Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, February 12, 2023

ရိုဟင်ဂျာစာ ​ပေါင်းစပ်ဝါကျဖွဲ့နည်း

 

​ပေါင်းစပ်ဝါကျ ဖွဲ့နည်း


အရင်ပို့စ်​တွေမှာ ရိုဟင်ဂျာစာ ရိုးရိုးဝါကျဖွဲ့နည်းနဲ့ ​မေးခွန်းဝါကျ ဖွဲ့နည်း​တွေကို ​လေ့လာပြီးပြီ။ အခုပို့စ်မှာ​တော့ အသုံးများတဲ့ ​အ​ခြေခံ ပေါင်းစပ်ဝါကျ (ခ) ဝါကျ​ရော အချို့ကို တင်ပြသွားမှာ ဖြစ်တယ်။ အတူတူ ​လေ့လာကြရ​အောင်-

​ပေါင်းစပ်ဝါကျကို ဖွဲ့စည်းရာတွင် ရိုးရိုးဝါကျ နှစ်​ကြောင်းကို သမ္ဗန္ဓ နဲ့ ဆက်​ပေးလိုက်တဲ့အခါ ​ပေါင်းစပ်ဝါကျ ဖြစ်သွားတယ်။ ​ပေါင်းစပ်ဝါကျမှာ အမှီဝါကျ နဲ့ အမှီခံဝါကျ ဆိုလို့ နှစ်ပိုင်းရှိတယ်။ ဝါကျ တစ်​ကြောင်းက အမှီဝါကျ အပိုင်းဖြစ်ခဲ့ရင် ​နောက်တစ်​ကြောင်းက အမှီခံဝါကျအပိုင်း ဖြစ်တယ်။ အပိုင်းတစ်ပိုဒ်က ​နောက်တစ်ပိုဒ်ကို အမှီသဟဲပြုလို့ ဆိုလိုသည့် အဓိပ္ပါယ် ပြည့်စုံသွားတာ​လေ။ ကြားက​နေ ဆက်​ပေးလိုက်တဲ့ စကားဆက်​တွေ​ကြောင့် ​ပေါင်းစပ်ဝါကျအမျိုးအစားနဲ့ ဖွဲ့စည်းပုံ ကွဲ​ပြောင်းတတ်တယ်။ ​အောက်ပါ သာဓကများကို ​လေ့လာကြမယ်။

၁)

--------- ----------- boli ---------- -----------tou/tam.

Mamu Gyi yé hoitó boli ité aitó.
(မာမူကြီး ​ပြောခဲ့ရင် သူလာခဲ့မယ်။)
Mamu Gyi yé hoitó boli añi aitám.
(မာမူကြီး ​ပြောခဲ့ရင် ကျွန်ုပ် လာခဲ့မယ်။)

ဒီဝါကျ ပုံစံက​တော့ လွန်ခဲ့တဲ့ကာလမှာ ဒီလို လုပ်ခဲ့ရင် ဒီလို ဖြစ်လာလိမ့်မယ် ဆိုတဲ့ သ​ဘော သက်​ရောက်လိုတဲ့အခါ သုံးနှုန်းတဲ့ ပုံစံဖြစ်တယ်။ အဖြစ်အပျက်ကျ​တော့ လွန်​​လေသွားပြီ။ အဲဒီအချိန်ကဟာကို စိတ်ကူးယဥ်​ပြောဆိုတာဖြစ်တယ်။

ရိုးရိုးဝါကျ နှစ်​ကြောင်းကို boli ဆိုတဲ့ သမ္ဗန္ဓ နဲ့ ဆက်လိုက်တာဖြစ်တယ်။

(က) Mamugyi ye hoitó.
(ခ) Ité aitó.

ဒီဝါကျ နှစ်​ကြောင်းကို boli နဲ့ ဆက်လိုက်​တော့ -
Mamu Gyi ye hoitó (boli) ite aito.

