Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, August 5, 2020

အဘိဓမ္မာကျမ်းလာ တစ်ဆူးတည်းသော ဖန်ဆင်းရှင်



ဗုဒ္ဓမြတ်စွာဘုရားရှင် ဂေါတမကိုယ်တော်တိုင် တစ်ဆူတည်းသော ဖန်ဆင်းရှင် တည်ရှိနေသည့်အကြောင်း မြွက်ဟ၀န်ခံချက် (အထောက်အထား)
•••••••••••••••••••••••••••••••••••••••••••

အဘိဓမ္မာကျမ်း စာမျက်နှာ ၅၂၃ စာပိုဒ် (၄) တွင် ဂေါတမမြတ်စွာဘုရားရှင် ကိုယ်တော်က ဤသို့ဟောကြားတော်မူလေသည်။

"အ၀ီန္ဒေယျ အပမေယျ ဧကော ဗုဒ္ဓေါဝိပရီ နာမတော နတ္တိ"

အဓိပါယ်က- 
အ၀ီန္ဒေယျ    အတုလံ
အပေမယ်    အတုမရွိ 
ဧကော       တစ်ဆူတည်းသော
ဗုဒ္ဓေါဝိပရီ    အရှင်သည် (ထာဝရ အရှင်သည်)
နာမတော    အိုခြင်း၊ နာခြင်း၊ သေခြင်း၊ စားခြင်းသောက်ခြင်း၊               မေထုန် မှီဝဲခြင်း စတဲ့ အခြား အခြား
နတ္တိ         ကင်းစင်တော်မူ၏။

(ထာဝရ ဘုရားရှင် ) ဆိုသည်မှာ အတုလံ၊ အတုမရှိ (နှိုင်းယှဉ် ပြိုင်ဘက် မရှိချေ) ထိုတစ်ဆူတည်းသောအရှင်သည် အိုခြင်း၊ နာခြင်း၊ သေခြင်း၊ စားခြင်းသောက်ခြင်း၊ မေထုန်မှီဝဲခြင်း စတဲ့ အခြားသော (ဖန်ဆင်းခံလူများကဲ့သို့) ကင်းစင်တော်မူ၏။

မိတ်ဆွေတို့… ဤမြတ်စွာဘုရားဟောကြားခဲ့သော တရားကို လေ့လာကြည့်မည်ဆိုလျှင် အိုနာသေခြင်း၊ စားသောက်ခြင်း၊ ကာမတဏှာကင်းစင်သော အခြားခြားသော ကင်းစင်သော ဘုရားရှင်သည် မုချ ဧကန်ရှိနေချေသည်။ ထိုသူမှာ လူသား ဘုရားမဖြစ်နိုင်ပေ။ သေခြင်းကင်းစင်သော ထာဝရတည်ရှိနေသော အရှင်ဖြစ်ပေမည်။ ထိုအရှင်သာ အမှန်စင်စစ် ခ၀ပ်ယုံကြည် ကိုးကွယ် အားထားရာ၊ ကိုးကွယ်ရာ အရှင်ဖြစ်တော်မူသည်ကို ဂေါတမလူသားမြတ်စွာဘုရားရှင်က လမ်းညွှန်ခဲ့ဟန်တူလေသည်။ 
(သို့မဟုတ်ပါက ဤတရားသည် မည်သည့် အဓိပ္ပာယ်ဆောင်ပါသနည်း) ဟု မေးခွန်းထုတ်စရာ    ဖြစ်လာပေသည်။

ထို့ကြောင့် ငါဘုရားကို မကိုးကွယ်ကြနှင့် ငါသည် ကိုးကွယ်ရာမဟုတ်၊ မကြာမြင့်မီ ငါသည်ရုပ်လည်းပျောက်၊ နာမ်ခန္ဓာလည်းပျောက်မည်တည်း။ ငါချန်ခဲ့သော ငါ့တရားတော်များကိုသာ ဆည်းကပ်အားထားကြ။

ငါ့အား တရားဒေသနာတော်များကို ချီးမြင့်ခဲ့သော "ငါ့ဘုရားကိုသာ ဆည်းကပ်ကိုးကွယ်ကြလော့" (သံန္ဒယုတ်က္ခာဓမ္မာနံနမ္မောဟောတုကျမ်း) ဤတွင် 'ငါ့ဘုရား' ဟူသည် မည်သူနည်း။ မေးစရာဖြစ်လာပေသည်…

ဖန်ဆင်းရှင်ရှိနေကြောင်း လူသားအသီးသီးထံသို့အရောက် မဟာလူသားများ၊ တမန်တော်များမှတဆင့် ၀ဟီ၊ လမ်းညွှန်ချက်၊ ဗျာဒိတ်တော်များ ပို့ချပေးခဲ့ပြီးဖြစ်ပါသည်။ ဖန်ဆင်းရှင်နှင့် တုပနှိုင်းပြိုင်၍ ကိုးကွယ်ရာအရှင် အတုလံ၊ အတုမရှိချေ။

