Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, April 6, 2017

ဂဠုန်ဦးစောသာ အရင်သေခဲ့ရင်




လူထုဝဏ္ဏ|7. 4. 2017

ဘီဘီစီ BBC သတင်းဌာနမှ ထုတ်လွှင့်ခဲ့သည့် သတင်းထောက် Fergal Keane နှင့် အင်တာဗျုတစ်ခုတွင်  နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်၌ လူမျိုးသုန်းသတ်ဖြတ်နေသည်မှာ တစ်ခြားမဟုတ် မူစလင်က မူစလင်ကိုသာ သတ်ဖြတ်နေကြောင်း ပြောဆိုသွားတယ်။ နိုင်ငံတော် အတိုင် အပင်ခံပုဂ္ဂိုလ်ရုံးရဲ့ ဖေစ်ဘုခ် စာမျက်နှာအရ သတ်ဖြတ်ခံရတာဒေသခံ မူစလင် (၂၃) ဦး ဖြစ်နေကြောင်းကို လည်း တွေ့ရပါတယ်။ 

တကယ့်တော့ မည်သည့်လူမျိုးဖြစ်ပါစေ လူကောင်း၊ လူမိုက်ဟူ၍ နှစ်မျိုးနှစ်ဖြာ ဒွန်တွဲရှိနေသည်ကို အများကလက်ခံထားသည်။ လူကောင်းသည် ဖွံ့ဖြိုးတိုးတက် မင်္ဂလာရှိတဲ့ လုပ်ငန်းဆောင်ရွက်မူတွေကို ကျင့်လျက် ပြည်သူလူထု အကျိုးဆောင်နေကြသည်။ လူမိုက်တို့ကမူ လူ့ဘောင်အဖွဲ့အစည်းကို ဖျက်စီးရာ ယုတ်မာ လုပ်ငန်းဆောင်တာများသာပြုလျက် မိမိကိုသာမက သက်ဆိုင်ရာ လူဘောင်တစ်ခွင်ကိုပါ ဖျက်စီးကြ ၏။  ဖျက်စီးရှုံးနိမ့်ခဲ့ရသော လူမျိုးတိုင်း၊ တိုင်းပြည်တိုင်း၊ အုပ်ချုပ်ရေးတိုင်း၏ နောက်ကွယ်မှ ဤလူမိုက်များသာ အဓိက သော့ချက်ဖြစ်နေကြတယ်။ ဥဒဟရုဏ် အနေနဲ့ ကုန်းဘောင်ဆုံးမင်းဆက် မင်းတုန်းမင်းကြီးရဲ့ ညီတော် ကနောင်မင်းသား လုပ်ကြံခံရသည်မှာ မိမိအမျိုးမိမိသွေးဖြစ်သော အာဏာရူး မင်းသားတွေ မြင်းခုံ၊မြင်းခွန်တိုင်၏ မိုက်မဲမှုကြောင့် မဟုတ်လား။ ကနောင်မင်းသားမှာ သာမန်မင်းသား တစ်ပါးမဟုတ်၊ ပညာရှင်ကြီးပင်ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ခေတ်နှင့်တစ်ပြေးညီ တိုးတက်ရေးအတွက် သူ့ရဲ့ကြိုးပမ်းမှုမှာ သမိုင်းမော်ကွန်းတင်နေ၏။ ဤလူမိုက်တွေကြောင့် ဤမျှလောက် တန်ဖိုးအဂ္ဂ အမြူတေကို ကျွန်ုပ်တို့ ဆုံးရှုံးရခြင်းဖြစ်တယ်။ 

ဂဠုန်ဦးစောကိုကြည့်ကြရအောင်။ သူ၏မိုက်မဲမှုကြောင့် ဗမာနိုင်ငံရဲ့ နှစ်နာဆုံးရှုံးရမှုက ပြောမကုန်ဖြစ်နေ တယ်မလား။ ဗမာ့လွတ်လပ်ရေး ဗိသုကာကြီးများကို တစ်ပေါင်းတစ်ပါတည်း ကျွန်ုပ်တို့ ဆုံးရှုံးခဲ့ရတယ်။ ဒီသစ္စာဖောက် ငမိုက်ခွေး ဦးစောကို တစ်စုံတစ်ယောက်က အရင်သတ်လိုက်ခဲ့မယ်ဆိုရင် တို့ သူရဲကောင်းတွေက အသက်ဆက်လက်ရှင်သန်ခွင့်ရပြီး နိုင်ငံတော်ရဲ့ အခြေအနေလဲ ဒီလိုခေတ်အလိုက် တက်ဆင်းဖြစ်မှာမဟုတ်ဘူးလို့ထင်မိပါတယ်။ အန္တရာယ်အရှိဆုံးလူတွေကို ပြဆိုရင် သစ္စာဖေါက် ကျွန် ကပ်ပါးကောင်တွေကို လက်ညိုးထိုပြကြမယ်။