ဒီမှာ tou နဲ့ tam က​တော့ ကြိယာပစ္စည်း​တွေ ဖြစ်တယ်။ ကတ္တားနဲ့ ကာလကို လိုက်လို့ ​ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ ဘာသာစကားမှာ မသိမဖြစ် ​လေ့လာထားရမယ့် ကဏ္ဍ တစ်ခုဖြစ်တယ်။ (ကြိယာပစ္စည်း ပို့စ်မှာ ​အကျယ်ပြန့် လေ့လာပါ။) ပြုလုပ်သူ ဆိုရင် ကြိယာမှာ tam ပစ္စည်းလိုက်တယ်။ ကြားနာသူဆိုရင် ကြိယာမှာ ti ပစ္စည်း လိုက်ရတယ်။ အ​ပြောခံရသူဆိုရင် ကြိယာမှာ tou ပစ္စည်း လိုက်ရတယ်။

၂)

------- --------- lé ------- --------bou/um.

Dabai háilé biyaram gom óibóu.
(​ဆေး​သောက်ရင် ​ရောဂါ သက်သာမယ်။)
Besali ye zimma loilé añí zaiyum.
(​ဝေသာလီက တာဝန်ယူရင် ကျွန်ုပ် လိုက်သွားမယ်။)

ဒီ Lé ဆိုတဲ့ ဝါကျဆက်ပုဒ် က​တော့ အနာဂတ်မှာ ဖြစ်လာမယ့် အ​ကြောင်းအရာတစ်ခုခုကို ​ဖော်ပြတဲ့အခါ သုံးနှုန်းတာ ဖြစ်တယ်။ ဒီလို လုပ်ရင် ဒီလို ဖြစ်လာမယ် လို့ ကန့်သတ်တဲ့ သ​ဘောပါပဲ။ ဝါကျ ဖွဲ့စည်းပုံက ခပ်ရှင်းရှင်း ပါပဲ။ ပထမ ဝါကျကို ပစ္စုပ္ပန်ထား၊ ဒုတိယ ဝါကျကို အနာဂတ် ထားရတယ်။ သတိထားစရာက ကတ္တားနှင့် ကာလကို လိုက်လို့ ကြိယာပစ္စည်းကို မှန်မှန်ကန်ကန် သုံးရတာဖြစ်တယ်။ ကတ္တားချင်း တူ​နေရင် တစ်ခုကို ဖြုတ်ရတယ်။


(က) Dabai ha.
(ခ) Biyaram gom ou.

ဒီဝါကျ နှစ်​ကြောင်းကို lé နဲ့ ဆက်လိုက်​တော့ -
Dabai hailé biyaram gom oibou.

ကတ္တားချင်းတူ​နေတဲ့ သာဓက-
(က) Añi górót zaiyum.
(ခ) Añi hoiyúm.

Añí górót zailé hoiyúm.

Añi ဆိုတဲ့ ကတ္တားချင်း တူ​နေလို့ တစ်ခုကို ဖြုတ်ထားတယ်။


၃)

Zeto --------- ----------- heto -------- -----------.

Zetó sabr goríbí, héto fulat bonibi.
(သည်းခံတာ ပို​လေ၊ ရင့်ကျက်တာ ပို​လာလေ။)
Zetó tuáñrá dáb goríbá, héto tuañra kamiyab oibá.
(မင်းတို့ ကြိုးစား​လေ၊ မင်းတို့ ​အောင်မြင်​​လေ။)

ဒီ ဝါကျဆက်က​တော့ အ​ကြောင်းအရာ နှစ်ခုကို တပြိုင်တည်း ဖြစ်လာတာကို ​ဖော်ပြတာဖြစ်တယ်။ တစ်ခု လုပ်ရင် တစ်ခု ဖြစ်လာမယ်လို့ ယှဥ်​တွဲဖော်ပြတာ ဖြစ်တယ်။ ဒီ ဝါကျဆက်ပုဒ်အတွဲကို ပြိုင်တူ သုံးရတယ်။ zetó ကို ဝါကျ ​ရှေ့ဆုံးကထားလို့ héto ကို ဒုတိယ ဝါကျရဲ့ ​ရှေ့က ထားလို့ ဆက်​ပေးရတယ်။ Zeen...... heen. Zendilla.... hendilla.

(က) Sabr goríbí.
(ခ) Fulat bonibi.

ဒီဝါကျ နှစ်​ကြောင်းကို zeen..... heen နဲ့ ဆက်လိုက်​တော့ -

Zeen sabr goríbí heen fulat bonibí.
Zendilla ham goribi hendilla fol faibi.

ယှဥ်တွဲတဲ့ သ​ဘော ​ဖော်ပြလိုတဲ့အခါ Zendilla.... hendilla.. ကို သုံးတယ်။

Zendilla tui gom hendilla íte gom.

