Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, April 7, 2017

NLD သုတေသနမှူး ဦးမျိုးရန်နောင်သိမ်းကို ထောင်ဒဏ် ၆ လ ချမှတ်



By  Ar Ti 

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို စော်ကားတဲ့ အရေးအသားတွေ အင်တာနက် လူမှု စာမျက်နှာမှာ ရေးသားလို့ဆိုပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ နဲ့ တရားစွဲခံထားရတဲ့ NLD ဗဟို သုတေသနဌာနက ဦးမျိုးရန်နောင်သိမ်းကို ရန်ကုန် ကမာရွတ်မြို့နယ်တရားရုံးက ဧပြီလ (၇) ရက်နေ့ ဒီနေ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆-ဃ ဟာ တရားမျှတမှုမရှိတဲ့အတွက် ပြင်ဆင်ဖို့ လိုအပ်နေတယ်လို့  ဦးမျိုးရန်နောင်သိမ်းက တရားရုံး အမိန့်ချအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ပတ်သက်လာရင် "မထိနဲ့" ဆိုတဲ့သဘောမျိုးဖြစ်နေပြီး မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရ ၂ ရပ်ရှိတဲ့ပုံစံမျိုး ဖြစ်နေတယ်လို့လည်း ဦးမျိုးရန်နောင်သိမ်းက ပြောပါတယ်။ ဒီအမှုမှာ တရားလိုအဖြစ် တရားစွဲဆိုခဲ့တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒု-ဗိုလ်မှူးကြီးလင်းထွန်းကတော့… ဒီအမိန့် ချမှတ်မှုနဲ့ပတ်သက်ပြီး ဘာမှ မှတ်ချက်ပေးစရာမရှိကြောင်း၊ သိချင်တာရှိရင် နေပြည်တော် တပ်မတော်ရုံးက တာဝန်ရှိသူတွေကို မေးနိုင်ကြောင်း ပြောပါတယ်။

ဦးမျိုးရန်နောင်သိမ်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က စတင် ဖမ်းဆီးထားတာဖြစ်တဲ့အတွက် လာမယ့် မေလ ၃ ရက်နေ့မှာ ၆ လပြည့်မှာဖြစ်တယ်လို့ သူရဲ့ဇနီးဖြစ်သူ မချိုချိုက ပြောပါတယ်။

ပြီးခဲ့တဲ့ အစိုးရ လက်ထက်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃနဲ့ တရားစွဲခံရသူ ၇ ဦး ရှိခဲ့ပြီး ၅ ဦး ထောင်ဒဏ်ချမှတ်ခံရပါတယ်။ လက်ရှိ အစိုးရလက်ထက်မှာ တရားစွဲခံရသူ ၅၄ ဦးရှိပြီး ဦးမျိုးရန်နောင်သိမ်း အပါအဝင် ထောင်ဒဏ်ချမှတ်ခံရသူ ၇ ဦး ရှိပြီလို့ သိရပါတယ်။

Ref: RFA

No comments:

Post a Comment