Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, August 20, 2020

ကံတရားက အမြဲ မျက်နှာသာ ပေးလိမ့်မည်မဟုတ်ပေ။


ကံတရားက အမြဲ မျက်နှာသာ ပေးလိမ့်မည်မဟုတ်ပေ။  


ဆားကုန်သည် တစ်ဦးသည် ဆားအိတ်တို့ကို သူ၏ မြည်းကျော့ကုန်းပေါ်ထမ်းစေ၍ နေ့တိုင်း ဈေးသို့သွား၏။ 

သူတို့သည် ဈေးသို့သွားရာ လမ်းတစ်ဝက်တွင် ချောင်းတစ်ခုကို ကူးဖြတ်ရသည်။ တစ်နေ့သော် ဆားကုန်သည်နှင့် မြည်းတို့ ထိုချောင်းကို ကူးဖြတ်စဉ် မြည်း၏ ခြေချော်လဲ၍ ကျော့ကုန်းပေါ်မှ ဆားအိတ်များသည် ရေသို့ပြိုကျလေသည်။ အိတ်ထဲတွင် ထည့်ထားသော ဆားသည် ရေတွင်ပျော်ဝင်သွားသဖြင့် ဆားအိတ်အလေး လျော့နည်း၍ ပေါ့ပါးလာလေသည်။ မြည်းက ချော်ကျသည်ကိုပင် ကျေးဇူးတင်၍ ရွှင်ရွှင်ပျပျဖြစ်သွားသည်။

မြည်းကလည်း ဤသို့ ချော်လဲသည်မှာ အကျိုးမြင်၍ ချော်ကျသလို ပရိယာယ်ဆောင်သော် သူ့အတွက် သက်သာမည်ဟု တွေးတောကာ လှည့်ကွက်ကို နေ့တိုင်းလိုလို အသုံးချ၍ မိမိ၏ ဝန်ထုပ်ကို ပေါ့ပါးအောင် ပြုလုပ်သည်။ 

ဆားကုန်သည်သည် သူ၏ မြည်းက နေ့တိုင်း ပရိယာယ်ဆောင်နေသည်ကို ရိပ်စားမိ၍ မြည်းအား နောင်တ ပေးရန် ကြံစည်လိုက်သည်။ နောက်တစ်နေ့တွင် ဆားကုန်သည်သည် အိတ်ထဲတွင် ဆားအစား ဝါဂွမ်းများကို ထည့်၍ ဈေးသို့ ထွက်ခွာလေသည်။ 

မြည်းကလည်း ထိုချောင်းသို့ရောက်သော် ဝန်ထုပ်ကိုပေါ့ပါးစေရန်  ယခင်ကဲ့သို့ ချော်လဲသည့် ပရိယာယ်ဆောင်လိုက်သည်။ 

သို့သော် ဝါအိတ်များသည် ရေသို့ကျသောအခါ ရေစိမ့်ဝင်သဖြင့် ယခင်ကထက်ပင် ပို၍ လေးလွန်းလာလေသည်။ မြည်း၏ ကျောက်ကုန်း ကျိုးလုနီးပါး ဆင်းရဲဒုက္ခကို ခံစားရင်း သယ်ဆောင်သွားရလေသည်။ ထိုနေ့မှစ၍ ချော်လဲသည့်လှည့်ကွက်ကို မည့်သည့်အခါမှ စမ်းသပ်ခြင်း မပြုခဲ့ချေ။ ဆားကုန်သည်လည်း ပျော်ရွှင်သွားလေသည်။


#သင်ခန်းစာ


ကံတရားက အမြဲ မျက်နှာသာ ပေးလိမ့်မည်မဟုတ်ပေ။

(နတ်မျက်စိ)


No comments:

Post a Comment