အချုပ်တန်းဆရာဖေက-
 “ မြန်မာတွေစည်းကမ်းဖေါက်လို့၊
ထီးနန်းပျောက်ဖြစ်ပြီ၊ 
မှီးကွန်းထောက် အသစ်မှီတယ်၊ 
ညစ်ပလီ လူမျိုး၊ 
မိပစ်လို့ ဖ ရှောင်သွေသည်၊ 
ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။ 
မြန်မာများကြွားချင်၊ဓားပြသွင် လူဆိုး၊
          ကုလားမြင် သူ့အမေရိုးတော့မလို၊
           ခုမြေလျှိုးပုန်းရှောင်၊
မိုက်ပနော် ပြုမဟေးတို့က၊ 
သူ့ပထွေးတော့ ခွေးသို့မဟောင်။ 
ပြောရောဟဲ့ရာဇဝင်ပြောင်အောင်၊ 
စာဇင်တောင် ဦးချလို့၊ 
ပလူးရ ပြေးကြို့ခါခါ၊ 
ခွေးသို့ပမာ၊ 
တွေးမိတိုင်း အရိုးနာသည်၊ 
အမျိုးပါ ဆဲချင်ပေါ့လေး။ ။” 
ဟူသော တေးထပ်ဖြင့် ကျွန်ပေါက်သားတွေကို ဆုံးမခဲ့တယ်။ ကျွန်ကပ်ပါး သစ္စာဖောက်တွေက ကင်ဆာရောဂါလိုပါ။ ကိုယ်ခန္ဓာအင်္ဂါအစိတ်အပိုင်း တစ်ခုခု၌ ကင်ဆာရောဂါစွဲကပ်လာရင် ထိုအင်္ဂါကို ခွဲစိတ်ပိုင်းဖြတ်လိုက်ခြင်းသာ အကောင်းဆုံးကုသနည်းဖြစ်တယ်။ လူကို သတ်နေတာမဟုတ်ဘဲ အသက်ပါ သွာနိုင်တာကို ကြိုတင်ကာကွယ်ခြင်းဖြစ်တယ်။  ထို့အတူ လူ့အဖွဲ့အစည်းရဲ့ သစ္စာဖောက် လောက်ကောင် တွေကိုလည်း ရှင်းလင်းခြင်းက လူမျိုးသုန်းသတ်ဖြတ်တာ မမြောက်ပေ။ လူမျိုးစု သို့မဟုတ် လူ့ဘောင် အဖွဲ့အစည်းကို ဖျက်စီးခြင်းမှ ကြိုတင်ကာကွယ်လိုက်ခြင်းဖြစ်တယ်။ ဒီဟာကို နိုင်ငံတော်အတိုင်အပင်ခံ ပုဂ္ဂိုလ်က အသိပင်ဖြစ်မယ်။ 

ခေတ်အဆက်ဆက်က စစ်ဆင်ရေးအမျိုးမျိုးဖြင့် တစ်သုတ်၊ လူမျိုးရေးအဓိကရုဏ်းဖြင့် တစ်သုတ်၊ စွပ်စွဲမှုဖြင့် တစ်သုတ် စသည်ဖြင့် အစုလိုက်အပြုံလိုက် အသတ်ခံလာခဲ့တဲ့ လူမျိုးသုန်းသတ်ဖြတ်မှုတစ်ခုကို ဖုံးကွယ်ရန် မပြောလောက်သောပမာဏ သတ်ဖြတ်မှုကို အထောက်အထားပြပြီး ချေပတာက ပါးနပ်မှုတောင် မခေါ်နိုင်ချေ။ စဉ်းစားတတ်သော လူတို့က ဆင်ခြင်ကြည့်လိုက်လျှင် ဒီစကားသည် ရယ်စရာသာ ဖြစ်လိမ့်မယ်။ အမုန်းစက်ဝန်း ထင်ဟပ်နေမယ်။ 

