Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, April 28, 2023

Egana Gucthí (အဆွေအမျိုးတို့၏ အခေါ်အဝေါ်များ)



Egana Gucthí (အဆွေအမျိုးတို့၏ အခေါ်အဝေါ်များ)

သတ္တဝါဟူသည် အဆွေအမျိုးနှင့် မကင်းပင်တည်း။ ရိုဟင်ဂျာစကားတွင် အဆွေအမျိုးကို Egana guctí ဟု၎င်း၊ Giyañt gucti ဟု၎င်း ခေါ်သည်။ မျိုးဆက်ကို nosól ဟု၎င်း၊ fissán ဟု၎င်း၊ ဘိုးစဉ်ဘောင်ဆက် အစဉ်အလာကို Ishto kurum (silsila) ဟု၎င်း အသီးသီးခေါ်ကြသည်။ ဤအဆွေအမျိုးတို့၏ အခေါ်အဝေါ် အမျိုးမျိုးကို ရှင်းလင်းပီပြင်အောင် အုပ်စုအလိုက်အပိုင်းခွဲ၍ ဖော်ပြပေးပါမည်။ မြန်မာ့တိုင်းရင်းသား ရိုဟင်ဂျာဘာသာစကားကို လေ့လာနေသူများအတွက် တစ်ထောင့်တစ်နေရာက အထောက်အကူပြုပါလိမ့်မည်ဟု ယုံကြည်ပါသည်။ 


အဆွေအမျိုးအခေါ်အဝေါ်ကို အုပ်စုခွဲရာ -


 ၁။  Bab-dada soiddo gucthí 

(မျိုး ခုနှစ်ဆက်၊ ဆွေ ခုနှစ်ဆက် အခေါ်အဝေါ်များ)

၂။ Cúddór gorór gucthí 

(မိသားစုအရင်း အခေါ်အဝေါ်များ)

၃။ Bái-boinór egawati 

(ညီအစ်ကိုမောင်နှမဆက် အခေါ်အဝေါ်များ)

၄။ Sañsato-Jerató, Fuuto-mooto eganawati

(ဘထွေးဘကြီး၊ အဒေါ်ဒွေးဒွေးဆက် အခေါ်အဝေါ်များ)

၅။ Biyádolar Eganawati

(အိမ်ထောင်ရေးဆက် ဆွေမျိုးအခေါ်အဝေါ်များ)


ဟူ၍ မျိုးတူရာရာ အုပ်စု (၅) စု ခွဲကာ လေ့လာကြရအောင်......။




၁။ Babdada soiddó fissán


မျိုး ခုနှစ်ဆက်၊ ဆွေ ခုနှစ်ဆက်မှာ ရှေ့ဆွေမျိုး (၇) ဆက်၊ နောက်ဆွေမျိုး (၇) ဆက် စုစုပေါင်း ၁၄ ဆက် ရှိတယ်။ ဤ ၁၄ ဆက်ကို Ek guctí (သို့) Handan မျိုးနွယ်စု၊ ဆွေမျိုးစု ဟုခေါ်လေ့ရှိတယ်။ 


Soiddó Fissán [ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်]


(၇) Dhoñr Dada   = အဘော (အဘဲ၏ အဖေ)

(၆) Bor Doñbá     = အဘဲ (အဘင်၏ အဖေ)

(၅) Dhoñbá         = အဘင် (အဘီ၏ အဖေ)

(၄) For Dada       = အဘီ (အဘေး၏ အဖေ)

(၃) Bor Dada       = အဘေး (အဘိုး၏ အဖေ)

(၂) Dada             = အဘိုး (မိမိ၏ အဘိုး)

(၁) Bab               =  အဘ (မိမိ၏ အဖေ)

(၀) Nize              =  မိမိ

(၁) Fuwa            =   သား (မိမိမွေးသော သား)

(၂) Nati              =   မြေး (သား၏ သား)

(၃) Futi               =   မြစ် (မြေး၏ သား)

(၄) Chúti             =  တီး (မြစ်၏ သား)

(၅) Luti               =  တွတ် (တီး၏ သား)

(၆) Muoti             =  ကျွတ် (တွတ်၏ သား)

(၇) Gutí               =  ဆက် (ကျွတ်၏ သား)



၂။ Cúddor Góror Gucti


ရိုဟင်ဂျာစကားမှာ မိသားစုကို Góror gucthí ဟုသုံးကြသည်။ အိမ်ထောင်စု ဆိုသော စကားလုံးနှင့် အဓိပ္ပာယ်ချင်းချင်း နီးစပ်သည်။ cúddór မှာ အရင်းအချာ အနက်ရသည်။ အိမ်တစ်အိမ်မှာ အမိရင်း၊ အဖရင်းကို ဗဟိုပြု၍ အတူတကွနေထိုင်သော အမှန်တကယ် သား၊သမီး မြေးမြစ်များအစု ဖြစ်သည်။ ထိုမိသားစုဝင်များ ဆွေမျိုးတော်စပ်ပုံ အခေါ်အဝေါ်များမှာ-


  • Góror gucti = မိသားစု (မိဘရင်းနှစ်ဦးပါဝင်သော                          သားသမီးအစု) 
  • Bab           = အဖေ (မိဘနှစ်ပါးတွင် အဖေဖြစ်သူ)
  • Baba         = အဖေ၊ ဖခင် (ဖခင်ကို ချစ်စနိုးခေါ်သော                        နာမည်)
  • Babá         =  အဖေ ၊ ဖခင်
  • Ba | Bao    = အဖေ ၊ ဖခင် (bab မှ အသံပြောင်းဖြစ်                     လာသော နာမည်)
  • Bazi           = အဖေ ၊ ဖခင် 
  • Pepe          = အဖေ ၊ ဖခင်  (မြန်မာဘာသာစကားမှ မွေးစားထားသော နာမည်)
  • Maa           = အမေ၊ မိခင် (မိဘရင်း နှစ်ပါးတွင် မိခင်ဖြစ်သူ)
  • Mamá       = အမေ၊ မိခင် (မိခင်ကို ချစ်စနိုးခေါ်သော နာမည်)
  • Mamma     = အမေ၊ မိခင်
  • Aái            = အမေ၊ မိခင် (ရှေးခေတ်သုံး စကား)
  • Átáibab      = ဖထွေး (မိခင်၏ ပထမ လင်ယောက်ျား)
  • Átái              = ဖခင်၏ ဒုတိယမိန်းမ
  • Atáimaa      = မိထွေး (ဖခင်၏ ဒုတိယ မိန်းမ) 
  • Hátatóbai   = ဝမ်းကွဲညီအစ်ကို
  • Fuwain cúwain = သားသမီးများ
  • Fuwa         = သား (မိဘရင်းမှ ပေါက်ဖွားလာသော သား)
  • Fut            = သား
  • Futúya       = သား (သားကို ချစ်စနိုးခေါ်သော နာမည်) 
  • Laafuwá     = ပထမယောက်ျား/ ပထမမိန်းမ၏ သား(လင်ပါ/မယားပါ သား)
  • Firafitta fuwa = မွေးချင်း (ကျော့ကပ် မွေးဖွားလာသော သား)
  • Zii              = သမီး (မိဘအရင်းမှ ပေါက်ဖွားလာသော သမီး)
  • Zérfua        = သမီး၊ မိန်းကလေး
  • Báiná         = တူ
  • Bañní.         = တူမ
  • Báifút          = တူ
  • Batzii         = တူမ
  • Futuní        = သမီး (သမီးကို ချစ်စနိုးခေါ်သော နာမည်)
  • Nati futi      = မွေးမွဈ (သား/သမီးရင်းမှ မွေးဖွားလာသော သားသမီး)


၃။ Bai-boinor egawati nam


ညီကိုမောင်နှမဆက်အစုတွင် ညီအစ်ကိုအစဉ်များ၊ ဝမ်းကွဲညီကိုများနှင့် သမီးမြောက်သားများကိုပါ ထည့်သွင်းထားသည်။


Bái-boin          = မောင်နှမ

Bái                 = ညီကို (မိဘအရင်းမှ ပေါက်ဖွားလာသော မွေးချင်း)

Dhoñrbái       = အစ်ကို (မိမိထက် အသက်အရွယ်ကြီးသော အစ်ကို)

Bodda            = အစ်ကိုကြီး (အစ်ကိုများထဲတွင် အကြီးဆုံး အစ်ကို)

Majjábái        = အစ်ကိုလတ်

Kúillabái        = ဒုတိယ အစ်ကိုလတ် (တတိယမြောက်အစ်ကို)

Dudúbái        = ဒုတိယ အစ်ကိုလတ် (* စတုတ္ထမြောက်အကို အတွက်လေ့ သုံးလေ့ရှိသည်)

Gurabái         = အစ်ကိုလေး

Báiso            = အစ်ကိုထွေး (အစ်ကိုများထဲတွင် ငယ်သော အစ်ကို)

Lalábai          = အစ်ကိုထွေး (အစ်ကိုများထဲတွင် အငယ်ဆုံးဖြစ်သော အစ်ကို)

Atúbái            = အစ်ကိုထွေး

Chóñro bái      = ညီငယ်

Firafitta bái     = မောင်ဖား၊ မောင်ဖွား (မွေးချင်းဖြစ်သော မောင်၊ညီ)

Mazudabái        = ဝမ်းကွဲညီအစ်ကို

boín               = ညီအစ်မ

Bu                   = အစ်မ (မိမိထက်ကြီးသော အစ်မ)

Bubu               = အစ်မ (အစ်မကို ချစ်စနိုးခေါ်သော နာမည်)

Dhoñbu           = အစ်မကြီး

Majjábu           = အစ်မလတ်

kúillabu           = တတိယမြောက် နှမ

Dudu              = တတိယမြောက် နှမ (*စတုတ္ထမြောက်အတွက်လည်း သုံးလေ့ရှိသည်)

Gurabu            = နှမငယ်

Atúbu / Atí bu             = နှမထွေး (အငယ်ဆုံးနှမ)

