Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, December 8, 2016

တိုက်တန်နစ်ထက် ပေ ၃၀၀ ခန့်ပိုရှည်သော Allure of the Seas သင်္ဘောကြီး

တိုက်တန်းနစ် သင်္ဘောထက် ပေ ၃၀၀ ခန့် ပိုရှည်တဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံး ပင်လယ်ကူး အပျော်စီး သင်္ဘောကြီး Allure of the Seas


ဒီသင်္ဘောကြီးကို ပြင်သစ်နိုင်ငံမှာ ၂၀၀၆ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး Royal Caribbean Cruises Ltd က တာဝန်ယူ တည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။
အရှည်ပေ ၁၁၈၇ ရှိပြီး ဒါဟာ အီဖယ်တာဝါ [Eiffel Tower]ထက် ၁၂၄ပေ ပိုရှည်ပြီး တိုက်တန်းနစ် သင်္ဘောထက် ပေပေါင်း ၃၀၀ကျော်ပိုရှည်ပါတယ်။ စုစုပေါင်းကုန်ကျငွေ ၁.၂ဘီလီယံ ကုန်ကျခဲ့ပါတယ်။
ဒီသင်္ဘောကြီးပေါ်မှာ သစ်ပင်စုစုပေါင်း ၁သောင်းကျော်ကို စိုက်ပျိုးထားပြီး ၊ အထပ်ပေါင်း ၁၈ ထပ် ၊ စားသောက်ဆိုင် ၁၆ ဆိုင် ၊ ကော်ဖီဆိုင် နဲ့ဈေးဝယ်စင်တာများအပြင် ၊ အပန်းဖြေ ကစားကွင်းတွေလည်း ပါရှိပါတယ်။ ထိုင်ခုံပေါင်း ၁၃၈၀ပါဝင်တဲ့ ခန်းမလည်း ရှိပါတယ်။ ခရီးသည် စုစုပေါင်း၆၂၉၆ဦး လိုက်ပါ စီးနင်းနိုင်တဲ့ သင်္ဘောကြီးဖြစ်ပါတယ်။ ကျယ်ဝန်းလွန်းတာကြောင့် ကိုယ့်အခန်းကို လိုက်ရှာဖို့ GPS ကို သုံးရတယ်လို့ ဆိုကြပါတယ်။























သုတဇုန်

No comments:

Post a Comment