Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, December 4, 2017

ရိုဟင်ဂျာ ဆယ့်နှစ်လအမည်များ


ရေးသား 🌍  ရိုဟင်လေး |

အာရဗီ စန္ဒာပြက္ခဒိန်ကို အခြေခံထားတဲ့ ရိုဟင်ဂျာ ပြက္ခဒိန် နှစ်ကို Sanda Cón လို့ ခေါ်တယ်။ လ စနစ် နှင့်သာ ရေတွက်တာကြောင့်ဖြစ်တယ်။ ပြက္ခဒိန် ကိုမူ Dindaháni လို့ ခေါ်ပါတယ်။  Gregorian Calendar လို တစ်လလျှင် ၃၁ ရက်၊ ၃၀ ရက် တွေ မဟုတ်ဘဲ ၂၉-၃၀ ရက် သာ ရေတွက်ကြတယ်။ လ ကို ရိုဟင်ဂျာတွေက စာန် [San]လို့ ခေါ်ပါတယ်။ ဥပမာ- ဇန္နဝါရီ လကို ဇန္နဝါရီ စ္စာန် ပေါ့။ တနှစ်ကို ၁၂ လနဲ့ ဖွဲ့စည်းထားပါတယ်။ အာရ်ကာန်ပြည်တွင် စန္ဒြားမင်း [Chandra] နန်းတက်ခဲ့သည့် နှစ်မှစ၍ စတင် ရေတွက်ခဲ့တယ် လို့ ပညာရှင်များက ယုံကြည်ကြတယ်။  ၈ ရာစုတွင် ဗေဆာအာလီပြည် [ရခိုင်အခေါ် ဝေသာလီ] အာရ်ကာန်၌ အာရပ် လှေကုန်သည်များ စတင်အခြေချနေထိုင်ခြင်းမှစ၍ အာရပ်တွေက စတင်ရေတွက်လာခြင်း ဖြစ်တယ် ဟုလည်း ပညာရှင်အချို့က ယူဆကြတယ်။ အာရပ် ရေကြောင်း ကုန်သည်များ အာရ်ကာန်၌ အခြေချနေထိုင်သည့်  ခရစ် ၇၈၈ မှ စတင်၍ ရေတွက်လျှင် ယနေ့ ခရစ်နှစ် ၂၀၁၇ သည် ရိုဟင်ဂျာ စန္ဒာသျှောဏ် ၁၂၂၉ ခု ဖြစ်ပါတယ်။ ရှေးခေတ်တွင် ရိုဟင်ဂျာလူမျိုးတို့သည် ဟိန္ဒူလအမည်များကိုလည်း အသုံးပြုခဲ့ကြသည်။  အာချီဏ်၊ ကာတီ၊ ဘားဒြော စသည်ဖြင့်ပေါ့…။

ရိုဟင်ဂျာ လအမည်များသည် ဟိုးရှေးအာရပ်အခေါ်နှင့် ခေါ်ကြဟန်တူသည်။ အိစ္စလာမ်သမိုင်း ဖြစ်ရပ်ကြီးများကို အောက်မေ့သတိရသည့် အနေဖြင့် သက်ဆိုင်ရာလများတွင် အခမ်းအနားများပြုခဲ့သည့် ဓလေ့ရှိခဲ့သည်။ အချို့ကို ယနေ့ပင် ဖာတီယာ အမည်ဖြင့် ပြုလုပ်သည်ကိုတွေ့နိုင်သည်။ ခေတ်ကာလ ကြာလာသည်နှင့်အမျှ အဆိုပါ မူလအာရဗီ လအမည်များ၏ အသံပြောင်း၍ တနည်း၊ ဖြစ်ရပ်ကြီးအမည်များ အဆထိုးလာ၍တနည်း ယနေ့ပုံသဏ္ဍာန်သို့ ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်ဟုလည်း ပညာရှင်အချို့က ဆိုစမှတ်ပြုကြသည်။ 

