* ကမ္ဘာသိ မြန်မာနိုင်ငံ မွဖ်တီချုပ် မွဖ်တီ မာဟ်မူဒ်
ဒါဝတ်ဟာရှင်မ် ယူစွတ် *
ကျနော့်ဖခင်ကြီးရဲ့မိတ်ရင်း ကျနော့ဖခင်ကြီး ဆယဒ်မက္ကဘူလ်အဟ်မဒ်
အစ္စလာမ်အာဘာဒီဟာ သန်လျင်မြို့ဒါရ်ဂါရပ်ကွက်ရှိ အန်ဂျူမန်နေဇာမွလ် အစ္စလာမ်ဘာသာရေးကျောင်းကို ၁၉၁၂ ခုနှစ်က တည်ထောင်ခဲ့ပြီး သက်ဆုံးတိုင် သန်လျင်မြို့ ရှိ မွတ်စလင်မ်ကလေးများကို ၄၅ှ နှစ်တိုင် သွေးချွေးရင်းပြီး ဘာသာရေးပညာသင်ကြားပေးခဲ့ပါတယ်။
ဖခင်ကြီးရဲ့မွေးရက်အတိအကျ မသိခဲ့ပေမဲ့ ၁၉၅၇ ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့ အသက်( ၉၂)နှစ်မှာ သန်လျင်မြို့ ဒါရ်ဂါရပ်ကွက်လမ်းတော်လမ်း အမှတ် (၅) နေအိမ်မှာ အလ္လာဟ်အရှင်အမိန့်ခံယူသွားပါတယ်။
မြန်မာနိုင်ငံ မွဖ်တီချုပ် မွဖ်တီ မာမွတ်ဆပ်ရဲ့ ဖခင်ဘက်အဆက် ဒါဝတ် ဟာရှင်မ်ယူစွတ်တ်ို့ဟာ အစ္ဖလာမ်သာသနာ့အကျိုးပြုခဲ့ကြသူများဖြစ်ပြီး ရန်ကုန်မြို့ ဒါရွလ်အူလွန်ကျောင်းကို ၁၉၃၀ ခုနှစ်ခန့်က တည်ထောင်ခဲ့ကြောင်းသိရပါတယ်။
မွဖ်တီဆပ်ရဲ့ဖခင်ဟာ ရွှေဘိုကန့်ဘလူကျောင်းရဲ့ဆရာတော် ( ဆရာကြီးဇုံ ဆရာကြီးလှ ဆရာကြီးခွာ)သုံးပါးအား ဒါဘေလ်ကိုပညာသင်ရန် စေလွှတ်ခဲ့တယ်။
မြန်မာပြည်အလယ်ပိုင်းက အမီရ်ဆပ်ဟာဖစ် ဆွာလေဟ့် ကာရီအလီဆပ် ဆရာကြီး ဃာဇီမိုဟမ္မဒ် ဟာရှင်မ်၊ မောင်လာနာ ဂျမာလွဒ္ဒင်း(မန္တလေး)၊ မောင်လာနာနူရ်းမိုဟမ္မဒ် ( ကမ္ဘာ့အလင်း)၊ မောင်လာနာ အဗ်ဒွလ်ဟကင်မ် (ပျော်ဘွယ်)၊ မောင်လာနာ ရှဖီကွတ်ဒင်(မုတ္တမ)တို့ကို အိန္ဒ်ိယသို့ ပညာသင်စေလွှတ်ခဲ့ကြောင်း သိရတယ်။
ဆရာကြီးလှ ဆရာကြီးခွာမှအပ ကျနော်ဆရာကြီးအားလုံးနဲ့ရင်းခဲ့ရတယ် ဖိုင်ဇ်လဲရခဲ့တယ်။
ဒုတိယကမ္ဘာစစ်ပြီး မွဖ်တီဆပ်ဟာ အမီရ်ဆပ် ဟာဖစ်ဆွာလေဟ့်ရဲ့အကူအညီနဲ့ ဒါရွလ်အူလွန်ကျောင်းပြန်လည်ဖွင့်လှစ်ပါတယ်။ ၁၉၅၂ခုနှစ် ဇူလိုင်လမှာ ဒေါင်ရဟ်ဟဒီးတန်း ဖွင့်လှစ်ပါတယ်။ ဟဒီးစ်ကျောင်းသားဆယ်ပါးမှ အောက်ပါ သုံးပါးကျနော်နဲ့ ရင်းနှီးခဲ့ရတယ်။
၁။ မောင်လာနာ အဗ်ဒွလ်ဟမီးဒ်
၂။ မောင်လာနာ အဗ်ဒွလ်ဝဟာဗ်
၃။ မောင်လာနာ မဟ်မွတ်မမ်ဆာ
