Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, November 19, 2026

ရိုဟင်ဂျာ​တွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့​ကြောင်း ICJ ရဲ့ ဆုံးဖြတ်ချက်အမိန့်

 


ရိုဟင်ဂျာ​တွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့​ကြောင်း ICJ ရဲ့ ဆုံးဖြတ်ချက်အမိန့်


မြန်မာနိုင်ငံဟာ ၁၉၄၈ လူမျိုးတုံးသတ်ဖြတ်မှု တားဆီး​ရေး သ​ဘောတူစာချုပ်ကို ချိုး​​ဖောက်လို့ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးအ​ပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ​နယ်သာလန်နိုင်ငံ၊ ​ဒေဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့တရားရုံး (International Court of Justice) တွင် ​​၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်၌ အ​နောက်အ​ဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခဲ့တယ်။ 

၂၀၂၀ ပြည့်နှစ် ဇန်နုဝါရီလ ၂၃ ရက်​နေ့တွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်​တွေကို ချက်ချင်းတားဆီးရန်၊ သက်​သေအ​ထောက်အထား​တွေကို ထိန်းသိမ်းရန်နဲ့ ပုံမှန်အစီရင်ခံစာ​တွေ တင်သွင်းရန် မြန်မာနိုင်ငံအား တရားရုံးက အမိန့်ချမှတ်ခဲ့တယ်။ 

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံရဲ့ ကန့်ကွက်ချက်​တွေကို ပယ်ချခဲ့ပြီး အမှုကို ဆက်လက်စစ်​ဆေးရန် တရားရုံး၌ စီရင်ပိုင်ခွင့်ရှိ​ကြောင်း ဆုံဖြတ်ခဲ့တယ်။ 

၂၀၂၆ ခု ဇန်နုဝါရီလ ၁၂ ရက်မှ ၂၉ ရက်အထိ အများပြည်သူ​ရှေ့​မှောက် ကြားနာစစ်​ဆေးမှု​တွေ ပြုလုပ်ခဲ့တယ်။ 

ဒီအမှုတွင် ဂမ်ဘီယာဖက်က အစက အိုအိုင်စီ ၅၇ နိုင်ငံ ပါဝင်ရပ်တည်ခဲ့ပြီး ​နောက်ပိုင်းတွင် က​နေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ယူ​ကေ၊ ​မောလ်ဒပ်၊ ဆိုလို​ဗေနီယား၊ ကွန်ဂို၊ ဘလ်ဂျီယန် နဲ့ အိုင်ယာလန် တို့ ၁၁ နိုင်ငံ ပါဝင်ရပ်တည်လာခဲ့တယ်။ 

အဲဒီအမှုကို တရားရုံးက ၇ နှစ်ကြာ စစ်​ဆေးပြီး​တော့ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်တွင် တရားသူကြီး ၁၅ ဦးရဲ့ မဲခွဲစနစ်ဖြင့် ဆုံဖြတ်ချက် ချမှတ်ခဲ့တယ်။ 


■ ကုလသမဂ္ဂတရားရုံးကချမှတ်တာဖြစ်လို့ ဥပဒေအရ စည်းနှောင်မှုရှိပြီး လိုက်နာဖို့ ပျက်ကွက်ရင်လုံခြုံရေးကောင်စီက အရေးယူခွင့်ရှိတယ်။


● ဆုံးဖြတ်ချက် (၁)

မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်အောက်က တာဝန်ဝတ္တရားတွေကို ချိုးဖောက်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ကြောင်း တွေ့ရှိဆုံးဖြတ်ပါတယ်။ 


● ဆုံးဖြတ်ချက် (၂)

မြန်မာနိုင်ငံဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ တခြားလူပုဂ္ဂိုလ်တွေက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တာကို တားဆီးဖို့ ပျက်ကွက်ချိုးဖောက်ခဲ့တယ်လို့ တွေ့ရှိဆုံးဖြတ်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၉ ဦးက သဘောတူပြီး ၆ ဦးက ကန့်ကွက်ခဲ့ပါတယ်။ 


● ဆုံးဖြတ်ချက် (၃)

မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် သာမန်အရပ်သား ပုဂ္ဂိုလ်တွေက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်လာအောင် တိုက်ရိုက်နဲ့ လူသိရှင်ကြား လှုံ့ဆော်တာမျိုးတော့ မလုပ်ခဲ့ဘူးလို့ တွေ့ရှိဆုံးဖြတ်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၁၄ ဦးက သဘောတူပြီး ၁ ဦးက ကန့်ကွက်ခဲ့ပါတယ်။ 


● ဆုံးဖြတ်ချက် (၄)

မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၃ မှာ ဖော်ပြထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တခြားကျူးလွန်မှုတွေကို အပြစ်ပေးအရေးယူရမယ့် တာဝန်ဝတ္တရားကို ချိုးဖောက်ခဲ့တယ်လို့ တွေ့ရှိဆုံးဖြတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၁၁ ဦးက သဘောတူပြီး ၄ ဦးက ကန့်ကွက်ခဲ့ပါတယ်။ 


● ဆုံးဖြတ်ချက် (၅)

မြန်မာနိုင်ငံဟာ သဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်တွေ အသက်ဝင်အကောင်အထည်ပေါ်စေဖို့ လိုအပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းပေးရမယ့် တာဝန်ဝတ္တရားကို ချိုးဖောက်ခဲ့တယ်လို့ တွေ့ရှိဆုံးဖြတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၁၄ ဦးက သဘောတူပြီး ၁ ဦးက ကန့်ကွက်ခဲ့ပါတယ်။ 


● ဆုံးဖြတ်ချက် (၆)

မြန်မာနိုင်ငံဟာ သဘောတူစာချုပ်အောက်က တာဝန်ဝတ္တရားတွေကို အပြည့်အဝ အကောင်အထည်ဖော်နိုင်မယ့် ဥပဒေတွေ ပြဋ္ဌာန်းပေးခြင်းနဲ့အတူ စာချုပ် အပိုဒ် ၅ အောက်က တာဝန်ဝတ္တရားတွေကို လက်ရှိဆက်လက်ချိုးဖောက်နေမှုမှန်သမျှကို ရပ်တန့်ရမယ်လို့ ဆုံးဖြတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၁၄ ဦးက သဘောတူပြီး ၁ ဦးက ကန့်ကွက်ခဲ့ပါတယ်။ 


● ဆုံးဖြတ်ချက် (၇)

မြန်မာနိုင်ငံဟာ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေနဲ့ ဆက်စပ်ပြီး လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၃ နဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့တယ်လို့ ကျိုးကြောင်းဆီလျော်စွာ သံသယရှိခံရသူအားလုံးကို စုံစမ်းစစ်ဆေးဖို့ ချက်ချင်းနဲ့ ထိရောက်တဲ့ ခြေလှမ်းတွေ လုပ်ဆောင်ရမှာဖြစ်ပြီး လိုအပ်ရင်တရားစွဲဆိုအပြစ်ပေးအရေးယူရမယ်လို့ ဆုံးဖြတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၁၃ ဦးက သဘောတူပြီး ၂ ဦးက ကန့်ကွက်ခဲ့ပါတယ်။ 


● ဆုံးဖြတ်ချက် (၈)

မြန်မာနိုင်ငံဟာ သဘောတူစာချုပ်အောက်က တာဝန်ဝတ္တရား ချိုးဖောက်မှုတွေကို နောင်ထပ်မံမကျူးလွန်တော့ကြောင်းခိုင်လုံတဲ့ စိတ်ချယုံကြည်ရမှုနဲ့ အာမခံချက်တွေ ပေးအပ်ရမှာဖြစ်ပြီး အနာဂတ်မှာ အလားတူ ချိုးဖောက်မှုတွေ ထပ်မဖြစ်အောင် တားဆီးရမယ်လို့ ဆုံးဖြတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၉ ဦးက သဘောတူပြီး ၆ ဦးက ကန့်ကွက်ခဲ့ပါတယ်။ 


● ဆုံးဖြတ်ချက် (၉)

မြန်မာနိုင်ငံဟာ လက်ရှိစီရင်ချက်ရဲ့ အပိုဒ် ၆၁၅ မှာ သတ်မှတ်ဖော်ပြထားတဲ့ မူလအခြေအနေအတိုင်း ပြန်လည်ထူထောင်ပေးရေး အစီအမံတွေကို ချမှတ်ဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ ဆုံးဖြတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၁၀ ဦးက သဘောတူပြီး ၅ ဦးက ကန့်ကွက်ခဲ့ပါတယ်။ 


● ဆုံးဖြတ်ချက် (၁၀)

မြန်မာနိုင်ငံဟာ သဘောတူစာချုပ်အောက်က တာဝန်ဝတ္တရားတွေကို ချိုးဖောက်ခဲ့မှုကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်နစ်နာမှုတွေအတွက် မူလအခြေအနေအတိုင်း ပြန်လည်ထူထောင်ပေးမှုနဲ့ ရိုဟင်ဂျာတွေကို လျော်ကြေးပေးအပ်ဖို့ တာဝန်ရှိတယ်လို့ ဆုံးဖြတ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၁၀ ဦးက သဘောတူပြီး ၅ ဦးက ကန့်ကွက်ခဲ့ပါတယ်။ 


● ဆုံးဖြတ်ချက် (၁၁)

ရိုဟင်ဂျာတွေ ရသင့်ရထိုက်တဲ့ လျော်ကြေး ဒါမှမဟုတ် တခြားနစ်နာကြေး ပြန်လည်ကုစားပေးမှု ပမာဏနဲ့ ပေးအပ်မယ့် နည်းလမ်းတွေဆိုင်ရာ ကိစ္စရပ်ကို တရားရုံးကပဲ ဆုံးဖြတ်သတ်မှတ်သွားမှာဖြစ်ပြီး အဲဒီလို ဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံအနေနဲ့ လက်ရှိစီရင်ချက် ချမှတ်ပြီး ၂ နှစ်အတွင်းမှာ အပိုဒ် ၆၂၅ မှာ ဖော်ပြထားတဲ့ အစီရင်ခံစာကို ရုံးတော်ကို ပေးပို့တင်ပြရမယ်လို့ ဆုံးဖြတ်ပါတယ်။ ဒါ့အပြင် ဒီရည်ရွယ်ချက်အတွက် အမှုရဲ့ နောက်ဆက်တွဲ လုပ်ငန်းစဉ်တွေကို ရုံးတော်က ဆက်လက်ကိုင်တွယ်ထားမှာ ဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ICJ တရားသူကြီး ၁၀ ဦးက သဘောတူပြီး ၅ ဦးက ကန့်ကွက်ခဲ့ပါတယ်။ 



Tuesday, October 27, 2026

အာရကန်ပြည်၌ ကျင့်သုံးခဲ့သည့် ကာဇီတရားစီရင်ရေးစနစ်



အာရကန်ပြည်၌ ကျင့်သုံးခဲ့သည့် ကာဇီတရားစီရင်ရေးစနစ်

—————————————————————

​ရှေး​ခေတ် အာရကန်ပြည်၏ တရားစီရင်​ရေး မဏ္ဍပ်တွင် ကာဇီတရားစီရင်​ရေး စနစ်ကို တွင်တွင်ကျယ်ကျယ် ကျင့်သုံးခဲ့သည်။ အာရကန်ပြည်တွင် ​ခေတ် သုံး​ခေတ်အထိ ကာဇီ တရားစီရင်​ရေးစနစ် ကျင့်သုံးခဲ့​ကြောင်း ခိုင်လုံ​သော သမိုင်းအ​ထောက်အထား​များ တွေ့ရှိရသည်။ ​မြောက်ဦး​ခေတ် ​တ​လျှောက်လုံး၊ ဗမာ​ကျူး​ကျော်ခေတ်နှင့် နယ်ချဲ့အင်္ဂလိပ်​ခေတ် အ​စောပိုင်းကာလအထိ တရား​ရေးဗဟို စင်မြင့်အဖြစ် တည်ရှိခဲ့သည်။ ကာဇီ ၏ အဓိပ္ပါယ်မှာ မှုခင်းအ​ရေးများကို တရားဥပ​ဒေနှင့်အညီ စီရင်ဆုံးဖြတ်​ပေး​သော တရားသူကြီးဖြစ်သည်။ အာရကန်ပြည်တွင် ကျင့်သုံးခဲ့သည့် စနစ်က​တော့ မဇ္စျိမ​ဒေသပုံစံ တရားစီရင်​ရေးစနစ်ဖြစ်သည်။

​၁၅ ရာစုတွင် ဆူ​လမန်သျှား (ခ) နရမိတ်လှက ​​ဂေါ့ပြည်မင်း၏ အကူအညီဖြင့် ​မြောက်ဦးမြို့ကို တည်ထောင်သည့်အခါ တိုင်းပြည်၏ အဓိကမဏ္ဍိပ်တစ်ခုဖြစ်​သော တရားစီရင်​ရေးမဏ္ဍိပ်မှာလည်း ​ဂေါ့ရ်ပြည်ပုံစံ ကာဇီတရားစီရင်​ရေးစနစ်ကို ကျင့်သုံးခဲ့သည်။ မြောက်ဦး​ခေတ်တွင် အစ္စလာမ်ဘာသာဝင်များ ​နေလိုလလို ဘုန်းမီးထွန်း​တောက်လွှမ်းမိုးလာသည်နှင့်အမျှ မွတ်စလင်ပညာရှိများကို တရားသူကြီးများ ခန့်အပ်ကာ တိုင်းသူပြည်သား မူခင်းအ​ရေးကိစ္စအဝဝကို ဥပ​ဒေနှင့်အညီ မျှမျှတတ စီရင်​စေခဲ့သည်။ ထိုတရားသူကြီးများကို ကာဇီ ဟု ​ခေါ်​လေ့ရှိကြသည်။

ကာဇီတရားစီရင်​ရေးစနစ်နှင့် စပ်လျဥ်း၍ မြန်မာရာဇဝင်ကျမ်းများတွင် အ​သေးစိတ် ​ဖော်ပြခြင်းမရှိ​​သော်လည်း ထို​ခေတ် နန်းတွင်းစာဆိုများ၏ ​တေးကဗျာအဖွဲ့များတွင် ကာဇီတရားသူကြီးများ၏ ဂုဏ်ရည်ဖွဲ့လင်္ကာများ၊ ပုဂ္ဂိုလ်​ရေးအချက်အလက်များ၊ ​ကောင်းမှုကုသိုလ်အ​ကြောင်းများ၊ ကာဇီအမည်များ အ​မြောက်အမြား​တွေ့ရှိနိုင်သည်။

စစ်​သေနပတိ အရှ်ရဖ်ခါန်၏ ​တောင်းဆိုချက်ဖြင့် သတီမိုင်နာလော်ချန္ဒရာနီ (Sati Maina Lor Chandrani) လင်္ကာရှည်ကို ရေးသားခဲ့သည့် နန်းတွင်းစာဆို​တော် ကာဇီဒိုလတ် သည်  ကာဇီ တရားသူကြီး တစ်ဦးဖြစ်ခဲ့သည်။  ကာဇီဆအိဒ်ဆဝုတ်ရှား (ခ) မက်စ်ဝွတ်ရှား သည်လည်း အာရကန်ပြည်၏ တရားသူကြီးတစ်ဦးဖြစ်သည်။ နန်းတွင်းစာဆို အလာဝါလ် က သူ၏ လင်္ကာအဖွဲ့တွင် ကာဇီမက်စ်ဝုတ်ရှားသည် အာရကန်ပြည်၏ ဗဟိုတရားသူကြီး(ရာဇဝတ်ဝန်) ဖြစ်​ကြောင်း၊ စာဆိုအား တပည့်အဖြစ် လက်ခံခဲ့​ကြောင်း၊ ကာ​ဒေရီယာခိလာဖတ် ​ကို သင်​ပေး​ကြောင်း စသည်ကို အောက်ပါအတိုင်း ​ရေးဖွဲ့ထားသည်။

"Sayid Saud Shah roshóñgér Qazi
Giyan olpo asé boli moré hoilo razi
Dayal sorito pir otul maháttá
Kirpa kori dilá moré kaderi khílafát
Jaddopikto osaktó ami loite sé bár
Poroche poroche tama hoi hémakar."