မည်သို့ပင်ဖြစ်စေကာမူ ရိုဟင်ဂျာလအမည်များကို အီစ္စလာမ်သမိုင်း ရဲ့ ကြီးမြတ်ထင်ရှားသော ဖြစ်ရပ်များ၊ နေ့အခါသာမယများကို အစွဲပြု၍ မည့်ခေါ်ထားခြင်းဖြစ်ပါတယ်။ အောက်ပါလအမည် ၁၂ ခုကို ရှေ့ကပင် လေယူလေသိမ်းပြောင်း သုံးစွဲလာခဲ့ခြင်းဖြစ်တယ်။ သံတူသံကွဲ သုံးစွဲနေကြတယ်ကိုလဲ တွေ့ရတယ်။ 


ရိုလဆယ့်နှစ်လအမည်များ 

  1. ¤ Acúra san             [အာရှူရာစ္စာန်]
  2. ¤ Sobór san             [စဘောရစ္စာန်]        
  3. ¤ Nobi san               [နဗီစ္စာန်]
  4. ¤ Hólifa san            [ခလီဖားစ္စာန်]
  5. ¤ Kebala san           [ကေဘလာစ္စာန်]
  6. ¤ Hóndhokor san  [ခေါ်န်ဓောခေါ့စ္စာန်]
  7. ¤ Bodoros san        [ဘဒေါ်ရစ္စာန်]
  8. ¤ Luçi san                [လူရီစ္စာန်]
  9. ¤ Ruza san               [ရူဇာစ္စာန်]
  10. ¤ Iddo san                [အီဒေါစ္စာန်]
  11. ¤ Gultha san            [ဂူလ်ဌာစ္စာန်]
  12. ¤ Qurbano san        [ကုရ်ဘာနောစ္စာန်]

၁။ အာရှူရာစ္စာန် [Acúra San]

ရိုဟင်ဂျာ ဒိန်ဒဟာနီရဲ့ ပထမလတွင် အာရှူရာပွဲတော် ကျင်းပကြတယ်။ အာရဗီ မဟ်ရမ်လ ၏ ဆယ်ရက်နေ့ ဟာ အိစ္စလာမ်ဘာသာ၌ ရက်မြတ်တော် အာရှူရာနေ့ ဖြစ်သောကြောင့် ဤလအမည်ကို အာရှူရစ္စာန် ဟု အမည်တွင်ခြင်းဖြစ်ပါတယ်။ 


၂။ ဆဘောရော့စ္စာန် [Sobóró San]

 ဒီဒုတိယမြောက်လဟာ တမန်တော်မြတ် (စွ) နောက်ဆုံး နာမကျန်းဖြစ်ခဲ့သော လဖြစ်ပါတယ်။  မွတ်စလင်လူထု တမျိုးသားလုံး ပူဆွေးဝမ်းနည်းကြေကွဲရခဲ့ခြင်းကို သတိရလျက် သည်းသည်းခံခံ မျိုသိပ်နေထိုင်ရတဲ့ လဖြစ်တယ်။  အဲ့ဒါကြောင့် ဆဘောရ် (သည်းခံခြင်း) လ ဟု အမည်ပေးထားခြင်း ဖြစ်ပါတယ်။ တစ်ချို့ကမူ အာရဗီ ဆော့ဖောရ် လအမည်ကို ပုံပျက်သံပျက် မွေးစား သုံးစွဲနေခြင်းဖြစ်တယ်လို့ ယူဆပါတယ်။ 


၃။ နော်ဗီစ္စာန် [Nobi San]

ဤလမြတ်တွင် မဟာတမန်တော် မိုဟာမွတ် (စွ) သခင် ဖွားမြင်တော်မူခြင်း၊ ပျံလွန်တော်ခြင်း တို့ အိစ္စလာမ် ဘာသာဝင်တွေက မမေ့နိုင်သော ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ပါတယ်။ မဟာတမန်တော်နေ့ ပွဲကိုလည်း ဤလတွင် ကျင်းပကြပါတယ်။ တမန်တော်မြတ် (စွ) သခင်ကို အစွဲပြု၍ နဗီစ္စာန် လဟု အမည်တွင်ခြင်း ဖြစ်ပါတယ်။ 


၎။ ခလီဖားစ္စာန် (Hólifá San)

