ဘီ.တီဘီ (B.Tb) ဘွဲ့
Bachelor of Tubercolusis
ရေးဖွဲ့သူ- ဒေလဝါရ်အေးထွဋ်း
ဆယ့်ခြောက်နှစ်မှာ တက္ကသိုလ်ဘဝ
အဆင့်မြင့်ပညာ တံခါးဝ
ကွမ်းကစတာ သင်ခန်းစာ
ယစ်ယိုင်ဝါရိုး ဆေးစုံထည့်လို့
သွားဖြူနီရဲ ကြာလာမည်း
ကွမ်းတွေးမမှန် သူ့ပေါ်ကျဖန်
ဆဲဆိုဆုံးမ ရှက်ကွဲရ
ကွမ်းထုတ်ဘောက်သာ ခါးမှာထိုးကာ
ယိုးစိမ့်ထုံးကျ ခါးဝတ်ပျက်
ကျောင်းခပိုက်ဆံ ကွမ်းကြွေးထံ
သူထက်ပြိုင်ငါ ဂုဏ်ယူစား
မိဘချွေးဖိုး တန်ဖိုးမထား
ဆမ်တစ်ကုန်သော် ကွမ်းကဖော်ခေါ်
ဆေးဖက်ဆေးလိပ် နောင်တော်ပေါ့
အဆောင်နံရံမှာ ကြော်ငြာကပ်
ဆေးလိပ်ကွမ်း တားမြစ်ချက်
ဆရာဝင်ပြီ အခန်းထဲ
ငါ့ဆေးလိပ်က မကုန်သေး
ခဏလေးဆို ထပ်ပြန်ဆွဲ
အချိန်ကြာလွန် ဝင်မရဲ
စာကျက်ချိန်မှာ ရန်နှောက်ချက်
ချောင်းဆိုးရောဂါ ဆွဲလာကပ်
ဟိုက်ရှူး ဟိုက်ရှူး ဂါထာရွတ်
နေ့ညပုံမှန် ခဏမပြတ်
သူ့ဘွဲ့လေးက ထူးထူးခြား
ဘီတီဘီ ပထမ။
No comments:
Post a Comment