Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, October 25, 2021

Bór (ရိုဟင်ဂျာစကားပေဒသာ)



❝𝐁Ó𝐑❞ - လေးလံသည် - 𝐇𝐞𝐚𝐯𝐲


ဘာသာစကားတစ်ခုကို လေးလေးနက်နက် ခြေခြေမြစ်မြစ် လေ့လာကြည့်တဲ့အခါ သဘောကျစရာတွေ တွေ့ရပြီး စိတ်ထဲ ပီတိဖြစ်မိတယ်။ မိမိရဲ့ မိခင်ဘာသာစကား ဖြစ်စေကာမူ လေးလေးနက်နက် မတွေးဖြစ်မိရင်တော့ ဘာသာစကားရဲ့ အလှတရားကို မတွေ့ဖြစ်တတ်ပါဘူး။

ကျနော့်ဘော်ဒါတစ်ဦးဟာ ရိုဟင်ဂျာစကားရဲ့ အတိမ်အနက်၊ တင်စားမှုသဘော၊ အလေးအပေါ့ စတာတွေကို လေ့လာတတ်ပါတယ်။ တစ်ခါတလေ သူနဲ့စကားလက်ဆုံကျတဲ့အခါ အဲ့အကြောင်းတွေပြောရင်းနဲ့ ကျနော်လဲ ရိုဟင်ဂျာတို႔ပြောစကားထဲက စကားလုံးအချို့ရဲ့ အလေးအပေါ့၊ အတိမ်အနက်၊ တင်စားမှုသဘော စတာတွေကို မိမိဘာသာ တွေးဖြစ်မိတယ်။

အဲ့လိုတွေးဖြစ်မိတဲ့ထဲက စကားလုံးတစ်လုံးကို တင်ပြပါမယ်။


Bór - (မြန်မာ) လေးလံသည်။ (Eng) Heavy

ဒီ ''Bór'' ဆိုတဲ့စကားလုံးကို ရိုဟင်ဂျာတွေက ''ကြိယာ''၊ ''နာမဝိသေသန'' အနေနဲ့လဲသုံးသလို၊ တင်စားမှုသဘောနဲ့လဲ သုံးတာတွေ့ရပါတယ်။ တင်စားမှုသဘောဆိုတာ ဝင်္ကဝုတ္တိ အလင်္ကာဆန်ဆန် သုံးနှုန်းတာကို ဆိုလိုတာပါ။


(၁) Bór (ဂုဏ်ရည်ပြကြိယာ)

▪ E soilor bossá ibá bishí bór.

▪ ဒီဆန်အိတ်က သိပ်လေးလံတာပဲ။


(၂) Bór (ဂုက်ရည်ပြနာမဝိသေသန)


Bór jínísh hañdót no loiyó.

▪ လေးတဲ့အရာတွေကို မထမ်းပါနဲ့။


(၃) Bór (အနုတ်သဘောပါတဲ့ တင်စားမှု)


Khon Thar haan bishí bór.

▪ ခွန်သာရဲ့ နားရွက်က သိပ်လေးတာပဲ။ (ဒါရိုက်ဘာသာပြန်)

(ဒီမှာ Khon Thar ရဲ့ နားရှကျ အလေးချိန်ကို ဖော်ပြတ မဟုတ်ပါဘူး။ အကြားစွမ်းရည် အားနည်းတာကို ဖော်ပြတာပါ။)

- ဒီဝါကျမှာပါတဲ့ Bór ရဲ့အနက်က ''နားသိပ်မကြားတာ'' ကို ဆိုလိုတာပါ။


Zay Yar hamot bishí bór.

▪ဇေယျာဟာ အလုပ်လုပ်တဲ့အခါ သိပ်လေးတယ်။

- ဒီဝါကျမှာပါတဲ့ Bór ရဲ့အနက်ဟာ အလုပ်လုပ်တဲ့အခါ ''မသွက်လက်တာ''၊ ''​နှေးကွေးတာ'' ကို ဆိုလိုတာပါ။


(၄) Bór (အပေါင်းသဘောပါတဲ့ တင်စားမှု)

Zin Min Naing boddá heénkén bór! Zeén laribá larogoí, gúshshá noó.

▪ ကိုဇင်မင်းနိုင် ဘယ်လိုတောင် လေးလံတာလဲဗျာ။ သူ႕ကို ဘယ်လောက် စစ၊ စိတ်ဆိုးတယ်လို႔ကို မရှိဘူး။ (တိုက်ရိုက်ဘာသာပြန်)

- ဒီဝါကျမှာပါတဲ့ Bór ဟာ ''သည်းခံနိုင်စွမ်းရှိခြင်း'' ၊ ''အနစ်နာခံနိုင်စွမ်းရှိခြင်း'' ဆိုတဲ့သဘောနဲ့ တင်စားပြောဆိုခြင်းဖြစ်တယ်။


#မိခင်ဘာသာစကားကို မြတ်နိုးတန်ဖိုးထားပါ။

#မိခင်ဘာသာစကားကို ထိန်းသိမ်းပါ။


#ယျာတင် (ရိုဟင်းသား)

၂၆၊ ၁၀၊ ၂၀၂၁


- မိမိသဘောကျတဲ့ ''ရိုဟင်ဂျာစကားလုံး'' တွေနဲ့ပတ်သက်ပြီး Comment box မှာ ဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

Monday, October 11, 2021

အာရိုရာဆုရှင် ရှေ့နေဦးကျော်လှအောင် (၁၉၄၁-၂၀၂၁)

 


အာရိုရာဆုရှင် ရှေ့နေဦးကျော်လှအောင် (၁၉၄၁-၂၀၂၁)

"အစားအသောက်က အရေးကြီးတယ်။ ကျန်းမာရေးလည်း အရေးကြီးတယ်။ ဒါပေမဲ့ ပညာရေးလောက် အရေးကြီးတာ ဘာတစ်ခုမှ မရှိပါဘူး။"

— ရှေ့နေဦးကျော်လှအောင်

ဦးကျော်လှအောင်သည် မြန်မာနိုင်ငံသား ရှေ့နေတစ်ဦးဖြစ်ပြီး လယ်သမားအခွင့်အရေး လှုပ်ရှားသူ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူအပြင် ရိုဟင်ဂျာအသိုင်းအဝန်း၏ အထင်ကရ ခေါင်းဆောင်တစ်ဦးအဖြစ် ကမ္ဘာက အသိအမှတ်ပြုသူတစ်ဦးဖြစ်ပါသည်။