ရခိုင်ပြည် မြောက်ပိုင်း ရိုဟင်ဂျာအများဆုံးနေထိုင်တဲ့မြို့နယ်များတွင် ဒေသခံအချို့ သတ်ဖြတ်ခံရတာ၊ ခြေရာပျောက်နေတာတို့ ကြားနေရသော်လည်း မည်သူမည်ဝါက သတ်ဖြတ်နေကြောင်း အတိအကျ ဖော်ထုတ်နိုင်ခြင်းမရှိချေ။ ရိုဟင်ဂျာ လက်နက်ကိုင်တပ်ဖွဲ့က သတ်နေတာ ဖြစ်ချင်ဖြစ်နိုင်တယ်၊ ရခိုင် လက်နက်ကိုင်တပ်ဖွဲ့က သတ်တာ ဖြစ်ချင်ဖြစ်နိုင်တယ်။ အစိုးရလက်နက်ကိုင်တပ်က သတ်နေတာဖြစ် ချင်ဖြစ်နိုင်တယ်။ အချင်းချင်း အငြင်းပွားမှုမှ အသတ်ခံရတာအတိ ကြီးသွားတာ ဖြစ်ချင်ဖြစ်နိုင်တယ်။ ဒါမှမဟုတ် မုန်းပင်စိုက်သူ ရခိုင်မျိုးချစ်တွေက သတ်တာဖြစ်ချင်ဖြစ်နိုင်တယ်။ အားလုံးမှာ သတ်ဖြတ်မယ့် အကြောင်းတရားတွေရှိနေတယ်။ ရိုလက်နက်ကိုင်တပ်ရဲ့ ဖြစ်နိုင်ခြေ အကြောင်းတရားက သစ္စာဖောက်ဖြစ်နေတာကြောင်း ဆိုဆုံးမ မရတဲ့အခါ ရှင်းလင်းခြင်းဖြစ်နိုင်တယ်။ အစိုးရတပ်က ဖြစ်နိုင်ခြေ အကြောင်းတရားက အစိုးရ ဆန့်ကျင်သော အပြောအဆို အပြုအမူ လုပ်ခဲ့တဲ့အတွက်ကြောင့် ၊ လက်နက်ကိုင်တော်လှန်ရေးသမားများရဲ့ ခေါင်းပေါ်ပုံချ အပြစ်တင်လိုခြင်း ဖြစ်နိုင်တယ်။ ရခိုင်ကတော့ နှစ်ဖက် အဖွဲ့အစည်း မတည်မငြိမ်အောင် လုပ်နေခြင်း ဖြစ်လိမ့်မယ်။ မည်သို့ပင်ဖြစ်စေကာမူ မည်သူ တစ်စုတစ်ဖွဲ့ကို ခိုင်လုံသော အထောက်အထားမဲ့ တိတိကျကျ စွပ်စွဲလိုက်ခြင်းက တရားဘောင်က ဘယ်လိုနည်းနဲ့မျှ ခွင့်ပြုမယ်မဟုတ်ပေ။ နိုင်ငံတော်အတိုင်အပင်ပုဂ္ဂိုလ်က သဲလွင်စ မရှာဘဲ ထင်ရုံကြားရုံနဲ့  စွပ်စွဲလိုက်ခြင်းက ဥပဒေဘောင်ကျော်လွန်ခြင်းသာဖြစ်သည်။

အသတ်ခံရတဲ့သူတွေမှာ တစ်ချို့က သစ္စာဖောက်လူမိုက်တွေဖြစ်ကြောင်း အမည်မဖော်လိုသော ဒေသခံတစ်ချို့က ဖွင့်ဟခဲ့သည်။ အသတ်ခံရသူ တစ်ဦးနဲ့ ပတ်သက်ပြီး  “သူက ဌာနတွေနဲ့ ပူးပေါင်းပြီး ရွာသားတွေကို အလွန်တရာ နှိပ်စက်ခဲ့တယယ်လေ၊ ဌာနဆိုင်ရာတို့ရဲ့ ငွေထုတ်တဲ့စက်ပါပဲ။ သူ့ရဲ့ ငွေညှစ်မှု၊ လယ်မြေကျူးကျော်မှုတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေထံ ရွာသားတွေက တိုင်ကြားခဲ့တာလဲ ရှိတယ်။ ဒါပေမဲ့ ဘာတစ်ခုမှ မထူးခဲ့ဘူး။  နောက်ဆုံးတော့ ကြားသလိုပဲ သူရဲ့နိဂုံး မလှခဲ့တာပေါ့။” ဟု ဒေသခံတစ်ဦးက ပြောပြခဲ့တယ်။ 

