Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, October 25, 2015


ဗိုလ်ကြီးဇင်ဝိုင်းနှင့် ဒေသခံ တစ်ဦး ပူးပေါင်း၍ ဒေသခံ တစ်ဦးထံမှ ငွေချေး၍ မရသဖြင့် လူမိုက်ကဲ့သို့ ရမ်းကား
ဗိုလ်မှူးကြီးမှူးကြီးဇင်ဝိုင်းနှင့် ဦးအာဘူဆိဒိတ် (ဓာတ်ပုံ-RB News)


ဗိုလ်ကြီး ဇင်ဝိုင်းနှင့် ဦးအာဘူဆိဒိတ် (ဓါတ်ပုံ - RB News)


RB News
24.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်တွင် တပ်မတော် တာဝန် ထမ်းဆောင် နေသည့် ဗိုလ်ကြီး ဇင်ဝိုင်းသည် တပ်မတော် တာဝန်အပြင် ဒေသခံ တစ်ဦးနှင့် ပူးပေါင်း၍ စီးပွားရေးလည်း လုပ်ကိုင်လျက် ရှိသည်။ ၎င်းသည် မောင်တော မြို့နယ်၊ မြို့မ အနောက်ရပ်ကွက်မှ ဦးအာဘူဆီဒိတ် (ဘ) မော်လ၀ီ အဘူတာလိဖ်နှင့် ပူးပေါင်း၍ စီးပွားရေး လုပ်ကိုင်လျက် ရှိပြီး၊ ၎င်းမှ ရောင်းချသော WY မူးယစ်ဆေးဝါး များကို ဦးအာဘူဆီဒိတ်က ၀ယ်ယူ၍ ဖြန့်ဖြူးလျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ ဦးအာဘူဆိဒိတ်သည် ၎င်း၏ စီးပွားဖက် ဗိုလ်ကြီးဇင်ဝိုင်းကို အသုံးချ၍ မိမိ၏ လူမျိုး ရိုဟင်ဂျာများကိုလည်း နည်းမျိုးစုံဖြင့် ဒုက္ခပေးလျက် ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည့် တစ်လခန့်က ဗိုလ်ကြီးဇင်ဝိုင်းနှင့် ဦးအာဘူဆိဒိတ် တို့သည် မြို့မ အနောက်ရပ်ကွက်ရှိ ကိုဇေယျာထံမှ ငွေအကူအညီ တောင်းခဲ့ရာ ကိုဇေယျာထံတွင် ၎င်းတို့ တောင်းသည့် ငွေမရှိသဖြင့် မပေးနိုင်ခဲ့ပေ။ ၎င်းတို့နှင့် ကိုဇေယျာတို့သည် ရင်းနှီးမှု ရှိသူများ မဟုတ်ဘဲ မျက်နှာသိသာ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

ကိုဇေယျာက ၎င်းတို့ကို ချေးသည့် ငွေကို မပေးနိုင်ခဲ့သည်ကို အကြောင်းပြု၍ ဗိုလ်ကြီးဇင်ဝိုင်းနှင့် ဦးအာဘူဆိဒိတ် တို့သည် အောက်တိုဘာလ (၁၉) ရက်နေ့ နေ့လည် ၃း၃၀ နာရီ အချိန်တွင် ကိုဇေယျာ၏ အိမ်သို့ သွားရောက်ပြီး အိမ်အောက်တွင် ရပ်ထားသည့် ကားမှ ကားမီးလုံးများကို လူမိုက်ဆန်ဆန် ရိုက်ခွဲခဲ့သည်။ ထို့အပြင် အိမ်ပေါ်သို့ တက်၍ ကိုဇေယျာနှင့် သက်ကြီး မိခင်တို့ နှစ်ဦးစလုံးကို မညှာမတာ လူမဆန်စွာ ရိုက်နှက်၍ ကိုယ်ထိ လက်ရောက် စော်ကား ခဲ့သည်။

ဒေသခံများက တပ်မတော် အရာရှိ တစ်ဦးက ယခုကဲ့သို့ မဆိုင်သည့် နေရာများတွင် ၀င်ရောက်၍ ရာထူးကို အလွဲသုံးစား ပြုလုပ်ပြီး လူမိုက်ဆန်ဆန် ရမ်းကားနေခြင်းကို တပ်မတော်မှ အမြန်ဆုံး အရေးယူ ပေးရန် အထူး လိုလား နေကြသည်ဟု ဆိုသည်။

Tuesday, September 29, 2015

မေယူမြိုင်မှ မေတ္တာနံ့

  ယူမြိုင်မှ မေတ္တာနံ့

ရေးသားသူ- နီဂြောဓ (MYARF)
RB ကဗျာ16.9.2015

မြင့်မားသီခေါင် မယူတောင်ပေါ်
ရင်သပ်ရှုမော မနောလန့်အောင်
တောင်ထွတ်ကြီးက အစွန်းနှစ်ခု
ထွတ်ကြီးဘေးနား ဥသျှစ်ပင်အို
အုပ်မိုးနေလျက် ပုသိမ်ထီးလို
ထွတ်ကြီးကြားမှာ စမ်းရေနှစ်ပေါက်
ကျောက်စမ်းရေလည်း အေးမြင်စင်ကြည်
ယိုစီးနေလျှက် မျက်စိစုံလို
အရုဏ်လင်းရောင် အရင်ဆုံးဖြာဆင်းလာတော့
မျက်နှာသစ်ဖို့အနှိုင်းမဲ့တဲ့ တောင်ထွတ်ကြီးသို့။