တမန်တော်အာဒမ်၊ တမန်တော်နူဟ်၊ မိုးဇက်၊ ဂေါတမ၊ ယေရှု၊ မဟာဝီရ၊ ခရစ်ရှနားနှင့် နောက်ဆုံးဖြစ်သော (မိုဟာမ္မဒ်) စကြာဝဠာခပ်သိမ်း၏ ဂရုဏာရှင်
صلي الله عليه وسلم တမန်တော်
သူတို့အခေါ် အရိမေတ္တယျမြတ်စွာဘုရား ) အားလုံးတို့မှာ လာခြင်းကောင်းသော လူသားတမန်တော်များ၊ မဟာလူသားများ၊ ဘုရားသခင်၏စေတမန်များဖြစ်ကြပါသည်။ ထိုလူသားဘုရားများ မပွင့်ပေါ်မီတည်းကပင် တရားဆိုသည် တည်ရှိနေကြောင်း၊ ထိုတရားဒေသနာတော်များကို တကိုယ်ရည်တကာယ လိုက်လံရှာဖွေခဲ့ရကြောင်းကို မည်သူမှ မငြင်းဆန်နိုင်ချေ။ ထိုတရားသည် မည်သူ့ထံမှ ရောက်လာပါသနည်း။ မည်သူ့ထံမှ တောင်းခံရပါသနည်း။ (စဉ်းစားကြည့်ပါ… တွေးခေါ်ကြည့်ပါ…)

ထိုတရားကို အလုံးစုံ နားလည်နိုင်ရန် သဗေညုတ္တဉာဏ်တော်ကို မည်သူက ပေးသနည်း။ ထိုတရားကို ရရှိစေရန် မည်သူ၏ အကူအညီ လိုအပ်ပါသနည်း။

ဂေါတမမြတ်စွာဘုရားရှင်သည် ထိုတရားနှင့် သဗေညုတ္တဥာဏ်တော်ကိုရရှိရန် ပဉ္စသိက္ခနတ်သား၏ အကူညီကို ယူခဲ့ရသည်။ (ကွဲလွဲမှုလုံးဝမရှိပါ)

မြတ်စွာဘုရားရှင်မှာ သုံးဆယ့်တစ်ဘုံသော ဝေနေယျသတ္တ၀ါအပေါင်းလူ၊ နတ်၊ ဗြဟ္မာ အပေါင်းထက် မြတ်သည် မှန်သော်လည်း ထိုအချိန်က ဘုရားရှင် မဖြစ်သေးဘဲ ဘုရားရှင်အဖြစ်သို့ရောက်ရှိရန် ကျင့်ကြံအားထုတ်နေရသော သာမန်လူသားဖြစ်၍ မိမိကျင့်စဉ် မှားယွင်းနေသည်ကို မဆင်ခြင်မသုံးသပ်တတ်သောကြောင့် မုချအကူညီယူခဲ့ရလေသည်။ အမြင်မှန်ရပြီးမှသာ ဘုရားအဖြစ်သို့ ရောက်၏။

တမန်တော် မိုဟာမဒ်၊ မိုးဇက်၊ ယေရှုနှင့် အခြားတမန်တော်များသည် ထိုတရားနှင့် သဗေညုတ္တညဏ်တော်ကို ရရှိရန်
عليه السلام ဂျိဗ်ရာအီလ်
(ဖန်ဆင်းရှင်၏ စေတမန်နတ်သား) ၏ အကူညီကို ယူခဲ့ရသည်။

ထို့ကြောင့် လူသားဟူသည် မြတ်သော မဟာလူသားများ အပါအ၀င်ပြီးပြည့်စုံမှုမရှိ၊ ဖန်ဆင်းရှင်၏အမှီခိုလိုအပ်ကြောင်း ကျွန်ုပ်တို့ ဆန်းစစ်သိနိုင်ကြလေသတည်း။

ဖန်ဆင်းရှင် အလ္လာဟ်သျှင်မြတ်သခင်သည်သာလျှင် ကိုးကွယ်ရာအရှင်ဖြစ်ကြောင်း၊ ကမ္ဘာမှာ လူသန်းပေါင်းများစွာ လက်ခံထားပြီးဖြစ်ရာ မသိသေးသော လူနည်းစုသိစေရန် တင်ပြခြင်းဖြစ်ပြီး

အလ္လာဟ်သျှင်တစ်ပါးတည်းကိုသာ ခ၀ပ်ကိုးကွယ်ရခြင်းသည် အစ္စလာမ်သာသနာ၏ အဓိက သစ္စာတရားဖြစ်ပြီး

(ကုရ်အာန်-၅၁း၅၆) တွင် ထိုအသျှင်သည် သတ္တ၀ါတို့အား အကြောင်းမဲ့ ဖန်ဆင်းထားတော်မူခဲ့သည်မဟုတ်၊ မိမိအား ခ၀ပ်ကိုးကွယ်ရန် ဖန်ဆင်းထားတော်မူခြင်းဖြစ်သည်ဟု ပါရှိသည်။ ဤလောကကမ္ဘာမှာ လူသားတိုင်းအတွက် ဖန်ဆင်းရှင်ကို သိတက်ဖို့ ရှာဖွေရန် တာဝန်တရပ်ပင်ဖြစ်သောကြောင့် တင်ပြအပ်ပါသည်။

ထို့ကြောင့် အစ္စလာမ်သာသနာသည် လူတို့၏ လုပ်ကြံလီဆယ်ထားသော ကျမ်းတုများဖြင့် ဖွဲ့စည်းထားသော သာသနာ လုံးဝမဟုတ်ချေ။ စစ်မှန်သော သာသနာပင်ဖြစ်ကြောင်း အသိပေးတင်ပြအပ်ခြင်းနှင့် အစ္စလာမ်သာသနာမှ ကြိုဆိုနေပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။



Ref:
Facebook မှ အညာသားကြီး ပေးပို့သည့်စာမူကို ပြန်လည် ဖြည့်စွက်တင်ပြပါသည်။

- မိုးရိပ် (ဓမ္မသစ္စာ)





No comments:

Post a Comment