Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, April 17, 2020

ရိုဟင်ဂျာလူမျိုး ၏ ရှေးဟောင်းအမွေအနှစ်များ ကာကွယ်တါးဆီးပေးပါရန် အိတ်ဖွင့်ပေးစာ


နိုင်ငံတော်အကြီးအကဲများနှင့် တာဝန်ရှိ လူကြီးမင်းများမှ အမြန်ဆုံး ကာကွယ်ထိန်းသိမ်းပေးပါရန်

လေးစားစွာဖြင့်-            

နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံတော်၏အုပ်ချုပ်ရေးနယ်နမိတ်အတွင်းရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ပေးနိုင်ရန် ထိုအုပ်ချုပ်ရေး တာဝန်ယူထားသော အဖွဲ့အစည်းများမှာ ကမ္ဘ့ာရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့အစည်းများနှင့်ပူးတွဲတာဝန်ရှိပါသည်။           

ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံ၌ ယခင်စနစ်ဆိုးခဲ့သောခေတ်အဆက်ဆက်တို့၏ ကြီးနိုင်ငယ်ညှင်း၊ အားနည်းသော လူမျိုးနွယ်စုကိုအင်အားကြီးသေါ လူမျိုးစုတို့က အနိုင်ကျင့်နှိပ်စက်မှုဖြင့် လူနည်းစုတို့၏ လူ့အခွင့်အရေး၊ လူသားအခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများပါ ဆုံးရှုံးခဲ့ရသည့်အပြင် ထိုလူနည်းစုတို့၏ ယဥ်ကျေးမှု၊ စာပေနှင့် ရှေးဟောင်းအမွေအနှစ်များပါ ဖျက်ဆီးဆုံးရှုံးခံခဲ့လာရပါသည်၊         

အထူးသဖြင့် ရခိုင်ဒေသရှိ ရိုဟင်ဂျာလူမျိုး (မလိုလားသူတို့အခေါ် ဘဂ်လီမူဆလင်)တို့၏ အေါက်ပါ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်များကို အစွန့်ရောက် အင်အားစု (အစွန့်ရောက် အဖွဲ့အစည်းများမှ)များ၏ ဖျက်ဆီးမှုမှ ကာကွယ်တါးဆီးပေးပါရန်နှင့် ပြန်လည်ဖော်ထုတ်တည်ဆောက်ပေးပါရန် တင်ပြတောင်းဆိုအပ်ပါသည်။

သမိုင်းဝင်ရှေးဟောင်း အဆောက်အဦး တစ်ချို့ကို ဖော်ပြရသော် (ဖျက်ဆီးပြီး၊ ဖျက်ဆီးဆဲရှေးဟောင်း အဆောက်အဦးများဖြစ်သည်)


၁။ ရခိုင်ထီးနန်းတင်မြောက်ရန် ရောက်ရှိခဲ့သော ဘဂ်လားမှ နဇိရ်သျှား၏ နောက်လိုက်စစ်သားများက ခရစ်နှစ် ၁၄၃၃ ခုနှစ်တွင်တည်ဆောက်ခဲ့သော မြောက်ဦးမြို့နယ်၊ ကဝါလောင်ရွာ (မင်းတရားပြင်) အရှေ့ဖက်ရှိ စန္ဒီခါန်းဗလီကို ကျောက်လှေခါးခေတ် နောက်ဆုံးဘုရင် နရမိတ်လှအားထီးနန်းတင်စဥ်၊

၂။ စစ်တွေမြို့နယ်တောင်ဖက် ဗဒရ်မကာမ်(ခေါ်) ဗုဒ္ဓေါမော်ဗလီနှင့် ဗဒရ် သူတော်စင်က တရားအားထုတ်သော ဓမ္မစခမ်း၊

၃။ စစ်တွေမြို့ ကန်တော်ကြီး အနောက်မြောက်တောင့်တွင်ရှိသော ဘာဘာကြီးသခ်ျိုင်းဂူနှင့် ဗလီကြီး၊