ရာဇဝင်က တမူထူးခြားတောင်ထွတ်ကြီးမှာ
ချစ်စဖွယ်ရာကာယာပူရီ ဘုရင်မနန်းကြံ့ခိုင်ခမ်းနား
စိုက်ထူတည်ခဲ့အရှိန်အဝါ အပြည့်အစုံ
ရက်စက်ညှဉ်းပန်း နေညမပြတ်
ကွိုခ်ျသျှောရ်ဇမ္ဗူ သူစိုးစံခဲ့။

ယုဇနပေါင်း သန်းထောင်ကျော်က
မယူပြည်က ဒေသခံများညှဉ်းပန်းသူကို
အနိုင်တိုက်ရန်သဲကန္တာရ ကာရ်ဘလ္လာမှ
စစ်သူရဲကောင်း ဟားနီဖာထံသပြေခက်လို
စစ်ကူတောင်းခဲ့ဗိုလ်ပေါင်းရံပါ အစုံပါလျက်
ဟားနီဖာတို့ စစ်ချီတက်လာ
ကြိမ်ပေါင်းသုံးခါ တိုက်ချေခဲ့တော့
ဘုရင်မကို အောင်နိုင်သိမ်းခဲ့
ကာယာပူရီ ဘုရင်မနပ်စစ်ဘက်ရန်သူ
မုန်းတီးပေမယ့်သူ့ရဲ့စွမ်းရည် ဂုဏ်ပြုတာမို့
ဟားနီဖာရဲ့ ကမ်းလှမ်းစာကို
ရိုသေလေးစား လက်ခံလိုက်ပြီး
မေတ္တာကွင်းထဲ မိသွားသလို
စစ်နိုင်သူရဲ ဟားနီဖာကို
လက်ထပ်ချည်နှောင် ရင်ထဲပွေ့ခဲ့။

မိဖုရားချော ကာယာဖူရီ
အစ္စလာမ်ခံ နှလုံးလှသန့်
ရွှေစင်ကဲ့သို့ ယဉ်ပါးလာလျက်
နှစ်ကိုယ်တစ်နန်း စံကြရခဲ့
အစ္စလာမ်ရဲ့ အေးချမ်းလှတဲ့
အရိပ်သာယာ အောက်ရောက်ခဲ့တော့
ညှဉ်းပန်းနှိပ်စက် ဇမ္ဗူပြည်ကြီး
ချမ်းမြေ့သာယာ ကြွယ်ဝလှခဲ့
ရိုဟင်မျိုးစေ့ ပျိုးချပေးရင်း
မေတ္တာဖြူနဲ့ ကောင်းကင်ပြာအောက်
အာဒမ်ဧဝ သံစဉ်ပမာသစ္စာပြည့်နဲ့
ရွှင်ပျော်ခဲ့တာမရဏမင်း ရောက်လာထိပင်။

အတုမဲ့တဲ့ သူ့ရဲ့မေတ္တာ
ဟားနီဖူရီ နှစ်ဦးစလုံး
မင်္ဂလာရှိ နတ်ရွာစံပြီးစစ်
မှန်မေတ္တာ သတိရလျက်ဒီ
တောင်ထွတ်ကြီး နှစ်ခုလုံးက
သည်းသည်းထန်ထန် အမြဲငိုနေ
ငိုကြွေးမျက်ရည် စမ်းသွင်ပြောင်းလို့
တောင်ဘေးနံမှ အမြဲစီးယို။

ဒီဇာတ်လမ်းဟာ နှစ်ထောင်ပေါင်းက
ဖြတ်သန်းလာတာ တို့များဆီမှာ
ကျောက်သားပေါ်မှာ စွဲမြသလို
ဒီမေတ္တာလည်း လွမ်းတမ်းတရ
ရှင်သန်တော့မယ် ထာဝရပင်
ခုထိဒိဌ ကောင်းကင်ပြာထဲ
ငေးစိုက်ကြည့်ရင် ရှုမြင်ခံစား
နက်ရှိုင်းလှတဲ့ ဟားနီဖူရီ
မေတ္တာဇာတ်ရဲ့ အနှစ်ရသာ။

တောင်ခြေအောက်မှာ ရိုဟင်ရွာငယ်
ဘုရင်မိဖု အစွဲပြု၍
မှည့်ကြလာနေ မောင်နှမတဲ့။
ယခုထိပင် ရှေးထုံးဓလေ့
နေဝင်ချိန်ခါ တောင်ထွတ်ကြီးက
နေခြည်ပြာကျ ရောင်စုံဆည်းဆာ
တောင်ခြေအောက်ကို ရိုဟင်မလေး
ရေခပ်သွားပြီး ပြန်ဦးအလာ
ကာယာဖူရီ ဟားနီဖာရဲ့
မမေ့နိုင်တဲ့ အချစ်ဇာတ်လမ်း
အတွေးပေါ်လို့ ပြောဆိုကြရင်း
ခပ်တဲ့ရေလည်း အေးမြသန့်လို့
ချိုသာချိုအေး ချိုမြိန်တယ်လေ။

စာညွှန်း။ ။ မယူ = မေယုဒေသကို ခေါ်သော အသံထွက်။
ကွိုခ်ျသျှောရ် = ကာယာဖူရီ စိုးခဲ့စဉ်က မေယုဒေသအမည်။

Saturday, May 30, 2015

ရှားပ်ဖောရ် ဖိုဣရ် (မဟာဗန္ဒုလ ရေကန်)




ရှားပ်ဖောရ် ဖိုဣရ် (မဟာဗန္ဒုလ ရေကန်)

----------------------------------------------------------
အောက်ပုံတို့မှာ ၂၀၁၅ ခုနှစ် မေလတွင် ရိုက်ကူးခဲ့သော ရှားပ်ဖော်ရ် ဖိုဣရ်၌ ရိုဟင်ဂျာကလေးများ ရွှံ့လူး မြူ ထူးနေပုံဖြစ်ပါတယ်။ (#ရိုကျောင်းသားများ_အင်အားစု  ဖစ်ဘုတ် စာမျက်နှာမှ ကူးယူဖော်ပြခြင်းဖြစ်သည်။)