ကျော်လှအောင်သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပါဒလချိတ်ရပ်ကွက်၌ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်တွင်  ဖခင် ဦးယူဆုဖ်နှင့် မိခင် ဒေါ်ဂုလ်ဘောဒါန်းတို့မှ ဖွားမြင်ခဲ့သည်။ ဖခင်မှာ အင်္ဂလိပ်အစိုးရအမှူးထမ်းနှင့် စစ်တွေမြို့ ခရိုင်တရားမနှင့် စက်ရှင်တရားသူကြီးရုံး၏ စာရေးကြီး တစ်ဦးဖြစ်သည်။ သူ၏မွေးနာမည်မှာ မိုဟာမတ်ကာဆိမ်း ဖြစ်သည်။ ကျော်လှအောင်သည် စစ်တွေမြို့တွင် ကြီးပြင်းလာပြီး စစ်တွေမြို့မှာပင် ပညာသင်ယူခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် အထက်တန်းစာမေးပွဲ အောင်ခဲ့သည်။ တရားရုံး လက်ရေးတိုရေးစက်ရှင်စာရေးအဖြစ် အစိုးရဝန်ထမ်းဘဝကို စတင်ခဲ့သည်။ စစ်တွေမြို့ ခရိုင်တရားမနှင့် စက်ရှင်တရားသူကြီးရုံး စာရေးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည်။ နောက်ဆုံး ပုဏ္ဍားကျွန်း တရားရေးဦးစီးရုံးမှ စာရေး(၁) အဖြစ်နှင့် အမှူးထမ်းဘဝကို အဆုံးသတ်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် အထက်တန်းရှေ့နေစာမေးပွဲကို "မြန်မာ့ဓလေ့ထုံးထမ်းဥပဒေ" ဘာသာရပ်၌ ဂုဏ်ထူးဖြင့် အောင်မြင်ကာ ဥပဒေဘွဲ့ (LL.B) ရယူခဲ့ပြီး အထက်တန်းရှေ့နေအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။

၁၉၈၆ ခုမှာ မြန်မာအစိုးရက ရိုဟင်ဂျာများ၏ လယ်မြေများကို မတရားသိမ်းပိုက်နေချိန်တွင် ဦးကျော်လှအောင်သည် ရိုဟင်ဂျာလယ်သမားအဖွဲ့ကို ကိုယ်စားပြုပြီး တက်ကြွလှုပ်ရှားခဲ့သည်။ ငြိမ်းချမ်းသော နည်းလမ်းဖြင့် စစ်အစိုးရကို ဆန့်ကျင်တော်လှန်ခဲ့သည်။ ဥပဒေဘောင်အတွင်းကနေ အစိုးရထံ အသနားခံစာများ ရေးသားတောင်းဆိုခဲ့သည်။ စစ်အစိုးရက မကျေနပ်၍ ၄အား ဖမ်းဆီးကာ ရန်ကုန်ထောင်တွင် ၂ နှစ် အကျဉ်းကျစေခဲ့သည်။ ၁၉၈၈ ခုနှစ် ဆန္ဒပြပွဲအပြီးမှာ ထောင်ကလွှတ်မြောက်ပြီး စစ်တွေမြို့ကို ပြန်ရောက်လာခဲ့သည်။ သို့သော် စစ်အစိုးရက ရှေ့နေကျော်လှအောင်၏ ရှေ့နေလိုင်စင်နှင့် ပင်စင်ကို မတရားရုတ်သိမ်းခဲ့သည်။

ထို့နောက် “အမျိုးသားလူ့အခွင့်အရေးနှင့် ဒီမိုကရက်တစ်ပါတီ” ကို ပူးတွဲတည်ထောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် တခဲနက် အနိုင်ရရှိခဲ့သည်။ စစ်အစိုးရက ရွေးကောက်ပွဲကို ဖျက်သိမ်း၍ ရွေးချယ်ခံကိုယ်စားလှယ်လောင်းများကို ဖမ်းဆီး ထောင်သွင်းခဲ့သည်။ ရှေ့နေဦးကျော်လှအောင်လည်း ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံခဲ့ရသည်။ ၁၉၉၇ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့သော်လည်း နောက်ပိုင်းတွင် အကြိမ်ကြိမ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ရှေ့နေကြီးသည် ထောင်မှ လွှတ်လာ၍ အပြည်ပြည်ဆိုင်ရာအန်ဂျီအိုအဖွဲ့ MSF (Médecins Sans Frontières) သို့ အလုပ်ဝင်ခဲ့သည်။ 

၂၀၁၂ ခုနှစ် အစိုးရနောက်ထောက်ပြု လူမျိုးရေးပဋိပက္ခဖြစ်ပွားစဉ်တွင် အစွန်းရောက်သမားများ၏ လက်ချက်ကြောင့် ပလုပ်တောင်ရှိ ၎င်း၏ နေအိမ် မီးလောင်ဖျက်ဆီးခံခဲ့ရသည်။ အာဏာပိုင်များက ရှေ့နေကြီးကို မတရားဖမ်းဆီးကာ  ၂ လထိထိ အချုပ်၌ ထိန်းသိမ်းထားခဲ့သည်။ ၂၀၁၃ ခု ဇူလိုင်လ ၁၅ ရက်တွင် အိုင်ဒီပီစခန်း၌ ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည်ဟုစွပ်စွဲကာ ဦးသိန်းစိန်အစိုးရက ထပ်မံဖမ်းဆီးခဲ့သည်။ ၂၀၁၄ ခု အောက်တိုဘာလ ၇ ရက်တွင် စစ်တွေထောင်မှ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှမ်မြောက်လာခဲ့သည်။ ၂၀၁၈ ခုနှစ်မှ စတင်ကာ စစ်တွေမြို့ အပြင်ဘက်ရှိ သက်ကေပြင် ဒုက္ခသည်စခန်းတွင် နေထိုင်ခဲ့ရပြီး ဒုက္ခသည်စခန်း၌ ဦးစီးဦးဆောင်ပြုကာ ဒုက္ခသည်များအကျိုးပြု အကူအညီများနှင့် အခွင့်အရေးများအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့သည်။

 ၂၀၁၂ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် ရှေ့နေ ဦးကျော်လှအောင် စစ်တွေအကျဉ်းထောင်မှ လွှတ်လာခဲ့စဉ် (ပုံ-မဇ္ဈိမ)

