Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, August 21, 2020

The Lion of the Sea

 


The Lion of the Sea

~~~~~~~~~~~~~~~

AD 1421 ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Ibn Majid ဟာ အိန္ဒိယသမုဒ္ဒရာ အတွင်း ပင်လယ်ရေကြောင်း သွားလာရေးခရီးမှာ သူ့ဖခင်အပါအဝင် ရှေ့မျိုးဆက်တွေရဲ့ အတွေ့အကြုံတွေကို အမွေဆက်ခံပြီး သူ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေနှင့် ပေါင်းစပ်ကာ " ရေကြောင်းသိပ္ပံဘာသာရပ်" ရဲ့ အခြေခံဖြစ်တဲ့ (The book of the benefits of the Principles and foundations of Seamanship) ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့သူဖြစ်တယ်။

Ibn Majid ဟာ စာအုပ်ပေါင်း ၄၀ ကျော်ရေးသားခဲ့ပြီး သူ့ရဲ ပင်လယ်ခရီးသွားလာရေးအတွေ့အကြုံတွေနှင့်ပတ်သက်ပြီး လူသိများသူတစ်ဦးဖြစ်ပါတယ်။ ယခင် မြောက်ဦးဘုရင့်နိုင်ငံတော်ကို ရောက်ဖူးသူဖြစ်ပြီး၊ သူ့ရဲ့မှတ်တမ်းမှာ မြောက်ဦးမြို့ရေကြောင်းခရီးမှာ ရေတိမ်တဲ့ လမ်းကြောင်းတွေအပါအဝင် အန္တရာယ်ရှိနိုင်(လှေသင်္ဘောမှောက်နိုင်) တဲ့ အခြေအနေတွေကိုလဲ မှတ်တမ်းတင်ခဲ့ပါတယ်။

Ibn Majid ရဲ့ ပင်လယ်ခရီးသွားမှတ်တမ်းတွေထဲမှာ ရခိုင်ပြည်နယ် ကမ်းရိုးတန်းတစ်လျှောက်က အစ္စလာမ်ဘာသာဝင်တွေနှင့် ဆိုင်တဲ့ မှတ်တမ်းတွေဟာလဲ အလွန်တရာ စိတ်ဝင်စားစရာပါ။ 

ရေလုပ်ငန်းကို အဓိကအသက်မွေးဝမ်းကြောင်းအဖြစ်လုပ်ကိုင်ကြတဲ့ စာရေးသူတို့ ဒေသက ရေလုပ်သားကြီးတွေဟာ ဘင်္ဂလားပင်လယ်အော်အတွင်း ရာသီဥတုသာယာတဲ့ ဒီဇင်ဘာလ ကနေ ဧပြီ လထိ ကမ်းနှင့်မိုင်ပေါင်းများစွာဝေးတဲ့ နေရာထိထွက်ပြီး ငါးဖမ်းကြတယ်။ စက်တတ်မော်တော်ဘုတ်တွေမပေါ်ခင် ဟို့အရင် ရွက်လှေတွေခေတ်ကတည်းက လှေတစ်စီးမှာ လူ ၅ ယောက်နှင့် တစ်လစာ စားနပ်ရိက္ခာအပြည့်ဖြည့်ပြီး ငါးဖမ်းထွက်ခဲ့ကြတယ်။ ရေလုပ်သားကြီးတွေရဲ့ ပြောပြချက်အရ မြောက်အရပ်က ဓူဝံကြယ်ဟာ သူတို့အတွက် အားအထားရဆုံး လမ်းပြကြယ်ကြီးဖြစ်ပြီး၊ ရေစီးရာလမ်းကြောင်း၊ အချိန်အခါအလိုက် လေတိုက်ရာအရပ်၊လှိုင်းလျှိုးတဲ့အနေအထားတွေဟာ ပင်လယ်ခရီးရဲ့ အရေးအပါဆုံး အချက်အလက်တွေဖြစ်ပြီး၊ ဒီအချက်တွေကို စနစ်တကျတွက်ချက်တတ်တဲ့သူတွေဟာ ကမ်းခြေ ကို အလွယ်တကူ ရှာတွေ့နိုင်တယ် လို့ သိခဲ့ရတယ်။ Ibn Majid ရဲ့ ' ရေကြောင်းသိပ္ပံ' ဆိုင်ရာအချက်အလက်တွေနှင့် အံ့အားသင့်ဖွယ် တူနေတာကို တွေ့ရပါတယ်။ 

သမိုင်းဆိုတာ ဖျောက်ဖျက်ပြစ်လို့ ရတဲ့အရာမဟုတ်ပါဘူး။ ဥပဒေရေးရာမှာ သက်သေခံချက် (၃) မျိုးရှိတယ်၊၊ (၁)Testimonial Evidence

လူကိုယ်တိုင်သက်သေခံခြင်း၊ (၂) Documentary evidence စာရွက်စာတမ်း မှတ်တမ်းမှတ်ရာများနှင့်သေသေခံခြင်း ၊(၃) Circumstantial Evidence ပတ်ဝန်းကျင်ဆိုင်ရာသက်သေအထောက်အထား။ 

ရမ်းဗြဲကျွန်းပေါ်မှာ (၈) ရာစု ကတည်းက အာရဗ်ရွက်သင်္ဘောတွေ နစ်မြှပ်ပြီး အစ္စလာမ်ဘာသာဝင်တွေ အခြေချနေထိုင်ခဲ့တယ်ဆိုတာကို လူသက်သေ၊မှတ်တမ်းမှတ်ရာသက်သေ အပြင်၊ လုံးဝပြောင်းလဲပြစ်လို့မရတဲ့ ဖန်တီးယူလို့မရတဲ့၊ Circumstantial Evidence  ပတ်ဝန်းကျင်ဆိုင်ရာသက်သေအထောက်အထားတွေနဲ့ ပြမယ့် အချိန်တစ်ချိန်ရောက်လာလိမ့်မယ်။ အဲဒီအချိန်ရောက်လာရင်တော့ အမှန်တရားရဲ့ မှတ်တိုင်ကို ဘယ်သူက စိုက်ထူနိုင်မလဲ ဆိုတာ သိကြရပါလိမ့်မယ်။



Credit: Min Thein Facebook Account 

No comments:

Post a Comment