Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, April 2, 2019

Top-10 ကဗျာ ဆယ်ပုဒ် [The Art Garden Rohingya]

Readers Choice's Poems of March, 2019 


Editor Choice Poems of March, 2019 



“The Art Garden Rohingya မှ၂၀၁၉ ခုနှစ် မတ်လ အတွက် Top 10 ကဗျာ (၁၀)ပုဒ် ထုတ်ပြန်လိုက်ပြီ "


ကျွန်ုပ်တို့ "The Art Garden Rohingya အဖွဲ့" က ၂၀၁၉ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့ (ကမ္ဘာ့ကဗျာနေ့) မှစ၍ ကဗျာစာမူများ ဖိတ်ခေါ်ခဲ့ရာ ကဗျာအများအပြားကို ဂုဏ်ယူဖွယ်ရာ လက်ခံရရှိခဲ့ပါသည်။ ယင်းကဗျာများအနက် မြန်မာဘာသာဖြင့်ရေးဖွဲ့သည့် ကဗျာ (၉) ပုဒ်၊ အင်္ဂလိပ်ဘာသာဖြင့်ရေးဖွဲ့သည့် ကဗျာ (၃၁) ပုဒ်၊ စုစုပေါင်း ကဗျာ (၄၀) ပုဒ်တို့သည် အယ်ဒီတာအဖွဲ့၏ ရွေးချယ်တည်းဖြတ်ခြင်းခံခဲ့ရ၍ Page ၌ တင်ပေးခဲ့ပါသည်။

ကျွန်ုပ်တို့ The Art Garden Rohingya Page ကို ဖန်တီးရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကဗျာစာပေ စိတ်ဝင်စားသည့် ရိုဟင်ဂျာလူငယ် ကလောင်ရှင်များကို တတ်နိုင်သည့်ဘက်က ဝိုင်းဝန်းအားပေး အားမြှောက်ပြုလို၍ပင် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကလောင်ရှင်များက မတ်လအတွင်း ပို့ပေးလာသည့် ကဗျာများထဲက အယ်ဒီတာအဖွဲ့၏ နှစ်သက်တည်းဖြတ်ခြင်းခံရ၍ Page ပေါ်တင်ပေးခြင်းခံရသည့် ကဗျာ (၄၀) ပုဒ်အနက် "စာဖတ်ပရိသတ်အကြိုက် အကောင်းဆုံးကဗျာငါးပုဒ်" နှင့် "အယ်ဒီတာ့အကြိုက် အကောင်းဆုံးကဗျာငါးပုဒ်" တို့ကို စနစ်တကျ ရွေးချယ်၍ ကလောင်ရှင်များကို ဂုဏ်ပြုသွားရန် အယ်ဒီအဖွဲ့က ဆုံးဖြတ်ထားခြင်း ဖြစ်ပါသည်။


အယ်ဒီတာ့အကြိုက် အကောင်းဆုံးကဗျာ (၅) ပုဒ်
=================================

၁။ Broken Mirror 
ရေးဖွဲ့သူ - Ro Mehrooz 

၂။ Come Back Home 
 ရေးဖွဲ့သူ - Maung Min (Maungdaw) 

၃။ My Golden Homeland 
ရေးဖွဲ့သူ - Mirza 

၎။ Do I Deserve No Rights? 
ရေးဖွဲ့သူ - Myo Myint @ Ro Pacifist 

၅။ We Are Seeds  
ရေးဖွဲ့သူ - Eden Hussein


စာဖတ်ပရိသတ်အကြိုက် အကောင်းဆုံးကဗျာ (၅) ပုဒ်
====================================

၁။ ရိုဟင်ဂျာ့ဖြစ်အင် 
ရေးဖွဲ့သူ - Ro Anamul Hasan 

၂။ Behind My Life 
ရေးဖွဲ့သူ - Ro BM Hairo 

၃။ Don't Send Me to the Island 
ရေးဖွဲ့သူ - Mohammed Rezuwan 

၎။ My First Day in School 
ရေးဖွဲ့သူ - Thida Shania 

၅။ Tell Me What My Fault Is 
ရေးဖွဲ့သူ - Fai SaL 
___________________*****_____________________


နောက်လတွင် ကလောင်ရှင်များကို တမူထူးခြားသော အစီအစဉ်ဖြင့် ဂုဏ်ပြုသွားရန် စီစဉ်ထားကြောင်းကိုလည်း ကြိုတင်အသိပေးအပ်ပါသည်။ အဆိုပါ အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်ကို အယ်ဒီတာအဖွဲ့က အချိန်အခါအားလျော်စွာ ထုတ်ပြန်ကြေညာ အသိပေးသွားမည် ဖြစ်ပါသည်။

မတ်လအတွင်း ကဗျာပို့ပေးလာသူများအားလုံး၊ စိတ်ဝင်တစား ဖတ်ရှုအားပေးခဲ့ကြသည့် စာဖတ်ပရိသတ် အားလုံးကို ကျေးဇူးတင်ရှိပါသည်။

အကောင်းဆုံးကဗျာအဖြစ် ရွေးချယ်ခံရသည့် ကလောင်ရှင်များကို အထူးဂုဏ်ပြုပါသည်။
မိမိ၏ ရင်တွင်းဖြစ်ကဗျာများကို ဆက်လက်၍ ပို့ပေးကြပါရန်လည်း အလေးအနက် တိုက်တွန်းတောင်းဆိုလိုပါသည်။

"ကျွန်ုပ်တို့ရိုဟင်ဂျာများသည် စာပေအနုပညာ၌ နောက်ကျကျန်ရစ်နေသူများမဟုတ်ကြောင်း ကမ္ဘာကြီးကို လက်တွေ့ ပြကြပါစို့"။

အယ်ဒီတာ့အဖွဲ့
၂၀၁၉ ခုနှစ် ဧပြီလ (၁) ရက်

မှတ်ချက်။ The Art garden FB page မှ ကူးယူတင်ပေးသည်။ 


No comments:

Post a Comment