၂၀၁၂ ခုတွင် ရှေ့နေဦးကျော်လှအောင်သည် ပညာရေးကော်မတီအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းကာ ရိုဟင်ဂျာလူငယ်များ၏ ပညာရေးမြင့်တင်ပေးရန် ကြိုးပမ်းခဲ့သည်။ နောင်တွင် အစိုးရက ထိုပညာရေးအဖွဲ့အစည်းကို ပိတ်ပင်ဖျက်သိမ်းခဲ့သည်။ 

ရှေ့နေကြီး၏ လှုပ်ရှားမှု အဓိက ရည်မှန်းချက်များမှာ ရိုဟင်ဂျာ အသိုင်းအဝိုင်းအတွက် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပြည်စုံသော ပညာခွင့်ရရှိရေး၊ နိုင်ငံသားအခွင့်အရေးအပါအဝင် ပဋိပက္ခနှင့်ပတ်သက်၍ အသိပညာ မြှင့်တင်ရန် ဖြစ်သည်။

ဦးကျော်လှအောင်၏ အစွန့်စားခံ၊ စွန့်လွှတ်မှု၊ ကြိုးပမ်းမှုများအတွက် ၂၀၁၈ ခုနှစ်တွင် အာမေးနီးယားနိုင်ငံက Aurora Prize for Awakening Humanity ဆုကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ သူရရှိသော ဆုငွေ ဒေါ်လာတစ်သန်းကို  မြန်မာနိုင်ငံမှ ဒုက္ခသည်များအား  ကျန်းမာရေး၊ ပညာရေးကဏ္ဍများမှ ကူညီနိုင်ရန် Médecins Sans Frontières, Mercy Malaysia, and the International Catholic Migration Commission (ICMC) တို့အား လှူဒါန်းခဲ့သည်။ သူ၏ အလှူငွေဖြင့် ရိုဟင်ဂျာဒုက္ခသည် ၃၇၅၀၀၀ တို့က အကျိုးခံစားခွင့်ရရှိခဲ့သည်။  ၂၀၁၉ ခုနှစ်တွင် ရှေ့နေကျော်လှအောင်ကို ရိုဟင်ဂျာ အမျိုးသားထဲမှ ပထမဆုံးအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ချစ်ကြည်ရေး သံတမန် (Goodwill Ambassador)အဖြစ်  Aurora Forum မှ ခန့်အပ်ခဲ့သည်။ သူသည် မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော အာရိုရာဆုရှင် အပြင် ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေး သံတမန်တစ်ဦးဖြစ်လာခဲ့သည်။ 

၂၀၁၉ ခုနှစ်တွင် ဦးကျော်လှအောင်ကို Fortune မဂ္ဂဇင်း၏ "ကမ္ဘာ့အကြီးမြတ်ဆုံးခေါင်းဆောင်များစာရင်း အဆင့် ၂၈ တွင် ထည့်သွင်းဖော်ပြခံရသည်။ နိုင်ငံတကာ သတင်းဂျာနယ်စင်များက ရှေ့နေကျော်လှအောင်ကို "ကိုယ်ကျိုးမဲ့ သူရဲကောင်း" ဟု ကင်ပွန်းတပ်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ဦးကျော်လှအောင်၏ ပုံကို အာမေးနီးယန်းစာတိုက်ရုံး တံဆိပ်ခေါင်းတွင် ပုံနှိပ်ကာ ဂုဏ်ပြုခဲ့သည်။

မြန်မာ့ဂုဏ်ဆောင် ရှေ့နေဦးကျော်လှအောင်တွင် သားသမီးခုနစ်ယောက် ထွန်းကားခဲ့သည်။ မိမိလူမျိုးနှင့် တိုင်းပြည်အတွက် တရားမျှတမှုနှင့် ငြိမ်းချမ်းရေး တိုက်ပွဲဝင်ရင်း  ၂၀၂၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင် ရန်ကုန်၌ ဆေးကုသမှုခံယူနေစဉ်  ရန်ကုန်မြို့ ဗိုလ်တစ်ထောင်တွင် အလ္လဟ်အမိန့်တော်ခံယူလေသည်။ ရိုဟင်ဂျာလူမျိုး၏ အစားမထိုးနိုင်သော ကိုယ်ကျိုးမဲ့ လူ့အခွင့်အရေးသူရဲကောင်းတစ်ဦး ကြွေလွင့်ခဲ့လေသည်။ အလ္လာဟ်အရှင်မြတ် အစားပေးတော်မူပါစေ…အာမိန်။


 — လူထုဝဏ္ဏ

ကိုးကား - Internet Sources 



Tuesday, October 5, 2021

ပြည်နယ် ပြည်သူ့ကောင်စီဝင် ဆရာ ဦးဆွာလေအမတ် (၁၉၁၉-၁၉၈၉)

 


ပြည်နယ် ပြည်သူ့ကောင်စီဝင် ဆရာ ဦးဆွာလေအမတ် (၁၉၁၉-၁၉၈၉)


ဆရာဦးဆွလေအဟ်မတ် သည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဘော်လီဘာဇား ဇာတိဖြစ်သည်။ ဖခင်မှာ အာမာန်အလီမျာဖြစ်ပြီး၊ မိခင်မှာစူရတုန်နီဆာ ဖြစ်သည်။ မွေးချင်း ၇ ယောက်အနက် ဒုတိယမြောက်သား ဖြစ်သည်။ ဘော်လီမျိုးနွယ်စုမှ ဆင်းသက်လာ၍ ဆွာလေမာခ်ျထောရ်ဟု လူသိများသူတစ်ဦးဖြစ်သည်။ ဆရာသည် မြို့ပိုင် ဖရုတ်အမတ်နှင့် ယောက်ဖအရင်း တော်စပ်သည်။