အာရ်ကန်ပြည်ရဲ့ မြို့ဟောင်းတစ်ခုဖြစ်သော ဘောလီဘာဇား (ခ) ကြိမ်ချောင်းသည် သမိုင်းဝင်မြို့တစ်မြို့ ဖြစ်ခဲ့သည့်အလျှောက် သမိုင်းဝင် အမွေအနှစ်များနှင့်လည်း ကြွယ်ဝပါတယ်။ အဲ့ထဲမှ တစ်ခုက ရှားပ်ဖော်ရ် ဖိုဣိရ် [Shaab or Foir] ခေါ် မဟာဗန္ဓူလရေကန်ဖြစ်တယ်။ Shaab မှာ ဗိုလ် ဟု အဓိပ္ပာယ်ရပြီး Foir မှာ ရေကန် ဖြစ်တယ်။

မောင်းတောမြောက်ပိုင်း၊ ဘော်လီဘာဇား (ယခု ကြိမ်ချောင်း) ကျေးရွာအုပ်စုရှိ မြောက်ရွာ၊ မောင်းတော-အောင်သပြေလမ်း၏ အရှေ့ဘက် မနီးမဝေးတွင် တည်ရှိသည်။ ရေကန်ဧရိယာသည် ၁-ဧက ခန့်ရှိပြီး ရေပြင်တွင် ပဒုမ္မကြာပန်းနှင့် ဗေဒါပင်များ လွှမ်းခြုံနေသည်။ ရေကန်ကို ဘော်လီမျိုးနွယ်စုမှ ပိုင်ဆိုင်ကြသည်။ မဆလခေတ်တွင် ဌာနေစစ်တပ် စခန်းမှ သိမ်းယူခဲ့သည်။ နစက -ေ ခေတ်တွင် အနီးရှိ ရခိုင်-နတလရွာမှ ခေါင်းကြီးလူ အချို့က ထိုရေကန်ကို အဓမ္မ သိမ်းယူခဲ့သည်။ ယနေ့ ရခိုင်-နတလတို့က ငါးမွေးမြူပြီး စီးပွားရှာကြသည်။

ဒီနေရာဟာ ၁၈၂၄ ခု မေလတွင် စစ်သူကြီး မဟာဗန္ဓုလသည် ဗြိတိသျှကို အောင်အောင်မြင်မြင် ခုခံတိုက်ခိုက်ခဲ့သော ပန်းဝါတိုက်ပွဲ [ရာမူး] အသွားအပြန်၌ အဆိုပါနေရာတွင် စခန်းချခဲ့ခြင်းဖြစ်တယ်။ ဒီနေရာတွင် တိုက်ပွဲတစ်ခုလည်း ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ဖူးတယ်ဟု ရာဇဝင်ရှိတယ်။ ပန်းဝါတိုက်ပွဲတွင် စစ်သူကြီး မဟာဗန္ဓုလသည် တပ်အင်အားကို ပိုမိုတောင့်တင်းစေရန် မောင်းတောဒေသမှ ရဲမက်တွေနဲ့ ခြေချင်းတပ်များဖြင့်  ပြန်လည်အားဖြည့်ခဲ့ကြောင်း ရှေး ရိုဟင်ဂျာတေးချင်းများအရ သိရတယ်။ ထို့ကြောင့်သာ မဟာဗန္ဓု၏ စစ်ကြောင်းတွင် အင်အား ၄၀၀၀ ခန့် ရှိမည်ဟု ဗြိတိသျှတို့က ခန့်မှန်းထားသော်လည်း နောက်ပိုင်းတွင် အင်အား သောင်းကျော်အထိ သိသိသာသာ တိုးလာကြောင်း သမိုင်းတွင်တွေ့ရသည်။ တိုက်ပွဲ၌ ပြိုင်ဖက် နှစ်ဖက်စလုံး၌ ဗုဒ္ဓဘာသာဝင်နှင့် အိစ္စလာမ်ဘာသာဝင် အာရ်ကန်ပြည်သားများ ရှိနေကြောင်းကို စောဒကတက်ရန်တောင် မလိုတော့ပါ။ ဤဒေသမှ ရှေးလူကြီးတို့၏ ပါးစပ်ရာဇဝင်အရလည်း မောင်းတောဒေသမှ တပ်သားများပါဝင်ခဲ့ကြောင်း အတပ်ပြောကြတယ်။ ပန်းဝါတိုက်ပွဲတွင် ကျဆုံးသူတို့မှာ ဘောလီဘာဇားသားများလည်း ပါဝင်ကြသည်ဟု ဤကျေးရွာသားတို့ ယုံကြည်ကြသည်။

ရေကန်၏ အနောက်ဖက်တွင် ကုန်းမော့ မြေမလွတ်တစ်ခုရှိတယ်။ အဲ့နေရာဟာ တိုက်ပွဲ၌ ကျဆုံးသူတွေကို မြုပ်နှံခဲ့သော နေရာဖြစ်တယ်။ အဲ့ဒီနေရာမှာ စစ်သူကြီးမဟာဗန္ဒုလနဲ့ တိုက်ပွဲတစ်ခု ဖြစ်ခဲ့တယ်ဟု ယူဆတယ်။ ဘယ်လို တိုက်ပွဲတော့ အထောက်အထားနဲ့ ပြောဖို့ ခဲယဉ်းလှတယ်။  

