Thursday, March 19, 2020
ဘေးကင်းပါစေ..
Thursday, March 5, 2020
သမီးလေးဖတ်ဖို့
အွန်လိုင်းသုံးနေတဲ့ သမီးလေးဖတ်ဖို့
ဟိုတစ်နေ့က နိုင်ငံခြားသား မွစ်လင်မ်သူငယ်ချင်းတစ်ယောက်က အပြာဆန်တဲ့ ဗီဒီယိုရုပ်သံဖိုင် တစ်ခုပြတယ်။သူ မပြခင်ကတည်းကပြောထားတယ်။ဘိုင်…စကားအသံကိုသေချာနားထောင်ပါတဲ့။
ရုပ်သံဖိုင်က အူရ်ဒူစကားပြော သမီးရည်းစား အတွဲတွေဖြစ်တယ်။ကောင်မလေးက အလွန်ဆုံးရှိမှ ၁၇ နှစ်လောက်ပဲရှိမယ်။ကောင်လေးကတော့ကောင်မလေးထက်အသက်ကြီးမယ်။ ကင်မရာ ဗီဒီယိုဖွင့်ပြီးကောင်မလေးကို ပွတ်သပ်ထိကိုင်နမ်းရှုတ်နေရင်း အတင်းကို အဝတ်ဗလာနေပေးဖို့ပြောတော့ကောင်မလေးက မူတယ်။မရဘူးဘာညာပေါ့။နောက်ဆုံးကောင်လေးက ငါဒီတိုင်း အပျော်ရိုက်တာပါတဲ့။ ပြီးရင်ကြည့်ပြီး ပြန်ဖျက်မယ်ပြောတော့ကောင်မလေးက တကယ်လား။ ကျိန်ပြောတဲ့။ အဲ့တော့ကောင်လေးက တကယ်ပါ။ ကစမ်နဲ့ပြောတာပါ။ နင့်ပေါ်မှာ ကျိန်တယ်။ငါ့အမေပေါ်မှာ ကျိန်တယ်။နောက်ဆုံး အလ္လာဟ်ရဲ့ ကစမ်အလ္လာဟ်နဲ့ပါ ငါကိုင်ကျိန်တယ်။ပြန်ဖျက်ပါ့မယ်လို့ပြောတော့ကောင်မလေး သာသာယာယာပဲ။ တကိုယ်လုံး အဝတ်ဗလာဖြစ်အောင်ချွတ်ပေးလိုက်ပါတယ်။ !!!နောင်အူဇုဗိလ္လာဟ်ဘယ်အဆင့်ရောက်သွားလဲဆိုတော့ ဇိနာကျုးလွန်ဖို့ကိုတောင်အလ္လာဟ်ကစမ်ဆိုတဲ့ စကားကို လွယ်လွယ်ပြောပြီး အစ္စလာမ့်အမျိုးသမီးငယ်လေးတွေ ကိုယ့်မွစ်လင်မ်ထဲက သူယုတ်မာတွေကအရင်ဖျက်ဆီးနေကြတာဆိုရင်အခုလို ဖုန်းကင်မရာတွေပေါများလာတဲ့ခေတ်ကြီးမှာတော်တော်ကို ဆိုးရွားလာခဲ့ပါတယ်။ ဒါတွေ ကိုယ့်မြန်မာမွစ်လင်မ်လူငယ်သမီးရည်းစားဝေတွမှာလည်း မရှိဘူးလို့တော့ မထင်လိုက်ပါနဲ့။ အများကြီးရှိပါသေးးတယ်။!!!
တချို့ကလေးမတွေကို ကိုယ့်ချစ်သူရည်းစားကောင်လေးတွေက ယုတ်မာစေဖို့ ဇိနာလုပ်ဖုိ့ လွယ်ကူစေဖို့ ကစမ်ဆိုတဲ့ စကားကို ထိုးသုံးကြတာတွေ။ တချို့ ဆို ငါတကယ်နိကာဟ်နိယသ်နဲ့ချစ်တာ။ တကယ်ယူမှာလုိ့ပြောပြောပြီး ကလေးမလေးတွေရဲ့ အပျိုစင် virginity ကို နိကာဟ်အရင်ဆွဲယူနေကြတဲ့ ကိုယ့်ထဲက လူငယ်အချို့တွေရှိနေပါသေးးတယ်။ !
ဟိုတလောတုန်းကဆို ဒူဘိုင်းမှာဖြစ်သွားတာပါ။ ဒူဘိုင်းနေ အပ္ပနားသမီးရည်းစား ချစ်ကြိုက်ပြီး ကိုယ့်မြန်မာမွစ်လင်မ်သမီးရည်းစားတွေ အတွဲ living togetherနေကြတယ်။ကောင်မလေးကို တကယ်ယူပါ့မယ်။ဘာညာဆိုပြီးနေရင်းနေရင်းကနေ ကလေးမလေး ကိုယ်ဝန်ရသွားတော့ကောင်လေးက တာဝန်မယူပဲအလွတ်ရုန်း ရန်ကုန်ကိုထွက်သွားလိုက်တယ်။ကောင်မလေးးလည်း ထုံးစံအတိုင်းပေါ့။ ..... ဘာလို့ အရေးမယူလဲဆိုတော့ လက်ကမြင်းထားတဲ့ ကိုယ်တိုင်ရိုက်ကိုယ်တိုင်သရုပ်ဆောင်အချစ်ခန်းတွေကြောင့်ပါတဲ့။ !!!
တော်တော်လေးကိုကြီးမားလာတဲ့ရောဂါတခုပါ။ တချို့ဆို တရားဝင်ယူထားတဲ့ အကြင်လင်မယားကြားမှာတောင်အတူနေတဲ့အချိန်ကင်မရာထောင်ရိုက်တယ်။ ပြီးတော့ အိမ်ထောင်ရေးအဆင်မပြေကြတဲ့အခါ သွလားက်ဖြစ်ကြတဲ့အခါမှာယောင်္ကျားလုပ်သူက ex မိန်းမကို ပြန်အရှက်ခွဲဖို့ဖေ့စ်ဘွခ်ပေါ်မှာ အဝတ်ဗလာမိန်းမပုံတင်ကြတယ်။ ယုတ်မာကြတယ်။ ဒါလည်းကိုယ့်အပ္ပနားတွေထဲမှဖြစ်ခဲ့သေးးတယ်။!!! တချို့တွေကတော့ ဖုန်းကျပျောက်ရင်းကနေ ရုပ်သံဖိုင်တွေ အင်တာနက်ပေါ်ရောက်သွားကြတာတွေလည်းရှိကြသေးတယ်။!!