ဆရာဦးဆွာလေအမတ်သည် ငယ်စဉ်က ဘော်လီဘာဇား အူရ်ဒူကျောင်းတွင် အခြေခံပညာကို သင်ယူခဲ့ပြီး အဆင့်မြင့်ပညာကို စစ်တွေ အင်္ဂလိပ်-ဗမာကျောင်းတွင် ဆည်းပူးတတ်မြှောက်ခဲ့သည်။ ဆရာဆွာလေအဟ်မတ်သည် ဘာသာရေးကိုင်ချိုင်းသူ ဖြစ်ပြီး အားကစား၌လည်း ဝါသနာကြီးသည်။ စည်းကမ်းသေဝပ်သူလည်း ဖြစ်သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ဘော်လီဘာဇား အမျိုးသားကျောင်းတွင် ကျောင်းဆရာအဖြစ် စတင်သင်ပြခဲ့သည်။ ဘော်လီဘာဇား အမျိုးသားကျောင်းကို အဆင့် မြင့်တင်ရန် ဆရာဆွာလေအမတ်၏ ရုန်းကန်အားထုတ်မှုက မနည်းလှချေ။ တပည့်သားများကို ခေတ်ပညာရေးဘက်တွင်သာမက ဘာသာရေးဘက်တွင်လည်း ကြံ့ခိုင်ဖွံ့ဖြိုးလာအောင် အပတ်တကုပ် ကြိုးစားခဲ့သူဖြစ်သည်။ " Din-dórmor súwan sará elom behazor" အဓိပ္ပာယ်- ဘာသာတရား ပဲ့နင်းမပါတဲ့ ပညာက အရာရောက်မှာ မဟုတ်ဘူး လို့ ဆရာ ဆွာလေအမတ်က တပည့်များကို မကြာခဏ ပြောဆိုဆုံးမလေ့ရှိခဲ့သည်ကို တပည့်တစ်ယောက်က သတိရရ ပြောပြခဲ့သည်။ ဆရာဦးဆွာလေအမတ်၏ ကျောင်းဆရာဘဝအတွင်း ပညာတတ်ပေါင်းများစွာ မွေးထုတ်ပေးခဲ့သည်။ ယနေ့ထက်တိုင် ဆရာကြီး၏ တပည့်များ ဂုဏ်ရောင်ဝင်းဝါလျက် သက်ရှိထင်ရှား ရှိနေသေးသည်။

ဆရာဦးဆွာလေအမတ်သည် ၁၉၇၄ ခု ပြည်နယ် ပြည်သူကောင်စီဝင်အဖြစ် မောင်တောမဲဆန္ဒနယ် (၉) မှ ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများစွာ ဆောင်ရွက်ပေးခဲ့သည်။ ၁၉၇၉ ခုတွင် ဒုက္ခသည်များဆိုင်ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချပေးရေး နှင့်စပ်လျဉ်း၍ အစိုးရမှ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။



ဆရာဦးဆွာလေအမတ် တွင် သား(၃)ယောက်၊ သမီး (၃)ယောက် ထွန်းကားခဲ့သည်။ ဆရာသည် တိုင်းပြည်အကျိုး၊ လူမျိုးအကျိုးကို ထမ်းရွက်ရင်း ၁၉၈၉ ခု အသက် (၇၀) တွင် ဇာတိမြေ ဘော်လီဘာဇား၌ ကွယ်လွန်ခဲ့ရှာသည်။

- လူထုဝဏ္ဏ

(၄-၁၀-၂၀၂၁)


#Well_Known_Rohingya

#SayaSalayAhmad

#RSF


Tuesday, September 14, 2021

Biyallíshór Lorhori [Zari]



"၁၉၄၂ ၏ ပူဆွေးသောက" ကဗျာလေ့လာချက်
ခေတ် - ကိုလိုနီနှောင်း
ရေးဖွဲ့ - အမည်မသိရှေးစာဆို
အမျိုးအစား - ဇာရီ


Biyallishór Lorhori


Hoinna haçer kuf mari
             Oi-ló zadur lorhori,
Séi zadu rey mari felléy 
             Luwár sél maári.

Sélór agat zádurey loi
            Horáf mogáy nasér gói,
musólmánáy gorér handon
           Jongoletáy bói.

Nizstánor gór fayli 
             Musoólmanór lorhóry,
Musólman haça hái
         Góbon góillo Apokkor faari.

Apokkór dhálaát zaái
             Kiyórey dháker baf oh bhái,
Házar házar Mori zaddéy
              Fanír loót no fai.

Zattún asshíl buráburi
              Tarár fuinnó lorhóry
Dhálát mazáy felai aisshéy
               Hárái no faári.


- Osin Cayér


[English translation of the poem]


The grief of the 1942 massacre 


The young girls were chopped
Innocent children lay in their death throes 
That baby was killed with a sharp spear.

Impaling the babies on the spear, the mogh danced and enjoyed 
The Muslims were crying in the surrounding  forest.

The Muslims suffered even more
after leaving their home, their motherland.
The Apaukwa valley has become a place of unforgettable horror after the Rohingya massacre.

In the Apaukwa Valley, some called out "O father", some called out "O brother" for help_
Thousands of people died of thirsty.

Those who had elderly parents become utterly helpless;
they fled Apaukwa Valley, leaving them behind  in that deadly place.


- Anonymous 


၁၉၄၂ ၏ ပူဆွေးသောက

ဤ ၁၉၄၂ ၏ ပူဆွေးသောက ကဗျာသည် ဇာရီ ခေါ် ညည်းချင်း ကဗျာတစ်ပုဒ်ဖြစ်သည်။ ဇာရီကဗျာသည် ပူဆွေးသောက၊ လွမ်းဆွယ်ဖွယ်ဖြစ်ရပ်၊ နာကျင်ခံစားမှုစသည်တို့ကို ထည့်သွင်းဖွဲ့ဆိုသော ကဗျာဖြစ်သည်။ ကရ်ဘလာ ဇာရီ၊ ဘီယာလိချ်သြရ်ခါရာခါရီ ဇာရီ၊ ရှုဂျာဘချ်ချာရ် ဇာရီ၊ ပါရီဘာဏူ ဇာရီ စသော ရှေးခေတ် ထင်ရှားသော ဇာရီများရှိခဲ့သည်။ 

ဇာရီ ကဗျာမှာ ပိုဒ်ရေ အရေအတွက် အကန့်အသတ်မရှိချေ။ မိမိစွမ်းသလောက် ဖွဲ့ဆိုနိုင်သည်။ ဖြစ်ရပ်မှန်များကို သနားကြင်နာဖွယ်ကောင်းသော ကရုဏာရသမြောက်အောင် စပ်ဆိုရသည်။ ဘယာနာကရသလည်း အနည်းအများ ခံစားနိုင်သည်။ ဇာရီကို တစ်စုံတစ်ယောက်အား လွမ်းဆွတ်သတိရ၍ ရွတ်ဆိုလေ့ရှိသည်။ 