ဒေသခံလူကြီးတွေရဲ့ ယူဆချက် နောက်တစ်ခု ရှိတယ်- (ပန်းဝါတိုက်ပွဲအပြီး ရန်ကုန်သို့ တပ်ပြန်ခေါ်သွားရာ အင်္ဂလိပ်တို့၏ လုပ်ကြံမှုဖြင့် စစ်သူကြီး မဟာဗန္ဓုလသည် ဤနေရာ၌ပင် ကျဆုံးခဲ့တယ်တဲ့။) ဖြူးမချောင်း ကမ်းပြို၍ အိုးအိမ် ပျက်စီးသွားသည့် သူတို့ကို ဒီနေရာအနီးပတ်ဝန်ကျင်၌ နေရာချပေးခဲ့သည်။ ထို့မှ ရေကန်အနီး ဆော်ရ်ဖာရာ (မြောက်ရွာ) ဆိုပြီး ရွာတစ်ရွာတည်လာသည်။ ရွာမတည်ခင် ထိုနေရာသည် တောချုံ ထူထပ်သော နေရာတစ်ခု ဖြစ်သည်။ ရွာတည်ပြီး ရွာသားများက ရေကန်အနောက်ဘက်ရှိ ကုန်းမော့နေရာ၌ အိမ်ဆောက်ရန် မြေတူးခဲ့သောအခါ လူ့အရိုးစုများကို တွေ့ရှိရသည်။ ထိုနေ့မှ ယင်းနေရာသည် တိုက်ပွဲကျဆုံးသူများကို မြှပ်နှံခဲ့သည့် သင်္ချိုင်းဖြစ်သည်ဟု ရှေးလူကြီးတို့၏ စကားကို နှိုင်းယှဉ်ကာ ယုံကြည်ကြသည်။ ယနေ့တိုင် ထိုနေရာတိုတွင် အိမ်အဆောက်အအုံများ မဆောက်ကြပေ။ မြေနက်နက် တူးလျှင် အရိုးစုများသာ ပေါ်သည်။ လွတ်လပ်ရေးရပြီးခေတ်တွင် သက်ဆိုင်ရာမှ သမိုင်းကို လေ့လာကာ အနောက်ဖက် ကန်ပေါင်ပေါ်၌ မဟာဗန္ဓုလရေကန်ဟု ကျောက်တိုင်တစ်ခု စိုက်တူးပေးခဲ့သည်။

အာရ်ကန်မြေကြီး တစ်ဝန်း၌ ရိုဟင်ဂျာသမိုင်းများ မှိုလိုပေါက် ရှိနေသော်လည်း မသာမာသူတို့၏ လက်ချက်ကြောင့် ကိုယ့်ဖက်သာ ဆွဲကောက်နေတဲ့အတွက် တန်ဖိုးမဖြတ်နိုင်သော ရိုဟင်ဂျာသမိုင်း မြန်မာပြည်သူအားလုံးထိ မရောက်ခြင်းသာဖြစ်သည်။

#(လူထုဝဏ္ဏ ရေးသားသည်။)





Tuesday, March 17, 2015

To My Dearest Mom


ရိုဟင်ဂျာ အမျိုးသား  တော်လှန်ရေး ခေါင်းဆောင်  Jafar Kawal ရဲ့ " Adoror Maa " သီချင်းကို ရိုဟင်ဂျာအတွေး ၊ အင်္ဂလိပ် အရေး ဖြင့် ရေးလိုက်ခြင်းဖြစ်ပါတယ်။ ဒါကိုဖတ်ပြီး အမေ့ကို သတိ ရရင် ရေးရကျိုးနပ်ပါကြောင်း နှင့် တိုက်ရိုက်ဘာသာပြန်တာမို့ အထစ်အငေါ့ တွေ့ရင် နားလည် ခွင့်လွှတ်စေချင်ပါတယ်။


To my dearest Mom,

🌠🌠🌠🌠🌠🌠🌠🌠🌠🌠

In this world, Mom, you are my dearest,
Except you, no one is closest.
Slinging me inside you,
Born by thou.
Allah knows your pain, only,
You are the only one own me.

In adopting me, what an agony you got!
I was grown up at your lap.
I was milked from your blood,
Except you, no one is closed.

Unable how to sit and walk,
Taught me all these by yourself.
Mom, to me, you benefacted, 
You are the dearest.

You used to pelt after me at gate near, 
If i go far somewhere.
Your heart can get wounded,
Except you, none is closest.

All are relevantly infatuated,
Except you, whom i can say dearest.
You make me civilized human,
You are my possession.

Mom, i think of all the time,
No one knows suffering of mine.
I block it in my mind, 
Mom, you are the only dearest one.

No peace for having no mother,
Though in life has everything either.
Without her, better to die than to live,
Mom, you are the one own me.

After losing you mom,
I come to know what mother is,
I wish i could forget all my pains,
If i once see your glorious face.
Mom, you are the only dearest one,
In fact, you are my possession.

***************************************
Translated by Maung Abdul Khan
***************************************


Saturday, September 6, 2014

ပါလီမန်အတွင်းဝန် စူလတန်အာမက် (၁၉၀၁-၁၉၈၁)

 

ပါလီမန်အတွင်းဝန် စူလတန်အာမက် (၁၉၀၁-၁၉၈၂)


