စီ စာကြည့်တိုက်ဟာ မြန်မာ့သမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ အထင်ကရ အစိုးရစာကြည့်တိုက် ဖြစ်ပါတယ်၊ ဒါပေမယ့် အဲ့ဒီစာကြည့်တိုက်မှာ သူမတူအောင် စုဆောင်းထားတဲ့ စာအုပ်စာတမ်းတွေကို အခုလို ထိန်းသိမ်း စောင့်ရှောက် ထားနိုင်တဲ့အပေါ် အမျိုးသမီး တယောက်ကို ကျေးဇူး အထူး တင်ရပါလိမ့်မယ်။
ဒေါ်မော်နီကာမြမောင် တယောက် မြန်မာဝတ်လုံတော်ရ ဦးပါစီမြမောင်ရဲ့ အင်္ဂလိပ်ဇနီးသည် အဖြစ်နဲ့ ၁၉၃၇ ခုနှစ် အောက်တိုဘာလမှာ ရန်ကုန်မြို့ကို ပထမဆုံး ရောက်လာခဲ့ပါတယ်။ ဦးပါစီမြမောင်ဟာ တရားသူကြီး တယောက်ရဲ့ သားဖြစ်ပြီး ကိန်းဘရစ်ခ်ျ (Cambridge) တက္ကသိုလ်၊ စိန့်ဂျွန်းကောလိပ် (St. John’s College) ကနေ ဘွဲ့ရခဲ့သူပါ။
ဗြိတိသျှကောင်စီ စာကြည့်တိုက်ကို ၁၉၄၇ ခုနှစ်မှာ စတင် ဖွင့်လှစ်တဲ့ အခါ “အန်တီမော်နီကာ” လို့ အများက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ ဒေါ်မော်နီကာမြမောင်က အားလပ်ချိန်မှာ ဝိုင်းကူတာတွေ စလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်းက ၁၉၆၂ အာဏာ သိမ်းတဲ့အခါမှာတော့ သူ့ရဲ့တပ်ဖွဲ့တွေက အဲ့ဒီစာကြည့်တိုက်ကို သိမ်းယူဖျက်ဆီးခဲ့ပြီး စာကြည့်တိုက် ပိတ်ဖို့နဲ့ စာအုပ်တွေ ရောင်းထုတ်ပစ်ဖို့ကိုပါ အမိန့်ပေးခဲ့ပါတယ်။
ထက်မြက်ပြီး ပါးရည်နပ်ရည် ရှိလှတဲ့ အန်တီမော်နီကာ ကတော့ မြန်မာ့သမိုင်း စာအုပ်ရှည် အုပ် ၅၀၀ ကို အလျှင်အမြန်ပဲ ဝှက်လိုက်ပါတယ်။ ဖျက်ဆီးခံရမယ့် ဘေးက လွတ်အောင် စာအုပ်တွေကို ဗြိတိသျှသံရုံးထဲက စားပွဲတွေအောက်မှာနဲ့ လျှို့ဝှက်အခန်းငယ်လေးတွေထဲမှာ ဝှက်ထားလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ တရားဝင် ပြန် ဖွင့်ခွင့်ရတဲ့ ၁၉၇၃ ခုနှစ် အထိ စာကြည့်တိုက်ကို တိတ်တဆိတ် ဆက်လက် လည်ပတ်ခဲ့ပါတယ်။
“သူဟာ သိပ်ကို တက်တက်ကြွကြွ ရှိပြီး စံနမူနာယူသင့်တဲ့ အံ့သြ ချီးမွမ်းဖွယ်ရာ အမျိုးသမီး တယောက်ပါ” လို့ စာကြည့်တိုက်ရဲ့ လက်ရှိ သတင်းပြန်ကြားရေး မန်နေဂျာ ဒေါ်မိုးမိုးစိုးက ကျနော့်ကို ပြောပြပါတယ်။
“သူက မြန်မာပြည်နဲ့ မြန်မာပြည်သူတွေကို ချစ်တယ်၊ ပြီးတော့ မြန်မာပြည်ဟာ သူ့အိမ်လို့ အမြဲတမ်း ယူဆထားသူ ဖြစ်တယ်။ အလုပ်က အငြိမ်းစားယူပြီး နောက်ပိုင်းမှာတောင်မှပဲ ဒီမှာ အချိန်ပိုင်း ဆက်လုပ်သွားသေးတယ်” လို့လည်း သူက ဆိုပါတယ်။
အန်တီမော်နီကာရဲ့ ရဲရင့်တဲ့ လုပ်ရပ်တွေကြောင့်ပဲ ဘယ်လိုမှ အစားထိုးလို့ မရနိုင်တော့တဲ့ ဥပမာ – မြန်မာပြည် အတိတ်နှင့် ပစ္စုပ္ပန် – ဘားမင်းအင်ပိုင်ယာတွင် မှီတင်းနေထိုင်သူတယောက်၏ နေ့စဉ်မှတ်တမ်း (Burma Past and Present, Journal of a Residence in the Burmham Empire နဲ့ အဓိကချင်းလူမျိုးစု၏ စီးပွားရေး (The Economics of the Central Chin Tribe) စာအုပ်မျိုးတွေ စာကြည့်တိုက်မှာ ကနေ့ထိ ရှိနေပြီး ပညာရှင်တွေ လက်လှမ်းမီနေတာပါ။
အန်တီမော်တီကာရဲ့ သံမဏိစိတ်ဓာတ်နဲ့ ဆောင်ရွက်မှုမျိုးကို သူ့လို ဗြိတိသျှတွေ ထူထပ်လှတဲ့ ကိုလိုနီ အသိုင်းအဝိုင်းအကြား ဝိုင်းကြဉ် ခံထားရတဲ့ အချိန်မျိုးမှာ လူတိုင်း လုပ်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် သူကတော့ အဲ့ဒီအသိုင်းအဝိုင်း ရဲ့ ဟန်ဆောင်မှုတွေကို ဂရုစိုက်တယ် ဆိုရုံလေးပဲရှိပြီး သူရဲ့ မြန်မာဆွေမျိုး အသိုင်းအဝိုင်းအသစ်ထဲကို မိုက်မိုက်ကန်းကန်း ခြေစုံပစ် ဝင်ခဲ့ပါတယ်။
ပထမဆုံး ရန်ကုန်ရောက်တဲ့နေ့က မြန်မာ ပိုးထည်ဝတ်စုံဝတ်ပြီး ရွှေတိဂုံဘုရားမှာ ဝတ်ပြုနေတဲ့ ဒေါ်မောနီကာမြမောင် ဟာ သတင်းစာထဲမှာသုံးဖို့ဆိုပြီး ဓာတ်ပုံ အရိုက်ခံခဲ့ရပါတယ်။ ဒီဓာတ်ပုံက သူတို့သားရဲ့ ဇနီးရွေးချယ်မှုအပေါ် သဘော မတူတဲ့ သူ့ရဲ့ ယောက္ခတွေကို သိသိသာသာ စိတ်သက်သာရာရစေခဲ့ပါတယ်။
ဒါပေမယ့် အင်္ဂလိပ်လို သံတူ အစ စကားလုံးနဲ့ “မြန်မာဝတ်လုံတော်ရက လှပတဲ့ ဗုဒ္ဓဘာသာဝင် ဗြိတိသျှဇနီးလောင်း ခေါ်လာ (Burmese Barrister Brings Bak Beautiful British Bride)” ဆိုပြီး နောက်တနေ့ သတင်းစာထဲပါလာတဲ့ အခါမှာတော့ မျိုးချစ်စိတ် ပြင်းထန်လှတဲ့ ဗြိတိသျှတွေ အသိုင်းအဝိုင်းကြားမှာ သူ့ကို ကဲ့ရဲ့ ပြစ်တင်စရာ ဖြစ်စေခဲ့ပါတယ်။ ၁၉၃၀ ခုနှစ်တွေတုန်းက ဘယ်မြန်မာမှ (အဲ့ဒီအချိန်က ယာယီနန်းရင်းဝန်ဖြစ်နေတဲ့ ဆာဂျိုးဇက်ဖ် မောင်ကြီး တောင်မှပဲ) အင်္ဂလိပ်ကလပ်တခုမှာ အဖွဲ့ဝင်ဖြစ်ခွင့် မရှိပဲကိုး။ အဲ့ဒီ စည်းကမ်းက ၁၉၁၄ ဇွန်လ ၅ ရက်မှာမွေးတဲ့ ဒေါ်မော်နီကာမြမောင် ရန်ကုန် လူ့အဖွဲ့အစည်းမှာ အားထားရတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်မလာခင် သိပ် မကြာသေးခင်ကပဲ ထုတ်ခဲ့တာပါ။
“ရန်ကုန်မှာ ကမ္ဘာအရပ်ရပ်က သံအမတ်တွေ အများကြီးရှိတာမို့ သူတို့ရဲ့ ဇနီးတွေအားလုံးကို အန်တီက အင်္ဂလိပ်စာ သင်ပေးတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မြေး ၃ ယောက် ကိုတောင်မှပဲ အင်္ဂလိပ်စာ သင်ပေးခဲ့သေးတယ်” လို့ ဒေါ်မိုးမိုးစိုး က ပြောပါတယ်။