ဤလတွင် အိစ္စလာမ်ဘာသာဝင်တို့ရဲ့ ပထမဆုံး ခလီဖာ အဖြစ် ဟဇရတ် အာဘူဘောကောရ် ဆီဒ္ဒီးခ် (ရသွေ) သခင်ကို  ရွေးချယ် တင်မြှောက်ခြင်းဖြစ်တယ်။ ထို အဖြစ်အပျက်ကို အစွဲပြု၍ ဤလကို ခလီဖားစ္စာန် လဟု အမည်တွင်ခြင်းဖြစ်ပါတယ်။ 


၅။ ကေဘာလာစ္စာန် [Kebala San]

ဤလ၏ မြင့်မြတ်သော ဖြစ်ရပ်မှာ ဟိဂျီရီ ဒုတိယနှစ်တွင် ဗိုက်တုလ် မူကဒ္ဒစ်ကျောင်းတော် ဘက်သို့ ယခင် မျက်နှာမူပြီး နမာဇ်းဖတ်ရခြင်းမှ အလ္လာဟ် အသျှင်မြတ်တော်၏ အမိန့်တော်အရ ကာဗာအ်ကျောင်းတော် ဘက်သို့ မျက်နှာမူရခြင်းအရပ် ကိဘ်လာ ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ ထို ကိဗလာ ဦးတည်ရာအရပ် ပြောင်းခဲ့သည့် ဖြစ်ရပ်ကို အစွဲပြု၍ ကေဘာလာစ္စာန်ဟု ခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။ ကိဗလာ အပြောင်းအလဲ ဟာ အာရဗီလ (၇) ကြိမ်မြောက် ရဂျဗ် လတွင် ဖြစ်တယ်ဟု သာသနာ့သမိုင်းတွင် မူကွဲရှိပါတယ်။ မည်သို့ပင် ဖြစ်စေကာမူ နှစ်ကာလ ကြာညောင်းလာပြီး ရိုဟင်ဂျာ ခုနှစ်လမြောက်လ အမည်ကို ငါးလမြောက်လ နေရာ၌ မှားယွင်း သုံးစွဲနေခြင်းလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 


၆။ ဟောန္ဓောခ်အောစ္စာန် [Hóndhokor san]

ဤလတွင် အဟ်ဇားဗ် (ခ) ဟောန္ဓောခ် စစ်ပွဲကြီးဖြစ်ပွားခဲ့တယ်။ မဒီနာမြို့ ဘေးပတ်လည် ကျုံးမြောင်းတွေ ထူးပြီး ရန်သူတွေနဲ့ ခုခံစစ်တိုက်ခဲ့ရတယ်။ ၅ ဟိဂျရီ (ခရစ်နှစ် ၆၂၇) ဖြစ်ပါတယ်။ အဲ့ဒီ ခုခံစစ်ကို အစွဲပြု၍ သည်လကို ဟောန္ဓောခ်အောစ္စာန် ဟု အမည်တွင်ခြင်းဖြစ်ပါတယ်။ 


၇။ ဘဒေါရ်ရောစ္စာန် [Bodoros san]

ဤလတွင် အိစ္စလာမ့်သမိုင်း၌ ပထမဆုံး ခုခံစစ်ပွဲ ဘဒေါရ် စစ်ပွဲကြီး ဖြစ်ခဲ့တယ်။ လူအင်အား နည်းနည်းဖြင့် ကာဖေရ်ထုကို အောင်နိုင်ခဲ့တယ်။ အဲ့ဒီစစ်ပွဲကို စွဲ၍ ဤခုနှစ်လမြောက်လကို ဘဒေါရ်ရောစ္စာန် ဟု အမည် တွင်ခြင်းဖြစ်ပါတယ်။ 


၈။ လူရီစ္စာန် [Luçi san]

ဤလတွင် လူရီပွဲတော်ကို ကျင်းပကြတယ်။ ရိုအိမ်တိုင်းတွင် လူရီဖီရာ့ လုပ်စားကြတယ်။ အလှူဒါန၊ ကောင်းမှုပြုကြတယ်။ အဲ့ဒီပွဲကို အစွဲပြု၍ သည်လကို လူရီစ္စာန် ဟုအမည်တွင်ခြင်းဖြစ်တယ်။ 


၉။ ရူဇာစ္စာန် [Ruza san]