ဟိုတလောတုန်းက (အမည်မဖော်လို)မွစ်လင်မ်အန်တီတယောက်က ချက်ဘောက်စ်ကလာ အကြံအကူညီတောင်းတယ်။ဖြစ်ပုံက သူတူမလေးနဲ့ သမီးရည်းစားဖြစ်ကြတဲ့ကောင်လေးကို အိမ်က သဘောမတူလို့ ပျက်ပြီးကောင်မလေးကိုနောက်တယောက်နဲ့ပေးစားလိုက်ကြတယ်။အချိန်ကာလတခုကြာပြီးကောင်မလေးရဲ့ အရင်ရည်းစားဟောင်းကကောင်မလေးကို ပြန်အဆက်သွယ်လုပ်ပြီး မထင်ရင်မထင်သလို သူနဲ့တူတူပြန်နေပေးဖို့ခေါ်လေ့ရှိတယ်။ ငြင်းလုိ့လည်းမရအောင်ချုပ်ထားတယ်။အရင်သမီးရည်းစား ဘဝတုန်းက ကိုယ်တိုင်ရိုက်အရှက်မဲ့ ဇိနာတွေရဲ့ ရုပ်သံဖိုင်တွေနဲ့ ပြန်ခြိမ်းခြောက်ပြန်တယ်။ အဲ့လိုယုတ်မာကြတဲ့သူတွေလည်း ကိုယ်တွေထဲမှာရှိနေတယ်။!!
တချို့ သမီးရည်းစားလူငယ်တွေ အခု video callနဲ့ မဖွယ်မရာတွေကိုဖော်ပြချွတ်ပြနေကြတဲ့အဆင့်ထိကို ရောက်နေကြတယ်။ချစ်တယ်၊ ချစ်တယ်။ တကယ့်ယူမယ်။နိကာဟ်နိယသ်နဲ့ဆို ပိုင်တယ်ဆိုတဲ့စကားတွေတောင်ပြန်ကြားရသေးးတယ်။ အဲ့လို စကားတွေနဲ့ ကလေးမလေးတွေကို ချုပ်ကြတယ်။အလ္လာဟ်နာမည်တွေနဲ့ ကျိန်ဆိုပြီး ဇိနာပြုကြတယ်။အပျိုဝင်စကျောင်းတက်နေကြတဲ့ညီမငယ်လေးတွေ၊ သမီးငယ်တွေရှိကြတဲ့ဘိုင်တို့ အထူးသတိထားကြပါ၊၊ မွစ်လင်မ်အချင်းချင်းထဲမှာ ပိုယုတ်မာကြတဲ့သူအချို့လည်း ရှိနေပါတယ်။အထူးသဖြင့်ရန်ကုန်ကလိုဒေးတက်ကြတဲ့ကလေးမလေးတွေ ဟိုးမြို့အပြင်အဝေးကြီးမှာနေ့တိုင်းတစ်ရက်ကို ၁၀ နာရီနီးနီးလောက်အိမ်နဲ့ဝေးကွာနေကြရင်း အချို့သမီးရည်းစားထားကြ၊ လက်တက်စမ်းကြရင်း ဟိုးအရင်၁၄ နှစ်လောက်ကဆို တာဝလိုကျောင်းမျိုးမှာ သမီးရည်းစားအချို့ နိကာဟ်ခိုးဖတ်ပြီး လင်မယားလိုနေကြတဲ့ အတွဲတွေဆိုတာမှ အများကြီးပါ။ကျောင်းပြီးတော့ သွလားက်တဲ့။ အခုလိုခေတ်မျိုးမှာဆိုရင်တော့ဖြင့်(ကျောင်းတက်နေတဲ့ကလေးမတိုင်း ပျက်ဆီးနေသူလို့ မဆိုလိုပါ) အထူးသဖြင့်လိင်စိတ်အားဖြင့်ထိန်းချုပ်မှုအားနည်းကျတဲ့ အကွက်ကိုအချို့ကလည်း အခွင့်ကောင်းယူပြီး အချိူ့ ကလေးမလေးတွေကို ကင်မရာ recordingတွေ လုပ်ပြီးငွေညစ်နေတာတွေ၊ အိမ်ထောင်ရှိပြီးသားဖြစ်နေတဲ့ အမျိုးသမီးတွေကို ဇိနာပြန်လုပ်ဖို့ ခြိမ်းခြောက်နေကြတာတွေ၊ဘေးပတ်ဝန်းကျင်အသိုင်းဝိုင်းနဲ့ အွန်လိုင်းပေါ်ကပြန်ကြားနေရတာတွေကြောင့်ဒီပို့စ်ကိုရေးဖြစ်တာပါ။ !!
မှတ်ထားပါလော့။ ညီမငယ်တုိ့ ကိုယ့်ကိုယ်တကယ်ချစ်တဲ့သူက ဇိနာအတွက်အလ္လာဟ်နာမည်ကိုင်ပြီးကျိန်မှာတော့ မဟုတ်ဘူး။ တကယ်ချစ်ရင်တရားဝင်နိကာဟ်ကမ်းလှမ်းပါလိမ့်မယ်။!!