အန်တီမော်နီကာဟာ ကိုယ်ပိုင် သားသမီး မထွန်းကားခဲ့ပေမယ့် ခင်ပွန်းသည်နဲ့ တိုင်ပင်ပြီး သားသမီး မွေးစားခဲ့ပါတယ်။ ပြီးတော့ ခင်ပွန်းသည်ဆုံးတဲ့ ၁၉၈၇ ခုနှစ် အထိ ရန်ကုန်က ကျွန်းအိမ်နိမ့်လေးမှာပဲ နေထိုင် သွားခဲ့ပါတယ်။ အင်္ဂလန်ကို ပြောင်းရွှေ့နေထိုင်ဖို့ ကြိုးစားခဲ့ ပေမယ့် ခဏပဲပြန်သွားပြီး သူရဲ့ တကယ့်အိမ်အစစ်က ဘယ်မှာ ဆိုတာ သိတာမို့ မြန်မာပြည်ကို အမြန်ပြန်လာခဲ့ပါတယ်။
“၂၀၀၀ ခုနှစ်တုန်းက လန်ဒန်မှာ ကြုံရတဲ့ အဖြစ်အပျက်တခုကို ကျမ မှတ်မိနေသေးတယ်။ ထောင်စုနှစ် အခမ်းအနားတွေကို တီဗွီမှာ ကျမတို့ ကြည့်နေကြတဲ့ အချိန်ပေါ့။ အန်တီက ကျမတို့ဖက် လှည့်ပြီး ဘာဖြစ်လို့ ငါက ဒီရောက်နေတာလဲလို့ မေးပါတယ်။ လန်ဒန်မှာ သူ့ဆွေမျိုးတွေနဲ့အတူ ရှိနေတာကို မေ့နေပုံရတယ်” လို့ ဒေါ်မိုးမိုးစိုးက သူကြုံခဲ့ရတာကို ပြန်ပြောပြပါတယ်။
ဒေါ်မော်နီကာမြမောင်ဟာ ၁၉၇၉ ခုနှစ်မှာ ဗြိတိသျှအင်ပိုင်ယာ၏ အထူးချွန်ဆုံး ပုဂ္ဂိုလ်များ (Member of the Most Excellent Order of the British Empire – MBE) ဆုတံဆိပ် ချီးမြှင့်ခံခဲ့ရပါတယ်။ ဗြိတိသျှကောင်စီမှာ ၃၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ် ရှိပါပြီ။ မြန်မာပြည်မှာ နေခဲ့တဲ့ ဘဝတလျှောက် ဂျပန်ဗုံးကြဲတာ၊ ဂျပန်ဝင်သိမ်းတာ၊ နေအိမ် အကျယ်ချုပ်၊ ပုလိပ်ရောဂါ ဖြစ်ပွားမှု စတာတွေကို ကြုံတွေ့ ခဲ့ရပြီး အသက် ၉၀ အထိ စာသင်ပေးသွားခဲ့သူပါ။
“သူ့လို အင်္ဂလိပ်အမျိုးသမီးမျိုး ကျမ ဘယ်တုန်းကမှ မသိခဲ့ ဖူးပါဘူး။ သူက လူတွေကို လူသားလို မြင်တဲ့အပြင် စာအုပ်တွေကို ချစ်သူ၊ စာဖတ်တာကို ခုံမင်နှစ်သက်သူ ဖြစ်ပါတယ်” လို့ ဒေါ်မိုးမိုးစိုးက ထပ်ဖြည့်ပြောပါတယ်။
အခုဆိုရင် ဒေါ်မိုးမိုးစိုးတယောက် ဒဏ္ဍာရီတွင်လောက်တဲ့ သူ့ လက်ဦးဆရာရဲ့ ခြေလှမ်းအတိုင်း လှမ်းနေပြီး စာကြည့်တိုက်မှာ ထင်ရှားကျော်ကြားသူတယောက် ဖြစ်လာပါပြီ။ “အန်တီမိုး” လို့ လူသိများတဲ့ သူ့ရဲ့စီမံမှုအောက်မှာ စာကြည့်တိုက်ကလည်း အောင်မြင် တိုးတက်လာနေပါပြီ။
ဗဟုသုတနဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေ တိုးတက်လာဖို့ အတွက် ရန်ကုန်က ဗြိတိသျှကောင်စီစာကြည့်တိုက်ကို လာကြသူတွေ တနေ့ကို ၁၂၀၀ လောက်ရှိပြီး ဒီစာကြည့်တိုက်ဟာ ဆင်ဆာအဖြတ်မခံရတဲ့ စာအုပ်စာတမ်းတွေ ရှိရာ မြန်မာပြည်ရဲ့ တခုထဲသော နေရာလည်း ဖြစ်ပါတယ်။
အန်တီမိုးက အငြိမ်းစားယူမယ်လို့ စဉ်းစားမိတဲ့အကြောင်း ပြောမိတယ်ဆိုရင် အနားမှာရှိတဲ့ သူ့လုပ်ဖော်ကိုင်ဖက် တယောက်က “ဘုရားရေ၊ ဟုတ်လို့လား။ ကျမတော့ အန်တီ အနားယူမယ် မထင်ဘူး” လို့ ဖြတ်ပြောတတ်ပါတယ်။
အန်တီမော်နီကာရဲ့ဝိညာဉ် ဆက်လက် ရှင်သန်နေဆဲ ဆိုတာကတော့ အထင်အရှားပါပဲ။
ချာလီ ကမ့်ဘဲလ်
Charlie Campbell ၏ The Woman Who Saved Burmese History ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။
လှည်းကူးငပိချက် ဘလော့မှ
Tuesday, June 14, 2022
ရိုဟင်ဂျာတွေရဲ့ အတိနာဒုက္ခအပေါ် နိုင်ငံအသီးသီးမှ သီဆိုခဲ့သော သီချင်းများ
အဆိုတော် Mohin Abudullah သီဆိုခဲ့သောသီချင်း
2. I lost My Country
Joy Manobotar Joy
Ami Rohingyar Meye
Arakana maa boinor izzot
Oh Rohingya
Manobata Firedao
Saturday, June 11, 2022
အိစ်သေခါရဟ် ကြည့်နည်
မိမိကိုယ်တိုင်အိစ်သေခါရဟ် ကြည့်နည်း
———————————
အိစ်သေခါရာ ဆိုတာ ဘာလဲဆိုတော့ တရားတော်အရ ပြုလုပ်ပိုင်တဲ့ ကိစ္စတခုကို လုပ်ခြင်း၊ မလုပ်ခြင်းအပေါ်မှာ အလ္လာဟ်အရှင်မြတ်ရဲ့အကူအညီနဲ့ အကောင်းဆုံးလုပ်ရပ်ကို တောင်းခံခြင်းဖြစ်ပါတယ်။
အိစ်စေခါရာ ဘယ်လိုကြည့်ရမလဲဆိုတော့
နေ့အချိန်ဖြစ်စေ ညအချိန်ဖြစ်စေ မက္ကရူးဟ် အချိန်မှလွဲ၍ တခြားအချိန်မှာ နဖိလ်နမားဇ် နရကအသ်ကို အိစ်သေခါရဟ် ရဲ့နိယသ်နဲ့ဖတ်ရမယ် နိယသ်ကတော့ မိမိလုပ်မယ့် အလုပ်ရဲ့ အကောင်းဆုံးနည်းလမ်းကို အလ္လာဟ်အရှင် ဆုံးဖြတ်ပေးပါလို့ ရည်စူးရမယ်။
ပြီးနောက်မှာ အောက်မှာဖော်ပြထားတဲ့    ဒုအာကိုဖတ်ရပါမယ်။
အိစ်သေခါရဟ် ရဲ့နောက်မှာ အိပ်မက်မှာဖြစ်စေ အကွယ်ကနေဖြစ်စေ အသိပေးမှုတစုံတရာ ရှိမှ အိစ်သေခါရာဖြစ်တာ မဟုတ်ပါဘူး မိမိရဲ့စိတ်နှလုံးသားကို တဖက်ကို ယိမ်းယိုင်းသွားခြင်း လိုလားသွားခြင်းနဲ့ အိစ်သေခါရဟ် အထမြောက်မြောက်ပါတယ်
#albasheer
#bymohammedbashirullah
Friday, June 10, 2022
အိမ်ပြန်ချိန်နဲ့ ထပ်မဝေးလိုသူများ
အိမ်ပြန်ချိန်နဲ့ ထပ်မဝေးလိုသူများ
DMG ၊ ဇန်နဝါရီ ၃၀
(ဆောင်းပါး)
ဟောင်းနွမ်းနေတဲ့ မိုးပြာရောင်ပလက်စတစ်ထိုင်ခုံပေါ်မှာ အသားညိုညို၊ ဆံပင်ဖြူဖြူ၊ ပါးရေနားရေတွေ တွန့်လိမ်နေတဲ့ အသက်(၇၅)နှစ်အရွယ် အဘွားတစ်ဦး နေပူဆာလှုံရင်း နီးနီးကပ်ကပ်ဆောက်ထားတဲ့ တဲအိမ်တန်းတွေဘက်ဆီ ငေးမျှော်နေပါတယ်။
သုံးပေဝန်းကျင်သာရှိတဲ့လူသွားလမ်းမှာ ဘေးတစောင်းထိုင်နေတဲ့အဘွား အဘွားဒေါ်စံဖြူ(အမည်လွဲ)ဟာ စစ်တွေမြို့ သက္ကယ်ပြင်(IDP Camp)မှာ ခိုလှုံနေထိုင်နေတဲ့ ဒုက္ခသည်တစ်ဦးဖြစ်ပါတယ်။ အဘွားဟာ မူလကနေထိုင်ခဲ့တဲ့ နေရာဆီပြန်သွားရမယ့်အချိန်ကို ဒုက္ခသည်စခန်းထဲကနေ စောင့်မျှော်နေခဲ့တာဟာ အခုဆိုရင် ၁၀ နှစ်နီးပါးကြာမြင့်ခဲ့ပါပြီ။