ဘာသာပြန် —
"​​မြောက်ဦးပြည် ၏ ကာဇီတရားသူကြီး ဆအိဒ်ဆဝုတ်ရှား သည် ကျွန်ုပ်၌ ဉာဏ်ပညာ အနည်းငယ် ​တွေ့​သောကြောင့် ကျုပ်အား တပည့်အဖြစ် လက်ခံခဲ့သည်။ စိတ်သဘောထားကောင်း၍ ရက်​ရောတတ်​သော ဆရာသူ​​တော်​​​စင်သည် ကျွန်ုပ်အား သနားညှာတာခဲ့ပြီး ကာဒေရီယာ ခလီဖတ် (Khilafat) ကို ချီးမြှင့်ပေးခဲ့သည်။ ကျွန်ုပ်သည် ယင်းတာဝန်ထမ်းကို ​ကျေပွန်ရန် မစွမ်း​သော်လည်း အကြိမ်ကြိမ် ပွတ်တိုက်၍ ​ကြေးနီကို ​ရွှေစင်ခဲအဖြစ် ​ပြောင်းလဲ​စေခဲ့သည်။"

ပုံ-၃ (က)။ စာဆို​တော် အလာဝလ်၏ ကဗျာလင်္ကာ။

ပုံ-၃ (ခ)။ စာဆို​တော် အာလဝလ်၏ ကဗျာလင်္ကာ။


ထို့သို့ ရှူဇာ ကာဇီ၊ ဂူဝ ကာဇီ၊ နာလ ကာဇီ၊ အဒူ​ကော်ရိမ် ကာဇီ၊ မိုဟာမတ်ဟူစိုင်း ကာဇီ၊ အူစ်မာန် ကာဇီ၊ အဒူဂျာဘာရ် ကာဇီ၊ အဒူဂါဖား ကာဇီ၊ မိုဟာမတ် ယူဆုပ် ကာဇီ၊ နူရ်မိုဟာမတ် ကာဇီ နှင့် ရို​​ရှောင်းအာလီ ကာဇီ စသည်ဖြင့် ​အာရကန် ကာဇီတရားသူကြီး အမည်များနှင့် ဂုဏ်ပုဒ်များကိုလည်း ​ရှေးလင်္ကာများတွင် ​တွေ့ရှိရသည်။

​မြောက်ဦး​ခေတ် ဖါ​ရစီ-ရခိုင် ​နှစ်ဘာသာဖြင့် ​ရေးထိုးထား​သော ကာဇီဖကီရ်ကျောက်စာ အလှူရှင် ကာဇီဖကီရ် သည်လည်း တရားသူကြီး သို့မဟုတ် တရား​ရေးအရာရှိတဦး ဖြစ်ခဲ့​ကြောင်း သူ၏​ကျောက်စာမှတ်တမ်းအရ သိရှိရသည်။  အလှူပြုမှတ်တမ်းတွင် သက်​သေခံသူ၊ ​ရေးထိုးသူ၊ သာသာ​ရေးဆရာ စသည်တို့၏ အမည်များကို ​ရေးထိုးထားသည်မှာ ထို​ခေတ်၏ တရား​ရေးကိစ္စ စီရင်​ရေးရာမှာ စည်းစနစ်​သေဝပ်မှုကို သက်​သေထူ​နေသည်။

၁၇၈၅ ခုနှစ်တွင် ဘိုးတော်ဘုရားက ရခိုင်ပြည်ကို ကျူး​ကျော် တိုက်ခိုက်သိမ်းယူခဲ့သည်။ ဘိုးတော်ဘုရားလက်ထက်တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် အစ္စလာမ် တရားစီရင်ရေးစနစ် အသက်သွင်းပေးခဲ့သည်။ ရခိုင်ပြည်၌လည်း ယခင်က ရှိခဲ့​သော ကာဇီတရားစီရင်​ရေးစနစ်ကို ဆက်လက် ကျင့်သုံး​စေခဲ့သည်။ ဘိုးတော်ဘုရား၏ ရာဇသတ်ခေါ်သော အမိန့်တော်ပြန်တမ်း၊ စတုတ္တပိုင်း၊ စာ-၂၅၄ တွင် ​အောက်ပါအတိုင်း ​ဖော်ပြထားသည်။

"အာပြစ်ရှာတို့ သိန္နီတပည့်၊ င​ရွှေလူး၊ င​အေးတို့က နိုင်ငံ​တော်အတွင်း အရပ်ရပ် မြို့ရွာများမှာ ရှိ​နေသည့် ပသီကုလားတို့ကို ဘာသာကျမ်း ရှိသည့်အတိုင်း၊ အာပြစ်ရှာတို့ သိန္နီပြသရာ နာခံကြ​စေ၊ အမိန့်​တော်ထုတ်ပြန်ချက် ရှိပါသည်။ ရခိုင် ၄ မြို့ ​ကျေးရွာများမှာ ရှိနေသည့် ပသီကုလားတို့တွင် ဘာသာစကားထွက်ရှိ​သည်များကို စစ်​ကြောစီရင် ဆက်သွင်းပါရမည့်အ​ကြောင်းနှင့် ရှိခိုးသံ​တော်ဦးတင်သည်။ ရခိုင် ၄ မြို့ ​ကျေးရွာများမှာ ရှိ​နေသည့် ပသီကုလားတို့တွင် ဘာသာတရားစကားများကို အရပ်ရပ် ပသီကုလားတို့နည်း စစ်​ကြောစီရင်​စေ။"

ပုံ-၄။ ဘိုး​တော်ဘုရား၏ အမိန့်​တော်ပြန်တမ်း။


ထို​ခေတ်တွင် ​ရွှေဓါးကာဇီ၊ ​ဘောက်တာရ်အမတ် ကာဇီ စ​သော ထင်ရှား​သော ကာဇီများရှိခဲ့သည်။

တဖန် ၁၈၂၅ ခုနှစ်တွင် အင်္ဂလိပ်တို့က ကျူးကျော်စစ် ဆင်နွှဲ၍ ရခိုင်ပြည်ကို သိမ်းယူခဲ့သည်။ နယ်ချဲ့အင်္ဂလိပ်အစိုးရကလည်း ယခင်ရှိခဲ့သည့် ထို ကာဇီ တရားစီရင်​ရေးစနစ်ကို ရခိုင်ပြည်တွင် ၁၉၂၆ ခုနှစ်အထိ ဆက်လက် ကျင့်သုံးခဲ့သည်။ ၁၈၈၀ ပြည့်နှစ် အက်ဥပ​ဒေ အမှတ် ၁၂၊ ပုဒ်မ ၃ အရ ကာဇီတရားသူကြီးတစ်ဦးသည် မိမိ၏ လက်​ထောက်ကာဇီ တစ်ဦးကို ကိုယ်တိုင်ခန့်အပ်နိုင်သည်။ မိမိ၏ ဆန္ဒအရ ပယ်ရှားနိုင်ခွင့်ရှိသည်။ ယင်းကို ကာဇီတရားသူကြီး ခန့်စာများ၊ သမိုင်းအ​ထောက်အထားများအရ ထင်ထင်ရှားရှား သိရှိရသည်။

ဗြိတိသျှ​ခေတ် ကာဇီတရားစီရင်ရေးစနစ် ကျင့်သုံးခဲ့ရာ တရားသူကြီး(ကာဇီ) ခန့်အပ်ခဲ့သော အထောက်အထားများထဲမှ ကာဇီကြိီး အဒူလ်အာလီ ရှေ့နေက တဆင့်လက်ထောက်ကာဇီ ခန့်ထားသည့် လက်မှတ်စာကို ​အောက်တွင် ကူးယူ​ဖော်ပြထားသည်။

အစိုးမင်ဘတ္ကခန့်စာရ​သော ကာဇီကြီး အဗ်ဒုလ်အာလီ ​ရှေ့​နေ က ၁၈၈၀ ပြည့်နှစ်  ကာဇီအက်ဥပ​ဒေ နံပါတ် ၁၂၊ ပုဒ်မ ၃ အရ တဆင့်ခံလက်​ထောက် ကာဇီခန့်ထားသည့် လက်မှတ်စာ။

စစ်တွေမြို့စီရင်စု အနောက်ငယ်မြို့အပိုင် မြို့သစ် တိုက် ကြက်ရိုးပြင် ရွာနေ အပ်ဒုလ်ရိုမန် သား သော်ဖေါ်ရ်မူလုတ် ရွာသူကြီး သိစေရမည်။

အနောက်ငယ်မြို့ အပိုင် မြို့သစ် တိုက် ကြက်ရိုးပြင် ရွာများတွင် လက်ထောက် ကာဇီအလုပ်ကို လုပ်ကိုင်ရန် ကာဇီအက်ဥပဒေ ပုဒ်မ ၃ အရ မောင်မင်းကို နာအိပ်ခေါ် တဆင့်ခံ လက်ထောက်ကာဇီအလုပ်၌ ခန့်ထားသည် မောင်မင်းသည် ကာဇီအက်ဥပဒေအရ ဘာသာတရားအတိုင်း ကျွန်ုပ်ကာဇီကြီး၏ အမိန့်ကို တည်ကြည်၍ လုပ်ကိုင်ရမည်။

၁၉၁၁ ခု၊ ဇှုံ လ ၆  ရက်နေ့တွင် ဤလက်မှတ်စာကို ပေးအပ်သည်။

ကိုယ်ပိုင်တံဆိပ် (ဝဲဘက်)××××

ကိုယ်ပိုင်လက်မှတ် (ယာဘက်)××××


ပုံ-၅။ ကာဇီတရားသူကြီးက လက်​ထောက်ကာဇီခန့်စာ (၁၉၁၁ ခုနှစ်)။



၁၉ ရာစုနှောင်းပိုင်းမှစ၍ ဗြိတိသျှအစိုးရက ကာဇီတရားစီရင်​ရေးအာဏာကို ဖျက်သိမ်းကာ Cornwallis code ဥပ​ဒေကို အစားသွင်းခဲ့သည်။ ကာဇီများသည် ဘာသာ​ရေး အ​ရေးကိစ္စများကို စီရင်ရာ​လောက် အခွင့်အာဏာ​ရခဲ့သည်။ ထိမ်းမြှားလက်ထပ်ခြင်း၊ အမွဲခွဲ​ဝေ​ရေး၊ အလှူဒါန စတဲ့အ​ရေးကိစ္စများကို မှတ်တမ်းတင်ခြင်း၊ ဘာသာ​ရေးအတိုင်း စီရင်​ဖြေရှင်းခြင်း စသည်တို့ကို တာဝန်ယူရသည်။ မွတ်စလင်များ နိုင်ငံရေးအာဏာ ဆုံးရှုံးခဲ့သောအခါ ကာဇီသည် မိသားစုဘွဲ့အမည် ဖြစ်လာခဲ့သည်။ ​နောက်ပိုင်းတွင် တစ်ချိန်က ကာဇီရာထူးကို ထမ်းဆောင်ခဲ့သူများ၏ အမျိုးအနွယ်များသည် ၎င်း ကာဇီ နာမည်ကို မိသားစုဘွဲ့အမည်အဖြစ် စတင်အသုံးပြုလာခဲ့ကြသည်။ တစ်ချိန်က တိုင်းပြည်အထူးအဏာရှင် တရားစီရင်​ရေး တရားဝင်ရာထူးဘွဲ့အမည်ဖြစ်ခဲ့သည့် ကာဇီသည် ယ​နေ့​ခေတ်ကာလတွင်မိသားစုဘွဲ့အမည် တစ်ခု ဖြစ်လာ​လေသည်။ ထို့​ကြောင့် ထိုခေတ် ကာဇီများ၏ မျိုးနွယ် ကာဇီမျိုးနွယ်စုများ(Kazi Gucti)၊ ကာဇီအာဘတ်၊ ကာဇီဘီလ် စ​သော ရွာအမည်များကို ယနေ့ ရခိုင်ပြည်အနှံ့အပြားတွင် တွေ့ရသတည်း။


လူထုဝဏ္ဏ
(​၂၇-၁၀-၂၀၂၆)

စာအညွှန်း-

- အ​နောက်ငယ်မြို့ (​မောင်​တောမြို့၏ ​ရှေးအမည်)
- နာအိပ် (လက်​ထောက်၊ ဒု)

ကိုးကား-

၁။ Prof. Dr. Abdul Karim. The Rohingyas: History and Culture. Pp.78
၂။ ဘိုးတော်ဘုရား၏ ရာဇသတ်ခေါ်သော အမိန့်တော်ပြန်တမ်း၊ စတုတ္တပိုင်း၊ စာ-၂၅၄။
၃။ ​မောင်​မောင် (စန္ဒသူရိယ)၊ အာရကန်နိုင်ငံ​တော် ​ရွှေ​ခေတ်က အစ္စလာမ်တို့ အ​ရေးပါခဲ့ပုံ။ ​ဖေ့စ်ဘုတ်​ဆောင်းပါး (၂၀၂၅)။
၄။ အာမာန် ၊ Muslim poets in Ancient Arakan.
၅။ ခင်​မောင်မြင့်၊ ဘိုး​တော်ဘုရား၏ အမိန့်ပြန်တမ်းဖြင့် ကာဇီတရားစီရင်​ရေးစနစ်။


Friday, October 16, 2026

Kofi Annan Geneva Youth Peace Prize Winner (2026)



Introducing Maung Sawyeddollah, the inaugural Laureate of the Kofi Annan Geneva Youth Peace Prize.

The Kofi Annan Foundation, the Geneva Peacebuilding Platform and the Geneva Graduate Institute are proud to recognise Maung's outstanding commitment to peace, education and human rights.

A Rohingya peacebuilder and human rights advocate, Maung is the Founder and Executive Director of the Rohingya Student Network (RSN), a refugee-led organisation he established in a refugee camp.

Stateless and a survivor of the 2017 genocide against the Rohingya, he has dedicated himself to ensuring that Rohingya young people have a voice in shaping their future.

His work reflects a powerful conviction: those who experience conflict must be recognised not only for what they have endured, but for their capacity to lead efforts towards justice and lasting peace.

“Receiving the Kofi Annan Geneva Youth Peace Prize tells me that people who have experienced conflict do not have to remain defined by it. We can become leaders in preventing it. I receive this recognition not only for myself, but for Rohingya young people who continue to choose education, dialogue, justice and peace despite everything they have experienced.”

