ဗွီဖို့စ်အမှုထမ်း ဝါဂျီအုလ္လာ အာရ်ကာနီ (၁၉၁၉-၁၉၈၈)
![]() |
| ဝါဂျီအုလ္လာအာရ်ကာနီက Irwin ထံ ရေးသားခဲ့သည့်စာ မူရင်းပုံ။ Burmese Outpost. |
![]() |
| ဝါဂျီအုလ္လာအာရ်ကာနီက Irwin ထံ ရေးသားခဲ့သည့်စာ မူရင်းပုံ။ Burmese Outpost. |
![]() |
| ထန်းရှောက်ခံရွာအနီးတဝိုက်တွင် တွေ့ရှိရသည့် သတ်ဖြတ်ခံရသူအချို့၏ အရိုးစုများ။ |
ထန်းရှောက်ခံကျေးရွာ ခေါ် ဟွိုင်ယာစုရိ သည် ဘူးသီးတောင်မြို့၏ အရှေ့တောင်ဘက် ငါးကီလိုမီတာခန့်အကွာတွင် တည်ရှိသည်။ ရိုဟင်ဂျာများသာနေထိုင်ပြီး အများစုမှာ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်ကြသည်။ ယင်းကျေးရွာကို မီတာ ၂၅၀ ခြား၍ ရွာနှစ်ရွာပိုင်းခြားထားသည်။ ကျေးရွာ၏ မြောက်ဘက်အပိုင်းရွာငယ်တွင် အိမ်ခြေ ၂၅ လုံးခန့်နှင့် တောင်ဘက်အပိုင်းတွင် အိမ်ခြေ ၂၀၀ ခန့် ရှိသည်။ စစ်ကောင်စီ၏ တပ်ရင်း ခမရ ၅၅၁ နှင့် နီးစပ်သည်။
ထိုထန်းရှောက်ခံရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုနေဆန်းလွင်က သြဂုတ်လ ၃ ရက်တွင် ဘူးသီးတောင်မြို့နယ်မှ အသက်ရှင်လွှတ်မြောက်လာသော ကိုယ်တွေ့သက်သေများနှင့် မေးမြန်းအင်တာဗျူးကာ ၎င်း၏လူမှုကွန်ရက်တွင် ထုတ်ပြန်ခဲ့သည်။ လူ့အခွင့်အရေးလှုပ်ရှားသူ ရှေ့နေ ရာဇီအာဆူလ်တာနာကလည်း ဘူးသီးတောင်မြို့နယ်မှ ထိုလူသတ်မှုမှ လွှတ်မြောက်လာခဲ့သော ကိုယ်တွေ့သက်သေ ရိုဟင်ဂျာ ဒုက္ခသည် ၁၉ ဦး (အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၇ ဦး) နှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းချက်များ ပြုလုပ်ကာ စက်တင်ဘာလ ၂၄ ရက်တွင် "Kill Them All" ခေါင်းစဥ်ဖြင့် အစီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနက် သက်သေ နှစ်ဦးသည် မေလ ၂ ရက်နေ့၌ ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် မိသားစုဝင် အဆွေအမျိုးပေါင်း ၆၀ ကျော် ဆုံးရှုံးခဲ့ရသူ ဖြစ်သည်။
ရခိုင့်လက်နက်ကိုင်အဖွဲ့အေအေ သည် တော်လှန်ရေး ခေါင်းစဥ်အောက်တွင် ရိုဟင်ဂျာလူမျိုးကိုပါ ရှင်းလင်းသုတ်သင်နေကြောင်း ထင်ရှားနေသည်။
— လူထုဝဏ္ဏ
(၁-၁၀-၂၀၂၅)
ကိုးကား
# ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲတဲ့လား| The Art Garden Rohingya
# ထန်းရှောက်ခံ အစုလိုက်သတ်ဖြတ်မှု| ရိုနေဆန်းလွင်
# ထန်းရှောက်ခံရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အစီရင်ခံစာ| Kaladan Press Network
ထန်းရှောက်ခံရွာ အစုလိုက်အပြုံလိုက်