တဖက်ကလည်း မိဘတွေဘက်က သားသမီးတွေ phone/ internetပေးသုံးတဲ့အခါ အနီးကပ်လေ့လာထားဖို့လည်း လိုအပ်နေပါပြီ။ ကိုယ်တိုင်လည်း အနည်းအကျင်းဖွင့်နည်းသုံးနည်းတွေသင်ထားဖို့ လိုအပ်နေပါတယ်။ဒါမှ ကိုယ့်သားသမီးတွေပေါ်မှာ ထိန်းချုပ်နိုင်ပါလိမ့်မယ်။
အစဉ်အမြဲလေးစားလျက်။
ရေးသားသူ- KKK
Friday, February 14, 2020
အင်းဒင်အစုလိုက်သတ်ဖြတ်ပွဲ
![]() |
| ပုံ (၁) အင်းဒင်ရွာသား ၁၀ ယောက်ကို ဖမ်းဆီးပြီးညနေခင်းက ရခိုင်ရွာလမ်းကြားမှာ ဒူးထောက် ရိုက်ထားတဲ့ဓါတ်ပုံ။ |
အင်းဒင်အစုလိုက်သတ်ဖြတ်ပွဲ (၂၀၁၇ စက်တင်ဘာလ ၂ ရက်)
![]() |
| ပုံ(၂) အင်းဒင်ရွာသား ၁၀ ယောက်ကို ပဲရုံသင်္ချိုင်းကို ခေါ်သွားပြီး။ |
၁) အာဘူလု (၁၇ နှစ်)(ဆယ်တန်းကျောင်းသား)
၂) ရော်ရှိတ်အမတ် (၁၈ နှစ်) ဆယ်တန်းကျောင်းသား
၃) အာဘုလ်ဟာရှိမ် (25) ဆိုင်သည်
၄) နူရ်မိုဟာမတ် (၂၉) လယ်သမား၊ ငါးဖမ်းသမား
၅) အဗ္ဗဒုလ်မာလိက် (၃၀) ဗလီဆရာ
၆) ဒိလ်မိုဟာမတ် (၃၅) ငါးဖမ်းသမား
၇) ချိုကောတ်အုလ္လာ (၃၅) ငါးဖမ်းသမား
၈) ဟာဖီဇူ (၄၀) လယ်သမား၊ ငါးဖမ်းသမား
၉) အဗ္ဗဒုလ်မာဂျိတ် (၄၅) ကုန်စိမ်းဆိုင်သည်
၁၀) ရှားကဲရ်အမတ် (၄၅) ငါးဖမ်းသမား
တို့ဖြစ်ကြသည်။
![]() |
| ပုံ(၄) ဒီဇင်ဘာလ ၁၉ ရက် နေ့လည်တွင် ပဲရုံသင်္ချိုင်းကုန်းမှ ထူးဖော်ရရှိသည့် အရိုးစုများ။ |
![]() |
| ပုံ(၅) ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦး။ |
— လူထုဝဏ္ဏ
(ဇန္နဝါရီ ၁၂၊ ၂၀၂၀)
ကိုးကား
၁) ဘီဘီစီ| ရိုက်တာ သတင်းထောက်တွေ ဖော်ထုတ်ခဲ့တဲ့ အင်းဒင်သတ်ဖြတ်မှု (၅ စက်တင်ဘာ ၂၀၁၈)
၂) ဘီဘီစီ| အင်းဒင်ရွာ လူသတ်မှု - ထောင် ၁ နှစ် မပြည့်ခင်ကို တပ်မတော်သားတွေ စောလွတ်ခဲ့ (၂၇ မေ ၂၀၁၉)
Tuesday, February 11, 2020
သိန်းကြီးတောင်ဘုရားက အာရဗီကျောက်စာ
အာရကန်ပြည် မြို့ဟောင်းရှိ သိန်းကြီးတောင်ဘုရား ပရဝုဏ်တွင် တူးဖော်တွေ့ရှိခဲ့သော အာရဗီကျောက်စာ တစ်ချပ်ဖြစ်သည်။ မြောက်ဦးခေတ်က ဘာသာရေးအဆောက်အဦး၏ ကျောက်စာအပိုင်းအစ တစ်ခုဖြစ်ကြောင်း သိရှိရသည်။ ကျောက်စာတွင် ကျမ်းစာ စာသားများကို တစ်ကြောင်းတည်းနှင့် ရေးထိုးထားသည်။ ဘေးပတ်လည်တွင် ပန်းပုလက်ရာများဖြင့် ဘောင်ခတ်ထားသည်။ အလ္လာဟ် ဟူသော အာရဗီစကားလုံးကို ထင်ရှားစွာ တွေ့ရသည်။
ဤကျောက်စာကို ယနေ့ မြောက်ဦးယဥ်ကျေးမှုပြတိုက်တွင် ထိန်းသိမ်းပြသထားသည်။
Thursday, January 30, 2020
Fúl Baganot Zai (RK-Poem)
Fúl Baganót Zai
Aiyo berai fúl baganot,
Nanandoilla fúlor roñgot.
Noccá háñcer kéthkerái,
Zunib fulor duwarot ai.
Gulab fúl o guccá guccá,
Waawá óiyé muinna keñça.
Dheyal fúlor Meenmandari,
Hoitiri fúl e buzár ofúrani.
Bossá fúle rasta hañsat,
Barái lor dil-mon lagai.
Raatkarani fúle ator laga,
Kúcbo gorér raitor zama.
Samba fúl or roñg cúnali,
gasór agat gorér zílimilí.
Razulla fúl o ki córmindá
manúic deki luwar séga.
Cájjámanir fúlór dhuwat,
Hoitori fúl fúitthé gul hái.
Sújja fúl or adorór rosí
beil loi táke muka-mukí.
Maik fúlor hóbor gíri,
Únalufúl aibó bosór fíri.
Hoñla fúl de fanír bácí,
Hoinnar dehá nitti fítti.
Diyo fúl o boiddor táalit,
Gasár tálot keñl lari.
Cúnali fúl or lal roñge,
Fudin or córak keén sonke.
Zar zar boitta tete gunor,
mili táke fúl baganot.