Lalabu             = နှမထွေး

Guraboin         = ညီမ


Sañsato-jeçáto bái/boin = ဘထွေးဘကြီးဖက်က ဝမ်းကွဲညီအစ်ကိုမောင်နှမ

Sañsatobái     = ဝမ်းကွဲညီအစ်ကို (ဘထွေး၏သား)

Sañsarfút bái   = ဝမ်းကွဲညီအစ်ကို (ဘထွေး၏သား)

Sañsato boin   = ဝမ်းကွဲညီအစ်မ (ဘထွေး၏သမီး)

Jeçátobái       = ဝမ်းကွဲညီအစ်ကို (ဘကြီး၏သား)

Jeçárfút bái     = ဝမ်းကွဲညီအစ်ကို (ဘကြီး၏သား) 

Jeçárfút boin   = ဝမ်းကွဲညီအစ်မ (ဘကြီး၏သမီး) 

Mooto-fuuto bái-boin= အဒေါ်ဦးလေးဖက်က ဝမ်းကွဲမောင်နှမများ

Moorfut bái    = ဝမ်းကွဲညီအစ်ကို (ဦးလေး၏သား)

Mooto bái      = ဝမ်းကွဲညီအစ်ကို (ဦးလေး၏သား)

Mooto boin    = ဝမ်းကွဲညီအစ်မ (ဦးလေး၏သမီး)

Muírfút bái    = ဝမ်းကွဲညီအစ်ကို (အဒေါ်၊ ဒွေးလေး၏သား)

háláto bái     = ဝမ်းကွဲညီအစ်ကို (အဒေါ်၊ ဒွေးလေး၏သား)

Háláto boin    = ဝမ်းကွဲညီအစ်မ (အဒေါ်၊ ဒွေးလေး၏သမီး)

Moto-fuuto bái-boin = အဒေါ်၊ ဦလေးတို့ဘက်မှ ဝမ်းကွဲညီအကိုမောင်နှမဆက်

Sañsato-jeçáto bái-boin = ဘကြီးသားဘထွေးဘက်မှ ဝမ်းကွဲညီအကိုမောင်နှမဆက်

Mazuda bái-boin = မိကွဲမောင်နှမ (မိထွေးဘက်မှ သားသမီး)

Ataito bái          = မိကွဲညီအစ်ကို (မိထွေးဘက်မှ သား)



၄။ Sañsato-Jerató,Fuuto-mooto egana


Sañsa           = ဘထွေး (အဖေ၏ ညီ)

Hakku          = ဘထွေး (အဖေ၏ ညီ)

Kaka             = ဘထှေး (အဖေ၏ ညီ)

Kow              = ဘထှေး (အဖေ၏ ညီ)

Jeçá             = ဘကြီး (အဖေ၏ အစ်ကို)

Jeçi/jiçu     = ဘကြီး၏ မိန်းမ

Doñbazi       = ဘကြီး (အဖေ၏ အကြီးဆုံးအစ်ကို)

Fuu              = အရီး (အဖေ၏ အစ်မ)

Fuinná          = အရီး (အဖေ၏ ညီအစ်မ)

Babu            = အဒေါ် (အဖေ၏ ညီအစ်မကို ချစ်စနိုးခေါ်သော နာမည်)

Moo              = ဦးလေး (အမေ၏ ညီအစ်ကို)

Mamu           = ဦးလေး (အမေ၏ ညီအစ်ကို)၊ အဒေါ်၏ ယောက်ျား

Gura mamu     = ဦးလေး (အမေထက်ငယ်သော မောင်)

Dhoñr mamu    = ဦးရီး၊ ဦးကြီး (အမေထက် ကြီးသောအစ်ကို)

Mami              = အရီး (ဦးရီး၏ မယား)

Mūi                 = အဒေါ် (အမေ၏ ညီအစ်မ)

Hálá                = အဒေါ် (အမေ၏ ညီအစ်မ)၊ *လင်၏ မိခင်ကိုလည်း ခေါ်လေ့ရှိသည်

Gurama           = ဒေါ်လေး (အမေ၏ ညီမလေး)

Mūisó              = ဒွေးတော် (အမေ၏ အငယ်ဆုံး ညီမလေး)


 

၅။ Biyá dolar Eganawati

ယောက်ျားတစ်ယောက်နှင့် မိန်းကလေးတစ်ယောက် အိမ်ထောင်ပြုလိုက်သောအခါ ဆွေမျိုးအသစ်များ တိုးလာလေ့ရှိသည်။ နှစ်ဘက် လင်မယား၏ အပြန်အလှန် အမျိုးတော်စပ်ပုံ အခေါ်အဝေါ်များလည်း လေ့လာကြရအောင်။ 


Bera-beri        = ဇနီးမောင်နှံ

Bera                 = လင်ယောက်ျား (ကာမပိုင်ယောက်ျား)

Nek               = လင်ယောက်ျား

Fuwainor bab = လင်ယောက်ျား(မိန်းမက တရှက်တကန်းခေါ်သော နာမည်)

Hóchom          = လင်ယောက်ျား

Beçi                = ဇနီးမိန်းမ 

Muk                = ဇနီးမိန်းမ

Bibi                = ဇနီးမိန်းမ (မိန်းမကို ချစ်စနိုးခေါ်သော နာမည်)

Fuwainór maa = ဇနီးမိန်းမ

Diyor              = မတ် (လင်ယောက်ျား၏ ညီ)

Báshuor         = ခဲအို (လင်ယောက်ျား၏ အစ်ကို)

Nonon           = ခယ်မ (လင်ယောက်ျား၏ ညီမ)

Noncoc          = ယောက်မ (လင်ယောက်ျား၏ အစ်မ)

Zal                = လင်ညီအစ်မ (ညီအစ်ကိုတို့၏ မယားအချင်းချင်း တော်စပ်ပုံ) 

Hotin            = မယားဖက် (လင်ယောက်ျား၏ မယားအချင်းချင်း အပြန်အလှန်တော်စပ်ပုံ)

Háñlá           = ယောက်ဖ (မယား၏ မောင်)

Hóñdí           = ခဲအို (မယား၏အစ်ကို)

Háñlí            = ခယ်မ (မယား၏ ညီမ) 

Dessos          = မရီး  (မယား၏ အစ်မ)

Hózón           = မယားညီအစ်ကို (ညီအစ်မတို့၏ လင်သားအချင်းချင်း တော်စပ်ပုံ) 

Hwouri          = ယောက္ခမ (လင်/မယား၏ မိခင်) 

Hwour           = ယောက္ခမ (လင်/မယား၏ ဖခင်)

*မြန်မာဝေါဟာရ ယောက္ခမသည် ဒွိလိင်ဖြစ်၍ ယောက်ျားရော့ မိန်းမရော့ အတူတူသုံးသည်။

Biyai             = ခမည်းခမက် (လင်၏ ဖခင် နှင့် မယား၏ဖခင်တို့ အပြန်အလှန်တော်စပ်ပုံ)

Biyáini          = ခမိခမက် (လင်၏ မိခင် နှင့် မယား၏မိခင်တို့ အပြန်အလှန်တော်စပ်ပုံ)

Futtra          = ခမည်းခမက်၏ သား

Zamai          = သမက် (သမီး၏ ယောက်ျား)

Buo             = ချွေးမ (သား၏ ဇနီးမယား)

Oribou         = သမီးယောက္ခမ (ချွေးမနှင့် ယောက္ခမတို့ အပြန်အလှန် တော်စပ်ပုံ)

Bouzamai     = သမီးယောက်ျား (လင်နှင့် မယား အပြန်အလှန်တော်စပ်ပုံ)

Buos           = မရီး (အစ်ကို၏ မယား)

Bábi            = မရီး 

Baibo          =  ယောက်မ (ညီမောင်၏ မယား)

Mukgour     = လင်ငယ် (အကြောင်းအားလျော်စွာ ယာယီလက်ထပ်ထားသော ယောက်ျား)

Boinor zamai = ယောက်ဖ (ညီမ၏ လင်)

Bonái           = ခဲအို (အစ်မ၏ လင်ယောက်ျား)

Biyairo guicti = ခမည်းခမက် ဆွေမျိုးများ 


Ouror guctí = ယောက္ခမဘက်က ဆွေမျိုးများ 

Talói       = ညီအစ်ကို ၊ ညီမ ၏ ယောက္ခမ

Talóiní    = အစ်ကို ၊ ညီမ ၏ ယောက္ခမ (အမျိုးသမီး)

Taltó bái = မရီး၊ ယောက်မ၏ ညီအစ်ကို

Taltó boin = မရီး၊ ယောက်မ၏ အစ်မ၊ညီမ

Taltori    = မရီး၊ ယောက်မ၏ အစ်မ၊ညီမ



— RohangKing

(၁၂-၄-၂၀၂၃)


Monday, April 17, 2023

ကမ္ဘာ့အလင်း ဆရာနူးရ်


ကမ္ဘာ့အလင်း ဆရာနူးရ်

ဆရာကို ပျော်ဘွယ်မြို့နယ် အုန်းပင်ခြံရွာ၌ အဘ ဦးဟာမြင် အမိ ဒေါ်မူတို့မှ ၁၉၁၄-ခုနှစ်တွင် ဖွားမြင်သည်။ ရှစ်နှစ်သား အရွယ်ကပင် ကုရ်အာန် ကျမ်းစာကို ကောင်းစွာဖတ်နိုင်သည်။ ၁၁-နှစ်သားအရွယ်တွင် အုန်းပင်ခြံရွာ အစိုးရမူလတန်းကျောင်း၌ စတုထ္တတန်း အောင်မြင်သည်။ ၁၉၂၈-ခု ၁၄ နှစ်သားအရွယ်တွင် ပင်းတားရွာ အစိုးရအလယ်တန်းကျောင်းမှ သတ္တမတန်းအောင်မြင်သည်။