ရာသီတွေပြောင်းလဲသွားခဲ့ပေမယ့်လည်း အဘွားဒေါ်စံဖြူအပါအဝင် (IDP Camp)မှာ နေထိုင်နေကြရတဲ့ ဒုက္ခသည်တွေအတွက် နေရပ်ပြန်ရမယ့်အချိန်ဟာ မရေရာမသေချာသေးဘဲ ဝေဝါးနေဆဲဖြစ်ပါတယ်။
“ဘယ်အချိန်မှ နေရပ်ပြန်သွားရမယ်မှန်းမသိဘူး။ ဒီနေရာမှာ သေသွားမှာလား။ အဲဒီနေရာ(မူလနေရပ်)ကို ရောက်မှာလားဆိုတာ မသိဘူး”လို့ အဘွားဒေါ်စံဖြူက ပြောပါတယ်။
အဘွားဒေါ်စံဖြူဟာ ရခိုင်မျိုးနွယ်စုဝင်(၇)ခုထဲက ကမန်တိုင်းရင်းသူတစ်ဦးဖြစ်ပါတယ်။ ဒုက္ခသည်စခန်းကို မရောက်မီအချိန်က စစ်တွေမြို့၊ နာဇီရွာ(စက်ရုံစုအကွက်-၂)မှာ မိသားစုရှစ်ဦးနဲ့အတူ နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
အဘွားတို့မိသားစု နေအိမ်ရှေ့မှာဆိုင်ဖွင့်ပြီး စားသောက်ကုန်ပစ္စည်းတွေရောင်းချခဲ့သလို ပိုင်ဆိုင်တဲ့ မြေကွက်တချို့ကိုလည်း အခကြေးငွေနဲ့ နှစ်စဉ်ငှားရမ်းပြီး လုပ်ကိုင်စားသောက်ခဲ့ကြတာပါ။ ဒါ့အပြင် ဓနိ(အုန်း)တောတွေ၊ စိုက်ပျိုးထားတဲ့ ဟင်းခင်းတွေကလည်း ဝင်ငွေတွေရရှိကြပါတယ်။
၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှာ အဘွားဒေါ်စံဖြူတို့မိသားစု တည်ဆောက်ထားတဲ့ အသိုက်အမြူ ပြိုကွဲသွားခဲ့ရပါတယ်။ ရခိုင်ပြည်နယ်အတွင်း တစ်မြို့ကနေတစ်မြို့ကူးစက်လာတဲ့ လူမျိုးရေးပြဿနာဟာ အဘွားတို့နေထိုင်ရာ စစ်တွေမြို့ဆီလည်း ကူးစက်ခဲ့ပါတယ်။ ပဋိပက္ခတွေဖြစ်ပွားတဲ့နောက်မှာ ကမန်တွေဟာ မွတ်ဆလင်တွေနဲ့အတူ ဒုက္ခသည်တွေစခန်းတွေဆီ ရောနှောပြီးရောက်ရှိသွားခဲ့ကြပါတယ်။
“ဘာကြောင့်နဲ့မှန်းမသိ လူတွေကိုမောင်းထုတ်တဲ့အခါ နောက်ကပါသွားတယ်။ ပါသွားတဲ့အချိန်မှာလည်း အိမ်ကပစ္စည်းတွေတစ်ခုမှ ယူဖို့မရခဲ့ဘူူး။ သူများကပေးတဲ့ အဝတ်တွေကို ဝတ်ပြီးနေထိုင်ခဲ့ရတယ်”လို့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ အိုးအိမ်ကိုစွန့်ခွာပြီးလာခဲ့ရတဲ့အကြောင်း အဘွားအိုဒေါ်စံဖြူက ပြောပြပါတယ်။
ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေကြောင့် ရခိုင်ဒေသတွင်းမှာနေထိုင်တဲ့ အသိုင်းအဝိုင်းအားလုံးမှာ ထိခိုက်ဆုံးရှုံးမှုတွေရှိခဲ့ကြပါတယ်။ နေအိမ်တွေ၊ လုပ်ငန်းတွေ၊ ပိုင်ဆိုင်မှုပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့ကြရတာ ဖြစ်ပါတယ်။ အဲဒီထဲက သိန်းနဲ့ချီတဲ့မွတ်ဆလင်ဒုက္ခသည်တွေနဲ့ ကမန်လူမျိုးတချို့ဟာ ဒုက္ခသည်စခန်းတွေဆီ အသီးသီးကိုရောက်ရှိသွားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ တရားဝင်အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား(၁၃၅)မျိုးထဲက ကမန်တိုင်းရင်းသားတွေဟာ အစ္စလာမ်ဘာသာကို ကိုးကွယ်ကြပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခန်း(၈)၊ ပုဒ်မ-၃၅၅ မှာ နိုင်ငံသားတိုင်းဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ဘယ်နေရာ၊ ဘယ်အရပ်ဒေသမှာမဆို ဥပဒေနဲ့အညီ အခြေစိုက်နေထိုင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ပဋိပက္ခမဖြစ်မီက ရခိုင်နဲ့ ကမန်တိုင်းရင်းသားတွေကြား ပြဿနာတစ်စုံတစ်ရာမရှိဘဲ မိသားစုလို အတူတကွနေထိုင်ပြီး လုပ်ကိုင်စားသောက်ခဲ့တဲ့ အရင်ကအချိန်တွေကို အဘွားဒေါ်စံဖြူတစ်ယောက် ဒုက္ခသည်စခန်းထဲကနေ လွမ်းဆွတ်သတိရနေပါတယ်။
“ကိုယ့်နေရာမှာဆိုရင် သွားချင်တဲ့အချိန်သွား။ လာချင်တဲ့အချိန်လာပြီး စိတ်ချမ်းသာမှုတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ရတယ်”လို့ အရင်အချိန်တွေကို အဘွားဒေါ်စံဖြူက သတိတရပြောပြပါတယ်။
လက်ရှိ အဘွားဒေါ်စံဖြူနေထိုင်ရာ သက္ကယ်ပြင်ဒုက္ခသည်စခန်းမှာ အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီးတော့ မွတ်ဆလင်နဲ့ ကမန်ဒုက္ခသည်ဦးရေ ၆၆၀၀ ကျော် ခိုလှုံနေထိုင်လျက်ရှိပါတယ်။ ဒုက္ခသည်တွေထဲက အများစုကတော့ မွတ်ဆလင်တွေဖြစ်ကြပါတယ်။
အဲဒီဒုက္ခသည်တွေကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)က လူတစ်ဦးကို တစ်လမှာ ငွေကျပ်(၁၆၀၀၀)နှုန်းနဲ့ ထောက်ပံ့ပေးထားပါတယ်။ တခြားအဖွဲ့အစည်းတချို့ကလည်း အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ၊ ဆပ်ပြာထုပ်တွေ ထောက်ပံ့တာရှိတယ်လို့ ဆိုပါတယ်။
အထောက်အပံ့တွေဟာ ဒုက္ခသည်တွေအတွက် စားဝတ်နေရေး၊ ကျန်းမာရေးအပါအဝင် ပြင်ပလူမှုရေး ကိစ္စတွေကို ဖြေရှင်းနိုင်တာမရှိတဲ့အတွက် လုံလောက်မှုမရှိတဲ့အခါ ဒုက္ခသည်အချင်းချင်း ငှားရမ်းစားသောက်ကြရတယ်လို့ အဘွားဒေါ်စံဖြူက ပြောပါတယ်။
“အလုပ်က ဘာမှမရှိဘူး။ ရိက္ခာတစ်ခုပဲရတယ်။ ရိက္ခာတစ်ခုနဲ့ စားသောက်ဖို့ဆိုတာကို ထားအုံး။ ဆေးကုဖို့တောင် မလုံလောက်ဘူး”လို့ အဘွားကဆိုပါတယ်။
ရခိုင်ပြည်အတွင်းက IDP ဒုက္ခသည်စခန်းတွေမှာနေထိုင်နေကြရတဲ့ သိန်းနဲ့ချီတဲ့ ကမန်နဲ့မွတ်ဆလင် ဒုက္ခသည်တွေဟာ အသွားအလာကန့်သတ်ခံမှုကိုလည်း ရင်ဆိုင်နေကြရပါတယ်။ လွတ်လပ်စွာသွားလာခွင့်မရတာကြောင့် စားဝတ်နေရေးအပါအဝင် အခြားကဏ္ဍတွေမှာလည်း အခက်အခဲကြုံတွေ့ရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
