ရိုဟင်ဂျာ ၁၃ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အလောင်းများကို စွန့်ပစ်ခဲ့၊ အလောင်းများတွင် ညှဉ်းပန်း နှိပ်စက်ခံထားရသည့် ဒဏ်ရာဒဏ်ချက်များစွာ ရှိနေ
ရန်ကုန်၊ ဒီဇင်ဘာ ၅
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်နှင့်မင်္ဂလာဒုံမြို့နယ် အစပ်၊ ရွှေနံ့သာနှင့် ငွေနံ့ သာ ကျေးရွာ အကြား လမ်းဘေးတစ်နေရာတွင် ရိုဟင်ဂျာ လူငယ် ၁၃ ဦး၏ သေ ဆုံးနေသော အလောင်းများကို ယနေ့ တွေ့ရှိရပြီး အဆိုပါ ရိုဟင်ဂျာ ၁၃ ဦးကို နိုဝင်ဘာလနှောင်းပိုင်းတွင် စစ်တပ်က ဖမ်းဆီးခဲ့ကာ ဒီဇင်ဘာ ၄ ရက်နေ့ ညပိုင်းတွင် သတ်ဖြတ် အလောင်းများကို စွန့်ပစ်ခဲ့ကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က အတည်ပြု ပြောဆိုသည်။
နိုဝင်ဘာလနှောင်ပိုင်းတွင် လှည်းကူးမြို့နယ်အတွင်း ဝင်လာသည့် ရိုဟင်ဂျာ များကို စစ်တပ်၊ ရဲနှင့် ပျူစော ထီး ပူးပေါင်းအဖွဲ့များက ဖမ်းဆီး ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၄ ရက်နေ့ ညပိုင်းတွင် ရိုဟင်ဂျာ ၁၃ ဦးကို စစ်တပ်က ညှဉ်း ပန်းနှိပ်စက် သတ်ဖြတ်ကာ အလောင်းများကို စစ်တပ်က စွန့်ပစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်ခေတ်သစ်က ရရှိထားသော ဓာတ်ပုံမှတ်တမ်းများတွင် ရိုဟင်ဂျာလူငယ် ၁၃ ဦး၏ အလောင်းများအနက်မှ အလောင်းတချို့၏ မျက်နှာများတွင် သွေးသံ ရဲရဲ ရှိနေပြီး သေဆုံးနေသော လူငယ်တစ်ဦး၏ ခြေထောက်တွင် ရိုက်နှက်ခံထားရသဖြင့် သွေးအလိမ်းလိမ်းဖြင့် ညိုမဲနေ သည် ကို မြင်တွေ့ရသည်။
တချို့သော အလောင်းများတွင် ဗိုက်ကို ဓားဖြင့် ထိုးထားသော ဒဏ်ရာ ဒဏ်ချက်များမြင်တွေ့ရသည်။
ထိုအလောင်းများကို သွားရောက် ကြည့်ရှုခွင့်ရခဲ့သူ မျက်မြင်သက်သေတစ်ဦးကမူ အလောင်းများ၏ ကျောကုန်းတွင် မီးလောင်ဒဏ်ရာများ တွေ့ရပြီး စစ်ဖိနပ်များဖြင့် တက်နင်းထားမှုများကို မြင်တွေ့ ရကြောင်း ပြောဆိုသည်။
စစ်ကောင်စီဘက်က ရိုဟင်ဂျာ ၁၃ ဦးသည် အောက်ဆီဂျင်ပြတ်၍ သေဆုံးသော အလောင်းများ ဖြစ်သည်ဆိုသော ဝါဒဖြန့်သတင်းများကို ဖြန့်ချိခဲ့သော်လည်း ရန်ကုန်ခေတ်သစ်၏ သီးခြား စုံစမ်းချက်များ၊ ဓာတ်ပုံ သက်သေအထောက်အထားများ၊ မျက်မြင်သွားကြည့်သူများ၏ အဆိုအရ ရိုဟင်ဂျာလူငယ် ၁၃ ဦး သည် စစ်တပ်၏ ဖမ်းဆီး သတ်ဖြတ်မှု ခံရခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ပြီ ဖြစ်သည်။
သတင်း- ခေတ်သစ်မီဒီယာ


No comments:
Post a Comment