အပြုံးပုစ္ဆာ
ရေးဖွဲ့သူ ☞ မောင်ခင် [ရင်တွင်းဖြစ်]
ပြုံးနေတဲ့သူတို့ဟန်…
ဘာအတွက်လဲမေး…
မေးပါနဲ့မောင်တို့ရယ်…
'ရို' တို့မောင် စိတ်ဝယ်ညှိုးရတယ်….
လေလေ့အကြံလေး …။
ဘာအတွက်လဲမေး…
မေးပါနဲ့မောင်တို့ရယ်…
'ရို' တို့မောင် စိတ်ဝယ်ညှိုးရတယ်….
လေလေ့အကြံလေး …။
ယခင်က သူတို့မုန်း …
ယခုတော့ ပြုံးပြလေဟန်…
ဘာဥာဏ်လို့မေး …
မေးပါနဲ့ မောင်တို့ရယ် …
'ရို'တို့မောင် စိတ်ဝယ်ညှိုးရတယ် …
လေလေ့ဥာဏ်လေး …။
ညာဘက်က ကိုရွှေ'ရို'…
မျက်နှာတော် ညှိုးနေပ …
အဘယ်အတွက်ကြောင့်လေး …
မေးပါနဲ့ မောင်တို့ရယ် …
'ရို'တို့မောင် စိတ်ဝယ်ညှိုးရတယ်…။
ဆုံးသွားရှာ ငါ့ဆွေမျိုးများကိုလ …
ပြန်မြင်ယောင် ငါ့ရင်မှာမချိတယ် ….
တစ်ထည်သဘက် ဆန်တစ်ဝက်ရယ်နှင့် …
ပျားရည်နဲ့ဝမ်းချ လာ …
ငါရွှေ'ရို' ရင်မှာမချိရယ်လို့ …
ရင်တွင်းမှာ ငိုပွဲဆင်ကာဖြင့် …
ညှိုးမိသလေးလေး ….......။ ။
မှတ်ချက်။ ။ခွင့်ပြုချက်မရဘဲ ကြိုက်လွန်လို့ ပို့စ်တင်လိုက်တာ sorry ပါ။ အခွင့်လွှတ်ပါ။

No comments:
Post a Comment