Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, December 10, 2016

ဘင်္ဂလားဒေ့ရှ် နာမယ်ကြီးအဆိုတော်များက ရိုဟင်ဂျာ ခေါင်းစဉ်ဖြင့် သီချင်းထုတ်ဝေမည်

ရိုဟင်ဂျာ မျိုးတုံးသတ်ဖြတ်မှုကို ဆန့်ကျင်သည့်အနေဖြင့် ဘင်္ဂလားဒေ့ရှ် နာမယ်ကြီး အဆိုတော်များက ‘ရိုဟင်ဂျာ’ ခေါင်းစဉ်ဖြင့် သီချင်းတစ်ပုဒ် ထုတ်ဝေမည်
ပုံ - music director Imtiaz Bulbul နှင့် အဆိုတော်မ Elita

📜Binudon Report 

မြန်မာနိုင်ငံ၊ အာရ်ခါန်ပြည်နယ်၌  လတ်တလောဖြစ်ပွားနေသည့် ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုကို ဆန့်ကျင်ဆန္ဒပြသည့် အနေဖြင့် ရိုဟင်ဂျာလူမျိုး အပေါ်ဖြတ်သန်းနေသည့် ကြောက်မက်ဖွယ် အခြေအနေကို အခြေခံ၍ ပြည်ကျော် တေးရေးဆရာ၊ Music Director Ahmed Imtiaz Bulbul က ဦးဆောင်ကာ`ရိုဟင်ဂျာ' ခေါင်းစဉ်ဖြင့် သီချင်းကြီးတစ်ပုဒ်ကို ထုတ်ဝေသွားမှာ ဖြစ်ပြီး၊ နောက်ခံ လင်္ကာများကို လည်း ကိုယ်တိုင်ရေးဖွဲ့ သီဆိုခဲ့ခြင်းဖြစ်သည်။ 

တေးရေး မဟ်ဘူဘူလ် ခါလေဒ် က ရေးပေးခဲ့ပြီး အဆိုတော် Dinat Jahan Munni (ဒီနာသ် ဂျာဟာန် မုန္နိ)၊ Rita (ရီတာ)၊ Chukla (ရှူခ်လာ)၊ Krishna (ကြိခ်ျနာ့)၊ Eiti (အီသီ)၊ Ritu (ရီသူ နှင့်အဖွဲ့) တို့က ပူးတွဲ သီဆို သရုပ်ဆောင်မည်ဖြစ်သည်။ 

ဘင်္ဂလား စကားနှင့် နီးနီးစပ်စပ် ရေးဖွဲ့သော သီချင်းသည် အင်္ဂလိပ် ဘာသာစကားဖြင့်လည်း ပြန်လည်သီဆိုသွားမည် ဖြစ်သည်။ ယင်းကို တစ်ကိုယ်တော် သီဆိုမည်သူက သရုပ်ဆောင် မင်းသမီး၊ ဂျာနယ်လစ်၊ အဆိုတော်မ Elita Karim  ဖြစ်သည်။

သတင်းထောက်၏ မေးမြန်းချက်တွင် Ahmed Imtiaz Bulbul က “မြန်မာ့ရိုဟင်ဂျာတွေကို  အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုက ကျွန်ုပ်၏ စိတ်ဘဝင်ကို အလွန်ပင် ထိခိုက်နာကျင်စေပါတယ်။ သီချင်းမှအပ သူတို့နှင့်အတူ ရပ်တည်ပေးနိုင်ရန် ကျွန်ုပ်မှာ အခြားဘာတစ်ခုမှ လုပ်စရာမရှိပါဘူး။ ဒါကြောင့် ဒီသီချင်းကို သီဆိုဖြစ်ခြင်းဖြစ်သည်။ အနုပညာရှင်တစ်ဦးအနေဖြင့် ကျွန်ုပ်၏ တာဝန်ရပ်ဖြစ်တယ်လို့လည်း ယူဆပါ တယ်။”

သီချင်းကို အင်္ဂလိပ်ဘာသာစကားနဲ့ ဖွဲ့ရခြင်းက “အိမ်နီးချင်းနိုင်ငံများကလည်း နားလည်နိုင်ရန်ဖြစ်ပြီး၊ Elita ကို သီဆိုပေးစေခိုင်းခြင်းဖြစ်တယ်လို့ Music ဒါရိုက်တာက ဆိုပါတယ်။ 

ယင်းသီချင်းကို ရက်အနည်းငယ်အတွင်း You tube နှင့် အခြား အင်တာနက် အွန်လိုင်း စာမျက်နှာပေါ်တွင်  ကြည့်ရှူနိုင်လိမ့်မည် ဟု သိရှိရသည်။ 

ကိုးကား 📝📝📝📝  Bangla Tribune. www.banglatribune.com

No comments:

Post a Comment