Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, September 3, 2020

Silent Letter Words အကြောင်း သိကောင်းစရာ



Silent letter words in English 

အကြောင်း သိကောင်းစရာ

(Saya Rashid)

အပိုင်း (၁)

အင်္ဂလိပ်စာ စာလုံးအများအပြားတွင် စာလုံးပေါင်း (spelling) နှင့် အသံထွက် (pronunciation) ခြားနားနေတာကိုတွေ့နိုင်ပါတယ်။ စာလုံးတစ်မျိုး၊ အသံထွက် တစ်မျိုးဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ် အနည်းငယ်အတွင်းမှာ ဒီစကားလုံး တွေဟာ မူလ original နှင့်မတူပဲ ပြောင်းလဲခဲ့ပြီးဖြစ်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် စကားလုံးအများစုဟာ မူလ origin အတိုင်း ရှိနေပါတယ်။ အောက်မှာဖော်ပြထားမယ့် စကားလုံးတွေဟာ ကျွန်တော်တို့ နေ့စဉ် အသုံးများတဲ့ silent letter words တွေဖြစ်ပါတယ်။ 

ဘယ်အက္ခရာ ရဲ့ ရှေ့မှာ သို့မဟုတ် နောက်မှာ ဘယ် အက္ခရာ ရှိနေရင် ဘယ်အက္ခရာကို silent လုပ်ရမယ့်ဟာ ဖော်ပြသွားမယ်ဖြစ်ပါတယ်။


1. Silent 'a' words 

' lly' ရှေ့ 'a'ရှိနေရင် အဲ့ဒီ 'a' ကို silent လုပ်ရပါမယ်။ 

ဥပမာ_ logically (3 syllable) /logikly/ လို့ အသံထွက် ပါတယ်။ 

- artistically, physically, musically 


2. Silent 'b' words

(a) syllable တစ်ခုထဲမှာ 'm' ရဲ့ နောက် 'b' ရှိနေရင် 'b' silent လုပ်ရပါတယ်။

Example- bombing (boming) လို အသံထွက် ရပါတယ်။

- climbing, climbed, comblike, dumber,

dumbly, lamblike, limbless, plumbing, thumbed, wombed...

(b) နောက်ဆုံးအက္ခရာ 't' ရှေ့ 'b' ရှိနေရင် 'b'silent လုပ်ရပါတယ်။ 

ဥပမာ- debt ကို ' det ' လို့ အသံထွက် ရပါတယ်။ 

အခြားစာလုံးများ- doubt, debtor, debtee, subtle.....

(c) syllable တစ်ခုထဲတွင် 'b' ရှေ့ 'b' ဖြစ်နေရင် ဒုတိယ 'b' ကို silent လုပ်ရပါတယ်။ 

ဥပမာ- scribble /skribl/ လို့ အသံထွက်ရပါတယ်။ 

အခြားစာလုံးများ- abbess, abbot, abbreviations, babbling, chubby, bubble, cubby, fibber, gibbon, dibble, robber, rubbish......


3. Silent 'c' word များ

(a) Syllable တစ်ခုထဲတွင် 's' နောက်၊ 'e or i or y or h' ရှေ့ c ရှိလျှင် 'c' silent လုပ်ရပါတယ်။ 

ဥပမာ _ muscle /m^sl/ 

အခြားဥပမာစာလုံးများ- fascinate, discipline, science, scene, ascending,.......

(b) Syllable တစ်ခုထဲတွင် k ရှေ့ c ရှိရင် 'c' silent လုပ်ရတယ်။

 ဥပမာ -Lack/læk/ c သံ မြုပ်ပါတယ်။ 

အခြားဥပမာ စာလုံးများ - Schick, pack, pluck, luck, black, block, attack, kick, rack...

(c) 'q' ရှေ့ c ဆိုရင်လဲ c silent လုပ်ရတယ်။ ဥပမာ - acquiesce /ækwi'es/

အခြားဥပမာများ- acquired, acquainted, lacquer....

(d) z ရှေ့ c ဆိုရင်လဲ C silent လုပ်ရပါတယ်။ ဥပမာ- czar, czarina,...