၁၀ စုနှစ်တစ်ခုကြာ IDP စခန်းမှာနေထိုင်နေကြတဲ့ ဒုက္ခသည်တွေဟာ သွားလာခွင့်ကန့်သတ်ခံရမှုကြောင့် စိတ်မွမ်းကျပ်မှုကို ခံစားနေကြရပါတယ်။ ဆင်းရဲကျပ်တည်းမှုဒဏ်ကို မခံစားနိုင်တဲ့အတွက် သွားလာခွင့်ကန့်သတ်ခံထားရတဲ့ကြားက ဒုက္ခသည်တွေဟာ အစုလိုက် ခိုးထွက်မှုတွေရှိလာနေပါတယ်။
ဒုက္ခသည်စခန်းကိုမရောက်မီအချိန်က လွတ်လပ်စွာနေထိုင်ခွင့်၊ လွတ်လပ်စွာသွားလာခွင့် စတဲ့နိုင်ငံသားအခွင့်အရေးတွေကို အပြည့်အဝခံစားခဲ့ရတယ်လို့ အဘွားဒေါ်စံဖြူကပြောပြပါတယ်။ နှစ်ကာလရှည်ကြာစွာ ဒုက္ခသည်စခန်းထဲမှာ ဆင်းရဲကျပ်တည်းမှုဒဏ်ကိုခံစားနေရတာကြောင့် မူလနေရာကို ပြန်သွားချင်တဲ့စိတ်ကနေ အခြားမရှိဘူးလို့လည်း အဘွားကဆိုပါတယ်။
“ဘယ်ကိုမှ သွားဖို့စိတ်မရှိဘူး။ ကိုယ့်မူလနေရာကိုပဲသွားချင်တယ်။ အဲဒီနေရာလေးကို သွားပြီးနေချင်တယ်။ နိုင်ငံခြားတွေကိုသွားဖို့ စိတ်ထဲမှာတောင်မရှိဘူး”
ဒုက္ခသည်တွေရဲ့အခက်အခဲကိုဖြေရှင်းနိုင်ဖို့အတွက် ရခိုင်က IDP စခန်းတွေပိတ်သိမ်းရေး မဟာဗျုဟာတစ်ခုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ကို NLD အစိုးရလက်ထက်မှာ ဖွဲ့စည်းခဲ့ပါတယ်။
ဒုက္ခသည်တွေကို သူတို့ရဲ့အရင်ဒေသမှာ ပြန်လည်နေရာချထားပေးဖို့၊ လွတ်လပ်စွာသွားလာခွင့်ပေးဖို့ အပါအဝင် လူမှုစီးပွားဘဝတွေကိုမြှင့်တင်ပေးဖို့ ကိုဖီအာနန်ရဲ့အကြံပြုချက်အစီရင်ခံစာကို ၂၀၁၇ ခုနှစ်မှာ (NLD)အစိုးရထံ တင်သွင်းခဲ့ပါတယ်။
ကျောက်တော်နဲ့ မြေပုံမြို့နယ်က IDP ဒုက္ခသည်စခန်းတချို့ကိုပိတ်သိမ်းပြီး နေရာချထားပေးနိုင်ခဲ့တာကြောင့် ဒုက္ခသည်စခန်းမှာနေထိုင်နေရတဲ့ အဘွားဒေါ်စံဖြူတို့လည်း မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့ပါတော့တယ်။
ဒါပေမယ့် ကျောက်ဖြူမြို့နယ်က ကျောက်တစ်လုံးဒုက္ခသည်စခန်းကို ပိတ်သိမ်းဖို့ဆောင်ရွက်နေစဉ်မှာဘဲ မြန်မာနိုင်ငံမှာ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူမှုဖြစ်ပွားခဲ့ပါတယ်။
အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ဒုက္ခသည်တွေရဲ့ အိမ်ပြန်ခရီးမျှော်လင့်ချက်ဟာ မရေရာမသေချာဘဲ မှေးမှိန်ခဲ့ရပါတယ်။ အာဏာသိမ်းပြီး (၁၁)လအကြာမှာတော့ စစ်ကောင်စီကခန့်အပ်ထားတဲ့ ဝန်ကြီးအဖွဲ့ဝင်တချို့နဲ့ ရခိုင်ပြည်နယ်စစ်ကောင်စီက တာဝန်ရှိသူတွေဟာ စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူမြို့နယ်တွေက IDP စခန်းတွေကိုသွားရောက်ပြီး ဒုက္ခသည်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။
ပြန်လည်နေရာချထားရေးကိစ္စကို ကြိုးစားဆောင်ရွက်နေတယ်လို့ ဝန်ကြီးတွေက ဒုက္ခသည်တွေကို ပြောဆိုခဲ့တယ်လို့သိရပါတယ်။ (NLD)အစိုးရလက်ထက်က မဆောင်ရွက်နိုင်ခဲ့တဲ့ကိစ္စတွေကို အခုစစ်ကောင်စီလက်ထက်မှာ လုပ်ဆောင်နိုင်မှာလားလို့ သံသယရှိနေသူက ဒုက္ခသည်စခန်းမှာ ဆယ်စုနှစ်တစ်ခုထိ နေထိုင်လာသူဖြစ်တဲ့ အသက်(၆၄)အရွယ် ဒေါ်လှနု(အမည်လွဲ) ဖြစ်ပါတယ်။
“စစ်ကောင်စီက တိုက်ပွဲတွေဖြစ်နေတာဆိုတော့ ဒီ IDP စခန်းကဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကို ဦးစားပေးလုပ်ပေးနိုင်မလား”လို့ ဒေါ်လှနုက မေးခွန်းထုတ်ပါတယ်။
တစ်ဖက်မှာလည်း အခုဒီဇင်ဘာလအတွင်း ရခိုင်က မြို့နယ်တချို့မှာ လူမျိုးရေးပဋိပက္ခတွေကို ဦးတည်စေနိုင်တဲ့ ထူးခြားဖြစ်စဉ်တွေကို ဆက်တိုက်ဆိုသလိုတွေ့လာရပါတယ်။ ထွေ/အုပ်ဝန်ထမ်းတစ်ဦး အသတ်ဖြတ်ခံရတာ၊ စပါးရိတ်စက်တွေ၊ စပါးပုံတွေ၊ စာသင်ကျောင်းတွေ မီးရှို့ခံရတဲ့ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။
အဲဒီလိုသတင်းတွေကို IDP စခန်းကနေကြားနေရတဲ့ ဒေါ်လှနုကတော့ လူမျိုးရေးပဋိပက္ခတွေ ထပ်ဖြစ်လာမှာကို စိုးရိမ်စိတ်တွေဖြစ်မိတယ်လို့ ဖွင့်ဟပါတယ်။
“(လူမျိုးရေးပဋိပက္ခ)တစ်ကြိမ်ဖြစ်တာတောင် အခုဆိုရင် (IDP ဒုက္ခသည်စခန်းမှာ)နေရတာ ဆယ်နှစ်ရှိနေပြီ။ နောက်တစ်ခေါက်ဖြစ်ရင် ထပ်ပြီးဘယ်လောက်ထိခံရမလဲမသိဘူး”လို့ ဒေါ်လှနုကဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်လှနုတို့လို IDP ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့သူတွေဟာ သူတို့ရဲ့မူလနေရာမှာ ပြန်လည်အခြေချနိုင်ဖို့၊ လွတ်လပ်စွာသွားလာခွင့်ရပြီး အရင်လိုလုပ်ကိုင်စားသောက်နိုင်ဖို့ကို မျှော်လင့်နေကြပါတယ်။
အနေဆင်းရဲ၊ အစားဆင်းရဲပြီး ဒုက္ခမျိုးစုံနဲ့ ဒုက္ခသည်စခန်းမှာဖြတ်သန်းနေရတဲ့ အဘွားဒေါ်စံဖြူက ဘဝရဲ့နေဝင်ချိန်မရောက်မီ ဆယ်စုနှစ်လောက်ဝေးကွာနေတဲ့မူလနေရပ်မှာ ပြန်လည်အခြေချနေထိုင်လိုတဲ့ ဆန္ဒကကြီးစိုးလို့နေပါတယ်။
“နေရပ်ပြန်သွားနိုင်မယ်ဆိုရင် ကိုယ့်လူမျိုးတွေ၊ မိသားစုလိုနေထိုင်ခဲ့တဲ့ အိမ်နီးချင်းတွေနဲ့ အတူနေထိုင်ရတဲ့နေ့မှ စိတ်အေးမှာဖြစ်တယ်”
သားကြီး သြရသ ရေးသည်။
https://www.dmgburmese.com/%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%95%E1%80%AB%E1%80%B8/hope-re-turn-home.html
Thursday, June 9, 2022
ဘော်လီမျိုးနွယ်စု၏ နှစ်ပေါင်း ၁၅၀ ခန့် ရှိသော အထောက်အထားတစ်ခု
[Unicode]
ထင်ရှားသော ဘော်လီမျိုးနွယ်စု၏ နှစ်ပေါင်း ၁၅၀ ခန့် ရှိသော အထောက်အထားတစ်ခု
