Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, July 1, 2016

ဗိုလ်ချုပ်အောင်ဆန်း ပြောသော ပညာရဲ့သဘော

ဗိုလ်ချုပ်အောင်ဆန်း ပြောသော ပညာရဲ့သဘော



ပညာဆိုသည်မှာ စာအုပ်စာတမ်းတတ်၍ စာသိမှုကို ပညာဟု မဆိုပေ…။ပညာသည် "အတိုင်းအဆမထင်" အလွန်ကျယ်ပြော နက်နဲလှပေသည်…။
ဤကမ္ဘာရှိစာအုပ်အားလုံးပင်လျှင် ပညာအားလုံးကို လောကပြင်ကျယ် တည်းဟူသော ကျောင်းကြီး၌ ကျနော်တို့သည် ပုခက်တွင်းမှ မြေကြီးထဲသို့ရောက်သည်အထိ ပညာသင်သားများဖြစ်နေကြစေသည်…။ထို့ကြောင့် ပညာသင်ကြားမှုသည် အမှန်စင်စစ်အားဖြင့် သူ၏ တသက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ…။
ပညာတတ်သူသည် လောကရှိအရာရာကို အခွင့်အလမ်းလိုက် ဆင်ခြင်သုံးသပ်နိုင်စွမ်းသော ဥာဏ်အားကို၎င်း…။မိမိအမြင်အရ စိတ်နေစိတ်ထား စိတ်ဓါတ်ကို၎င်း…ပြုပြင် ပြုစု စီမံထားခဲ့သူသာလျှင် ဖြစ်သည်…။
ဘီအေအောင်စေကာမူ ပါရဂူဘွဲ့ကြီးပင် ရစေကာမူ ပထမကျော်ကြီးပင်ဖြစ်စေကာမူ အသက်အရွယ်မည်မျှပင် ကြီးရင့်စေကာမူ ပညာဆိုသော သဘာဝ အဓိပ္ပါယ်ကို ကောင်းစွာသုံးသပ်နားလည်ခြင်းမရှိသော် တကယ်အရာမရောက် အသုံးမဝင်နိုင်ပေ…။
[ ပညာဟူသည် စာအုပ်များထဲ၌သာ ရှိသည် မဟုတ် စာအုပ်ကိုကျော်၍ မြင်မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်…။
ပညာသည် လူ၏ ဥာဏ်ကိုသာ ပြုပြင်တိုးချဲ့ရုံသာ မက လူ၏ စိတ်နေစိတ်ထား အယူအဆများကိုလည်း တိုးတက်စေရမည်…။
လူထု၏ ဆန္ဒအား လုပ်အားကို နူးညွှတ်စေရမည်…။
ရာဇဝင်ကို သိရုံသာ မဟုတ် ရာဇဝင်ဖန်တီးနိုင်ရမည်…။
လောကဓါတ်ပညာကို သိရုံသာမဟုတ် လောကဓါတ်ပညာကို တိုးချဲ့နိုင်ရမည်…။
ပထမ ပညာကိုသာ သိရုံသာမဟုတ် မြေသစ်ရေသစ် တောတောင်တို့ကို ရှာဖွေစုံစမ်းနိုင်ရမည်…။
လောက အကြောင်းကို နားလည်စေရုံသာ မဟုတ် သည့်ထက်ကောင်းသော လောကကိုဖန်ဆင်း နိုင်ရမည်…။
ဤကား ပညာ၏ သရုပ်အကျဉ်းမျှပေတည်း…။ ]
ပညာသည် ကာလ ဒေသ ပယောဂနှင့် ယှဉ်ရမည့် ပညာတွင် သညာလည်းပါသည်…။ဥာဏ်နှင့်လည်းယှဉ်ရမည်…။ဥာဏ်ချည်းသာတိုးတက်၍ သညာ မရှိပါမူလည်း ဤမျှပိုမိုဆန်းကျယ် အပြောကျယ်လှသော ခေတ်သစ်အကြောင်းကို နားမလည်နိုင်ပေ…။
လောကဓါတ်ပညာကို မတတ်မသိပဲ လောကဓါတ်ပညာဥာဏ်ကိုသာလျှင် လောကဓါတ်ပညာ၏ တန်ဖိုး ဒင်ပြည့် ကျပ်ပြည့် မသုံးနိုင်ပေ…။
တိုင်းပြည်အခြေအနေ ပြသနာ ခေတ်အခြေအနေ နှင့် မယှဉ်ပါးမူ တိုင်းပြည်ထောင်ခြင်း ခေတ်ပြင်ခြင်း မပြုနိုင်ပေ…။
မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလဲ မရှိ တရားသေစွဲကိုင်သူသည် ပညာတတ်ဟု မဆိုနိုင်ပေ…။
လူတစ်ယောက်၏ သက်တမ်းတွင် အစပထမက သိမြင်လာသော စိတ်နေစိတ်ထား ဝါဒတို့သည် အမှန်ချည်း မဟုတ် အကျိုးမရှိမှားယွင်းနေပါက ပြုပြင်ပြောင်းလဲရမည် သာတည်း…။
---
ှဗိုလ်ချုပ်ဆိုလိုသည်ကား…
ကျနော် ဤသို့ သုံးသပ်မိပါ၏…။
စာတတ်ရုံ စာတွေအများကြီးသိရုံဖြင့် ကိုယ့်ကိုယ်ကိုယ် ပညာရှိပြီ ပညာတတ်ပြီဟု မယူဆနှင့်ဦး ပညာဆိုသည်မှာ သေသည်အထိ သင်မကုန်နိုင်သည့် အရာဖြစ်သည်ဟု ဆိုခြင်းဖြစ်သည်…။
ပညာရှိသူ ပညာတတ်သူ မှန်လျှင် ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိရုံမက မိမိစိတ်ကို ပြုပြင်ထိန်းသိမ်းနိုင်ရပေဦးမည်…။
ထို့အပြင်
ပညာ၏ သဘောသဘာဝကို သရုပ်ကျဉ်း ခွဲပြထား၏…။ဤသည်မှာ ပညာသည် သူ့အပိုင်းအခြားနှင့် သူ ရှိကြောင်းဆိုလိုခြင်းဖြစ်၏…။
ဥပမာ…ဆေးပညာ…နိုင်ငံရေးပညာ…စစ်ပညာ စသဖြင့်…။
ပညာ၏သဘောမှာ စာအုပ်ထဲက အကြောင်းတွေကို သိရုံနှင့်မပြီး စာအုပ်ထက်ကျော်မြင်နိုင်စွမ်းလည်းရှိရဦးမည်…။စာအုပ်ထဲကဟာတွေ မှတ်သားနိုင်တာ ပညာမဟုတ်သေးဘူး…သညာစွမ်းရည်ဖြစ်၏…။
သညာသည် အားလုံးကိုမှတ်၏…။မှန်သည် မှားသည်အကုန်မှတ်၏…။ပညာကတော့ ဘယ်ဟာမှန်သည် ဘယ်ဟာမှားသည် ဘယ်အကျိုးရှိသည် ဘယ်ဟာ အကျိုးမရှိဘူး စသဖြင့် ဝေဖန်ပိုင်းခြား ဆင်ခြင်သုံးသပ် ပြနိုင်စွမ်းရှိ၏…ဟုဆိုလိုခြင်းဖြစ်၏…။
ပြီးတော့ တိုးတက်အောင် ပြုမူနိုင်ခြင်းသဘောလဲ ပါသေးသည် ဟုသရုပ်ပြထားပေသည်…။
အဲ့လို ခွဲပြ ပြောပြနိုင်တဲ့အတွက်
လူထုဆန္ဒကို စည်းရုံးနိုင်ပြီး …လူထုကို အလုပ်စေလာသည်ဟု ပညာ၏ စွမ်းပကားကိုလဲ ပြဆိုထားသေး၏…။
ထပ်ပြီး ဆန်းသစ်နိုင်ရမည် အသစ်တွေရှာဖွေနိုင်ရမည်…ပိုကောင်းအောင်လုပ်နိုင်ရမည်…။
ထို့အပြင် သညာကိုလည်း ပစ်ပယ်လို့မရကြောင်း ပြဆိုထားသည်…။
ကာလ ဒေသ ပယောဂနှင့် ယှဉ်ရမည်ဆိုခြင်းမှာ
အချိန်နေရာအားထုတ်လုပ်ကိုင်နိုင်ခြင်းဖြင့် ဆင်ခြင်သုံးရမည့်သဘောတွင် မှတ်သားထားနိုင်မှုများလည်းပါသည် ဟုဆိုခြင်းဖြစ်သည်…။
အခြေခံ သညာများ…(ဥပမာ…အတန်းပညာရေး)
ပညာရပ်အပိုင်းအခြားနှင့် ဆိုင်ရာဆိုင်ရာ သိထားမှတ်သားထားနိုင်ရမည်ဟု ပြောထားခြင်းဖြစ်၏…။
ဒါမှ လူတွေရဲ့ ပညတ် အဖြစ်စနစ်တွေကို နားလည်နိုင် ဆက်ဖန်တီးနိုင်မည်ဖြစ်သည်…။
မွေးထဲ ကျနော်တို့ ရထားသော သညာများရှိသည်…။ထိုထဲတွင် အယူအဆများလည်းပါသည်…။ဒါကို ကောင်းလို့စွဲကိုင်ထားတာ အကြောင်းမဟုတ် မှန်ကန်အကျိုးရှိပါက ပြသနာမရှိ မကောင်းပဲ အစွဲကြီး ဆွဲကိုင်ထားနိုင်တာကို ပညာဟုပြောမရပေ…။
ထို့ကြောင့် ပညာရှိသဘောတွင် ပြုပြင်ပြောင်းလဲနိုင်ခြင်းလဲရှိရပေဦးမည်တည်း…။
အနှစ်ချုပ်ဆိုရလျှင်
ပညာသည် ဆင်ခြင်သုံးသပ်ဝေဖန်ပိုင်းခြားပေးသည်…။အမှား အမှန် အကျိုးရှိသည် မရှိသည်ကို သိစေသည်…။စိတ်အား ပြုပြင်ထိန်းသိမ်းပေးသည်…။ပြုပြင်ပြောင်းလဲတိုးတက်ဆိုရုံသာမက ဆန်းသစ်လွင်စေပေ၏…။
----
‪Zeroneo‬

Ref:
စာညွှန်း-ဗိုလ်ချုပ်အောင်းဆန်း၏ နိုင်ငံရေး ဂန္တဝင် စာအုပ်မှ >>
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေးသားထားသော ကိုယ်ရေးအတ္ထုပ္ပတ္တိ (သူ၏ဘဝအကြောင်း)စာမူများမှ>>
ဗိုလ်ချုပ်၏ ကျောင်းသားဘဝအား ဗိုလ်ချုပ်ကိုယ်တိုင် ရေးသား ဖော်ပြထားသော အခန်းမှ>>
ကောက်နူတ်ကူးယူ ဖော်ပြ သုံးသပ်ပါသည်…။
ရှာဖွေစုဆောင်း တင်ပြသူ -မောင်ကျော်ရင်
၁၉၆၉ခုနှစ် -ဖေဖေါ်ဝါရီလ၌ အမှတ်-၂၃ ဦးကောင်းလမ်း ကြည့်မြင်တိုင်မြို့နယ်
ရန်ကုန်မြို့ စိန်ပန်းမြိုင် စာပေမှ ပြည်ထောင်စုနေ့ အထူးထုတ်အဖြစ် ပထမအကြိမ် အုပ်ရေ ၆၀၀၀ခန့် ဖြန့်ချီခဲ့ပါသည်…။
ဤစာအုပ်သည် ကျနော် ဖတ်ဖူးသမျှ ဗိုလ်ချုပ်အကြောင်း စာပေများ၍ ခုနှစ်အရစောဆုံးစာအုပ်ဖြစ်ပြီး အပြည့်စုံဆုံး စာအုပ်ကြီးဖြစ်ပါသည်…။
အကြောင်းကြောင်းကြောင့် ယခုခေတ်၌ ဤမူရင်းစာအုပ်မှာ ရှာပါးသွားပြီဖြစ်သောကြောင့် …
ဗဟုသုတအရသော်လည်းကောင်း …ဗိုလ်ချုပ်၏ အတွေးအမြင်…
ဗိုလ်ချုပ်၏ စိတ်နေသဘောထားများကို သိကြစေကုန်ရန် စေတနာဖြင့်သာ ပြန်လည်မျှဝေခြင်းဖြစ်ပါသည်…။
---
-မှတ်စုကြမ်း
#zeroneo