ဆရာသည် သာသနာ့ပညာ ဆည်းပူးနိုင်ရန် အရဗီကျောင်း များကို စုံစမ်းရင်း အုန်းပင်ခြံရွာတွင်ပင် မိဘကို ၄ နှစ်ခန့် ကူညီလုပ်ကိုင်ပေးနေသည်။ ရန်ကုန်အနီး ဒေးဒနောရွာတွင် အရဗီကျောင်းဖွင့်လှစ်ကြောင်း သိရှိသောအခါ သူငယ်ချင်းများဖြစ်ကြသော မောင်လာနာ မုဟမ္မဒ် ယာစီးန်၊ မောင်လာနာ အဗ္ဗဒူလ် ဟကီမ်းတို့နှင့်အတူ ရမ်ဇမ် ၁ရက်နေ့တွင် ဒေးဒနောသို့ ဦးတည်ပြီး ပညာသင်ခရီးထွက်ခဲ့ကြသည်။ ဒေးဒနောတွင် သခင်ကြီး မောင်လာနာ အဇီးဇ်အဟ်မဒ်ထံ အရဗီ၊ အူရ်ဒူ စာပေများနှင့် အစ္စလာမ် ရေးရာကျမ်းစာများ သင်ယူခဲ့သည်။ ကျောင်းနေဘက်များမှာ မောင်လာနာ ဃာဇီဟာရှင်၊ မောင်လာနာ ဟာဖိဇ် စွာလေးဟ်၊ မောင်လာနာ အလီ၊ မောင်လာနာ ယာစီးန်၊ မောင်လာနာ အဗ္ဗဒူလ်ဟကိမ်းတို့ ဖြစ်သည်။

ဒေးဒနောတွင် သင်ရိုးပြီးမြောက်ပြီး အိန္ဒိယနိုင်ငံ စဟာရန် ပူရ်မြို့ မဇာဟင်ရ်အိုလုမ် တက္ကသိုလ်တွင် ဆက်လက်ပညာ ဆည်းပူးသည်။ အဆိုပါ တက္ကသိုလ်ကြီးမှ ဒရ်ဂျာအူလာ၊ အာလင်ဖွဇရ်၊ ပထမအဆင့် ဖြင့် ထူးချွန်ထိုက်တန်စွာ ဘွဲ့စနဒ် ဆွတ်ခူးရယူပြီး မြန်မာပြည်သို့ ပြန်ခဲ့သည်။ ၁၉၃၉- ခုနှစ်တွင် ယင်းတော်မြို့ မဒီနာတုလ်အိုလုမ် ကျောင်း တည်ထောင်ခဲ့သည်။ အဆိုပါကျောင်းသည် မန္တလေးတိုင်း၏ ပထမဆုံးသော အရဗီကျောင်းကြီးဖြစ်ပြီး မြန်မာနိုင်ငံ၏ တတိယမြောက် အရဗီကျောင်းကြီးအဖြစ် ဂုဏ်ယူကြရသည် ။ အဆိုပါ ကျောင်းကြီး၏ ပင့်ဖိတ်ချက်အရ ဆရာ မောင်လာနာ ဃာဇီဟာရှင်နှင့်အတူ တာဝန်ယူလိုက်ကြ သည်။ ဆရာသည် အလယ်တန်းပြီးဆုံးသည်အထိ ပညာသင်ကြား ပေးပြီးထူးချွန်သူများကို မိမိတို့ ပညာဆည်းပူးခဲ့ရာ အိန္ဒိယ တက္ကသိုလ်သို့ ပို့ဆောင်ပေးသည်။

ဆရာသည် ၁၉၄၉-ခုတွင် မိထ္တီလာမြို့၌ ဂျာမေအာအဇီဇီယာကျောင်းကြီး ဖွင့်လှစ်နိုင်သကဲ့သို့ တပည့်ရင်းတစ်ဦးဖြစ်သူမောင်လာနာ ယူစွတ်(ဖ်) မဇာဟေရီကလည်း ၁၉၅၆-ခုနှစ်တွင် ပျော်ဘွယ်မြို့၌ မဇာဟေရွလ်အိုလူးမ်ကျောင်းကြီးကို ဖွင့်လှစ်ခဲ့ပါသည်။ ဆရာကြီးတို့သည် အာလင်မ်ပညာရှင် အမြောက်အမြား မွေးထုတ်ပေးနိုင်ခဲ့ကြသည်။ ဆရာသည် သင်ကြားပို့ချခြင်းဖြင့် သာသနာဖြန့်ဖြူးရေး လုပ်ငန်းကို တပည့်ကျော်နှင့် မျက်နှာလွှဲရနိုင်ချိန်တွင် စာပေဖြင့် သာသနာဖြန့်ဖြူးရေးလုပ်ငန်းကို တာဝန်ယူလိုက်သည်။ ၁၉၅၂- ခုနှစ် ကမ္ဘာ့အလင်း စာစောင်တွင် အယ်ဒီတာချူပ် အလင်းးစာစောင်တ်တွငွင် အယ်ဒ်ဒီတီတာချုပ် ဖြစလာသည။်

ကမ္ဘာ့အလင်းစာစောင်တွင် ကုရ်အာန်ဘာသာပြန်၊ ဟဒီဆ် ဘာသာပြန်၊ စီရတ်ဘာသာပြန်နှင့် အစ္စလာမ်ရေးရာ အဖြာဖြာ အရဗီသင်ခန်းစာ ပို့ချချက် တောင်းဆုတော်များ စသည်တို့ကို ဘာသာပြန် တင်ဆက်သည်။ ကမ္ဘာ့အလင်းစာစောင်သည် ထိုစဉ်က အမြော်အမြင်ကြီးသော လုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သည့် မစ္စတာနူးရ်မုဟမ္မဒ်၏ အထောက်အပံ့ဖြင့် ထုတ်ဝေခြင်းဖြစ်သည် ။ တာဝန်ခံ အယ်ဒီတာဆရာဒဂုန်သိန်း၊ နိုင်ငံခြား အယ်ဒီတာ ဆရာမောင်ကိုဂဖ်ဖာရီနှင့် ဆရာကမ္ဘာ့အလင်း ဦးကိုလေးတို့ကလည်း

စုပေါင်းပါဝင်ဖြည့်ဆည်း ကြိုးပမ်းကြသဖြင့် ကမ္ဘာ့အလင်းစာစောင်ကြီးသည် စာပေလောကတွင် ထိုက်တန်စွာ နေရာရခဲ့သည်။ ပရိသတ် အားပေးမှုကို လည်း ခံရသည်။ ၀ါသနာရှင်တို့နှုတ်ဖျား ယနေ့တိုင် ရေပန်း စားလျက်ရှိသည်။ ဤစာစောင်ကိုအကြောင်းပြု၍ ဆရာကိုလည်း ၀ိသေသတိုး၍ ကမ္ဘာအလင်း ဆရာနူးရ်ဟု ခေါ်ဝေါ်လာကြသည်။

ဆရာသည် တက္ကသိုလ်မွတ်စလင်မ် ကျောင်းသားများအသင်းတွင် အခါအားလျော်စွာ ဟောကြားပို့ချခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ၁၉၅၇ နိုဝင်ဘာလ ၂၃ရက်နေ့က ပို့ချသော ‘အစ္စလာမ်နှင့် စာရိတ္တကြံ့ခိုင်ရေး’ကို ကမ္ဘာ့အလင်း စာစောင်တွင် ပြန်လည်ဖော်ပြထားသည်။ ဆရာသည် ပညာဂုဏ်မမောက်၊ အနေအထိုင် ရိုးသားသည်။ အပြောအဆို သိမ်မွေ့သည်။ ဆရာ ဃာဇီက ဖရစ်ရှ်တာလေးဟု လေးလေးစားစား တင်စားခေါ်လေ့ရှိသည်။ ဆရာသည် အနေအထိုင် ရိုးသကဲ့သို့ ဆရာ၏စကားပြေ အရေးအသားမှာလည်း ရိုးရှင်းသည်။ ပြေပြစ်သည်။ လွယ်ကူသည်။ ပြည်သူစွဲမက်သည်။ ဆရာသည် မိမိ စာဟန်ြဖင့် ကုန်အာန်ကျမ်းတော်မြတ်ကို ၁၀ ဂျွတ်ထိ ပြန်ဆိုခဲ့သည်။ နမာဇ်ဖတ်နည်းကျမ်း၊ ရိုဇာ၊ ဇကတ်၊ တရားတော် ၆ ပိုဒ်၊ တောင်းဆုတော်များအပြင် အခြားကျမ်း စာများကိုလည်း ရေးသားပြုစုခဲ့သေးသည်။ ပရိသတ် တစ်ခဲနက်အားပေးသဖြင့် ဆရာ့စာများကို အကြိမ်ကြိမ်ပင် ပြန်လည်ပုံနှိပ်ထုတ်ဝေရသည်။

၁၉၆၆-ခုနှစ်တွင် ဆရာသည် ပညာရှင်အကြီးအကဲများ၏ မေတ္တာရပ်ခံချက်အရ ယင်းတော် မဒီနတူလ် အိုလူမ် ကျောင်းကြီးကို ပြန်လည်တာဝန်ယူသည်။ ဆရာလက်ထက်တွင် ကျောင်းတော်ကြီး သည် ဘက်စုံတိုးတက်လာပြီး ပညာအရာတွင်လည်း ကျော်ကြားလာသည်။ ၁၉၇၀-ခုတွင် ဒေါင်ရာဟဒီဆ်တန်းကို စတင်ဖွင့်လှစ်သည်။ မစ်ရှ်ကတ် ကျမ်းနှင့် ဗုခါရီကျမ်းတို့ကို ကိုယ်တိုင်ပို့ချသည်။ ဆရာသည် တိုင်းရင်းဆေးပညာကိုလည်း တန်ဖိုးထားသည်။ ရန်ကုန်မြို့တွင် ဖွင့်လှစ်သော သြဋာရိကသုခုမဆရာတော် ဦးမဟိန္ဒ၏ အခြေခံ မြန်မာတိုင်းရင်းဆေးပညာသင်တန်းကို တက်ရောက်သည်။ ၁၉၇၃-ခုနှစ်တွင် ဆရာဖြစ်သင်တန်း အောင်လက်မှတ်ရရှိသည်။ ဆရာသည် စာပေဗိမာန်က ဖွင့်လှစ်သော သတင်းစာသင်တန်းကိုလည်း တက်ရောက်ခဲ့သည်။