စူလတန်အာမတ်သည် မြန်မာနိုင်ငံ၏ သက်တမ်းအရှည်ဆုံး လွှတ်တော်အမတ်များထဲမှ တစ်ဦးဖြစ်သည်။ အာမက်သည် ဗမာ့နိုင်ငံရေးပါတီ တည်မြဲ ဖဆပလ အဖွဲ့ချုပ်နှင့် မဟာမိတ်ဖြစ်သော Jamiat-e-Ulema ပါတီ၏ ဥက္ကဋ္ဌ ဖြစ်သည်။ အာမက်သည် ၁၉၆၂ ခုနှစ် မြန်မာအာဏာသိမ်းမှုအထိ မြန်မာ့ပါလီမန်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးစူလတန်အာမက်ကို မြန်မာနိုင်ငံမြောက်ပိုင်း မောင်တောမြို့နယ် ဘာလူခါလီ ခေါ် သဲချောင်းကျေးရွာအုပ်၊ မလဝီရွာ၌ ၁၉၀၁ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ဖခင်မှာ အထင်ကရ ပြုစုခေါင်း မလဝီအက္ကရာမ်အုဒ္ဒိန်း ဖြစ်သည်။ အာမက်သည် အခြေခံပညာကို မောင်တောမြို့၌သင်ယူခဲ့သည်။ ၁၉၁၉ ခုနှစ်တွင် စစ်တကောင်း အစိုးရ မွတ်စလင် အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့သည်။ ၁၉၂၄ ခုနှစ်တွင် ကလကတ္တားတက္ကသိုလ်မှ ဘီအေဘွဲ့ရရှိခဲ့ပြီး ၁၉၂၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့သည်။

အာမက်သည် ၁၉၃၀ ခုမှစ၍ အထက်တန်းအဆင့် ရှေ့နေအဖြစ် ရန်ကုန်နှင့် စစ်တွေ တို့တွင် ဥပဒေဝန်ထမ်းဖြစ်ခဲ့သည်။ ၁၉၄၂ ခုမှ ၁၉၄၆ ခုအထိ မောင်တောမြို့နယ် လက်ထောက်မြို့နယ်ဦးစီးမှူး (ATO) အဖြစ် ခန့်အပ်ခြင်းခံရသည်။ နောက်ပိုင်းတွင် တရားရေးဌာနသို့ ဝင်ရောက်ခဲ့ပြီး အင်္ဂလိပ်အစိုးရလက်ထက် ပထမတန်း တရားသူကြီးဖြစ်လာခဲ့သည်။

အာမက်သည် မောင်တောမဲဆန္ဒနယ်၏ ကိုယ်စားလှယ်အဖြစ် ၁၉၄၇ ခုနှစ်တွင် ဗြိတိသျှဘားမား၏ မြန်မာနိုင်ငံဥပဒေပြုလွှတ်တော်တွင် ရွေးချယ်ခံခဲ့ရသည်။ အာမက်သည် အမ်အေဂါဖာနှင့်အတူ ၁၉၄၇ ခုနှစ်တွင် ဗမာ့ဥပဒေပြုလွှတ်တော်ရှိ အာရကာနစ်မွတ်စလင်လူမျိုး နှစ်ဦးထဲမှ တစ်ဦးဖြစ်သည်။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် အာမက်သည် ဗမာ့ တိုင်းပြုပြည်ပြုလွှတ်တော်မှာ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ၁၉၅၁ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မောင်တော- မဲဆန္ဒနယ်-၁မှ ပြည် ထောင်စုလွှတ်တော်တွင် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ၁၉၅၆ နှင့် ၁၉၆၀ တွင် ပြန်လည်အရွေးခံရသည်။ အာမက်ကို လူနည်းစုဝန်ကြီးဌာန၏ ပါလီမန်အတွင်းဝန်အဖြစ် ဒုတိယ၀န်ကြီးရာထူးဖြင့် ခန့်အပ်ခဲ့သည်။ သူသည် မြန်မာ့သမိုင်းတွင် သက်တမ်းအရှည်ဆုံး ပါလီမန်အတွင်းဝန်များထဲမှ တစ်ဦးဖြစ်ပေသည်။

အာမက်သည် မောင်တောရပ်ကွက်၁ ဥကီလ်ပါရာကို တည်ထောင်ခဲ့သူ ရှေ့နေကြီး၏သမီး ဒေါ်ဇူဘေဒါနှင့် ဖူးစာဆုံခဲ့သည်။ သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့သည်။ ဒုတိယအိမ်ထောင်ကို အာမက်သည် မင်းတိုင်ပင်အမတ် ဦးဖိုးခိုင်၏ တစ်ဦးတည်းသောသမီး ဒေါ်အေးညွန့် (ခ) ဇိုရာခါတုန် (၁၉၁၉-၁၉၉၀)နှင့် လက်ထပ်ခဲ့သည်။ သမီး ၂ ယောက်၊ သား တစ်ယောက် စုစုပေါင်းသားသမီး သုံးယောက်ထွန်းကားခဲ့သည်။ ဒေါ်အေးညွှန့်သည် မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသမီး လွတ်တော်အမတ် နှစ်ဦးအနက် တစ်ဦးဖြစ်သည်။ မောင်တောတောင်ပိုင်းမဲဆန္ဒနယ်မှ ၁၉၅၂ ခုနှစ်တွင် ပါလီမန်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ လွှတ်တော်အမတ်ဒေါ်အေးညွှန့်သည် မြန်မာ့တပ်မတော်နှင့်အတူ နိုင်ငံရေးရာများတွင် သက်စွန့်ကြိုးပမ်း ရဲဝံ့စွာ ဆောင်ရွက်ခဲ့သဖြင့် ၁၉၇၅ ခုနှစ်တွင် နိုင်ငံတော်မှ လွတ်လပ်ရေး မော်ကွန်းဝင် ဒုတိယအဆင့် (စစ်ရေးနှင့် နိုင်ငံရေး) ကြယ်နှစ်ပွင့် တံဆိပ် ချီးမြှင့်ခြင်းခံရသည်။ သူ့ဖခင် ဦးဖိုးခိုင်သည်လည်း လွှတ်တော်အမတ်တစ်ဦးဖြစ်သည့်အပြင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သူဖြစ်သည်။ 