Sunday, June 26, 2016

ကုရ်အာန်ကျမ်းလာ ဖာရိုအကြာင်း တစေ့တစောင်း

ကုရ်အာန်ကျမ်းလာ ဖာရိုအကြာင်း တစေ့တစောင်း 

ဖာရိုဘုရင်

စုစည်းတင်ပြသူ >>> သျှားသီဟ

فَالْيَوْمَ نُنَجِّيكَ بِبَدَنِكَ لِتَكُونَ لِمَنْ خَلْفَكَ آيَةً وَإِنَّ كَثِيرًا مِّنَ النَّاسِ عَنْ آيَاتِنَا لَغَافِلُونَ
-------------------------------------------------------------------
့လူသားတို့ တွေးတောကြံ စည်တွက်ဆမှုများ၏ နောက်ကွယ်မှ ဖြစ်ပျက်မှုမှန်သမျှကို သဘာဝလွန် အံ့သြဆန်းကြယ်မှုများဟုခေါ် ဝေါ်သုံး စွဲကြတတ်ပေသည်။ မျက်မှောက် လက်ရှိ ဆန်းသစ်လျှက်ရှိသော ခေတ်သစ်သိပံ္ပပညာ၏ အကူ အညီဖြင့် စမ်းသပ်အဖြေထုတ်၍ မရနိုင်သော သဘာဝလွန် အံ့သြဆန်း ကြယ်မှုများမှာ ဤကမ္ဘာပေါ်တွင် ရှိလျှက်ရှိနေသေးသည်ကို မည်သူမျှမငြင်းနိုင်ပေ။ ထိုဆန်းကြယ်မှု ဖြစ် ရပ်ဆန်းများ၏ လျှို့ဝှက်ချက်များ ကိုသိလိုသည့် သဘောတရားများသည် လူသား အများစု တွင် ရှိတတ်ကြ သည်မှာ ဓမတာပင် ဖြစ်သည်။ သို့ သော် ရှာဖွေ တွေးတော ကြံဆ ခွဲခြမ်းစိတ်ဖြာမှု ပုံစံများမှာကား တစ်ဦးနှင့်တစ်ဦး တူညီနိုင်မည် မဟုတ်ပေ။
အချို့က ထိုသို့သဘာဝလွန် ဖြစ်ရပ်ဆန်းများကို ကိုယ်တွေ့တွေ့ရှိပါက “ပရမတ္ထ သစ္စာတရား”၏ အကူအ ညီဖြင့်တိတိကျကျ နှိုက်နှိုက်ချွတ်ချွတ် ခွဲခြမ်းစိတ်ဖြာ လေ့လာမှု ပြုလုပ်ကြသည်။ အချို့ကသိရှိမှုအသိ ဖြင့်သာ လုံလောက်တင်းတိမ်ကြသည်။ အချို့ကမူ ယနေ့မျက်မှောက် ခေတ်သိပံ္ပ၏ အကူအညီဖြင့် ၎င်း ဖြစ်ရပ်ဆန်း များကို ကိုင်တွယ်ဖြေရှင်းတတ်ကြပေသည်။ အချို့ ကမူ သဘောတရားမပါသော လက်တွေ့ ထက် သဘောတရားနှင့် အနှစ်သာရပါရှိသော လက်တွေ့ခွဲခြမ်းစိတ်ဖြာမှုများကို ပြုကြပြီးမှ နောက်ဆုံး တွင် ၎င်းလေ့လာစမ်းစစ်ကြသည့် ထာဝ ရမှန်ကန်လျှက်ရှိသော သစ္စာတရားအောက်၌ ဒူးထောက်ကြ တတ်သည်။
၎င်းတို့အထဲတွင် ဒေါက်တာမောရစ်ဘူကိုင်း တစ်ယောက်သည်လည်းအပါအ၀င်ဖြစ်သည်။ အံ့သြခြင်း များစွာဖြင့် နုတ်မှထွက်ပေါ်လာသော စကားတစ်ခွန်းကြောင့် “ကျွန်ပ်အစ္စလာမ် ကိုယုံပါပြီ ကျွန်ပ် ကုရ်အာန် ကို ယုံပါပြီ” “အလ္လာဟ် အသျှင်မြတ်မှအပ အခြားကိုးကွယ်ရာအသျှင်မရှိပါ။ တမန်တော်မိုဟမ္မဒ် သည် ၎င်း၏ စေတမန်တော် တစ်ပါးဖြစ်ကြေင်း ကျွန်ပ်ယုံ ကြည်ပါ၏။” မိမိကိုယ်တိုင်လည်း ဆေးသိပ္ပံ ပညာရှင် တစ်ဦးဖြစ်ပြီး ခရစ်ယာန် ဘာ သာဝင် တစ်ဦးပီပီ သမိုင်းကျမ်း စာပေအထောက်အထားများမှ တဆင့် ရှေ့ခေတ်အီဂျစ် မင်းဆက် များနှင့် ဖါရို ဘုရင်အကြောင်း၊ ၎င်းမင်းဆက်များအကြောင်း ကောင်း စွာသိရှိသော ပါမောက္ခတစ်ဦး ဖါရိုဘုရင်(ရာမ်ဆိးစ် ၂) ရုပ်အလောင်းရှေ့တွင် အလုပ်ရှုပ်လျှက် ရှိနေပါ တော့သည်။
အိုး….တစ်ကယ်ဘဲလားဗျာ….ဘယ်လိုဖြစ်တာပါလဲဗျာ… ခင်ဗျားတို့ မွတ်ဆလင်တွေ ယုံကြည်တဲ့ဒီကုရ် အာန်ကျမ်းတော်မြတ်က ဖါရိုဘုရင် ရေနစ်ပြီးသေတဲ့ အကြောင်းနှင့် ၎င်း၏ ရုပ် ခန္ဓာကိုယ်ကိုနောင်လာ နောက်သားတွေ သတိသံဝေဂရစေရန် ဤကမ္ဘာပေါ်မှာ ထိန်းသိမ်းစောင့်ရှောက်ထားတယ် ဆိုတာလေ ဗျာ…… ကျွန်တော့ နားတောင် ကျွန်တော် မယုံနိုင် စရာ ဘဲ…. ဘယ်လိုလုပ်ပြီး ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်ကပဲ ဒီ အကြောင်းကို ဖေါ်ပြ ထားရပါလိမ့်… ဒီမာမ်မီခန္ဓာကိုယ်ကြီး တွေ့ရှိခဲ့တာမှ ဖြင့် လွန် ခဲ့တဲ့နှစ်ပေါင်း၂၀၀ ကျော် လောက် ကမှ…. ဒီခန္ဓာကြီးကို အဲဒီကြားထဲ ဘယ်သူများ ထိန်းသိမ်း ထားခဲ့ပါ လိမ့်။ အား..မေးစရာ မေးခွန်း တွေကတော့ အများကြီးဘဲ။ တကယ် ဘဲ ယခုကျွန်တော့ရှေ့မှ မာမ်မီဖါရို အလောင်း ကြီးဟာ ဟိုးတမန်တော် မိုးဆက်(မူဆာ) ကိုပင်လယ်နီကမ်း ခြေထိ လိုက်ခဲ့တဲ့ ဖါရိုဘုရင်ကြီး ပင်လား….အစ္စလာမ်တွေ ယုံကြည်နေတဲ့ ဒီတမန်တော်မိုဟမ္မဒ်ဟာ ဒီဖါရိုဘုရင် အကြောင်း နှင့်ဒီခန္ဓာ ကြီးတည်ရှိနေတာ ဘယ်လိုလုပ်များ သိခဲ့ပါလိမ့်။ ပါမောက္ခကြီး ဒေါက် တာမောရစ် တစ်ယောက် ဘယ် လိုမှကြိုးစားပြီး အိပ်သော်လည်း အိပ်လို့ မပျော်တော့ပါ။ သူ့ရဲ့ ရှေး သမ္မာကျမ်းတော်ကို လှန်ရင်း“ ဟော တွေ့ပြန်ပြီ ဒီဖါရိုး” “ပင်လယ်ကြီးသည် ဖါရိုဘုရင်နဲ့ ၎င်း၏ ကြီးမား လှသော စစ်တပ်ကြီးကိုဝါးမြိုခဲ့သည်။ တစ်ဦးတစ်ယောက်မျှ အသက်မရှင်ခဲ့” ထွက် မြောက်ရာကျမ်း(၁၄း၂၈) သူမကျေနပ်သေး———-ဘာ လို့ဒီဓမ္မဟောင်း ငါတို့ရဲ့သမ္မာကျမ်းစာက ဒီသူ့ခန္ဓာ ဤကမ္ဘာပေါ်မှာ ရှိနေသေးကြောင်း ဘာလို့မ ပြောတာ ဘာလိမ့်….၊၊

