Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, November 16, 2016

The Ten Stages of Genocide (ဂျင်းနိုးဆိုဒ်အန္တရာယ်၏ အဆင့် (၁၀) ဆင့်)

ဂျင်းနိုးဆိုဒ်အန္တရာယ်၏ အဆင့် (၁၀) ဆင့်


The Ten Stages of Genocide by Gregory H. Stanton, President of Genocide Watch

အကျဉ်းချုံးဘာသာပြန်- ဒေါက်တာမောင်ဇာနည်

ဂျင်းနိုးဆိုဒ် (လူမျိုးပျက်သုဉ်းအောင်သေကြေစေခြင်း)သည် ကြိုတင်မှန်းဆ၍ရသော အဆင့် (၁၀) ဆင့် ရှိသော်လည်း ထိုအဆင့်များသည် အရှိန်အဟုန်လျော့ကျခြင်းမရှိသော အဆင့်များဖြစ်သည်။ ထိုအဆင့် များမှာ တစ်ခုပြီးမှ တစ်ခုဖြစ်လာသည်ဟုဆိုနိုင်ခြင်းမရှိသကဲ့သို့ တပြိုင်တည်းလည်း ဖြစ်ပေါ်နိုင်ပေသည်။ ထိုအဆင့်များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ခွဲခြားသတ်မှတ်ခြင်း (Classification) 

“ငါတို့” နှင့် “သူတို့” ဟူ၍ခွဲခြားသတ်မှတ်ခြင်းသည် ယဉ်ကျေးမှုတိုင်း၌ရှိသည်။ ထိုသို့ခွဲခြားသတ်မှတ်ရာတွင် လူမျိုးစု၊ လူမျိုး၊ ဘာသာ၊ နိုင်ငံသား ဟူ၍ခွဲခြားသတ်မှတ်လေ့ရှိသည်။ ဥပမာ - ဂျာမန်လူမျိုးနှင့် ဂျူးလူမျိုး ၊ ဟူးတူးလူမျိုး (Hutu)နှင့် တွတ်စီလူမျိုး (Tutsi) တို့ဖြစ်သည်။

၂။ သင်္ကေတသတ်မှတ်ခြင်း (Symbolization) 

 ထိုကဲ့သို့ ခွဲခြားသတ်မှတ်ရာတွင် နာမည်တပ်ခေါ်ခြင်း (သို့မဟုတ်) သင်္ကေတတပ်ပေးခြင်း ပြုလုပ်တတ် ပါသည်။ ဂျူးလူမျိုး (သို့) ဂျစ်ပ်စီလူမျိုးကို ၎င်းတို့၏ အသားအရောင် ဝတ်စားဆင်ယင်မှု စသည်တို့ဖြင့် ခွဲခြား သတ်မှတ်လေ့ရှိသည်။ ထိုကဲ့သို့ သတ်မှတ်ခြင်းသည် လူ့သဘာဝဟုဆိုနိုင်၍ လူဇာတ်ဖျက်ခြင်း (Dehumanization) မြောက်မှသာလျှင် ဂျင်းနိုးဆိုဒ်ဟုဆိုနိုင်ပေသည်။ ထိုသင်္ကေတများမှာ အပြုခံရသူများ၏ ဆန္ဒမပါပဲ သတ်မှတ်ခြင်းမျိုးဖြစ်သည်။ ဥပမာ- နာဇီအစိုးရလက်ထက်တွင် ဂျူးလူမျိုးများအား ကြယ်ဝါတံဆိပ် အတင်းအကြပ် ဝတ်ဆင်စေခြင်း၊ ကမ္ဘောဒီးယားနိုင်ငံ၌ ခမာနီများက အရှေ့ဇုံဒေသမှ လူမျိုးများအား အပြာရောင်လည်စည်း ဝတ်ဆင်စေခြင်းတို့ဖြစ်သည်။

၃။ ခွဲခြားဆက်ဆံခြင်း (Discrimination)  