အပိုင်း(၂)

အင်္ဂလိပ်စာ ဘာသာစကား၌ silent words များစွာတွေ့ရမှာပါ။ Silent letters တွေက native speaker ရော အင်္ဂလိပ်စာ လေ့လာသူမှာပါ အခက်အခဲများတွေ့နိုင်ပါတယ်။ အသံထွက် နှင့်စာလုံးပေါင်း ခြားနားနေလို့ပါ။ 

ဆက်လက်လေ့လာကြရအောင်-


4. Silent letter 'd' word

(a) ' d ' ဟာ ge /g ရှေ့မှာ ရှိနေရင် 'd ' ကို silent လုပ်လေ့ရှိပါတယ်။ 

ဥပမာ - badge /baj/ d သံ မြုပ်ရတယ်။ 

တစ်ခြားဥပမာစာလုံးများ 

abjudge, acknowledge, adjudge, badge, begrudge, bludge bodge bridge, budge, cadge, Cambridge, cartridge, cledge, disacknowledge, dislodge, dodge, drawbridge, drudge, edge, fadge, fledge, flybridge, footbridge, frankpledge, fridge, fudge, gadge, grudge, hedge, impledge, judge, knowledge,…

(b) 'd ' silent လုပ်ရတဲ့ အခြား အသုံးများတဲ့စကားလုံးများ 

Djibouti, handkerchief (‘d’ ဟာ /g/ သံထွက်ရပါမယ်။), handsome, handsomeish, handsomely, handsomeness, sandwich, veldt, Wednesday...


5. Silent 'e' letter words

(a) အင်္ဂလိပ်စာ မှာ e နဲု့ ဆုံးတဲ့ စကားလုံးတွေ အများကြီး တွေ့ပါမယ်။ 

Languagtist တွေရဲ့ အဆိုအရ old English မှာ နောက်ဆုံး e ကို silent လုပ်လေ့မရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာ နောက်ဆုံး ကို silent လုပ်ရပါတယ်။ တစ်ချို့ loan word တွေ မှ လွဲ၍ ကျန် e နဲ့ ဆုံးတဲ့စကားလုံးအားလုံးလိုလိုမှာ e ကို silent လုပ်ရပါတယ်။ e နဲ့ဆုံးတဲ့ စကားတွေကို လေ့လာကြည့်ရင်-

A) e နဲ့ဆုံးခြင်း အားဖြင့် သရသံ ပြောင်းလဲ သွားရတာကိုလဲ တွေ့ရပါမယ်။ သံတို မှ သံရှည် ပြောင်းတယ်။ 

ဥပမာ- cut /kʌt /နဲ့ cute /kjuːt/

hat နဲ့ hate 

hug နဲ့ huge

B) English မှာ v ဒါမှမဟုတ် u နဲ့ ဆုံးတဲ့ စကားလုံးမရှိပါဘူး။ ဒါကြောင့် v နဲ့ u နောက် ရှိတဲ့ e ဟာ အသံထွက် မှာ ဘာမှ effect မလုပ်ပါဘူး။ အဲဒီ e မပါရင် v နဲ့u ဖြင့် ဆုံးကြမယ်။ ဒါနဲ့ရှိနေတာပါ။ 

ဥပမာ- give, have, clue, blue.... စတဲ့ စာလုံးတွေမှာ e မပါရင်လဲ အသံထွက် ပြောင်းလဲမှုမရှိနိုင်။ ဒါပေမယ့် မရှိရင် v / u တို့ဖြင့် ဆုံးပါမယ်။

C) c နဲ့ g နောက်မှာရှိ တဲ့ e ဟာ အဲဒီ c နဲ့ gရဲ့ အသံ ကို အသံပျော့ ဖြစ်စေပါတယ်။ 

ဥပမာ- cat /k/ သံထွက်တယ်။ cent မှာ တော့ /s/ သံထွက်တယ်။

 C နဲ့ G နောက်မှာ ရှိတဲ့ silent e ဟာ /s/ သံ နဲ့ /j/ သံ ဖြစ်စေပါတယ်။ မဟုတ်ရင် /k/ သံ နဲ့ /g/ သံ ဖြစ်နေမှာပါ။ 