သူကား စိတ်မကျေ နပ်ထပ်ပြီးထပ်ပြီးအဖြေများ လိုအပ်နေသေးပေ၏။ ခေတ်သစ် ဆေးသိပ္ပံ ပညာရှင်ကြီး တစ်ဦးလည်းဖြစ်၊ လက်ရှိဖါရိုဘုရင် မွမ်းမံစစ်ကြောရေး အဖွဲ့ ၏ ဥက္ကဋ္ဌကြီး လည်း ဖြစ်သော ပါမောက္ခကြီးမောရစ် တစ်ယောက် သူ့ရောင်းရင်း လုပ်ဖေါ်ကိုင်ဖက် ဆေးနှင့် မျိုးရိုးဗီဇ၊ မနုဿဗေဒ၊ ခန္ဓာဗေဒ ပရော်ဖက်ဆာများ၊ ဘူမိဗေဒ စပါယ်ရှယ်လစ်များနှင့် အ တူ ခေတ်မှီနည်းပညာ cutting edge စမ်းသပ် စစ်ဆေးရေးကိရိယာများနှင့် ဓာတ်ခွဲခန်းထဲတွင် အလုပ်ရှုပ်နေသူ၏ ပြင်းပြသော သိလိုစိတ်မှာ “ဘယ်လိုများ ဒီမာမ်မီ (ဖာရို) အလောင်း ဟာ ကွယ်လွန်ခဲ့ပါလိမ့်” အနုစိတ်(Autopsy) စမ်းသပ်၍ နေပါတော့သည်။ ညဦးယံဘက် ပညာရှင် အသီးသီး သက်ဆိုင်ရာ ကဏ္ဍများကို အသီးသီး စစ်ဆေးပြီး သကာလ- နောက်ဆုံး final report ကိုတင်ပြနေကြပြီဖြစ်၏။ ပရော်ဖက်ဆာ အသီးသီး၏ ကောက်ချက်အရ ဤမာမ်မီ(ဖာရို) ရုပ် အလောင်းမှာ ပင်လယ်တွင် ရေနစ်သေဆုံးခဲ့ကြောင်း များမကြာ မီ အချိန်တို အတွင်းတွင်ပင် ပင်လယ်မှ ဆယ်ယူခြင်းကို ခံခဲ့ရပြီး (၀ါ) ပင်လယ်ထဲတွင် အချိန်ကြာ မြင့်စွာ မရှိခဲ့ကြောင်း ခန္ဓာကိုယ်တွင်းမှ ဆားဓာတ် အထောက် ထားနှင့် ပင်လယ်နီရွံ့စေး အထောက် ထားများမှ သက်သေခံလျှက် ရှိကြောင်းတို့ကို နောက်ဆုံး အစီရင်ခံစာကြီးတွင် တင်ပြလာကြသောအခါ.. ၎င်း အဖွဲ့ကို ဦးဆောင်နေသော ပရော်ဖက်ဆာ ဒေါက်တာ မာရစ် တစ်ယောက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေရ ပါတော့သည်။
“အား…မဟုတ်နိုင်သေးပါဘူး ရေထဲမှာသေခဲ့တဲ့ ဒီမာမ်မီအလောင်းကြီးဟာ ဘာလို့များ ဒီလောက် ပုံပန်း မပျက် ပဲ အခြားမာမ်မီများထက်ပင် လတ်ဆတ် လန်းဆန်း ပကတိပုံအတိုင်း ဒီ အချိန်ထိ တည်ရှိနေ ရပါလိမ့်၊” ..ဆေးသိပ္ပံနှင့် ခန္ဓာဗေဒအကြောင်း ကောင်းကောင်းနားလည်ထားသော ပါမောက္ခကြီး၊ လူ သေရုပ်လောင်း ပေါင်းများစွာနှင့် ငယ်ငယ်ကတည်းကပင် မစိမ်းသောဆရာဝန်တစ်ဦးအဖို့ ဇဝေဇ၀ါနှင့် စဉ်းစား၍အတွေးများ ထူနေပါတော့သည်။ (Confirmation test) ပြန်လှန်စစ်ဆေးမှုများ အကြိမ်ကြိမ်ပြု လုပ်ပြီး အားမရဖြစ်နေသော ပါမောက္ခကြီး၏ ပုံကို စာဖတ်သူများပင်မြင်ယောင်မိမည် ထင်ပါ သည်။

အချိန်မှာကား ၁၉၈၁ ခုနှစ် ပြင်သစ်နိုင်ငံတွင် ပြင်သစ်သမ္မတကြီး ဖရန်စစ်စကိုမစ်တရာ အုပ်ချုပ်စဉ် ဖြစ် သည်။ အီဂျစ် အစိုးရ၏ သဘောတူ ခွင့်ပြုချက်ဖြင့် ဖာရိုဘုရင်ရာမ်စစ် (၂) ၏ ရုပ် အလောင်းအားသမိုင်း ကြောင်း အဆို အရ ကမ္ဘာ့အကြမ်းတမ်းဆုံး၊ အရက်စက်ဆုံး၊ ခေါင်းအမာဆုံး အီဂျစ်ဘုရင်အား ခောတ်မှီ ဓာတ်ခွဲ စမ်းသပ်မှုများ (မျိုးရိုးဗီဇ DNA သေဆုံးခြင်း ဇစ် မြစ်နှင့် သေဆုံးခြင်း Date ရှေးခောတ်မာမ်မီပ ညာရပ်၊ မျက်နှာပြုပြင် မွမ်းမံမှု) ပြုလုပ် ရန်ရည် ရွယ်ချက်တို့ဖြင့် ပြင်သစ်အစိုးရမှ ကမ်းလှမ်းခဲ့ပါသည်။ ပြင်သစ်လေဆိပ်သို့ ရောက် လျှင် ရောက် ခြင်းပင် ပြင်သစ်သမ္မတ နှင့်တစ်ကွ ၎င်း၏အတွင်းဝန် ၀န်ကြီး များမှ နိုင်ငံတော်အခမ်းအနားနှင့်တကွ အလေးပြု ကြိုဆိုမှုကို ပြုလုပ်ခဲ့ပါသည်။ ကြိုဆိုဂုဏ်ပြုပွဲပြီးလျှင် ပြီး ချင်းပင် ဖါရိုဘုရင်၏ အလောင်းအား စူးစမ်းရှာဖွေ စမ်း သပ်မှုများ ပြုလုပ်ရန် ပြင်သစ်နိုင်ငံ၏ အထူး မနုဿဗေဒ ဓါတ်ခွဲခန်းမကြီးဆီသို့ သယ်ဆောင် လာခဲ့ ကြပါ သည်။
ပထမဦးဆုံး Cutting Edge Technology ဖြင့် သမိုင်းကြောင်းနှင့် ခန္ဓာဗေဒ စစ်ဆေးမှုများ ပြုလုပ်ရန် ရည်ရွယ် ခဲ့ပါသည်။ ထိုအချိန်က ပြင်သစ်သိပ္ပံပညာ အကယ်ဒမီ၏ ဥက္ကဌကြီးမှာ ပရော်ဖက်ဆာဒေါက်တာ မောရစ်ဘူ ကိုင်း ဖြစ်ပြီး ၎င်းကိုယ်တိုင်ပင် ဦးစီးကာ ဖါရိုရုပ်ကလပ်ကြီးအား စူးစမ်းလေ့လာ စမ်းသပ်ခွင့် ရ ရှိခဲ့ပါသည်။
မေးခွန်းပေါင်းမြောက်များစွာဖြင့် အဖြေမရနိုင်သေးသော ပါမောက္ခကြီး
ဒီနှစ်ပေါင်း သုံးထောင်ကျော်ပြီဖြစ်တဲ့ ရုပ်အလောင်းကြီး၊ ရုပ်ကြွင်း မပျက်စီးသေးတဲ့ မာမီကောင်ကြီး၊သူ တို့ အပြောအရ အီဂျစ်နိုင်ငံ ပင်လယ်နီကမ်းခြေရှိ ဂျဘလီယမ်း အရပ်မှာ တွေ့ရှိခဲ့ တယ်ဆိုတဲ့ ဒီအ လောင်းကြီး၊ ယခုလက်ရှိ အီဂျစ်သမိုင်းပြတိုက်ထဲမှာ ပြသထားတဲ့ ဒီဖါရိုကြီး၊ မွတ်ဆလင်တွေကုရ်အာန် က တိတိပပပြောဆို ဖေါ်ပြထားတဲ့ ဒီဖါရိုဘုရင်ကြီး၊ ကျွန်ပ်တော့ ဗျာ ခေတ်မှီဆန်သစ်တဲ့ Technology အကူအ ညီမပါဘဲ ဒီအ ကောင်ကြီးကို သမိုင်းကြောင်းအရ စစ်ဆေးမယ်ဆိုရင်တော့ ယုံကြည်မှာ မဟုတ် ဘူးဗျာ။ ယခုလို တိုးတက်တဲ့ စက်ကိရိ ယာ Cutting Edge နည်းပညာ၊ ဆေးသိပ္ပံပညာတွေရဲ့ အကူ အညီအရသာ ယုံရတာဗျာ ဟုခေါင်းခါ လျှက် တတွတ်တွတ်ပြောကြားလျှက်သာ ရှိပါတော့သည်။ ဘယ်လို လုပ်ပြီး ဒီမွတ်ဆ လင်မ် တွေ ပြောတဲ့ ကျမ်းစာ တော် ထဲမှာ ဒီဖါရိုအကြောင်း တိတိပပ ပါရှိနေရတာလဲ? သူ့ရဲ့ကိုယ်ခန္ဓာကိုလည်း ကမ္ဘာပေါ်မှာ ထိန်းသိမ်းထား တယ်လို့လည်း ပါသေးတယ်ဆိုတော့ ဘယ် လိုများ ပါလိမ့်။ သူကားစစ်ဆေးမှု အထပ်ထပ်ပြုလုပ်ပြီး နောက်ဆုံး သံပြိုင်အဖြေရရှိသော်လည်း မကျေနပ်နိုင် သေး၊ မာမ်မီကြီးမှာကား အီဂျစ်ပြည်သို့သာ တကြော့ပြန် ရောက်သွား ပါ တော့သည်။ ဒေါက်တာမောရစ် တစ်ယောက် အိပ်မပျော် အခဲမကျေနိုင်သေးပါ။ နောက်ဆုံး ၎င်းဖါရိုဘုရင်ရှိရာ အီဂျစ်ပြည်သို့ ခရီးဆက် ရန်သာ ဆုံးဖြတ်လိုက်လေပါတော့သည်။ အီဂျစ် နိုင်ငံသို့ ရောက်လာပြီး သက်ဆိုင်ရာဘူမိဗေဒ ရှေး ဟောင်း သမိုင်းပညာရှင်များ၊ ဆေးပညာ ပညာရှင်များ၊ မွတ်ဆလင်ပညာရှင်( စကော်လာ)များနှင့် ဆွေး နွေးမှု များပြုလုပ်လျှက်ရှိကာ အဖြေများကို ရှာဖွေလျှက်ရှိပါသည်။ ကိုင်ရိုမြို့တနေရာတွင် ၎င်း၏ တွေ့ရှိ ချက်များကို နှီးနှောရှင်းလင်းမှုတစ်ရပ် ပြုလုပ်နေစဉ် မွတ်ဆလင် ဆေးသိပ္ပံပညာရှင် တစ်ဦးမှ မတ်တပ် ရပ်ပြီး ခင်ဗျား ကျွန်ပ်တို့ ကျမ်းလာ ဒီပါဒတော်ကို ပြန်နားထောင်ပါဟု ဆိုကာ တည်တည်ငြိမ်ငြိမ်ဖြင့်…
ငါအသျှင်မြတ်သည် အစ္စရာအီလ် အမျိုးသားတို့ကို ပင်လယ်တစ်ဘက်ကမ်းသို့ ယူဆောင်တော်မူ၏။ ဖါ ရောမင်းသည် မိမိ၏စစ်သည်များနှင့် သူတို့ကိုမတရားကျုးလွန် ခြားနားခြင်းဖြင့် မီအောင်လိုက်ကြ၏။ သို့သော်ရေနစ် မြုပ်ဘေး ထိသောအခါ သူသည် အစ္စရာအီလ် အမျိုးသားတို့ ယုံကြည်သော အသျှင်မှ တ ပါးအခြားအသျှင် သခင်မရှိဟု ကျွန်ပ်ယုံကြည်ပါ၏။ ကျွန်ပ် သည် အလ္လာဟ်အသျှင်မြတ်အား ယုံကြည်ကျိုး နွံသူတို့ ဘောင်တွင် ပါဝင်ပါ၏ ဟုကြွေးကြော်၏။” ကုရ်အာန် (၁၀း၉၀)
ဘာလဲ ယခုမှ သင်ယုံကြည်သလော၊ ယခုတိုင်အောင် နင်သည်ထောင်ထားခြားနား၍ မတရားပြုကျင့်သူ တို့ ဘောင်တွင်ပါဝင်ပြီးမှ။
ကုရ်အာန် (၁၀း၉၁)
သို့သော် နင်သည် နောင်လာ နောက်သားတို့အဘို့ သက် သေ သာဓကတော်တပါး ဖြစ်စေရန် နင်၏ကိုယ်ခန္ဓာကို ယခုငါအသျှင်မြတ်ကယ်တင်တော်မူ၏။ ကြည့် ကြလော့ များစွာသောသူတို့သည် ငါ၏သက်သေသာဓ ကတော်များကို သတိမမူကြချေ။ ကုရ် အာန် (၁၀း၉၂ )
အေးဆေးငြိမ်သက်စွာ ဂရုတစိုက်နားထောင်နေသော ပရော်ဖက်ဆာကြီးတစ်ယောက် တိတ်ဆိတ် ငြိမ် သက် သွားကာ”ပရမတ္ထ သစ္စာတရား” မှန်ကန်မှုနှင့် တိကျသေချာသော အဖြေကို ၎င်း၏ နှလုံးသည်း ပွတ်ကြားထဲမှ ထုတ်လိုက်လေတော့သည်။ လူအုပ်ကြားထဲသို့ ၎င်း၏ ဟစ်အော်ချက်မှာကား ”ကျွန်ပ် အစ္စ လာမ်ကိုယုံပါပြီ….ကျွန်ပ် ကုရ်အာန်ကိုယုံပါပြီ..”
ငါသည် ဤကျမ်းမြတ်ကုရ်အာန်ကို တောင်တခုခုပေါ်တွင် ပစ်တင်ထားတော်မူခဲ့လျှင်၊ အကယ်စင်စစ်ထို တောင်သည် အလ္လာဟ်အား ကြောက်ရွံ့တုံလှုပ်ခြင်းကြောင့် နှိမ့်ချသော သဘော ဖြင့် ၀ပ်စင်း၍ အစိတ် စိတ် အမွှာမွှာ ဖြစ်သွားသည်ကို သင်တမန်တော် မျက်ဝါးထင်ထင် မြင်ခဲ့ရလတံ့၊ ငါသည် ဤဥပမာများ ကို လူသားတို့ ဆင်ခြင် စဉ်းစားဘို့ရာ ဆောင်တော် မူ၏။ ” ကုရ်အာန် ( ၅၉း၂၁ )
အလွန့်အလွန် သနားကြင်နာတော်မူသော မဟာဂရုဏာတော်သခင် အလ္လာဟ်အသျှင်မြတ်သည် အမှန် တရားမြတ်နိုးသူတို့၏ နှလုံးသားတံခါးများကို အမှန်ပင်ဖွင့်ပေးလေပြီ တကား။” ကုရ်အာန် ( ၂၈း၅၆ )
နှလုံးသားသစ်၊စိတ်သစ်၊လူသစ် အယူသစ်ဖြင့်အိမ်အပြန်( ပြင်သစ်)ခရီး ပါမောက္ခကြီး၏ သတင်းသည် ကား နေရာအနှံ့သို့ တမဟုတ်ချင်း ပြန့်နှံ့သွားလေတော့သည်။ ၎င်းနောက် ပါ မောက္ခကြီးသည်၁၀နှစ် တိုင်တိုင် အစ္စလာမ်နှင့် ပတ်သက်သော သိပ္ပံဆိုင်ရာ တွေ့ရှိချက်များ၊ ကုရ်အာန်နှင့်သိပ္ပံ လေ့လာမှုများ၊ အရ်ဗီစာပေကို ဂဃနဏလေ့လာကာ Comparative studies များ ပြုလုပ်လျှက် အစ္စလာမ်ကို အပတ်တ ကုတ် လေ့လာခဲ့သည်။ ၎င်းလေ့လာသော အသီးအပွင့်များအဖြစ် ဥရောပတခွင်နှင့် ကမ္ဘာက အစ္စလာမ် ကို ပို၍သိလာကြသည်။