ဆရာသည် သာသနာအကျိုးပြု၊ လူထုအကျိုးပြု၊ နိုင်ငံအကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ရင်း ၁၉၈၇-ခု ဧပြီလ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အချိန်တွင် မိတ္ထီလာမြို့ သာယာ ကုန်းရပ်ရှိ မိမိနေအိမ်တွင် အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူသည်။ ဇနီး ဒေါ်ဇော်ရာဘီနှင့် သားသမီး ၁၁ ဦး ကျန်ရစ်သည်။

၁၉၆၂-ခုနှစ် သြဂုတ်လထုတ် ဗမာမွတ်စလင်စာစောင် လာ ဆရာ၏အောက်ပါဆောင်းပါးကောက်နုတ်ချက်ဖြင့် ဆရာ၏ စေတနာကိုသုံးသပ်နိုင်ပါသည်။

‘ကျွန်ုပ်တို့ အာလင်များသည် ခေတ်ပညာ မတတ်ခြင်း ကြောင့် ခေတ်နှင့် ရင်ပေါင်မတန်း နိုင်ဘဲ ခေတ်နောက်ကျခဲ့ရသည်။ တိကျမှန်ကန်သော အစ္စလာမ်သွန်သင်ချက်များကို ခေတ်မီမီ ကျယ်ကျယ်ပြန့်ပြန့် တင်ပြနိုင်ခြင်းမရှိပေ။ ကျွန်ုပ်တို့ အာလင်ပညာရှင်များသည် ခေတ်ပညာကို ဒီဂရီ ရသည်အထိ သင်ကြားပြီး အစ္စလာမ်သွန်သင်ချက်ကို ခေတ်မီမီ ကျယ်ကျယ် ပြန့်ပြန့် တင်ပြနိုင်မည်ဆိုပါက လက်ရှိအခြေအနေထက် အဆပေါင်းများစွာ အစ္စလာမ်၏ အကျိုးသယ်ပိုးဆောင်ရွက်နိုင်မည်မှာ အမှန်ပင်ဖြစ်ပေသည်။ ယင်းကဲ့သို့ ဒီဂရီယူပြီး ခေတ်ပညာဖြင့် အသက်မွေးကာ ဘာသာရေး ကိစ္စများကို စေတနာဝန်ထမ်း ဆောင်ရွက်သွားနိုင်မည်ဆိုပါက တရားတော်နှင့် အကိုက်ညီဆုံးဖြစ်ပြီး အောင်မြင်မှု ထိရောက်မှုမှာလည်း ဘာသာရေး အကြောင်းပြု၍ အသက်မွေးဆောင်ရွက်သည်ထက် ပိုမိုမည်မှာသေချာနေပေမည်။ ဆိုလိုရင်းမှာ ခရိုင်ဝန်၊ တိုင်းမင်းကြီး သို့တည်းမဟုတ် သူဌေးကြီးဖြစ်နေသော အာလင်ပညာရှင်တစ်ဦး၏ ဟောပြောတင်ပြခြင်းတွင် လူထုအပေါ် အကျိုးသက်ရောက်မှုမှာ လက်တွေ့အားဖြင့် ကွာခြားနေမှုပင်ဖြစ်ပါသည်။

သာသနာ့ပညာကို ခြေခြေမြစ်မြစ် သင်ကြားခဲ့ပြီး သူမတူအေင် ထူးချွန်စွာ ဒရ်ဂျာအူလာ၊ အာလင်ဖွဇရ်ဖြင့် အောင်မြင်ခဲ့သူ ပညာရှင်ကြီ၏ ၁၉၆၂-ခုနှစ်က ဥဒါန်းစကားဖြစ်ပါသည်။ အာလင်ဆိုသော ဝေါဟာရ၏ အဓိပ္ပာယ်သတ်မှတ်ချက်၏ ကျယ်ပြန့်နက်ရှိုင်းမှုကို မသိ ကျိုးကျွံ ပြုနေသူတို့အတွက် ဆင်ခြင်စရာဖြစ်ပါသည်။ ဆရာကား အမြော်အမြင် ကြီးမားလှပါသည်။ ခေတ်မီတိုးတက် ထက်မြက် ထူးချွန်သော စာပေပညာရှင်ကြီးဖြစ်ပါသည်။

 



ကိုးကား-


အငြိမ်စား မြန်မာစာ ပါမောက္ခ ဒေါက်တာ အောင်ဇော်က ရေးသည့် တိုင်းရင်း မွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (ဒုတိယတွဲ) မှကူးယူဖော်ပြပါတယ်။

Friday, April 14, 2023

အောင်အောင်(စစ်တွေ) သို့မဟုတ် တရားမျှမှုအတွက် ဘဝရင်းနှီးခဲ့တဲ့ စာရေးဆရာ


 အောင်အောင်(စစ်တွေ) သို့မဟုတ် တရားမျှမှုအတွက် ဘဝရင်းနှီးခဲ့တဲ့ စာရေးဆရာ


" မိမိ၏ ယုံကြည်ချက်၊ ခံယူချက်၊ လိုအင်ဆန္ဒများထက် အများအကျိုးအတွက် အသက်ရှင်သူသည်သာ စစ်မှန်သော လူသားဖြစ်သည်။ အမျိုးဘာသာသာသနာထက် လူပီသသောပုဂ္ဂိုလ်တစ်ဦးဖြစ်ရန် အရေးကြီးသည်။ "

— အောင်အောင်(စစ်တွေ)


အမျိုးအရေး မိမိအရေး၊ တိုင်းပြည်အရေး မိမိအရေး ဆိုတဲ့ခံယူချက်နဲ့အညီ အဓမ္မကို ဆန့်ကျင်ကာ တရားမျှတမှုအတွက် ဘဝတစ်လျှောက်လုံး စွန့်လွှတ်အနစ်နာခံခဲ့တဲ့ အောင်အောင် - စစ်တွေ ဆိုတဲ့ ပုဂ္ဂိုလ်ကို လူအများစုက စာရေးဆရာ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးအနေနဲ့ပဲ သိကျွမ်းကြတာဖြစ်တယ်။

သူရဲ့ဂုဏ်ပုဒ်ဟာ ဒီလောက်မျှနဲ့ မပြည့်စုံသေးပါဘူး။ ဒါတွေက သူ လူတွေအား သိခွင့်ပေးထားသလောက်ပါပဲ။ နောက်ကွယ်က ရွက်အုပ်ဖုံးထားတဲ့ ဂုဏ်အရည်အချင်းတွေ အများကြီးရှိသေးတယ်။ အထူးခြားဆုံးတစ်ခုကတော့ သူဟာ အရည်အချင်းရှိတဲ့ သာသနာ့အာလိမ် ပညာရှင်တစ်ပါးလဲ ဖြစ်ပါတယ်။ သူ လူသားအကျိုးပြုစေတနာ့ လုပ်ရပ်တွေကို မိမိရဲ့တာဝန်ဝတ္တရားအဖြစ်သတ်မှတ်ကာ စိုက်စိုက်မတ်မတ် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

အောင်အောင်(စစ်တွေ)ကို ၁၉၆၇ ခုတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်၊ ချင်းပျံလမ်းရှိ နေအိမ်တွင် ဖခင် မော်လာနာ ဂျလာလူဒ္ဒိန် (နိုအ်မာနီယာ ကျောင်းဆရာ)နှင့် မိခင် ………… တို့မှ ဖွားမြင်ခဲ့တယ်။ မွေးချင်း (.....) ဦးအနက် --------မြောက် သားဖြစ်ပါတယ်။ နာမည်ရင်းမှာ ကာဆီမ်း (ခ) မောင်ကျော်သိန်း ဖြစ်ပါတယ်။ 

မောင်ကျော်သိန်းဟာ အခြေခံပညာကို စစ်တွေမြို့၌ သင်ယူခဲ့တယ်။ သူဟာ ငယ်စဥ်ကတည်းကပင် ဉာဏ်ရည်ကောင်းသူဖြစ်တယ်။ ဘာသာသာသနာကို ချစ်မြတ်နိုးသူ ဖြစ်တယ်။ ဒါကြောင့်လောကဓာတ်ပညာ သင်ယူနေချိန်မှာပဲ သာသနာ့ပညာကိုလည်း တပြိုင်တည်းလေ့လာဆည်းပူးနိုင်ခဲ့ပါတယ်။ အဆင့်မြင့်ပညာကို ရန်ကုန်တက္ကသိုလ်၌ တက်ရောက်သင်ယူပြီး သမိုင်းဘာသာ အဓိကဖြင့် မဟာဝိဇ္ဇာဘွဲ့ (MA - History) နှင့် အာလိမ်ဖာဇီလ်ဘွဲ့ ရရှိခဲ့လေတယ်။ 

မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် ပြင်းထန်တဲ့ မောင်ကျော်သိန်းဟာ ကျောင်းသားဘဝကပင် အမျိုးသားရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်။ သူဟာ ရိုဟင်ဂျာလူမျိုး လွတ်မြောက်ရေးအတွက် စာအုပ်စာတမ်းများ၊ ဆောင်းပါးများ၊ ဝေဖန်ရေးဆောင်းပါးများစွာကို အောင်အောင်(စစ်တွေ) ကလောင်အမည်ဖြင့်ရေးသားပြုစုခဲ့တယ်။ "ရိုဟင်ဂျာ ဂျီနိုဆိုဒ် ရပ်တန့်ဖို့ သင့်အကူအညီ လိုအပ်နေပြီ" စာအုပ်မှာ သူမကွယ်လွန်မီ ရေးသားပြုစုခဲ့သော စာအုပ်ဖြစ်တယ်။ 