Saité saité beil dhufí bóu
Fúlor hotá nofúrai bóu. ♥
____________________________________
Le.- Kuwaiccorjjá |
Jan 23, 2020, 12:34 Am
___________________________________
Wednesday, January 29, 2020
Poetry For Humanity ကဗျာရွတ်ပွဲတွင် ပါဝင်ခဲ့သော ရိုဟင်ဂျာကဗျာဆရာများနှင့် ကဗျာများ
၂၀၂၀ ပြည့်နှစ်၊ ဇန္နဝါရီလ ၂၄ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့၊ ဗဟန်း၌ ကျင်းပခဲ့သော လူသားဆန်မှုအတွက် ကဗျာ [Poetry for Humanity] ကဗျာရွတ်ဆိုပွဲတွင် ပထမဆုံးအကြိမ်အဖြစ် အခြားတိုင်းရင်းသား ကဗျာဆရာများနှင့်အတူ ရိုဟင်ဂျာတိုင်းရင်သား ကဗျာဆရာများက ပါဝင်ခဲ့တယ်။ နိုင်ငံတစ်ဝန်းက ကဗျာဆရာ ၄၀ ကျော် ပါဝင်ခဲ့သည့် အခမ်းအနားတစ်ခုလည်းဖြစ်သည်။ ကဗျာအနုပညာသည် အသားအရောင်၊ လူမျိုး၊ အသက်အရွယ် ခွဲခြားမှုကို လုံးဝ လက်မခံကြောင်း ပြသသွားသော သမိုင်းဝင် ခြေလှမ်းတစ်လှမ်း ဖြစ်ပါတယ်။
ရိုဟင်ဂျာကဗျာဆရာများသည် မိမိတို့ ဖြတ်သန်းနေရသောဘဝ၊ ခံစားချက်၊ ခံယူချက် တဲ့အကြောင်းအရာအပေါ် ကဗျာများရေးဖွဲ့ကာ အသီးသီး ရွတ်ပြကာ မိမိတို့ ခံစားချက်တွေကို မြန်မာပြည်တို့အား မျှဝေခဲ့သည်။ သူတို့သည် ကဗျာစာပေမှတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်မယ်ဟု ယုံကြည်ကြပါတယ်။ ရိုဟင်ဂျာကဗျာဆရာများနှင့် သူတို့၏ ရွေးချယ်ခံကဗျာများကို အောက်တွင်ဖော်ပြခဲ့ပါတယ်။
အဆိုပါ ကဗျာရွတ်ပွဲတွင် ပါဝင်ခဲ့သော ရိုဟင်ဂျာကဗျာဆရာများမှာ-
၁။ မေယုအာလီ
၂။ ယျာတင် (ရိုဟင်းသား)
၃။ အာဗ္ဗဒူလ်ခါန်
၎။ အာဇာတ်မိုဟာမွတ်
၅။ ရှာဟီးဒါ (ခ) ဝင်းဝင်းမော်
၆။ အေနာမုလ်ဟာဆောင်း
တို့ဖြစ်ကြတယ်။
ရိုဟင်ဂျာကဗျာဆရာများ၏ ကဗျာများမှာ-
၁။ ကျွန်တော်ပါ... ရိုဟင်ဂျာတစ်ဦး
ကျွန်တော် မွေးဖွားလာတဲ့အခါ
ကျွန်တော်ဟာ သင့်လို ကလေးတစ်ယောက် မဖြစ်ခဲ့ပါ။
မွေးစာရင်း ပိုင်ဆိုင်ခွင့် မရရှိဘဲဖြစ်ခဲ့တော့
လူသေအလောင်းတစ်လောင်းကဲ့သို့ ဖြစ်ရသူသာ။
ကျွန်တော် တစ်နှစ်သားအရွယ်ရောက်တဲ့အခါ
ကျွန်တော်ဟာ သင့်လို သူငယ်တစ်ယောက် မဖြစ်ခဲ့ပါ။
လူမျိုးဝိသေသတစ်ခု ပိုင်ဆိုင်ခွင့် မရရှိဘဲဖြစ်ခဲ့တော့
မွေးစားသား တစ်ယောက်ကဲ့သို့ ဖြစ်ရသူသာ။
ကျွန်တော် ကျောင်းသွားတက်တဲ့အခါ
ကျွန်တော်ဟာ သင့်လို ကျောင်းသားတစ်ယောက် မဖြစ်ခဲ့ပါ။
ဗမာလူမျိုး မျက်နှာသွင်ပြင် မပိုင်ဆိုင်ဘဲဖြစ်ခဲ့တော့
မျှော်လင့်ချက်ရောင်ခြည်ကင်းတဲ့
မနှစ်မြို့စရာ အနာဂတ်တစ်ခုလို ဖြစ်ရသူသာ။
ကျွန်တော် အခြားသောကျေးရွာတစ်ခုကို ရောက်သွားခဲ့တဲ့အခါ
ကျွန်တော်ဟာ သင့်လို ဒေသခံတစ်ယောက် မဖြစ်ခဲ့ပါ။
ညအိပ်ခိုလှုံခွင့်ရယူပြီး နေခဲ့ရတော့
ထိန်းမရချုပ်မရတဲ့ အချုပ်သားတစ်ယောက်ကဲ့သို့ ဖြစ်ရသူသာ။
ကျွန်တော် မြို့နယ်ကျော်ပြီး သွားခဲ့ရတဲ့အခါ
ကျွန်တော်ဟာ သင့်လို နိုင်ငံသားတစ်ဦး မဖြစ်ခဲ့ပါ။
ပုံစံ-၄ ဆိုတဲ့ ခရီးသွားလာခွင့်စာရွက်ကလေးကို ကိုင်ဆောင်ခဲ့ရတော့
စားကျက်လှည့်လည်သူတစ်ယောက်ကဲ့သို့ ဖြစ်ရသူသာ။
ကျွန်တော် တက္ကသိုလ်သွားတက်တဲ့အခါ
ကျွန်တော်ဟာ သင့်လို မောင်မယ်သစ်လွင်တစ်ဦး မဖြစ်ခဲ့ပါ။
အသက်မွေးဝမ်းကျောင်းဝင် အထူးပြုဘာသာ သင်ခွင့်မရတော့
တရားမဝင်သူတစ်ယောက်ကဲ့သို့ ဖြစ်ရသူသာ။
ကျွန်တော် လူသူများနဲ့ ချဉ်းကပ်တဲ့အခါ
ကျွန်တော်ဟာ သင့်လို သူတစ်ပါးရဲ့ လက်ခံစရာလူတစ်ဦး မဖြစ်ခဲ့ပါ။