၄။ စစ်တွေမြို့နယ် နာဇီရွာ အိစ္စလာမ်သခ်ျိုင်းတွင်ရှိသော မူဆားဒေဝန်ဗလီ၊

၅။ မြောက်ဦးမြို့အရှေ့ဖက် ၂ မိုင်ခန့်အကွာရှိ ကျောက်ထုံးကြီးများဖြင့်ဆောက်လုပ်ထားသော မဂျားဗလီ(ခေါ်) မူဆားဗလီနှင့် ရေကန်ကြီး၊

၆။ မင်းပြားမြို့နယ် ပန်းမြောင်တွင် ခရစ်သက္ကရာဇ် ၁၆၆၆ ခုနှစ်တွင် တည်ဆောက်ခဲ့သော အာလေါမ်လောရျှကာရျဗလီနှငျ့ ရကေနျကွီး ၁၂ ကန်၊

၇။ မငျးပွာမွို့နယျ ကွိတျတောငျအနီးရှိ ရှှဓေါးကာဇီ (အဂ်လိပ်-မြန်မာပထမစစ်အတွင်း အဂ်လိပ်ကို သူ့ကျွန်မခံတိုင်းချစ်၊ အမျိုးချစ်ခေါင်းဆောင်သူရဲခေါင်းကိုဖမ်းဆီး၍ ကာလကတ္တား အကျဥ်းထောင်တွင် ထောင်ဒဏ်ကျခံရစဥ် အဂ်လိပ်နှိပ်စက်ဒဏ်ကြောင့် အာဇာနည်ဖြစ်ခဲ့ရသူ)က ဆောက်လုပ်ခဲ့သော ရွှေဓါးကာဇီဗလီ၊

၈။ မြောက်ဦးနန်တော်အနီးရှိ နံသာကန်နှင့် နန်းဦးဗလီ၊

၉။ ကာဇီဗလီ (ကျောက်တော်မြို့နယ်၊ ပိုက်သည်ရွာရှိ)

၁၀။ဘူးသီးတောင်မြို့နယ်၊ ဘဂုံးနားရှိခါလာဆီမီယါသျှားဒရ်ဂါသခ်ျိုင်းနှင့်မြို့ပေါ် အထက်တန်းကျောင် အနောက်ဖက် ရှီကန်ဒါရ်သျှားဂူဗိမာန်နှင့်ဓမ္မစခမ်းတို့ဖြစ်ပြီး၊

အောက်တွင်ဖော်ပြထား ယခုဖျက်ဆီးနေသော စစ်တွေဗလီကြီးကိုကာ

ကွယ်ထိန်းသိမ်းပေးပါရန် (ဖျက်ဆီးဆဲ)

ထိုရှေးဟောင်းဗလီကြီးသည် လွန်ကဲ့သော နှစ်ပေါင်း ၂၀၀ ကျော်ကတည်ဆောက်ခဲ့သော ကမ္ဘာ့ရှေးဟေါင်း အမွေအနှစ်အဆောက်အဦးဖြစ်ပြီးလူသားအားလုံးအတွက် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းအဆောက်အဦးကြီးကို ကာကွယ်တားဆီးထိန်းသိမ်း ပေးပါရန် ဒေသခံတို့၏ တောင်းဆိုမှုကို တင်ပြတေါင်းဆိုအပ်ပါသည်။

ဤဗလီကြီးသည် ရခိုင်ပြည်နယ်စစ်တွေမြို့ လမ်းမကြီးပေါ်ရှိဗလီးကြီဖြစ်ပြီး ထိုဗလီကြီး၏ မြောက်ဖက် မြေနေရာသည်လည်း ဗလီပိုင်မြေနေရာကိုမတရားသိမ်းပြီး ရခိုင်ယဥ်ကျေးမှုပြတိုက်အဖြစ် ဖွင့်လိုက်ထားပါသည်။


လေးနက်စွာဖြင့်

ကျော်စိုးအောင်

(၁၈-၄-၂၀၂၀)

မှတ်ချက်     ။ 

သမိုင်းဆရာကြီး ဦးကျော်မင်း၏ တိမ်မြုပ်နေသော သမိုင်းတစ်စေ့တစောင်းမှ သမိုင်းဝင် ရှေးဟောင်းအဆောက်အဦး ရှူပါ။

No comments:

Post a Comment