ဥပမာ Lance မှာ e မရှိရင် /k/ သံထွက်ပါမယ်။

Large မှာ e မရှိဘူးဆိုရင် /g/ သံထွက်ပါမယ်။ silent e ကြောင့် soft sound /s/ သံ /g/ ဖြစ်သွားတာပါ။

D) Syllable တိုင်းမှာ vowel ရှိရတယ်။ မဟုတ်ရင် အသံထွက် မဖြစ်နိုင်ဘူး။ ဥပမာ

Little ဆိုတဲ့ စကားလုံးမှာ syllable နှစ်ခုပါ။ နောက်ဆုံး e မရှိရင် littl ဖြစ်သွားမှာပါ။ pronunciation effect ဖြစ်နိုင်ပါတယ်။

exceptions (1)- love/ glove/ above/ have /come/ some/ none / oven/ cover/ glove/ တွေမှာ short vowel sounds ဖြစ်ပါတယ်။ 

(2) Resume (cv form)/ vice versa တွေ မှာ e silent မလုပ်ပါ။


(6)*** F silent လုပ်ရတဲ့ စကားလုံး မရှိပါဘူး။

English မှာ F, J, Q, R, X, Y, and Z တွေ ကို silent မလုပ်ရပါ။ တကယ်လို့ silent လုပ်ရရင်လဲ တခြား language words တွေ ဖြစ်ပါမယ်။


(7) G silent wotds

(a) syllable တစ်ခုထဲမှာ L ရှေ့ g ရှိနေရင် စကားလုံး တစ်ချို့ မှာ g silent လုပ်ရပါတယ်။ ဥပမာ-

intaglio, passacaglia, seraglio, zabaglione.

(b) gm (consonant cluster) ဖြင့် ရှိတဲ့ စကားလုံး 514 လုံး ရှိကြောင်း language ကျွမ်းကျင်သူတွေက ရေးထားတာတွေ့ရပါတယ်။ ယေဘုယျအားဖြင့် m ရှေ့ g ကို silent လုပ်ရပါတယ်။ အဲဒီ silent word တွေမှာ gm ရဲ့အသံ ဟာ m သံ သာ ထွက်ရပြီး silent မလုပ်ရတဲ့ စာလုံးများမှာဆိုရင် ကြားမှာ faint pause လုပ်ရတယ်။ ပျော့ပျော့လေးပေါ့။ 

Silent လုပ်ရတဲ့ စာလုံး ဥပမာ -

apothegm, diaphragm, epiphragm, paradigm

silent မလုပ်ရ faint pause လုပ်ရတဲ့ စာလုံး ဥပမာပြရရင် batman, abridgment တွေ ပါ

(c) n ရှေ့ g ကိုလဲ silent လုပ်ရပါတယ်။ ဥပမာ-

gnar or gnarr, gnarl, gnarled, gnarlier, gnarly, gnash gnat, ,gnathic, gnathion, gnathite, gnathonic, gnathonical, gnathonically,

-sign, design, align , assign, , campaign, champaign, codesign, foreign,

faint pause လုပ်ရပြီး silent မလုပ်ရတာလဲရှိပါတယ်။ ဥပမာ-

Signature, significant

>>>>>>>


အပိုင်း (၃)


'ရေးတော့အမှန် ဖတ်တော့အသံ ' တဲ့။ ဘာသာစကားတိုင်းမှာ spelling စာလုံးပေါင်း နဲ့ အသံထွက် pronunciation ခြားနားနေတဲ့ စကားလုံးတွေ အနည်းနဲ့အများတွေ့ နိုင်ပါတယ်။ အခြေအနေတစ်ခုမှာ စကားလုံးတစ်လုံးဘယ်လို အသံထွက်ရကြောင်း မကြာခဏဆိုသလို စည်းမျဉ်းစည်းကမ်းမသက်ရောက်ပုံနှင့် ပတ်သက်ပြီးတော့ ခြိမ်းခြောက်မှုတွေ ဖြစ်ပေါ်နေပုံ ရတာကို တွေ့နိုင်ပါတယ်။ 