----------------------------------------------------------
ဖခင် ပြုစုခေါင်း ဖတေအာလီ ကွယ်လွန်သွားသဖြင့် သားဖြစ်သူ ပြုစုခေါင်း ဖဇဲရာလီက ဖခင်၏ ပိုင်ဆိုင်မှုများမှ ကွန်တိုင်ပြုစုကို မိမိ နာမည်နှင့် လွှဲပြောင်းယူသည့် ပတ္တာလက်မှတ်စာဖြစ်သည်။ ၁၈၇၄ ခု ဒီဇင်ဘာလ ၂၂ ရက်နေ့ လျှောက်ထားသည်ဟု တိတိကျကျ ပါရှိသည်။ စာချုပ်တွင် ဂေါ်ဝနာရ်မင်းကြီး၏ ခွင့်ပြုချက် လက်မှတ်နှင့်အတူ Deputy Commissioner ....... (ဒုတိယမင်းကြီးသခင်ဘရား နန်းတော်ဝန်) စာသားပါ ဗြိတိသျှကိုလိုနီအစိုးရ၏ သရဖူတံဆိပ်တုံးလည်း ကျော့ဘက်တွင် ပါရှိသည်။ စာချုပ်ကို အောင်ကျော်စံ အမည်ရှိ စာရေးတစ်ဦးက ရေးသည်ဟု ဖော်ပြထားသည်။
ကွန်တိုင်ကျေးရွာတွင် ယနေ့အချိန်အထိ ဘော်လီဝတ်ပြုကျောင်း၊ ဘော်လီရေကန် တို့ တည်ရှိပါသည်။ (ဖတေအာလီမှာ ဘော်လီဘာဇားကို တည်ခဲ့သော ပုဂ္ဂုလ်ဖြစ်သည်။ ဘော်လီ ဟု လူသိများသည်။ ဘော်လီ၏ အတ္တုပ္ပတ္တိကို သီးခြားပို့စ် တစ်ခုနှင့် ဖော်ပြပါမည်။)
ရိုးသားစွာ စဉ်းစားဝေဖန်ကြည့်ပါရန်-
— ဖခင် ပြုစုခေါင်း ကွယ်လွန်ပြီးနောက် သားဖြစ်သူက အဖပိုင်ဥစ္စာကို မိမိနာမည်နှင့် လွှဲပြောင်းသည့် ခုနှစ်က ၁၈၇၄ ခုနှစ်ဆိုလျှင်…
ဖခင် အသက်ရှင်ခဲ့သည့် သက်တမ်း ၇၀ နှစ် ဆိုပါစို့ …
နောက်ပြန်ဆုတ် တွက်ကြည့်သော် သက္ကရာဇ် ၁၈၀၇ ခုနှစ်ခန့် ရရှိမည်။
— အာဏာရှင်တို့၏ ဥပဒေ အရ ၁၈၂၃ မတိုင်မီကပင် ဗမာပြည်မှာ နေထိုင်နေသော မျိုးရိုးစဉ်ဆက်များသည်သာ တိုင်းရင်းသား အဖြစ်သတ်မှတ်လျှင်…
ရိုဟင်ဂျာတို့လည်း စစ်မှန်သော တိုင်းရင်းသား မဟုတ်ပါလော့။
— ရိုဟင်ဂျာတို့သည် အဘယ် အပြစ်ကြောင့် ညကရောက်လာသကဲ့သို့ ခိုးဝင်ဖြစ်နေရသနည်း။ အသားအရေ မတူ၍လား… ကိုးကွယ်သည့်ဘာသာ မတူ၍လား။
— လူထုဝဏ္ဏ
[Zawgyi]
-----------------------------------------------------
— လူထုဝဏ္ဏ
(9-6-2022)
Monday, June 6, 2022
ဂျီနိုဆိုဒ် မှတ်တမ်းဝင်သွားတဲ့ လူသားအရေခြုံ တောရိုင်း စကားများ
ဂျီနိုဆိုဒ် မှတ်တမ်းဝင်သွားတဲ့ လူသားအရေခြုံ တောရိုင်း စကားများ
"ပုဆိန်က မမှတ်မိပေမယ့် သစ်ပင်ကတော့ ဘယ်မေ့နိုင်ပါ့မလဲ၊၊"
တစ်ချို့စကားတွေဟာ ဘဝတစ်သက် မမေ့နိုင်ဘူး။ ဘယ်သူမေ့မေ့ စိတ်ထိခိုက် ဘဝဖျက်ဆီးခံရတဲ့ သူတွေကျတော့ မေ့ရခက်ပါတယ်။ သမိုင်းစာမျက်နှာမှာ သံရည်ကျိုမင်တွေနဲ့ မော်ကွန်းတင်ထားသလို ကမ္ဘာတည်သရွေ့ ကျန်ရစ်နေမှာပါ။ ရိုဟင်ဂျာတို့ရဲ့ ဘဝကို ရိုက်ချိုးခဲ့တဲ့ စကားအချို့ကို ဖော်ပြပေးတယ်။
၁။    
"လူမျိုးတုန်းသတ်ဖြတ်မှု အထမြောက်သွားတော့ ပြန်မခေါ်ချင်တော့ဘူး။ ကျန်နေတဲ့ victims တွေကိုလည်း ရောက်တဲ့နေရာမှာ လုံးဝမျိုးတုန်းအောင် လုပ်ချင်သေးတဲ့ မျိုးချစ်ယုတ်။"
ဒီလိုမျိုး အရေခြုံတွေအချို့ကြောင့် တို့မြန်မာနိုင်ငံဟာ အဓမ္မအောက်က မလွှတ်မြောက်နိုင်တာ။ သက်တမ်းရှည်ရှည် စစ်ကျွန်ဖြစ်ခံနေရတာ။ သူ့ကိုပေးထားတဲ့ ရာထူးကို ကြည့်ပါလား။ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးတဲ့။ စိတ်ဓာတ်ကတော ဝန်ကြီးနဲ့ မတန်ဘူးဗျာ။ ဒီလောက် အိုင်တီခေတ်ကြီးမှာ ပေါ်ပေါ်ထင်ထင် မိုက်မဲရမ်းကားရဲတာက အကြမ်းဖက်သမား ခေါင်းဆောင်ထက်တောင် ပိုသေးတယ်ဟ။ 
လူနည်းစုတစ်စုကို ပိတ်လှောင်ထားပြီးတော့ ဝိုင်းသတ်ကြတယ်။ အဲ့ဒီ လူသတ်ကွင်းကနေ အနိုင်နိုင်ထွက်ပြေးသွားပြီးတော့ တစ်ဖက်နိုင်ငံမှာ ဒုက္ခသည်အဖြစ်ခိုလှုံရတဲ့အထိ သောင်းကျန်းခဲ့တယ်။ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်အောင် ကြံခဲ့တယ်။ သူတို့ရဲ့ ဥစ္စာဓနတွေ လုယူပြီးတော့ သူတို့ရဲ့ အိုးအိမ်တွေကို ဖျက်ဆီးပစ်ခဲ့တယ်။ သူတို့ပိုင်ဆိုင်တဲ့ ဘိုးအဘွားအမွေ လယ်မြေတွေကို သိမ်းယူလုပ်စားတယ်။ 
ဇော်အေးမောင်က ဒီလောက်နဲ့ မဝသေးဘူး။ ကျေနပ်မှု မရသေးဘူး။ အားကိုးရာမဲ့ ဒီလူတွေကို ဒုက္ခသည်စခန်းမှာပဲ နေစေချင်တယ်။ အဲ့ဒီမှာ တဖြည်းဖြည်း လုံးဝ မျိုးတုန်းသွားအောင် လုပ်ချင်တယ်။ အင်မတန် ယုတ်ညံ့တဲ့ နာဇီစိတ်ဓာတ်ရှင်ပဲကွယ်။ 
ဒါနဲ့ သူက "ဘင်္ဂါလီလူမျိုး ၇ သိန်းကို လက်ခံမယ်ဆိုရင် နောက်နှစ် ၂၀ တွင် မုတ်ဆိတ်နဲ့ သမ္မတကို တွေ့ရလိမ့်မယ်" တဲ့။ ဒီသောက်ကျိုးမရှိတဲ့ စကားက ဥပဒေဘောင်ကို ထင်ထင်ရှားရှား ချိုးပေါက်တာ မကဘူး လူသား သဘာဝရဲ့ ဘောင်ကိုတောင် ပက်စက်စက်စက် ကျူးလွန်လိုက်တာပဲ။ 
- "မုတ်ဆိတ်နဲ့ သမ္မတ မြင်တွေ့ရမည်" တဲ့…
ကဲ…ကောင်းပြီ။ ဒီနေရာ မေးချင်တာက မုတ်ဆိတ်နဲ့ သမ္မတ မြင်ရရင် ဘာဖြစ်လို့လဲ။ မြန်မာပြည်ဟာ စစ်မှန်တဲ့ ပြည်သူ့အုပ်ချုပ်တဲ့စနစ်ကိုပဲ လိုလားနေတာမဟုတ်လား။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တယ်ဆိုရင် မုတ်ဆိတ်မပြောနဲ့ ဦးချိုပါရင်လည်း သမ္မတဖြစ်နိုင်တယ်လေ။   ပြည်သူတွေက လွှတ်လွှတ်လပ်လပ် ရွေးချယ်ဖို့ပဲ အဓိကလေ။ ဒီမျိုးချစ်ရူးက ပြည်သူကို ဘယ်လိုဘယ်လို ဂျင်းထည့်ပြီးတော့ brainwash လုပ်ခဲ့တာကို ကြည်ကြည်ဖြူဖြူ စဉ်းစားကြည့်မယ်ဆိုရင် သဘောပေါက်ပါလိမ့်မယ်။
- "အဲဒီလူတွေကို လက်ခံမယ်ဆိုရင်" တဲ့...