"မငြင်းနိုင်သော ရိုဟင်ဂျာ ငြင်းပယ်သူများ၊ ယင်းမှာ ဂျီနိုဆိုဒ်၏ လမ်းကြောင်း"၊ 

"မြန်မာနိုင်ငံ၏ ရှေးအကျဆုံး တိုင်းရင်းသားမျိုးနွယ်စုရိုဟင်ဂျာနှင့် ကမ္ဘာ့အဖိနှိပ်ခံဆုံးလူမျိုး"၊ 

"လူသားမျိုးနွယ်စုဖြစ်တည်မှုပေါ် ကျူးလွန်ခဲ့သော ပြစ်မှု" 

စတဲ့ အဖိနှိပ်ခံရိုဟင်ဂျာလူမျိုးဆိုင်ရာ စာအုပ်စာတမ်းများ၊ အစီရင်ခံစာများ ရေးသားပြုစုကာ ရိုဟင်ဂျာလူမျိုးရဲ့ အဖိနှိပ်ခံဘဝကို ကမ္ဘာသိအောင် ဖော်ထုတ်ပြီး တရားမျှတမှု ရှာဖွေခဲ့တယ်။ 

သူဟာ ရိုဟင်ဂျာလူမျိုးတစ်မျိုးတည်းအတွက်သာ မဟုတ်ဘဲ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း လူမျိုးဘာသာမခွဲခြားဘဲ အခွင့်အရေး ဆုံးရှုံးခံနေရတဲ့၊ မတရားဖိနှိပ်ခံရတဲ့ ကရင်၊ ကချင်၊ ရှမ်းစတဲ့ တိုင်းရင်းသားလူမျိုးစုအတွက် တရားမျှတမှုရရှိရေး ၂၀၁၂ ခု ကတည်းကပင် ရရာလမ်းကနေ မာမာမတ်မတ် တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။ 

ဒါ့အပြင် အစ္စလာမ်သာသနာ ထွန်းကားရေးအတွက်လည်း တစ်ဖက်က ကြိုးပမ်းခဲ့တယ်။ ကျမ်းတော်မြတ် ကုရ်အာန်ကို ယနေ့ခေတ်သုံး မြန်မာစကားပြေနဲ့ လွယ်ကူရှင်းလင်းအောင် ဘာသာပြန်ခဲ့တဲ့ သူ့လက်ရာမှာ တန်ဖိုးမဖြတ်နိုင်သောအမြူတေ ရတနာတစ်ခုပင်တည်း။ သူရဲ့စေတနာကား ဆပ်လို့မကုန်နိုင်လောက်ပေ။ သူရဲ့ ဘာသာပြန်ကုရ်အာန်ကျမ်းတော်ကို မိုဘိုင်းဆော့ဝဲလ် ဖန်တီးကာ Google Play Store ၌ တင်ပေးထားတယ်။ မည်သူမဆို အခမဲ့ဒေါင်းယူ ဖတ်ရှူလေ့လာနိုင်ပါတယ်။ သာရေးဆိုင်ရာ အခြားစာအုပ်စာပေများကိုလည်း ပြုစုထုတ်ဝေကာ လမ်းလွဲနေသူတွေကို လမ်းမှန်ရောက်အောင် အားထုတ်ခဲ့တယ်။

သူဟာ ခေတ်စားနေတဲ့ အင်တာနက် ဆိုရှယ်မီဒီယာတွေကို အသုံးပြု၍ ရိုဟင်ဂျာအရေး တက်တက်ကြွကြွ လှုပ်ရှားခဲ့တယ်။ အင်တာနက်လောကတွင် တက်ကြွလှုပ်ရှားမှုအများဆုံး ရိုဟင်ဂျာတစ်ဦးဟု ဆိုရပေမယ်။ Aung Aung Sittwe ကိုယ်ပိုင်ပေ့ချ်၊ ကိုယ်ပိုင်ဘလော့ တည်ထောင်ကာ အမျိုးသားရေး၊ အဖိနှိပ်ခံဘက်ရပ်တည်ရေးဆိုင်ရာ ဆောင်းပါးများလည်းကောင်း၊ နိုင်ငံတကာ အွန်လိုင်းဝဲပ်ဆိုက်များတွင် ဆောင်းပါးများလည်းကောင်း အမြောက်အမား ရေးသားခဲ့တယ်။ လူမှုကွန်ရက်များဖြစ်တဲ့ Twitter နှင့် Facebook တို့မှာလည်း ဆောင်းပါးများ၊ သတင်းမှန်များ ရေးသားတင်ပြရာမှာ ပရိတ်သတ်တို့၏ ယုံကြည်စိတ်ချမှုကို ခံခဲ့ရသည်။  Twitter မှာ follower အများဆုံး ရိုဟင်ဂျာဟုပင်သတ်မှတ်ခဲ့ရတယ်။ 

နိုင်ငံတကာပညာရှင်များ၊ မီဒီယာများ၊ သုတေသီများကိုလည်း သူတို့ရဲ့ ရိုဟင်ဂျာအရေးဆိုင်ရာ ပရိုဂျက်များတွင် ကူညီလေ့ရှိတယ်။ ဒီကနေ နိုင်ငံတကာပညာရှင်များ၏ ယုံကြည်လေးစားမှုကို ခံခဲ့ရတယ်။ ပြည်ပစာရေးဆရာများက ရေးသားခဲ့တဲ့ ရိုဟင်ဂျာဆိုင်ရာ စာအုပ်စာပေများတွင် အောင်အောင်(စစ်တွေ)ရဲ့ အကိုးအကားတွေ များစွာပါရှိပါတယ်။

ကိုဗစ်ကပ်ဆိုးကာလတွင် မြန်မာအစိုးရက ပြည်သူများကို  ကူညီစောင့်ရှောက်မှုလစ်လျူရှုနေကြောင်း၊ အောက်စီဂျင်အိုးများ လုံလုံလောက်လောက် စီစဥ်မပေးကြောင်း၊ ပြည်သူတွေဟာ လမ်းဘေးကမ်းဘေးတွင် ဒုနဲ့ဒေး သေဆုံးနေကြောင်း၊ အစိုးရဟာ ရောဂါကပ်ဘေးကို ပြည်သူတွေအပေါ်လက်နက်သဖွယ်အသုံးပြုနေကြောင်း စသည်ဖြင့် သူက ဆိုရှယ်မီဒီယာမှာ ပြင်းပြင်းထန်ထန် ထောက်ပြဝေဖန်ခဲ့တယ်။ 

ဒီကပ်ဘေးက သူရဲ့မိသားစုကိုလည်း မလွတ်ခဲ့ဘူး။ဇူလိုင်လ ၅_၆ ရက်နေ့မှာ သူအပါအဝင် မိသားစုဝင်အားလုံး ကိုဗစ်နိုင်တင်းပိုး ကူးစက်ခံခဲ့ရတယ်။ 

အောင်အောင်ဟာ ဇူလိုင်လ ၁၃ ရက် ညနေကပင် အောက်စီဂျင်တပ်ဆင်ကာ အသက်ရှူရတဲ့အထိ ရောဂါပြင်းထန်လာခဲ့တယ်။ တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာနေတဲ့ အောင်အောင်(စစ်တွေ)ရဲ့ ကျန်းမာရေး အခြေအနေဟာ နလှန်ထူမလာဘဲ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက် မနက် ၄း၄၀ တွင် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ၁၄၄ လမ်းရှိ မိမိ၏နေအိမ်၌ စာရေးဆရာဟာ အသက် ၅၄ နှစ်မှာ အလ္လာဟ်အမိန့်တော်ခံယူသွားလေတယ်။ အဖိနှိပ်ခံ ရိုဟင်ဂျာလူမျိုးကို နှိပ်စက်မှုကွင်းပြင်မှ အပြတ်မကယ်ထုတ်နိုင်ခဲ့ဘဲ ဘဝနိဂုံးချုပ်ခဲ့ရလေတယ်။ ရိုဟင်ဂျာလူမျိုးဟာ ရဲရင့်တက်ကြွတဲ့ ဓမ္မစစ်သည်တော်တစ်ဦး ဆုံးရှုံးခဲ့ရလေတယ်။ သူ၏ နောက်ဆုံးဆန္ဒမှာ သူရေးသားခဲ့တဲ့စာအုပ်တွေကို ရောင်းချကာ ရရှိသမျှရောင်းရငွေနဲ့ သူ့ဇာတိမြေ စစ်တွေမြို့ရှိ မိဘမဲ့(ယတိမ်)ကလေးတွေကို ကူညီရန် သူရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ဦးအား မှာသွားခဲ့လေသတဲ့။

— လူထုဝဏ္ဏ


Saturday, March 25, 2023

မိန်းလိုက်ဖိ.... မချေ

 


မိန်းလိုက်ဖိ.... မချေ


မျဉ်းပြိုင်နှစ်ခု 

အတူတူ ခရီးနှင်ကေလဲ့သော့်

ဆုံဖို့အမှတ်ကား မဟိမနား


ဟုတ်ယင့်… ငါ့ရို့လျှောက်ခစွာလမ်းက 

မျဉ်းပြိုင်မဟုတ်

တစ်နိရာစီက နိပီးကေ

ကန့်လန့်ဖြတ် ဦးတည်လာခစွာ

ထောင့်ဖြတ်မျဉ်း နှစ်ခုဝေ


အမှတ်တစ်ခုမာ 

အိပ်မက်မိုးတိမ် တကွက်ကွက်နဲ့

မေတ္တာရီရွာသွန်း လုလု

တနားချေ ဆုံခပနာ

ဖြတ်ထွက်လားခရေ 

မျဉ်းချေနှစ်ခုဖြိုက်နိယင့်


နီပူတိုက်ချေလို့

မိုးတိမ်လိပ်ပျောက်ရေခါ

ဦးတည်ချက်ကိုယ်စီနန့်

ကျိန်စာသင့် ရာဟုလမ်းပိုင်

လှမ်းမမီအောင် ဝီးလို့ဝီးလို့ လားနီဗျာယ်။


ဆုံမှတ်ချေမာ လန်းဆန်းခစွာ အချိန်ချေတိကို

ခွန်အားအဖြိုက် ထုတ်သုံးပနာ

ကံကကြမ္မာလားလမ်းကို လက်ခံပီးလိုက်ဖိဝေ

မချေ… မပိုင်ဆိုင်ရေ အိပ်မက်ဘောက်သာနန့်

အရာ တဆာဆာ မမျှော်လိုက်ကတ်ဖိ

သဲပြင်မာ လီတိုက်လို့ ပျောက်လားခရေ

ဝတ္တုချေပိုင် မိန်းလိုက်ဖိဝေ…



— ရိုးချေ

(၁၄-၃-၂၀၂၃)