၁၉၇၈ ခုနှစ် ငနေဝင်းအစိုးရ၏ အစုလိုက်အပြုံလိုက် သောင်းကျန်းမှုကာလတွင် စစ်တကောင်းသို့ ရိုဟင်ဂျာများ အသက်ကယ် ထွက်ပြေးလာနေစဉ် ပါလီမန်အတွင်းဝန် စူလတန်အာမက်သည်လည်း မိမိ၏ ချစ်မြတ်နိုးသောရိုဟင်ဂျာလူမျိုးနှင့်အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ခိုလှုံခဲ့သည်။ ဘင်္ဂလားဒေ့ရ်ှတွင် ခိုလှုံနေစဉ် ရိုဟင်ဂျာ ဒုက္ခသည်များ ဖူလုံရေးအဖွဲ့ကို တည်ထောင်ကာ အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ရုန်းကန် ခဲ့သည်။ ပြည်ပ၌ခိုလှုံနေစဉ်မှာပင် ၁၉၈၁ ခုနှစ် မတ်လ ၂ ရက်နေ့တွင် စစ်တကောင်းမြို့၌ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။


နိုင်ငံတော်အချုပ်အချာပိုင်မေးခွန်းများ

စူလတန်အာမက်၊ ကျော်ရင်၊ စံထွန်းအောင်၊ ဦးသာထွန်းတို့နှင့်အတူ ရခိုင်ပြည်နယ် တရားမျှတရေးကော်မရှင်၏ ဆပ်ကော်မတီ အဖွဲ့ဝင်လည်း ဖြစ်သည်။ မြန်မာနိုင်ငံ တရားသူကြီးချုပ် ဘဦးက ဦးဆောင်သော ကော်မရှင်သည် ရခိုင်ပြည်နယ်၏ အလားအလာများကို စုံစမ်းရန် ဝန်ကြီးချုပ် ဦးနုက ဖွဲ့စည်းပေးခြင်း ဖြစ်သည်။ ကော်မတီသည် ၎င်း၏ အစီရင်ခံစာကို ၁၉၄၈ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် တင်သွင်းခဲ့သည်။ ၎င်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသိအမှတ်ပြုမည့် အာရကန်ရေးရာကောင်စီမှ အထောက်အကူဖြစ်စေမည့် အာရကန်ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းရန် အကြံပြုထားသည်။


— လူထုဝဏ္ဏ


ကိုးကား

- http://www.burmalibrary.org/docs08/mag_arakan01-09.pdf

- "Arakanese Political Activities from 1948 to 1962". 

- Arakan Magazine March, 2011.


Wednesday, June 18, 2014

Mandalay Students Go Green

BURMAMandalay Students Go GreenBySAN YAMIN AUNG / THE IRRAWADDY|Wednesday, June 18, 2014 |0Students at the Phaung Daw Oo monastic schoolreceive reusable plastic water bottles as part of the ‘Green Campus’ Initiative. (Photo: Facebook /Green Campus Initiative)RANGOON — A project to educate Burma’s students about the environment and teach them ways to reduce their individual carbon footprints was launched in Mandalay on Monday, an organizer said.“Students are young. We hope if we guide their behavior from a young age, they will maintain theenvironment when they are older and they can participate actively in their later years. So we are targeting students,” Win Lai Lai, an organizer and project coordinator, told The Irrawaddy on Wednesday.The so-called “Green Campus” Initiative is being funded by the University of Montana in the UnitedStates, and organized by Burmese university students who participated in an environmentally centered course through the US State Department’s Study of the United States Institutes (SUSIs) Student Leaders program.Win Lai Lai said the project was launched in Mandalay because there was a relative dearth of environmental groups working in Burma’s second city compared with Rangoon.“We are starting at Phaung Daw Oo monastic high school, which has around 2,000 students. We are giving reusable water containers to the students and holding trainings, discussions and workshops on environmental education by inviting guest environmentalists,” she said.Win Lai Lai said getting permission from the government to implement the project at state schools and universities was expected to be a long and difficult process, so organizers had decided that the Green Campus pilot was best implemented at a monastic school first. There are plans to hold a debate about environmental issues at Mandalay Technological University and to implement programs in other townships.“We will give trainings to teachers from monastic schools in Mingun town in Sagaing Region [Division]. Our intention is to be a ‘Green Campus,’ which means the whole school compound is clean with no littering and a green mindset,” she said.“The country’s awareness concerning the environment is still weak and environmental issues take a backseat to other issues,” she added.While awareness may be low, environmental protests have proven to be some of the most vocal and successful campaigns undertaken in Burma in recent years. Construction of the controversial Myitsone dam was suspended following a popular outcry over its environmental impacts, and environmental complaints related tothe Letpadaung mining project have prompted the mine’s operator to revise its contract to put US$2 million annually toward environmental conservation. In the latter case, however, local residents continue to insist that the project be shut down.

Sunday, November 24, 2013

ရိုဟင်ဂျာသမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲအတွက် သမ္မတဦးသိန်းစိန်ထံသို့ စာပေးပို့ခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်

ရိုဟင်ဂျာသမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲအတွက် သမ္မတဦးသိန်းစိန်ထံသို့ စာပေးပို့ခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်


(၁)       ဦးရဲထွဋ်
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ
ဒုတိယ၀န်ကြီး
ပြန်ကြားရေး ၀န်ကြီးဌာန
နေပြည်တော်၊ မြန်မာနိုင်ငံ။
Email: myehtut@ gmail.com
yehtut.moi.myanmar@gmail.com

(၂)      ကိုမင်းကိုနိုင်
ကျောင်းသားခေါင်းဆောင်
၈၈ မျိုးဆက်ကျောင်းသားများ
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။
Email: info@the88generation.org

(၃)      အလ်ဟာဂ်ျ ဃာဇီ ဦးတင်မောင်သန်း
အထွေထွေအတွင်းရေးမှူး
အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။
Email: irac@iracmyanmar.org
lion.tmt@gmail.com