"လက်ခံမယ်ဆိုရင်" ဆိုတာက တော်တော်ကို စာနာစိတ်ကင်းမဲ့တဲ့ လူယုတ်မာရဲ့ စိတ်ဓာတ်ကို ထင်ဟပ်စေတယ်။ စစ်အာဏာရှင်တွေတောင် မပြောရဲခဲ့ဘူး။ ဇော်အေးမောင်က အာဏာရှင်တွေထက်တောင် ဆိုးသွမ်းရမ်းကားလိုက်တာပေါ့။ မင်းတို့က ပုရွက်ဆိတ်လို သတ်ဖြတ်ပြီးတော့ သူတို့ရဲ့ ဇာတိမြေကနေ မောင်းထုတ်လိုက်တဲ့ လူတွေဖြစ်တာ ကမ္ဘာအသိပဲ။ အဲ့ဒီလူတွေကို လက်မခံဘဲ ဖြစ်နိုင်ပါ့မလား။ ဦးနေဝင်းလို အာဏာရှင်တောင် no နဲ့ အဆင်မပြေခဲ့ဘူး။ ခေါင်း တညိတ်ညိတ် ပြန်ခေါ်ရသေးတယ်။ 
အချုပ်ပြောရရင်တော့ ဒီပေါက်တိုင်းစားချင်တဲ့ ငဇော်ရဲ့ ပဲ့ကိုင်မဲ့ နှုတ်ထွက်စကားဟာ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု သမိုင်းတွင် အမည်းစက်တစ်ခုအနေနဲ့ ကျန်ရှိနေတော့မယ်။
၂။ 
၂၀၁၉ ခု ဇွန်လ ဥရောပခရီးစဉ်အတွင်း မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်တို့ ဘူဒါပတ် မှာတွေ့ဆုံစဉ် မွတ်စလင်လူဦးရေတိုးပွားလာမှုအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ဂါဒီးယန်းသတင်းဌာနကဖော်ပြလိုက်ပါတယ်။
အဲဒီမှာ သူရဲ့ စိုးရိမ်ပူပန်မှုက 
မွတ်စလင်လူဦးရေ ဆက်လက်တိုးပွားလာမှုဟာ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်တယ်” တဲ့ 
ဒီမိုအိုင်ကွန်လို့ ကမ္ဘာက အထင်မှားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလဲ မျိုးချစ်စိတ်ဓာတ်အရေကို အပြောမာယာနဲ့ ဖုံးကွယ်ထားတဲ့ အရေခြုံပါပဲ။ အချိန်တန်တော့ ဇာတိပြလိုက်လေတယ်။ ထိုင်ခုံတည်မြဲရေးအတွက် အရေခွာပြလိုက်ရတော့တယ်။ 
သူကလဲ မွတ်စလင်တွေကို ရှင်သန်ခွင့်မပေးချင်ဘူး။ လက်ရှိရှိတဲ့လူဦးရေနဲ့ပဲ မျိုးတုန်းစေချင်တယ်။ လူဦးရေတိုးနေတာကို ထိန်းသိမ်းတဲ့အနေနဲ့ နဲနဲလောက် သုတ်သင်ရှင်းပစ်လိုက်တာလို့ သူဆိုလိုချင်တာ ဖြစ်နိုင်တယ်။
သူက မွတ်စလင်ဆန့်ကျင်ရေး စကားတွေကို ဒီတစ်ခါပဲ ပြောသွားတာ မဟုတ်ဘူး။ အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့တဲ့ အရေခြုံမြန်မာ့ခေါင်းဆောင် တစ်ဦးလည်းဖြစ်တယ်။ သူက အပြောကောင်းတော့ မသိမသာ ပြောသွားတာလည်း တပံုကြီးပဲ။
ဒီမှာ တစ်ခွန်းကြည့်… "အကြမ်းဖက်လူ့အဖွဲ့အစည်းတွေနဲ့ အတူယှဉ်တွဲနေထိုင်ဖို့ မဖြစ်နိုင် ပြတ်သားသော မူဝါဒချနှိမ်နင်းမည်" တဲ့။ ဒါက ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ လူသိရှင်ကြား ပြောသွားတဲ့ မေတ္တာရှင် ဒေါ်စုရဲ့ စကားဖြစ်တယ်။ သူက နိုင်ငံ ဦးထိပ်ခေါင်းဆောင်တစ်ဦးဖြစ်ပေမယ့် လူနည်းစုတစ်စုလုံးကို အကြမ်းဖက်လူ့အဖွဲ့အစည်းလို့ သမုတ်လိုက်တာကနေ သူအဘယ်အတိုင်းအတာအထိ ယုတ်မာတယ်ဆိုတာ ထင်ရှားစေတယ်။ 
ပြီးတော့ ပြတ်သားတဲ့ မူဝါဒချနှိမ်နင်းမည် ဆိုသည့်အတိုင်း ဆောင်ရွက်ခဲ့တယ်။ ကာလှုံ အစည်းအဝေးခေါ်ပြီးတော့ ရိုဟင်ဂျာဂျီနိုဒ်ကို အထမြောက်စေခဲ့တယ်။
၂၀၁၃ ခုနှစ်မှာ ဗမာပြည်ကို ရောက်လာတဲ့ သံအဖွဲ့တဖွဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ အောင်ဆန်းစုကြည်နဲ့ မေးမြန်းတဲ့အခါ သူက-
" ကျေးဇူးပြု၍ သူတို့ကို ရိုဟင်ဂျာလို့ မခေါ်ပါနဲ့။ သူတို့ဟာ ဘင်္ဂါလီတွေ ဖြစ်တယ်။ သူတို့ဟာ နိုင်ငံခြားသားတွေ ပါပဲ" လို့ သတိပေးခဲ့တယ်တဲ့။ အဆိုပါတွေ့ဆုံပွဲတွင် ရှိခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးက ဖွင့်ဆုတယ်လို့   The Wall Street Journal သတင်းဌာန " အောင်ဆန်းစုကြည် တိတ်ဆိတ်နေခြင်းရဲ့ နောက်ကွယ်က" လို့ ခေါင်းစဉ်တပ်ထားတဲ့ဆောင်းပါးမှာ ဖော်ထားတယ်။ 
၂၀၁၆ ခု မတ်လတုန်းက ဘီဘီစီ တူဒေး (BBC Today) သတင်းတင်ဆက်သူ သတင်းထောက် Mishal Husain နဲ့ အင်တာဗျူးတစ်ခုမှာ ဒေါ်စုက-
"ကျမကို မွတ်စလင်တစ်ယောက် အင်တာဗျူးလုပ်မယ်လို့ ဘယ်သူမှ မပြောခဲ့ဘူး။" လို့ မေးခွန်းတွေဖြေရခက်နေတော့ ဒေါမာန်နဲ့ပြောဆိုခဲ့တယ်တဲ့။    အဲ့ဒီ မှတ်ချက်က အတော်ကို ပျံ့နှံ့ခဲ့တယ်။ 
 ကိုးကား။
၃။ 
ဒီမှာ တစ်ယောက် မြန်မာပြည်ကို အစ္စရေးလို လုပ်ချင်စိတ်စောနေတဲ့ နိုင်ငံရေး အရေခြုံ လူယုတ် ဖြစ်တယ်။ ၂၀၁၂ ဇွန်လ တုန်းက စကားဖြစ်တယ်။ 
"ရခိုင်ရွာတွေကို မူရင်းအတိုင်း ပြန်လည်တည်ဆောက်ပေးဖို့ လိုတယ်။ အစ္စရေးနိုင်ငံလို လုပ်ရလိမ့်မယ် " တဲ့
