Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, November 7, 2016

သွားတိုက်ဆေး ဝယ်သည့်အခါ သတိပြု

သွားတိုက်ဆေး ဝယ်သည့်အခါ သတိပြု



သင် ဘာသွားတိုက်ဆေး ဘရင့် (Brand) ကိုသုံးသလဲ။ သွားတိုက်ဆေးရဲ့ ပါဝင်ပစ္စည်းတွေကိုကော့ ဖတ်ဖူး သလား။ ဒါတွေက မေးရိုးမေးနေကျ မေးခွန်းတွေပါပဲ။ 

ကျွန်ုပ်တို့ လူအများစုဟာ သွားတိုက်ဆေး ဝယ်သည့်အခါ စာညွှန်းကိုသာ ဖတ်ရှူကြတယ်။ ဒါပေမဲ့ သွားတိုက်ဆေးရဲ့ အောက်ခြေမှာရှိတဲ့ ဟာကို ဘယ်သူတွေက အမှန်တကယ် ဖတ်ရှူကြသလဲ။ ယင်းဟာ အဘယ်မျှလောက် အရေးကြီးတာကတော့ သင့်သိရှိပါသလား။ 

သွားတိုက်ဆေးရဲ့ အောက်ခြေဖျားမှာရှိတဲ့ ဟာ အရေးကြီးတဲ့ အကြောင်းတစ်ခုကို ဖော်ထုတ်ပါတယ်။ ၎င်းက ထို သွားတိုက်ဆေးကို ဓာတုပစ္စည်းများ ပါဝင် ဖွဲ့စည်းထားခြင်း ဟုတ်မဟုတ်ကို ဖော်ပြထားတာ ဖြစ်ပါတယ်။ 

သန့်စင်ခန်းမှာ သွား၍ သင့်သွားတိုက်ဆေးရဲ့ အောက်ခြေဖျားကို ခဏလေး ကြည့်လိုက်ပါ။ ထိုနေရာမှာ လေးထောင့်ကွက် အပြာရောင်၊ အနီရောင်၊ အစိမ်းရောင်နှင့် အမည်းရောင် အကွက်များမှ တစ်ခုခု ရှိပါလိမ့်မယ်။ ဒီလေးထောင့်ကွက်လေးဟာ သွားတိုက်ဆေးရဲ့ အရည်အသွေးကို ဖော်ပြနေခြင်း ဖြစ်တယ်။ 

်လေးထောင့်ကွက် အရောင်ရဲ့ လှို့ဝှက်ချက်က အောက်ပါအတိုင်းဖြစ်ပါတယ်။

သင့် သွားတိုက်ဆေးရဲ့ အောက်ခြေဖျားက လေးထောင့်ကွက်လေးဟာ

  •  အမည်းရောင်ဖြစ်နေရင် သွားတိုက်ဆေးတွင် ဓာတုပစ္စည်းသက်သက်သာရှိနေကြောင်း ဖော်ပြနေ ပါတယ်။
  • အနီရောင် ဖြစ်နေရင် သွားတိုက်ဆေးကို သဘာဝပစ္စည်းနှင့် ဓာတုပစ္စည်းဖြင့် ပေါင်းစပ် ပြုလုပ်သွားကြောင်း ညွှန့်ပြနေခြင်းဖြစ်တယ်။
  • အပြာရောင်ဖြစ်နေရင် ဓာတုဆေးများနှင့် ဆေးဖက်ဝင်ပစ္စည်းများ ပါဝင်နေကြောင်း ဖော်ပြတာပါ။
  • နောက်ဆုံးတော့ အစိမ်းရောင် ဖြစ်နေလျှင် သင့် သွားတိုက်ဆေးရဲ့ ပါဝင်ပစ္စည်းတွေဟာ သဘာဝဆေးဖက်ဝင် ပစ္စည်းတွေသာ ရှိပါကြောင်း ဖော်ပြထားခြင်းဖြစ်တယ်။


သင့်သွားရဲ့ ကျန်းမာရေး မူလအခြေအနေသည် သင့်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးအတွက် အလွန်အရေးပါ ပါတယ်။  အဲဒါကြောင့် သင် နောက်တစ်ခါ ဈေးမှ သွားတိုက်ဆေး ဝယ်ယူခဲ့ရင် ဒါတွေကိုသတိပြုကြပါ။ 

သင်ဝယ်ချင်တဲ့ သွားတိုက်ဆေးကို ဖွင့်ကြည့်ပါ။ အစိမ်းရောင်မှအပ အခြား တစ်မျိုးမျိုး ဖြစ်နေရင် ချက်ချင်းပြန်လဲပါ။

အပြာရောင်ဖြစ်နေရင်လဲ သင့်တော်ပါတယ်။ သို့သော် အစိမ်းရောင်ဟာ သင့်ရဲ့ ဦးစားအပေးဆုံး ဖြစ်ပါတယ်။ သင့်ရဲ့ခံတွင်း အခန်းပေါက်တွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ထားပါတယ်။ 

အဲဒီသွားတိုက်ဆေးရဲ့ အာနိသင် ကြောင့် သင် ပထမအပတ်အတွင်း သွားတွေရဲ့ အခြေအနေ ပြောင်းလဲမှုကို သတိပြုပါလိမ့်မယ်။ 

သင့်သွားကျန်းမာရေးကို ဂရုစိုက်ပါလျက်-

No comments:

Post a Comment