အချို့သော အသံတိတ်အက္ခရာတွေကို ဘယ်လိုအချိန်တွင် ဘယ်လိုစည်းမျဉ်းတွေ ရှိနေတယ် ဆိုတာ ဖော်ပြလိုပါတယ်။ ဒါပေမယ့်ခြွင်းချက်အချို့ရှိတတ်တာကို သတိထားပါ။

နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ လူမျိုးတစ်မျိုးနှင့် တစ်မျိုး ဘာသာစကား၊ ယဉ်ကျေးမှု မတူညီတာကိုလဲ လေ့လာတွေရှိနိုင်ပါတယ်။ 

ဥပမာ အီတလီတွင် J ကို အခြေခံအားဖြင့်နိုင်ငံခြားစကားလုံးများတွင်သာ အသုံးပြုပါတယ်။ ပြင်သစ်ဘာသာဖြင့် J ဟာ အင်္ဂလိပ်လို အသံကဲ့သို့တူညီတဲ့ အသံမရှိပါဘူး။

ဆက်လက်လေ့လာကြည့်ကြရအောင်…


(8) Silent letter 'h ' words

- ဘယ်အချိန်မှာ 'h' အသံတိတ်ဖြစ်သလဲ

A. '' h '' ဟာ g 'ပြီးနောက် စကားလုံးတစ်လုံးရဲ့ အစတွင်ရှိတဲ့အခါ ဥပမာ- ghastly နှင့် ghost ကဲ့သို့ ဖြစ်နေရင် ယေဘုယျအားဖြင့် တိတ်ဆိတ်စွာနေတယ်။ စကားလုံး အချို့မှာ -

ဥပမာ။ ။ ghetto/ɡɛtəʊ /

Ghana (a country), Ghanese(adj), gharry(n), ghastful(adj), ghastliness(n), ghastly(adj), ghat(n), ghatti(n), ghazi(n), ghee(n), gheg(n), Ghent(a city)(n), gherao(n,v), gherkin(n), ghetto blaster(n), ghettoization(n), ghettoize(v), ghee(n), ghost(n,v), ghostfish(n), ghoul(n), ghoulie(n), ghoulish(adj).

'gh' ရဲ့ အသံထွက် ဟာ /g/ sound ဖြစ်ပါတယ်။

B. စကားလုံးတစ်လုံးမှာ ‘h’ ဟာ ‘r’ ရဲ့ရှေ့ ဖြစ်နေရင် 'h'silent လုပ်ရပါတယ်။ ဥပမာ- rhyme /rʌɪm/

rhabdom(n), rheme(n), rhenish(adj), rhenium(n), rheology(n), rhymes, rhesus baby(n), rhesus factor(n),

C. --'h' ဟာ စကားလုံးတစ်လုံးရဲ့ အစတွင်ဖြစ်ပြီး စကားလုံးကို သရသံဖြစ်စေတဲ့အခါ 'h ' silent ဖြစ်သွားပါတယ်။ တစ်ချို့တွေဆိုရင် faint /h/ h ကို အသံ မှိန်မှိန် ဆိုရတာလဲ ရှိပါတယ်။ 

ဥပမာ- honestly/ˈɒnɪstli/

သရသံဖြစ်စေတဲ့အတွက် ဒီစကားလုံးတွေရဲ့ ရှေ့ indefinite article သုံးရရင် an သုံးရပါတယ်။ 

heir, heirdom, heiress, heirless, heirloom, heirship, honest, honestly, honesty, honorhonorability, honorable, honorably, honorarily, honorary degree, honorary, honored, honoree, honors, honourable, hours(n).