- ရခိုင်ရွာတွေကို မူရင်းအတိုင်း ပြန်လည်တည်ဆောက်ပေးဖို့လိုတယ် တဲ့။ ဘယ်က ရခိုင်ရွာတွေတုန်း။ ဘယ်မှာပျောက်သွားလို့ ပြန်လည်တည်ဆောက်ရမှာတုန်း။ ရခိုင်တစ်ခုလုံးမှာ နထလ ရွာတွေတည်ဆောက်ပြီးတော့ မွတ်စလင်တွေရဲ့ လယ်မြေတွေကို သိမ်းပိုက်နေချိန်၊ အထက်ရခိုင်ပြည် မြို့အသီးသီးက မွတ်စလင်ရွာတွေကို မီးရှို့ဖျက်ဆီးပြီးတော့ အိုင်ဒီပီ စခန်းသွင်းချိန်မှာ သူက ဒဏ်ဏ္ဍာရီထဲက ရခိုင်ရွာ ပြန်လည်တည်ဆောက်ဖို့ ပြည်သူတွေကို ဂျင်းထည့်ခဲ့တယ်လေ။ 
- "အစ္စရေးနိုင်ငံလို လုပ်ရလိမ့်မယ်" တဲ့
မွတ်စလင်တွေကို သူတို့ရဲ့ ဘိုးဘွားမြေမှ မောင်းထုတ်ကာ နိုင်ငံကို လုယူရမယ်လို့ ဆိုချင်တာဖြစ်မယ်။ ၂၀၁၂-၂၀၁၇ ကာလအတွင်း သူ့စကားတွေ အကောင်အတည် ဖော်ခဲ့တယ်။ 
၄။ 
သမ္မတ ဦးသိန်းစိန် အုပ်ချုပ်ခဲ့တဲ့ကာလက    တော်တော့်ကို ရယ်စရကောင်းခဲ့တယ်။ သူရဲ့ ဘာဆုံးဖြတ်ချက်မှ တသမတ်တည်း မရှိခဲ့ဘူး။ ဒီပါတီက ထအော်လိုက်ရင် တစ်မျိုး၊ ဟိုပါတီက ထအော်ပြန်ရင် နောက်တစ်မျိုး ပုတ်သင်ညိုလို ပြောင်းသွားတတ်တယ်။ ဉာဏ်မမီဘဲ သမ္မတ ထလုပ်နေသလို ထင်မိတယ်။ 
သူကလည်းပဲ မွတ်စလင်တွေကို မြန်မာနိုင်ငံမှာ မနေစေချင်ဘူး။    ဗုဒ္ဓဘာသာ သီးသန့်နိုင်ငံလုပ်ချင်နေတာကိုး။ 
"ရခိုင်ပြည်နယ်က ရိုဟင်ဂျာမူဆလင်တွေကို တတိယနိုင်ငံတခုခုဆီ ပို့ပေးတာ ဒါမှမဟုတ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR က စောင့်ရှောက်ပေးတာမျိုး ဖြစ်စေချင်တယ် " လို့ မြန်မာသမ္မတ ဦးသိန်းစိန်က UNHCR မဟာမင်းကြီး Antonio Guterres နဲ့ ၂၀၁၂ ခု၊ ဇူလိုင် ၁၂ ရက် ဗုဒ္ဓဟူးနေ့က တွေ့ဆုံ ဆွေးနွေးပြီး တဲ့နောက် ပြောခဲ့တဲ့ စကားဖြစ်တယ်။ 
https://burmese.voanews.com/amp/article----07-12-12-my-news-burma----162289156/1417865.html
၅။ 
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က မြိုင်ကြီးငူ ဆရာတော် ဈာပနအခမ်းအနားကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့က မြိုင်ကြီးငူဒေသမှာ ကျင်းပခဲ့တဲ့ အခမ်းအနားမှာ တက်ရောက်တဲ့ ဆရာတော် သံဃာတော်ကြီးတွေကို လျှောက်ထားပြောကြားရာမှာ 
"အစွန်းရောက်ဘာသာကြီးတစ်ခုက ဇနီး ၃/၄ ဦးယူပြီး သားသမီး ၂၀ လောက် မွေးနေတယ်
လို့ ယုတ်မာစွာ သုံးနှုန်းပြောကြားခဲ့တယ်။
ဒီသူရအောင်ကိုဟာ ဘယ်လိုမျိုးနဲု့ သာသနာရေးဝန်ကြီးဖြစ်လာတာလဲ ဆိုတာ စဉ်းစားဖို့လိုနေတယ်။  တိုင်းပြည်တစ်ပြည်ရဲ့ သာသနာရေးဝန်ကြီးဆိုတာ ဘာသာတိုင်းကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ သိကျွမ်းလေးစား တန်ဖိုးထားဖို့ လိုတယ်မဟုတ်လား။  ကိုးကား 
၆။ 
ဒေါက်တာဝင်းမြတ်အေးကလည်း နောက်ကျန်မနေချင်ဘူး။ မုသား စကားနဲ့ မိုးခါးရေသောက်ပြလိုက်တယ်။ သူ ABC သတင်းဌာနရဲ့ ကမ္ဘာကျော်သတင်းထောက် Bob Woodruff နဲ႔ အင်တာဗျူးတစ်ခုမာ “လူမျိုးရှင်းလင်းရေးဆိုတာ မဟုတ်ပါဘူး - ကိုယ်တွေလုပ်တာမဟုတ်ပါဘူး။ သူတို႔ဘာသာသူတို့လုပ်တာဖြစ်တယ်” လို့ ပညာရှင်ကြီးက ဖြေခဲ့ပါတယ်။
နောက်တစ်ခုက PBS သတင်းဌာနအတွက် ရိုက်ကူးခဲ့တဲ့ မှတ်တမ်းရုပ်ရှင် Myanmar’s Killing Fields မှာ ဒါရိုက်တာဖြစ်သူ Evan Williams ကို ဖြေကြားခဲ့တာက "ရှင်းလင်းရေးနဲ့ပတ်သတ်ပြီး ဘာမှမသိဘူး" လို့ ဖြေကြားခဲ့ပေမယ့် 
တကယ်တမ်း ပြင်းထန်နေတဲ့ ဩဂုတ်လ ၂၇ ရက်နေ့မှာ သူကိုယ်တိုင်ရခိုင်ပြည် မြောက်ပိုင်းကို သွားရောက်ခဲ့ကြောင်း သတင်းတွေမှာအကျယ်တဝင့် ပါခဲ့ပါတယ်။
၇။ 
ဒီမှာ ဗမာပြည်ရဲ့ အထင်ရှားဆုံး ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဘာပြောသွားသလဲ။ ကြည့်ရအောင်…
ကျွန်တော်တို့ရဲ့   (၁၃၅) မျိုးသော တိုင်းရင်းသားတွေထဲမှာ သူတို့ မပါဘူး။ အခုဖြစ်နေတဲ့ ကိစ္စတွေက လူမျိုးရေး၊ ဘာသာရေး ပြဿနာမဟုတ်ဘူး။ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ကျူးကျော်ဝင်ရောက်လာတဲ့ သူတွေရယ်၊ အကြမ်းဖက်ရယ် အဲဒီနှစ်ခုက အခြေခံပဲ ဖြစ်တယ်။" တဲ့။