This evening, Maung joins Dr Denis Mukwege, who delivers the Kofi Annan Geneva Peace Address, for an intergenerational conversation on preventing conflict and building peace.

An established voice and an emerging one, united by a shared commitment to peace.

We thank the Republic and Canton of Geneva and the City of Geneva for their support in making this inaugural Prize possible.


#ChoosePeace #GenevaPeaceForum #KofiAnnan #YouthPeacePrize #InternationalGeneva


(Copied from Kofi Annan Foundation FB Page)


Friday, October 2, 2026

Khaurí (​ရှေး​ခေတ်​အသပြာ​ကြွေ​စေ့)


 Khaurí (​ရှေး​ခေတ်​အသပြာ​ကြွေ​စေ့)



​ပုံပါ ကြွေခရုခွံ​ (​ကြွေ​စေ့) တွေကို တစ်ချိန်က ​ငွေ​ကြေးအဖြစ် အသုံးပြုခဲ့တယ်ဆိုရင် သင်ယုံပါ့မလား။ ဟုတ်တယ်... ​ရွှေ၊ ​ငွေ၊ ​ကြေး ​တွေကို ​ဒင်္ဂါးအဖြစ် သုံးစွဲခဲ့သလို ​ကြွေခရုခွံ​တွေကိုလည်း ​ဒင်္ဂါးပြားအဖြစ်သုံးစွဲခဲ့တာ ရှည်လျားတဲ့ သမိုင်း​ကြောင်းရှိခဲ့တယ်။ ​​​ငွေ​ကြေးနဲ့ သက်ဆိုင်တဲ့ အော​က်ပါ ရိုဟင်ဂျာ ​ရှေး​ဟောင်းစကားပုံ တစ်ခုကို ​လေ့လာကြရ​အောင်။

အာရိ ​ယော့ ဆုံး၊ ​ခေါ်ရီ ​ယော့ ဆုံး။/ ​ခေါ်ရီ ​ယော့ ဆုံး၊ ဒါရီ ​ယော့ ဆုံး။

ဆိုလိုရင်းက​တော့ "ဖွတ်မရ၊ ဓါးမဆုံး" ဖြစ်တယ်။ စကားပုံမှာ ပါဝင်တဲ့ ​ခေါ်ရီ က​တော့ ​ရှေး​အသပြာ ယူနစ်တစ်ခုကို ဆိုလိုတာပါ။ ​ယေဘု​ယျအားဖြင့် ​ဒင်္ဂါးလို့ ဆိုလိုခြင်း ဖြစ်တယ်။

​​ပင်းရင်းအဓိပ္ပါယ်အားဖြင့် ခေါ်ရီ ဆိုတာက ပင်လယ်မှာ ကျက်စားတဲ့ ​ချော​မွှတ်​ပြောင်လက်တဲ့ ခရု​​ဖြူငယ်တစ်မျိုးဖြစ်တယ်။ ​​ကြွေခရု လို့ ​ခေါ်ကြတယ်။ အများအားဖြင့် အိန္ဒိယသမုဒ္ဒရာရှိ ​သန္တာ​ကျောက်တန်းတွေမှာ ​တွေ့ရှိရတယ်။ အ​ကောင်က ခပ်​သေး​​သေး။ ပုံပါအတိုင်း​ပေါ့။ အချို့က ​ကျော့ဘက်မှာ အဝါ​ရောင်သန်းသလို အချို့က အနက်​ရောက်သန်းတတ်တယ်။

ပင်လယ်​ကြွေခရုခွံ​တွေကို ​ရှေး​ခေတ်က အာရကန်ပြည်မှာ ​ငွေ​ကြေးအသပြာအဖြစ်အသုံးပြုခဲ့တယ်။ ပစ္စည်းချင်း လဲလှယ်တဲ့ ဘာထာ စနစ်​နောက်ပိုင်း ​ငွေ​ကြေးစနစ်​ပေါ်လာတဲ့အခါ ​ခေါ်ရီ ဆိုတဲ့ ​ကြွေ​စေ့တွေ ပစ္စည်း ​ရောင်းဝယ်ရာ ​တန်ဖိုးအနိမ့်ဆုံး ​ငွေ​ကြေးပမာဏဖြစ်လာခဲ့တယ်။ ဒတ်ချ်တို့ ​ပေါ်တူဂီတို့ အာရကန်ပြည်နဲ့ ကုန်သွယ်​ရေး ​ကောင်းစားခဲ့တဲ့ ​ခေတ်က​ဆိုရင် တွင်တွင်ကျယ်ကျယ် သုံးလာခဲ့တယ်။ ၁၉ ရာစု အ​စောပိုင်းကာလ East India Company က ​ကြွေခရုခွံ (ကြွေ​စေ့)​တွေကို ရုပ်သိမ်းလိုက်တဲ့ အချိန်အထိ တရားဝင် အသုံးပြုခဲ့ကြပြီး ​နောက်ပိုင်းမှာ တ​ဖြည်းဖြည်း ​ပျောက်ကွယ်သွားသတဲ့။ ဒါနဲ့ ရိုဟင်ဂျာ​တွေက အဲဒီ ​ကြွေခရုငယ်​တွေရဲ့ နာမယ်ကို အစွဲပြုလို့ ​​ငွေ​ကြေးကို ​ခေါ်ရီ သို့မဟုတ် ​ဖွေချား​ခေါ်ရီလို့ ​ခေါ်ဆို​လေ့ရှိကြတယ်။ ​

အဲဒီ​ခေတ်က ​​ခေါ်ရီ (အ​ကြွေ​​စေ့) ​ရေတွက်ပုံကို ​အောက်ပါအတိုင်း ​လေ့လာ​တွေ့ရှိရတယ်​။

(တစ်နည်း)
၄ ​ခေါ်ရီ = ၁ ​ဂါန္ဒာ
၁၂၈၀၀ ​ခေါ်ရီ = ၁ တီညာ

(တစ်နည်း)
၄ ​ခေါ်ရီ = ၁ ဂါန္ဒာ
၄၀ ​ခေါ်ရီ = ၁ ​ဖွေချား
၁၆၀ ​ခေါရီ = ၁ အာနာ
၂၅၆၀ ​ခေါ်ရီ = ၁ ထီညာ


​တစ်ခါ ခေါ်ရီ ထက် တန်ဖိုးငယ်တဲ့ ​ငွေ​ကြေးပမာဏကို ဖူတ္တာ​ခေါ်ရီလို့ ​​​ခေါ်ကြတယ်။ ​​ကြွေခရုခွံ​ပေါက်​/ ​​ကြွေ​ခရုခွံပွင့် ပေါ့။ တစ်​ခေါ်ရီကို ​ကြွေခွံ​ပေါက် ၃ ​စေ့ ​ပေးရတယ်လို့ ဆိုတယ်။


ဒါ့အပြင် ရိုဟင်ဂျာ​တွေက ဓန​စောင့်နတ်ကိုလည်း ​ခေါ်ရီလို့ ​ခေါ်ကြတယ်။ "အို ​ခေါ်ရီ .... မာလ်​ဒေစာဒေစနား၊ အို ​ခေါ်ရီ... ထီညာ ​ဒေစနား" စတဲ့ အသုံးအနှုန်း​တွေ ကစားရာတွင် ​ပြောဆိုတာ​တွေ့ရတယ်။ 

ခေါ်ရီ ဆိုတဲ့ ​ငွေ​ကြေးနဲ့ ပတ်သက်လို့ ဆိုရိုးစကားပုံ​တွေကို ယ​နေ့အချိန်တိုင် ​တွေ့ရတယ်။ စကားအသုံးအနှုန်းလဲ ဒီချိန်ထိ ​ရှိ​နေဆဲပါပဲ။ ​ဖွေချား​ခေါ်ရီ နှိုက် (ပိုက်ဆံ မရှိဘူး) စတာ​တွေ​ပေါ့။

ဒီ​ ​ခေါ်ရီ (ခ) ကြွေခရုခွံကို အာရကန်ပြည်သာမက မြန်မာပြည်မှာလည်း အသပြာဒင်္ဂါးအဖြစ် သုံးစွဲခဲ့ကြတယ်။ အဲ့ဒါ​ကြောင့် ဒင်္ဂါးပြား​တွေကို အ​ကြွေ​စေ့ လို့ ​ခေါ်​ဝေါ်သုံးစွဲလာတာဖြစ်တယ်။  ​အ​ကြွေ​စေ့ ဆိုတာ ​ကြွေခရုခွံ (ခေါ်ရီ) ကို ဆိုလိုတာဖြစ်တယ်။ အိန္ဒိယ၊ တရုတ် စတဲ့ အာရှတခွင်နဲ့ ကမ္ဘာ့အနံ့အပြားမှာလည်း ​​ကြွေ​စေ့​တွေကို ငွေ​ကြေးအဖြစ် သုံးစွဲခဲ့​ကြောင်း ခိုင်လုံတဲ့ သမိုင်းအ​ထောက်အထား ​​တွေ့ရှိရတယ်။ တရုတ်မှာကျ​တော့ နှစ်​ပေါင်း ၃၀၀၀ ​လောက် ဒီ​ကြွေခရုခွံကို အသုံးပြုခဲ့​ကြောင်းသိရတယ်။ တရုတ်စာရဲ့ ​ငွေ​ကြေး သင်္ကေတအဖြစ်သုံးတဲ့ အက္ခရာ​တောင် ​ကြွေခရုခွံပုံကို ​ရေးခြစ်ထားတာဖြစ်တယ်။ တရုတ်မှာ သဘာဝ ခရုခွံအပြင် ​ကြေးနဲ့ သွင်းလုပ်ထားတဲ့ ​ကြေးခရု​​စေ့လည်း အသုံးပြုကြ​သေးတယ်။ အဖရိကနိုင်ငံအချို့မှာလည်း ​ကြွေခရုခွံကို ​ငွေ​ကြေးအဖြစ် အသုံးပြုခဲ့​ကြောင်း ​တွေ့ရတယ်။ ဂါနာနိုင်ငံရဲ့ ​ငွေ​ကြေးယူနစ်ဟာ ​ကြွေခရုခွံကို အစွဲပြုလို့ Cedi လို့ မှည့်​ခေါ်ကြတာဖြစ်တယ်။


ရိုဟင်ဂျာ​တွေက ခရုခွံကို ​ငွေ​​ကြေးအပြင် အခြား​နေရာ​တွေမှာလည်း အသုံးပြုခဲ့တာ ​တွေ့ရတယ်။ က​လေး​တွေအား  ​ကြွေ​စေ့ကို ကြိုးမဲနဲ့သွယ်လို့ ​ဘေးကင်းအ​စောင်အဖြစ် ခါး၊လည်ပင်မှာ ဆင်​​ပေးလေ့​ရှိကြတယ်။ ​တိုင်းရင်း​ဆေး ​ဖော်ရာတွင်လည်း သုံးစွဲကြတယ်။ အလှတန်ဆာဆင် လက်ဝတ်ရတနာ​တွေကိုလည်း ​ကြွေခရုခွံ​တွေ သုံးပြီး​တော့ ပြုလုပ်ကာ ဆင်မြန်းလည်း ရှိကြတယ်။ ​ဗေဒင်တွက်ရာတွင်လည်း အသုံးပြုကြတယ်။ ​​နောက်ထင်ရှားတဲ့ ​နေရာတစ်ခုက​​တော့ ပဆစ်ကစားရာမှာလည်း ဒီ​ကြွေ​စေ့​တွေကို ယ​နေ့အထိ သုံး​နေကျဖြစ်တယ်။

ရိုဟင်းကိန်း
(၁-၁၀-၂၀၂၆)


Saturday, September 19, 2026

Foreign Exchange Certificate

 


"တချိန်က FEC"

မဆလ တပါတီအာဏာရှင်ခေတ်က "Diplomatic Store" ဆိုတဲ့ တန်ဘိုးကြီးဇိမ်ခံပစ္စည်းရောင်းတဲ့ ဆိုင်ကြီးတစ်ဆိုင် ဆူးလေဘုရားလမ်းမပေါ်မှာ ဖွင့်ခဲ့ဖူးတယ်။ သံရုံးဝန်ထမ်းများနဲ့ အမေရိကန်ဒေါ်လာ USD လက်ဝယ်ပိုင်ဆိုင်ကြတဲ့ မြန်မာနိုင်ငံသားသူဋ္ဌေးကြီးများသာ Diplomatic Store မှာ ဝယ်ယူနိုင်ခွင့်ရှိကြတယ်။


တန်ဘိုးကြီးနိုင်ငံခြားဖြစ် အရက်အမျိုးမျိုး၊ စီးကရက်၊ရေမွေး၊ တင်းနစ်ရက်ကက်၊ ဂေါ့ဆက်၊ နေကာမျက်မှန်၊အဝတ်အထည်အစုံရှိတယ်။ တစ်ပါတီမဆလခေတ်မှာမြန်မာပြည်သူအများစု မမြင်ဘူးမရောက်ဘူးတဲ့လူတန်းစားတရပ်အတွက် ဖွင့်လှစ်ပေးတဲ့ အထူးဆိုင်ကြီးပါ။


၁၉၉၃-၁၉၉၄ နဝတစစ်အာဏာရှင်ခေတ် နိုင်ငံခြားကုန်ပစ္စည်းအရောင်းဆိုင်များရန်ကုန်မြို့ထဲမှာဖွင့်လှစ်ခဲ့တယ်။ FEC (Foreign Exchange Certificate) ရှိတဲ့မြန်မာနိင်ငံသားတိုင်း “ Kyat Plus Dollar ” (FEC + ကျပ်ငွေ) အမည်ပေးထားတဲ့ရောင်းဝယ်ရေးစနစ်သစ်နဲ့ကုန်ပစ္စည်းကို စမ်းသတ်ဝယ်ယူရောင်းချနိုင်ခဲ့ကြတယ်။ 


Toshiba TV အရောင်းဆိုင်မှာ TV တလုံးကို FEC + ကျပ်ငွေနဲ့ မည်သူမဆို လွတ်လတ်စွာ ဝယ်ယူနိုင်ခဲ့တယ်။ နိုင်ငံပိုင်စက်ရုံထုတ်ဖြစ်ပြီး အပြင်‌ရောင်းစားရင်မြတ်တဲ့စက္ကူ၊ ဘိလပ်မြေ၊ ဒီဇယ်၊ ဓါတ်ဆီကို “ Kyat Plus Dollar ” ခေါ်တဲ့ ထူးဆန်းတဲ့စမ်းသတ်စနစ်နဲ့ ဝယ်ယူပြီးပြည်တွင်းဈေးကွက်ကို ကျပ်ငွေနဲ့လွတ်လပ်စွာပြန်ရောင်းချနိုင်တဲ့ စနစ်ဖြစ်ခဲ့ဖူးသေးတယ်။ 


1 FEC = 1 USD တန်ဘိုးသတ်မှတ်ခဲ့တယ်။FEC ဝင်ငွေရှိသူများသာအရာရာအားသာခဲ့တယ်။ ကျပ်ငွေပဲဝင်သူလူများစု ပါးစပ်ဟငေးကြည့်ခဲ့ရတဲ့ ဘဏ္ဍာ‌ရေးဆိုင်ရာငွေကြေးစီမံခန့်ခွဲမူစနစ်ဖြစ်ခဲ့ရတယ်။