ကုရ်အာန်၊ ဘိုင်ဘယ်လ်နှင့် သိပ္ပံ” ဟူသော ခေတ်သစ်သိပ္ပံပညာဖြင့် ရှေးကျမ်း ဂန်များကိုစစ်ဆေးခြင်း၊ ကုရ်အာန်၏ခိုင်လုံသော၊ တိကျသော၊မငြင်းနိုင်သော အမှန်တရားများကို အခြား ကျမ်း ဂန်များနှင့်နှိုင်းယှဉ်ကာ ဖေါ်ပြခဲ့သည်။ လူသားများ အားလုံးသတိရစေရန် ပါမောက္ခကြီးသည် ၎င်း ၏တွေ့ရှိချက်များနှင့် စပ်လျင်းပြီး ကျမ်းတော်လာဤအာယတ် (ပါဒ) တော်ကို နောက် ဆုံး မီး မောင်းထိုး ပြလျှက် ရှိခဲ့ပါသည်။
မုသားစကားသည် ထိုကျမ်းတော်ကို ရှေ့မှသော်လည်းကောင်း၊ နောက်မှသော်လည်းကောင်း မချဉ်းကပ် နိုင်ချေ၊ ထိုကျမ်းတော်သည် သဗ္ဗညုတ ရွှေဉာဏ်တော်ရှင် ချီးမွမ်းခြင်းတည်ရာ အသျှင်၏ ထံတော်မှဖြစ် ၏။ ကုရ် အာန် ( ၄၁း၄၂)
ကျွန်ပ်တို့ အဘယ်ကြောင့် အလ္လာဟ်၏ သက်သေ လက္ခဏာတော်များကို သတိမမူကြသနည်း?
ကုရ်အာန်စူရာဟ် ( ၁၀း၉၂ )
ကြည့်ကြလော့ များစွာသော သူတို့သည် ငါ၏ သက်သေ လက္ခဏာတော် များ ကို သတိမမူကြချေ။

ထို့ကြောင့် အချို့သောသူတို့သည် သက်သေ သာဓကတော်များကို မျက်ဝါးထင်ထင် တွေ့မြင်ရသော်လည်း လက်မခံ မယုံကြည် ငြင်းပယ်လျှက် ရှိကြသည်။ အဆုံးစွန်သော အဖြေနှင့် မှား မှန်ကိုခွဲခြမ်းစိတ်ဖြာရန် စစ်ဆေးစုံစမ်းမှုများ ပြုလုပ်မှုမရှိကြပေ။ အစ္စလာမ်ဘာသာကို ကိုးကွယ်ယုံကြည်သော ကျွန်ပ်တို့မွတ်စ် လင်မ်များပင် ကုရ်အာန်ကို အဓိပ္ပါယ်ရှိရှိ သိရှိရန် မကြိုး စားကြချေ။ ကုရ်အာန်ကျမ်းလာ အံ့ဖွယ် သက် သေ သာဓကများကို ပုံပြင်သဖွယ်သာ ခပ်ဝါးဝါး သိရှိတတ်ကြပြီး ၀ိရောဓိဘ၀ဖြင့်သာ တင်းတိမ်နေ တတ်ကြပေ သည်။ ကျွန်ပ်တို့ ယုံကြည် ထားသော ကုရ်အာန် ကျမ်းတော်မြတ်သည် တိကျမှန် ကန်သော ပရမတ္ထ သစ္စာတရားမှ မှန်ကန်မှုအပြည့်ဖြင့် အံ့သြဖွယ်အပေါင်း၏ အထွဋ်အထိပ် အံ့သြဖွယ်ကျမ်းကြီး ဖြစ်ရာမယုံ ကြည် ဒွိဟရှိသူ မှန်သမျှအား တိုက်ဆိုင် စစ်ဆေးပြီး အဖြေထုတ်ရန် နည်းမျိုးစုံဖြင့် အသျှင် မြတ်က ကျွန်ပ်တို့လူသားပင်မက နတ်သား(ဂျင်) မလာအေကာ အပေါင်းတို့ကိုပင် စိန်ခေါ်ထား သေး၏။ တမန်တော်မိုဟမ္မဒ် သက်ရှိထင်ရှားရှိစဉ် အချိန်မှ ယခုအချိန်ထိ နှစ်ပေါင်း( ၁၄၀၀ ) ကျော်သည့်တိုင် အာင် ထိုစိန်ခေါ်မှုသည် အသက်ဝင်လျှက် ရှင်သန်နေ၏။ခေတ်သစ် သိပ္ပံပင် ယခု အချိန်ထိ လိုက်မမှီ သေး ပေ။ နောက်ဆုံးနေ့တော်ကြီးအထိလည်း ထိုစိန်ခေါ်မှုကြီးသည် ရှင်သန်လျှက် ရှိနေ ဦးမည်ပင်။
ကု၇်အာန်စူရာဟ် (၁၇း၈၈) ထဲတွင် အိုတမန်တော် ဟောကြားလော့ အမှန်ဆိုသော် လူသားအားလုံးနှင့် ဂျင်နတ်သားအားလုံးတို့သည် ဤကုရ်အာန်ကျမ်းတော်နှင့်တူသော ကျမ်းတစ် စောင်ကို စီကုံးရေးသား ရန် စုရုံးစည်းဝေး၍ သူတို့အချင်းချင်း ကူညီယိုင်းပင်းသော်လည်း ဤကျမ်းတော်နှင့်တူသော ကျမ်းတစ် စောင်ကို မဖွဲ့နိုင်ချေ။
ဒီ့အပြင် အလ္လာဟ်အသျှင်မြတ်သည် ထပ်ပြီးလျှော့ပေါ့၍ပင် စိန်ခေါ်ထားသေးသည်။ ကျမ်းတော်တစ် စောင်လုံး ထားဘိ တိကျမှန်ကန်ပြီး ပြည့်စုံသော ကျမ်းတော်မြတ်ကုရ်အာန်၏ အာ ယတ်(ပါဒ) တော်တစ် ခုပင်ကျွန်ပ်တို့ မဖန်တီးနိုင်ကြောင်း ၎င်း၏ သြဇာအာဏာသည် စကြာဝဠာလောက တစ်ခုလုံးအားလွမ်းမိုး ထားကြောင်း ဖေါ်ပြ ထားသေးပေသည်။ အကယ်၍ ဤ ကျမ်းတော်ပါ စကားများသည် အရာခပ်သိမ်းကို မွေးမြူတော်မူသော အလ္လာဟ် အသျှင်မြတ်ထံတော်မှ မဟုတ်လျှင် မကိုက်ညီမှုများ၊ လျော့ရဲမှုများ၊ မမှန် ကန်မှုများကို တွေ့ရပေမည် ဖြစ် ကြောင်း ဖေါ်ပြထားသေး၏။ ကုရ်အာန် (၄း၈၃၊ ၁၀း၃၈၊ ၂၅း၆ )
၎င်း၏ စကားနှင့်ပတ်သက်၍ ၎င်းကိုယ်တိုင်ပင် အာမခံထားကြောင်းကို ကျမ်းတော်မြတ်ကုရ်အာန်၁၅း၉ တွင် အသျှင်မြတ်သည် ပွင့်ပွင့်လင်းလင်း ဖေါ်ပြထားသေး၏။ ထို့ကြောင့် ယနေ့ အချိန်ထိ ကုရ်အာန်၏ စိန်ခေါ်မှု အာမခံချက်များကို အမှားထောက်ပြနိုင်သော လူသားပညာရှင်၊ ဂျင်နတ်သား တစ်ဦးတစ် ယောက်မျှ မတွေ့ရှိရသေးပေ။ နောင်တွင်လည်း တွေ့နိုင်မည် မဟုတ်ပေ။ ကုရ်အာန် (၂း၂၃၊ ၂၄)
အချုပ်အားဖြင့်ဆိုရသော်ကျမ်းတော်မြတ်ကုရ်အာန်လာဖါရိုဘုရင်သည်လည်းကျွန်ပ်တို့နောင်လာနောက် သားများ မျက်တွေ့မြင်ရကာ သတိသံဝေဂတရားရနိုင်စေရန် အလ္လဟ်အသျှင် မြတ် ကိုယ်တော်တိုင် ပုံစံ မပျက် ထိန်းသိမ်းထားကြောင့်၊ အလ္လာဟ်အသျှင်မြတ်သည်စကားကို တည်တော်မူသော အ သျှင် ဖြစ်ကြောင်း တင်ပြရင်း…

