Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, August 20, 2020

ကံတရားက အၿမဲ မ်က္ႏွာသာ ေပးလိမ့္မည္မဟုတ္ေပ။



ကံတရားက အၿမဲ မ်က္ႏွာသာ ေပးလိမ့္မည္မဟုတ္ေပ။  

Zawgyi

ဆားကုန္သည္ တစ္ဦးသည္ ဆားအိတ္တို႔ကို သူ၏ ျမည္းေက်ာ့ကုန္းေပၚထမ္းေစ၍ ေန႔တိုင္း ေဈးသို႔သြား၏။ 

သူတို႔သည္ ေဈးသို႔သြားရာ လမ္းတစ္ဝက္တြင္ ေခ်ာင္းတစ္ခုကို ကူးျဖတ္ရသည္။ တစ္ေန႔ေသာ္ ဆားကုန္သည္ႏွင့္ ျမည္းတို႔ ထိုေခ်ာင္းကို ကူးျဖတ္စဥ္ ျမည္း၏ ေျခေခ်ာ္လဲ၍ ေက်ာ့ကုန္းေပၚမွ ဆားအိတ္မ်ားသည္ ေရသို႔ၿပိဳက်ေလသည္။ အိတ္ထဲတြင္ ထည့္ထားေသာ ဆားသည္ ေရတြင္ေပ်ာ္ဝင္သြားသျဖင့္ ဆားအိတ္အေလး ေလ်ာ့နည္း၍ ေပါ့ပါးလာေလသည္။ ျမည္းက ေခ်ာ္က်သည္ကိုပင္ ေက်းဇူးတင္၍ ရႊင္ရႊင္ပ်ပ်ျဖစ္သြားသည္။

ျမည္းကလည္း ဤသို႔ ေခ်ာ္လဲသည္မွာ အက်ဳိးျမင္၍ ေခ်ာ္က်သလို ပရိယာယ္ေဆာင္ေသာ္ သူ႕အတြက္ သက္သာမည္ဟု ေတြးေတာကာ လွည့္ကြက္ကို ေန႔တိုင္းလိုလို အသံုးခ်၍ မိမိ၏ ဝန္ထုပ္ကို ေပါ့ပါးေအာင္ ျပဳလုပ္သည္။ 

ဆားကုန္သည္သည္ သူ၏ ျမည္းက ေန႔တိုင္း ပရိယာယ္ေဆာင္ေနသည္ကို ရိပ္စားမိ၍ ျမည္းအား ေနာင္တ ေပးရန္ ႀကံစည္လိုက္သည္။ ေနာက္တစ္ေန႔တြင္ ဆားကုန္သည္သည္ အိတ္ထဲတြင္ ဆားအစား ဝါဂြမ္းမ်ားကို ထည့္၍ ေဈးသို႔ ထြက္ခြာေလသည္။ 

ျမည္းကလည္း ထိုေခ်ာင္းသို႔ေရာက္ေသာ္ ဝန္ထုပ္ကိုေပါ့ပါးေစရန္  ယခင္ကဲ့သို႔ ေခ်ာ္လဲသည့္ ပရိယာယ္ေဆာင္လိုက္သည္။ 

သို႔ေသာ္ ဝါအိတ္မ်ားသည္ ေရသို႔က်ေသာအခါ ေရစိမ့္ဝင္သျဖင့္ ယခင္ကထက္ပင္ ပို၍ ေလးလြန္းလာေလသည္။ ျမည္း၏ ေက်ာက္ကုန္း က်ဳိးလုနီးပါး ဆင္းရဲဒုကၡကို ခံစားရင္း သယ္ေဆာင္သြားရေလသည္။ ထိုေန႔မွစ၍ ေခ်ာ္လဲသည့္လွည့္ကြက္ကို မည့္သည့္အခါမွ မစမ္းသပ္ခဲ့ေခ်။ ဆားကုန္သည္လည္း ေပ်ာ္ရႊင္သြားေလသည္။