FEC (Foreign Exchange Certificate) ဆိုတာ FE (Foreign Exchange) ခေါ်တဲ့ နိုင်ငံခြားငွေကြေးကိုထိန်းချုပ်တဲ့ ကရိယာတခုဖြစ်တယ်။ ဆိုဗီယက်(ရုရှား) ဦးဆောင်တဲ့ အရှေ့ဥရောပ ကွန်မြူနစ်နိုင်ငံဟောင်းများ၊တရုတ်၊ မြောက်ကိုရီးယား၊ ကျုးဘား၊ ပြိုကွဲသွားတဲ့ယူဂိုဇလားဗီးယား (ဆားဗီးယား)နဲ့ မြန်မာနိုင်ငံမှာ FEC အသုံးပြုခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၃ မတ်လအထိ FEC ကို စမ်းသတ်အသုံးပြုခဲ့ဖူးတယ်။


ငွေလဲလှယ်နူန်းကို အစိုးရက တင်းကျပ်တဲ့မှုဝါဒနဲ့ထိန်းချုပ်ထားပြီး မိမိအမျိုးသားငွေကြေးဟာနိုင်ငံတကာငွေကြေးဈေးကွက်မှာ အလွယ်တကူ လဲလှယ်နိုင်ခြင်းမရှိတဲ့ နိုင်ငံများဟာ FEC ကို FE ကြားခံအဖြစ်အသုံးပြုကြရတယ်။ 


FEC ခေါ်တဲ့ ကြားခံငွေအသုံးပြုတဲ့နည်းစဉ်ပုံစံအမျိုးမျိုးရှိပြီး နိုင်ငံအလိုက် ကွဲပြားကြတယ်။ နိုင်ငံတကာငွေလဲလှယ်နူန်း တည်ငြိမ်တဲ့ပေါက်ဈေးရှိပြီး ကမ္ဘာ့မည်သည့်ငွေကြေးဈေးကွက်တိုင်းမှာ အလွယ်တကူ လဲလှယ်ရယူနိုင်ပြီး ခိုင်မာတဲ့ငွေကြေးဥပမာ USD,Euro ကို မိမိကိုယ်ပိုင်ငွေကြေးစနစ် (ကျပ်) နဲ့ အလွယ်တကူ မလဲလှယ်နိုင်ရင် မိမိငွေကြေးစနစ်ကို အနာခံပြီး FEC ကိုကြားခံအနေနဲ့ အစိုးရက ယာယီအသုံးပြုကြတယ်။


၁၉၉၃ မှာ မြန်မာနိုင်ငံမှာ FEC စအသုံးပြုခဲ့တယ်။ နှစ် ၂၀ ကျော် FEC အသုံးပြုပြီး၂၀၁၃ ဧပြီ (၁) ရက်နေ့ကစပြီး FEC ကို ဖျက်သိမ်းဖို့ ရက်ပေါင်း (၃၀)ကြားကာလသတ်မှတ်ခဲ့တယ်။ မလုံလောက်လို့ ၂၀၁၄ မတ်လ (၃၁) ရက်အထိ ရက်တိုးမြှင့်ပေးခဲ့တယ်။ ဗဟိုဘဏ်ထုတ်ပြန်ချက်အရ ၂၀၁၂ ဒီဇင်ဘာလအထိ မြန်မာတနိုင်ငံလုံးမှာ FEC ၃၀.၉၂ သန်း လည်ပတ်နေခဲ့တယ်။ FEC ပြန်ထုတ်လိမ့်မယ် ၂၀၂၂ က ကောလဟလဖြစ်ခဲ့ဖူးတယ်။


၁၉၉၅ မှာ FEC နဲ့ လစာရရှိခဲ့တယ်။ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) မှာ ငွေစာရင်းဖွင့်ပြီး အစိုးရကို ၁၀ ရာခိုင်နူန်း အခွန်ပေးဆောင်ခဲ့ရတယ်။ မြန်မာကျပ်ငွေတန်ဘိုးကျပြီးရင်းကျကျနေလို့ FCE ကိုမြန်မာငွေနဲ့ဖလှယ်ရင် “ကျပ်” များများရရှိခဲ့တယ်။ လစာကို FEC နဲ့မဟုတ်ပဲ “ကျပ်” နဲ့ရကြတဲ့ မြန်မာနိုင်ငံသားအများစုမြန်မာကျပ်ငွေတန်ဘိုးကျတဲ့ဒဏ်ကို ကျောကော့အောင်ခံစားနေကြရတယ်။

၁၉၈၉ လဖက်ရည်တခွက် ၅ ကျပ်ကနေ လဖက်ရည်တခွက် ၂,၅၀၀/ ထိ ပေးသောက်နေရတာ ဒီနေ့အထိ။ရပ်ကွက်ဆိုင်လေးမှာ လဖက်ရည်တခွက် ၃,၀၀၀/ ဆိုရင်တော့ လဖက်ရည်ဖြတ်သင့်ပြီ။ လူတိုင်းသိတဲ့ Demand & Supply တို့၊ ကုန်ထုတ်လုပ်မှု့တိုးမြှင့်ကြတို့ဆိုတာတကဲ့ "အဖြေ" မဟုတ်ဘူး။ မြန်မာကျပ်ငွေတန်ဘိုး တဟုန်ထိုး ကျဆင်းနေလို့ အရပ်ရပ်ကုန်စည်ဈေးနူန်းများအတက်ကြမ်းတဲ့ဒဏ်ကို မြန်မာနိုင်ငံသားများ ကျောကော့ခံစားနေကြရတာကြာပြီ။ ဘယ်အစိုးရမှ ကုစားမပေးနိုင်ကြသေးဘူး။ အစည်းဝေးပြီး အစည်းဝေးပဲ။


လွင်ဦး(ရန်ကင်း)

#lwinooyankin

ရှေးစကား ရွှေအလား ၁၀

 


ရှေးစကား ရွှေအလား ၁၀


Zeen Huñyai Chandra Raja,
Heen Guñyai Chandra putra (patra),
Heen bidya súnya purahitta.

ဟွန်ယစန္ဒြာမင်း ကဲ့သို့ပင်
ဂုဏ်ယစန္ဒြာ မင်းသားလည်း အလားတူပင်
ပညာမဲ့ ပုရဟိတ် ကလည်း သည်အတိုင်းပါပဲ။

အထက်ပါစာသားသည် စကားပုံအဖြစ်သုံးလေ့သုံးထားရှိတဲ့ လင်္ကာတစ်ပိုဒ်ဖြစ်တယ်။ ရှေးခေတ် ဖူတီးလင်္ကာရှည်ကနေ ကောက်နုတ်လို့ စကားပုံအဖြစ် ခိုင်းနှိုင်းသုံးနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒီစကားပုံရဲ့ ဆိုလိုရင်းက မြန်မာစကားပုံ "ဒီပုတ်က ဒီပဲ" ဆိုတဲ့ သဘောအတိုင်းနဲ့ သုံးကြတာဖြစ်တယ်။ ရှေး စန္ဒြာမင်းဆက်ခေတ်က မင်းတစ်ပါးနှင့် ခိုင်းနှိုင်း၍ ပြောဆိုထားတာ တွေ့ရတယ်။ 

ရှေးခေတ် ဟွန်းယစန္ဒြာမင်းနှင့် ပတ်သက်လို့ ဖူးတီလင်္ကာရှည်တစ်ပုဒ်ရှိခဲ့တယ်။ နန်းမူနန်းရာနဲ့ တိုင်းရေးပြည်ရေးကို သရုပ်ဖော်ထားတဲ့ ဇာတ်လမ်းပေါ့။ ဖူတီးလင်္ကာအရ ဟွန်စန္ဒြာမင်းက  ရိုင်းစိုင်းယုတ်မာတဲ့ မင်းတစ်ပါးတဲ့။ သူ့ရဲ့ သားတော်မင်းသား ဂုဏ်ယစန္ဒြာမင်းသားလည်း အတူတူပါပဲ။ ရိုင်းစိုင်းကြမ်းကြုတ်တဲ့ မင်းသားတစ်ပါး ဖြစ်တယ်။ တစ်ခါ ကောင်းမကောင်းရာမရာကို တိုင်ပင်ရန်  မင်းကြီးထံ ခစားတဲ့ ပညာမဲ့ ပုရဟိတ်ကလည်း အမှားအမှန် မခွဲခြားဘဲ မင်းကြီးအလိုလိုက် စိတ်ထင်ရာ လျှောက်တင်တတ်သူဖြစ်တယ်လို့ ဆိုလိုတယ်။ ပညာမဲ့အရိုင်အမိုက်တွေ တစ်နေရာစုလို့ တိုင်းပြည်ကို ပက်ပက်စက်စက် ဖျက်ဆီးခဲ့သတဲ့။ 

ရှေးခေတ် အာရကန်ရာဇဝင်နှင့် ဆက်စပ်နေတဲ့ ဤဆိုရိုးမှ မင်းအကြောင်းကို ရခိုင်ရာဇဝင်တွေမှာ မတွေ့ရချေ။ မည်သည့် ခုနှစ်က မင်းပြုအုပ်ချုပ်ခဲ့တာကို အတိအကျ ဖော်ပြရန် ခဲယဥ်းလှတယ်။ 


- ရိုဟင်းကိန်း



Saturday, August 1, 2026

မြန်မာ့တော်လှန်ရေးခေါင်းဆောင် ဘရားသား ဇိုက်ဒ်



မွတ်စ်လင်မ်အများစု မသိတဲ့ တော်လှန်ရေးခေါင်းဆောင်ဘရားသား ဇိုက်ဒ်


မွတ်စ်လင်မ်တို့သည် ခေတ်အဆက်ဆက် တော်လှန်ရေး၏ ကျရာနေရာတွင် ပါဝင်မှုများအား ယခုကဲ့သို့ ရုပ်ပုံလွှာများ၊ သမိုင်းအဖြစ်အပျက်များက သက်သေ ပြနေသည်။

သို့သော်လည်း မွတ်စ်လင်မ်များအား နိုင်ငံရေးအင်အားစုအဖြစ်မှ လျှော့ချရန် ကြိုးပမ်းမှုများအား စစ်တပ်အပြင် တော်လှန်ရေးအင်အားစုအချို့နှင့် မီဒီယာအချို့မှပါ ကြိုးပမ်းနေသည်။

အင်န်သီဖဒါအနေဖြင့် ထိုအဖြစ်အပျက်များအား အစဉ်ဆန့်ကျင်သည်။ သမိုင်းအား ဖော်ပြခြင်းဖြင့် မွတ်စ်လင်မ်တို့အနေဖြင့် မိမိတို့၏ သမိုင်းအား သိမည်။ တော်လှန်ရေးအတွင်းမှ မွတ်စ်လင်မ်တို့၏ အခန်းကဏ္ဍအား ထင်သာမြင်သာရှိစေမည်ဟုလည်း ပွင့်ပွင့်လင်းလင်း ယူဆသည်။

ထို့ကြောင့် ယနေ့တွင် တော်လှန်ရေးခေါင်းဆောင်တဦးဖြစ်သည့် ဘရားသားဇိုက်ဒ်၏ ဖြတ်သန်းမှုအား ဖော်ပြလိုက်သည်။

▪️အတ္ထုပ္ပတ္တိ အကျဉ်းချုပ်

၁၉၄၂ ခုနှစ်တွင် မွန်ပြည်နယ်၊ ကျုံဖဲရွာ၌ အဘ ဦးအဗ်ဒွလ္လာဟ်နှင့် အမိ ဒေါ်ခင်စီတို့မှ မွေးဖွားခဲ့သည်။ အသက် (၄-၅) နှစ်အရွယ်တွင် မိဘများနှင့်အတူ ရန်ကုန်မြို့ (ကန်တော်ကလေး/မင်္ဂလာတောင်ညွန့်) သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ဘားမားမွတ်စလင်ကျောင်းနှင့် ရန်ဒေးရီးယားကျောင်းတို့တွင် ပညာသင်ကြားခဲ့ကာ တက္ကသိုလ်၌ ဥပဒေဘာသာရပ်ကို ဆည်းပူးခဲ့သည်။

အလုပ်အကိုင်များ -

ကျောင်းဆရာ၊ ပါကစ္စတန်သံအမတ်၏ PA၊ မြန်မာ့တပ်မတော် (လေ) နှင့် မြန်မာ့လေကြောင်း (UBA) တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။




နိုင်ငံရေးဖြတ်သန်းမှုများ -

(၁) နိုင်ငံရေးစတင်ဝင်ရောက်ခြင်း အသက် ၁၇ နှစ်တွင် စပ်ရွှေသိုက်နှင့် မဟာဒေဝီတို့၏ တိုင်းရင်းသားလူနည်းစု ဘာသာပေါင်းစုံအဖွဲ့တွင် အသက်အငယ်ဆုံး ဗဟိုအလုပ်အမှုဆောင်အဖြစ် စတင်ပါဝင်ခဲ့သည်။

(၂) ဗမာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်မ်ကျောင်းသူကျောင်းသား လူငယ်များအသင်းတွင် အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

(၃) မြေအောက်လှုပ်ရှားမှုနှင့် ပထမအကြိမ် ထောင်ဒဏ် - ပြည်ချစ်အဖွဲ့နှင့် ချိတ်ဆက်၍ မြေအောက်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ၁၉၇၁ ခုနှစ်တွင် လက်နက်များနှင့်အတူ ပထမအကြိမ် ဖမ်းဆီးထောင်ချခံခဲ့ရသည်။

(၄) ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးနှင့် လှုပ်ရှားခြင်း – ၁၉၇၃ ခုနှစ် ထောင်မှလွတ်မြောက်လာပြီးနောက် ထောင်တွင်းတွေ့ဆုံခဲ့သည့် သူငယ်ချင်း ဆလိုင်းတင်မောင်ဦးနှင့် ပူးပေါင်းခဲ့သည်။ ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းအပြီး ဦးနေဝင်းအစိုးရ၏ လိုက်လံဖမ်းဆီးခြင်းခံရသည့် ဆလိုင်းတင်မောင်ဦးအား ထိုင်းနယ်စပ်သို့ ဘေးကင်းစွာ ခေါ်ထုတ်ပေးခဲ့သည်။

(၅) ဒုတိယအကြိမ် ထောင်ဒဏ်နှင့် တော်လှန်ရေး ၁၉၇၅ ခုနှစ်တွင် ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခံရကာ တစ်သက်တစ်ကျွန်း အမိန့်ချမှတ်ခံခဲ့ရသည်။ ၁၉၈၀ ပြည့်နှစ် ထောင်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာပြီးနောက် KNU နှင့် ပူးပေါင်းကာ တော်လှန်ရေးလုပ်ငန်းများကို ပြန်လည်စတင်ခဲ့သည်။



(၆) KLMF တည်ထောင်ခြင်း – ၁၉၈၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ကော်သူလေးမွတ်စလင် လွတ်မြောက်ရေးတပ်ဦး (KLMF) ကို ဦးဆောင်တည်ထောင်ခဲ့သည်။