ဤကဗျာတွင် ၁၉၄၂ ခုနှစ် အာရကန်ပြည်တွင် ဖြစ်ပွားခဲ့သည့် မဂ်ခါရာခါရီ ခေါ် လူမျိုးရေးအဓိကရုဏ်း၌ အာရကန်ပြည်သူ ရိုဟင်ဂျာလူမျိုးများ အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် အသတ်ခံခဲ့ရသည့် ကျောက်တော်မြို့နယ်၊ အပေါက်ဝတောင်ကြားလမ်း သတ်ဖြတ်ပွဲ ဖြစ်ရပ်မှန်ကို စာဆိုက ကရုဏာသရမြောက်အောင် စပ်ဆိုထားသည်။ စာဆိုသည် ကျောက်တော်မြို့ အပေါက်ဝဒေသခံ ဖြစ်ဟန်တူသည်။ အပေါက်ဝဒေသတဝိုက်တွင် အသတ်ခံခဲ့ရသော ရိုဟင်ဂျာများကို အဓိက သရုပ်ဖော်ထားသည်။ 

ကဗျာတွင် မိန်းကလေးငယ်များ မုဒိမ်းကျင့်သတ်ဖြတ်ခံရပုံ၊ ကလေးသူငယ်များ သတ်ဖြတ်ခံရပုံ၊ အကြမ်းဖက် မဂ်ရိုင်းများ သာယာနေပုံ၊ ဒေသခံပြည်သူများ ရပ်ရွာစွန့်၍ တောအုပ်၌ အသက်ကယ်ဖုံးဝှက်နေရပုံ၊ တောထဲ၌ အစာရေစာ ပြတ်လပ်၍ သေကြေရပုံ၊ သက်ကြီးအဘိုးအိုများကို ကယ်မထုတ်နိုင်ဘဲ စွန့်ထားရပုံ စသော မြင်ကွင်းများကို ကွက်ကွက်ကွင်းကွင်း ထင်ဟပ်လာအောင် ဖော်ကျူးထားသည်။ 


ကဗျာအဓိပ္ပါယ်ဖွင့်ဆိုချက်

၁၉၄၂ သတ်ဖြတ်မှု၏ ပူဆွေးသောက

အပေါက်ဝမှာလေ-
ကညာပျိုမိန်းကလေးများ ဓားနှင့် ခုတ်သတ်ခံရ
အပြစ်မဲ့ကလေးများ သေကံမရောက် သေဆုံးခဲ့ရ
နို့စို့ကလေးများ လှံနှင့် ထိုးသတ်ခံရ။

နို့စို့ကလေးများကို လှံချွန်ထက်တွင် စိုက်ထိုးရင်း မဂ်ရိုင်းတို့က ကခုန်ပျော်ပါးလို့
မွတ်စလင်များသည် တောအုပ်ထဲ၌ ခိုရာမဲ့ငိုကြွေးခဲ့ရ

မွတ်စလင်များသည် မိမိတို့၏အိမ်၊ အမိမြေကို စွန့်ခွာထွက်ပြေးခဲ့ရပြီးနောက် ပို၍ပင် ဆင်းရဲဒုက္ခရောက်ခဲ့။

အပေါက်ဝတောင်ကြားသည် ရိုဟင်ဂျာ အစုလိုက် သတ်ဖြတ်ခံရပြီးနောက် မမေ့နိုင်သော ထိတ်လန့်ဖွယ်ရာ နေရာတစ်ခု ဖြစ်လာ။

အပေါက်ဝတောင်ကြားတွင် အချို့က "အိုအဖေ" ၊ အချို့က "အိုအကို" ဟု ငိုကြွေးရင်းလေ။
လူထောင်ပေါင်းများစွာသည် ရေငတ်ဒဏ်ကြောင့်သေကြေခဲ့ရ။

အိုမင်းသော မိဘများရှိသူများမှာ ပို၍ ဒုက္ခရောက်ခဲ့
အပေါက်ဝတောင်ကြား၌  အဘိုးအိုများကို 
မကယ်နိုင်ဘဲ ချန်ရစ်ထွက်ပြေးခဲ့ရသည်။

- အမည်မသိ



ဝေါဟာရအဖွင့်

Agat = ထိပ်ဖျားတွင်
Apok = အပေါက်ဝ
Biyallish = ၄၂ ( ၁၉၄၂)
Buráburi = သက်ကြီးရွယ်အို
Dhála = တောင်ကြားလမ်း
Gór = အိမ်
Handon = ငိုကြွေးခြင်း
Hárái = ရှောင်ဝှက်ထားသည်။ ကယ်သည်။
Hoinna = ကညာပျို
Hóraf = အရိုင်း။
Jongol = တောတောင်
Lorhori = ပူဆွေးသောက
Mog = မဂ်လူမျိုး
Naser = ကခုန်သည်
Nizestan = မိမိဌာနေ
Sél = လှံ
Zadu = နို့စို့ကလေး




— ရိုဟင်းကိန်း
(၉-၅-၂၀၂၁)


Thursday, September 2, 2021

ဂုစ်တောစာ့လောန် (အမဲသားဟင်း) ချက်နည်း

 


ဂုစ်တောစာ့လောန် (အမဲသားဟင်း) ချက်နည်း


အမဲသားဟင်းကျတော့ စီးပွားရေး အလယ်အလတ် အဆင်ပြေနေတဲ့ မိသားစုတွေအတွက်တော့ တစ်ပတ်တစ်ခါလောက်တော့ စားဖြစ်တယ်။ ပြီးတော့ ရိုးရာဖာတီယားပွဲတွေမှာတော့ အမဲသားကိုပဲ အဓိကထား ချက်ပြုတ်လှူဒါန်းကြတယ်။ ရိုဟင်ဂျာတို့ရဲ့ အသည်းစွဲမုန့်ဖြစ်တဲ့ လူရီဖီရားနဲ့ အစပ်တည့်တဲ့ ဟင်းကောင်း တစ်မျိုးလည်းဖြစ်တယ်။

မဂ်လာဆောင်ပွဲတွေမှာလည်း အမဲသားပဲချက်ကျွေးတာဖြစ်တယ်။ မေလာ စာလောန်ကျတော့ ရိုဟင်ဂျာတွေအကြား အထူးထင်ရှားတယ်။ တစ်ခါ အိမ်မှာ ဧည့်သည်တွေရောက်လာရင်လည်း အသားချက်ကျွေးမှ ဧည့်ဝတ်ကျေသလိုပါပဲ။

ကဲ... ဒီလောက် အရေးပါအရာရောက်တဲ့ ဟင်းတစ်မျိုးကို ရိုဟင်ဂျာနည်းရိုဟင်ဂျာဟန်နဲ့ ဘယ်လိုချက်ကြမလဲ ကြည့်ကြရအောင်-


