" မှာတမ်း "
---------
အိုအဆွေ
ငါ့မျက်စိပိတ်သွားတဲ့ခါ
ငိုချင်းညည်းချင်းတွေဆိုလို့
ငါခေါင်းရင်းဘက်မှာ
နှင်းဆီပင်လှ ရိပ်ကြီးပင်စိုက်လျက်
ငါ့ဂူပေါ်မြက်စိမ်းတွေခင်း
နှင်းပေါက်တဒီးဒီးစီးစေအောင်
မလုပ်ဆောင်ပါနှင့်။
ငါကတော့
အဲ့ သစ်ပင်ရိပ်ကြီးတွေ
နှင်းပေါက်ပမာ စီးတဲ့ရေပန်းတွေ
မမြင်နိုင်တော့ဘူး။
ဆည်းဆာမှာ အိပ်မက်လှနဲ့
သံညင်ညင်ညည်းနေတဲ့
တေးဆိုငှက်ရဲ့ ချိုတေးကို
မကြားနိုင်တော့ဘူး။
ငါ့ မှတ်မိကောင်းမှတ်မိလိမ့်မယ်
မေ့ကောင်းမေ့လိမ့်မယ်။
(လူထုဝဏ္ဏ)
#ChristinaRosetti ရဲ့ #Song ကဗျာကို #လူထုဝဏ္ဏ က တိုက်ရိုက်ပြန်ဆိုသည်။
#RK_Poetry
No comments:
Post a Comment