Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, December 15, 2016

António Guterres: 9th Secretary-General of UN

အန်တိုနီအို ဂူတေရဲစ် (ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်သစ်)


ကုလသမဂ္ဂ၏ (၉) ကြိမ်မြောက် အတွင်းရေးမှူးချုပ် ဂူတေရဲစ်

အန်တိုနီအို ဂူတေရဲစ် သည် ၁၉၄၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်တွင်   လစ်ဘော်န်မြို့၊ ပေါ်တူဂီ နိုင်ငံ၌ အဖ Virgílio Dias Guterres (1913–2009) နှင့် အမိ Ilda Cândida de Oliveira တို့မှ မွေးဖွားခဲ့သော ပေါ်တူဂီနိုင်ငံသား နိုင်ငံရေးသမား နှင့် သံတမန် တစ်ဦးဖြစ်သည်။ အမည် အပြည့်အစုံမှာ အန်တိုနီအို မနူအဲလ် ဒေ အိုလီဗေရာ ဂူတေရဲစ် [António Manuel de Oliveira Guterres] ဖြစ်သည်။ 

ဂူတေရဲစ်သည် Camões Secondary School ကျောင်းတွင်ပညာသင်ခဲ့၍ ထိုကျောင်းမှပင် ဘွဲ့ရရှိခဲ့သည်။ တစ်နိုင်ငံလုံး၏ အကောင်းဆုံးကျောင်းသားအဖြစ် National Lyceums Award ချီးမြှင့်ခံရသည်။ ရိုမန်ကသလစ် ခရစ်ယာန် ဘာသာဝင်တစ်ဦး ဖြစ်ပြီး ဘာသာရေးကိုင်းရှိုင်းသူဖြစ်သည်။ ၁၉၇၁ ခုတွင် Instituto Superior Técnico တက္ကသိုလ်မှ Physics and Electrical Engineering ဘွဲ့ရရှိခဲ့သည်။ ပြီးနောက် သင်ပြမှုစနစ် သီအိုရီနှင့် အချက်ပြ ဆက်သွယ်ရေး (Teaching System Theory and Telecommunications Signals) တွဲဖက် ပါမောက္ခအဖြစ် ဆရာဘဝစတင်ခဲ့သည်။ ဂူတာရဲစ်သည် ၁၉၇၄ ခုတွင် ဆိုရှယ်လစ် ပါတီ၏ အဖွဲ့ဝင်ဖြစ်လာပြီးနောက် ဆရာဘဝနှင့် လမ်းခွဲခဲ့သည်။ 

၎င်းသည် ကမ္ဘာ့ ကုလသမဂ္ဂ (၉) ကြိမ်မြောက် အထွေထွေ အတွင်းရေးမှူးချုပ်ရာထူးကို ဒီဇင်ဘာလ ၁၂ ရက်တွင် ကျိန်သစ္စာဆိုပြီး ဆက်ခံခဲ့သူဖြစ်သည်။ ဂူတေရဲစ်သည် ဆိုရှယ်လစ်ပါတီ (Socialist Party) ၏ အတွင်းရေးမှူးချုပ်အဖြစ် ရွေးကောက်ပွဲ ဝင်ပြိုင်ရာ ပေါ်တူဂီနိုင်ငံ၏ ၁၁၄ ကြိမ်မြောက် ဝန်ကြီးချုပ် (၁၉၉၅- ၂၀၀၂)ဖြစ်ခဲ့သည်။   သူသည် နိုင်ငံတကာ ဆိုရှယ်လစ်အဖွဲ့ (Socialist International) ၏ ဥက္ကဌအဖြစ် ၁၉၉၉ မှ ၂၀၀၅ ခုအထိ ထမ်းဆောင်ခဲ့သည်။  ထို့အပြင် UNHCR ( United Nations High Commissioner for Refugees ) အဖွဲ့ချုပ်၏ ၁၀ ကြိမ်မြောက် မဟာမင်းကြီး အဖြစ် ဇွန် ၂၀၀၅ ခု မှ ၂၀၁၅ ခုနှစ် အထိ ထမ်းဆောင်ခဲ့သည်။  ၂၀၁၆ အောက်တိုဘာလတွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ ၂၀၁၆ တွင် သက်တမ်းကုန်ဆုံးမည့် အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ နေရာကိုဆက်ခံမည့်သူ အဖြစ် ရွေးချယ်တင်မြောက်ခဲ့သည်။  ၂၀၁၇ ခုနှစ်၊ ဇန္နဝါရီလ ၁ ရက်နေ့မှ ရုံး ထိုင်မည် ဖြစ်သည်။ 