လိုအပ်တဲ့ပစ္စည်းတွေ

  • အသားစိမ်း
  • ငရုတ်စိမ်း
  • ငရုတ်ခြောက်
  • ဆီ
  • ဆား
  • နနွင်း
  • ဂျင်း
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ဖာလာ
  • နံနံရွက်
  • မဆလာ
  • အာလူး
  • ခရမ်းသီး
  • ရေ


ချက်နည်း

ဦးစွာ အမဲသားတွေကို ငယ်ငယ်လေး ပိုင်းဖြတ်ရမယ်။ နှစ်လက်မ နှစ်လက်ခွဲလောက်ပေါ့။ ပြီးတော့ နနွင်း နဲနဲလူးကာ သေချာ ဆေးကြော့ရမယ်။ သုံးကြိမ်လောက်ဆေးရင် ရပြီ။ ဟင်းသီးဟင်းရွက်တွေကိုလည်း လှီးဖြတ်ထား၊ မဆလာ၊ ငရုတ်ကြိတ်စတာတွေပြင်ထားပေါ့။ မီးမွေးပြီးတော့ အိုးလွတ်ကို မီးဖိုမှာ တင်ထားရတယ်။ အိုးကင်းသွားရင် ဆီထည့်ရတယ်။ ဒါကို "ဇူတ္တာ"လို့ ခေါ်တယ်။ ပြီးရင် မဆလာ၊ ငရုတ်ရေ၊ ကြက်သွန်၊ နနွင်း၊ ဂျင်း စတဲ့ဟာတွေကို အသားနဲ့ ရောနှောပြီးတော့ အိုးထဲရတယ်။ ဒီမှာ မဆလာကတော့ စျေးကနေ အသင့်ဝယ်ထားတဲ့ဟာမဟုတ်ဘူး။ အိမ်မှာပဲ ပြုလုပ်ထားတဲ့ မဆလာဖြစ်တယ်။ ပြီးရင် အဖုံးအုပ်ထားပြီးတော့ နာရီဝက်လောက် မီးခံထားရတယ်။ ဒါကို "ဟောချား"လို့ ခေါ်တယ်။ ဟောချားရတဲ့အချိန်က ဆီနဲ့ရေ ရောသွားတဲ့အချိန်၊ ရေမရှိတော့တဲ့အချိန်လို့ ယေဘုယျအားဖြင့် သတ်မှတ်ရတယ်။ အသားဟင်းတွေဆိုရင် ပိုပြီးတော့ မီးခံထားရတယ်ပေါ့။ ငရုတ်သီးကျတော့ ဆောင်းရာသီမှာ ငရုတ်စိမ်းကြိတ်နဲ့ ထည့်ချက်တာများတယ်။ တခြားရာသီမှာကျတော့ ငရုတ်သီးခြောက်ကြိတ်နဲ့ပေါ့။

အသားတွေကျက်သွားပြီးဆိုရင် အသင့်ပြင်ထားတဲ့ အာလူး၊ ခရမ်းသီး၊ စတဲ့ ဟင်းသီးတွေကို ထည့်ကာ ရေထည့်ပေးရတယ်။ ရေပမာဏကတော့ သားနဲ့ ဟင်းသီးတွေ မပေါ်တပေါ် ဖြစ်အောင်လောက် ထည့်ပေးရတယ်။ ပြီးတော့ ၁၀ မိနစ် ၁၅ မိနစ်လောက် မီးခံထားရတယ်။ ပြီးရင် ဆားပမာဏ စမ်းသပ်ပြီးတော့ လိုအပ်ရင် နဲနဲ ခတ်ပေးရတယ်။ နံနံရွက်တွေကိုလည်း အစိတ်စိတ် ခတ်ထည့်ပေါ့။ ဟင်းမွေးဟင်းနံ့တွေ တစ်အိမ်လုံး ကြိုင်ကြိုင်လာရင်တော့ စားဖို့အဆင်အသင့် ဖြစ်ပြီးပေါ့။

ဂုစ်တောစာလောန်မှာတော့ အသားသက်သက် ချက်တဲ့ပုံစံလဲ ရှိတယ်။ အခု ဖော်ပြတဲ့ဟင်းကတော့ အမြဲလိုလို ရိုဟင်ဂျာတို့ရဲ့အိမ်တွေမှာ ချက်နေကျ ထင်ရှားတဲ့ဟင်း ဖြစ်ပါတယ်။

ထမင်းနဲ့ တို့စားချင်ရင်စား၊ လူရီဖီရားနဲ့ တို့စားချင်ရင်စား၊ ဓုံဖီရားနဲ့ တို့စားချင်ရင်စားပြီးတော့ ရိုဟင်ဂျာ ဂုစ်တောစာ့လောန်ရဲ့ အရသာမြိန်ကြပေါ့ဗျာ။


- ရိုဟင်လေး

Sunday, August 29, 2021

စစ်ဝန်ထမ်း ခေါ် ဘီတီအက်ဖ် စစ်ဆင်ရေး (၁၉၄၉-၁၉၅၁)

 

စစ်ဝန်ထမ်း ခေါ် ဘီတီအက်ဖ် စစ်ဆင်ရေး (၁၉၄၉-၁၉၅၁)

မြန်မာနိုင်ငံသားလူနည်းစုရိုဟင်ဂျာလူမျိုးအပေါ်သတ်ဖြတ်ရှင်းလင်းမှုများ ပြုလုပ်လာသည်မှာ မနက်တစ်နှစ်၊ နှစ်နှစ် အရင်က စတင်ခဲ့သည် မဟုတ်ပေ။ ခေတ်အစဉ်အဆက်၊ အစိုးရအဆက်ဆက် သတ်ဖြတ်ရှင်းလင်းမှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်လာခဲ့သည်မှာ ယနေ့အထိပင်ဟုဆိုရပေမည်။ မြန်မာနိုင်ငံတွင်အင်တာနက်ခေတ်စားလာသည်နှင့်တစ်ပြိုင်နက် ဖြစ်ပေါ်ခဲ့သော၂၀၁၂ အရေးအခင်းကစ၍ မြန်မာပြည်သူများက ရိုဟင်ဂျာအရေးကို ရိပ်စားမိသည်ဟု ထင်သည်။ ရှေးခေတ်ကာလက ဖြစ်ပွားခဲ့သော သတ်ဖြတ်ပွဲများ ယနေ့ခေတ်လူငယ်များက သိရှိမည်မဟုတ်ပေ။ အကြောင်းစုံကို ထင်ထင်ပေါ်ပေါ်သိရှိသော ဘာသာခြားသက်ကြီးဝါကြီးများကလည်း မသိကျွန်ပြု ဟန်ဆောင်နေသည်။ ထို့ကြောင့် ရှေးခေတ်တွင် ရိုဟင်ဂျာအပေါ်ကျူးလွန်ခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသောသတ်ဖြတ်ရှင်းလင်းပွဲအနက်တစ်ခုကို တင်ပြပေးပါမည်။အနာဟောင်းကို ကုတ်နေသည်မဟုတ်ဘဲ အဖိနှိပ်ခံ ရိုဟင်ဂျာတို့၏ ရင်းတွင်းခံစားမှုကို မျှဝေခြင်းသာဖြစ်သည်။ 

The Times 1951 Dec 26.


