Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, November 12, 2016

အသက် (၇)နှစ်အရွယ်တွင် ကုရ်အာန်ကျမ်းမြတ်ကို အာဂုံဆောင်နိုင်သူ

အသက် (၇)နှစ်အရွယ်တွင် ကုရ်အာန်ကျမ်းမြတ်ကို အာဂုံဆောင်နိုင်သူ

မာရီယာပုံ

အသက် (၇) နှစ် အရွယ်တွင် ကျမ်းမြတ် ကုရ်ကို (၂)နှစ်အတွင်း အာဂုံဆောင် နိုင်ခဲ့သူ ဗြိတန်နိုင်ငံ၊ လူတန်မြို့ (Luton)က  မာရီယာ၊ ဖွားမြင်ပြီးနောက် မာရီယာ၏ အကျင့်စာရိတ္တ ပြောင်းလဲနိုင်ခဲ့သည်။ မာရီယာ၏ အံ့ဖွယ်လောက်သော မာရီယာ၏  အလွတ်နှုတ်ကျက်နိုင်စွမ်းရည်ကို မိဘများက သိသွားသည့်အခါ ဒေသခံ အာရဗီကျာင်း တစ်ကျောင်းတွင် အပ်နှံပညာသင်စေခဲ့သည်။  သူသည် ၎င်းကျောင်းတွင် (၂) နှစ်အတွင်း ကုရ်အာန် ကျမ်းမြတ်ကို အာဂုံဆောင်ခဲ့သည်။

(၅)နှစ် အရွယ်တွင် စစ်ဖြစ်နေသည့် ဆီးရီးယားဒုက္ခသည်များ အတွက် ရံပုံငွေရှာဖွေရေး စူရဟ် ယာစိန် ယှဉ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ထိုပြိုင်ပွဲ တစ်လျှောက် စူရဟ်ယာစိန်ကို အလွတ် အာဂုံဆောင်နိုင်ခဲ့ သည်။ ထိုနှင့် မကြာမီ ကုရ်အာန်ကျမ်း တစ်အုပ်လုံးကို အလွတ် အာဂုံဆောင်နိုင်ခဲ့သည်။ 

ကုရ်အာန်ကျမ်းတစ်ခုလုံးကို အလွတ်ဖတ်နေပုံ

မာရီယာ၏ အမေမှာမူ သူ့ကို ဟဖေ့ဇာဟ် အေ ကုရ်အာန် ဖြစ်လာအောင် မိခင်၏ ကြိုးပမ်းမှုကလည်း နည်းလှသည် မဟုတ်ချေ။ မိခင်က ပြောဆိုသည်မှာ “ မာရီယာသည် ကုရ်အာန်ကျမ်း၏ အဓိပ္ပာယ်ကို နားမလည်သော်လည်း ကောင်းစွာ အာဂုံဆောင်နိုင်သည်။ နေ့စဉ် ၅ နာရီတိုင်တိုင် ကုရ်အာန်၏ သင်ခန်းစာ အသစ်များကို နှုတ်ကျက်လေ့ရှိသည်။ ထို့နောက် ကျန်အချိန်များတွင် နှုတ်ကျက်ခဲ့ပြီးသာ သင်ခန်းစာများကို ပြန်လည် ဖတ်လေ့ရှိသည်။  ထိုနှစ်ချိန်အကြား အခြားလုပ်ဖွယ်လုပ်ရာများ ဆောင်ရွက်လေ့ရှိသည်။ သူသည် ခက်ခဲနက်နဲသည့် လုပ်စဉ်တစ်ခုကို ကျော်လွှားရသည်မှာ လွယ်ကူချောမောသည် မဟုတ်၊ သားမိ နှစ်ယောက်စလုံးမှာ အလွန်ပင် သည်းခံစွမ်းရှိရသည်။” မာရီယာအား ကုရ်အာန်အာဂုံဆောင် သင်နေစဉ် မိခင်တွင်လည်း  ကုရ်အာန် အာယာတ် အချို့ကို နှုတ်ကျက်နိုင်ခဲ့သည်။ သူကုရ်အာန် အာဂုံဆောင်သည့် အပိုင်းတိုင်းကို ပြန်လည်ဖြေဆိုရာတွင် မိခင်က ဆုချီးမြှင့်လေ့ရှိသည်။  ယင်း ဆုလက်ဆောင်များက ကစားစရာ၊ စာအုပ်ကောင်း သို့မဟုတ် နာမယ်ကျော် စားသောက်ဆိုင်တွင် နေ့လယ်စာ တို့မှ တစ်ခုတစ်ခု ဖြစ်သည်။ အများအားဖြင့် မာရီယာ၏ လက်ဆောင် မည်သည့်ပစ္စည်းဖြစ်သင့်သည်ကို မဲခွဲဆုံးဖြတ်လေ့ရှိသည်။ မိခင်က  
“သူ့သမီး၏ အောင်မြင်မှုသည် မိဘတို့ ဂုဏ်ယူစွာ မြေပေါ်မှ သွားနိုင်မည့် အလုပ်ကို လုပ်ခဲ့သည်။ သူ သင်ယူခဲ့သည့် ကျမ်းနှင့် အညီ နေထိုင်သွားနိုင်စေရန် အလ္လာဟ်ရှင်ထံမှ ဒိုအာ ဆုမွန်ကောင်း တောင်းလျက်ရှိပါသည်။”



No comments:

Post a Comment