Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, February 6, 2016

အင်္ဂလိပ်စာအမှတ် ခြောက်ဆယ် ကျော်ရင် ပုဂ္ဂလိကဆေးကျောင်း တက်လို့ရပြီ

အင်္ဂလိပ်စာအမှတ် ခြောက်ဆယ် ကျော်ရင် ပုဂ္ဂလိကဆေးကျောင်း တက်လို့ရပြီ
=============================


ခြောက်နှစ်တာကြာမြင့်မယ့် ပညာသင်နှစ် ကျောင်းလခအတွက် မြန်မာငွေ ၃၃ သိန်းပတ်ဝန်းကျင် ကုန်ကျမှာပါ။
တက္ကသိုလ်ဝင်တန်းမှာ အင်္ဂလိပ်စာအမှတ် ခြောက်ဆယ်နဲ့အထက် ရထားတဲ့လူတွေအနေနဲ့ လာမယ့် မေလ ၁၂ ရက်နေ့ကနေစပြီး ဗစ်တိုးရီးယား အောက်စဖိုဒ် ဆေးတက္ကသိုလ်မှာ ပညာသင်ခွင့်လျှောက်နိုင်ပြီလို့ သိရပါတယ်။ ဒီတက္ကသိုလ်မှာ မလေးရှားနိုင်ငံက MAHSA ဆေး တက္ကသိုလ်ရဲ့ သင်ရိုးအတိုင်း သင်ကြားပေးမယ်လို့သိရပြီး အင်္ဂလန်နဲ့ သြစတြေးလျ သင်ရိုးတွေကို ပေါင်းစပ် သင်ကြား ပေးသွားမယ်လို့ဆိုပါတယ်။
play
ပြည်ပနိုင်ငံတွေကနေ ဆရာဝန်ဘွဲ့တစ်ခုခုရလာရင် မြန်မာနိုင်ငံမှာစာမေးပွဲ တစ်ခုစစ်ပေးပြီးအောင်မြင်တယ်ဆိုရင် ဆရာဝန်အသိအမှတ်ပြုလက်မှတ် ဆမ ထုတ်ပေးတယ်လို့ ဗစ်တိုးရီးယား အောက်စဖိုဒ် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာနေဝင်းနိုင်က ပြောပါတယ်။ခြောက်နှစ်တာကြာမြင့်မယ့် ပညာသင်နှစ် ကျောင်းလခအတွက် မြန်မာငွေ၃၃သိန်း ပတ်ဝန်းကျင် ကုန်ကျမယ်လို့သိရပြီး ပညာသင်ဆုတွေလည်း လျောက်ထားနိုင်တယ်လို့ သိရပါတယ်။
Credit - Duwun

No comments:

Post a Comment