ကော်သူးလေမွတ်စလင်လွတ်မြောက်ရေးတပ်ဦး (KMLF) တည်ထောင်သူ တော်လှန်ရေးခေါင်းဆောင် ဘရားသားဇိုက်ဒ် အဗ္ဗဒုလ္လာဟ် (ခ) ဦးမောင်မောင်လွင် (ခ) အာဇမ်သည် ၂၀၀၅ ခုနှစ်၊ ဇူလိုင် ၃၁ တွင် ကွယ်လွန်ခဲ့သည်။ ယနေ့ (၂၁) နှစ်ပြည့်ပြီဖြစ်သည်။


ချစ်ခင်စွာဖြင့်
အင်န်သီဖဒါ



ပုံအညွှန်း - နိုင်ငံတကာဟဂ်ျဆွေးနွေးပွဲ၊ ဘန်ကောက် ၁၉၈၃



(ကူးယူဖော်ပြသည်)

Tuesday, July 28, 2026

ကွန်ဂိုအာဇာနည် လူမမ်ဘာ


သွား ၁ချောင်းပဲ ကျန်တဲ့အထိ ဖျောက်ဖျက်ခံခဲ့ရတဲ့ ကွန်ဂိုအာဇာနည်


လူမမ်ဘာ ကို ၁၉၂၅ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှာ လယ်သမားမိသားစုကနေ မွေးဖွားခဲ့ပါတယ်။ ကက်သလစ် မိသားစုက ပေါက်ဖွားလာသူဖြစ်ပြီး ခရစ်ယာန်ကျောင်းတွေမှာ ပညာသင်ကြားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ဉာဏ်ရည်ထက်မြက်ပြီး ဆရာတွေရဲ့ အမှားတွေကိုပါ ထောက်ပြတတ်လို့ စိတ်ကြီးဝင်သူအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

သူဟာ ဘာသာစကား ၅ မျိုး (Tetela, Lingala, French, Swahili, Tshiluba) ကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ အာဖရိကတခွင် လွတ်လပ်ရေး လှုပ်ရှားမှုတွေ အားကောင်းလာချိန် လူမမ်ဘာ လည်း နိုင်ငံရေးကို စတင် စိတ်ဝင်စားလာပါတယ်။ ၁၉၅၆ ခုနှစ်မှာ စာတိုက်ကနေ ဒေါ်လာ ၂,၅၀၀ အလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် တစ်နှစ် ချမှတ်ခံခဲ့ရပါတယ်။ (ဒီငွေတွေကို နိုင်ငံရေးလှုပ်ရှားမှုတွေမှာ သုံးစွဲခဲ့တယ်လို့ ယူဆရပါတယ်)။

ထောင်ကလွတ်လာပြီးနောက် Mouvement National Congolais (MNC) ဆိုတဲ့ လက်ဝဲယိမ်း နိုင်ငံရေးလှုပ်ရှားမှုကို ဦးဆောင်ဖွဲ့စည်းခဲ့ပါတယ်။ သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ စကားပြောစွမ်းရည်ကြောင့် လူထုထောက်ခံမှု အများအပြား ရရှိခဲ့ပါတယ်။

အဲဒီညီလာခံကနေ ကွန်ဂိုနိုင်ငံကို ဇွန်လ ၃၀ ရက်နေ့မှာ လွတ်လပ်ရေးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရွေးကောက်ပွဲအပြီးမှာ နိုင်ငံရေးအကြပ်အတည်းတွေကြားကနေ နောက်ဆုံးမှာ လူမမ်ဘာ က ဝန်ကြီးချုပ်၊ တခြားပါတီခေါင်းဆောင် Kasa-Vubu က သမ္မတအဖြစ်နဲ့ အစိုးရ ဖွဲ့နိုင်ခဲ့ပါတယ်။

လွတ်လပ်ရေး အခမ်းအနားမှာ ဘယ်လ်ဂျီယံဘုရင် Baudouin က ကွန်ဂိုပြည်သူ ၁၀ သန်းလောက်ကို ရက်ရက်စက်စက် သေစေခဲ့တဲ့ ဘုရင်ဟောင်း Léopold II ကို ချီးကျူးဂုဏ်ပြုတဲ့ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ဒါကို မခံမရပ်နိုင်ဖြစ်သွားတဲ့ လူမမ်ဘာ က ချက်ချင်းပဲ တုံ့ပြန်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ ပြိုင်ဘက် ခေါင်းဆောင် Moïse Tshombe က နိုင်ငံတောင်ပိုင်း Katanga ပြည်နယ်ကို ခွဲထွက်ကြောင်း ကြေညာလိုက်ပါတယ်။

အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂဆီက အကူအညီတောင်းပေမဲ့ မရတဲ့အတွက် ဆိုဗီယက်ယူနီယံဆီ အကူအညီတောင်းခဲ့ပါတယ်။ ဒါဟာ အနောက်နိုင်ငံတွေအတွက် သူ့ကို ဖယ်ရှားဖို့ အကြောင်းပြချက် ကောင်းကောင်း ဖြစ်သွားပါတယ်။

ဒီအကြပ်အတည်းကို ဖြေရှင်းပုံနဲ့ ပတ်သက်ပြီး သမ္မတနဲ့ သဘောထားကွဲလွဲရာကနေ နှစ်ယောက်သား အပြန်အလှန် ရာထူးကနေ ထုတ်ပယ်ကြပါတယ်။ အဲဒီအချိန်မှာ ဗိုလ်မှူးကြီး Mobutu က စစ်တပ်နဲ့ အာဏာသိမ်းလိုက်ပြီး လူမမ်ဘာ ကို ဖမ်းဆီးလိုက်ပါတယ်။

၁၉၆၀ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာ သူ့ကို စစ်တပ်စခန်းတစ်ခုမှာ အကျဉ်းချထားပြီး အလွန်ဆိုးရွားစွာ ဆက်ဆံခဲ့ပါတယ်။၁၉၆၁ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့မှာတော့ လူမမ်ဘာ နဲ့ အပေါင်းအပါ ၂ ဦးကို သေနတ်နဲ့ ပစ်ခတ် ကွပ်မျက်ခဲ့ပါတယ်။ 

လူမမ်ဘာနဲ့ အပေါင်းအပါ ၂ ဦးကို သေနတ်နဲ့ ပစ်ခတ်ကွပ်မျက်ခဲ့တာက Katangese ခွဲထွက်ရေး တပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ဒါပေမဲ့ ဒီပစ်ခတ်မယ့် တပ်ဖွဲ့ကို အနီးကပ် ကြီးကြပ်ကွပ်ကဲပြီး အမိန့်ပေးခဲ့တာကတော့ ဘယ်လ်ဂျီယံ စစ်ဗိုလ် ကက်ပတိန် Julien Gat ဆိုသူ ဖြစ်ပါတယ်။

ဒီကွပ်မျက်မှုကို ခတန်းဂါး ခွဲထွက်ရေးခေါင်းဆောင် Moïse Tshombe နဲ့ သူရဲ့ အစိုးရအဖွဲ့ဝင်တွေ ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ကြပါတယ်။

ကွပ်မျက်ပြီးနောက် အလောင်းတွေကို အနီးအနားမှာပဲ ယာယီ မြေမြှုပ်ခဲ့ပါတယ်။ ဒါပေမဲ့ လူမမ်ဘာရဲ့ အုတ်ဂူဟာ နောက်ပိုင်းမှာ အာဇာနည်ဗိမာန်လို ဖြစ်လာပြီး ပြည်သူတွေရဲ့ ပုန်ကန်မှုတွေ ထပ်ဖြစ်လာမှာကို ဘယ်လ်ဂျီယံတွေက အလွန်စိုးရိမ်ခဲ့ပါတယ်။

ဒါကြောင့် မြေမြှုပ်ပြီး ရက်ပိုင်းအကြာမှာ အလောင်းတွေကို မြေမြှုပ်ထားရာကနေ ပြန်ဖော်ပြီး အစအနမကျန်အောင် အက်ဆစ်နဲ့ ဖျက်ဆီးပစ်ခဲ့ပါတယ်။

ဆယ်စုနှစ်များစွာ ကြာပြီးနောက်မှာတော့ ဒီကြံစည်မှုမှာ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ နဲ့ ဘယ်လ်ဂျီယံ အစိုးရတို့ ပူးပေါင်းကြံစည်ခဲ့ကြောင်း ပေါ်ပေါက်လာပါတယ်။

သေဆုံးချိန်မှာ အသက် ၃၅ နှစ်သာ ရှိသေးတဲ့ လူမမ်ဘာ ရဲ့ နိုင်ငံရေးသက်တမ်းဟာ အလွန်တိုတောင်းလှပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ရပ်တည်ချက်တွေကြောင့် ကွန်ဂိုမှာသာမက တကမ္ဘာလုံးက ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အာဇာနည်သူရဲကောင်း တစ်ဦးအဖြစ် ယနေ့တိုင် အမှတ်ရနေကြဆဲ ဖြစ်ပါတယ်။

အရည်ဖျော် ဖျက်ဆီးခံခဲ့ရတဲ့ လူမမ်ဘာရဲ့ ခန္ဓာကိုယ်ထဲကနေ ရွှေသွားတစ်ချောင်း သာ ကျန်ရစ်ခဲ့ပြီး အဲဒီရွှေသွားကို ဘယ်လ်ဂျီယံ ရဲအရာရှိတစ်ဦးက အမှတ်တရအဖြစ် သိမ်းဆည်းထားခဲ့ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးနောက် ၂၀၂၂ ခုနှစ် ရောက်မှသာ ဘယ်လ်ဂျီယံအစိုးရက အဆိုပါ ရွှေသွားကို လူမမ်ဘာရဲ့ မိသားစု နဲ့ ကွန်ဂိုနိုင်ငံထံသို့ တရားဝင် ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ရပါတယ်။

နာမည်ကျော် လူမည်းအခွင့်အရေး လှုပ်ရှားသူ Malcolm X က "ပက်ထရစ် လူမမ်ဘာ ဟာ အာဖရိကတိုက်ပေါ်မှာ လမ်းလျှောက်ခဲ့ဖူးသမျှ လူမည်းတွေထဲမှာ အကြီးကျယ်ဆုံး ပုဂ္ဂိုလ်ပဲ" လို့ ဂုဏ်ပြုပြောကြားခဲ့ပါကြောင်း ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ရပါတယ်။


ကူးယူ- သုတဇုံ


Thursday, May 28, 2026

ဗမာပြည်က မယားပြိုင်ယူကြတဲ့ မိရိုးဖလာဓလေ့

 



မယားများပြိုင်ယူတဲ့ သာစည်နယ်က သူဌေးကြီး ဦးဖိုးရှိ 


စစ်ကိုင်းတိုင်း၊ မုံရွာ၊ သာစည်နယ်မှာ "ဦးဘိုးရှိ" ဆို ခုထိ သိနေကြတုန်း။ နာမည်ကြီးနေတုန်း။ စံပြ ပြောဆိုနေရတုန်း။


အဘယ်သို့ကြောင့် ဆိုတော့...


ဦးဘိုးရှိဟာ အင်္ဂလိပ်ခေတ်တုန်းက အတော်လေး နာမည်ကြီးတဲ့ သူဌေးကြီးဖြစ်ပြီး လယ်ဧက သောင်းချီပိုင်သလို စားရင်းရှိ မယားတင် ၃၃ ယောက် ရှိသတဲ့။ မင်းတုန်းမင်းနီးနီး ပေါ့။ 


ဦးဘိုးရှိမှာ မိန်းမ အယောက် (၃၀) ကျော်ပေမဲ့ အချစ်ဦးကတော့ ဒေါ်ရံတဲ့။ ဒီလောက် မိန်းမတွေ အများကြီး ယူထားပေမဲ့ ဦးဘိုးရှိရဲ့ မိန်းမတွေဟာ သင့်မြတ်ကြတယ်တဲ့။ ဦးဘိုးရှိဟာ မိန်းမတစ်ယောက်ကို သဘောကျပြီဆိုရင် ပေါ်ပေါ်ထင်ထင် မိသားစုကို တောင်းရမ်းယူလေ့ရှိသူလည်းဖြစ်တယ်။


 မိန်းမသွားတောင်းတဲ့အခါ မိဘတွေကို ငွေကျပ် ၅၀၀ ပေးခဲ့တယ်။ အဲခေတ်နဲ့ဆိုရင် ရွှေ ၂၀ သားတန်ဖိုးရှိတယ်လို့ပြောတယ်။ ဒါတင်မဟုတ် လက်ဝတ်လက်စားအဖြစ် ရွှေလက်ကောက် ၁၀ ရံ၊ ရွှေဆွဲကြိုး ၃ ကုံး ဥဿဖရား နားကပ်ပါ ဆင်ပေးတာလို့ပြောကြတယ်။ ယူပြီး နောက်ပိုင်းလဲ စိန်တစ်ဆင်ဆာဆင်ပြီး သေချာကိုထားသတဲ့။


ဦးဘိုးရှိက သဘင်တော့ အတော်လေး ကြိုက်ပြီး သူနေတဲ့ ၃ ထပ်တိုက်ရဲ့ အောက်ဆုံးထပ်မှာ ဇာတ်စင်ကြီး ဆောက်ထားသတဲ့။ ဦးဘိုးရှိကိုယ်တိုင်လဲ အချို့ ဇာတ်တွေမှာ ဝင်ကပြလေ့ရှိတယ်သလို ကိုယ်တိုင် ရှင်ဘုရင်အဖြစ်ကပြတဲ့အခါ သဏ္ဍာန်လုပ် သရုပ်ပါလွန်းလို့ ပွဲကြည့်ပရိသတ်တွေ သိပ်သဘောကျသတဲ့။ ပြီးတော့သူတင်မဟုတ် သူ့ရဲ့ ဇနီးမယားတွေကိုလဲ ဝင်ကခိုင်းသေးတယ်။ 


ကိုလိုနီခေတ် သူဌေးဆိုတော့ ဦးဘိုးရှိမှာ ကောင်းသတင်းရှိသလို မကောင်းသတင်းတွေလည်း များပါတယ်။ သူ့အကြောင်းကို ရှိနဲ့ သူ၏ချစ်သူများဆိုပြီး စာအုပ်ရေးထားလည်းရှိပါတယ်။ 


ဦးဘိုးရှိ နေထိုင်ခဲ့တဲ့ သုံးထပ်တိုက်ကြီးက‌တော့ ယခုအခါ ဘေးအကာအရံများသာ ကျန်ရှိတော့ပေမယ့် ဒီတိုက်မြေနေရာအား ယနေ့ခေတ် လူငယ်များက အောင်မြေ နင်းသည်ဟု ယူဆကာ လာရောက်ကြည့်ရှု့မှုများလည်း ရှိကြပါတယ်။


ကဲ မုံရွာသားတွေ၊ သာစည်သားတွေ ဂုဏ်ယူရတဲ့ ဦးဘိုးရှိဆိုတာ ဒါပါပဲ ခင်ဗျာ။ ထပ်သိချင်ရင်တော့ သာစည်သားတွေ၊ မုံရွာသားတွေကို မေးကြည့်ကြပေတော့။ 