Ref. from ; www.almuslim-quran.blogspot.com

Monday, June 20, 2016

ဘီ.တီဘီ (B.Tb) ဘွဲ့

ဘီ.တီဘီ (B.Tb) ဘွဲ့

Bachelor of Tubercolusis


ရေးဖွဲ့သူ- ဒေလဝါရ်အေးထွဋ်း

ဆယ့်ခြောက်နှစ်မှာ တက္ကသိုလ်ဘဝ
အဆင့်မြင့်ပညာ      တံခါးဝ
ကွမ်းကစတာ          သင်ခန်းစာ
ယစ်ယိုင်ဝါရိုး           ဆေးစုံထည့်လို့
သွားဖြူနီရဲ               ကြာလာမည်း

ကွမ်းတွေးမမှန်      သူ့ပေါ်ကျဖန်
ဆဲဆိုဆုံးမ            ရှက်ကွဲရ
ကွမ်းထုတ်ဘောက်သာ ခါးမှာထိုးကာ
ယိုးစိမ့်ထုံးကျ        ခါးဝတ်ပျက်
ကျောင်းခပိုက်ဆံ  ကွမ်းကြွေးထံ
သူထက်ပြိုင်ငါ      ဂုဏ်ယူစား
မိဘချွေးဖိုး           တန်ဖိုးမထား

ဆမ်တစ်ကုန်သော် ကွမ်းကဖော်ခေါ်
ဆေးဖက်ဆေးလိပ် နောင်တော်ပေါ့
အဆောင်နံရံမှာ  ကြော်ငြာကပ်
ဆေးလိပ်ကွမ်း    တားမြစ်ချက်
ဆရာဝင်ပြီ          အခန်းထဲ
ငါ့ဆေးလိပ်က     မကုန်သေး
ခဏလေးဆို       ထပ်ပြန်ဆွဲ
အချိန်ကြာလွန်    ဝင်မရဲ
စာကျက်ချိန်မှာ    ရန်နှောက်ချက်
ချောင်းဆိုးရောဂါ ဆွဲလာကပ်
ဟိုက်ရှူး ဟိုက်ရှူး ဂါထာရွတ်
နေ့ညပုံမှန်          ခဏမပြတ်
သူ့ဘွဲ့လေးက   ထူးထူးခြား
ဘီတီဘီ                   ပထမ။

Off reading app for this web site

Off reading app for this web site


နှစ်သက်လိုချင်သူများ အောက်ပါလိင့်ခ်မှ ဒေါင်းယူပါ။

DOWNLOAD HERE The App for Android







Sunday, June 19, 2016

ရခိုင်ပြည်နယ်ကမူဆလင်ဟု ပြောင်းလဲ ခေါ်ဆိုခြင်းကြောင့် ပြဿဿ နာ မပြေလည်နိုင်

ရခိုင်ပြည်နယ်ကမူဆလင်ဟု ပြောင်းလဲ ခေါ်ဆိုခြင်းကြောင့် ပြသနာမပြေလည်နိုင်

Photo Credit to Ro Nay San Lwin
18.06.2016 19:12
မဆုမွန်
လူမှု အသိုင်းအ၀ိုင်း နှစ်ဘက်ကြား အဆင်ပြေပြီး အပြန်အလှန် ယုံကြည်မှုရဖို့ “ရခိုင်ပြည်နယ်က မူဆလင်အသိုင်းအ၀ိုင်း”လို့ သုံးနှုန်းပြောဆိုဖို့ မြန်မာအစိုးရက ကုလသမဂ္ဂမှာ တရားဝင် ပြောကြား လိုက်တာဟာ ပြဿနာကို အမှန်တကယ် ပြေလည်အောင် ဖြေရှင်း နိုင်မယ့် နည်းလမ်း မဟုတ်ဘူး လို့ နှစ်ဘက် အသိုင်းအဝိုင်းက ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်တွင်းက တင်းမာနေဆဲ ဘာသာရေး အသွင်ဆောင် လူမျိုးရေး ပဋိပက္ခတွေဖြစ်ရတာဟာ အခွင့်အရေး တန်းတူမရတဲ့ မညီမျှမှုတွေနဲ့ အခြေခံလူ့အခွင့်အရေး ဆုံးရှုံးမှုတွေကြောင့် ဖြစ်တယ်လို့လည်း ထောက်ပြကြပါတယ်။ အပြည့်အစုံ မဆုမွန် က စုစည်း တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်တွင်း မတူညီတဲ့ လူမှုအသိုင်းအဝိုင်း နှစ်ခုအကြား နာမည် အသုံးအနှုန်း ကွဲပြားမှုတွေကြောင့် ပိုပြီးတော့မှ အခြေအနေ မဆိုးရွားရလေအောင် “ရခိုင်ပြည်နယ်က မူဆလင်တွေ” လို့ သုံးနှုန်း ပြောဆို ကြဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ (၃၂) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မနေ့ သောကြာနေ့က ပထမဆုံး အကြိမ် တရားဝင် ပြောကြားလိုက်တာပါ။ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အပေါ် ညှင်းပမ်းနှိပ်စက်မှုတွေ အဓိက ဖြစ်ပေါ်စေတာဟာ ဘာသာရေး အခြေခံ ၀ါဒီ ကြောင့် ဖြစ်တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က သုံးနှုံးပြောဆိုခဲ့တဲ့ အပေါ်မှာ မြန်မာအစိုးရ ကိုယ်စားလှယ်ဘက်က တုန့်ပြန် ပြောကြား လိုက်တာ ဖြစ်ပါတယ်။

ဂျနီဗာမှာ ကျင်းပနေတဲ့ ၃၂ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာအစိုးရ ကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်း ဆွေးနွေးစဉ်။

ဂျနီဗာမှာ ကျင်းပနေတဲ့ ၃၂ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာအစိုးရ ကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်း ဆွေးနွေးစဉ်။
အခုလိုမျိုး ရိုဟင်ဂျာလို့မသုံးပဲ ရခိုင်ပြည်နယ်က မူဆလင်တွေလို့ နာမည် ပြောင်းသုံးပါလို့ မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာနဲ့ ကုလသမဂ္ဂကို ပြောလိုက်ရုံနဲ့လည်း တကယ် ဖြစ်နေတဲ့ ပြဿနာတွေဟာ ပြေလည်သွား မှာ မဟုတ်ဘူးလို့ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေး လှုပ်ရှားသူ မဝေဝေနုက ထောက်ပြပါတယ်။

“သူတို့တွေရဲ့ နာမည်နဲ့ identity ကို အသိအမှတ်ပြုပေးဖို့ လိုပါတယ်။ အဲဒီလို အသိအမှတ်မပြုပဲနဲ့ နာမည်ကို ငြင်းပယ်ခြင်းဟာ သူတို့ရဲ့ ရပ်တည်ချက် အခြေခံ အခွင့်အရေး၊ လူ့အခွင့်အရေးတွေကို ငြင်းပယ်တာနဲ့ အတူတူပဲ။ အဲဒီလို ငြင်းပယ်ခြင်း အားဖြင့် မှန်ကန်တဲ့ အဖြေတစ်ခု ရလိမ့်မယ်လို့ မထင်ပါဘူး။ ရခိုင်ပြည်နယ်က မွတ်စလင်တွေလို့ သုံးတော့ ဒါဟာ အရမ်းကို broad ဖြစ်ပါတယ်။ အရမ်း generalize ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ မွတ်စလင် လူမျိုးစုတွေ အများကြီး ရှိပါတယ်။ ဒီလို ပြောလိုက်ခြင်းဖြင့် အဖြေ ဖြေရှင်းသွားနိုင်မယ်လို့ ကျွန်မတို့ ယုံကြည်မှု မရှိပါဘူး။ အဓိကကတော့ ရေရှည်အတွက်မှန်တဲ့ အဖြေကို ဒီမိုကရေစီ မူဝါဒတွေ၊ လူ့အခွင့်အရေးရဲ့ စံနှုန်းတွေ အပေါ်မှာ ရပ်တည်ပြီးတော့ အစိုးရက ရဲရဲဝံ့ဝံ့နဲ့ လူနည်းစုတွေရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ လိုမယ်လို့ ထင်ပါတယ်။ ”

လူမှု အသိုင်းအဝိုင်း နှစ်ဘက်ကြား အဆင်ပြေပြီး အပြန်အလှန် ယုံကြည်မှုရအောင် ရခိုင်ပြည်နယ်က မူဆလင် အသိုင်းဝိုင်းလို့ သုံးပါလို့ ဆိုရုံနဲ့တော့ နှစ်ရှည် လများ ဖြစ်တည်နေတဲ့ ပြဿနာတခုကို ရေတိုနည်းလမ်းနဲ့ မှန်ကန်တဲ့ ဖြေရှင်းမှု မဟုတ်ဘူး ဆိုတာကိုလည်း ရခိုင်စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့ ဥက္ကဋ္ဌ ဒေါ်စောခင်တင့် ဒေါ်စောခင်တင့်က သုံးသပ်ပါတယ်။

“အဲဒီလို တစ်ဖက်သက်ရှောင်ထွက်လို့ကတော့ ပြဿနာ ပြေလည်စရာ အကြောင်းမရှိဘူး။ ဒီ တစ်ဖက်နိုင်ငံက ကူးလာတဲ့ လူမျိုးဖြစ်တယ်ဆိုတာ အန်တီတို့ ရခိုင်ဘက်က အခိုင်အမာ သက်သေ၊ သမိုင်း သက်သေ အကုန် ပြလို့ရတယ်။ အဲဒီလို ကူးလာတဲ့ လူမျိုးတွေ အပေါ်မှာ၊ ဟုတ်ပြီ။ ဒီ ၁၉၈၂ ဥပဒေအရ သူတို့တွေ ကို နိုင်ငံသားအဖြစ် ဘယ်လောက် ပေးနိုင်မလဲ။ ဒါကိုပဲ အစိုးရက လုပ်စေချင်တယ်။ အန်တီတို့က။ သူတို့တွေဟာ တစ်ဖက်နိုင်ငံက လာတဲ့ ဘင်္ဂါလီတွေ ပဲ။ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဘင်္ဂါလီလူမျိုးတွေ ဖြစ်တယ်။ ဒါကိုတော့ ဘယ်လိုမှ ငြင်းလို့ မရဘူး။ သမိုင်းအရလည်း ငြင်းလို့ မရဘူး။ အဲတော့ ငြင်းလို့ မရတဲ့ ဟာကို ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်စလင်များဆိုတော့ ရခိုင်ပြည်နယ်မှာ ရောက်နေတဲ့ မွတ်စလင်တွေဟာ နဂိုကတည်းက ရောက်နေတဲ့ မွတ်စလင်တွေ မဟုတ်ဘူး။ သူတို့တွေဟာ ဒီဘင်္ဂလားဒေ့ရှ် ဘက်က ကျွန်မတို့ ဘက်ကို ကူးလာတဲ့ မွတ်စလင်တွေပါ။ အဲတော့ ဘင်္ဂလားဒေ့ရှ် က လာတဲ့ ဘင်္ဂါလီတွေဆိုတာ ကျွန်မတို့မှာ သမိုင်းသက်သေ အကုန်လုံး ရှိရဲ့သားနဲ့ ဒါကို ဘင်္ဂါလီလို့ ခေါ်လို့ မရဘူးဆိုရင် ဘယ်လိုမှ မှန်ကန်မှု မရှိဘူး။ ”