လူမှုရေးခွဲခြားမှုနဲ့ လူမျိုးကြီးဝါဒ ခံစားရတော့ရောဂါဖြင့်
ခြေချုပ်ခံရသူ တစ်ဦးကဲ့သို့ ဖြစ်ရသူသာ။
ကျွန်တော် ထိမ်းမြားချင်တဲ့အခါ
ကျွန်တော်ဟာ သင့်လို စေ့စပ်ထားတဲ့သတိုးသားလောင်းတစ်ဦး မဖြစ်ခဲ့ပါ။
လက်ထက်ခွင့်ပြုမိန့်စာ ရယူခဲ့ရတော့
ဂြိုဟ်သားတစ်ဦးကဲ့သို့ ဖြစ်ရသူသာ။
ကျွန်တော့် တဲအိမ်ကလေးကို ပြုပြင်လိုတဲ့အခါ
ကျွန်တော့်ကို သင့်လို ခွင့်မပြုခဲ့ပါ။
ဘာမဟုတ်တဲ့ ငြင်းပယ်မှုများနဲ့ ရင်ဆိုင်ခဲ့ရတော့
ကျူးကျော်လာသူတစ်ယောက်ကဲ့သို့ ဖြစ်ရသူသာ။
ကျွန်တော် လုပ်ငန်းအနည်းငယ်လုပ်ကိုင်ရန် စီစဉ်တဲ့အခါ
ကျွန်တော်ဟာ သင့်လို လွတ်လပ်စွာ ဖောက်ကားနိုင်သူတစ်ဦး မဖြစ်ခဲ့ပါ။
ကန့်သတ်ခံရမှုနဲ့ သိမ်းပိုက်ခံရမှုများကြောင့်
လူမွဲတစ်ဦးကဲ့သို့ ဖြစ်ရသူသာ။
ကျွန်တော် အစိုးရဝန်ထမ်းရာထူးအတွက် လျှောက်တဲ့အခါ
ကျွန်တော်ဟာ သင့်လို အရွေးခံခွင့်ရသူတစ်ဦး မဖြစ်ခဲ့ပါ။
ပယ်ချမှုအကြောင်းတွေသာ လက်ခံခဲ့ရတော့
သီးသန့်ခွဲခြားခံထားရသူတစ်ယောက်ကဲ့သို့ ဖြစ်ရသူသာ။
ကျွန်တော် အစိုးရ-ဆေးရုံတွေ တက်ခဲ့ရတဲ့အခါ
ကျွန်တော်ဟာ သင့်လို ဦးစားပေးလူနာ မဖြစ်ခဲ့ပါ။
ဘေးဖယ်ခံရမှုနဲ့ ခွဲခြားခံမှုတွေကြောင့်
သူစိမ်းတစ်ယောက်ကဲ့သို့ ဖြစ်ရသူသာ။
ကျွန်တော် ဘာသာရေးလိုက်စားတဲ့အခါ
ကျွန်တော်ဟာ သင့်လို ဘာသာရေး ကိုင်းရှိုင်းသူတစ်ဦး မဖြစ်ခဲ့ပါ။
ပြိုပျက်ခံဗလီထဲ ဝတ်ပြုခွင့် ကန့်သတ်ခံထားရတော့
လူမဆန်မှုတွေခံရတဲ့ လူတစ်ယောက်သာ။
တီးကွက်ညီညီ ဖန်တီးခဲ့တဲ့ အဓိကရုဏ်းနဲ့
ကျွန်တော် ရင်ဆိုင်တွေ့ကြုံတဲ့အခါ
ကျွန်တော်ဟာ သင့်လို ဘေးအန္တရယ်မှ
ရှင်သန်ကျန်ရစ်သူ မဖြစ်ခဲ့ပါ။
လုံခြုံမှု အာမခံချက်မရှိတော့
မုဒိမ်းမှုရဲ့သားကောင်ကဲ့သို့ ဖြစ်ရသူသာ။
နှစ်သစ်ကူး ရောက်တဲ့အခါ
ကျွန်တော်ဟာ သင့်လို အရပ်သားတစ်ဦး မဖြစ်ခဲ့ပါ။
ဆယ်စုနှစ်ပေါင်းကျော်က စစ်ဆေးရေးတွေကြောင့်
စစ်တမ်း ပစ္စည်းတစ်ခုကဲ့သို့ ဖြစ်ရသူသာ။
ဇာတိချက်ကြွေမှာ နေထိုင်နေလည်းပဲ
ကျွန်တော်ဟာ သင့်လို 'မိမိနိုင်ငံ'ဟု ခေါ်ခွင့်မရပါ။
သက်သေခံမှတ်တမ်းတစ်ခု မရရှိတော့
ခိုးဝင်လာခဲ့သူ တစ်ဦးကဲ့သို့ ဖြစ်ရသူသာ။
ကောင်းကင်ကိုဖြတ်ပြီးတိုက်လာတဲ့ လေထုကို ရှုရှိုက်ရလည်း
ကျွန်တော်ဟာ သင့်လို လူသားတစ်ဦး မဖြစ်ခဲ့ပါ။
ယုံကြည်အားထားရတဲ့ ခိုအောင်းစရာတစ်ခုမရရှိတော့
အထီးကျန်သူ တစ်ယောက်ကဲ့သို့ ဖြစ်ရသူသာ။
ကျွန်တော် နေထွက်လာတာကို ကြည့်ရှုပေမယ့်လည်း
ကျွန်တော်ဟာ သင့်လို သက်ရှိသတ္တဝါတစ်ဦး မဖြစ်ခဲ့ပါ။
မျှော့်လင့်ချက်ရဲ့ဖွံ့ဖြိုးမှုကို မရရှိခဲ့တော့
သဲပုံရဲတိုက်တစ်ခုကဲ့သို့ ဖြစ်ရသူသာ။
လူမဆန်မှုတွေရဲ့အထွပ်အထိပ်မှာ နေနေရလည်း
ဒုစရိုက်တွေရဲ့ကြောက်မက်ဖွယ်ရာအလယ်မှာ ဝန်းရံခံရပေမယ်
့လွတ်လပ်မှုရဲ့ ပြည့်စုံတဲ့အဓိပ္ပာယ်ကို တစ်ကြိမ်တစ်ခါလောက် မြည်းစမ်းနိုင်ဖို့
ကျွန်တော့်အရေပြားဟာ ဆတ်ဆတ်တုန်ယင်နေတယ်။
ကိုယ်ပိုင်တဲ့ ကမ္ဘာလေးတစ်ခုမှာ တစ်ကြိမ်တစ်ခါလောက် လျှောက်လည်ဖို့
ကျွန်တော့် နှလုံးသားက မျှော်လင့်ပါတယ်။
ခုခေတ်ကြီးမှာ ...ဘယ်သူမှ ကျွန်တော်လို မဟုတ်တော့ပါ။
ကျွန်တော်နဲ့ နှိုင်းနိုင်သူဆိုလို့ ကွ
ခုခေတ်ကြီးမှာ ...ဘယ်သူမှ ကျွန်တော်လို မဟုတ်တော့ပါ။
ကျွန်တော်နဲ့ နှိုင်းနိုင်သူဆိုလို့ ကျွန်တော်ပဲ ရှိပြီး
အဲ့ဒီကျွန်တော်ဟာ ... ရိုဟင်ဂျာ တစ်ဦးပါ။
ရေးဖွဲ့သူ- မေယုအာလီ