အောက်မှာပေးထားတဲ့ စကားလုံးတွေက ကျတော့ h သံ အသံမှိန်မှိန် ဖြင့်ဆိုရမယ်ဖြစ်ပါတယ်။

herb, herbage, herbal, herbivore, herbivorous, herbivorously, herbivorousness, herbless, herblet……


9. The silent K words

ဘာသာဗေဒပညာရှင်တွေရဲ့အဆိုအရ old english မှာဆိုရင် 'n' ရှေ့မှာရှိတဲ့ 'k' ကို အသံတိတ် မလုပ်ကြတာကို လေ့လာသိရှိ ရပါတယ်။ ၁၅ ရာစု မတိုင်ခင် ရှေ့ဟောင်းအင်္ဂလိပ်စာတွင် 'k' သံမြုပ်လေ့မရှိကြပါ။ Williams Shakespeare ခေတ်မှာတောင် k silent မလုပ်ကြပါ။ ဥပမာ ဝါကျလေးတစ်ကြောင်းကြည့်ရရင်

'I know the knight will knock on the knave's door with his knife before entering' ဆိုတဲ့ ဝါကျကို 

“I k-now the k-night will k-nock on the k-nave’s door with his k-nife before entering.”လို့ ဆိုခဲ့ကြတာကို လေ့လာသိရှိရပါတယ်။။

၁၅ ရာစု အစပိုင်း အလယ်ခေတ် အင်္ဂလိပ်စာမှာဆိုရင် n ရှေ့ k ရဲ့ အသံထွက်ကို တဖြေးဖြေး silent လုပ်နေတာကို လေ့လာတွေ့ရှိရပါတယ်။

 ဘာကြောင့် ဒီလိုလုပ်ရတာကို ပြတ်ပြတ်သားသား မသိကြပါ။ ဒါပေမယ့် တချို့ သုတေသီတွေကတော့ ဒီလိုယုံကြည်ကြပါတယ်။ အဲ့ဒီအချိန်မှာ Kn ဗျည်းစု မရှိတဲ့ Latin နဲ့ France ဘာသာစကားဟာ လွမ်းမိုးနေတဲ့ ခေတ်ကာလ ဖြစ်ပါတယ်။ နောက်ဆုံးအနေဖြင့် 'k' သံ ဟာ လုံးဝ silent ဖြစ်လာပါတယ်။ စိတ်ဝင်စားစရာ တစ်ခုကတော့ German, Swedish နှင့် Dutch ဘာသာစကားတွေမှာ kn cluster ရဲ့ k သံ ကို မြုပ်လေ့မရှိတာကို လေ့လာသိရှိရပါတယ်။ 

K သံ silent လုပ်ရတဲ့ စကားလုံးတချို့မှာ

Know, knowledge, knee, knot, knight, knit, knock,.... တွေဖြစ်ကြပါတယ်။

Knနဲ့ အစပြုပြီး နောက်ဆုံး ck နဲ့ဆုံးရင် ရှေ့ k ကို silent, နောက်ဆုံး k ကို အသံပြင်းဖြင့် ထွက်ရပါတယ်။ 

အဲဒီစာလုံးတွေက knock, knack, knapsack တွေဖြစ်တယ်။


10. L silent လုပ်ရတဲ့ စကားလုံးတွေလေ့လာကြပါမယ်။

A. Syllables တစ်ခုထဲ L ဟာ d ရဲ့ ရှေ့မှာ ဖြစ်နေရင် L ကို တချို့စကားလူံတွေမှာ silent လုပ်ရပါတယ်။ 

အဲ့ဒီစာလုံးတချို့မှာ could, should, would 

B. Syllables တစ်ခုထဲ၌ a နဲ့ f ကြား L ရှိနေရင် L ကို silent ဖြစ်ပါတယ်။ အဲဒီစကားလုံးတွေက

ဥပမာ -

calf /kɑːf

behalf(n), calf bone(n), calf(n), calfhood(n), calfless(adj), calflike(adj), calfskin(n), calf-tongue(n), half a dozen(n), half gainer(n), half mask(n), half mile(n), half page(n), half(n, adj, adv), half-and-half(n, adj), halfback(n), half-holiday(n), half-hourly(adj, adv), half-length(adj), half-life(n), half-mast(n), half-moon(n), halfness(n), halfpace(n), half-pay(n), halfpence(n, adj), halfpenny(n, adj), halfpennyworth(n), half-time(adj, adv), halftime(n), halftone(n), halfway(adj, adv), half-wit(n), half-witted(adj), mooncalf(n).

