Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, December 17, 2017

ငါရို့မြီ [ရိုချေ]



———-

ငါရို့မြီ

————
ရီးသား🔰 ရိုသျှေ [ရိုဟင်လေး] |

ပန်းချီကားချပ်ထက် ဆန်းကြယ်ရေ
မောင်းတောမြို့ဝေ ငါရို့ပြည်။

မယူတာင်တန်း မြို့ရိုးဖွယ်
နဂါးငွေ့တန်းထက် ထောက်ပနီရေ
ရွှေဖိုးငှက်သံ တောင်ရိုးမြိုင်က
ကြားသူတိုင်း စိတ်လန်းဆန်းကတ္တေ
ဇာလောက်ပြောပြော ဆုံးဖို့မဟုတ်
သာယာဝပြောစွာ မောင်းတောမြို့ဝေ။

နတ်မြစ်ရေစီး ကဖွေးဘောင်မော်
ကမ်းရိုးတလျှောက် ကျေးငှက်တိပျော်
အိပ်မက်ထဲက နိဗ္ဗာန်လားလို့
မှားလားလောက်အောင် အိုး…နဖူးသျှင်
ကြုံရခက်စွာ အလှတိဟိရေ
မောင်တောမြို့ဝေ ငါရို့ပြည်။

ကျူပင်ပိုင်ကျဲ့ ရိုဟင်းမျိုးတိက
သင်းပျံ့နီရေ ရနံ့မွှေး
အိစ္စလင်၊ ဗုဒ္ဓ၊ ခရစ်ယာန်လဲ 
ဒေပန်းကားချပ်ကို အလှပိုဖန်းတီးနီရေ
ငါရို့ပြည် မောင်းတောမြို့ဝေ
အမိအာရကာန်ပြည်၏ နှလုံးသားဟေ့
ဇာကကြည့်ကြည့် လှတထောင်ဆောင်ရေ
မောင်းတောမြို့ဝေ ငါရို့ပြည်။

အငူမော်၊ ဗန္ဓူလ၊ ဘော်လီ၊ တောင်ပြို
ကားလမ်း၊ ကုန်းလမ်း၊ ရေလမ်းတိဆို
လှမဆုံး၊အံ့မဆုံး ပင့်ကူပန်းချီလို
ဇာဘက်ပင်လားလား လမ်းတလျှောက်
ရိုဟင်းရွာတိက ပွဲဈီးပိုင်စည်းနိန်ရေ
မောင်းတောမြို့ဝေ ငါရို့ပြည်။

လယ်မြီ၊အင်းအိုင် တောယာကလဲ
မျက်စိတဆုံးဇာ ကျယ်ပြန့်နီဗြီးကေ
ကျေးငှက်လိုစိုး ရိက္ခာမိုးရွာကတ္တေ
ကောင်းကင်ဘုံက ရိုဇီချရေပိုင်ကား
စားဝတ်နီရေး အဆင်ပြေတေ
မောင်းတောမြို့ဝေ ငါရို့ပြည်။

သမိုင်းအမွီ ရိုမှုဓလေ့
နေရာတကာ မှိုပိုင်ပေါက်နီလို့
ဟာနီဖာ၊ကာပူရီ ဘုန်းမီးထွန်းခရေ
နီလအတူတူ ချစ်ဖြူကြာင်
နိန်ခစွာရာဇဝင် ဟိနီယောင်
ရှိဗိသုကာအမြူ  ကျောက်ပီစာတိ
ခလုတ်တိုက်စီအောင် ကျန်ဟိနီစွာ
မောင်းတောမြို့ဝေ ငါရို့ပြည်။

ရွှေဘုန်းတိတိုးလို့ ကုဝိုက်ချော့လို့ခေါ် 
နာမံနှာင့်လိုက်အောင် ကျက်သရီဆောင်
လွမ်းဖွယ်ရှူခင်း ကြည့်မဆုံး
အနောက်လီညှင်းက တပြည်လုံးထုံး
မယုံကေ…မင်း လာကြည့်ကတ်လေ 
ဘဝမှာတခေါက် လူကျိုးနပ်မယ်
မောင်းတောမြို့ဝေ ငါရို့ပြည်။

သာလီစွပါ… သာလီစွပါ…
ပန်းချီကားချပ်ထက် ဆန်းကြယ်ရေ
မောင်းတောမြို့ဝေ ငါရို့ပြည်။

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
Dec 12, 2017, 11:41(Tue)

No comments:

Post a Comment