မြန်မာပြန်ဆို- Yar Tin (Rohingthar)
_______________________________
၂။ "မှားနေတာ ငါတို့လား"
"ခိုးဝင်လာသူတွေ မဟုတ်ကြောင်း" ဆိုတာကို
အမှန်အတိုင်း ငြင်းဆိုနေတယ်။
ဒါကို သူတို့က -
"ပြစ်မှုကျူးလွန်တဲ့ တရားခံအလား"
နည်းအစုံနဲ့ ဖမ်းဆီညှဉ်းပန်းနေတယ်။
ငါတို့က -
"ရခိုင်ပြည်ရဲ့ မူလဘူတဖြစ်ကြောင်း" ဆိုတာကို
သက်သေနဲ့တကွ ချပြနေတယ်။
ဒါကို သူတို့က -
"ရခိုင်ပြည်နယ်ကို သီးခြားလုဖို့ကြံစည်နေတယ်" ဆိုပြီး
ပြည်သူကို မှိုင်းခါးခါးတိုက်နေတယ်။
ငါတို့က -
"အခြေခံလူ့အခွင့်အရေးတွေ ခံစားပိုင်ခွင့်ရှိကြောင်း" ကို
လူသားအနေနဲ့ တောင်းဆိုကြတယ်။
ဒါကို သူတို့က -
"မြန်မာတစ်နိုင်ငံလုံးကို တောင်းနေဘိအလား"
ရှေ့နောက်မညီမညွှတ်အောင် ငြင်းနေကြတယ်။
ငါတို့က -
"သမိုင်းကြောင်းအရ မှန်မှန်ကန်ကန် လုပ်ပါ" ဆိုပြီး
တောင်းဆိုနေကြတယ်။
ဒါကို သူတို့က -
"မဟုတ်မတရား တိုင်းရင်းသားတောင်းနေတယ်" ဆိုပြီး
နည်းအစုံနဲ့ ဝါဒဆိုးဖြန့်နေကြတယ်။
ငါတို့က -
"ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းပါ" ဆိုပြီး
လေးလေးနက်နက် အကြံပြုတယ်"။
ဒါကို သူတို့က -
"အကြမ်းဖက်သမား" ဆိုပြီး
မဟုတ်မမှန် စွပ်စွဲပြီး သတ်ဖြတ်နေကြတယ်။
ငါတို့်က -
"ဒီနိုင်ငံရဲ့ တရားဝင် နိုင်ငံသားပါ" ဆိုတာကို
သက်သေနဲ့တကွ ပြတယ်။
ဒါကို သူတို့က -
"မနေ့တနေ့က ခိုးဝင်လာသူတွေ" ဆိုပြီး
အခြအမြစ်မရှိ စွပ်စွဲပြန်တယ်။
ငါတို့က -
"သွားလာခွင့်၊ ပညာသင်ယူနိုင်ခွင့်၊ ဝတ်ပြုနိုင်ခွင့်" တွေကို
ဥပဒေဘောင်အတွင်းက တောင်းကြတယ်။
ဒါကို သူတို့က -
"နန်းတော့် ပလ္လင် တောင်းနေဘိအလား"
ငြင်းမြဲငြင်းနေကြတယ်။
အလို !!!
ငါတို့ ဘာများ မှားနေကြတာလဲ။
မှန်မှန်ကန်ကန် ထောက်ပြနိုင်ရင်
တစ်ကွက်လောက်ဖြစ်ဖြစ် ထောက်ပြပါလေ။
ရေးဖွဲ့သူ-📝 ယျာတင် (ရိုဟင်းသား)
——————————————
၃။ ရိုဟင့်သား ဆန္ဒ
ဘာသာမတူ
ခွဲပြားလူမျိုး
မတူသွင်လည်း
လူသားတည်းဟု
စိတ်ထဲထားကာ
မြန်သားပါဓာတ်
ကျင့်ကာလက်တွေ့
လက်ချင်းတွဲလျက်
နွေးထွေးချစ်ခင်
အပြုံးဆင်လျက်
နေချင်သည်ကား
ရိုဟင့်သား ဆန္ဒ။
ရေးဖွဲ့သူ- မောင်အဗ္ဗဒူလ်ခါန်
_______________________________
၎။ ရိုဟင်ဂျာတစ်ဦး တိရိစ္ဆာန်ရုံသွားခြင်း
၁။
ကျွန်တော်တခါကတိရိစ္ဆာန်ရုံ သွားဖူးတယ်။
အကောင်တွေ ကျပ်ပိတ်သိပ်ပြီး
လူတွေတိုးလွန်းလို့
တစ်နေကုန် ကြည့်ခဲ့ရတယ်။
ငယ်ငယ်တုန်းကပေါ့၊
အမြင်သစ်တစ်ခုတော့ ရခဲ့တယ်။
တိရိစ္ဆာန်ရုံမှာ လူတွေက
သွားလိုက်လာလိုက်၊
တစ်ချို့က မိသားစုတွေနဲ့၊
တစ်ချို့က သူငယ်ချင်းတွေနဲ့၊
တစ်ချို့ကလည်း ရည်းစားနဲ့၊
တစ်ချို့ကတော့ အမျိုးသားနဲ့၊
တစ်ချို့ကျတော့ ကျွန်တော့်လို တစ်ကောင်ကြွက်။
လှောင်အိမ်ထဲမှာ ကျားတစ်ကောင်
သူ့အစင်းတွေက ဖုန်တလူးလူးနဲ့၊
ခါက်တုန့်ခေါက်ပြန် လျှောက်ရင်း
သူ့လှောင်အိမ်ထဲကနေလောကကြီးရဲ့
အမြင်ကို ပြောင်းလဲပစ်လိုက်တော့မလိုလို။
ကြည့်နေတဲ့ လူအုပ်ရဲ့ မျက်နှာ
တစ်ချို့က ပြောင်စပ်စပ်၊
ကလေးတစ်ချို့က ငိုယိုနေ၊
တစ်ချို့က ဒေါသထွက်၊
တစ်ချို့ကလည်း အံ့ဩလို့၊
တစ်ချို့ကတော့
“ဒီကောင် လှောင်အိမ်ထဲမှာနေရတာ လွတ်လပ်မှာပါ” လို့မှန်းဆကြ။
အားလုံးအတွက် အပျင်းပြေစရာအဖြစ်
တစ်နေ့တစ်ခါ အရောင်းစားခံနေရတဲ့ကျားရဲ့ဘဝ။
စဉ်းစားကြည့်ကြပါ။
ဒီတောရိုင်းတိရိစ္ဆာန်တစ်ကောင်ရဲ့
လွတ်လပ်တဲ့ဘဝကို ဝယ်တဲ့လူတွေကတော့