ဝါကျ နှစ်​ကြောင်းကို အချိန်ကာလ တစ်မျိုးတည်းနဲ့ ဖွဲ့စည်းရတယ်။ ပစ္စုပ္ပန်ဆို နှစ်ပိုင်းစလုံး ပစ္စုပ္ပန်၊ အနာဂတ်ဆိုရင် နှစ်ပိုင်းစလုံး အနာဂတ်​ပေါ့။


၄)

-------- ----------- yoré -------- -----------

Muuhát dui yoré bát haito boi.
(မျက်နှာသစ်ပြီး ထမင်းစားဖို့ ထိုင်ကြပါ။)
Raja ye dewanot hokum di yoré saair goittó neellé.
(မင်းကြီးက မင်းသဘင်မှာ အမိန့်​ပေးပြီး ​တောကစား ထွက်သွားတယ်။)

ဒီဝါကျ ပုံစံက​တော့ အ​ကြောင်းအရာ နှစ်ခုကို yoré နဲ့ဆက်လို့ တစ်ခုပြီးတစ်ခု ဖြစ်တာကို ​ဖော်ပြတာ ဖြစ်တယ်။ yoré အပြင် baadé ဆိုတဲ့ အဆက်ပုဒ်ကိုလဲ သုံးနှုန်းလို့ရတယ်။ အဓိပ္ပယ်နဲ့ သ​ဘောက အတူတူ ပါပဲ။

(က) Muuhat duwo.
(ခ) Bát haitó boiyó.

ဒီဝါကျ နှစ်​ကြောင်းကို baade နဲ့ ဆက်လိုက်​တော့ -
Muuhát dui baade bát haitó boi.
Raja ye dewanot hókúm di baadé saair goitto neellé.

# ဒီ​နေရာမှာ oré နဲ့ yóré အသုံးကို အများအားဖြင့် မှားတတ်တယ်။ oré ကို ကံဝိဘတ် အဖြစ် သုံးရတယ်။ yoré ကျ​တော့ ဝါကျဆက်​ပေါ့။

Oré ရဲ့ ကံဝိဘတ်အဖြစ် သုံးတတ် သာဓက-

Tui kitaabgun oré bas gorí rak.

(မင်း စာအုပ်​တွေကို စီထားပါ။)

၅)

-------- --------- lé yó -------- ----------

Addu ye gorílé yó mou ye nam nogoré.
(အဒူ က လုပ်ရင်းလဲ သူ့ဦး​လေးက မချီးကျူးဘူး။)
Goormen é zalai léyó añrár decór ador no homé.
(အစိုးရက ဖိနှိပ်ရင်လဲ ကျွန်ုပ်တို့ တိုင်းပြည်အချစ် ​လျော့မသွားဘူး။)

ဒီဝါကျဆက်ပုဒ်က အ​ကြောင်းအရာ နှစ်ကို တစ်ခုနဲ့ တစ်ခု ဆန့်ကျင်ဘက် ဖြစ်​ကြောင်း ​ဖော်ပြတဲ့အခါ အသုံးပြု​လေ့ရှိတယ်။ ပထမ ဝါကျကို ဒုတိယ ဝါကျ ဆန့်ကျင်​​အောင် ဖွဲ့စည်းရတယ်။

(က) Goormen é zala. 
(ခ) Añrar decór ador no homé.

ဒီဝါကျ နှစ်​ကြောင်းကို léyó နဲ့ ဆက်လိုက်​တော့ -
Goormen é zalai léyo anrar decór ador no homé.


၆)

--------- ------------ baccót -------- ---------.

Bou aní baccót matamati diyé.
(ငါ မင်္ဂလာ​ဆောင်တဲ့အချိန်မှာ အငြင်းပွားခဲ့တယ်။)
Gór saai baccót zór diyé.
(အိမ်မိုးတဲ့အခါ မိုးရွာတယ်။)

ဒီဝါကျဆက်က​တော့ အချိန်ကာလကို ပြတဲ့ ပုဒ်ဖြစ်တယ်။ တစ်ခုခု ပြုလုပ်တဲ့ အချိန်မှာ တစ်ခု ဖြစ်ပျက်သွား​ကြောင်း ​ဖော်ပြတယ်။

အချိန်ပြပုဒ် motton နဲ့ yá ကို သုံးနိုင်တယ်။

(က) Ite ailé
(ခ) Babá zaibou

ဒီဝါကျ နှစ်​ကြောင်းကို motton နဲ့ ဆက်လိုက်​တော့ -
Ite ailé motton Babá zaibou.

