အကုသိုလ်ကို ကုသိုလ်ထင်နေတာ မှန်ရဲ့လား
•••••••••••••••••••••••••
ကုရ်ဗာနီအီးဒ်နေ့ရဲ့ နေ့လည်ပိုင်းမှာ " အသားတွေကို ကြွပ်ကြွပ်အိပ်အမဲနဲ့ ထည့်ပြီးတော့ လူမျိုးဘာသာ မခွဲခြားဘဲ ကျနော်လိုက်လံဝေမျှခဲ့ရင်း "
တနေရာအရောက်မှာ မင်းတို့ ကိုးကွယ်တာ အဓိပ္ပာယ်မရှိဘူးလို့ တခါပြောဖူးတဲ့သူနဲ့ ပြန်တွေ့ပြန်တယ်။ ထိုလူ၏ အစ်ကိုကတော့ ကျနော့ထံမှ အသား ၁ ထုပ်တောင်းပါတယ်။ သူလည်းရှိတော့ ကျနော်သူ့ကိုလည်း လှမ်းပေးလိုက်ပါတယ်။ သူကတော့ မယူပါဘူး၊ မယူတဲ့အပြင် "အကုသိုလ် လုပ်ပြီးကုသိုလ်လို့ထင်တဲ့ မင်းကိုငါသနားလိုက်တာတဲ့လေ"
ကျနော်လည်း ဝေစရာတွေက ရှိသေးတာနဲ့ တိုတိုလွယ်လွယ်သာချေပခဲ့ပါတယ်။
(ပါဏ္ဏာတိပါတာ ဝေဒါမဏိ သိင်္က္ခါ ဗတံသမာဒိ ရာမိ )
သူတပါးရဲ့ အသက်ကို မသတ်ဖို့ မြတ်စွာဘုရားရှင်ဟောကြားတော်မူတာ ကျနော်လက်ခံပါတယ် " အကို "။ ဒါပေမယ့် ကျနော်သဘောပေါက်ထားတာက "မြတ်စွာဘုရားရှင် သူဟောတဲ့ သူများအသက်ဆိုတာ "တိရိစ္ဆာန်ကို မဖေါ်ညွှန်းထားပါဘူး။ လူလူခြင်းကိုသုံးထားတာပါ။ ဒါကြောင့် "သူ"လို့ နာမ်စားသုံးထားတာပေါ့။
ပြီးတော့ မြတ်စွာဘုရားရှင်ကိုယ်တိုင်သာ တိရိစ္ဆာန် လို့ ရည်ရွယ်ဟောကြားခဲ့ရင် "ဘာကြောင့် ၀က်ဖြူသားကိုစားသုံးခဲ့သလဲ? ဆိုတာ" စဉ်းစားစရာပါ။ ဘာသာတိုင်းကို အသီးသီးယူဆောင်လာခဲ့သော
မိုးဇက်၊ ဂေါတမ၊ ယေရှု၊ မဟာဝီရ၊ ခရစ်ရှနားနှင့် နောက်ဆုံးဖြစ်သော (မိုဟာမ္မဒ်)صلي الله عليه وسلمတမန်တော်တို့သည်! ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာတို့ကို ယူဆောင်လာခဲ့တယ်။ ထိုလူပုဂ္ဂိုလ်တွေဟာ အဟောတမျိုး အလုပ်တမျိုးမလုပ်ခဲ့ကြတဲ့ စံပြလူသားတွေပါ။ ဒါကြောင့် ဂေါတမဘုရားရှင်ဟာ ၀က်ဖြူသားစားခဲ့သည့်အတွက် (ပါဏ္ဏာတိ ပါတာ ဝေဒါမဏိ သိင်္က္ခါ ဗတံသမာဒိရာမိ)ဆိုသည်မှာ လူလူချင်းတရားမဲ့စွာ မသတ်ဖြတ်ဖို့ ညွှန်ကြားထားခြင်းသာဖြစ်ပေသည်။ စဉ်းစားကြည့်ပါ။ အကယ်၍ တိရိစ္ဆာန်ကိုပါ မသတ်ခိုင်းတာသေချာရင် "အရှင်ဂေါတမဟာ လိမ်လည်ဟောကြားခဲ့သည်ဟု အဓိပ္ပာယ်ဖြစ်စေနိုင်တယ်။ ဂေါတမဘုရားရှင်ဟာ အဘယ်မျှ လိမ်ညာဟောကြားခြင်း လုံးဝမရှိခဲ့ပေ။ ကြားနာသောပရိသတ်၏ နားလည်မှုလွဲနေသည်သာဖြစ်နိုင်ပါတယ်လို့ "ကျနော်ရှင်းပြရင်း" သွားလိုက်ပါဦးမယ် အကို "ဟုပြောကာ ပြန်လာခဲ့လေတယ်။ "သူလည်းတခွန်းမှ ပြန်မဟပဲ"
ငြိမ်ချက်သားကျနေပြီး ဘေးနားက ကျနော့်တို့ ၂ယောက် စကားကိုနားထောင်နေသော သူ ၃ ယောက်ကတော့ စပ်ဖျီးဖျီးကြီးလုပ်ပြီး
ကျနော်ပေးလိုက်တဲ့ အမဲသားထုပ်ကို ကိုင်လျက်သား "နဲ့နောင်နှစ် ဒီထက်မက လှူနိုင်ပါစေလို့ " ဆုပေးလေရဲ့ :)
( ပေးတဲ့ဆုနဲ့ပြည့်ပါစေ)
- မိုးရိပ် (ဓမ္မာသစ္စာ)

No comments:
Post a Comment