တစ်နေ့ထက်တစ်နေ့ ပိုချမ်းသာလာတာ။
စဉ်းစားကြည့်ကြပါ။
လှောင်အိမ်ကို ဆွေးမြေ့အောင်
တမင်ထားထားသူတွေအကြောင်း၊
သူတို့ကတော့ထင်ကြမှာပဲ…
ဒီတိရိစ္ဆာန်တွေ အပြင်လောကကြီးကို
လှောင်အိမ်ထဲကနေ ကြည့်မနေရရင်လည်း
တစ်ယောက်ယောက်ကတော့
သူတို့ကိုကျွေးမွေးစောင့်ရှောက် နေဦးမှာပါပဲလို့။
ကျွန်တော် အားလုံးနဲ့အတူ
ကျားကိုသွားကြည့်ခဲ့ရတုန်းက
သူ့အတွက် ရင်နာတယ်၊ ဝမ်းနည်းတယ်။
လေးစားစွာ အကြံပေးပါရစေ လောကကြီးရေ။
တိရိစ္ဆာန်အားလုံးကို ဘေးမဲ့လွှတ်လိုက်ကြပါ။
၂။
တခါကညလယ်ခေါင် အိပ်မရလို့ နိုးထလာ၊
သံစကာနောက်မှာ လှောင်အိမ်ချခံနေရတဲ့
ကိုယ့်လူမျိုးတွေကို သတိရမိ၊
စစ်ဆေးရေးဂိတ်တွေ၊
လုံခြုံရေးအရာရှိနဲ့ စစ်သားတွေ၊
သေနတ်တွေကြားမှာသွားလေရာ
အရိပ်တကြည့်ကြည့် စောင့်ကြည့်ခံနေရတဲ့
ဖုန်တလူးလူးလုံခြည်နဲ့ အဘိုးအိုတွေ။
အိပ်မက်ထဲမှာ သူတို့က
ဒုက္ခသည်စခန်း (က) ကနေ စခန်း (ခ) ကို
ခေါက်တုန့်ခေါက်ပြန် လျှောက်လို့နေ၊
အပြင်လောကကြီးအကြောင်း စိတ်ကူးယဉ်နေကြ။
သတင်းထောက်တွေက သူတို့ကို နာကျည်းစရာဖြစ်ရပ်တွေဆီ
တကြော့ပြန်သွားခိုင်း၊
ဒုက္ခသည်တွေကို တီဗွီမှာအသံလွှင့်၊
ပြီးရင် ဆုတွေယူ၊
ပရဟိတအဖွဲ့တွေက ငိုယိုနေတဲ့ကလေးတွေကို ဓာတ်ပုံရိုက်၊
အလှူခံဖို့ လက်ကမ်းစာစောင်တွေ ထုတ်ဝေ၊
သံတမန်တွေက အတောင့်အတင်းဆုံးတဲတွေထဲအထိလာပြီး အားပေးစကားပြော၊
“ခင်ဗျားတို့ ဘယ်လိုခံစားရသလဲ ဆိုတာ နားလည်တယ်” လို့ထပ်တလဲလဲပြော၊
ပြီးရင် ဘယ်တော့မှ ပြန်ပေါ်မလာ။
လှောင်အိမ်သာ ဆွေးမြေ့ပြိုပျက်သွားခဲ့ရင်
သူတို့က ထင်မှာ ...သြော်၊ ဘာပဲဖြစ်ဖြစ်
သူတို့ခေါင်းပေါ်မှာ အမိုးအကာကိုယ်စီနဲ့
ထမင်းနပ်မှန်အောင်တော့ စားကြရမှာပါလို့။
ရေးဖွဲ့သူ- Azad Mohammed
မြန်မာမြန်ဆို- Kenneth Wong and Sai Sam
_______________________________
၅။ မေ့ရခက်တဲ့ အတိတ်ဆိုး
သန်းခေါင်ယံချိန် အိပ်မောကျစဉ်
ညဥ့်နက်ခြောက်ပို အိပ်မက်ဆိုးပမာ
သေနတ်ဖောက်သံ တညံညံဖြင့်
လန့်နိုးခဲ့ရသည့် ထိုညကို
ယခုတော့ တွေးကြောက်မိသည်
မေ့ရလည်း ခက်သည်။
အရုဏ်တက်ချိန် ထိုနေ့မနက်
သားသတ်မုဆိုးတို့က သက်ကြီးရွယ်အို
ကလေးမချန် ရိုမျိုးဟုတ်ရင်
ကျွဲနွားသဖွယ် လည်လှီးသတ်လို့
သွေးအိုင်ထဲမှာ လဲနေရှာတဲ့
ထိုအလောင်းများမြင်ယောင်နေဆဲ မေ့မရပါ။
ခြေဦးတည်ရာ သက်လုပြေးချိန်
ယုတ်မာသူတွေ သွေးစုပ်ကြမ်းဖက်
ဥစ္စာပစ္စည်း ဖျက်ဆီးလုယက်၊
ရပ်ရွာကိုလည်း မီးရှို့ပြာကျ
ရင်နင့်ဖွယ်ရာ မြင်ကွင်းအသေင်္ချ
မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည့်
ရင်နာဖွယ်ရာ ငါတို့အတိတ် မေ့ရခက်နေဆဲပါ။
လက်နက်အားကိုး အငြိုးကြီးနှင့်
အားကိုးစရာ မဲ့ရှာသူကို
အုပ်စုဖွဲ့လို့ မုဒိန်းကျင့်နေစဉ်
ရိုလုံမငယ်များ၏ တစာစာ
အကူအညီ တောင်းခံသံများ
အာရကန်မြေ၏ ကောင်းကင်တခွင်
ယနေ့ထိပင် ပဲ့တင်ဟပ်နေသည်ကို
ကြားယောင်မိဆဲပါ။
လုံခြုံရာကို ပြေးရှာနေခိုက်
နတ်မြစ်ကြီးကို ကူးဖြတ်နေချိန်
ချစ်သူနဲ့ကွဲ မိဘနဲ့ဝေး
မိသားစုလိုက် လှေမှောက်သေ၍
ပင်လယ်ငါးစာ ဖြစ်ခဲ့ရသည့်
ထိုထိုဖြစ်ရပ် အတိတ်သမိုင်း
ပြန်ခါသတိ ရတိုင်းမှာ
နှလုံးကြေကွဲ မျည်ရည်ယိုကျ
ဒါဟာ ငါတို့ရဲ့ မေ့ရခက်တဲ့ အတိတ်ဆိုးပါ။
ရေးဖွဲ့သူ- Shahida @ Win Win Maw
_______________________________
၆။ ရို-ဌာနီသည် ဝေးသနှင့်
(၁)
ဟိုး . . .