Tuwan baiyéde yá manuic okkól bicí bát loi duk faiyé.
(မုန်တိုင်း တိုက်ခဲ့စဥ်က လူ​တွေ အစားအ​သောက်နဲ့ အင်မတန် ဒုက္ခ​ရောက်ခဲ့တယ်။)

၇)

------ yó -----, ------- yó-------


MaungSa yó bool kala, Kazi yó bool kala.
(​မောင်ဆာ လည်း ​ဘော်လုံးကစားတယ်၊ ကာဇီလည်း ​ဘော်လုံးကစားတယ်။)
Moge yó Rohingya ré zulúm goijjé, Borma yó rohingya ré zulúm goijjé.
(မဂ် ကလည်း ရိုဟင်ဂျာကို နှိပ်စက်ခဲ့တယ်၊ ဗမာကလည်း ရိုဟင်ဂျာကို နှိပ်စက်ခဲ့တယ်။)

ဒီဝါကျဆက် က တူညီတဲ့ အ​ကြောင်းနှစ်ခုကို ယှဥ်တွဲ​ဖော်ပြတဲ့အခါ သုံးကြတယ်။ ဒီ yó ကို ကျ​တော့ ကတ္တားရဲ့ ​နောက်၌ ဆက်ရတယ်။ အ​ကြောင်းအရာ နှစ်ခု တူညီဖို့လိုတယ်။

(က) Moge Rohingya ré zulum goijjé,
(ခ) Borma rohingya ré zulum goijjé.

ဒီဝါကျ နှစ်​ကြောင်းကို yó....yó နဲ့ ဆက်လိုက်​တော့ -
Moge yó Rohingya ré zulum goijjé, Borma yó rohingya ré zulum goijjé.


၈)

------- doillá .......... yó ......

Manu doillá Loti yó sábá tulat harbari.


ဒီဝါကျ ပုံစံကလည်း အထက် ဝါကျကဲ့သို့ အဓိပါပါယ် ဆင်တူတယ်။ ဒါ​ပေမယ့် ဖွဲ့စည်းပုံကျ​တော့ မတူဘူး။ ဝါကျ နှစ်ခုကို ဝါကျရိုး ပုံစံနဲ့ ​ဖွဲ့စည်းတာ ဖြစ်တယ်။ ဝါ​ကျ​ရိုးအပိုဒ်မှာ ​လေ့လာပါ။

Ma Nu saba tulat harbari.
Loti saba tulat harbari.
Ma Nu doilla Loti yo saba tulat harbari.



၉)

------- ----- ré -------- --------

Motuwalir moshuwara diya ré faijá ye diyai no faré.
(​ကျောင်းဒါယကရဲ့ အကြံ​ပေးတဲ့ဟာကို ရွာသား​တွေက မနှစ်သက်ကြဘူး။)

Mazir zal buwa ré zaiñ zailla okkóle técharar.
(​လှေသမား ပိုက်​ထောင်တာကို တံငါသည်​တွေက သ​ရော်ကြတယ်။)

၁၀)

------- ------- bollá ------- -------
Futúya biyá gorí bollá shúná zoma goijjé.
(ပူတိယာ မင်္ဂလာ​ဆောင်ရန်အတွက် ​ရွှေရတနာ စုထားတယ်။)

ဒီဝါကျဆက် က အကျိုး​မျှော်လို့ တစ်စုံတစ်ရာကို ပြုလုပ်​ကြောင်း ​ဖော်ပြရာတွင် သုံးနှုန်းတာဖြစ်တယ်။ ပထမ ဝါကျက အနာဂတ်ကာလအဖြစ် ကိန်း​သေထားပြီး ဒုတိယ ဝါကျက အနာဂတ်၊ အတိတ် သို့မဟုတ် ပစ္စပ္ပန်ကာလ အဖြစ် လိုအပ်သလို ​ဖော်ပြ​နိုင်တယ်။

(က) Futúya biya gori.
(ခ) shúná zoma gorér.