#သာစည် 

#မုံရွာ 

#ဦးဘိုးရှိ #

#komin.min45


Wednesday, May 27, 2026

မြန်မာ့ကျောင်းဝတ်စုံ “အဖြူအစိမ်း” နောက်ကွယ်က လူသိနည်းတဲ့ သမိုင်း


မြန်မာ့ကျောင်းဝတ်စုံ “အဖြူအစိမ်း” နောက်ကွယ်က လူသိနည်းတဲ့ သမိုင်း


မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူတိုင်း ရင်းနှီးကျွမ်းဝင်နေတဲ့ “အဖြူအစိမ်း” ကျောင်းဝတ်စုံဟာ ရှေးယခင်ကတည်းက ရှိခဲ့တဲ့ အစဉ်အလာတစ်ခုလို့ လူအများ ထင်မှတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် အမှန်တကယ်တော့ ဒီဝတ်စုံဟာ ယနေ့ခေတ်မှာ လူအများထင်သလို ရာစုနှစ်များစွာ သက်တမ်းရှိခဲ့တာ မဟုတ်ဘဲ ၁၉၆၆ ခုနှစ်နောက်ပိုင်းမှ တစ်နိုင်ငံလုံးအတွက် စံသတ်မှတ်ခဲ့တဲ့ ဝတ်စုံတစ်ခု ဖြစ်ပါတယ်။

၁၉၆၆ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံမှာ ကျောင်းတိုင်းဟာ ကိုယ်ပိုင်ဝတ်စုံတွေ အသီးသီး ရှိခဲ့ကြပါတယ်။ အမျိုးသားကျောင်းများ၊ သာသနာပြုကျောင်းများ၊ အင်္ဂလိပ်ကျောင်းများနဲ့ ပုဂ္ဂလိကကျောင်းများဟာ ကိုယ်ပိုင်အရောင်၊ ကိုယ်ပိုင်ဒီဇိုင်းတွေကို အသုံးပြုခဲ့ကြပြီး ယနေ့လို တစ်နိုင်ငံလုံး တူညီတဲ့ ကျောင်းဝတ်စုံမျိုး မရှိခဲ့ပါဘူး။

စိတ်ဝင်စားဖို့ကောင်းတာက လက်ရှိအသုံးပြုနေတဲ့ အဖြူအစိမ်းဝတ်စုံဟာ အစိုးရက အသစ်ဖန်တီးခဲ့တဲ့ ဒီဇိုင်းတစ်ခု မဟုတ်ပါဘူး။ ရန်ကုန်မြို့ရှိ မြို့မအမျိုးသားကျောင်း (Myoma Co-Educational National High School) ရဲ့ ကျောင်းဝတ်စုံပုံစံကို အခြေခံပြီး တစ်နိုင်ငံလုံးအတွက် စံသတ်မှတ်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

၁၉၆၆ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ အစိုးရက အဖြူအစိမ်းကျောင်းဝတ်စုံကို တရားဝင် ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီအချိန်က ပညာရေးစနစ်ကို တစ်နိုင်ငံလုံး တူညီစေရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး ကျောင်းဝတ်စုံ တစ်မျိုးတည်း အသုံးပြုရေးဟာလည်း အဲဒီအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

မြန်မာ့ကျောင်းဝတ်စုံရဲ့ ထူးခြားချက်တစ်ခုကတော့ ကျောင်းသား၊ ကျောင်းသူများသာမက ဆရာ၊ ဆရာမများပါ အဖြူအစိမ်းပုံစံကို ဆက်လက်ဝတ်ဆင်ကြတာ ဖြစ်ပါတယ်။ နိုင်ငံအများစုမှာ ဆရာ၊ ဆရာမတွေက သီးသန့်အလုပ်ဝတ်စုံတွေ ဝတ်ဆင်လေ့ရှိပေမယ့် မြန်မာနိုင်ငံမှာတော့ ကျောင်းသားတွေနဲ့ ဆင်တူတဲ့ ပုံစံကို အသုံးပြုကြတာ တွေ့ရပါတယ်။

ထို့အပြင် အထက်တန်းအဆင့်ရောက်လာတဲ့အခါ ယောကျ်ားလေးတွေ ပုဆိုး၊ မိန်းကလေးတွေ ထမီဝတ်ဆင်ရတာဟာလည်း မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ ပညာရေးယဉ်ကျေးမှုတစ်ရပ် ဖြစ်ပါတယ်။ ကျောင်းဝတ်စုံကနေတစ်ဆင့် မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုကို ထိန်းသိမ်းပေးနေတဲ့ သဘောလည်း ရှိနေပါတယ်။

ဒီနေ့ခေတ်မှာ အဖြူအစိမ်းဝတ်စုံဟာ ကျောင်းဝတ်စုံတစ်ခုထက် ပိုတဲ့ အဓိပ္ပာယ်ကို ရရှိနေပါပြီ။ ဆယ်စုနှစ် ၆ ခုကျော်ကြာ အသုံးပြုလာခဲ့တာကြောင့် “အဖြူအစိမ်း” ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ မြန်မာကျောင်းသားဘဝ၊ သူငယ်ချင်းတွေ၊ စာသင်ခန်းတွေ၊ ကျောင်းအမှတ်တရတွေကို ပြေးမြင်မိကြပါတယ်။ ရုပ်ရှင်တွေ၊ ဝတ္ထုတွေ၊ သီချင်းတွေထဲမှာလည်း အဖြူအစိမ်းဟာ မြန်မာကျောင်းသားဘဝရဲ့ သင်္ကေတတစ်ခုလို ဖြစ်လာခဲ့ပါတယ်။

စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ ၁၉၃၆ ကျောင်းသားသပိတ်၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွေအတွင်း ပါဝင်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်တွေဟာ ယနေ့မြင်တွေ့ရတဲ့ အဖြူအစိမ်းဝတ်စုံကို မဝတ်ခဲ့ကြပါဘူး။ သူတို့ခေတ်တုန်းက ကျောင်းအသီးသီးရဲ့ ကိုယ်ပိုင်ဝတ်စုံတွေကိုသာ ဝတ်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် လူအများထင်ထားသလို အဖြူအစိမ်းကျောင်းဝတ်စုံဟာ ရှေးဟောင်းအစဉ်အလာတစ်ခု မဟုတ်ဘဲ ၁၉၆၆ ခုနှစ်နောက်ပိုင်းမှ စတင်ပေါ်ပေါက်လာခဲ့တဲ့ ပညာရေးစနစ်ရဲ့ သင်္ကေတတစ်ခုဖြစ်ပြီး ယနေ့အချိန်မှာတော့ မြန်မာကျောင်းသားဘဝကို ကိုယ်စားပြုတဲ့ ယဉ်ကျေးမှုအမှတ်အသားတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။
"အဖြူအစိမ်း" ကျောင်းဝတ်စုံဟာ သာမန်အဝတ်အစားတစ်စုံ မဟုတ်ပါဘူး။

၁၉၆၆ ခုနှစ်ကတည်းက မြန်မာကျောင်းသားဘဝကို ကိုယ်စားပြုလာတဲ့ သင်္ကေတတစ်ခု ဖြစ်ပါတယ်။ ၁၉၃၆ ကျောင်းသားသပိတ်က ကျောင်းသားတွေတောင် ဒီဝတ်စုံကို မဝတ်ခဲ့ရပေမယ့် ဒီနေ့ခေတ်မှာတော့ အဖြူအစိမ်းဟာ မြန်မာပညာရေးရဲ့ အမှတ်အသားတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် အခုခေတ် TikTok ပေါ်မှာ ကျောင်းဝတ်စုံဝတ်ပြီး မသင့်လျော်တဲ့ အကတွေ၊ အပြုအမူတွေနဲ့ Content တွေ ရိုက်ကူးတင်နေတာတွေကို မြင်ရတဲ့အခါ စိတ်မကောင်းဖြစ်မိပါတယ်။

ပြဿနာက အကကတာ မဟုတ်ပါဘူး။ ဘယ်လိုအကြောင်းအရာနဲ့ တင်ဆက်သလဲဆိုတာ ဖြစ်ပါတယ်။

ကျောင်းဝတ်စုံဆိုတာ ကိုယ့်တစ်ယောက်တည်းကို ကိုယ်စားပြုတာ မဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူအားလုံးနဲ့ ပညာရေးဂုဏ်သိက္ခာကို ကိုယ်စားပြုနေတာ ဖြစ်ပါတယ်။

လွတ်လပ်မှုရှိသလို တာဝန်ယူမှုလည်း ရှိဖို့လိုပါတယ်။ Trend တစ်ခုအတွက် ခဏတာ View ရနိုင်ပေမယ့် သမိုင်းရှိတဲ့ သင်္ကေတတစ်ခုရဲ့ တန်ဖိုးကိုတော့ မလျော့သင့်ပါဘူး။

အဖြူအစိမ်းဟာ Fashion မဟုတ်ဘူး။ မြန်မာကျောင်းသားဘဝရဲ့ သမိုင်းတစ်စိတ်တစ်ပိုင်း ဖြစ်တယ်။

#မြန်မာ့ကျောင်းသား #ကျောင်းဝတ်စုံ #အမျိုးသားစည်းကမ်းအစစာသင်ကျောင်းက 

(Credit to Original Writer)



Sunday, May 3, 2026

Lain (ဝေါဟာရတွေနဲ့ စကားပြောကြရအောင် ၆)



ဝေါဟာရတွေနဲ့ စကားပြောကြရအောင်


လိုင်(ဏ်) [𐴓𐴝𐴙𐴕]


ဒီတစ်ခါ ဆွေးနွေးမယ့် ဝေါရဟာကတော့ ရိုဟင်ဂျာစကားမှာ အတော်ကို အသုံးဝင်တဲ့ "လှိုင်ဏ်" ဆိုတဲ့ စကားလုံးဖြစ်တယ်။ ဒီဝေါဟာရက အဓိပ္ပာယ် အင်မတန် ကြွယ်ဝတဲ့ စကားလုံးတစ်လုံးဖြစ်တယ်။ အသုံးပြုပုံအလိုက် အဓိပ္ပာယ်အမျိုးမျိုး ကွဲပြားသွားတတ်တယ်။ လိုင်ဏ် ဟာ မူလရိုဟင်ဂျာ စကားလုံးမဟုတ်ပါဘူး။ မြန်မာစကားဖက်ကနေ ကူးဝင်လာတဲ့  မွေးစားစကားလုံးပေါ့။ မွေးစားစကားလုံး တစ်လုံးဖြစ်ပေမယ့် ရိုဟင်ဂျာဘာသာစကားမှာ နေရာကောင်းကောင်းယူထားတာ တွေ့ရတယ်။ မြန်မာကတော့ လိုင်း၊ ရိုဟင်ဂျာတွေက လိုင်ဏ် လို့ အသံထွက်ကြတယ်။ စကားလုံးဇာတ်မြစ်ကျတော့ Line ဆိုတဲ့ အင်္ဂလိပ် စကားလုံးဖြစ်တယ်။ ဒီ လိုင်ဏ် က ခရီးအတော်ပေါက်ခဲ့တယ်ပေါ့။ 

ကိုင်း.... အသုံးအလိုက် အဓိပ္ပာယ် ကွဲပြားသွားပုံကို လေ့လာကြည့်ကြရအောင်...


၁) အဆင်ပြေခြင်း၊ အေးအေးဆေးဆေး ဖြစ်ခြင်း

အလုပ်ကိစ္စ၊ အနေအထိုင်နဲ့ဆက်စပ်တဲ့ အပြောအဆိုတွေမှာ အဆင်ပြေခြင်း၊ အေးအေးဆေးဆေး ဖြစ်ခြင်းစတဲ့ အဓိပ္ပာယ်မျိုးနဲ့ သုံးနှုန်းကြတာပေါ့။

ဥပမာ-

တွီ ဟာမ်တာမ် လွိုယ် လိုင်ဏောတ်နဲ့။
(မင်း အလုပ်အကိုင် အဆင်ပြေရဲ့လား။)

အလ္လာဟ်ဒီလဲ့ ဘီယကုန်း လိုင်ဏောတ် အာဆေး။
(အရှင်မြတ်ရဲ့ ကရုဏာတော်နဲ့ အကုန် အဆင်ပြေပါတယ်။)

ဒီမှာတစ်ခါ ဘေ ဆိုတဲ့ အငြင်းပစ္စည်းနဲ့ တွဲပြီးတော့ အဆင်မပြေတဲ့သဘောအဖြစ်လည်း သုံးကြတယ်။ 

ဘောဒ္ဒါ အေက္ကား ဘေလိုင်(ဏ်) မီက္ကာဒေ့ အေးရီ။
(အစ်ကိုကြီး နဲနဲ အဆင်မပြေသလိုပဲ။)

အာရ် ဘီကုန်း လိုင်ဏောတ် ဖောရီဂီယွိုက်။
(ကျန်တဲ့အာလုံး အေးအေးဆေးဆေး ဖြစ်နေပြီ။)

ဖူအာဝါးရေ အဂျော့ ဟောနော့် လိုင်ဏ် ဂေါရိ နော်ဖါးရီ။
(သားလေးကို အခုထိ အဆင်ပြေအောင် မလုပ်ပေးနိုင်သေးဘူးဗျာ။)

၂)  ချစ်ကြိုက်ခြင်း

ချစ်ရေးကြိုက်ရေးကိစ္စတွေမှာ ဗန်းစကားအဖြစ် ချစ်ကြိုက်ခြင်းအဓိပ္ပာယ်နဲ့ သွယ်သွယ်ဝိုက်ဝိုက် သုံးနှုန်းကြတယ်။ စာစကားနဲ့ ပြောရရင် ဝင်္ကဝုတ္ထိအလင်္ကာ အဖြစ်သုံးတာပေါ့ဗျာ။

ဥပမာ- 

မိုက်န္နာ ယေ ရူပါလီ ရေ့ လိုင်ဏ်မာရေ ဘာရာ။
(မိုက်နာက မယ်ရူပကို ချစ်ကြိုက်နေတယ်ကွာ။)

အောဘိုင် လိုင်ဏ် မာရီဘာလ္လာ အုဂွား မောနောရ် မာနူချ်ဒေ့ နဖိုက်ရ်။
(ချစ်ဖို့အတွက် စိတ်တိုင်းကျ မိန်းကလေး မတွေ့လို့ကွာ။)

၃) တန်းစီခြင်း

အစဥ်လိုက်စီတဲ့နေရာမှာ ဒီစကားလုံးရဲ့အဓိပ္ပာယ်က တန်းစီခြင်း၊ တစ်ဖြောင့်တည်းဖြစ်ခြင်း ဖြစ်သွားပြန်တယ်။ 
ဥပမာ- 

ဖူတီယား တာရား ဘီကုန်း လိုက်ဏ် ဒေါ့ရော့ဆိုက်။
(ကလေးတွေ အကုန် တန်းစီကြပါ။)

ရစ္ဆတာရ် အေခ်ဟာံဆာရ်တု လိုင်ဏ် ဒေါ့ရိ ဟင်းရော။
(လမ်းတစ်ဖက်ကနေ တန်းစီလို့ သွားကြပါ။)

အေ ဖာရာတ်မာဇေ့ ဂေါ်ရ် အောက္ကောလ် လိုင်ဏ် ဒေါ့ရိ ဘိုင်နေး။
(ဒီရွာမှာ အိမ်တွေ တန်းလျား ဆောက်ထားတယ်။)


၄) ချိတ်ဆက်ခြင်း

ဒီအဓိပ္ပာယ်ကိုတော့ ဖုန်း၊ လျှပ်စစ်မီး၊ ပိုက်လိုင်း စတဲ့ဟာတွေနဲ့ ဆက်စပ်တဲ့စကားမှာ မြန်မာအသုံးနဲ့ အတူတူ သုံးကြတာဖြစ်တယ်။

အီတေ လိုင်ဏောတ် နိုက်။
(သူ လိုင်းပေါ်မှာ မရှိဘူး။)

ဖုန်းနော်ရ် လိုင်ဏ် ဆီးရီး ဂီယွိုက်။
(ဖုန်းလိုင်း ဖြတ်သွားပြီ။)

လိုင်ဏ် ဟာရီဒီယေ့။
(လိုင်း ချလိုက်တယ်။ လိုင်းဖြတ်လိုက်တယ်။)

ပြီးတော့ လျှပ်စစ်မီးလိုင်း၊ ဖုန်းလိုင်း အတွက်လည်း အထက်အဓိပ္ပာယ်နဲ့ သုံးနှုန်းကြတယ်...