သမ္မတကြီးဦးသိန်းစိန်ထံသို့ ပေးပို့ခဲ့ပြီးသော တရားဝင်ဖိတ်ကြားချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

သို့

ဦးသိန်းစိန်
သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့
နေပြည်တော်၊ မြန်မာနိုင်ငံ။

အကြောင်းအရာ ။             ။ ရိုဟင်ဂျာတိုင်းရင်းသားများနှင့်ပတ်သက်သည့် သမိုင်းဆိုင်ရာစကားစစ်ထိုးပွဲ (Debate) တစ်ပွဲအား တက်ရောက်ဆင်နွှဲရန် ဖိတ်ကြားခြင်း။
လူကြီးမင်းတို့၏ အာဏာရအစိုးရအနေနှင့် ရိုဟင်ဂျာလူမျိုးဟူသည် မြန်မာနိုင်ငံတွင် မည်သည့်အခါ၌မျှ မရှိခဲ့ကြောင်း သမိုင်း၏ အရှိတရားကို လျစ်လျူ၍ အမှန်တရားကို ငြင်းပယ်ကာ လူမျိုးအစွန်းရောက်ဝါဒနှင့် ဘာသာရေးအစွန်းရောက်ဝါဒတို့ကို အခြေခံ၍ ရိုဟင်ဂျာလူမျိုး၏သမိုင်းအား ခါးခါးသီးသီး ငြင်းဆန်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။ ထို့ပြင် လူကြီးမင်းတို့၏ အစိုးရအာဏာပိုင် အကြီးအကဲများမှ ရိုဟင်ဂျာလူမျိုးများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးများအနက်မှ လူမျိုးအုပ်စုတစ်စုဖြစ်ကြောင်းကိုလည်း ထပ်မံ၍ ငြင်းဆန်ထားသည်ကိုလည်း လေ့လာသိရှိရပါသည်။
သို့ပါ၍ လူကြီးမင်း သမ္မတဦးသိန်းစိန်အပါအ၀င် မည်သူနှင့်မဆို ရိုဟင်ဂျာလူမျိုးဟူ သည် မြန်မာနိုင်ငံတွင်ရှိနေခဲ့သော လူမျိုးတစ်မျိုးဖြစ်ကြောင်း၊ ပါလီမာန်ဒီမိုကရေစီခေတ်က မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးတစ်မျိုး အဖြစ် သတ်မှတ်ခဲ့ကြောင်းကို အထောက်အများနှင့်တကွ ဆွေးနွေး၍ သက်သေထူ တင်ပြပေးမည့် ပါရဂူဘွဲ့ရ နိုင်ငံတကာ သမိုင်း ပညာရှင်ကြီးများဖြစ်ကြသော ပါမောက္ခ Dr Abid Bahar နှင့် ပါမောက္ခ Dr. Habib Siddiqui တို့နှစ်ဦးနှင့် ရိုဟင်ဂျာသမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ (Debate) တစ်ပွဲအား ကျွန်ုပ်တို့၏ Burmese Muslim Youths For Human Rights and Justice အစည်းအရုံးမှ တာဝန်ယူ၍ လူကြီးမင်းတို့ စိတ်ကြိုက် ရွေးချယ်မည့် မည်သည့် နိုင်ငံတကာစင်မြင့်တွင်မဆို နိုင်ငံတကာ မီဒီယာဌာနများနှင့် ဂုဏ်သရေရှိ လူကြီးမင်းများ၏ ရှေ့မှောက်တွင် တာဝန်ယူ ကျင်းပပေးသွားပေမည်။
အကယ်၍ လူကြီးမင်းတို့ကိုယ်တိုင် ထိုရိုဟင်ဂျာသမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ (Debate) သို့ မတက်ရောက်နိုင်ပါက လူကြီးမင်းတို့၏ အာဏာရအစိုးရမှ သမိုင်းပညာရှင်ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ကို စေလွှတ်၍ တက်ရောက်ယှဉ်ပြိုင်လိုပါကလည်း ကြိုဆိုပါသည်။ ရိုဟင်ဂျာလူမျိုးများ၏ သမိုင်းစစ်၊ သမိုင်းမှန်ကို ငြင်းပယ်ခြင်းသည် လူမျိုးတုန်းသတ်ဖြတ်မှု၏ စိုးရိမ်ဖွယ်ရာ လက္ခဏာများအနက်မှ လက္ခဏာတစ်ရပ်ဖြစ်ကြောင်းကိုလည်း International Association of Genocide Scholars ၏ ဥက္ကဌဟောင်း Professor William Schabas မှ ပြောကြားခဲ့ပြီး ဖြစ်ပါသည်။
သို့ပါ၍ လူကြီးမင်းတို့သည် သမိုင်းစစ်၊ သမိုင်းမှန်ကို ငြင်းဆန်နေသူများ မဟုတ်ကြောင်း၊ လူကြီးမင်းတို့၏ ယုံကြည်ယူဆချက်ဖြစ်သည့် ရိုဟင်ဂျာလူမျိုးဟူသည် မြန်မာ့သမိုင်းတွင် မည်သည့်အခါကမျှ မရှိခဲ့ကြောင်းနှင့် ရိုဟင်ဂျာလူမျိုးများသည် မည်သည့်ခေတ်ကာလကမျှ မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးအုပ်စုတစ်စု မဖြစ်ကြောင်းကို လူကြီးမင်းတို့မှ အခိုင်အမာ သက်သေပြရန် ကျွန်ုပ်တို့ အစည်းအရုံးမှ တာဝန်ယူ စီစဉ်ကျင်းပပေးမည့် ရိုဟင်ဂျာသမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ(Debate)သို့ တက်ရောက်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားလိုက်ပါသည်။
ကျွန်ုပ်တို့၏ ဤဖိတ်ကြားချက်အား လူကြီးမင်းတို့အနေနှင့် လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ဤဖိတ်ကြားစာအား လက်ခံရရှိသည့်အချိန်မှစ၍ သုံးရက်အတွင်း ကျွန်ုပ်တို့ထံသို့ Letterhead တွင်ပါရှိသည့် ကျွန်ုပ်တို့၏ အီးမေးလ်များသို့ အကြောင်းပြန်ကြားစေလိုပါသည်။ ကျွန်ုပ်တို့ အမိမြန်မာနိုင်ငံတော်၏ ပြည်သူပြည်သားများအားလုံး အကြမ်းဖက်မှု ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေး၍ ကိုယ်၊ စိတ်၊ ၀ိညာဉ် သုံးပါးစလုံး အေးချမ်းသာယာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျှက်။