အထက်စီးရသော အုပ်စုသည် ဥပဒေ၊ ထုံးတမ်း အစဉ်အလာ၊ နိုင်ငံရေးအာဏာကို အကြောင်းပြ၍ ကျန်အုပ်စု၏ ရပိုင်ခွင့်ကို တားမြစ်ပိတ်ပင်တတ်သည်။ အားနည်းသော အုပ်စုအား ၎င်းတို့၏ အများပြည်သူ ရပိုင်ခွင့်များ ပိတ်ပင်ခံရခြင်း၊ နိုင်ငံသားပြုခွင့် ပိတ်ပင်ခြင်းများ ပြုလုပ်တတ်ကြသည်။ ဥပမာ- ၁၉၃၅ ခုနှစ် နျူရင်ဘာဂ်ဥပဒေများအရ ဂျူးလူမျိုးများ မှာ ဂျာမန်နိုင်ငံသား ဆုံးရှုံးခဲ့ရပြီး အစိုးရဌာနများနှင့်တက္ကသိုလ်များ၌ အလုပ်တာဝန်ထမ်းဆောင်ခွင့်ပိတ်ပင်ခံရသည်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မူဆလင်များအား နိုင်ငံသားပြုခွင့် ပိတ်ပင်ခြင်းသည် နောက်ထပ်ဥပမာတစ်ရပ်ဖြစ်သည်။

၎။ လူဇာတ်ဖျက်ခြင်း(Dehumanization)  

အုပ်စုတစ်စုသည် ကျန်အုပ်စုအား လူဇာတ်ပျက်စေအောင်ဆောင်ရွက်သည်။ အခြားလူအုပ်စုအား တိရိစ္ဆာန်နှင့်နှိုင်းယှဉ်ခြင်း၊ ကြွက်၊ ပိုးမွှား၊ ရောဂါများနှင့် နှိုင်းယှဉ်ခြင်းများပြုလုပ်တတ်ကြသည်။ ထိုသို့ပြုခြင်းအားဖြင့် လူသတ်မှုကိုရွံမုန်းသော လူ့သဘာဝတရားကို ကျော်လွှားစေသည်။ အရေးအသားဖြင့် သော်လည်းကောင်း၊ လေလှိုင်းမှ တစ်ဆင့်သော်လည်းကောင်း အပြုခံရသော လူအုပ်စုကို သိက္ခာ ကျစေသည်။

၅။ ဖွဲ့စည်းခြင်း (Organization)  

ဂျင်းနိုးဆိုဒ်သည် အမြဲတစေ ဖွဲ့စည်းထားသည့် အစီအစဉ် ဖြစ်ပေသည်။ များသောအားဖြင့် နိုင်ငံတော် တစ်ရပ်က ကျူးလွန်တတ်ပြီး ပြည်သူ့စစ်များ အသုံးပြုလေ့ရှိသည်။ ထိုမှသာသက်ဆိုင်ရာနိုင်ငံ၏ တာဝန် ရှိနေခြင်းကို ငြင်းပယ်နိုင်ပေသည်။ ဥပမာ- ဒါဖြူး(Darfur) ဒေသ၌ ဂျန်ဂျာဝိဒ်(Janjaweed) အုပ်စုကို အသုံးချခြင်းဖြစ်သည်။

၆။ အစွန်းရောက်စေခြင်း (Polarization)  

အစွန်းရောက်ဝါဒီများသည် အုပ်စုများအကြား သွေးကွဲစေသည်။ အမုန်းတရားအားပေးသော အဖွဲ့များသည် အစွန်းသို့တွန်းပို့သော တရားများကို ဟောပြော ထုတ်လွှင့်တတ်သည်။ ဥပဒေအကြောင်းအရ လူမျိုး တစ်မျိုးနှင့်တစ်မျိုးအကြား ထိမ်းမြားလက်ထပ်ခြင်းနှင့် လူမှုဆက်ဆံခြင်းကို တားမြစ်သည်။ အစွန်းရောက် အကြမ်းဖက်သမားများသည် အလယ်အလတ်အပြုသမားများကို ရန်လိုလာသည်။