တူအံရ် အင်ဂျီလ် သြရ်တုန်း အံရ် ဂေါ့ရောတ် လိုင်ဏ် ဒီဖာရီဘိနဲ့။ တေလ် ဟောစ္စာ ဒီယူမ်ဘာရာ။
(မင်းရဲ့ မီးစက်ကနေ ငါတို့အိမ်ကို မီး ပေးနို
င်မလား။ ဆီစရိတ် ပေးမှာလေ။)

မီးလိုင်း ကို လိုင်နော့ရ် ဘတ္တီ လို့၎င်း၊  ဖုန်းလိုင်းကို ဖုန်းနော့ရ်လိုင်ဏ်၊ ရေလိုင်း ပါနီးရ်လိုင်ဏ် လို့၎င်း သုံးကြတယ်။



၅) စီစီရီရီ ထားခြင်း၊ သိမ်းဆည်းထားခြင်း

ဥပမာ- 

မာလ်ဆားမနားဂုန်း လိုင်ဏ် ဂေါရိ အေရော။
(ပစ္စည်းတွေကို သိမ်းထားကြပါ။)

ဟောရ်ဆွိုရ် အဂျော့ ဘေလိုင်ဏ် ကီယား။
(အဝတ်အစား​တွေ အခုတိ ဖရိုဖရဲ ပါလားဟဲ့။)


၆) လမ်းကြောင်း၊ အခွင့်ကောင်း

ဥပမာ-

အိုင် ဘီယာရ် ဟောတား ဟွိုက်ဘာလ္လာ လိုင်ဏ် ဖိုက်ယိ။
(ငါ မင်္ဂလာဆောင်ကိစ္စ ပြောဖို့ လမ်းကြောင်းတွေ့ပြီ။)

ရန်ကုန် ဇိုက်ဘာရ် လိုင်ဏ် အဆေးနဲ့။
(ရန်ကုန်သွားဖို့ လမ်းကြောင်း ရှိလား။)


၇) ဆုံးမခြင်း

ဒါလည်း ဝင်္ကဝုတ္ထိနဲ့ သုံးနှုန်းတာ ဖြစ်တယ်။ ဆုံးမခြင်း၊ လမ်းမှန်ပေါ်ရောက်ခြင်းစတဲ့ သဘောကို ဆိုလိုတဲ့အခါ သုံးတာများတယ်။


ဥပမာ-

အိတားရေ လိုင်ဏောတ် အာနား ဖောရီပေါ့။
(သူ့ကို ဘောင်ထဲ ရောက်အောင် ဆုံးမရမယ်။)


ဒီ လိုင်ဏ် စကားလုံးနဲ့ ဒီမှာပဲ ရပ်နားတော့မယ်။ စာဖတ် ပရိသတ်တို့ တခြားအသုံး​တွေကို မန့်ကြ​တော့။ နောက်စကားလုံး တစ်လုံးနဲ့ နောက်ပို့စ်တစ်ခုမှာ ဆုံကြရအောင်....

RohangKing
5-4-2026


Sunday, March 29, 2026

တော်လှန်ရေးခေါင်းဆောင် ဘီအေ ဂျာဖော့ရ် (၁၉၃၉-၁၉၈၇)

 
တော်လှန်ရေး ခေါင်းဆောင်ကြီး ဘီအေ ဂျာဖော့ရ်၏ ပုံဟောင်းကို Gemini ဖြင့် ပြုပြင်ထားသည့်ပုံ။ 

တော်လှန်ရေးခေါင်းဆောင် ဘီအေ ဂျာဖေါ့ရ် (၁၉၃၉-၁၉၈၇)


"မိစ္ဆာကို တော်လှန်ပုန်ကန်ခြင်းသည် ဘုရားသခင်၏ အမိန့်တော်ကို လိုက်နာခြင်းပင်တည်း။"

— ဘီအေ ဂျာဖေါ့ရ်


ရိုဟင်ဂျာ ခုခံတော်လှန်ရေးသမိုင်းတွင် ဂျာဖေါ့ရ် နာမည်နှင့် လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသော ခေါင်းဆောင် ၃ ဦး ပေါ်ထွန်းခဲ့သည်။ ၎င်းတို့ထဲတွင် ဘီအေ ဂျာဖေါ့ရ်သည်လည်း ထင်ရှားသောတော်လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ခေတ်ဟောင်း တော်လှန်ရေးလမ်းစဥ်ကို အတွေးသစ်အမြင်သစ်နှင့် ပြုပြင်ပြောင်းလဲ၍ ခေတ်သစ် တော်လှန်ရေးလမ်းစဥ်ကို အုတ်မြစ်ချကာ အဓမ္မဝါဒီ စစ်အာဏာရှင်ကို ရဲရဲစွမ်းစွမ်း တော်လှန်ခဲ့သူဖြစ်သည်။ မိမိဘဝတစ်သက်လုံးကို မိမိလူမျိုးအတွက် စတေးခဲ့သည့် မဟာလူသားတစ်ဦးဖြစ်သည်။

ဘီအေ ဂျာဖေါ့ရ် ကို ဘူးသီးတောင်မြို့နယ်၊ အာလီယောင်း (အလယ်ချောင်း) ကျေးရွာတွင် ၁၉၃၉ ခန့်က ဖွားမြင်ခဲ့သည်။ အမည်ရင်းမှာ မိုဟာမတ် ဂျာဖေါ့ရ်ဟာဘီဘ် ဖြစ်သည်။ ဖခင်မှာ ဟာဘီဘုဇ်ဇာမာန် ဖြစ်သည်။ ကြွယ်ဝချမ်းသာ၍ ပညာတတ် မိသားစုမှ ဆင်းသက်လာခဲ့သူဖြစ်သည်။ ဘကြီး အရှရာဖ်ဇာမာန် ချောင်ဒရီသည်လည်း ဘူးသီးတောင်မြို့နယ်၏ ဂုဏ်သရေရှိ ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ 

ဂျာဖော့ရ်သည် အခြေခံပညာကို မော်နီဘီလ်နှင့် ဘူးသီးတောင်မြို့တို့တွင် သင်ယူခဲ့သည်။ ဥပစာတန်းကို အရှေ့ပါကစ္စတန်၊ ဒါကာမြို့ရှိ Notre Dame College မှ အောင်မြင်ခဲ့သည်။ ထို့နောက် အဆင့်မြင့်ပညာ သင်ယူရန် ရန်ကုန်မြို့သို့ သွားရောက်ကာ ရန်ကုန်တက္ကသိုလ်၌ ဒသသနိက၊ နိုင်ငံရေးသိပ္ပံနှင့် ခေတ်သစ်သမိုင်း အဓိကဖြင့် ၁၉၆၂ ခုတွင် ဘီအေဘွဲ့ ရရှိခဲ့သည်။ ၁၉၆၂ ခု ဂျူလိုင်လ ၇ ရက် ကျောင်းသားသပိတ်တွင် ဂျာဖော့က တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သည်။ ထို့နောက် BL ဆက်လက် သင်ယူသည်။ သို့သော် ကျောင်းတစ်ပိုင်းတစ်ဝက်မှ ထွက်ကာ အာဏာရှင်ကို တော်လှန်သည့်လမ်းကို ရွေးချယ်ခဲ့သည်။
ဘီအေ ဂျာဖော့ရ်၏ တက္ကသိုလ်ကျောင်းသားဘဝတုန်းက ပုံ။

ရန်ကုန်တက္ကသိုလ်တွင် ပညာသင်နေစဥ် ၁၉၆၁-၆၂ ခုတွင် ရန်ကုန်တက္ကသိုလ် ရခိုင်မူဆလင်ကျောင်းသားကျောင်းသူများအသင်း၌ မေယုဒေသဆိုင်ရာ ကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခံရသည်။ ထို့ပြင် ဂျာဖေါ့ရ်နှင့် အခြားရိုဟင်ဂျာကျောင်းသားကျောင်းသူများ ဦးဆောင်၍ "Rohingya Students Organisation" ရိုဟင်ဂျာ ကျောင်းသားကျောင်းသူများအသင်းကို ၁၉၆၂ ခုနှစ်၊ မတ်လတွင် ထူထောင်ခဲ့သည်။ ဂျာဖော့ရ်သည် ထိုအသင်းတွင် ဒုတိယ ဥက္ကဌ ဖြစ်လာခဲ့သည်။ ဥက္ကဌ အဖြစ် ဟူစိန်းကာဆိမ့်ကို ရွေးချယ်တင်မြောက်ခဲ့သည်။ ၂ နှစ်ကြာပြီးနောက် ဥက္ကဌရာထူးရွေးချယ်ရာ ဂျာဖော့ရ်သည် ထိုအဖွဲ့၏ ဥက္ကဌ အဖြစ် ရွေးချယ်ခံရသည်။ ဆရာရှော်ဘီရ်ဟူစိန်းမှာ ဒုဥက္ကဌ အဖြစ် တင်မြောက်ခဲ့သည်။
ရန်ကုန်တက္ကသိုလ် ရခိုင်မူစလင်အသင်း အမူဆောင်အဖွဲ့၏ ဓာတ်ပုံ မှတ်တမ်း။ ရှေ့တန်း ဝဲဘက်စွန်းက ဘီအေ ဂျာဖော့ရ်။ ပုံ- Ek Khaale. 

ဂျာဖော့ရ်သည် ရန်ကုန်တက္ကသိုလ်၌ ပညာသင်ရင်း အီဂျစ်နိုင်ငံ သံရုံးတွင် ဘာသာပြန်တစ်ဦးအဖြစ် အလုပ်ဝင်လုပ်ခဲ့သည်။

၁၉၆၄ ခုနှစ်တွင် ဂျာဖေါရ်သည် ဝမ်းကွဲအစ်ကို အဘူဆူဖီယာန်၏ မင်္ဂလာပွဲတွင် တက်ရောက်ရန် ဘူးသီးတောင်သို့ ရောက်လာခဲ့သည်။ ထိုပွဲတွင် ဂျာဖေါရ်သည် ရှူနာအာလီ (ဒပြူးချောင်း)၊ ဆရာကြီးနော်ဇီရ်အမတ်၊ ဆရာဝန် ဇာဟီးဒ်ဟူစိန်း တို့နှင့် တွေ့ဆုံခဲ့သည်။ သူတို့သည် အနီးရှိ ဆီကန်ဒါရ် ဒါရ်ဂါသို့ ထိုင်ကာ တိုင်းပြည်၏ တနေ့တခြား ဆိုးရွားလာနေသည့် အခြေအနေကို စကားစမြည်း ဆွေးနွေးတိုင်ပင်ခဲ့သည်။ ဤသို့ ဆိုးရွားသော အခြေအနေကို ခုခံရန် တော်လှန်ရေးတစ်ခု စတင်ရန် လိုအပ်ကြောင်း သူတို့ တညီတညွတ်တည်း ယုံကြည်ကြသည်။ နောက်နေ့တွင် ဆရာကြီးဆုလ်တာန် စသော အခြား ဝံသာနုစိတ်ထက်သန်သည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံတိုင်ပင်ရန် သူတို့ မောင်တောသို့ ထွက်ခွာခဲ့သည်။ အဆိုပါဆွေးနွေးမှုတွင် စစ်အာဏာရှင်ကို ရရာနည်းနှင့် တော်လှန်ရန် သူတို့အားလုံး သဘောတူခဲ့သည်။ ထို့နောက် သူတို့သည် မယောင်းခါလီစျေးသို့ သွားရောက်ကာ စျေးဟောင်းဗလီ၌ အဆွာရ်နမားဇ် ဝတ်ပြုပြီး ကတိသစ္စာပြုခဲ့သည်။ ၁၉၆၄ ခု ဧပြီလ ၂၆ ရက်နေ့တွင် သူတို့အားလုံး သွေးဖောက်ကျမ်းသစ္စာဆိုပြီး ရိုဟင်ဂျာ တော်လှန်ရေးကို တကျော့ပြန် စတင်ခဲ့သည်။ အဖွဲ့အမည်ကို ရိုဟင်ဂျာလွတ်မြောက်ရေးတပ် (Rohingya Independence Front) ဟု အမည်ပေးခဲ့သည်။ အဖွဲ့ခေါင်းဆောင်ကို Grand Raja ဟု ခေါ်တွင်သည်။ ခေါင်းဆောင်အဖြစ် ဆရာကြီး ဆုလ်တာန်ကို ရွေးချယ်ခဲ့သည်။ ဂျာဖေါ့ရ်အသက် ငယ်ရွယ်သဖြင့် လေးစားခံရသော ဝါရင့် ဆရာကြီးကို တာဝန်ပေးအပ်ခြင်းဖြစ်သည်။ ထိုအဖွဲ့သည် အနုနည်းဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရေးစတင်ခဲ့သည်။ အဖွဲ့၏ ရည်ရွယ်ချက်မှာ အဓမ္မ ဖိနှိပ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကာ ဗိုလ်နေဝင်း၏ အာဏာရှင်စနစ်ကို အခြားတိုင်းရင်းသားများနှင့် လက်တွဲကာ အမြစ်ဖြတ်တိုက်ဖျက်ရေးနှင့် ရိုဟင်ဂျာလူမျိုးတို့ ဆုံးရှုံးခံနေရသော အခွင့်အရေးမှန်သမျှကို ပြန်လည်အရယူရေးတို့ဖြစ်ကြသည်။ 

ဂျာဖော့ရ် ဝမ်းကွဲအစ်ကို၏ မင်္ဂလာပွဲ ပြီးဆုံးပြီးနောက် သူသည် ရန်ကုန်သို့ ပြန်လည်ထွက်ခွာခဲ့သည်။ရန်ကုန် ပြန်ရောက်သောအခါ မဆလအစိုးရက အူရ်ဒူ သတင်းစာများ ပိတ်ပင်လိုက်သဖြင့် ဂျာဖော့ရ်၏ ဘာသာပြန်အလုပ်လည်း လက်လွှတ်သွားခဲ့ရသည်။ သာသနာရေးဝန်ကြီးဌာနမှ မွတ်စလင်ကျောင်းသားများအသင်းကို ထောက်ပံ့လေ့ရှိသော ငွေ ၆၅၀၀၀ ကျပ်ကိုလည်း ဗိုလ်ချုပ်ကျော်စိုးက ရုပ်သိမ်းလိုက်၍ ရန်ကုန်တက္ကသိုလ် မွတ်စလင်ကျောင်းသားများအသင်း (RUMSA) နှစ်ပတ်လည်မဂ္ဂဇင်း ရန်ပုံငွေအတွက် ကြော်ငြာများစုစည်းရန် RUMSA ဒု-ဥက္ကဌ ဆယဒ်အာနုဝါရ်အဇီမ်နှင့်အတူ မနားတမ်း လှုပ်ရှားခဲ့သည်။ သူတို့ နှစ်ဦးသည် ဒီမိုကရေစီလမ်းစဥ်ကို ယုံကြည်ပြီး မည်သည့်အာဏာရှင်စနစ်ကို မဆို မုန်းတီးကြသည့် စိတ်တူကိုယ်တူများ ဖြစ်ကြသည်။ ရန်ကုန်တက္ကသိုလ် မူစလင်ကျောင်းသားကျောင်းသူအပေါ် အစိုးရ၏ အကန့်အသတ်များကို ဖြေလျော့နိုင်ရန်လည်း အပတ်တကုပ် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

