Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, September 22, 2020

နိုင်ငံကျော် ဓမ္မကထိက ဝဏ္ဏကျော်ထင် မော်လဝီ ဟာဖစ်ဟစန်ရှား



နိုင်ငံကျော် ဓမ္မကထိက ဝဏ္ဏကျော်ထင် မော်လဝီ  ဟာဖစ်ဟစန်ရှား

( ၁၉၅၂ မတိုင်မီကထည်းက မိသားစုနဲ့ရင်းနှီးခဲ့)

မော်လဝီဟာဖစ်ဟစန်းရှားဟာ မြန်မာနိုင်ငံမှာ မြန်မာရည်လည် သာသနာ့စာပေ မြန်မာသမိုင်းမွတ်စလင်မ်သမိုင်းစတာ ကျွမ်းကျင်တတ်မြောက်တဲ့ ထူးချွန်တဲ့ ပုဂ္ဂိလ်ဖြစ်သလို မြန်မာနိုင်ငံရေးမှာလဲ ပါဝင်ခဲ့သူဖြစ်တယ် ကွယ်လွန်ခဲ့တဲ့ ၁၉၆၃ ခုထိ ဆရာကြီးကို ယှဉ်နိုင်သူရှိတာမတွေ့ခဲ့ပါ။

ဆရာကြီးရဲ့ဘခင်အထက်အဆက်က တမန်တော်မြတ်ရဲ့ ဆွေမျိုးဆိုင်ယဒ်နွယ် ပထန်မျိုးနွယ်ဖြစ်တယ်။

ဆရာကြီး မန္တလေးမြို့မှာ ဒုတ်ိယကမ္ဘာစစ်မတ်ိုင်မီ စစ်တန်းမော်လဝီ ဂိုလာမ်အလီရှားနဲ့ ရွှေဘိုကန့်ဘလူ ဘုတ္တောသူဒေါ်သီကမွေးတဲ့သား ၇ ယောက်အနက် ဒုတိယမြောက်သားဖြစ်တယ်။

အခုတင်ပြမှာက ကျနော့ရှု့ဒေါင့်ကဖြစ်လို့ အပြည့်အစုံသိလိုက ( ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးခဲ့တဲ့ တိုင်းရင်းမွတ်စလင်မ် စာပြုစာဆိုပုဂ္ဂိုလ်ကျော်များစာအုပ်) လေ့လာနိုင်ပါတယ်။


ဆရာကြီးရဲ့ဘခင် အိန္ဒိယနိုင်ငံသွားချိန်ဇနီးနဲ့ သားနှစ်ဦးဘုတ္တောရွာမှာ အပ်ထားခဲ့တယ်။ ဘုတ္တောရွာကျောင်းထိုင်ဆရာရဲ့သမီးနဲ့အကြောင်းပါတယ်။

ဆရာကြီးဟာ ရွာမှာသုံးနှစ်နေထိုင်ပြီ စာပြခဲ့တယ်။ ဆရာကြီးစာသင်ပေးခဲ့တဲ့တပည့်များမှာ အထက်ပြည်မှာ ကျော်ကြားခဲ့တဲ့ ဆရာကြီးပုံ ဆရာခွါ၊ ဆရာသိန့်၊ ဆရာမှန်၊ ဆရာအောင်ဒင်၊ ဆရာခန့်၊ ဆရာဇုံတို့ဖြစ်ကြတယ်။ ( ဆရာကြီးပုံ ဆရာကြီးဇုံတို့ဆုံခဲ့ဘူးတယ်)

ဆရာကြီးရဲ့ညီ မော်လဝီ ဟူစိန်ရှားကို မန္တလေးအိုးဘိုဗလီမှာ ၁၉၅၅ခုက ဦးလေးတော်သူ ပို့ပေးခဲ့လို့တွေ့ဆုံနှုတ်ဆက်ခဲ့ရတယ်)။

ဆရာကြီးမော်လဝီဟစန်ရှားဟာ ရန်ကုန်မြို့ ကန်တော်လေး မန္တလေးလမ်း အမှတ်(၁၀)မှာ နေထိုင်ပြီး ပုံနှိပ်စက်ထောင်ကိုယ်တိုင်စာရေးစာအုပ်ထုတ်တဲ့အပြင် အူရဒူသတင်းစာပါ ထုတ်ခဲ့သေးတယ်။