လေးစားစွာဖြင့်
ဦးမောင်မောင်လှ
အထွေထွေ အတွင်းရေးမှူး
Burmese Muslim For Human Rights And Justice
3248 Park Lane
Hawthorne, CA 90250
United States of America
Phone: +1 310 980 9111
E-mail: paletwa@yahoo.com, secretarybmy@gmail.com

မိတ္တူကို
====
(၁) ဦးရွှေမန်း
ဥက္ကဌ
ပြည်သူ့လွှတ်တော်
နေပြည်တော်၊ မြန်မာနိုင်ငံ။

(၂) ဦးရဲထွဋ်
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ
ဒုတိယ၀န်ကြီး
ပြန်ကြားရေး၀န်ကြီးဌာန
နေပြည်တော်၊ မြန်မာနိုင်ငံ။
Email: myehtut@ gmail.com
yehtut.moi.myanmar@gmail.com

(၃) ကိုမင်းကိုနိုင်
ကျောင်းသားခေါင်းဆောင်
၈၈ မျိုးဆက်ကျောင်းသားများ
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။
Email: info@the88generation.org

(၄) အလ်ဟာဂ်ျ ဃာဇီဦးတင်မောင်သန်း
အထွေထွေအတွင်းရေးမှူး
အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။
Email: irac@iracmyanmar.org
lion.tmt@gmail.com

သမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ (Historical Debate) အား တာဝန်ယူစီစဉ်ပေးရခြင်း၏ ရည်ရွယ်ချက်များ
================================
၁။ ရိုဟင်ဂျာလူမျိုးသည် မြန်မာနိုင်ငံတွင် အမှန်တကယ် တည်ရှိခဲ့သော လူမျိုးတစ်မျိုး ဟုတ်၊ မဟုတ်ဆိုသည့်အချက်အား ကမ္ဘာ့နိုင်ငံ အသီးသီးနှင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူလူထုတစ်ရပ်လုံး သိရှိစေရန်။
၂။ “ရိုဟင်ဂျာလူမျိုးများ မရှိဟု ပြောဆိုနေသူများသည် လူလိမ်များဖြစ်သလော” (သို့မဟုတ်) “ရိုဟင်ဂျာလူမျိုးများ ရှိသည်ဟု အခိုင်အမာ ပြောဆိုနေသူများသည် လူလိမ်များဖြစ်ပါသလား” ဆိုသည့်အချက်ကို လူသားထုတစ်ရပ်လုံး ကွက်ကွက်ကွင်းကွင်း သိရှိစေရန်။
၃။ ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်၊ ဇွန်လမှ စတင်၍ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အရေးသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ အရေးကိစ္စဖြစ်သည်ဟု လက်ရှိ နိုင်ငံရေးခေါင်းဆောင်များမှ လက်ခံထားပေသည်။ သို့ပါ၍ ထိုကဲ့သို့ မြန်မာတစ်နိုင်ငံလုံးနှင့်ပတ် သက်နေသည့် အရေးတော်ပုံကြီး၏ မူလအကြောင်းအရင်းများတွင် သမိုင်းဆိုင်ရာရှုပ်ထွေးမှုသည် အဓိကကျသော အကြောင်းအရာ တစ်ရပ် ဖြစ်ပေသည်။ ထို့ကြောင့် သမိုင်းမှန် ပေါ်ပေါက်ခြင်းဖြင့် ရခိုင်ပြည်နယ်တွင် ဘာသာမတူ၊ လူမျိုးကွဲပြားသော နိုင်ငံသူ၊ နိုင်ငံသားများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အထောက်အကူပြုစေရန်။
၎။ သမိုင်းစစ်၊ သမိုင်းမှန်ကို ဖော်ထုတ်ပေးခြင်းဖြင့် အပြစ်မဲ့ လူသားများ၏ အသက်၊ သွေး၊ အိုးအိမ်၊ စည်းစိမ်၊ ဂုဏ်သိက္ခာများကို အကာ အကွယ်ပေးရန်။
၅။ ရခိုင်ပြည်နယ်အရေးကြောင့် ကျွန်ုပ်တို့၏ အမိမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာသည် နိုင်ငံတကာ မျက်နှာစာတွင် အလွန်အမင်း ကျဆင်းလျက်ရှိရာ သမိုင်းစစ်၊ သမိုင်းမှန်အား ဖော်ထုတ်ခြင်းဖြင့် အမုန်းတရားများကို အတိုင်းတစ်ခုအထိ ငြိမ်းသတ်နိုင်မည်ဖြစ်ရာ ကျွန်ုပ်တို့၏ အမိမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာအား နိုင်ငံတကာ မျက်နှာစာတွင် ပြန်လည်၍ မြင့်တင်ပေးရန်။
PDF ဖိုင်ဖြင့် ဒေါင်း၍ ဖတ်ချင်သူများအတွက် လင့်ခ်များ