သူက တော်တော်ကို အလေးစားခံရတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။ အာဏာရှင်ကို အသက်နဲ့ ရင်းပြီး ဆန့်ကျင်သူတစ်ဦးဖြစ်တယ်။ ဒါပေမဲ့ အိစ္စလာမ်ဘာသာဝင်တွေနဲ့ ပတ်သတ်လာတော့ အများနည်းတူ ဆိုင်းတီးပြတာပေါ့။ သူတကယ်မုန်းတဲ့ အာဏာရှင်တွေက မဆင်မခြင် ထုတ်ပေးတဲ့ တိုင်းရင်းသား ၁၃၅ မျိုးကို သူ မျက်စိပိတ်ယုံလိုက်ပြီ။ ဘာတစ်ခုမှ သေသေချာချာ မလေ့လာဘဲ မျိုးယုတ်တို့ပြောသလို သူလည်း လိုက်ဆိုပြလိုက်ပြီ။ ဟန်နရီ ဗင်တီယူ တောင် တိုင်းရင်းသားစာရင်းကို ပြန်လည် စိစစ်ပြင်ဆင်ဖို့လိုအပ်ကြောင်း လွှတ်တော်မှာ အဆိုတင်သွင်းတာ မြန်မာပြည်သူတိုင်းသိတယ်။ မင်းအောင်လှိုင်တို့ အုပ်စုလို လဝက ဥပဒေအရ ခိုးဝင်တဲ့၊ အကြမ်းဖက်သမားတဲ့။ အင်မတန် အံ့ဩဖို့ကောင်းတယ်။ မွတ်စလင် ချေမှုန်းရေးဆိုရင် ဒီလူတွေ မိမိ သိက္ခတောင် မဆည်ဘူး။ ခြေစုံပစ် ခုန်ဆင်းတာပါပဲ။ 
၈။
ကိုကိုကြီးဆိုရင်တော့ သိပ်ပြောစရာ မလိုဘူးလို့ ထင်တယ်။ အလုံးက  သိပြီးသားပဲ။ သူကတော့ ရိုဟင်ဂျာဖြစ်တည်ရေးကို ဆန့်ကျင်တဲ့ သူတွေထဲက ဖြစ်တယ်။ ရိုဟင်ဂျာဆန့်ကျင်တဲ့ အမုန်းစကားတွေလည်း မကြာမကြာ ပြောတဲ့သူဖြစ်တယ်။ စုံစမ်းစစ်ဆေးရေး ကော်မတီမှာလည်း အဖွဲ့ဝင်လုပ်ခဲ့တယ်။ ရိုဟင်ဂျာတွေ ပက်ပက်စက်စက် သေကြေပျက်စီးနေချိန်မှာ စစ်တပ်က ဘာလူ့အခွင့်အရေးမှ ချိုးဖောက်တာကို သူမတွေ့ခဲ့ဘူးလို့ ထုတ်ပြန်ခဲ့တဲ့ သူဖြစ်တယ်။
"ရိုဟင်ဂျာမရှိဘူး။ တကယ့်ရှိတယ်ဆိုရင် ရှမ်းမှာ တရုတ်ရှိသလို တရုတ်မှာ ရှမ်းရှိတယ်။…… မောင်တောမှာ ရိုဟင်ဂျာရှိတယ်ဆိုရင် ဘင်္ဂလားမှာ ဘာကြောင့်မရှိလဲ။…… အားလုံး တစ်သံတည်းထွက်တယ်ဗျာ ရိုဟင်ဂျာတဲ့- သင်ပေးထားတာပါ " တဲ့။  
လလလလ
၉။
ပြည်ထဲရေး ကျော်ဆွေ ကိုတော့ သိကြမှာပါ။ စစ်တပ်က မျိုးယုတ်တစ်ယောက်ပေါ့။ စစ်တပ်ကတော့ မြန်မာပြည်သူတွေကို စိတ်ဓာတ်စစ်ဆင်ရေး (Emotional Blackmail) လုပ်ပြီးတော့ ရိုဟင်ဂျာ ဆန့်ကျင်လာအောင် တဆက်ဆက် ဂျင်းထည့်လာခဲ့တာကို တအံ့တဩချပြစရာမလိုဘူးလို့ ထင်တယ်။ ထုံးစံအတိုင်း ပြည်ထဲရေးက ကျော်ဆွေကလည်း ဂျင်းခတ်တဲ့ လက်တစ်လက်ပေါ့။
သူ့ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ် ၂၀၁၆ ခု အောက်တိုဘာလ ၁၆ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါ မီဒီယာသမားတွေကို- 
" ဥပဒေနဲ့အညီ မနေနိုင်ရင် ဒီပြည်ကနေ ထွက်သွားတဲ့။ … ငါတို့က ယောက်ျားတစ်ယောက်ကို မိန်းမတစ်ယောက်ပဲ ယူတယ်။ ဟိုက ယောက်ျားတစ်ယောက်ကို မိန်းမ လေးယောက်က ယူတယ်။ တစ်ယောက်က ဆယ်ယောက်စီ မွေးပေးရင် အိမ်ထောင်စုတစ်စုမှာ လူလေးဆယ်ကွာ။ ဒါနဲ့ လူကို လူနဲ့ကာရမယ်…" တဲ့။
သူပြောသွားတဲ့ စကားထဲမှာ အချက်သုံးချက်ကို တွေ့ရတယ်။ 
ပထမက "ဥပဒေနဲ့အညီနေနိုင်ရင်နေ၊ မနေနိုင်ရင် ထွက်သွား" တဲ့။
ဒီနေရာမှာ သူပြောချင်တဲ့ ဥပဒေက ရိုဟင်ဂျာကို အသံတိတ် မျိုးတုန်းအောင် ရေးဆွဲခဲ့တဲ့ နစကဥပဒေ ပေါ့။ သူလိုချင်တာ တိတ်ဆိတ်စွာ ဒီမြေပေါ်ကနေ ပျောက်သွားပေါ့။ သာမန်ပြည်သူတွေဟာ အဲ့ဒီနာဇီဥပဒေနဲ့ နေလာတာ  ၂၅ နှစ်စေ့လာပြီ။ နောက်ဆုံး ခံနိုင်ရည်ကုန်သွားတော့ လူတစ်စုက အုံ့ကြွလာတာဖြစ်တယ်။ သူက ထွက်သွားတဲ့။ ဧည့်သည်လိုလို ဘာလိုလိုနဲ့။ ကိုယ့်မြေကိုယ့်ရေမှာ နေထိုင်နေတာ ဘယ်ကိုထွက်သွားရမတုံး။ သူ့အဖေဘက်က ဝယ်ထားတဲ့မြေမှာ နေတာတော့မဟုတ်ဘူးလေ။ ဘိုးဘွားအမွေ ဇာတိမြေမှာ နေတာဖြစ်တယ်။ သူက ဒီလိုစကားမျိုးထွက်နိုင်အောင် သူဘာကောင်လဲတော့ မေးခွန်းထုတ်စရာ။
ဒုတိယအချက်နဲ့ ပြည်သူကို ဂျင်းထည့်တာက " မိန်းမ များများ ယူတယ်တဲ့။ ကလေးများများ မွေးတယ်" တဲ့။
မိန်းမများများ ယူလို့ရအောင်၊ ကလေးများများ မွေးလို့ရအောင် အဲ့ဒီစစ်တပ်က လုပ်ပေးတာလား။ ၂၅ နှစ်တိုင်တိုင် တစ်လင်တစ်မယားစနစ်၊ မိန်းမတစ်ယောက်တောင် ကောင်းကောင်းယူလို့မရတဲ့ စနစ်၊ ကလေးနှစ်ထက် ပိုမမွေးရ၊ လက်ထပ်ခွင့် စတဲ့ဟာနဲ့ ချုပ်ချယ်ထာဖိနှိပ်ထားတာကိုး။ ပြည်သူတွေက ဂျင်းမှန်း နားမလည်ခဲ့ဘူး။ ကုလားမုန်းစိတ်နဲ့ ထအော်တာချည်းပဲ။ 
နောက်ဆုံးအချက်က "လူကို လူနဲ့ ကာရမယ်"တဲ့။ ဒါက လူမျိုးတုန်းသတ်ဖို့အတွက် နေဝင်းလက်ထက်ကပင် ရေးဆွဲခဲ့တဲ့ ပလန်ပါပဲ။ ဆောင်းပုဒ်တွေ အကြီးကြီးနဲ့ "မြေမျို၍လူမျိုးမပျောက်၊ လူမျို၍လူမျိုးပျောက်သည်" လဝကရုံးမှာ ချိတ်ဆွဲထားတာ လူတိုင်းတွေ့မှာပါ။ ဒီအစီအစဉ်နဲ့ နတလ ကျေးရွာတွေ နယ်စပ်တစ်လျှောက် တည်ပြီးတော့ ရိုဟင်ဂျာမက ရခိုင်လူမျိုးတောင် ပပျောက်သွားအောင် လုပ်နေဆဲပဲ။ ဒီထပ်တစ်ခါ ရခိုင်လူမျိုးကို စာနာသလိုလိုနဲ့ သွေးတိုးပေးလိုက်တာ။ ကုလားတွေက လူများတယ်။ မင်းတို့အချင်းချင်း သတ်ပြီးတော့ ကုလားတွေကို သုတ်သင်ရှင်းပစ်ရမှာ။ 
နတ်မျက်စိ
(၆ -ဇြန္-၂၀၂၂)
Stop Rohingya Genocide