Tuesday, March 21, 2023

Goin Fanír Mooti (Oli)

 Goin Fanír Mooti


Haba ye zuri zuri kuciye gaar oli

Ekka oddó nosíribo gumor e dori


Sanda mamu miyulat luwai gum giyé

Zilímilí tarar jahanót háñzi yó giyé


Sanor kulot gumzare tui mor foori

Cópponor falkit sorí goriló súrwari


Raitor oñccáré tortú kiyór dhor

Zehón tor dáke asi o nunuya mor


Mor kulot mazé tor tuinná gór

Uri uri aai mor faigorso sugór


San tarar dikká tui hañcic hamicá

Dilottú mor cúde yan hí duwa


Khala miyúla miçá faní boni bāi giyoi

Fúl okkól loi miçá-miçá hotá hoi giyoi


Tui yo ekka fun hotá rocá roci

Fuçá okkole sou keen gorí gaar oli


Tor loi basi asé añr guñra duniya

Dure zehón giyo buri aiyé sogor faníya 


Tor tengot añí diyum raki 

Cárá duniyar kullé kúci


Bezar óibi zehón diyum aza ador gorí

Añi dé golot tui éri sóyi nitti


Uzor nogoijjó sup oizó e ambor cón

Gum borá sukoré abar no goró seton


Honi kiya tor sugortú nofarefán gúm suri

Gumza re gumza goin fanit asé fán mooti


(Oli)

—RohangKing

(12-1-2023)

Tuesday, February 28, 2023

Ek Hotár Dui Lobzó


အနက္တူ စကားလံုးကြဲမ်ား [Ek hotár Dui Lobzó]

[ရိုဟင်ဂျာဝေါဟာရပဒေသာ ကဏ္ဍ]


ဘာသာစကားတိုင်းသည် ခေတ်အလျောက် ပြောင်းလဲသွားတတ်သော သဘောရှိသည်။ ခေတ်ကာလ ရှေ့ဆက်လာသည်နှင့်အမျှ အချို့စကားလုံးများ၏ လေယူလေသိမ်းများ တဖြည်းဖြည်း ပြောင်းလဲလာကြသည်။ ပတ်ဝန်းကျင်မှ မွေးစားစကားလုံးများ ထိုးဖောက်ဝင်ရောက်လာတတ်ကြသည်။ စကားလုံးအသစ်များလည်း တီထွင်သုံးစွဲလာတတ်ကြသည်။ ဤသို့ ပြောင်းလဲမှုအမျိုးမျိုးကြောင့် အနက်တူစကားလုံးများ တိုးပွားလာကြသည်။ ရှေးဟောင်းစကားလုံးများ အသုံးနည်းလာတတ်ကြသည်။ အချိန်မီ ထိန်းသိမ်းစောင့်ရှောက်မှုအားနည်းပါက ပျောက်ကွယ်သွားသည့်အထိ ရှိနိုင်သည်။ 


ဤပို့စ်တွင် အနက်တူ စကားလုံးကွဲ အချို့ကို ဖော်ပြပေးပါမည်။ စကားလုံးကွဲပြားသော်လည်း အနက်အဓိပ္ပာယ်တူသည်ဟု ဆိုရာတွင် အချို့စကားလုံးများသည် ရာနှုန်းပြည့် အနက်တူသော်လည်း အချို့မှာမူ သူ့နေရာနှင့်သူ အသုံးဝင်မှုအပေါ် အနက်အဓိပ္ပာယ် အနည်းငယ်ကွဲလွဲမှုရှိသည်ကို တွေ့ရှိရပါမည်။ အောက်ပါ အနက်တူ စကားလုံးကွဲ အချို့ကို လေ့လာကြရအောင်-


Andha ~ Boda = ဥ

Ailla ~ Mozur = အစေခံ

Ara ~ Tiyanra = ခြံစည်းရိုး

Bátdani ~ Thak = ထမင်းချိုင့်

Bazu ~ Hamis = အင်္ကျီ

Beça ~ Nek = လင်ယောက်ျား

Beçi ~ Mug = ဇနီးမိန်းမ

Biinggi zal ~ Gaala zal = ပိုက်

Bilding ~ Kutha = တိုက်အိမ်

Bossi ~ Gaala = ဇလုံ

Bozi ~ Bábi = မရီး

Canthar ~ Zuta = ဖိနပ်

Céri ~ Hatta = လှေကား

Cémith ~ Cílmeçi = ဘိလိပ်မြေ

Cíyana ~ Salák = လိမ္မာသော

Cirá ~ Matá = ခေါင်း

Cóin ~ Fúñwaijjá = မိတ်ဆွေ

Cóinno ~ Melithéri = စစ်တပ်

Dabai ~ Daru = ဆေးဝါး

Daktor ~ Hákim = သမားတော်

Dándha ~ Gúroni = အဖုံး

Dengga ~ Nou = လှေ

Dhoñr ~ Bóddha = ကြီးမားသော

Dhudhu gari ~ Motor sairkol = ဆိုက်ကယ်

Dhula ~ Hárañg = ခြင်း

Dii ~ Bor foir = ကန်ကြီး

Doir ~ Handail = 

Duwar ~ Kebar = တံခါး

Egana ~ Giñyat = ဆွေမျိုး

Fath ~ Firá = ခုံ

Failla ~ Decci = အိုး

Falong ~ Soiñ = ကုတင်

Fanká ~ Fórfori = ပန်ကာ

Fecák ~ mut = ဆီး

Fethi ~ Sónduk = သေတ္တာ

Fólonso ~ Lelín = ဝရံတာ

Fut ~ Fua = သား

Fúk ~ Kíl = ချက်

Garí ~ Rot = ယာဉ်

Golti ~ Álda = လမ်းကြား

Gul gór ~ Átina = အိမ်ရှေ့ခန်း

Gul isa ~ Kiyáñra = ဂဏန်း

Guli ~ Bonduk = သေနတ်

Gusól ~ Háiñs = ရာသီပေါ်သည်။

Hanjja ~ Taak = ကျီ

Háñtura ~ Marttul = တူ

Hábar jahañs ~ Pelin = လေယာဉ်ပျံ

Hala murá ~ Faar = တောင်တန်း

Hoddá ~ Haññ = ခွက်

Hoil ~ Hoijja = ခိုက်ရန်

Hólméçi ~ Couk = မြေဖြူ

Hou gorer ~ Ouler = အန့်ပျို့သည်

Jaañs ~ Buth = သင်္ဘော

Jok ~ Moshok = ရေခရာ

Kaman ~ Sirhóndhá = လေး

Kitab ~ Boi = စာအုပ်

Kucúm ~ Lali = ဝှေးစေ့

kumbala ~ Taimmaw = ရေအိုးစင်

Letholom ~ Letfincol = ခဲတံ

Lorí ~ Laçí = တောင်ဝှေ့၊ တုတ်

Lunggi ~ Dúti = ပုဆိုး

Lura ~ Hotti = လိုရာအိုး

Manuic ~ Maniccó = လူသား

Masa ~ Fúlazi = စင်

Mirá hodu ~ honri = ရွှေဖရုံသီး

Mocók ~ Zouk = ကရား

Mo ~ Mamu = ဦးလေး

Mothór rasta ~ Garir rasta = ကားလမ်း

Mui ~ Hála = အဒေါ်

Mukta ~ Moti = ပုလဲ

Mumbatti ~ Bumbatti = ဖယောင်းတိုင်

Murda ~ Mora  = အလောင်း၊ မသာ

Muwáñ ~ Kuna    = ထောင့်

Nafit ~ Missíri = လှသာဆရာ

Nal ~ Nol = ပိုက်

Nalá ~ Gor = မြောင်း

Nar v~ Círa = နာဗ်ကြော့

Nátun ~ Hanfúl = နားတောင်း

Nica ~ Córak = အရက်

Ninnam ~ hámicá = အမြဲ

Nummal ~ Matárhoor = ထပတ်

Nuwal ~ Fagíth = လက်ကိုင်ပုဝါ

Oola ~ Booskhána = မီးဖိုချောင်

Óran ~ Fudin = နွေရာသီ

Ossí ~ Gorba = ဧည့်သည်

Raza ~ Badcá = ဘုရင်

Ret balu ~ Dúm balu = သဲ

Rit ~ Muusóm = ရာသီ

Sál ~ bahol = အခွံ

Sebdan ~ Fitdan = တွေးခံ

Sélen ~ Diip = ဆေးရည်

Sita ~ Sinta = ဝမ်နည်းခြင်း

Sodul ~ Tánjan = ထမ်းစင်

Sóppor ~ Dondoma = 

Sújja moris ~ Toris = ငရုတ်ရိုင်း

Tál ~ Soun = ပန်းကန်

Tatthi ~ Letthin = အိမ်သာ

Theñg Gari ~ Sairkol = စက်ဘီး

Thiyañ ~ Khorí = ဒင်္ဂါး

Tóila ~ Hóilla = အိတ်

Uñíjjá ~ Sóñg = စောင်း

Ustat ~ Muin = ဆရာ။၊ ဂုရု

Waiggá ~ Mobbúl = မီးပုံ

Zal ~ Záiñ = ပိုက်ကွန်

Zár ~ Zounl = တော၊ ချုံ

Zañlá ~ Sommoni = လမ်းခွဆုံ

Zermaic ~ Baricá = မိုးဥတု

Zun ~ San = လ၊ စန္ဒာ


Saturday, February 11, 2023

ကျန်းမာရေးမှူး ဦးမြသန်း (သို့) အမေ့ခံရောင်ခြည် [၁၉၃၅-၂၀၀၉]

