Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, August 5, 2020

ဗိုလ်ကရိုနာ (RK-Poem)






ကရိုနာ


အစွန့်ရောက်သမား၊
မျိုးချစ်သမား၊
အကြမ်းဖက်သမား၊
မုဒိမ်းသမား၊
အာဏာရူးသမား စတဲ့
မိစ္ဆာကောင်တွေ နည်းလို့လားဟဲ့။

မင်းကလဲ အမောက်တင်
တရုတ်ဖွားမောင်
အတုကြားက အရိုင်းပေါ်
နာမည်က အထင်မှားဟန်
ကရုဏာ ရှိသလိုလို
ကရိုနာတပ်လို့
နယ်စည်းမခြား လိုက်သတ်နေတာကား
ထိုမိစ္ဆာကောင်တွေထက်
ဗိုလ်ကျနေပြီကွဲ့။ 


လူထုဝဏ္ဏ
30/3/2020

No comments:

Post a Comment