ဂူတာရဲစ်သည် ၁၉၇၂ တွင် ကလေးစိတ္တဇအထူးကု Luísa Guimarães e Melo နှင့်  အိမ်ထောင်ပြုခဲ့ပြီး အိမ်ထောင်ဘဝ စခဲ့သည်။ သို့သော် ကံဆိုးမှုဖြင့် ၁၉၉၈ ခုနှစ်တွင် မေလိုသည် ကင်ဆာရောဂါဖြင့် ကွယ်လွန်  ခဲ့ရှာသည်။ ထို့နောက် ၂၀၀၁ ခုနှစ်တွင်  မြို့ယဉ်ကျေးမှုဆိုင်ရာ အတွင်းရေးမှူးဟေင်း Catarina Marques de Almeida Vaz Pinto နှင့် လက်ထပ်ခဲ့သည်။ Pedro နှင့် Mariana သားသမီး ၂ ဦးထွန်းကားခဲ့သည်။ 


သူရရှိခဲ့သော အမျိုးသား ဂုဏ်ဆောင်ဆုများ နှင့် ချီးမြှင့်သော နိုင်ငံများ

၁။ ပေါ်တူဂီ    ⏩Grand Cross of the Order of Liberty (2 ဖေဖော်ဝါရီလ ၂၀၁၆)
၂။ စပိန်         ⏩Collar of the Order of Isabella the Catholic (၁၄ ဇွန်လ ၂၀၀၂)
၃။ ပေါ်တူဂီ    ⏩Grand Cross of the Order of Christ (၉ ဇွန်လ ၂၀၀၂)
၎။ ပြင်သစ်    ⏩Grand Cross of the National Order of Merit (၄ ဖေဖော်ဝါရီလ ၂၀၀၂)
၅။ ဘရားဇီလ် ⏩Grand Cross of the Order of the Southern Cross (၂၀၀၂)
၆။ ဂျပန်          ⏩Grand Cordon of the Order of the Rising Sun (၂၀၀၂)
၇။ တူနီရှား     ⏩ Grand Cordon of the Order of the Republic (၂၀၀၂)
၈။ ယူကရီန်း   ⏩ Order of Prince Yaroslav the Wise, First Class (၂၀၀၂)
၉။ အီတလီ    ⏩ Grand Cross of the Order of Merit of the Italian Republic (၃ ဒီဇင်ဘာလ ၂၀၀၁)
၁၀။ ချီလီ        ⏩ Grand Cross of the Order of Merit (၃၀ စက်တင်ဘာလ ၂၀၀၁)
၁၁။ ကိပ် ဗာဒေ ⏩ First Degree of the Order of Amílcar Cabral (၂၇ ဧပြီ ၂၀၀၁)
၁၂။ ဘလ်ဂျီယန် ⏩ Grand Cordon of the Order of Leopold (၉ အောက်တိုဘာလ ၂၀၀၀)
၁၃။ စပိန်       ⏩ Grand Cross of the Order of Charles III (၈ စက်တင်ဘာလ ၂၀၀၀)
၁၄။ ဂရိ         ⏩Grand Cross of the Order of Honour (၁၇ မတ်လ ၂၀၀၀)
၁၅။ မက္ကစီကို ⏩Sash of Special Category of the Order of the Aztec Eagle (၂ ဇူလိုင်လ ၁၉၉၉).
၁၆။ ဥရုကွေး ⏩Grand Officer ot the Order of the Oriental Republic of Uruguay (၁၀ ဒီဇင်ဘာလ ၁၉၉၈).
၁၇။ ပိုလန် ⏩Grand Cross of the Order of Merit of the Republic of Poland (၂၃ စက်တင်ဘာလ ၁၉၉၇).
၁၈။ ဘရားဇီလ် ⏩Grand Cross of the Order of the Southern Cross (၂၃ ဇူလိုင်လ ၁၉၉၆).


ဂုဏ်ထူးဆောင် ပါရဂူဘွဲ့များ

၂၀၁၀ – ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့, University of Beira Interior
၂၀၁၄ – ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ , Meiji University
၂၀၁၆ – ဂုဏ်ထူးဆောင် ဥပဒေ ဒေါက်တာဘွဲ့ , Carleton University
၂၀၁၆ – ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့, University of Coimbra

အခြားဆုများ

၂၀၀၅ – Personality of the Year by the Associação de Imprensa Estrangeira em.  Portugal (AIEP)
၂၀၀၇ – Freedom Award
၂၀၀၉ – Calouste Gulbenkian International Prize (shared with the Peace Research Institute in the Middle East)
၂၀၀၉ – Forbes List of The World's Most Powerful People in 2009
၂၀၁၅ – W. Averell Harriman Democracy Award
၂၀၁၅ – The National German Sustainability Award

No comments:

Post a Comment