ထိုအဖြစ်ဆိုးကာ အခြားမဟုတ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချင်း ဆင်နွှဲခဲ့သည့် ဘီတီအက်ဖ်စစ်ဆင်ရေး သို့မဟုတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲပင် ဖြစ်သည်။ ဤသတ်ဖြတ်ပွဲအကြောင်းကို ဘီတီအက်ဖ် သန္ဓေတည်လာခဲ့သည့် နောက်ခံသမိုင်းမှ စတင်လျှင်ပို၍ ရှင်းလင်းစေမည်ဟု ထင်ပါသည်။

ဗမာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခု ဩဂုတ်လတွင် အမြဲတမ်းမဟုတ်သော လက်နက်ကိုင်တပ်များဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည်။ ထိုစဉ်က အစိုးရအတွင်း ကန့်ကွက်မှုများရှိခဲ့သော်လည်း လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။ Burma Territorial Force (BTF) နှင့် Auxiliary Union Military Police (AUMP) ဟုအမည်ပေးခဲ့သည်။ ထိုအဖွဲ့ နှစ်ဖွဲ့ကိုပြည်ထဲရေးဝန်ကြီးဌာနမှ တိုက်ရိုက်ကြီးကြပ်ခဲ့သည်။ ထိုချိန်က ပြည်ထဲရေးဝန်ကြီးဌာနကို ဗိုလ်နေဝင်းက ချုပ်ကိုင်ခြင်း ဖြစ်သည်။ ၁၉၄၉ခု ဇန္နဝါရီလအကုန်လောက်တွင် ဗမာနယ်စပ်စောင့်တပ်ဟုအမည်ရသော ဘီတီအက်ဖက် လှုပ်ရှားလာခဲ့သည်။၎င်းကို စစ်ဝန်ထမ်းဟုလည်း ခေါ်ကြသည်။ အဆိုပါတပ်ကို နယ်စပ်တိုင်းရင်းသားလူနည်းစုဒေသများတွင် တာဝန်ထမ်းဆောင်စေသည်။ အသစ် လွတ်လပ်စနိုင်ငံဖြစ်၍ သက်ဆိုင်ရာ ဒေသများမှ တပ်သားများကို စုဆောင်းစေသည်။ ဥပမာ-ကရင်ပြည်နယ်က တပ်ဆိုလျှင် ကရင်များကို စုဆောင်းသည်။ ရခိုင်မှာ ရခိုင်များကိုစုဆောင်းသည်။ ထို့ကြောင့် တပ်တွင် သက်ဆိုင်ရာဒေသ၏ ဒေသခံပြည်သူများသာ အများစုဖြစ်ပြီး သူတို့ကသာ ဦးစီးဦးကိုင်ထားသည်။ မှတ်တမ်းအရဒေသခံ ၉၀ ရာခိုင်နှုန်းကျော် ရှိသည်ဟု ဖော်ပြထားသည်ကိုတွေ့ရသည်။

The Times 1949, Feb 2.


အစိုးရလည်းအသစ်၊ အုပ်ချုပ်ရေးလည်း ကျပ်ပြည့်တင်းပြည့် မလည်ပတ်နိုက်သေးသည့်ကာလမှာ နိုင်ငံဘဏ္ဌာရေးလည်း မကြွယ်တကြွယ်လောက်သာ ရှိခဲ့သည်။ တပ်အသစ် ဖွဲ့စည်းထားသော်လည်း ဖဆပလ အစိုးရက ပုံမှန်လစာငွေ မထုတ်ပေးနိုင်ခဲ့ချေ။  ဘီတီအက်ဖ် တပ်သားများကို ဥပဒေဘောင်ထက် ကျော်လွန်၍ အခွင့်အဏာပေးထားခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် လက်နက်အား အာဏာစက်အားကို အလွဲသုံးစားခွင့်ရနိုင်သည့် စည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့တပ်တွင် လူဆိုးလူမိုက်များအလုံးအရင်း ဝင်လာခဲ့ကြသည်။


ထိုအချိန် ရခိုင်ဒေသ အခြေအနေက နောက်တစ်မျိုး။ မုန်တိုင်းစဲ၍ ငြိမ်သက်နေသည့်အလား။ နိုင်ငံရေး၊လူမျိုးရေး ပယောဂကြောင့် ရခိုင်-ရိုဟင်ဂျာလူမျိုးရေးပဋိပက္ခဖြစ်ပွားခဲ့သည်မှာ ၁၀နှစ်တောင် မစေ့သေးသည့်ကာလဖြစ်သည်။ လူမျိုးရေး ရန်ငြိုးများ နှစ်ဖက်အုပ်စု၏ စိတ်ထဲ၌ ကိန်းအောင်းလျက်ရှိနေသေး။ သွေးစီးသံယို ဖြစ်ရပ်များတွင် ပါဝင်သူများ၊ မီးထိုးနောက်ထောက် ကြိုးကိုင်ခဲ့သူများ အသက်ရှင်ရှိနေသေးသည်။ဤသို့သော် နူးညံ့သည့်အချိန်၌ ဘီတီအက်ဖ် အရိုင်းတပ်ကို ရခိုင်ဒေသသို့ စေလွှတ်ခြင်းက တိုက်ဆိုင်မှုမဖြစ်နိုင်ချေ။ စနစ်တကျ ကြံစည်မှုဟု ရိုဟင်ဂျာသမိုင်းပညာရှင်များကသုံးသပ်ကြသည်။


DOWNLOAD A FULL COPY

ဆက်လက်ပြီး အောက်ပါလိင့်ကို ဒေါင်းဆွဲ၍ ဖတ်ရှူပါ။

စစ်ဝန်ထမ်း ခေါ် ဘီတီအက်ဖ် စစ်ဆင်ရေး (၁၉၄၉-၁၉၅၁)


— လူထုဝဏ္ဏ




Tuesday, August 24, 2021

Central Arakanese Muslim Refugee Organisation: Two Resolutions in 1949

UKNA reference DO 142/453 - Uncorrected transcript

انجمن مہاجرین ارکان مشرقی پاکستان مرکزی دفتر نهيا


The Central Arakanese Muslim Refugee Organisation

East Pakistan

Head Office: Nilla

Dated 22.12.49


To

Subject : Resolution No. 5 of Meeting No. 12/49.