ဤလတွင် အိစ္စလာမ်ဘာသာ၌ ကြီးမားသော ဖရစ်တာဝန် ငါးခုအနက် တစ်ခုဖြစ်သော ရူဇာ ဥပုသ် ကို တလလုံးလုံး စောင့်ထိန်းရပါတယ်။ အဲ့ဒီ ရူဇာ ဥပုသ်ကို အစွဲပြု၍ သည်လကို ရူဇာစ္စာန် ဟု အမည်တွင်ခြင်းဖြစ်ပါတယ်။ 


၁၀။ အီဒေါစ္စာန် [Iddó san]

ဤလတွင် အိစ္စလာမ် ဘာသာရဲ့ ပွဲတော်ကြီး နှစ်ခု အနက် တစ်ခုဖြစ်သော အီးဒ်ပွဲတော် (အီးဒူလ် ဖီတီးရ်)ကို ကျင်းပကြတယ်။ အဲ့ဒီ မွန်မြတ်သော ပွဲတော်ကို အစွဲပြု၍ အီဒေါစ္စာန် ဟု မည့်ခေါ်ခြင်းဖြစ်ပါတယ်။ 


၁၁။ ဂူလ်ဌာစ္စာန် [Gultha san]

ဒီလ အမည်ကား ပုဒ်ပျက်သံပျက် ပြောင်းလဲလာခြင်းဖြစ်ပါတယ်။ Gul+Sólla [စာပွဲဝိုင်း ဆွေးနွေးခြင်း] မှ Gultha အဖြစ်ပြောင်းလာခြင်းဖြစ်သည်။ တမန်တော် (စွ) သမိုင်း ၌ မက္ကာဟ်မြို့ရှိ ကာဖိရ်တွေနဲ့ ပထမဆုံး ဟူဒိုက်ဘီယား ဟူသော သဘောတူ စာချုပ်ကို ဤလတွင် ချုပ်ဆိုခဲ့တယ်။ ယင်း နှစ်ဖက်သဘောတူ ငြိမ်းချမ်းရေး စာချုပ်ကို စွဲ၍ ဂူလ်ဌာစ္စာန် ဟု အမည်တွင်ခြင်းဖြစ်တယ်။ 


၁၂။ ကုရ်ဘာနောစ္စာန် [Qurbano san]

ဤလတွင် ဘကရီ အီးဒ်ပွဲတော် [အီးဒူလ် အဒွဟာ့] ကျင်းပကြတယ်။ ရိုတွေက ကုရ်ဘာန်ပွဲတော် ဟု ခေါ်ကြတယ်။ အဲ့ဒီပွဲတော်ကို အစွဲပြု၍ သည်လကို ကုရ်ဘာနောစ္စာန် ဟု အမည်တွင်ခြင်းဖြစ်ပါတယ်။ 

🕝🕒🕒🕞🕒🕝🕑🕜🕟 🕕🕒🕝🕧🕡🕖🕕

မှတ်ချက်--> လအမည်တွေကို ရွတ်ဖတ်တဲ့ခါ (က) ရှေ့စကားလုံး သရသံနဲ့ ဆုံးရင်  San မှာ ရှိတဲ့ ‘စ’ သံကို ဆင့်ပွား အသံပို တစ်လုံးယူရတယ်။ ပြီးတော့ ရှေ့စကားလုံးကို ဆင့်ပွား စ နဲ့ သတ်ကာ အသံထွက်ရတယ်။နမူနာ။ Ruza- San = Ruzassan
(ခ) ရှေ့စကားလုံး ဗျည်းသံနဲ့ ဆုံးရင် အဲ့ဒီ ဆုံးတဲ့ ဗျည်းနောက်မှာ ‘ဩော်’ သရ တစ်လုံး ထည့် ပြီးရင် နောက်စကားလုံးရှိ စ သံကို ဆင့်ပွားကာ သတ်ပြီးတော့ အသံထွက်ရတယ်။ 
နမူနာ။ Hóndhok- San = Hóndhokóssan
➿➿➿➿➿➿➿➿➿➿➿➿➿➿➿➿


ကိုးကား-
၁။ The Rohingya Calender by RohangKing
၂။ Ruzar Dindaháni by HEB & Sunrise Plus.
၃။ Ruzar Kelendar by Ustat Qutub Shah
၎။ Muhammad Siddique , Rohingyalish Websites
၅။ Dialogue with Mir Ahmad 



No comments:

Post a Comment