နောက်တစ်ယောက်လဲ သတင်းမီဒီယာတွေနဲ့ စကားပြောပြီး နောက်တစ်ရက်နေ့ အသတ်ခံလိုက်တယ်။ မီဒီယာကို အစိုးရအား ဆန့်ကျင်ပြောလို့ လား၊ အဟုတ်ကို အဟုတ်အမှန်အတိုင်းမပြောပဲ အစိုးရဘက် လိုက်ပြောလို့လား မသိရချေ။ အစိုးရသတင်းဌာနက ရိုတပ်တွေက သတ်တယ်လို့ ရေးသားဖော်ပြပြီး အာရ်ဘီ သတင်းက ဒေသခံအကိုးအကားဖြင့် အစိုးရတပ်က သတ်ခဲ့တယ်လို့ ဖော်ပြထာပါတယ်။ ဤသို့ မခိုင်လုံ မတိကျသော လူသတ်မှုကို ရိုဟင်ဂျာ လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းပေါ် အပြစ်ပုံချပုံက နိုဘဲလ်ဆုရှင် စကားနဲ့ မထိုက်တန်ပါဘူး။  

မောင်တော၊ ဘူးသီးတောင်ဒေသဟာ အစိုးရဝန်ထမ်းတွေအတွက် ဝဆေးပင် ဖြစ်တယ်။ အစက ကိုယ်ခန္ဓာ ပိန်လှီပါးပါးနဲ့ တာဝန်ကျသော ဝန်ထမ်းဟာ ပြန်ခါနီးတွင် ဗိုက်ကြီကြီးနဲ့ ဖြစ်လာတယ်။ အစိုးရကပေးတဲ့ လစာထက် ညှစ်ရတဲ့ငွေကို သူတို့မက်မောကြတယ်။ ရုံးကူမှ အရာရှိ- ကြီး-မှူး-ချုပ် အဆင့်ထိ ကိုယ်စီကိုယ်စီ ဒေသခံတပည့်တွေ ကို ကံကျွေးပေး၍ ထားကြတယ်။ ဒီလောက်ကောင်တွေ အမှူးထမ်းတွေ အဓိက ငွေပေးတဲ့ လူမိုက်ရုပ်တွေဖြစ်ကြတယ်။ လူမိုက်ကပ်ပါးတွေကို လက်ကိုင်ပြု၍ ပြည်သူတွေကို အမျိုးမျိုး နှိပ်စက်မှုများ၊ ငွေညှစ်မှု၊ ကိုယ်ထိလက်ရောက် စော်ကားမှု၊ လာဘ်ပေးလာဘ်ယူမှုတွေကို အကောင်အထည်ဖော်နေကြတာပါ။ ထို့ကြောင့် သန့်ရှင်းသောအစိုးရ ဖြစ်ချင် ဒီကျွန်ကပ်းပါးတွေကို ထိထိရောက်ရောက် အရေးယူရမယ်။ သူတို့ကြောင့် ပြည်သူတွေဒုက္ခရောက်တာ သာမက အစိုးရလည်း နာမယ်ပျက်ရတယ်။ စကားမစပ် ဒီအလုပ်ကို တစ်ခြားတစ်စုံတစ်ယောက်က လုပ်နေတယ်ဆိုရင် တရားနည်းမကျသော်လည်း အစိုးရအား ထောက်ပြနေခြင်းဖြစ်မယ်လို့ ယူဆရတယ်။

ဤသို့လျှင် နှစ်ပေါင်းများစွာကတည်းက နည်းအမျိုးမျိုး လူမျိုးသုန်းသတ်ဖြတ်လာခဲ့သော ဖြစ်ရပ်ကို ကိုယ်ရှောင်မှုကွယ်ပြုရန် အခြားတစ်ခုကို ဖန်းတီးပြီး ထိုလူမျိုးကိုသာ စွပ်စွဲလိုက်ခြင်းက အစိုးရက လူမျိုးသုန်းသတ်ဖြတ်မှုပြုနေတာ ဝန်ခံရာရောက်ပေလိမ့်မယ်။ 

No comments:

Post a Comment