#သင္ခန္းစာ

ကံတရားက အၿမဲ မ်က္ႏွာသာ ေပးလိမ့္မည္မဟုတ္ေပ။

(နတ္မ်က္စိ)

Unicode

 ကံတရားက အမြဲ မျက်နှာသာ ပေးလိမ့်မည်မဟုတ်ပေ။  


ဆားကုန်သည် တစ်ဦးသည် ဆားအိတ်တို့ကို သူ၏ မြည်းကျော့ကုန်းပေါ်ထမ်းစေ၍ နေ့တိုင်း ဈေးသို့သွား၏။ 

သူတို့သည် ဈေးသို့သွားရာ လမ်းတစ်ဝက်တွင် ချောင်းတစ်ခုကို ကူးဖြတ်ရသည်။ တစ်နေ့သော် ဆားကုန်သည်နှင့် မြည်းတို့ ထိုချောင်းကို ကူးဖြတ်စဉ် မြည်း၏ ခြေချော်လဲ၍ ကျော့ကုန်းပေါ်မှ ဆားအိတ်များသည် ရေသို့ပြိုကျလေသည်။ အိတ်ထဲတွင် ထည့်ထားသော ဆားသည် ရေတွင်ပျော်ဝင်သွားသဖြင့် ဆားအိတ်အလေး လျော့နည်း၍ ပေါ့ပါးလာလေသည်။ မြည်းက ချော်ကျသည်ကိုပင် ကျေးဇူးတင်၍ ရွှင်ရွှင်ပျပျဖြစ်သွားသည်။

မြည်းကလည်း ဤသို့ ချော်လဲသည်မှာ အကျိုးမြင်၍ ချော်ကျသလို ပရိယာယ်ဆောင်သော် သူ့အတွက် သက်သာမည်ဟု တွေးတောကာ လှည့်ကွက်ကို နေ့တိုင်းလိုလို အသုံးချ၍ မိမိ၏ ဝန်ထုပ်ကို ပေါ့ပါးအောင် ပြုလုပ်သည်။ 

ဆားကုန်သည်သည် သူ၏ မြည်းက နေ့တိုင်း ပရိယာယ်ဆောင်နေသည်ကို ရိပ်စားမိ၍ မြည်းအား နောင်တ ပေးရန် ကြံစည်လိုက်သည်။ နောက်တစ်နေ့တွင် ဆားကုန်သည်သည် အိတ်ထဲတွင် ဆားအစား ဝါဂွမ်းများကို ထည့်၍ ဈေးသို့ ထွက်ခွာလေသည်။ 

မြည်းကလည်း ထိုချောင်းသို့ရောက်သော် ဝန်ထုပ်ကိုပေါ့ပါးစေရန်  ယခင်ကဲ့သို့ ချော်လဲသည့် ပရိယာယ်ဆောင်လိုက်သည်။ 

သို့သော် ဝါအိတ်များသည် ရေသို့ကျသောအခါ ရေစိမ့်ဝင်သဖြင့် ယခင်ကထက်ပင် ပို၍ လေးလွန်းလာလေသည်။ မြည်း၏ ကျောက်ကုန်း ကျိုးလုနီးပါး ဆင်းရဲဒုက္ခကို ခံစားရင်း သယ်ဆောင်သွားရလေသည်။ ထိုနေ့မှစ၍ ချော်လဲသည့်လှည့်ကွက်ကို မည့်သည့်အခါမှ မစမ်းသပ်ခဲ့ချေ။ ဆားကုန်သည်လည်း ပျော်ရွှင်သွားလေသည်။


#သင်ခန်းစာ


ကံတရားက အမြဲ မျက်နှာသာ ပေးလိမ့်မည်မဟုတ်ပေ။

(နတ္မ်က္စိ)


No comments:

Post a Comment