ကျနော့်ဘခင်ကြီး တည်ထောင်ကြိုးပမ်းခဲ့တဲ့ နေဇာမွလ်အစ္စလာမ်ကျောင်းကြီး တိုးတက်ဖို့အတွက် ဒုတိယကမ္ဘာစစ်မတိုင်မီ မွဖ်တီဆပ်ရဲ့ဘခင် ဒါဝတ်ဆပ်နဲ့မိတ်ဆွေများအထောက်အကူပြု ပေးခဲ့တယ် ဒုတိယကမ္ဘာစစ်ပြီး မွဖ်တီဆပ်လဲ ဆက်လက်အထောက်အကူပြုခဲ့တယ် ငယ်စဉ်ကဖခင်နဲ့အတူ မွဖ်တီဆပ်နဲ့ ဆုံဘူးခဲ့တယ် ဖခင်ကြီးပြောလို့ မွဖ်တီဆပ်နဲ့ ရင်းနှီးကြောင်းသိရတယ်။
ဖခင်ကြီးဟာ ၁၉၅၇ ခု ဒီဇင်ဘာလမှာ ကျန်းမာရေးယိမ်းယိုင်လာတာ ၁၃ ရက် သောကြာနေ့ နံနက်ပါပါ မွဖ်တီဆပ်ကို တွေ့ချင်သလားမေးတော့ တွေ့ချင်ကြောင်းပြောလို့ ၃၂ လမ်း အိုလမာရုံး ဒေါ်ရေဂျဒီး သတင်းစာတိုက် စာတိုက်ကဖုံးနဲ့နေထိုင်မကောင်းကြောင်း တွေ့ချင်ကြောင်းသတင်းပို့ခဲ့တယ် (ကျနော်၂၂ နှစ်ပါ)။ အပါ သောကြာနေ့ (၁၁)နာရီ အလ္လာဟ်အရှင်အမိန့်ခံပါတယ်။ မွဖ်တီဆပ်ကို သတင်းပို့ပါတယ် ညနေအဆွေရ်ပြီး ဒဖ္ဖနာဖို့ စီစဉ်နေချိန် မွဖ်တီဆပ်နဲ့အဖွဲ့ မြင်းလှည်းနဲ့ရောက်လာပြီး နေမကောင်းသတင်းမေးလာတာ အခုတော့ မယက်ပဲ ရတော့တဲ့တယ်။
ဂျနာဇာကို မွဖ်တီဆပ် ကိုယ်တိုင်ရပ်တယ်။ ကဗရ်ထဲ မွဖ်တီဆပ်ကိုယ်တိုင်ဆင်း မော်လဝီတစ်ဦး အစ်ကိုကြီးတို့နဲ့ မြေချဒဖ္ဖနာတယ်။ မွဖ်တီဆပ်ဟာ အကိုကြီးကို ဗလီဆရာခန်းခေါ်ပြီး မင်းတို့ပါပါရဲ့ကဖန် ငါ့တာဝန်ဆိုပြီး ၃၀၀ိ/- ပေးခဲ့တယ်။
မွဖ်တီဆပ်နဲ့ အကြာခဏဆုံပါတယ်။ မှတ်မှတ်ရရ ၁၉၆၉ ခန့်က ကျနော် အစ္စလာမ်သာသနာရေးရာကောင်စီနဲ့ပတ်သက်ပြီး ကျေညာချက်တစ်စောင် စာကူးနဲ့ရိုက်ကူးဝေတယ်။ ရန်ကုန်ဘူတာကြီးမှာ မွဖ်တီဆပ် မော်လဝီ မက်ဆုဒ် အပါအဝင် မော်လဝီများနဲ့ဆုံမိတယ်။ မွဖ်တီဆပ် ကျနော့်ကို ခေါ်နှုတ်ဆက်စကားပြောခဲ့တယ်။
၁၉၈၂ ခု ဝန်းကျင်ကပါ ၂၈ လမ်း အိုလမာရုံးခန်းရောက်တယ်။ မွဖ်တီဆပ် အစည်းအဝေးထိုင်နေတယ်။ မွဖ်တီဆပ်ကို တွေ့ဖို့ပါပြောတော့ ချက်ချင်းသတင်းပို့တယ်။ မွဖ်တီဆပ်အနား ကုလားထိုးထိုင်ခိုင်း... မေးစမ်း... ဝမ်းသာကြောင်းပြောတယ်။ ဖခင်ရဲ့သားသမီးများကို ဂရုစိုက်ခြင်းပါ။ မွဖ်တီဆပ် အလ္လာဟ်အရှင်အမိန့်မခံမီ တစ်ကြိမ် နတ်မောက်လမ်းမှာ တွေ့ခဲ့ပါတယ်။
အလ္လာဟ်အရှင် ထိုပုဂ္ဂိုလ်များကို အကောင်းဆုံး အစားပေးတော်မူပါ အာမီင်းန်။
______________________________________________
UkyawPe Facebook မှ ကူးယူဖော်ပြသည်။







No comments:
Post a Comment