မြန်မာနိုင်ငံမှာ လူနည်းစု ရိုဟင်ဂျာတွေ အဖိနှိပ်ခံနေရတာဟာ ဘာသာရေး အခြေခံဝါဒီ တခုတည်းကြောင့် မဟုတ်ပဲ အခြေခံ လူသား အခွင့်အရေး တန်းတူညီမျှမရပဲ ရပ်တည်မှု ဆုံးရှုံးမှုတွေနဲ့ နှစ်ရှည်လများ ရင်ဆိုင် နေရတာကြောင့်ဖြစ်တယ်လို့ မဝေဝေနုက ပြောဆို လိုက်ပါတယ်။
“မမျှတမှုနဲ့ ခွဲခြား ဆက်ဆံမှု၊ ဒီ ဖိနှိပ်မှုတွေပေါ့နော်။ ဗိုလ်ချုပ် ဦးနေ၀င်း လက်ထက် ကတည်းက ဒီလိုမျိုး လူမျိုးစုတွေ အပေါ်မှာ၊ လူနည်းစုတွေ အပေါ်မှာ၊ တိုင်းရင်းသားလူမျိုးတွေ အပေါ်မှာ ဖိနှိပ်လာတဲ့၊ ဒီလိုမျိုး ကျင့်သုံးလာတဲ့ ခွဲခြား ဆက်ဆံတဲ့ မူဝါဒတွေနဲ့၊ ဖိနှိပ်မှုတွေကနေ အခြေခံပြီး ဖြစ်လာတာလို့ ကျွန်မပြောချင် ပါတယ်။ အဲဒီကနေပြီး သူတို့တွေရဲ့ အခြေခံ အခွင့်အရေးတွေ လုံးဝကို ရုတ်သိမ်း ခံရတယ်။ နိုင်ငံသား ဥပဒေတွေ ပြဒါန်းတယ်။ တိုင်းရင်းသား စာရင်းတွေ ပြဒါန်းတယ်။ အဲဒီကနေမှ ဒီလူတွေရဲ့ အခွင့်အရေးတွေ အားလုံး ဆုံးရှုံးသွားတဲ့အထိ ပြုမူလာခဲ့တဲ့ အကျိုးဆက်တွေရဲ့ ရလဒ်ကို တွေ့ကြုံနေရတယ် လို့ ကျွန်မ ပြောချင်ပါတယ်။”

ရခိုင်ပြည်နယ်တွင်းက ဘာသာရေး အသွင်ဆောင် လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ရတာ ဟာ ဘာသာရေး အခြေခံဝါဒီကြောင့် ဖြစ်ရတယ် ဆိုတဲ့အပေါ် ရခိုင် အမျိုးသမီး အဖွဲ့ ဒု ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဒေါ်စောခင်တင့် ကတော့ လက်မခံပါဘူး။ ရခိုင်ပြည်နယ် တွင်း ဖြစ်နေတဲ့ တကယ့် ပြဿနာ အရင်းမြစ်ကို နိုင်ငံတကာနဲ့ ကုလသမဂ္ဂက သမိုင်းကြောင်းနဲ့တကွ စနစ်တကျ လာရောက် လေ့လာ သုံးသပ် စေချင်ပါတယ် လို့လည်း ဒေါ်စောခင်တင့်က ပြောပါတယ်။

“ကျွန်မတို့ရဲ့ ရခိုင်ဒေသမှာ ရှိတဲ့ ဒီ လူမျိုး နှစ်လုံးပေါ်မှာ တကယ့်ကို ထဲထဲ ၀င်ဝင် ကြည့်မယ်ဆိုရင် ကျွန်မတို့က သူတို့ကို ဖိနှိပ်နေတာ မဟုတ်ဘူး။ သူတို့တွေက အင်အားများစွာနဲ့ ကျွန်မတို့ ရခိုင်တွေကို မနေနိုင်အောင် ဖိနှိပ်နေတာ ပါ။ ဒါဟာ တကယ်ကို ပြောင်းပြန် ကြီး ဖြစ်နေတာကို ကမ္ဘာကြီးက အသေအချာ မမြင်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တကယ့် နှိုက်နှိုက်ချွတ်ချွတ် သိချင်တယ်ဆိုရင် ကျွန်မတို့ လို့ လူမှုရေး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီးတော့ တကယ်လိုက်ပြီးတော့ စုံစမ်းကြည့်ပါလို့။ ဒါကို ကျွန်မ ပြောချင်ပါတယ်။”

ရခိုင်ပြည်နယ် စစ်တွေမြို့ ဒုက္ခသည်စခန်းမှ ဒေသခံပြည်သူများ။
ရခိုင်ပြည်နယ် စစ်တွေမြို့ ဒုက္ခသည်စခန်းမှ ဒေသခံပြည်သူများ။
ရခိုင်ပြည်နယ်မှာ ပဋိပက္ခဖြစ်နေတဲ့ လူမှုအသိုင်းအ၀ိုင်း နှစ်ဘက်ကြား နာမည် အသုံးအနှုန်းကြောင့် အခြေအနေတွေ ပိုပြီး ဆိုးရွားမသွားရအောင် NLD အစိုးရ အနေနဲ့ ကြိုးစား ကိုင်တွယ်သွားမှာ ဖြစ်တယ် ဆိုတာကိုလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့လက ပြောဆို ခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ဘယ်လို အမည်နဲ့ သုံးနှုန်းခေါ်ဆိုရမလဲ ဆိုတာ မြန်မာအစိုးရဘက်က ကုလသမဂ္ဂမှာ မနေ့က တရားဝင် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အနေနဲ့ မမှန်ကန်တဲ့ နာမည်တွေပေးပြီး သုံးနှုန်းပြောဆို သွားတာကို မြန်မာအစိုးရက ထောက်ခံမှာ မဟုတ်ကြောင်းနဲ့ အဲဒီလို မှန်ကန်မှု မရှိတဲ့ အမည်တွေ သုံးခြင်းအားဖြင့် အခြေအနေတွေကို ပိုပြီး ဆိုးရွား စေကြောင်း မြန်မာအစိုးရ ကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်းက တုန့်ပြန် ပြောဆိုခဲ့သလို မြန်မာနိုင်ငံမှာ Buddhist Fundamentalist လို့ခေါ်တဲ့ ဗုဒ္ဓဘာသာ အခြေခံဝါဒီ ဆိုတာမျိုး မရှိကြောင်း ငြင်းဆိုသွားခဲ့ ပါတယ်။

Saturday, June 18, 2016

သင်္ဃာအရေခြုံ ဦးဝီရသူ၏ လှို့ဝှက်ချက်များ

သင်္ဃာအရေခြုံ  ဦးဝီရသူ၏ လှို့ဝှက်ချက်များ

==========================================

(၁)

ဦးဝီရသူသည်... ဦးသန်းရွှေနှင့်ဇာတိအတူတူ ကျောက်ဆည်ဇာတိဖြစ်ပြီး ကျောက်ဆည်တွင်နေထိုင်ခဲ့သည်၊
အမည်ရင်း ၀င်ခိုင်ဦးဖြစ်ပြီး ၈၈ အရေးခင်းပြီးနောက် ဘုန်းကြီးဝတ်ခဲ့သည်။

၂၀၀၃ ခုနှစ်မေလတွင်ဖြစ် ကျောက်ဆည်မြို့လေးမျက်နာဘုရားတွင် အမျိုးသားရေးဟောပြောရာမှ နောက်ပိုင်းတွင် အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး..
ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်ခြင်းနှင့်  လှုံ့ဆော်စည်းရုံးခြင်းတို့ကြောင့်ဦးသန်းရွှေအစိုးရမှ  သူ့အား ထောင် ၂၅ နှစ်ချလိုက်သည်၊

သူသည်၂၀၀၇ ခုနှစ်ရွှေဝါရောက်တော်လှန်ရေးကာလကို မမှီခဲ့ပါ..ထင်ရှားသောသာသနာ့ အာဇာနည်များ တွင် မပါရှိခဲ့ပါနိုင်ငံရေးအကျဉ်းသားလဲ မဟုတ်ခဲ့ပါ။

သူသည်ထောင်အတွင်းတွင် ရှင်ဥာဏိဿရမှလာရောက် ဟောကြားသည့် ထောင်တွင်းတရားဓမ္မများကို
နာခံခဲ့ရသော်လဲ ဦးဝီရသူတွင် ဘာသာရေးအစွန်းရောက် စိတ်ဓာတ်ကသာ လွှမ်းမိုးနေပုံရသည်၊

သူ့အားထောင်ချလိုက်သော "မဟန" အားလဲ အစာကြေပုံမရပဲ အစဉ်အမြဲ အညှိုးထားလျှက်ရှိပါသည်
ထောင်အတွင်းနေထိုင်စဉ်မှာလဲ မဟန အကြောင်းအတွင်းကျကျ ပုတ်ခတ်ရေးသားထားတဲ့ သမိုင်းတရားခံ အမည်နဲ့ ဆောင်းပါးကိုရေးသားခဲ့သည်။

(ဆောင်းပါးဖတ်လိုက တင်ပေးပါမည်)

လှို့ဝှက်ချက်တစ်ခုပင်ဖြစ်သည်...

--------------------------

(၂)

ထို့နောက် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ဇန်န၀ါရီ (၁၃)တွင် မြစ်ကြီးနားထောင်မှပြန်လည် လွတ်မြောက်ခဲ့သည်။

နိုင်ငံရေးမှုမဟုတ်သဖြင့် မစိုးရိမ်တိုက်သစ်သို့ပြန်လည်ခြေချခွင့်ရသော်လည်း..
မဂ္ဂင်ဆရာတော် ဦးအိန္ဒြက အပါအ၀င် ဦးပဏ္ဍ၀ံသ ဦးဂမ္ဘီရ ဦးဣဿရိယ အစရှိသောနိုင်ငံရေးမှုဖြင့် အကျဉ်းကျခံဆရာတော်များမှာမူ ကျောင်းတိုက်များသို့ခြေချခွင့်မရခဲ့ပေ..၊

ထောင်မှလွတ်လွတ်ချင်း ၀ီရသူသဘောထား ကြေငြာချက်များဖြင့် ထင်ရှား ဆရာတော်ကြီးများကို စတင် ဝေဘန်လျှောက်ထားရေးသားခဲ့သည်

ပထမဦးစွာ ၀ီရသူသဘောထား (၁-၂၀၁၂) ဖဖြင့် အရှင် ဂမ္ဘီရ အားဝေဘန်ခဲသည်.၊

ထို့နောက် (၂-၁၀၁၂) ဖြင့်ရွှေည၀ါ ဆရာတော်အားလျှောက်ထားရေးသားခဲ့သည်

အရှင်ဆန္ဒာဓိကထံသို့လဲ စာများရေးခဲ့ပြန်သည်၊ပေးပို့ခဲ့သည်..၊ ထူးခြားမှုများပေတည်း..၊

ထိုသို့လွတ်မြောက်ခဲ့ပြီး မကြာမီတွင် ဒီပဲယင်းလုပ်ကြံမှုတွင်ကြိုးကိုင်သူ ဖြစ်သည့် ဦးအောင်သောင်းသည် ဦးဝီရသူထံသို့လာရောက်ခဲ့သည်..၊ ဦးအောင်သောင်းသည် ထင်ရှားကျော်ကြားဆရာတော်များရှိရက်နှင့်
ထောင်ထွက်ဆရာတော်အား လာရောက်တွေ့ဆုံမှုသည် သာမန်မဟုတ်သော ထူးခြားမှုတစ်ခုဖြစ်သည်၊

ထို့နောက် ၂၀၁၂ အောက်တိုဘာလအတွင်းတွင်ထောက်လှမ်းရေးအကြီးအကဲဟောင်းဦးခင်ညွန့်သည်
ဦးဝီရသူထံသို့ လာရောက်တွေ့ဆုံခဲ့သည်။

ထူးခြားသည်ကား ထိုအချိန်ကာလများသည် NLD ပါတီမှ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွယ် အပြတ်အသတ် အနိုင်ရရှိပြီးချိန်မှ ဖြစ်ပါသည်..၊

လှို့ဝှက်ချက်တစ်ခုပင်ဖြစ်သည်...

