Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, February 7, 2016

ရိုဟင်ဂျာ အရပ်မျက်နှာ အခေါ်အဝေါ်များ


ရိုဟင်ဂျာ အရပ်မျက်နှာ အခေါ်အဝေါ်များ



အရပ်မျက်နှာကို သိရှိနားလည်ခြင်းသည် လူတို့အတွက် အရေးကြီးသည်။ လူတို့သည် နေ့အခါတွင် နေမင်းကို အခြေခံ၍ အရပ်လေးမျက်နှာ သတ်မှတ်ကြသည်။ ညအခါတွင် ကြယ်များကို ကြည့်၍ အရပ်လေးမျက်နှာ ရှာဖွေကြသည်။ ပိုပြီး တိကျမှန်ကန်လာစေရန် ထိုအရပ်လေးမျက်နှာ၏ ကြားထောင့်၌ နောက်ထပ် အရပ်လေးမျက်နှာကို အမည်တွင် သတ်မှတ်လာကြသည်။  ဤသို့ဖြင့် အရပ်ရှစ်မျက်နှာဖြစ်လာသည်။ 

 ရိုဟင်ဂျာဘာသာစကားတွင် အရပ်မျက်နှာကို ဒီချား (dicá) ဟုလည်းကောင်း၊ ထောင့်အရပ်ကို ကူနာ (kuna) ဟုလည်းကောင်း ခေါ်လေ့ရှိသည်။ အရပ်ရှစ်မျက်နှာတို့သည် ဘာသာတိုင်း၊ လူမျိုးတိုင်းမှာ တူညီကြသည်။ ဘုံကျသည်။ ယင်းအရပ်မျက်နှာတို့မှာ-

(၁) Fuk                (အရှေ့အရပ်)
(၂) Fosím            (အနောက်အရပ်)
(၃) Uttor             (မြောက်အရပ်)
(၄) Doin              (တောင်အရပ်)
(၅) Oinor Kuna (အရှေ့တောင်အရပ်)
(၆) Fanír Kuna  (အရှေ့မြောက်အရပ်)
(၇) Boyaror Kuna (အနောက်မြောက်အရပ်)
(၈) Meçir Kuna  (အနောက်တောင်အရပ်)

တို့ဖြစ်ကြသည်။

အထက်ဖော်ပြပါ အရပ်မျက်နှာတို့၏ အမည်များသည် သက္ကတဘာသာစကားမှ ဆင်းသက်လာသော ဝေါဟာရများဖြစ်ကြသည်။ 

ထောင့်ကျသော အရပ်မျက်နှာများမှာမူ ရှေးခေတ် နက္ခတ်ပညာရပ် အယူအဆဖြင့် အမည်ပေးထားခြင်းဖြစ်သည်။ မဇ္ဇျိမဒေသ၏ နက္ခတ်သဘောတရား အယူအဆများကို ရိုဟင်ဂျာတို့က လက်ခံကျင့်သုံးခဲ့ခြင်း ဖြစ်သည်ဟု ယူဆရသည်။ မီး၊ ရေ၊ လေ၊ မြေ ဓာတ်ကြီးလေးပါးကို အစွဲပြု၍ ထောင့်အရပ်အမည်များ မှည့်ခေါ်ထားသည်ကို တွေ့ရသည်။ ဤ နက္ခတ်သဘောတရားလွှမ်းမိုးထားသော ထောင့်အရပ်များသည် ရှေးအခါက အိမ်၊ ကန်၊ လမ်း အဆောက်အဦများတည်ဆောက်ရာလည်းကောင်း၊ ဗေဒင်တွက်ရာတွင်လည်းကောင်း အသုံးများခဲ့သည်ဟု သက်ကြီးအိုကြီးများထံမှ သိရှိရသည်။ 

ဤသို့ အမည်ပေးထားခြင်းမှာ မီးသည် ပျက်စီးခြင်း၊ ဘေးအန္တရာယ်ပြုခြင်း၊ ရေသည် ငြိမ်းချမ်းခြင်း၊ လေသည် ကျော်ကြားခြင်း၊ တိုးတက်ခြင်း နှင့် မြေသည် စားနပ်ရိက္ခာဖူလုံခြင်း စသည်ဖြင့် ရည်ညွှန်းသည်။ ထိုမည်သော ထောင့်များကို သတိထားဆင်ခြင်၍ အိမ်၊ အဆောက်အဦးများ ဆောက်ကြလေ့ရှိခဲ့သည်။ အရှေ့တောင်အရပ်ဖြစ်သော Oinor kuna တွင် အိမ်တံခါး၊ မီးဖိုချောင် စသည်တို့ မထားရန် တားမြစ်လေ့ရှိကြသည်။ ပျက်စီးခြင်းကို ဖြစ်စေသည်ဟု ယူဆကြသည်။ ထို့အယူအဆသည် ယနေ့ထက်ထိ ရှိနေသည်။ သို့သော် ဤသည်မှာ အိစ္စလာမ်သာသနာ၏ ပညတ်ချက်များ မဟုတ်ကြောင်း သိစေလိုသည်။ ထိုထောင့်အရပ် နာမည်အသုံးများမှာ ခေတ်ကာလကြာလာသည်နှင့်အမျှ တဖြေးဖြေး ပျောက်ကွယ်သွားလေသည်။ ယနေ့တိုင်သုံးနေသော ထောင့်အရပ် အမည်တစ်ခုမှာ Oinor kuna ဖြစ်ပေသည်။ 

ယခုအခါ ထောင့်ကျသော အရပ်မျက်နှာများကို doin-fukor kuna ၊ uttor-fukor kuna ၊ uttor-fosímor kuna နှင့် doin- fosímor kuna စသည်ဖြင့် ခေါ်ကြသည်။ မူလ လေးမျက်နှာ ခေါ်ပုံမှာ တောင်အရပ်ကို Doin dicá ၊ အနောက်အရပ်ကို fosím dicá စသည်ဖြင့် ခေါ်ကြသည်။ တဖန် အနောက်ဘက် ကို fosím dicá ဟု မခေါ်ဘဲ fosím mikká ဟု ခေါ်ထုံးရှိသည်။ mikká မှာ ဦးတည်ရာဘက်ဟု အနက်ရသည်။ 

သင်သိသမျှ ရိုဟင်ဂျာ စာပေ၊အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ ဆိုင်ရာ ဗဟုသုတများကို ဤ page တွင် မျှဝေပါရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်။ 

(ရိုဟင်းကိန်းရေးသည်)


No comments:

Post a Comment