‘alf’ ဟာ /af/ သံ ထွက်ရပါတယ်။

C. Syllable တစ်ခုထဲ L ဟာ a နဲ့ k ကြား ဖြစ်နေရင် L silent ဖြစ်ပါတယ်။ 

ဥပမာ-

chalk /tʃɔːk/

တစ်ခြားစကာလုံးတွေက

backtalk(n), balk(n,v), beanstalk(n), cakewalk(n,v), calk(n,v), catwalk(n), chalk, chalkboard(n), crosswalk(n), eyestalk(n), footstalk(n), jaywalk(v), jaywalker(n), leafstalk(n), moonwalk(n), overtalk(v), ropewalk(n), shoptalk(n), sidewalk(n), skywalk(n), stalk(n,v), talk(n,v), talkative(adj), talky(adj), undertalk(v), walk(n,v), ......... တွေဖြစ်ကြပါတယ်။

D. Syllable တစ်ခုထဲမှာ o န့ k ကြား L ဖြစ်နေရင် L silent ဖြစ်ပါတယ်။ 

ဥပမာ- folk /fəʊk/

တစ်ခြားစကားလုံးများ-

folk music(n), folk poet(n), folk singer(n), folk writer(n), folk(n), folkiness(n), folkish(adj), 

folksy(adj), folktale(n), folkway(n), folky(n, adj), workfolk(n), yolk(n), yolkiness(n), yolky(adj)........ဖြစ်ကြပါတယ်။

‘olk’ ရဲ့ အသံဟာ /ōk/ ဟုထွက်ပါတယ်။

E. ##m ရဲ့ ရှေ့ L ကိုလဲ silent လုပ်ရပါတယ်။ 

ဥပမာ စကားလုံး- calm, palm,.....


11. M ကို ဘယ်အချိန် silent လုပ်ရမလဲ။

## m ဟာ n ရှေ့ မှာ ဝါကျ ရှေ့ဆုံးမှာ ရှိနေရင် m silent လုပ်ရပါတယ်။

mneme(n), mnemic(adj), mnemonic(n,adj),

mn ရဲ့ အသံ ဟာ /n/ သံထွက်ရပါတယ်။

To be continued >>>>



အပိုင်း(၄)

Silent letter နှင့် ပတ်သက်ပြီး အပိုင်း ၁၊ ၂၊ ၃ မှာ အက္ခရာ m အထိကို ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ 

ဒီနောက်ဆုံးအပိုင်းမှာတော့ ကျန်နေသေးတဲ့ အသံတိတ်အက္ခရာ နဲ့ပတ်သက်ပြီး ဖော်ပြပါမယ်။ တော်တော်ခြုံငုံမိလောက်ပြီလို့ ယူဆပါတယ်။ မြန်မာဘာသာစကားမှာလဲ ရေးတာတစ်မျိုး ဖတ်ရတာတစ်မျိုး အများကြီးတွေ့ရမှာပါ။ ဥပမာ-

၁။ ငါးခြောက် ကို ငခြောက်( -ါး ကို မြုပ်ရပါတယ်။ )

၂။ ပုသိမ် ကို ပသိမ်( -ု ကို မြုပ်ရ ပါတယ်)

အသံပြောင်းတဲ့ စနစ် က ရှိနေပြီးသားပါ။ အသံပြင်းကို အသံပျော့ ပြောင်း ဆိုရတာမျိုး၊ ဗျည်းသံ ပြောင်းဆိုရတာမျိုး၊ သရသံ ကို ပြောင်းဆို ရတာမျိုးတွေ့ ရပါမယ်။ ဒီစကားလုံးတွေကို native speaker တွေ ပြောဆိုတဲ့ အသံတွေ များများ နားထောင်ရပါမယ်။ 

တကယ်တော့ listening skill ဟာ receptive skill ဖြစ်ပြီး speaking skill ဟာ productive skill ဖြစ်ပါတယ်။ 

