Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, July 7, 2016

သီရိအီဒ်ပွဲတော် (ရိုဟင်လေး)



သီရိအီဒ်ပွဲတော်

ရေးဖွဲ့သူ- ရိုဟင်လေး

ရင်မော့စောင့်မျှော်  အီးဒ်ပွဲတော်၊
ရွှင်လန်းဆိုက်ဖော်  မြူးထူးခေါ်။
သျှာဝါလ်စန္ဒာ  သဝဏ်လွှာ၊
ရှူမြော်ငါတို့  ကောင်းကင်မှာ။

စိတ်ကူးဂရိုက်  ထပ်လဲပေါ်၊

ညဥ့်နက်မဆုံး  အိပ်မပျော်။
အာရုဏ်လင်းနိုး  ရေမိုးချိုး၊
ဝတ်သစ်ဆင်ကာ နံသာမွှေးထိုး။

ညီကိုပီတာ  တန်းစီကာ၊

သောဂ်ဘီရ်ရွတ်ဖတ်  အီဒ်ဂါ့ဟ်သွား။
ရပ်ရွာလူထု  တစ်နေရာစု၊
အီးဒ်ပွဲနုမားဇ်  ပေါင်းဝတ်ပြု။
အီးဒ်ဂါးဟ်အပြန်  ကဘော်ရ်သို့၊
ဒူဝါမေတ္တာ  သန်းချီပို့။

ဆလာမ်နှုတ်ဆက်  ပွေ့ဖက်မြဲ၊

ဆင်းရဲချမ်းသာ  မခွဲခြားဘဲ။
အိမ်ဗိမ္မာန်က  ချိုစမိုင်က်၊
တစ်ရွာလုံးလှိုင်  မွှေးနံ့ကြိုင်။
မိတ်သင်္ဂဟ  လက်တွဲပေါင်း၊
လည်ပြုဂါရဝ  ဆွေမျိုးရင်း။

တစ်အိမ်နောက်  တစ်အိမ်ဝင်၊

ပလွေသံဇဉ်  ငြိမ့်နားဆင်။
ပီတိအပြည့်  အီးဒ်ပွဲနေ့၊
ကုန်ဆုံးသွားဟန်  တစ်မိနစ်။

+++++++++++-------+++++++++++

Eid Especial 

No comments:

Post a Comment