ဝင်းရွှင်ပပ မိုးယံအောက်က
နိဗ္ဗာန်သဖွယ် ဘိုးဘွားပေးမွေ
ဇာတိမြေကို၊ အလွမ်းပိုလျက်
ခရီးရှည်လျား ပန်းတိုင်မှုန်ဝါး
ဖြတ်ရခဲခက် ရှေ့သို့ဆက်လေ
သောကပေါင်းက တားဆီးကာလည်း
ပြေးသွားချင်ပြီ ဇာတိမြေဆီ
ဌာနေမြေသည် ဝေးသနှင့်။
(၂)
လူ့လောကသား ရို-ဘဝကား
ပင်ပန်းမှုမှာ ရင်ခွဲလုမျှ
နှောင်ရစ်ခံသည့် ချုံမှောင်ထဲမှ
ထွက်ပြေးချင်စိတ် ပြင်းပြလာ၍
ဟစ်ကာအော်လည်း အားကုန်ရုံသာ
ငါ့လိုလူသား ရှင်သန်ကျိုးမဲ့
ချက်ကြွေပြည်၌ ပြန်သွားသေချင်
ဌာနေမြေသည် ဝေးသနှင့်။
(၃)
တိုင်းတစ်ပါး၌ သူတစ်ပါးမှီ
သူကျွေးမှစား သူကူမှဝတ်
ဘယ်မှာရိုးရာ ဘယ်မှာစာပေ
ရိုဟင်ဂျာမျိုး မေ့လုဆဲဆဲ
မျိုးဂုဏ်ဆောင်သည့် တို့ဓလေ့မြတ်
ပုံစံမကျ ရောနှောစီးဆင်း
မွေးရပ်မြေဆီ အပြေးသွား၍
ယုတ္တိဆန်ဆန် ပြုချင်ငြားလည်း
ဌာနေမြေသည် ဝေးသနှင့်။
(၄)
ဥပါဒ်ပြည့်နှက် ပင်လယ်ပြာ၏
ကမ်းတစ်ဖက်က တို့ပြည်ကြီးသို့
မျက်နှာမူ၍ စိတ်ကမှန်းချိန်
မျက်စိမနိုင် မှုန်ဝါးဝါးမြင်
မျက်ရည်ဝဲ၍ ပါးပြင်စိုစွတ်
အတောင်ပံမဲ့ ငှက်လေးတစ်ကောင်
တို့ပြည်ကြီးဆီ ပျံသွားချင်လည်း
ဌာနေမြေသည် ဝေးသနှင့်။
(၅)
ညနေဆည်းဆာ နေဝင်ချိန်ခါ
နယ်စပ်နားထိုင် မှန်း၍ရှုရှိုက်
မေယုတောင်က ရှူမဝသည့်
ရင်အေးစေရာ လေပြေလေညင်း
ရေမြေခြားမှာ ငါရိုဟင်းသား
အနည်းငယ်မျှ ထိတွေ့မရ
မွေးရပ်မြေ၏ လေပြေအေးအေး
ပြင်းပြင်းပြပြ ငါတမ်းတလည်း
ဌာနေမြေသည် ဝေးသနှင့်။
(၆)
နေ့ညတူတူ လင်းရောင်ကင်းလျက်
နယ်ရှစ်ခွင်မှိုင်း မုန်းစက်ဝိုင်းမှ
လျို့ဝှက်သည်းဖို လွတ်မြောက်ရေးကို
နေ့ညမပြတ် စောင့်ဆိုင်းလာလည်း
ဇာတ်လမ်းကတူ မပြောင်းမလဲ
မွဲကံကြမ္မာ ဒုက္ခသည်ဘဝ
အောက်စီဂျင်လည်း မဝတဝ
အသက်ရှူတိုင်း လွမ်းမပြေသည့်
ဇာတိမြေဆီ သွားနေချင်လည်း
ရို-ဌာနေသည် ဝေးသနှင့်။
ရေးဖွဲ့သူ - Řø Anamul Hasan
_______________________________
Monday, January 27, 2020
မယုမြိုင်
မယုမြိုင်
(၁)
ဟိမဝန္တာ့၊ တောင်ဆွယ်ချာ
ညွှန့်ဖြာကြော့တည်၊ တောင်မြောက်သွယ်
ပင်လယ်အော်ကမ်း၊ ရေသောက်အံ့
ကြွဖြန့်လာခဲ့၊ ဇွဲမာန်စွဲ
အထွတ်ဖြိုင်ဖြိုင် မယုမြိုင်။
(၂)
ဥယျာဉ်သဖွယ် ပန်းစုံလည်
စံပယ်၊ ဇီဇဝါ၊ ထပ်တရာ
ကလျာသဇင်၊ ချုံခိုဆင်
သရဖီပျို၊ ပန်းခွာညို
ပွင့်စိုဂနိုင်၊ တင့်မွှေးကြိုင်။
(၃)
မယူရ၊ ကာယာပူရ ချစ်နှမ
သည်စုံမြိုင်ထဲ စံပျော်သွား
ဟာနီဘားဘုရင် နန်းစိုက်တင်
မိုးထိလုမျှ တောင်ထွတ်ဖျား
ယခုထိပင် ထင်ထင်ရှား။
(၄)
ဆဒ္ဒန်စံရာ၊ တောခန်းဝါ
ဒေါင်း၊စာ၊ကျေး၊ခါ၊ ငှက်စုံစွာ
ကျက်စားမွေ့လျော်၊ တောရုံပျော်။
တောင်ကျော်လမ်းစီ ဖောဖောသီ
အလီယောင်းဒါးလား မက်ဖွယ်ရာ
ဖော်များမဆွယ် ကျော်မရဲ
တောနဲခရီး ဘေးထွေထွေ။
(၅)
ဂိမှာန်အခါ တောင်ယာခုတ်
တောအုပ်သူခေါင်း ပြောင်းငရုတ်
မြိုင်ငုတ်နားသာ တောမြေယာ
ပျဉ်းကတိုး၊ကျွန်း ဝါးရုံများ
သယံဇာတ ဝကြွယ်ဖြာ။
(၆)
တောင်ခြေတတန်း ရို-ရွာလန်း
ရိုဓလေ့များနှင့် စည်းစည်းကား
ကားချပ်ပမာ ပျို့ဆည်းဆာ
နတ်မင်းသော်က မာန်ဟုန်ထ
အံ့ထက်အံ့လှ ရှုခင်းများ။
---------------*******---------
Oct 28/10/2019
စာညွှန်း-
* ဒါးလား = တောင်ကျော်လမ်း
(၂၆-၁-၂၀၂၀)
#TheArtGardenRohingya