နည်းတူ အင်္ဂလိပ်ဘာသာစကား အသံထွက်နဲ့ ပတ်သက်တဲ့ အခက်အခဲတွေကို ကျွန်တော်တို့လို second language အဖြစ်သင်ယူသူ အနေဖြင့် မကြာခဏတွေ့ရနိုင်ပါတယ်။ ဒီလို အသံပြောင်းဆိုရခြင်းမှာ အကြောင်းရင်းတွေ အမျိုးမျိုး ရှိကြတယ်လို ဘာသာဗေဒ ပညာရှင်တွေက ဆိုကြပါတယ်။ တစ်ချို့စကားလုံးတွေကို

တစ်ခြားဘာသာစကားတစ်ခုမှ မွေးစားရတဲ့ စကားလုံးမို့ မူလဘာသာစကားမှာ ဆိုရတဲ့အတိုင်း ဆိုရကြောင့် လိုလဲ ပြောပါတယ်။ ဥပမာ tsunami ဆိုတဲ့ စကားလုံးကို Japan ဘာသာစကားမှ မွေးစားရတဲ့အတွက်ကြောင့် Japan တွေက t ကို silent လုပ်သလို ဆိုရပါတယ်။


13. N သံ silent လုပ်ရတဲ့ စကားလုံး

**'n' ကို ဘယ်လိုအခြေအနေမှာ silent လုပ်ရသလဲ။ စကားလုံးတစ်လုံး ရဲ့ နောက်ဆုံး 'm' နောက်ရေးရင် n ကို silent လုပ်ရပါတယ်။ 

ဥပမာ- autumn, column, solemn ,condemn,..... 

*mn ရဲ့ အသံဟာ /m/ သံထွက်ပါတယ်။

>>ဒါပေမယ့် mn နောက်တခြားအက္ခရာတွေ ရှိနေရင်

n ကို silence မလုပ်ရပါ။ 

ဥပမာ- omnipotent, omnivores...


14. 'P' သံ silence လုပ်ရတဲ့ စကားလုံးများ

***'p' silent လုပ်ရတာကို လည်း တချို့ စကားလုံးတွေမှာတွေ့ရမယ်။ 

စကားလုံးရဲ့ အစ မှ n နှင့် s ရှေ့ မှာတွေ့နိုင်ပါတယ်။ အဲ့ဒီ p ကို silence လုပ်ရပါတယ်။ 

ဥပမာ- pneumonia, pneumatology, pneuma, psalm, pseudo, psycology

psephologically, cupboard, raspberry, receipt......


15. 'R' သံ silence လုပ်ခြင်း

***Silent <r> ဟာ အင်မတန် ထူးခြားနေပါတယ်။ 

**/r/သံဟာ သူ့ရဲ့နောက်သံ ပေါ်မူတည် နေတာကိုတွေ့ရမှာပါ။ နောက်သံ သရသံဖြစ်ရင် /r/ သံထွက်လေ့ရှိပြီး consonant သံ ဖြစ်နေရင် သို့မဟုတ် နောက်သံမရှိရင် silent လုပ်နိုင်ပါတယ်။ 

ဥပမာ- fork, bird, cart စတဲ့ စကားလုံးတွေမှာ r နောက် k, d, t တွေ consonant လိုက်တဲ့အတွက် /r/သံ မြုပ်နိုင်ပါတယ်။

***IRON /aɪən/ ဆိုရင် r ရဲ့နောက် vowel sound ရှိနေရင်လဲ /r/ သံ silent လုပ်တာကို ချွင်းချက် အနေနဲ့တွေ့မှာပါ။

***နောက်ဆုံးသံ /r/ ဖြစ်နေပါက မြုပ်ရတာကိုတွေ့ရပေမယ့် connected speech တွေမှာ ဒုတိယ စကားလုံးဟာ vowel sound ဖြစ်နေရင် silent မလုပ်ရပါ။

ဥပမာ car /kɑː(r)/

r သံပျော့ဖြင့်ဆိုရပါတယ်။ ဒါပေမယ့် car engine ကို သီးခြားမဆိုပဲ connected လုပ်လိုက်ရင် /r/ သံထွက်ရပါတယ်။


16. 'S'silent လုပ်ခြင်း

**'s'silentလုပ်ရတဲ့စကားလုံးတချို့ကိုတွေ့ရမှာပါ။

aisle, apropos, chassis, debris, island /ˈʌɪlənd/, islander, isle, islet, puisne, viscounty.


