Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, June 6, 2016

ဆွိယာမ် ဥပုသ် ၊ ရေးသူ- ရိုဟင်လေး


ဆွိယာမ် ဥပုသ်

🎇🎇🎇🎇🎇🎇

ရေးသူ★★★ ရိုဟင်လေး

(၁)
ရာသီယန္တရား လည်ရောက်လာ
ရမ်ဇာန်လမြတ် မင်္ဂလာ
ရမ်ဇာန်လရဲ့ ဘုန်းတန်ခိုး
ဆွိယာမ်ဥပုသ်ကြောင့်တိုး။

(၂)
ညည့်သန်းခေါင်ထကာ ဝါချည်
နေဝင်ကျမှ အိဖ်တာရ်ဝိုင်းဖွဲ့
တစ်နေကုန်မစား ဝိစ္စမျှ
မုသားလိမ်ညာ ရှောင်ဝေးကြ
ဝါဖြေချိန်တွင် ဒူဝါဆု
အလ္လာဟ်သျှင်မြတ် ကဘုလ်ပြု။

(၃)
ဥပုသ်စောင့်လျှင် တိုးပွားလာ
စာနာ၊ခန္တီ၊   ဇွဲ၊ သဒ္ဓါ
ကရုဏာ၊ ရိုဇီ လွှတ်ငြိမ်းခွင့်
အလ္လာဟ်ချီးမြှင့် ရက် (၃၀)တွင်း
အကြောင်းမဲ့ဥပုသ် စွန့်လွှတ်သော်
အဝီစိငရဲ မီးလျှံမျှော်။

(၄)
အသျှင်စေပို့ လူသားကျိုး
ကုရ်အာန်ကျမ်းမြတ် ဤလကိုး
ကောင်းမူကုသိုလ် ဖြူစင်စွာ
ဆတိုးကိန်း (၇၀)နှင့်တွက်
ဥပုသ်အဆုံး နိဂုံးပွဲ
ဆမိုက်မုန့်နှင့်    နွှဲ ။         ။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

No comments:

Post a Comment