" တို့နာဇီရွာလေး "
မေ့ရခဲခက် နာဇီရွာက
လွတ်လပ်ပျော်ရ အတိတ်ကာလ
သတိတရ ငါလွမ်းရ။
ကြေကွဲခဲ့ဖူး ကြည်နူးခဲ့ဖူး
ဝမ်းနည်းခဲ့ဖူး ပျော်ရွှင်ခဲ့ဖူး
အခုတော့လည်း အရာရာဟာ
အတိတ်မှာကျန် လွမ်းစရာဖြစ်
အထီးကျန်တဲ့ နာဇီရွာလေး
စက္ကန့်မလပ် ငါလွမ်းရ။
နာဇီရွာကလေးရယ်
လူယုတ်လက်ချက် အကြမ်းဖက်ကြောင့်
သင့်ရင်ခွင်ကို ကျောခိုင်းခဲ့ရ
ဦးတည်ရာမဲ့ သက်လုပြေးရလည်း
သံယောဇဉ်နက် တွယ်တာမှုကြောင့်
သင့်ကို
မေ့မရအောင် လွမ်းနေရလို့
မုန်းမရအောင် ချစ်နေရဆဲပါ။
ရေးဖွဲ့- ဇော်လွင်ထွန်း
(14-4-2019)
Ref: The Art Garden Rohingya

 
No comments:
Post a Comment