17. T သံ ဘယ်အချိန် တိတ်ရသလဲ။

*** နေ့စဉ်အသုံးများတဲ့ စကားလုံးတွေထဲမှာ t silent words အချို့လည်း  တွေ့ရပါတယ်။ 

'ရေးတော့အမှန် ဖတ်တော့အသံ' ဆိုသလို မှန်မှန်ကန်ကန် ဆိုတတ်အောင် လေ့ကျင့်ရပါမယ်။ 

stenနဲ့ ဆုံးကြတဲ့စကားလုံးများ- fasten အသံထွက် ကတော့/ˈfɑːs(ə)n/

တခြားစာလုံးများ listen, often, hasten, moisten, soften...

***stle နဲ့ဆုံးကြတဲ့စကားလုံးများ - whistle, wrestle, thistle, ...တွေမှာလဲ t silence ဖြစ်ပါတယ်။

**ဘယ်လိုပဲဖြစ်စေ၊ တချို့စာလုံးတွေမှာ t သံ ဟာ ရှိနေရပါမယ်။ ဥပမာ- 

lastly အသံထွက် /ˈlɑːstli/

နည်းတူ

justly, mostly, shiftless

/ˈʃɪftləs/ တွေမှာလဲ t သံ silent မလုပ်ရပါ။


18. Silent U လဲ ရှိသေးတယ်။

*** Silent U ဘယ်မှာလုပ်ရမလဲ။

. ဥပမာ 

guide အသံထွက် က /ɡʌɪd/

catalogue အသံထွက် က /ˈkat(ə)lɒɡ/

language အသံထွက် က /ˈlaŋɡwɪdʒ/

**G နောက် u ကို silent လုပ်ရတာကိုတွေ့ရပါတယ်။ တခြားပုံစံတူ စကားလုံးများမှာ 

intrigue, fatigue, technique, guide, guilty, league, business /ˈbɪznəs/


19. Silent W ကိုလဲ လေ့လာကြမယ်။

***Silent Letter W

what အသံထွက် က/wɒt/

where အသံထွက် /wɛː/ ဒီလို wh-စာလုံးတွေမှာ h သံ silent လုပ်ရပေမယ့် who, whom, whose, whole, whore, whoop, စတဲ့ စကားလုံး နှင့် ၄င်း တို့နှင်ဆက်စပ်စကားလုံးတွေကျရင် w သံ silent လုပ်ရပါတယ်။

***r ရှေ့ w ကို လဲ silent လုပ်ရတဲ့စကားလုံးတွေ များစွာ တွေ့ရမှာပါ။

ဥပမာ-

wrack, wrapped, wrath, wrathy, wreck, wrest, wrestle, wright, wring, wrinkle, wrist, writ, write, writing, written, wrong, wrote, wroth, wry,......

***W သံမြုပ်ရတဲ့ တခြားစကားလုံးတစ်ချို့မှာ

answer, awful, awry, sword, two.....


အင်္ဂလိပ်စာကို လေ့လာသူ တစ်ယောက်အနေဖြင့် မိမိလေ့လာ သိရှိနိုင်သလောက်ကိုသာ မျှဝေလိုခြင်းဖြစ်ပါတယ်။ 

ကျွန်တော်လိုပဲ လေ့လာသူတစ်ဦးအတွက် အသံထွက် မှန်ကန်ဖို့အတွက် အထောက်အကူပြု၊ အကျိုးပြုနိုင်တယ်ဆိုရင် ကျေနပ်ပါတယ်။


Saya Rashid

( A Lifelong Learner )


References:

1. Pronunciations Dictionary

2. Cambridge Advanced Learner's Dictionary

3. Collins Dictionary

4. Compact Oxford English Dictionary

5. Practical English Usage.

6. English language ဆိုင်ရာ အခြားစာအုပ်များ





No comments:

Post a Comment