-----------------------------

(၃)

ထို့နောက် မိတ္တီလာအရေးအခင်းမဖြစ်ပွားမီ(၅) လအလိုမှစကာ ကုလားမုန်းတီးရေးတရားများ အပြင်းအထန်ဟောကြားပါတော့သည် ၊ “Wira Thu" ဟူသော FB Page ထောင်ပြီး..
ဘာသာရေးလှုံ့ဆော်မှုများ အပြင်းအထန်ပြုလုပ်ခဲ့ပါသည်၊ ၉၆၉ ဟူသော ဂဏန်းကို ပြန်လည် အသက်သွင်းခဲ့သည်၊

ထိုသို့ အရှိန်ကောင်းနေချိန်တွင် ဦးဝီရသူအဖို့ မထင်မှတ်သောအဖြစ်အပျက်တစ်ခုနှင့်ကြုံရလေသည်၊

ထိုအဖြစ်အပျက်မှာ အခြားမဟုတ်ပါ..

၂၀၁၂ ကုန်ခါနီး တန်ဆောင်မုန်းလပြည့်နေ့...
(ဒေါ်အောင်ဆန်းစုကြည်လက်ပတောင်းသို့လာရောက်နေစဉ် တစ်ရက်အလို ) ကာလတွင် လက်ပတောင်းတောင် သပိတ်စခန်းသို့ အစိုးရမှ ကမန်းကတန်းအကြမ်းဖက်နှိမ်နင်းခဲ့ရာ သံဃာတော် ၉၉ ပါးသည် မီးလောင်ဗုံးများကြောင့် မီးသင့်လောင်ကြွမ်းဒဏ်ရာရခဲ့သော အဖြစ်အပျက်ပင်ဖြစ်သည် ၊

ထိုအဖြစ်အပျက်သည် အစိုးရမှထောက်ခံအားပေးနေသော ၉၆၉ လှုပ်ရှားမှုကို ရပ်တန့်သွားနိုင်သဖြင့်
ဦးဝီရသူသည် ထိုအဖြစ်အပျက်တွင် ဒဏ်ရာရသောသံဃာများကိုနိုင်ငံရေး သမားများ၏ ဖျားယောင်မှုတွင် မပါဝင်စေရေးအတွက် ၀ီရသူသဘောထား (၁၂-၇၄) ကို ၁၈-၁၂-၂၀၁၄ တွင် ကမန်းကတန်းကြေငြာ ခဲ့ပေသည်...၊

သိသာလွန်းသည်က သံဃာတော်များအား ဆိုးဆိုးဝါးဝါးဒဏ်ရာရစေခဲ့သောအစိုးရအဖွဲ့များကို ဦးဝီရသူသည် သာမန်အဆင့်သာဝေဘန်ခဲ့ခြင်းပေတည်း၊

လှို့ဝှက်ချက်တစ်ခုပင်ဖြစ်သည်...

--------------------------

(၄)

ထို့နောက်မိတ္တီလာအရေးအခင်းစတင်ဖြစ်ပွားပါတော့သည်၊ ထူးခြားသည်မှာ မိတ္တီလာဖြစ်စဉ်များ စတင်ဖြစ်ပေါ်ချိန်တွင် ဦးဝီရသူ၏ ဖေ့စ်ဘုတ်စာမျက်နှာမှ သတင်းဓာတ်ပုံများ အချိန်နှင့်တပြေးညီရရှိနေပြီး ပြည်သူလူထုသွေးဆူစေမည့် ဓာတ်ပုံအနီးကပ်ရိုက်ချက်များကို ကြိုတင်စောင့်စားကာ ရိုက်ကူးထားသည့် အလား ရရှိနေခြင်းပင်ဖြစ်သည်.၊

လှို့ဝှက်ချက်တစ်ခုပင်ဖြစ်သည်...

------------------------

(၅)

မိတ္တီလာအရေးအခင်းမဖြစ်ပွားမီ(၅) လအလိုမှစကာ ကုလားမုန်းတီးရေးတရားများ အပြင်းအထန်ဟောကြားပါတော့သည် ၊ Wira Thu ဟူသော FB Page ထောင်ပြီး..ဘာသာရေး လှုံ့ဆော်မှုများ အပြင်းအထန်ပြုလုပ်ခဲ့ပါသည်၊ ၉၆၉ ဟူသော ဂဏန်းကို ပြန်လည် အသက်သွင်းခဲ့သည်၊

ထို့နောက် ၂၀၁၃ မတ်လမှစကာ..
မိတ္တီလာအရေးအခင်းစတင်ဖြစ်ပွားပါတော့သည်၊

ထူးခြားသည်မှာ မိတ္တီလာဖြစ်စဉ်များစတင်ဖြစ်ပေါ်ချိန်တွင် ဦးဝီရသူ၏ ဖေ့စ်ဘုတ်စာမျက်နှာမှ သတင်းဓာတ်ပုံများ အချိန်နှင့်တပြေးညီရရှိနေခြင်းပင်ဖြစ်သည်..၊

ပြည်သူလူထုသွေးဆူစေမည့် သွေးသံရဲရဲဖြစ်နေသော ဓာတ်ပုံ အနီးကပ်ရိုက်ချက်များကို ကြိုတင်စောင့်စားကာ ရိုက်ကူးထားသည့်အလား မီဒီယာများထက်စောကာ မိနစ်ပိုင်း နာရီပိုင်း အတွင်းရရှိနေခြင်းပင်ဖြစ်သည်.၊

အလွန့်အလွန်ထူးခြားမှုပင်တည်း..၊

လှို့ဝှက်ချက်တစ်ခုပင်ဖြစ်သည်...

-------------------------------

(၆)

မိတ္တီလာအရေးအခင်းပြီးကာစတွင် လူထုသွေးဆူပွက်နေချိန်နှင့်
အခြေအနေတင်းမာချိန်များတွင် ...
ဦးဝီရသူသည်ဘာသာရေးပြဿနာများနှင့် ဘာမှမဆိုင်သော NLD ပါတီကို "မွတ်ဒေါင်း" ဟု စတင်
သုံးစွဲကာ ပြင်းထန်စွာဝေဘန်ပါတော့သည်၊

၉၆၉ လှုပ်ရှားမှုများ ပြန့်ပွားအောင်လုပ်ဆောင်ခဲ့ပြီးနောက်တွင် ၉၆၉ အဖွဲ့များအား အတိုက်အခံပါတီများ၏ ဆန့်ကျင်ဘက်ပုံစံမျိုးအဖြစ် ပုံသွင်းနိုင်ခဲ့သည်၊ ဘာသာရေးအစွန်းရောက်စိတ်ဓာတ်များအား
ပြည်သူလူထုသို့ ရိုက်သွင်းနိုင်ခဲ့ပြီး လှုပ်ရှားမှုကျယ်ပြန့်လာသည်၊

၉၆၉ လှုပ်ရှားမှုကို စစ်ဗိုလ်အချို့အပါအ၀င် အစိုးရလော်ဘီများမှအစ အကြီးအကျယ် ပါဝင်ခဲ့ပြီး ၀ါဒဖြန့်ကာလုပ်ကိုင်ခဲ့ကြသည်၊

အများစုမှာ Online မီဒီယာများတွင် အစီအစဉ်ကျကျလှုံ့ဆော်ခဲ့ကြသည်၊

နိုင်ငံတော်သမ္မတရုံးမှ ပုဂ္ဂိုလ်အချို့နှင့်နီးစပ်သည်ဟုယူဆရသော Facebook Account အချို့သည်လဲ ဘာသာရေးလှုံ့ဆော်မှုကို အတိအလင်း လော်ဘီလုပ်ပေးခဲ့ကြသည်၊

လှို့ဝှက်ချက်တစ်ခုပင်ဖြစ်သည်...

------------------------------------

(၇)

ထိုအချိန်တွင် ဥက္ကံနှင့် လားရှိုးမြို့များတွင် ဘာသာရေးပြဿနာနှစ်ခု တစ်ခုပြီးတစ်ခုပေါ်ပေါက်လာပါသည်၊

အခြားမြို့အချို့တွင်လဲ ဘာသာရေးပြဿနာအချို့ ကြိုကြားကြိုကြားပေါ်ပေါက်ခဲ့ပေသည်.၊

ထုံးစံအတိုင်း ဦးဝီရသူသည် လှုံ့ဆော်ခဲ့ပေသည်၊

မည်သည့်နေရာမှရောက်လာမှန်းမသိသော လက်ရဲဇက်ရဲများ ၊ ဒေါသထွက်နေသောလူအုပ်ကြီးများကို
သိသိသာသာ တွေ့လာကြရပေသည်၊

အံ့သြဖွယ်ကောင်းသည်က ဘာသာရေးပြဿနာများကို အကြီးအကျယ် လှုံ့ဆော်ခဲ့သော ဦးဝီရသူအား အစိုးရအာဏာပိုင်များမှ မည်သို့မှမပြုလုပ်ပဲ လက်ပိုက်ကြည့်နေခြင်းပင်ဖြစ်ပေသည်..၊

လှို့ဝှက်ချက်တစ်ခုပင်ဖြစ်သည်...

------------------------------------

(၈)

ဦးဝီရသူသည် အခက်အခဲတစ်ချို့ရင်ဆိုင်ရပါသည်၊
အကြောင်းမှာ ထိုကလအတွင်းက လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၏ အနောက်နိုင်ငံများ သို့ သွားရောက်သည့် ခရီးစဉ်တွင် သူရဦးရွှေမန်းက ၉၆၉ အစွန်းရောက်များအား လက်မခံကြောင်းစကားကို
အတိအလင်းထုတ်ဖေါ်ပြောခဲ့ပါသည်။

ထိုပြောကြားချက်သည် ဦးဝီရသူနှင့် လုပ်စားမျိုးနှစ်များ၏အရှိုက်ကို ထိုးသကဲ့သို့ဖြစ်သွားခဲ့ပြီး...စစ်ဗိုလ်များ ၊ စစ်လော်ဘီများပါဝင်သော..အုပ်စုများသည် သိသိသာသာ မျိုးနှစ်လေသံများပျောက်ကွယ်သွားပါသည်.