 

ကျန်းမာရေးမှူး ဦးမြသန်း (သို့) အမေ့ခံရောင်ခြည် [၁၉၃၅-၂၀၀၉]


             "Ashá táilé rasta neele"

ဒီဟာက ကျန်းမာရေးမှူးဦးမြသန်း အမြဲပြောဆိုဆုံးမလေ့ရှိတဲ့ စကားပုံ တစ်ပုဒ်ဖြစ်ပါတယ်။ Where is a will, there is a way ဆိုတဲ့ မူရင်းအင်္ဂလိပ်စကားပုံကိုလည်း မကြာခဏ သုံးနှုန်းပြောဆိုလေ့ရှိတယ်။ ဒါက သူရဲ့ အနှစ်သက်ဆုံး စကားပုံတွေထဲက တစ်ပုဒ်ဖြစ်တယ်။ 

ဦးမြသန်းဆိုတဲ့ နာမည်ကတော့ စာဖတ်ပရိတ်သတ်တွေအတွက် စိမ်းကားနေမှာဖြစ်ပါတယ်။ သူကတော့ နိုင်ငံကျော်ပုဂ္ဂိုလ်တစ်ဦးမဟုတ်ပေမဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ရှေ့တန်းတင်ဆောင်ရွက်ခဲ့တဲ့ ရွက်ပုန်းသီးပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ သူထမ်းဆောင်ခဲ့ရာ ကျန်းမားရေးဝန်ထမ်းတစ်ဦးအနေနဲ့ မိမိတာဝန်ကို စေတနာမွန်နဲ့ သစ္စာရှိရှိ ကျေပွန်ခဲ့သူဖြစ်တယ်။ 

မောင်မြသန်းဟာ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ဘောလီဘာဇားတွင် ၁၉၃၅ ခု၌ ဖခင် ကာဇီဘောက်တာမဟ်မွတ်နဲ့ မိခင် ဒေါ်အမီနာသျှောင်ဒရီ တို့မှ ဖွားမြင်ခဲ့တယ်။ အမည်ရင်းမှာ ဒေလဝါရ်အဟ်မတ်ဖြစ်ပါတယ်။ ဖခင်မှာ ဗြိတိသျှစစ်တပ်ရဲ့ တပ်တွင်းဆေးမှူးနဲ့ ဘော်လီနယ်ခံဆေးမှူး အပြင် အင်္ဂလိပ်အစိုးရခန့် တရားစီရင်ခွင့်ရ ကာဇီတစ်ဦးလည်းဖြစ်ခဲ့တယ်။ မိခင်မှာ ထင်ရှားတဲ့တိုင်းရင်းဆေးသမားတော် တစ်ဦးဖြစ်သည်။ ဘော်လီမျိုးနွယ်စုမှ ဆင်းသက်လာသူဖြစ်တယ်။ ညီအစ်ကို ၆ ဦးအနက် စတုတ္ထမြောက်ဖြစ်တယ်။ မောင်မြသန်း ၁၃ နှစ်လောက်အရွယ်တွင် ဖခင် ကာဇီဘောက်တာမဟ်မွတ်ဆုံးရှာခဲ့တယ်။ မောင်မြသန်းဟာ မိခင်နဲ့ အစ်ကိုတို့ အရိပ်အောက်မှာပဲ ကြီးပြင်းလာရသူဖြစ်ပါတယ်။ 

မောင်မြသန်းဟာ ထိုခေတ်က အာမီရ်အာလီအူရ်ဒူကျောင်းမှ ၆ တန်းအထိ သင်ယူခဲ့တယ်။ နောင်တွင်ထိုကျောင်းကို ဗမာ-အင်္ဂလိပ် အမျိုးသားကျောင်းအဖြစ် ပြောင်းလဲလိုက်သောအခါ ထိုကျောင်းတွင် ဆက်လက် ပညာဆည်းပူးခဲ့တယ်။ အထက်တန်းပညာကို မောင်တောအထက်တန်းကျောင်းမှာ သင်ယူပြီးမြောက်ခဲ့တယ်။ ဗမာတပ်မတော်တွင် ဝင်ရန် စိတ်ဝင်စားခဲ့ပေမယ့် အကြောင်းအားလျော်စွာ အဆင်မပြေခဲ့ချေ။ မိဘအရင်းခံ ဆေးပညာဖက်ကို စိတ်ဝင်စားကာ ရန်ကုန် အောင်ဆန်းကွင်း ကျန်းမာရေးမှူး သင်တန်းကျောင်း (Institute of Community Health | *ယခု မကွေးသို့ ပြောင်းရွေ့တိုးချဲ့ထားတယ်။)မှ ဆေးပညာကို ဆည်းပူးခဲ့တယ်။ 

မောင်မြသန်းဟာ မောင်တောဆေးရုံး ဓာတ်ခွဲမှူးအဖြစ် စတင်အလုပ်ဝင်ခဲ့တယ်။ ၁၉၆၄ ခုတွင် ဘူးသီးတောင်ပြည်သူ့ဆေးရုံတွင် ကြီးကြပ် (၁) ဓာတ်ခွဲမှူးအဖြစ်  ၁၉၇၄ ခုထိ တာဝန်ထမ်းဆောင်ခဲ့တယ်။  ၁၉၇၄ မှ  ၁၉၈၁ ခုထိ စစ်တွေမြို့ ပြည်သူ့ဆေးရုံ အနာကြီးရောဂါဌာနတွင် ကြီးကြပ် (၂) အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ ၁၉၈၁-၁၉၈၅  ဘူးသီးတောင် မြို့နယ်ဆေးရုံ အနာကြီးရောဂါ ဌာန ကြီးကြပ်ရေးမှူးအဖြစ်ခဲ့တယ်။ ၁၉၈၅ မှ ၁၉၉၀ အထိ သပိတ်တောင် ကျေးလက်ကျန်းမာရေးဌာနတွင် ကျန်းမာရေးမှူးအဖြစ်လည်းကောင်း၊  ၁၉၉၀ မှ ၁၉၉၅ အထိ် တောင်ပြို ကျန်းမာရေးဌာနတွင် ကျန်းမာရေးမှူးအဖြစ်လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့တယ်။ ၁၉၉၅ ခုတွင် ပင်စင်ယူကာ အစိုးရအမှူးထမ်းဘဝမှ အနားယူခဲ့တယ်။ ကျန်ဘဝကို မိမိရဲ့ ဇာတိမြေဘောလီဘာဇား၌ အေးချမ်းစွာ ကုန်ဆုံးခဲ့တယ်။ 

ပင်စင်စားဘဝတွင် ဆေးကုပေးခြင်းနဲ့အတူ စေတနာ့သင် ဆရာအဖြစ် ကြိမ်ချောင်း၊ လောင်ဒုံး၊ ဒုံပစ် ကျေးရွာများ၌ ငွေကြေးထောက်ပံ့မှုမရရှိ၍ ပညာသင်ခွင့် ဆုံးရှူံးနေတဲ့ ကလေးသူငယ်တွေကို ထထကြွကြွ စာသင်ပြပေးခဲ့တယ်။ ငွေရေးကြေးရေး အားနည်းနေတဲ့ ကျောင်းနေ ကျောင်းသူ/သားများကိုလည်း တတ်နိုင်သမျှ ငွေကြေးထောက်ပံ့လေ့ရှိခဲ့တယ်။ ကျေးလက်ဒေသက လူတွေကို အခြေခံကျန်းမာရေးဆိုင်ရာ ပညာပေး(ရှေးဦးသူနာပြု)သင်တန်းများလည်း အခါမလပ် ပို့ချခဲ့တယ်။အခမဲ့ ဆေးကုပေးခြင်း အရေအတွက်က စံပြုဖွယ်မှတ်သားနိုင်လောက်တယ်။ ဗလီနဲ့ သာသနာ့အဆောက်အအုံတွေမှာ ရေရရှိရေးအတွက် အထူးစီမံဆောင်ရွက်ပေးလေ့ရှိခဲ့တယ်။ အဲဒါကို သူက Water Supply for All လို့ နာမည်ပေးခဲ့တယ်။ 

ကျန်းမာရေးမှူး ဦးမြသန်းဟာ မိမိတာဝန်ထမ်းဆောင်နေစဉ်ကာလတွင် ကျန်းမားရေးပညာပေးနဲ့ ရောဂါကုသပေးခြင်းဖြင့် အသက်ပေါင်းမြောက်များစွာ ကယ်တင်ခဲ့တာတော့ ထင်ရှားပါတယ်။ ဒါ့အပြင် ယနေ့ထက်ထိ ကျန်ရှိနေတဲ့ သူရဲ့ နိုင်ငံနဲ့ ပြည်သူ့အကျိုးပြုကောင်းမှုစေတနာတွေကတော့-

(က) သပိတ်တောင်တွင် တာဝန်ထမ်းဆောင်နေစဉ် သပိတ်တောင်ရခိုင်ရွာရှိ ကျေးလက်ကျန်းမာရေးဌာနဟာ တဲကလေးတစ်ခု ပမာသာ ရှိခဲ့တယ်။ သူပြောင်းရွှေ့ တာဝန်ထမ်းဆောင်နေစဉ်ကာလတွင် ထိုဆေးပေးခန်းတဲအိမ်ကလေးကို သူရဲ့ နေ့ညမနား ကြိုးပမ်းမှုကြောင့် ရွာသူရွာသား၏ စုပေါင်းအင်အားမှ အခိုင်အမာ တိုးချဲ့ တည်ဆောက်ပေးခဲ့သည်ကို ယနေ့အထိ ထိုရွာသားများက သူ့ကို အောက်မေ့သတိရကြတယ်။ 