Kalandan Press ၏ အစီရင်ခံစာကို လိင့်ကိုနှိပ်၍ ဒေါင်းယူ ဖတ်ရှူပါ။
![]() |
| ချင်းတော်လှန်ရေးခေါင်းဆောင် ကြွမ်ဘိ။ |
"တချို့က ပြည်သူ့ကို ကာကွယ်ဖို့ တော်လှန်ကြတာမဟုတ်ဘူး။ အာဏာရှင်စနစ်ထူထောင်ဖို့ တော်လှန်ရေးကို ခုတုံးလုပ်ကြတာဖြစ်တယ်။"
— ဂျော့အိုဝဲလ် (၁၉၈၄)
_ လှစိုးဝေ
လူမျိုး ၁၀၁ ပါး
နဂါးဆိုးသောင်းကျန်းခဲ့သည့် ၁၉၇၈ အကြမ်းဖက် စစ်ဆင်ရေး
၁၉၇၈ ခုနှစ်တွင် အာဏာရှင်နေဝင်းအစိုးရက အင်မတန် ရက်စက်လှတဲ့ စစ်ဆင်ရေးတစ်ခုကို ဆင်နွှဲခဲ့တယ်။ အဲဒါကို နဂါးမင်း စီမံချက်လို့ အမည်ပေးခဲ့တယ်။ နဂါးနာမည် ကြားရုံနဲ့ အဘယ်မျှလောက် ရက်စက်ကြမ်းကြုတ်ခဲ့တယ်ဆိုတာ စာတမ်းမဖတ်မီကပင် သိသာထင်ရှားစေတယ်။ ယနေ့ခေတ် လူငယ်တွေက နဂါးမင်း စစ်ဆင်ရေးကို ကြားဖူးကောင်းကြားဖူးမှာပါ။ ဒါပေမဲ့ အဲဒီ ကြောက်မက်ဖွယ် စစ်ဆင်ရေးရဲ့ ဒဏ်ကို ခံစားခဲ့တဲ့ လူမျိုးတွေက ဘယ်လို မေ့လျော့နိုင်မှာလဲ။ သမိုင်းရဲ့ အင်မတန် ရက်စက်ကြမ်းကြုတ်လွန်းတဲ့ အိပ်မက်ဆိုးတစ်ခုအဖြစ် မျိုးဆက် အဆင့်ဆင့် မှတ်သားထားကြလိမ့်မယ်။
ဒီနဂါးမင်းဆိုးရဲ့ သောင်းကျန်းရက်စက်မှုကြောင့် မြန်မာနိုင်ငံရဲ့ လူနည်းစု တိုင်းရင်းသားရိုဟင်ဂျာ ၂ သန်းခွဲခန့် ဒုက္ခသည်ဘဝရောက်ခဲ့ရတယ်။ အပြစ်မဲ့ ပြည်သူ ၂ သောင်းကျော် သေကြေပျက်စီးခဲ့ရတယ်။ အမျိုးသမီးတွေ အဓမ္မကျင့်ခံခဲ့ရတယ်။ ရွာပေါင်း ၆၆ ရွာကျော် ဖျက်ဆီးခံခဲ့ရတယ်။ ပြည်သူအများအပြား ထောင်ချနှိပ်စက်ခံခဲ့ရတယ်။ ဒါပေမဲ့ မျိုးချစ်တချို့က အဲဒီ အကြမ်းဖက်စစ်ဆင်ရေးရဲ့ နောက်ကွယ်က အမှန်တရားကို ဖုံးကွယ်ပြီးတော့ ပြောင််းပြန် ဖော်ပြလေ့ရှိတယ်။ “ဘင်္ဂလီတွေ အစစ်အဆေး မခံရဲလို့ထွက်ပြေးကြတာ၊ ကိုယ့်အိမ်ကိုယ် မီးရှို့ထွက်ပြေးတာ၊ စစ်တပ်က ဘာ ရာဇဝတ်မှုမှ ကျူးလွန်တာ မရှိဘူး၊ လူဦ်းရေစာရင််းကောက်ရုံပဲ၊ ပြန်လက်ခံချိန်မှာ ပိုလက်ခံရသေးတယ်” စတဲ့ မွတ်စလင်မုန်းတီးစိတ်နဲ့ အဓမ္မဝါဒီဆန်ဆန် ရေးသားဖော်ပြကြတယ်။ ဒီစာတမ််းမှာ အဲဒီ အကြမ််းဖက် နဂါးမင်းစစ်ဆင်ရေးအကြောင်းကို လက်လှမ်းမီသမျှ သမိုင်းအကိုးအကားတွေ အမှီအငြမ််းပြုပြီး အဖြစ်အဖျက်အမှန် တင်ပြသွားမှာ ဖြစ်ပါတယ်။
လူထုဝဏ္ဏ ရေးသားခဲ့တဲ့ အကြမ်းဖက် နဂါးမင်းစစ်ဆင်ရေး စာတမ်းကို အောက်ပါလိင့်မှ ဒေါင်းဆွဲယူပါ။
Download Here!
— လူထုဝဏ္ဏ