Zakariya, dean of Botony faculty, Sittwe College. |
စစ်တွေကောလိပ် စတင်ဖွင့်လှစ်သည့် ၁၉၇၃ - ၁၉၇၄၊ ဒုတိယနှစ် ရုက္ခဗေဒတန်းတွင် ပညာသင်ကြားပေးခဲ့သော ကျွန်တော် (ထွန်းအောင်ကျော်)၏ ကျေးဇူးရှင် အနန္တဂိုဏ်းဝင် ဆရာဆရာမများအနက်မှ အစ္စလာမ်ဘာသာဝင် ဆရာ ၊ ဆရာမများ
၁၉၇၃ - ၁၉၇၄ စစ်တွေကောလိပ် စတင်ဖွင့်သည့်နှစ် ကျွန်တော် ဒုတိယနှစ် ရုက္ခဗေဒတန်းတက်ပါသည်။ ယင်းနှစ် ကျွန်တော်တို့မေဂျာတန်းတွင် ကျောင်းသားအများဆုံး ၁၄ ဦးရှိသည်။
အဓိက ရုက္ခ ဘာသာရပ် ၄ ရပ်အပြင် မိုင်နာ ဘာသာအဖြစ် ဓာတု၊ ဇီဝ၊ အင်္ဂလိပ်ဘာသာ တို့ယူရသည်။ မေဂျာဘာသာရပ် ၄ ခု၊ မိုင်နာဘာသာ ၃ ခု တို့အတွက် သင်ပြသည့် ကျောင်းသား ၁၄ ဦးအတွက် ဆရာဆရာမ ၁၃ ဦးသင်ပြသည်။
(ပုံ-၂) ဒေါ်ညွန့်ညွန့်ရင် ( ကမန် တိုင်းရင်းသူ )
လက်ထောက် ကထိက၊ ရုက္ခဗေဒဋ္ဌာန
ဘဏ္ဍာရေးမှူး ရခိုင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ
စစ်တွေကောလိပ် ၁၉၇၃ - ၁၉၇၄
ယင်းတို့ အနက် ကျွန်တော့် မေဂျာ ဋ္ဌာနမှူး ဦးခင်မောင်လေး၊ ဆရာမ ဒေါ်ညွန့်ညွန့်ယဉ်၊ ဆရာမ ဒေါ်သန်းတင် တို့သည် အစ္စလာမ်ဘာသာဝင် ကျေးဇူးရှင် ဆရာဆရာမများဖြစ်ကြပါသည်။
ကျောင်းသား ၁၄ ဦးကို ဆရာဆရာမ ၁၃ ဦးက အနီးကပ် သေချာစွာ ကျောင်းပြေးမရအောင် လှုပ်မရအောင် ဂရုစိုက် ရင်းနှီးနွေးထွေး ချစ်ခင်စွာ စေတနာအပြည့်ဖြင့် စာတွေ့အပြင် ဖား၊ ကြက်၊ ဝက် ခွဲစိပ် ရုက္ခ ခွဲစိပ် လက်တွေ့ ဘာသာရပ်များ သင်ကြားပို့ချခဲ့ကြပါသည်။
အလွန် ကျေးဇူးရှိသော ဆရာ ဆရာမ များကို အစဉ်သတိရ ရိုသေလေးမြတ်စွာ ကန်တော့ပါသည်။
- ထွန်းအောင်ကျော်
Click here: For Original FB Link
No comments:
Post a Comment