မော်ဒန် ဗိုင်းရစ်
ဖဂျရ်ချိန်မှာ 👉 အဇာန်ဆို
နမာဇ် ဖတ်ဖို့ သူမလို😌
နေမြင့်ကာမှ 👉 အိပ်ယာထ
အလုပ်သွားဖို့ စားသောက်ကြ☕🍝
နမားဇ်ကုရ်အာန် 👉 မဖတ်ချင်
အလုပ်သွားဖို့ ဟန်တွေပြင်😎
ဆိုင်နဲ့ ဈေးကို 👉 ပြေးလို့သွား
စားဝတ်နေရေး ကြိုးပမ်းထား🏃
စီးပွားရေးနောက် 👉 တကောက်ကောက်
ဇဟိုရ်ဖတ်ဖို့ အချိန်ပျောက်👌
ညနေချိန်မှာ 👉 အိမ်ပြန်လာ
အဆွရ်ဖတ်ဖို့ စိတ်မပါ😣
မဂ်ရိဗ်ချိန်ကို 👉 ဘေးဖယ်ထား
ပိုးထနေတာ ကိုရီးယားကား😂
နေစဉ်ထွက်တဲ့ 👉 တီဗွီခွေ
အေရှာချိန်မှာ ကြည့်ကာနေ 📺
မပျင်းမရိ 👉 စလောင်းကြည့်
ညဥ့်နက်ကျော် သန်းခေါင်ထိ👀
အလ္လာဟ်၊ ရစူလ်👉 မိန့်မှာစကား
လူတွေအားလုံး သတိထား👍
စေ့စေ့တွေးကာ 👉 သေသေချာ
စဉ်းစားကာသာ အဖြေရှာ😊
အချိန်ရှိခိုက် 👉 လုံ့လစိုက်
သာသနာ့သောက ရင်မှာပိုက်✌
ဖြစ်သလိုသာ 👉 နေကြမယ်
တမလွန်ရောက်ရင် ကွယ်…😓
ယူကြုံးမရ 👉 ပူလုံးကြွ
ငရဲပြစ်ဒဏ် ကြုံမည်မှတ်🔥🔥🔥
🐛🐛🐛🐛🐛🐜🐜🐜🐜🐜🐜🐛🐛🐛🐛
Credit to RO MMTB
No comments:
Post a Comment