ဂျာဖောရ်သည် ရန်ကုန်၌ ရှိစဥ် အမေရိကန် ပြည်ထောင်စုသို့ ရွေ့ပြောင်းနေထိုင်ရန် အခွင့်အလမ်းကောင်း ရရှိခဲ့သည်။ အမေရိကန်နိုင်ငံတွင် နေထိုင်သူ နယျုးကလိယားသိပ္ပံပညာရှင် ဒေါက်တာ တင်မောင် ခေါ် အဘူလ်ဟူစိန်းနှင့်လည်း ရင်းနှီးသည်။  (သူ ပါရဂူဘွဲ့ရရှိပြီး ရန်ကုန်ရောက်ရှိစဥ်က ရိုဟင်ဂျာကျောင်းသားများအဖွဲ့က ဖိတ်ခေါ်၍ တခမ်းတနား ဂုဏ်ပြုခဲ့သည်။) ထို့အပြင် အမေရိကန်နိုင်ငံ၌ နေထိုင်သည့် ၎င်း၏ ဆွေမျိုးများက သူ့အတွက် လိုအပ်သော အကူအညီများ၊ ငွေကြေးအထောက်အပံ့များ ပေးဆောင်ရန် အသင့်ဖြစ်ကြောင်း အမေရိကန်သို့ ပြောင်းရွှေ့ရန် ဂျာဖော့ရ်ကို ဖိတ်ခေါ်ခဲ့သည်။ ၎င်းတို့၏ အကူအညီဖြင့် အမေရိကန်နိုင်ငံသို့ ရွေ့ပြောင်းနေထိုင်ရန် ဂျာဖော့ရ်အတွက် အလွန်ပင် လွယ်ကူလှပေသည်။ သို့သော် ဂျာဖော့သည် သူ၏တောက်ပြောင်လှသော ဘဝ အနာဂတ်ကို မမက်မောဘဲ မိမိလူမျိုးနှင့် တိုင်းပြည်ကို စစ်အာဏာရှင်၏ မတရားနှိပ်စက်မှု ကွင်းပြင်မှ ကယ်ထုတ်ရေးကိုသာ သူ ဦးစားပေး ရွေးချယ်ခဲ့သည်။  

ရန်ကုန်မှ ပြန်လာပြီးနောက် ငယ်ချစ်ဆွေ ဘဝဖော် အရှရာဖ်ဇာမာန် ချောင်ဒရီ၏ သမီးနှင့် လက်ထပ်ထိမ်းမြှားခဲ့သည်။ ထို့နောက် ဂျာဖော့သည် အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့်  RIF ကိုယ်စားလှယ်အဖြစ် ပါကိစ္စတန်သို့ သွားရောက်ခဲ့သည်။

ပါကစ္စတန်နိုင်ငံ သမ္မတ အာယုပ်ခါန် နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ လူမျိုးရေးဖိနှိပ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တင်ပြကာ စစ်အာဏာရှင် ဆန့ကျင်ရေးတွင် ပါဝင်လှုပ်ရှားနေသည့် မြန်မာနိုင်ငံသားများကို ကူညီရန် တောင်းဆိုခဲ့သည်။ ၁၉၈၉ ခုတွင် ဇာဖေါ့ရ်သည် နောင်ဘင်္ဂလားဒေ့ရှ် သမ္မတဖြစ်လာမည့် ဗိုလ်ချုပ် ဇီယာအူရာဟ်မာန်နှင့် တွေ့ဆုံကာ မြန်မာပြည်တွင် အာဏာရှင်နေဝင်းအစိုးရက ပြည်သူလူထုကို မတရားဖိနှိပ်ညှည်းပမ်းနေသည့် အကြောင်းစုံကို ဆွေးနွေးတင်ပြကာ ပါကစ္စတန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအာဏာရှင်ကို ဖိအားပေးရန် တောင်းဆိုခဲ့သည်။

ဂျာဖော့သည် အနုနည်းဖြင့် စစ်အာဏာရှင်ကို တော်လှန်ရာ၌ အောင်မြင်မှုမရရှိသဖြင့် ၁၉၇၁ ခုတွင် ဂျာဖော့ရ်သည် သူ၏ အာရ်အိုင်အဖ် အပေါင်းအဖော်များနှင့်အတူ ဇာဖေါရ်ဆားနီ၏ မူဂျာဟီဒ်ပါတီသို့ ဝင်ရောက်ကာ လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့သည်။ (မူဂျာဟိတ်ပါတီခေါင်းဆောင်နာမည်မှာလည်း ဇာဖေါရ်ဆာနီ ဖြစ်နေ၍ နာမည်ချင်းတူနေသဖြင့် ဂျာဖော့ရ်ကို ဘီအေ ဂျာဖော့ရ်ဟု ခွဲခွဲခြားခြား ခေါ်တွင်လာခဲ့သည်။) RIF အစီအစဥ်ဖြင့် မေယုရာရှစ် (ခ) ဘမောင်နှင့် မလဝီ ကဘီရ်တို့ကို ထိုင်းနိုင်ငံသို့ စေလွှတ်ကာ အာဏာရှင်နေဝင်းကို ဖြုတ်ချရန် ကြိုးပမ်းနေသည့် ဝန်ကြီးချုပ်ဟောင်း ဦးနုနှင့် တွေ့ဆုံတိုင်ပင်စေခဲ့သည်။

၁၉၇၃ ခု အစပိုင်းတွင် ကွန်မြူနစ်ပါတီနှင့် ဗမာစစ်တပ်တို့ ပူးပေါင်း၍ ဇာဖေါ့တို့၏ ရသေ့တောင်ဌာနချုပ်ကို အလစ်ငင်း တိုက်ခိုက်ခဲ့သည်။ ရခိုင်ကွန်မြူနစ်ပါတီသည် ဇာဖောရ်ဆားနီနှင့် မဟာမိတ်ဖွဲ့ထားသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ သို့သော် သစ္စာဖောက်၍ ဗမာစစ်တပ်နှင့် ပူးပေါင်းကာ မူဂျာဟိတ်အဖွဲ့ကို တိုက်ခိုက်လာခြင်းဖြစ်သည်။ တိုက်ပွဲသည် လနှင့်ချီ ကြာမြင့်ခဲ့သည်။ နှစ်ဖက် အကျအဆုံးလည်း များပြားခဲ့သည်။ အစပိုင်းတွင် ဇာဖာရ်တို့အဖွဲ့ တိုက်ပွဲအနိုင်ရခဲ့သော်လည်း နောက်ပိုင်းတွင် မြန်မာ့တပ်မတော်က အင်အားဖြည့် ထိုးစစ်ဆင်လာသောကြောင့် သူတို့၏ ခြေကုပ်ယူထားသည့်စခန်းများကို တစ်ခုပြီးတစ်ခု တဖြေးဖြေး ဆုပ်ခွာပေးခဲ့ရသည်။

မေယုတောင်တန်း တစ်နေရာတွင် ရိုက်ကူးထားသော RPF ခေါင်းဆောင် ဘီအေ ဂျာဖော့ရ်။ 


၁၉၇၃ ခုနှစ် အလယ်လောက်တွင် ဘီအေ ဂျာဖော့ရ်၊ ဇာဖေါရ်ဆာနီ နှင့် မေယုရာရှစ်တို့ သုံးပွင့်ဆိုင် ဆွေးနွေး၍ လက်ရှိ တော်လှန်အဖွဲ့ကို ခေတ်မီစစ်ဗျူဟာများနှင့်အညီ ပြုပြင်ပြောင်းလဲရန် အချိန်တန်ပြီ ဖြစ်ကြောင်း သုံးသပ်သဘောတူခဲ့သည်။

၁၉၇၃ ခု စက်တင်ဘာလ ၁၂ ရက်တွင် ဂျာဖေါ့ရ် ဦးဆောင်၍ Rohingya Patriotic Front ကို ဖွဲ့စည်းခဲ့သည်။ အဆိုပါအဖွဲ့တွင် ဇာဖေါ့ကို အဖွဲ့ခေါင်းဆောင်အဖြစ် တင်မြှောက်ခဲ့သည်။

၁၉၇၄ ခုတွင် နောက်ထပ် ပညာတတ်လူငယ်အချို့ ဂျာဖေါ့၏ အဖွဲ့သို့ သစ္စာရေသောက်ခဲ့သည်။ ထိုအဖွဲ့ ၌ နောင်တွင် တော်လှန်ရေးအဖွဲ့ခေါင်းဆောင် ဖြစ်လာမည့် ဆရာရှောဘီရ်ဟူစိန်း၊ ရှေ့နေနူရ်အစ္စလာမ်၊ ဒေါက်တာအီနုစ်နှင့် ပါမောက္ခ ခင်မောင် တို့ပါဝင်လာသည်။



၁၉၇၈ ခု အကြမ်းဖက် နဂါးမင်း စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာများကို ရမ်းကား မောင်းထုတ်ခဲ့သည့်အချိန်တွင် ဇာဖေါ့ရ်၏အဖွဲ့ တွင် လူငယ်များ ပူးပေါင်းလာကြသည်။ RPF သည် ယခင်ကထက် အင်အားကြီးထွားလာခဲ့သည်။ ဂျာဖော့သည် ၁၉၇၈ ခု အကြမ်းဖက် နဂါးမင်းစစ်ဆက်ရေး နောက်ကွယ်က အာဏာရှင်နေဝင်း၏ ယုတ်မာသည့် အကြံအစည်ကို ကမ္ဘာသိအောင် ကြိုးပမ်းလှုပ်ရှားခဲ့သည်။ Rohingyas' Outcry and Denands ၊ Genocide in Burma Against the Muslims of Arakan စာအုပ်၊ စာစောင်များ ထုတ်ဝေကာ ရိုဟင်ဂျာလူမျိုးအပေါ် စနစ်တကျ ဖိနှိပ်ချုပ်ချယ်သောင်းကျန်းလာမှုများ၊ ရိုဟင်ဂျာလူမျိုး၏ တောင်းဆိုချက်များကို ကမ္ဘာသိ ထုတ်ဖော်တင်ပြခဲ့သည်။  ကမ္ဘာလူ့အခွင့်အရေးကောင်စီအထိ အစီရင်ခံစာများပေးပို့ကာ ရိုဟင်ဂျာများ တရားမျှတမှုရရှိရေးအတွက်  ကြိုးပမ်းခဲ့သည်။ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် ကမ္ဘာ့မူစလင်ကွန်ဖရင့်တွင် ကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်။
RPF ၏ အစည်းအဝေးတစ်ခုတွင် တွေ့ရှိရသည့် အသက်ကြီးလာသော ခေါင်းဆောင် ဘီအေ ဂျာဖော့ရ်။ ပုံ- အင်တာနက်။
ဘီအေ ဂျာဖော့ရ်၏ ချစ်လှစွာသော ဇနီးကြင်ရာ။ ပုံ- အင်တာနက်။

၁၉၇၈ နောက်ပိုင်းတွင် ဂျာဖော့သည် ဆော်ဒီအရေးဗျားနိုင်ငံသို့ သွားရောက်ခဲ့သည်။ ဆော်ဒီ၌ ကမ္ဘာ့မူစလင်ခေါင်းဆောင်များ၊ ဖိလစ်ပိုင်မူစလင်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ ဆော်ဒီအရေးဗီယားမှ ပြန်လာသောအခါ RPF အဖွဲ့အတွင်း ပုန်ကန်မှုဖြစ်ပေါ်ခဲ့သည်။  သို့သော် ဂျာဖော့သည် စိတ်သဘောထားကွဲလွဲနေသူများကို ပြန်လည်စည်းရုံးနိုင်ခဲ့သည်။

RPF ပြန်လည်အားတင်းလာသည့်အချိန်တွင် ခေါင်းဆာင်ပိုင်နေရာအတွက် ထပ်မံပုန်ကန်မှုဖြစ်ပွားခဲ့သည်။ ဒု-ဥက္ကဌ ရှောဘီဟူစိန်း ခေါ် ဦးမောင်တင်က ဂျာဖော့ကို ဖြုတ်ချကာ ခေါင်းဆောင်နေရာကို သိမ်းယူခဲ့သည်။ ဂျဖောသည် သူ့အပေါ် သစ္စာရှိသော ရဲဘော်ရဲဖက်များကို စည်းရုံးကာ RPF ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ တပ်မှူးအဖြစ် ဒါလိလ်အမတ်ကို ခန့်အပ်ခဲ့သည်။
ခေါင်းဆောင်ကြီး ဘီအေ ဂျာဖော့ရ်၏ နောက်ဆုံး ခေါင်းချရာ နေရာ။ ပုံ- ခင်မောင်။


ဘီအေဂျာဖော့ ၏ ကိုယ်ကျိုးမဲ့ တော်လှန်ရေးလှုပ်ရှားမှ အနာဂတ်တွင် ရိုဟင်ဂျာလူမျိုးအတွက် အသက်သွေးစတေးမည့် တော်လှန်ရေးမျိုးစိတ်ကောင်း လူငယ်ပေါင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။ တော်လှန်ရေးခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးခဲ့သည်။ ဂျာဖောသည် သူ၏အိပ်မက် "ရိုဟင်ဂျာလူမျိုးလွှတ်မြောက်ရေး"အတွက် ကြိုးပမ်းရင်း ၁၉၈၇ ခု နိုဝင်ဘာလ ၆ ရက်နေ့တွင် အိပ်မက် မဖြည့်ဆည်းနိုင်ဘဲ အသည်းရောင်ရောဂါဖြင့် ကွယ်လွန်ခဲ့လေသည်။ ဘီအေ ဂျာဖော့သည် နောက်ဆုံးထွက်သက်အထိ အမျိုးသားတော်လှန်ရေးကို သစ္စာရှိရှိ မနားတမ်းလုပ်ဆောင်ခဲ့သူဖြစ်သည်။ ရိုဟင်ဂျာတော်လှန်သမိုင်းတွင် ဘီအေ ဂျာဖောရ်သည် မမှိန်နိုင်သော ကြယ်စင်အဖြစ် ထာဝရ တောက်တောက်ပြောင်နေမည်တည်း။

လူထုဝဏ္ဏ
(၂၅-၈-၂၀၂၅)

ကိုးကား‐

Jilani, A. F. K. (1999). The Rohingyas of Arakan: Their Quest for Justice. Ahmed Jilani. Retrieved 22 March 2018.

Siddique, Muhammad.  (N.d). Akaabere Arakan. (Urdu Version).