(ခ) တောင်ပြိုလက်ဝဲ ကျန်းမာရေးဌာနကို ဆေးရုံကြီးအဖြစ် တိုးမြင့်ပေးရာတွင် ကျန်းမာရေးမှူး ဦးမြသန်း၏ ကြိုးပမ်းမှုက မနည်းလှချေ။ ၁၉၉၃ ခု ဗိုလ်ချုပ်ခင်ညွှန့် တောင်ပြိုလက်ဝဲခရီးစဉ်၌ ကျန်းမာရေးမှူးသည် ခင်ညွှန့်နှင့် တွေ့ဆုံကာ ကျန်းမာရေးဌာနသည် ဒေသရှိ လူနာအရေအတွက်နှင့် မကိုက်ညီကြောင်း ဆေးရုံကြီးအဖြစ် တိုးမြှင့်ပေးသင့်ကြောင်း တင်သွင်းခဲ့တယ်။ ဆေးရုံတိုးချဲ့ဆောက်လုပ်ရန် လိုအပ်ချက်တွေကိုလည်း မေးမြန်းချက်အရ တိုင်ပင်ဆွေးနွေးခဲ့တယ်။ ထိုဗိုလ်ချုပ်ခင်ညွှန့်ခရီးစဉ်နောက်ပိုင်းတွင် ထိုကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် တိုးမြင့်ပေးပြီး ဆေးရုံကိုလည်း ပြန်လည်တိုးချဲ့ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်တယ်။ ယခု တောင်ပြိုလက်ဝဲ၌ တည်ရှိနေတဲ့ တိုက်နယ်ဆေးရုံဟာ ကျန်းမာရေးမှူး ဦးမြသန်းရဲ့ ကြိုးပမ်းမှုမှ ဖြစ်ထွန်းလာခြင်းပင်ဖြစ်တယ်။ (ထိုအချိန်က မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာများတွင် ဗိုလ်ချုပ်ခင်ညွှန့် ခရီးစဉ်သတင်းမှာ တွေ့ဆုံဆွေးနွေးပုံတွေကို ဖော်ပြခဲ့တယ်)

တောင်ပြိုလက်ဝဲမြို့ တိုက်နယ်ဆေးရုံ၊ ၂၀၁၇ နောက်ပိုင်းက တွေ့မြင်ရတဲ့ဆေးရုံပုံ။


(ဂ) ၁၉၉၃ ဒုက္ခသည်များ ပြန်လည်လက်ခံရေးအစီအစဉ်တွင် ကျန်းမာရေးမှူးဦးမြသန်းဟာ ဆရာဝန်များအဖွဲ့မှာ ရွေးချယ်ထည့်သွင်းခံရကာ မူလအိမ်ပြန်လာတဲ့ဒုက္ခသည်တွေကို တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေးခဲ့တယ်။

(ဃ) အနာကြီးရောဂါဆိုင်ရာ အထူးကျွမ်းကျင်လို့ ဘူးသီးတောင် မြို့နယ်ဆေးရုံမှ စစ်တွေ ပြည်သူ့ဆေးရုံသို့ အထူးပြောင်းရွှေ့ခံခဲ့ရတဲ့ ရိုဟင်ဂျာ ကျန်းမာရေး ဝန်ထမ်းတစ်ဦးဖြစ်တယ်။ ပင်စင်စားဘဝမှာလည်း အနာကြီးရောဂါဆိုင်ရာ ကျန်းမာရေးပညာပေး ဟောပြောပွဲတွေမှာ သက်ဆိုင်ရာဆေးရုံမှ အထူးဖိတ်ခေါ်ခြင်းခံရကာ ဟောပြောလေ့ရှိခဲ့တယ်။ 

ဒီလိုဖြင့် ဦးမြသန်းဟာ သူရဲ့ တာဝန်ထမ်းဆောင်ရာ ကာလတစ်လျှောက် လူမျိုးဘာသာမရွေး စေတနာထက်သန်စွာဖြင့် ပြည်သူ့အကျိုးဆောင်ခဲ့တဲ့အပြင် ပင်စားဘဝမှာပင် အများကောင်းကျိုးသယ်ပိုးခဲ့ပါတယ်။ 

မောင်မြသန်းဟာ ၁၉၆၁ ခုနှစ်တွင် မြို့အုပ် ဖူရုက်အမတ်ရဲ့တူမ၊ ဆရာကြီး မူဟာမတ်ဟာဆောင်းရဲ့တတိယမြောက်သမီး ဒေါ်မနု (ခ) ဟူဆောင်းဂျာဟာန် (ဘော်လီ+ကာဇီ နွယ်ဖွား)နဲ့ နဖူးစာဆုံခဲ့တယ်။ သူတို့မှ သားသမီး (၉) ယောက် ထွန်းကားခဲ့တယ်။ သိန်းသိန်းနု၊ သန်းသန်းနု၊ သိန်းနု၊ သန်းသန်းထွေး သမီးလေးယောက်နဲ့ သန်းမြင့်၊ သိန်းထိုက်၊ သန်းထိုက်၊ သန်းထွန်း၊ အေးထွန်း သား(၅) ယောက်တို့ဖြစ်တယ်။ 

မှတ်ပုံတင်အမှတ် AK- ၁၅၅၅၉၄ ကိုင်ဆောင်သူ ကျန်းမာရေးမှူးဦးမြသန်းရဲ့ ညီအစ်ကိုများမှာလည်း ကျရာနေရာမှ တိုင်းပြည်နဲ့လူမျိုးအကျိုးကို သယ်ပိုးခဲ့တဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။ အစ်ကိုကြီး ဦးဘေဒါရ်အမတ်မှာ အင်္ဂလိပ်အစိုးရခန့် စစ်တပ်ဆေးမှူး တစ်ဦးဖြစ်ခဲ့သည်။ ဦးနေဆာရ်အမတ် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ဦးမောင်နုမှာ အထက်တန်းကျောင်းအုပ်ဆရာကြီးအဖြစ်လည်းကောင်း၊ ညီ ဦးမြစိန်မှာ ပြည်နယ် ငှက်ဖျားတိုက်ဖျက်ရေးမှူးအဖြစ်လည်းကောင်း အသီးသီး တိုင်းပြည်အကျိုးပြုခဲ့သူများဖြစ်ပါတယ်။ အငယ်ဆုံးညီ ဦးမာဟ်မွတ်ကတော့ ကျောက်ဖြူပညာရေးကောလိပ်မှာ ပညာသင်နေစဉ် ကံမကောင်းစွာ ကွယ်လွန်သွားရှာတယ်။ တစ်ဦးတည်းသော ညီမ ဒေါ်နော်ဖီဇာမှာ ယနေ့ထိ သက်ရှိထင်ရှားနေဆဲ။ 

ပြည်ထောင်စု လူငယ်ရေးရာ ဗဟိုကောင်စီရဲ့ အသင်းဝင်ကတ်ပြား(ကျော့ဘက်)

ပြည်ထောင်စု လူငယ်ရေးရာ ဗဟိုကောင်စီရဲ့ အသင်းဝင်ကတ်ပြား(ရှေ့ဘက်)
ကျန်းမာရေးမှူးဟာ ရိုးရိုးရှင်းရှင်း နေတတ်သူဖြစ်တယ်။ ကလေးသူငယ်တွေကို အလွန်အမင်း ချစ်ခင်တယ်။ တစ်နေရာရာမှ ပြန်လာတဲ့အခါ သူ့လက်ထဲမှာ သူ့အနီးအနားရှိ ကလေးတွေအတွက် အမြဲမုန့်တွေ ပါလေ့ရှိတတ်တယ်လို့ ဆိုကြတယ်။ သူ ရွာမှာ လမ်းလျှောက်ထွက်တဲ့အခါ ကလေးတွေ ဝိုင်းလို့ ရှိတတ်တယ်။ ကလေးတွေအတွက်တော့ "ဒါခ်တောရ် နာနာ" ကို မြင်လိုက်တာနဲ့ စားစရာမုန့်ပဲ ပြေးမြင်တော့တယ်။ သူဟာ စာဖတ်ခြင်းနဲ့ ဒိုင်ယာရီရေးခြင်း အထူးဝါသနာပါတယ်။ အူရ်ဒူစာ၊ ဘင်္ဂလားဒေ့ခ်ျစာ အရေးရောအဖတ်ရော ကျွမ်းကျင်တယ်။ ဗိသုကာလက်ရာတွေကို စိတ်ဝင်စားတယ်။ အားလပ်တဲ့ အချိန်တွေဆိုရင် အိမ်မှာ သစ်သားတွေ၊ ဘိလိပ်မြေတွေနဲ့ ခုံတွေ၊ စားပွဲတွေ စင်တွေ ပုံစံအဆန်းဆန်းနဲ့ ကိုယ်တိုင်ပြုလုပ်လေ့ရှိတတ်တယ်။ တစ်ခုထူးခြားတာက သူဟာ ဘယ်လက်သန်ပေမယ့် လက်နှစ်ဖက်စလုံးနဲ့ ပိုင်ပိုင်နိုင်နိုင်စာရေးသားနိုင်တယ်။ အားကစားဖက်မှာတော့ ကြက်တောင်ရိုက်ကစားနည်းကို ဝါသနာအိုးပါတယ်။ 

ကျန်းမာရေးမှူး ဦးမြသန်းဟာ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက် ကြသပတေးနေ့ နံနက်ပိုင်းတွင် မိမိရဲ့ ချစ်သားသမီးတွေနဲ့ နှုတ်ခွန်းဆက်သ၍ အလ္လာဟ်အမိန့်ခံယူသွားလေတယ်။ သူဟာ ကြာသပတေးနေ့ဖွားဖြစ်ပြီး ကြာသပတေးနေ့မှာ ကွယ်လွန်သူဖြစ်တယ်။ သူရဲ့ ရုပ်အလောင်းကို လောင်းဒုံ ကြိုက်ချောင်းရှိ ဘော်လီသင်္ချိုင်းမှာ ဒါဖနာဟ်ခဲ့ပါတယ်။   အလ္လာဟ်အသျှင်မြတ် မြင့်မြတ်သောအစား ပေးတော်မူပါစေ…အာမိန်။     


— လူထုဝဏ္ဏ

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၃။