ဒီဝါကျ နှစ်​ကြောင်းကို yó....yó နဲ့ ဆက်လိုက်​တော့ -
Futúya biyá gorí bollá shúná zoma gorér.
(ပစ္စုပ္ပန်)
Futúya biyá gorí bollá shúná zoma goríbóu.
(အနာဂတ်)

၁၁)
--------- -------- daara --------- ---------
Hasolót oré no banaonor daara fuwainór hasilót borbat giyói.
(အကျင့်စာရိတ္ထသင်မ​ပေးတာ​ကြောင့် က​လေး​တွေ အကျင့်ပျက်သွားတယ်။)
Añra sóllúk no tákonór daara mog e zalai faijjé de.
(ငါတို့ စည်းလုံးမှုမရှိတာ​ကြောင့် မဂ်​တွေက ဖိနှိပ်နိုင်ခဲ့တာပါ။)

ဒီဝါကျဆက်က​တော့ အ​ကြောင်းတစ်ခု​ကြောင့် အကျိုးရတာကို ​ဖော်ပြတယ်။ duara, zariya ဝါကျဆက်​​တွေကိုလည်း အဓိပ္ပါယ်တူ စကားဆက်​တွေ​ အဖြစ် သုံးကြတယ်။


၁၂)
------ ------ deki ------ ------

Maabab oré nakodori goron deki jahannamoré nize baze maton.
(မိဘကို မထဲ့မ​လေးစားပြုခြင်းက ငရဲဘုံကို ကိုယ်တိုင် ဖိတ်​ခေါ်ခြင်း ဖြစ်တယ်။)

ဒီဝါကျက အ​ကြောင်းတစ်ခု ဖွင့်ဆိုပြတဲ့အခါ သုံးကြတယ်။ deki, daase လို အဆက်စကားလုံး​တွေ သုံးလို့ရတယ်။

ဒီမှာ náki ဆိုတဲ့ စကားဆက်နဲ့ မမှား​အောင်သတိထားရမယ်။ naki က​တော့ ​မေးခွန်းဝါကျမှာ သုံးတဲ့ စကားဆက်ဖြစ်တယ်။

Tui aibi né nakí no aibi?

ဒီဝါကျ ပုံစံက​တော့ ​​မေးခွန်းဝါကျ ဖြစ်တယ်။ အ​ကြောင်းနှစ်ခုထဲက တစ်ခုကို ​ရွေးချယ်လိုတဲ့ သ​ဘောနဲ့ သုံးတာဖြစ်တယ်။ တစ်ခုကို အဟုတ်ပုံစံနဲ့ ထားပြီး ​နောက်တစ်ခုကို မဟုတ်ပုံစံနဲ့ ဖွဲ့ရတယ်။


၁၃)

---------- ---------- noilé --------- ---------

Tui fonnát zaa noilé duwanot zaa.
(မင်း ​ကျောင်းသွား မဟုတ်ရင် ဆိုင်သွားပါ။)

ဒီဝါကျက​တော့ ​ရွေးချယ်ရန် ​ဖော်ပြတဲ့ဝါကျဖြစ်တယ်။ အ​ကြောင်းနှစ်ခုမှ တစ်ခုကို ​ရွေးချယ်ရတာ ဖြစ်တယ်။ yato, yá ​တွေလဲ သုံးလို့ရတယ်။


(က) Añrá Arakanot chántír saaté zaiyum.
(ခ) Añrá Arakanot larái gorí zaiyum.

ဒီဝါကျ နှစ်​ကြောင်းကို yá နဲ့ ဆက်လိုက်​တော့ -

Añrá Arakanot chántír saaté zaiyum yá larái gorí zaiyum.
(ငါတို့ အာရကန်ကို ငြိမ်းချမ်းစွာသွားမယ် သို့မဟုတ် ​တော်လှန်ပြီး​တော့ သွားမယ်။)

တူ​နေတဲ့အပိုဒ်က​နေ ​တစ်ခုဖြုတ်၊ ကျန်တဲ့ဟာကို yá နဲ့ ဆက်လိုက်​တော့ ​ပေါင်းစပ်ဝါကျ ဖြစ်သွားပြီ။


ဆက်လက်​မျှော်ရန်....

ရိုဟင်းကိန်း
(၂၅-၈-၂၀၂၀)

No comments:

Post a Comment