Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, August 20, 2020

စိုးရိမ္ေၾကာင့္ၾကမႈဟာ ျပသနာရဲ႕အေျဖမဟုတ္ဘူး



 စိုးရိမ္ေၾကာင့္ၾကမႈဟာ ျပသနာရဲ႕အေျဖမဟုတ္ဘူး 

-------------------------------

#zawgyi

တစ္ခါက ရြာတစ္ရြာမွာ ပညာရိွအဘိုးအို တစ္ဦး ရိွခဲ့တယ္။ အသိလူေတြက သူ႕ထံ အခက္အခဲေတြ တိုင္ၾကားအေျဖရွာဖို႔ရာ လာေရာက္တိုင္ပင္ေလ့ရိွတယ္။ လူေတြဟာ စိုးရိမ္ေၾကာင့္ၾကမႈတစ္မ်ဳိးနဲ႔  ခဏခဏ ညည္းညဴတိုင္ပင္တာကို ေတြ႕ရေတာ့ ပညာရိွအဘိုးအိုက  ဟာသတစ္ပုဒ္ တစ္ေန႔ ေျပာျပတယ္။ ေရာက္လာတဲ့သူေတြ အားလံုးက ဟာသကေလးကို ၾကားတာနဲ႔ ဟားခနဲ႔ ဝိုင္းအံုရယ္လိုက္ေလတယ္။

ခဏၾကာၿပီးေတာ့ ပညာရိွအဘိုးအိုက ပထမေျပာျပခဲ့တဲ့ ဟာသကို ေျပာျပျပန္ေတာ့ လူတခ်ဳိ႕ကသာ ၿပံဳးျပတယ္။ 

ပညာရိွအဘိုးအိုဟာ ထိုဟာသကို တတိယအၾကိမ္ ထပ္ၿပီးေတာ့ ေျပာျပတဲ့အခါ ဘယ္သူမွ မရယ္ေတာ့ပါဘူး။ 

ဒါနဲ႔ ပညာရိွအဘိုးအိုက " အသင္တို႔ဟာ ဟာသတစ္ခုကို ထပ္တလဲလဲေျပာျပရင္ မရယ္ခ်င္ၾကဘူး။ ဘာေၾကာင့္ ျပႆနာတစ္မ်ဳိးတည္း၊ စိုးရိမ္မႈတစ္ခုတည္းနဲ႔ ထပ္တလဲလဲ ငိုေႂကြးရတာလဲ" လို႔ တၿပံဳးၿပံဳး ေမးလိုက္ေလတယ္။


#သင္ခန္းစာ_

" စိုးရိမ္ေၾကာင့္ၾကျခင္းဟာ သင့္ျပႆနာေတြကို ေျဖရွင္းႏိုင္မွာ မဘူး။ မိမိရဲ႕ အခ်ိန္နဲ႔ အားအင္ ျဖဳန္းတီးျခင္းသာ။"


(နတ္မ်က္စိ)

#အဂၤလိပ္ဝတၳဳတိုမွ ဘာသာျပန္


#unicode

စိုးရိမ်ကြောင့်ကြမှုဟာ ပြသနာရဲ့အဖြေမဟုတ်ဘူး 

တစ်ခါက ရွာတစ်ရွာမှာ ပညာရှိအဘိုးအို တစ်ဦး ရှိခဲ့တယ်။ အသိလူတွေက သူ့ထံ အခက်အခဲတွေ တိုင်ကြားအဖြေရှာဖို့ရာ လာရောက်တိုင်ပင်လေ့ရှိတယ်။ လူတွေဟာ စိုးရိမ်ကြောင့်ကြမှုတစ်မျိုးနဲ့ ခဏခဏ ညည်းညူတိုင်ပင်တာကို တွေ့ရတော့ ပညာရှိအဘိုးအိုက  ဟာသတစ်ပုဒ် တစ်နေ့ ပြောပြတယ်။ ရောက်လာတဲ့သူတွေ  အားလုံးက ဟာသကလေးကို ကြားတာနဲ့ ဟားခနဲ့ ဝိုင်းအုံရယ်လိုက်လေတယ်။

ခဏကြာပြီးတော့ ပညာရှိအဘိုးအိုက ပထမပြောပြခဲ့တဲ့ ဟာသကို ပြောပြပြန်တော့ လူတချို့ကသာ ပြုံးပြတယ်။ 

ပညာရှိအဘိုးအိုဟာ ထိုဟာသကို တတိယအကြိမ် ထပ်ပြီးတော့ ပြောပြတဲ့အခါ ဘယ်သူမှ မရယ်တော့ပါဘူး။ 

ဒါနဲ့ ပညာရှိအဘိုးအိုက " အသင်တို့ဟာ ဟာသတစ်ခုကို ထပ်တလဲလဲပြောပြရင် မရယ်ချင်ကြဘူး။ ဘာကြောင့် ပြဿနာတစ်မျိုးတည်း၊ စိုးရိမ်မှုတစ်ခုတည်းနဲ့ ထပ်တလဲလဲ ငိုကြွေးရတာလဲ" လို့ တပြုံးပြုံး မေးလိုက်လေတယ်။


#သင်ခန်းစာ_

" စိုးရိမ်ကြောင့်ကြခြင်းဟာ သင့်ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဘူး။ မိမိရဲ့ အချိန်နဲ့ အားအင် ဖြုန်းတီးခြင်းသာ။"


(နတ်မျက်စိ)



No comments:

Post a Comment