ထို့နောက်တွင်မှ တစ်ဖန်ပြန်လည်ခေါင်းထောင်လာပါသည်၊

အကြောင်းမှာ ၂၀၁၃ ခုနှစ်တွင် အမျိုးဘာသာသာသနာစောင်ရှောက်ရေးအဖွဲ့ (မဘသ)အမည်ဖြင့် အရေခွံလဲ ၉၆၉ အဖွဲ့ ပုံစံမျိုး ပေါ်ပေါက်လာချိန်တွင်ဖြစ်ပေသည်။

သာသနာရေးအရှုပ်အထွေးများအကြောင်း နောကြေအောင်သိပြီး သာသနာရေး အညှာများစွာကို ကိုင်တွယ်ထားနိုင်သော အာဏာရှင်အစိုးရမှ ကျောထောက်နောက်ခံပေးထားသော အဖွဲ့တစ်ခုပေတည်း..၊

ထိုအဖွဲ့တွင် ထေရ်ကြီးဝါကြီးဆရာတော်များကိုလဲ သိသိသာသာထည့်သွင်းရုပ်ပြ ထားပေသည်၊

မဘသအဖွဲ့သည်..မဟနနှင့်စင်ပြိုင်ဖြစ်ပြီး.. ဦးဝီရသူသည် အဓိကကျသောအခန်းကဏ္ဍမှပါဝင်ပေသည်၊

လှို့ဝှက်ချက်တစ်ခုပင်ဖြစ်သည်...

----------------------------------

(၉)
၂၁-၇ ၂၀၁၃ ရက်နေ့တွင်ဖြစ်သည်..

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄×၈၅ လမ်းကြား ၃၆ လမ်းပေါ်မှာ ကျင်းပတဲ့ တရားပွဲမှာ ဦးဝီရသူ ဟောကြားနေစဉ် ည ၉းဝဝ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသည်

ပေါက်ကွဲမှုမှာ လူ(၅) ဦးလောက် ဒဏ်ရာအနည်းငယ်ရခဲ့ပေမဲ့ ဦးဝီရသူဟာ တရားဆက်ဟောခဲ့သည်..၊

ဦးဝီရသူဟာ.နောက်ထပ်ပေါက်ကွဲမှုတွေထပ်မဖြစ်နိုင်ဘူးဆိုတာကို ကြိုတင်သိရှိထားသည့် အလားဖြစ်ပါသည်..၊

ပိုပြီးထူးခြားတာကတော့ အခုထက်ထိ အဲဒီဖေါက်ခွဲသူတရားခံတွေကို အာဏာပိုင်တွေက ဖမ်းဆီးနိုင်ခြင်း၊ မည်သူဟုယူဆခြင်းနဲ့ သတင်းထုတ်ပြန်ခြင်းမျိုးတွေမရှိပဲ စိတ်မ၀င်စားသည့်ပုံစံသာတွေ့ရပါသည်၊

လှို့ဝှက်ချက်တစ်ခုပင်ဖြစ်သည်...

-----------------------------------

(၁၀)

၂၀၁၄ ခုနှစ် နှစ်လည်ခန့်တွင် မန္တလေးမြို့တွင် သွေးချောင်းစီးမည့် ဘာသာရေးအဓိကရုဏ်းဖြစ်ပွားခံနီးတွင်
လိမ္မာပါးနပ်လှသောမြို့ခံများမှ အချိန်မှီ ထိန်းသိမ်းနိုင်ခဲ့ပါသည်၊

ဖြစ်ပွားပုံမှာ..ကုလားညီအစ်ကိုနှစ်ဦးကတစ်ဘက်..ကုလားတစ်ဦးမှတစ်ဘက်....ကုလားအချင်းချင်းပြဿနာဖြစ်ရာမှ.... ကုလားတစ်ဦး(ဟာဂျီထွန်းထွန်း)မှ မြန်မာအမျိုးသမီးတစ်ဦးကိုငွေပေးကာ သူမအား ကုလားညီအစ်ကိုနှစ်ဦးမှ မုဒိန်းကျင့်ခံရလေဟန် လီဆည်တိုင်တန်းရာမှ ဦးဝီရသူ ဖေ့စ်ဘုတ်မှ စတင်ကာပြန့်နှံ့ သွားပြီး ကုလားမြန်မာ သတ်ဖြတ်မှုကြောင့် နှစ်ဦး သေဆုံးခဲ့ကြရှာပါသည်၊
ထိုပြဿနာကိုအကျယ်ချဲ့ပြီး ဆူပွက်လာသဖြင့် မြို့သူမြို့သား အချင်းချင်း  ပြန်လည် ထိန်းသိမ်းလိုက်သောဖြစ်စဉ်ဖြစ်သည်..

ထိုပြဿနာတွင် အာဏာပိုင်များမှလက်ပိုက်ကြည့်နေသော်လည်း ပြဿနာမအောင်မြင်သော အခါမူ သမ္မတမှ မန္တလေးမြို့သားများကို ကမန်းကတန်းချီးကျုးလိုက်သည်မှာလဲ မရိုးမရွဖြစ်ကာ မနေနိုင်မထိုင်နိုင်..ထလုပ်လိုက်သော....ရိုးသားမှုမရှိသော.. ထူးခြားမှုပင်ဖြစ်သည်..၊

ထိုဖြစ်စဉ်ကိုပြန်လေ့လာကြည့်သောအခါ..ဦးဝီရသူသည်.. ဟာဂျီထွန်းထွန်းဟူသောကုလားဘက်မှ
ပါဝင်ပတ်သက်ခဲ့ပြီး ဟာဂျီထွန်းထွန်းမှာလဲ ဦးဝီရသူထံ မကြာခဏလာရောက်သည်ကို တွေ့ရပါသည်။

ထို့ထက်ဆိုးသည်က...ဟာဂျီထွန်းထွန်းသည် သူနှင့်ရန်ဘက်ဖြစ်သော ကုလားညီအစ်ကိုကို အကောက်ကြံရာတွင်..အဘယ့်ကြောင့် တခြားနည်းဖြင့် အကောက်မကြံပဲ ..မုဒိန်းမှုဖြင့် အမှုဆင်အကောက်ကြံသနည်း။

ထိုသို့အကောက်ကြံရာတွင် ဟာဂျီထွန်းထွန်းသည်. ဘာသာတူတူချင်း မုဒိန်းမှုမဟုတ်ပဲ ဘာ့ကြောင့် မြန်မာမိန်းကလေးတစ်ယောက်ကို မုဒိန်းကျင့်လေဟန်အမှုဆင်စေသနည်း။

ပိုထူးခြားသည်က ဟာဂျီထွန်းထွန်း၏ရန်ဘက်ဖြစ်သူ ကုလားညီအစ်ကိုကို အပုတ်ချသည့်စာများအား အရေးအခင်းမဖြစ်မီတစ်ပတ်ခန့်အလိုကတည်းက ဦးဝီရသူ ဖေ့စ်ဘုတ်နှင့် နေမျိုးဝေဖေ့ဘုတ်များမှ..
ဘာ့ကြောင့် ရေးသားတင်ပြနေရသနည်း။

ပိုဆိုးသည်က ဦးဝီရသူသည်မြန်မာမိန်းကလေးတစ်ယောက်ကိုငွေပေးကာ အသုံးချနေသည့် ဟာဂျီထွန်းထွန်းဆိုသည့် ဘာသာခြားတစ်ယောက်ကို ဘာ့ကြောင့်အကာအကွယ်ပေးသနည်း၊

မြန်မာလူမျိုးများသည် ငွေယူပြီး ကုလားမှမုဒိန်းကျင့်ခံရလေဟန် သရုတ်ဆောင်သည်အထိ နိမ့်ကျသွားသော အနေအထားကို အမျိုးစောင့်သည်ဆိုသော...ဦးဝီရသူသည် အဘယ့်ကြောင့် မတွေးတောသနည်း။

ထိုဇာတ်လမ်းသည်..သေသေချာချာလေ့လာပါက..၊ ကြီးမားသော လှို့ဝှက်ချက်ပင်ဖြစ်ပါသည်။
--------------------------------------------

(၁၁)

ဦးဝီရသူသည် သူ၏မသေမသပ်လုပ်ရပ်များကို အစိုးရနဲ့ အာဏာရှင်ကိုအားကိုးကာ လုပ်ကိုင်နေသည်မှာ
သိသာလွန်းသောအချက်ပင်ဖြစ်သလို..

သူဘယ်လိုပင်ဘာသာရေးလှုံ့ဆော်နေပါစေ.. အစိုးရက သူ့ကို ဘာမှလုပ်မည်မဟုတ်ဟူသော
ယုံကြည်ချက်သည်လဲ သူ၏စိတ်သဏ္ဍန်ဝယ် စွဲထင်နေပုံရသည်၊

အာဏာရှင်အပါဝင် အစိုးရအဖွဲ့များသည်..ထိုကဲ့သို့ ထင်ရာလုပ်နေသော အစွန်းရောက်ဘုန်းကြီးများလုပ်မှ
သူတို့၏ ဘ၀ရှေ့ရေးအတွက်ကောင်းမည်ဟု ယူဆထားသည့်အလား မှတ်ယူကာ ဦးဝီရသူကဲ့သို့သော ပုဂ္ဂိုလ်များကို မသိမသာမွေးမြုခိုင်းစေလာကြသည်၊

ထို့ကြောင့် သာမန်ပြည်သူတို့ သဘောပေါက်နိုင်သော ဦးဝီရသူ၏ ထင်ရှားသည့် လှို့ဝှက်မှုများကို..
ပြုစုရေးသားလိုက်ရပါသည်....၊

( Pa Yit)

Friday, June 17, 2016

What are the chances of a mass shooting in Japan?


What are the chances of a mass shooting in Japan?

BY 
STAFF WRITER



Note: Rankings complied by The Japan Times.

Chief Cabinet Secretary Yoshihide Suga has vowed to tighten security to protect Japanese citizens both at home and abroad after a gunman killed scores at a gay nightclub in Orlando, Florida. But exactly how at risk of a mass shooting is Japan?
Statistics show that Japan, known for its strict gun-control laws, is one of the safest countries in the world as far as gun violence is concerned.
According to GunPolicy.org, a website run by the University of Sydney, Japan recorded just six deaths resulting from firearms in 2014, the second-lowest among 34 OECD countries after Iceland, which recorded four.
The United States ranked worst among OECD members, with 33,599 gun deaths the same year. Mexico ranked No. 2 with 13,505 deaths.
In terms of homicides per 100,000 people, Japan was again ranked as the second-safest country with 0.4 homicides, while Iceland registered just 0.32, according to an OECD report titled How’s Life? 2013.
In Japan, ordinary citizens are likely to face even lower chances of being victims of gun-related crimes.
According to the National Police Agency, Japan recorded eight cases of alleged crimes where guns were fired in 2015. All parties involved were believed to be yakuza or members of other crime groups, the agency said. Those cases left a total of one dead and three injured.
In Japan, citizens are banned from possessing, carrying, selling or buying handguns or rifles. Importing gun parts is also prohibited under the Firearm and Sword Control Law.
Only licensed hunters are allowed to own shotguns, andthe screening process is very strict.
Applicants are required to obtain a license from a local government and undergo background checks by police as well as mental and drug tests at hospitals.
The gun license must be renewed every three years, and applicants are required to again undergo the various tests.
Shotgun owners are also required to store their weapons in a specified locker at their home and report its location to police. Ammunition must be kept in a separate locked safe.
While gun-related incidents are rare in Japan, the country is no stranger to mass murder cases.
In December 2007, a man with a shotgun killed two people at a fitness club and injured six others before committing suicide in Sasebo, Nagasaki Prefecture.
But perhaps the most prominent mass killing was the 1995 sarin gas attack by the Aum Shinrikyo cult on Tokyo’s subway system. That attack killed 13 and injured more than 6,000 passengers.
The cult, using the same deadly nerve gas, killed another seven and injured about 140 in Matsumoto, Nagano Prefecture, in 1994.

Ref:The Japan Times News