တပ်ကြပ်ကြီး ဦးအဗ္ဗဒူရှုက္ကုရ် (ရဲသတင်းတပ်ဖွဲ့)
ကိုယ်ပိုင်အမှတ် 48558တပ်ကြပ်ကြီး ဦးအဗ္ဗဒူရှုက္ကုရ်ကို မောင်တောမြို့နယ်၊ ရွှေဇားကညင်ချောင်း၌ ၁၉၁၆ ခုနှစ်တွင် အဖ ဦးဝစီရာဟမာန်နှင့် အမိ ဒေါ်အူမောရ်ဆလေမာဟ်တို့မှ မွေးဖွားခဲ့သည်။ စံပ္ပာယ်ကုံးအမျိုးသားကျောင်းမှ ၇-တန်း အောင်၍ ရန်ကုန်မြို့သို့ ရွှေ့ပြောင်းကာ ၁၉၃၈ ခုနှစ်တွင် နဝမတန်းအောင်ခဲ့သည်။
၁၉၄၁ ခုနှစ်တွင် ပလိပ်ဘက်သို့ဝင်ကာ အင်းစိန်ထောင်ပလိပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုမှ ရာထူးအဆင့်ဆင့်တိုးမြင့်ကာ နေရာအရပ်ရပ်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၃ ခုနှစ်မှ ၁၉၆၅ ခုနှစ်အထိ ဘူးသီးတောင်မြို့၊ မောင်းတောမြို့၊ တောင်ပြို၊ ငါးခူးရ အသီးသီး၌ တာဝန်ထမ်းဆောင်၍ ရသေ့တောင်မြို့သို့ ပြောင်းရွှေ့ကာ ၁၉၆၈ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုမှ ပေါက်တောမြို့သို့ ပြောင်းရွှေ့ကာ ၁၉၇၆ ခုနှစ်ထိ နိုင်ငံအပေါ်သစ္စာရှိရှိ တာဝန်ထမ်းဆောင်ကာ သက်ပြည့် အငြိမ်းစားယူခဲ့လေသည်။
တာဝန်မှ အငြိမ်းစားယူပြီးနောက် ချက်ကြွေဇာတိမြေ ရွှေဇားကညင်ချောင်းသို့ ပြန်လာခဲ့သည်။ တပ်ကြပ်ကြီးသည် ၁၉၆၅ ခုနှစ်တွင် အမှူးထမ်းကောင်း လက်မှတ်ရရှိခဲ့သည်။ သား (၂)ယောက် နှင့် သမီး (၇)ယောက် ထွန်းကားခဲ့သည်။ သားကြီး ဦးမောင်မောင်ကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၌ ရဲတပ်ကြပ်တစ်ဦးဖြစ်ပြီး ချောက်မြို့တွင် ကွယ်လွန်ခဲ့သည်။ သားငယ် ဦးမောင်စိန်သည် ပညာရေးဌာန၌ အလယ်တန်းပြဆရာတစ်ဦးဖြစ်သည်။ ဦးမောင်စိန်သည် ပေါက်တောမြို့မှ ပြည်နယ်အဆင့် လက်ရွေးစင် ဘစ်ကတ်ဘော ကစားသမားအဖြစ် လေးနှစ်တိုင်တိုင် ပါဝင်ယှဥ်ပြိုင်ခဲ့သည်။ တပ်ကြပ်ကြီး ဦးအဗ္ဗဒူရှုက္ကုရ်သည် ၁၉၈၄ ခုနှစ်တွင် မောင်းတောမြို့နယ် ရွှေဇားကညင်ချောင်းရွာ၌ ကွယ်လွန်ခဲ့ရှာသည်။
(လူထုဝဏ္ဏ ရေးသည်။)
No comments:
Post a Comment