၇။ ကြိုတင်ပြင်ဆင်ခြင်း (Preparation)  

အမျိုးသားရေး (သို့) ကျူးလွန်သောအဖွဲ့သည် ဂျူးလူမျိုးသော်လည်းကောင်း၊ အာမီးနီးရင်းလူမျိုး(Armenian) သော်လည်းကောင်း၊ တွတ်စီလူမျိုး သော်လည်းကောင်း နောက်ဆုံးအဖြေရှာခြင်း "The Final Solution"” ဟူ၍ပြင်ဆင်ဆောင်ရွက်တတ်သည်။ ၎င်းတို့သည် မိမိတို့၏ ရည်ရွယ်ချက် အစစ်အမှန်ကို ဖုံးကွယ်ရန် စကားနု၊ စကားယဉ်များ သုံးလေ့ရှိသည်။ ခေါင်းဆောင်များကလည်း "“သူတို့ကိုငါတို့ကမသတ်လျှင်၊ သူတို့က ငါတို့ကိုသတ်လိမ့်မည်"”ဟူ၍ ကြွေးကြော်တတ်ကြသည်။

၈။ ဖိစီးနှိပ်စက်မှု (Persecution) 

ကျူးလွန်ခြင်း အပြုခံရသူများကို ၎င်းတို့၏ လူမျိုးအရသော်လည်းကောင်း၊ ကိုးကွယ်ရာဘာသာအရ သော် လည်းကောင်း ဖယ်ရှားရွေးထုတ်တတ်သည်။ ၎င်းတို့ကို စခန်းများ၌ သီးသန့်ထားတတ်ကြသည်။

၉။ သုတ်သင်ရှင်းလင်းခြင်း (Extermination) 

ထိုအဆင့်တွင် ဂျင်းနိုးဆိုဒ်ဟု ခေါ်သော အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း စတင်ပေသည်။ သတ်ဖြတ်သူ များသည် သူတို့၏သားကောင်များကို လူဟူ၍ပင်မယူဆသောကြောင့် ၎င်းတို့အား သုတ်သင် ရှင်းလင်း သည်ဟုယူဆကြသည်။ နိုင်ငံတော်တစ်ရပ်က ကျူးလွန်ပါက ထိုနိုင်ငံရှိ ပြည်သူ့စစ်များနှင့် ပူးပေါင်း ဆောင်ရွက်ကြသည်။ တခါတရံ အုပ်စုများ အပြန်အလှန်သတ်ဖြတ်ခြင်းကြောင့် အခြေအနေမှာ အဆိုးရွားဆုံးသို့ နိမ့်ဆင်းလာသည်။

၁၀။ ငြင်းဆိုပယ်ချခြင်း (Denial) 

ထိုအဆင့်သည် ဂျင်းနိုးဆိုဒ်ဖြစ်စဉ်ကာလနှင့် ပြီးမြောက်သည့် ကာလတွင်ဖြစ်ပေါ်လေ့ရှိသည်။ ထို အဆင့်ရောက်လျှင် ဂျင်းနိုးဆိုဒ်ဖြစ်ခဲ့သည်မှာ သေချာသလောက်ဖြစ်ပါသည်။ ကျူးလွန်သူများသည် မြေမြုပ် သဂြိုလ်ထားသော အလောင်းပုံများကို ဖော်ပြီး အလောင်းများကို မီးရှို့ဖျောက်ဖျက်ကာ မျက်မြင် သက်သေများကို ခြိမ်းခြောက်လာသည်။ ၎င်းတို့သည် အပြုခံ၊ အသတ်ခံရသူများကို အပြစ်ပုံချတတ်သည်။ မှုခင်းများလေ့လာစုံစမ်းခြင်းကို ပိတ်ပင်လာသည်။


မူရင်းဖတ်ရန် - Ten Stages Of Genocide Genocide Watch

No comments:

Post a Comment