ဆရာကြီးဟာ ၁၉၅၂ခုနှစ်နောက်ပိုင်း ၁၉၆၀ ထိ သန်လျင်ဒါရ်ဂါ အူရွတ်ပွဲတော်မှာ နှစ်စဉ်ပင်တိုင်တရားဓမ္မလာရောက်ဟောပါတယ်။ ဆရာကြီးဟာ ကျနော့ဖခင်နဲ့ရင်းနှီးလို့ ပွဲတော်ရက်အတွင်း မိသားစုကို ကျနော်တို့အိမ်မှာတည်းစေတယ်။ ပထမအိမ်ထောင်နောက် ဒုတိယအ်ိမ်ထောင် ဒေါ်ရာဗီယာ (ဒေါ်မြင့်မြင့်) ကိုလဲ အိမ်မှာဘဲတည်းစေတယ်။




ဆရာကြီးတရားဟောတဲ့အထဲ မှတ်မိတာတစ်ခုက " ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့။ "

အပေါ်ယံကြည့်နားမလည်နိုင်၊ ပညာရှိစကားလေးနက်တယ် စဉ်းစားပါ ဆရာကြီးအေမာမ်ဆောင်တဲ့အခါ စူရာဖါတေဟာ တစ်ပိုဒ်ချင်း အေးဆေးစွာဖတ်တယ် မသိခင်ဆရာကြီးမဟုတ်လို့ ထင်ခဲ့တယ် အတွေ့အကြုံမရှိပါ ဗလီဆရာများကတော့ ဆွဲကာငင်ကာဖတ်ကြတာပါ့ သေချာသိလာတော့ ဆရာကြီးအဖတ်ကောင်ပါ။

နိုင်ငံရေး ဆရာကြီးဟာ မြန်မာနိုင်ငံမှာ နန်းရေးဝန် လုပ်ခဲ့ဘူးတဲ့ ဒေါက်တာဗမော်ရဲ့ မဟာဗမာပါတီလူကြီးပါ ၁၉၅၄ခု ပါလီမန်ရွေးကောက်ပွဲမှာ ပန်းဘဲတန်းနယ်က အရွေးခံတယ်။ သန်လျင်နယ်မှာ မဟာဗမာပါတီက ဦပါ ဆိုတဲ့ ပုဂ္ဂိုလ်အရွေးခံဖို့ ဆရာကြီးနဲ့ ကျနော့်အိမ်လာတယ်။ ကျနော်က ၁၈ ပြည့်စ ခရိုင်ရွေးကောက်ပွဲရုံးလိုက်ပါ ထောက်ခံလက်မှတ်ထိုးပေးရတယ်။ ဆရာကြီးက ရန်ကုန် ခေါ်သွားပြီး ဘားလမ်း ဒေါက်တာဗမော် (ဝတ်လုံတော်ရ) မဟာဗမာပါတီ ဥက္ကဌနဲ့မိတ်ဆက်ပေးခဲ့တယ်။

ဆရာကြီးကွယ်လွန်ချိန်ထိ အဆက်အသွယ်ရှိခဲ့တယ်။ အမှတ်တရတော့ ဆရာကြီး အ်ိမ်ရောက်ချိန် ဆရာကြီးနဲ့နံနက်စာ ဆိပ်သားဟင်းနဲ့လက်ဆုံစားခဲ့တာမမေ့ပါ။ ရေးရင်အများသားပါ။

ဆရာကြီးဟာ ၁၉၆၃ခု၊ သြဂုတ်လ (၇)ရက်၊ ၃၇ လမ်းဗလီ ညအေရှာဟ်ဆွလာတ်အပြီး အလ္လာဟ်အရှင်အမိန့်ခံယူသွားကြောင်း ကြားသိရတယ်။ ထိုစဉ် ဆရာကြီး ဃာဇီဟာရှင်မ်နဲ့ခရီးအတူပါပြီး ဗန်းမော်မြို့ရောက်နေချန်ပါ။ (Innahlillah hai winnaalai hi rajeoon)။ 


- အလ်ဟဂ်ျဆရာဦးကျော်ဖေ


No comments:

Post a Comment