Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, June 5, 2016

အသက် ၆၁ နှစ်တွင်မှ အထက်တန်းကျောင်း အောင်သွားသည့် ဆိုမာလီအမျိုးသား

အသက် ၆၁ နှစ်တွင်မှ အထက်တန်းကျောင်း အောင်သွားသည့် ဆိုမာလီအမျိုးသား

--------------------------------------------------------------------

အာမက်မိုဟာမက်အလီသည် အသက် ၁၀ နှစ်အရွယ်တွင်ကျောင်းထွက်ကာ မိသားစုအတွက် ပိုက်ဆံရှာခဲ့ရသည်။ ထိုသို့လုပ်ကိုင်ရင်းဖြင့်
နှစ်အတန်ကြာလာသောအခါတွင်မူ ၎င်းသည်ဆိုမာလီယာ နိုင်ငံ ဘာလက်ဆိုသည့်ဇာတိမြို့တွင် နာမည်ကျော် စက်ချုပ်သမားတစ်ဦးဖြစ်လာ တော့သည်။
သို့သော် ပညာတတ်ဖြစ်လိုသည့် ရည်မှန်းချက်ကိုမူ ၎င်းင်းက အပျက်မခံခဲ့ပေ။ ကျောင်းပြန်တက်နိုင်ရန် အကြိမ်ကြိမ် ကြိုး စားခဲ့သေးသော်လည်း စီးပွားရေးကျပ်တည်းသဖြင့် ၎င်းင်းမှာအလုပ်သာ ဆက် လက်လုပ်နေရသည်။ လွန်ခဲ့သည့်လေးနှစ်တွင်မူ အထက်တန်းကျောင်းပြန်တက်ခွင့် ရသွားတော့သည်။ အသက် ၆၁ နှစ်အရွယ် တွင် အခြားသော ထောင်ပေါင်းများစွာသော ကလေးများနှင့်အတူ အထက်တန်းစာမေးပွဲ ၀င်ဖြေခဲ့ပြီးနောက် ယခုအချိန်တွင်မူ ၎င်းင်း သည် အထက်တန်းအောင်သွားချေပြီ။ ““ခင်ဗျား အသက်ပဲကြီးလှပြီ။ သင်လည်း ဘာထူးမှာလဲ””ဟု ၎င်းင်းကိုပြောခဲ့သူများက ပင် ယခုအချိန်တွင်မူ ၎င်းင်းကို အားကျစကား များဆိုနေကြပြီဖြစ်သည်။ ပညာလို အိုသည်မရှိဆို
သည့်စကားမှာ မိမိ၏လက်စွဲ စကားဖြစ်ကြောင်း ၎င်းက ပြောပြကြောင်း မေလ ၃၁ ရက် သတင်းများတွင်ဖော်ပြထား သည်။
‪#‎ချယ်ရီ‬(VOA, 1.6.16)

No comments:

Post a Comment