Sir,

An executive meeting of the above organization was held at Whykeong (Teknaf P.S.) on Thursday 3 PM the 1st December, 1949. Mr Abdul Rohim Chowdhury was on the chair. Almost all the executive members from different branches organisation attended the meeting which ended successfully. Among the resolutions passed unanimously in the said meeting No. 12/49, the resolution No. 5, submitted herewith for favour of information and necessary action, needs special consideration for the existence of we Muslims of North Arakan, Burma.

Resolution No. 5:

Refering letter No. 554 AH, HTA/11, dated 13.10.49 of All Burma Burman Muslim Congress, H. Qr. 250 Fraser St. Rangoon, this meeting is glad to know that Hon'ble Prime Minister and Hon'ble Minister for Home of Burma Union are taking keen interest in the case of North Arakan Administration but owing to the unforeseen and insurmountable difficulties, no adequate action could be taken. But we are at loss to understand why the Union Govt. of Burma has not yet given any reply to our organisation just for the acknowledgement at least to satisfy ourselves. Though the organization has submitted various resolutions, questionnaire and suggestion regarding the North Arakan administration and also many protests and condemn reports against the atrocities of North Arakan unruly forces who remained unchanged and continued the same atrocities even after the strong warning of Minister Aung Zan Wei during his recent visit in North Arakan. Therefore this meeting reminds the Union Govt. of Burma that it is a pre-planned and deep-laided of the extremist Arakanese Leadership to wipe out the Rawangyas (Arakanese Muslims) from the North Arakan. The unruly forces of North Arakan are no more following the order of the Central Govt. of Burma Union. Thus we find that there is neither any hope for us to get rid of the tyranny nor the Union Govt. of Burma may be able to enforce its order over the Arakanese unruly forces who if tackled are ever ready to go underground or to joint the communist. For example more than five hundred armed Arakanese Buddhist gathered at Saindaung 7 Miles S.E. of Buthidaung with the idea to wipe out the Rawangyas.

Some of the atrocities recently committed by the BTF, after the departure of Hon'ble Aung Zan Wei, in North Arakan are mentioned below:

-

(Page no. 1)


1. A party of ten armed BTF came from Maungdaw to Pakistan coast under Teknaf P.S. on 24.10.49 and 25.10.49, attacked the loaded Sampan of one Jalal Ahmed and of Amir Hussain Haji and thereby looted 20 bags of Rice from the former.

2. On 1.11.49, one section of BTF followed by many local Arakanese Buddhist armed with dahs and spears from Maungdaw raided Zeganbyin and Nwarundaung villages, looted and molested the Muslim women and while returning fired at random towards the Muslim villages where caused many causualities. On the same date the BTF from Gadusara camp raided Ghorakhali and Alithangyaw villages and did the similar atrocities.

3. On 19.11.49, a party of sixty BTF followed by about eighty local Mugs, Burwas and Sakmas armed with dahs and spears from Taung Bazar camp raided Tami, Badaga, Goppi, Bozaikchong and Kyandaung Muslim villages in Buthidaung, looted, arrested, molested and extorted the villagers [manuscript addition through whom wild pigs were cooked, enjoyed feast and stoped Azan (summons to prayers)') and then they returned to thier camp on 21.11.49.

4. On 26.11.49, evening one section of BTF followed by countless local Mugs and Burwas armed with dhas and spears from Bawli Bazar camp advanced towards the villages north of Bowli. The villagers of Whykeong, Dongola, Deboltoli, and Badaga in Maungdaw were extorted and looted so badly that not a single pot was left behind with any house. In addition to these it is not at all tolerable for a mankind specially for a Muslim to learnt that every fair looking women was raped in the open filed one after another and turn by turn like animals, and one particular woman was raped by 22 Mugs and Burwas. Such inhumanly and beastly atrocities can show no example in any nation of the world.

The above said circumstances force us to say that our existence in North Arakan will be disappeared very soon if we will only depend on the help of Central Govt. of Burma Union and it is high time for us to get our men prepared for our own defence and for the retoration of peace and tranquillity in North Arakan.

Therefore this meeting request the Union Govt. of Burma that it will be the moral duty of the Govt. concerned not point out us as insurgents but to consider the case of we oppressed Muslim.


Submittd.


Ahmad 22/12

Asst. General Secretary of CAMRO E.Pakistan


1. Hon'ble Thakin Nu, Primier, Burma, Rangoon

2. Hon'ble Ne Win, Home and Defence Minister, Burma, Rangoon

3. Mr. Sultan Ahmed, BABL, Parliamentary Secretary, Rangoon

4. Mr Abdul Gaffar, Parliament Member, Rangoon

5. Sarder Aurangzeb Khan, Pak. Embassy in Burma, Rangoon

6. All Burma Burman Muslim Congress, Rangoon

7. Editor, Daure Jadid, Rangoon

8. The General Secretary, U.N.O. America

9. The President, British Parliament, London

(Page no. 2)


10. Hon'ble Liaqot Ali, Primier, Pak. Karachi

11. Mr. Ikramullah, Foreign, Karachi

12. H.E. Khwaja Nazamuddin, Governor General, Pakistan, Karachi

13. Hon'ble Khwaja Shahabuddin, Minister, Karachi

14. Hon'ble Tamizuddin, Chairman, Constituetn Assembly, Karachi

15. Hon'ble Faizur Rahman, Minister, Karachi

16. Hon'ble Malik, Minister, Karachi

17. President, Muslim League, Karachi

18. Hon'ble U Phe Kin, Embassy of Burma in Pakistan, Karachi

19.Editor, Dawn, Karachi

20. Hon'ble Nurul Amin, Primier, Dacca

21. Editor, Pakistan Observer, Dacca

22. Editor, Pasban, Dacca

23. Mr. N.M. Khan, ICS, Commissioner, Chittagong

24. Editor, Poorbo, Pakistan, Chittagong

25. Mr. S. Haque, Circle officer, Cox's, Chittagong


(Page no. 3)