Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, February 18, 2016

မငိုပါနဲ့တော့ ရိုဟင်ဂျာ

မငိုပါနဲ့တော့ ရိုဟင်ဂျာ

By အဗ္ဗဒူလ် အလ် ရာဟာမာန်လေး

ခေတ်အဆက်ဆက်
ဒိုးတူပေါင်ဖက်
စွမ်းစွမ်းတမံ
တိုင်းကျိုးပြည်ပြု
နယ်ခြားစောင့်ကူ
တိုင်းရင်းသားမှန်
စိတ်အားသန်တဲ့
ရိုဟင်ဂျာ။

တိုင်းရင်းသားရေး
မျှော်ကာတွေးလို့
ချစ်ကြည်ရင်းနှီး
လက်တွဲညီကာ
လက်နက်အပ်တဲ့
ရိုဟင်ဂျာ။

ကုလားဗမာ
မခွဲခြားဘဲ
အေးတူပူမျှ
လက်ချင်းဆက်ကာ
ငြိမ်ချမ်းစွာနဲ့
နေထိုင်ခဲ့တဲ့
ရိုဟင်ဂျာ။

ကိုယ်ကျိုးမက်သူ
ယုတ်သူတစ်စု
နောက်ကွယ်ပြုလို့
ခွဲခြားဆက်ဆံ
ရိုင်းပြရက်စက်
ရိုက်နက်သတ်ပုတ်
မီးရှို့လုယူ
ကြီးနိုင်ငယ်ညှင်း
နယ်နှင်ဒဏ်ခံ
ရိုဟင်ဂျာ။

မင်းတို့ သက်သွေး
ကျမျက်ရည်ကြောင့်
ဒို့တိုင်းပြည်ဝယ်
ဇယ်စက်သလို
သဘာဝဘေး
မတွေးရဲအောင်
ကပ်မျိုးစုံလို့
ပြည်ပျက်တော့မယ်
ရိုဟင်ဂျာတို့။

လူစိတ်ရှိသူ
ပြည်ချစ်သားတို့
ရိုဟင်ဂျာလည်း
လူသားပေမို့
ဖေးမှတွဲထူ
စိတ်အားကူကာ
ကျမျက်ရည်သုတ်
ထိန်းသိမ်းလှဲ့ပါ
မငိုပါနဲ့တော့ ရိုဟင်ဂျာလို့



No comments:

Post a Comment